← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

6 01

အပိုင်း (၆) နံရံပေါ်မှာ သရဲရှိတယ် ပြေး

မုရှောင်းနွမ်သည် ဆေးလိမ်းပြီးသွားသောအခါ ညရှစ်နာရီ ထိုးနေလေပြီ။

“ကြည့်ရတာ ပိုကောင်းလာသလိုပဲ မနာတော့ဘူး”

မုရှောင်းနွမ်က နှစ်ကြိမ်ခန့် ခုန်ကြည့်လိုက်သည်။ လမ်းနည်းနည်းပင် ပိုလျှောက်နိုင်လာသည်။ ထိုဆူးပန်းအဆီက အမှန်တကယ်ကောင်းမွန်သည်ဟု ပြောရပေမည်။

“သွေးအပြည့် ဖြည့်တင်းပြီး ပြန်လည် ရှင်သန်ပါပြီ အလုပ်စလုပ်မယ်”

မုရှောင်းနွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။

နေ့တိုင်းလိုလို ယခုလိုအချိန်တွင် သူမက တိုက်ရိုက်ထုတ်လွှင့်နေကျဖြစ်သည်။ သို့သော် သူမက ဖုန်းကို ကောက်ယူလိုက်သောအခါ နှင်းကိုက်နေသော ခရမ်းသီးကဲ့သို့ ညိုးနွမ်းသွားသည်။

“ကြည့်ရတာ ငါ့ရဲ့ ပရိသတ်တွေကလည်း လက်ထပ်မှတ်ပုံတင် စာအုပ်အကြောင်းသိနေလောက်ပြီ ထင်တယ်”

“အဟမ်း ထွက်ပြေးလို့ မလွတ်မှတော့လည်း မပြေးတော့ဘူး ချီတက်”

မုရှောင်းနွမ်က စိတ်ကို ဆုံးဖြတ်ချက် ချလိုက်ပြီး မျက်လုံးကို မှိတ်သည် ထို့နောက် ဖုန်းကို ထုတ်၍ Douyin တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်သည်။

“[တင်ဆက်သူ ] (ရိုးသားပြီး နွေးထွေးတဲ့ ပေါင်ပေါင် က အွန်လိုင်းတက်လာပါပြီ)”

သူမက အွန်လိုင်းတက်လိုက်သည်နှင့် မုရှောင်းနွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက တည်ငြိမ်သော ရေမျက်နှာပြင်ကဲ့သို့ ရုတ်တရပ် ဝုန်းကနဲ ထပေါက်ကွဲသည်။

“လာပြီ လာပြီ တင်ဆက်သူ နောက်ဆုံးတော့ တက်လာပြီ”

“ဖာ့ခ် တင်ဆက်သူ ဘယ်ရောက်သွားတာလဲ။ ဟမ် လုံးဝကို တာဝန်မယူတတ်လိုက်တာ မနေ့က တန်းလန်းကြီး ထားခဲ့တယ်”

“ငါ ကြားတာတော့ တင်ဆက်သူက မနေ့က လက်ထပ်မှတ်ပုံတင် စာအုပ်သွားလုပ်တာဆို တကယ်ပဲလား မြန်မြန် ထွက်လာပြီး ရှင်းပြပါအုံး”

“နွမ် ပေါင်ပေါင် မြန်မြန်လေးလာပြီး ဒီအစ်ကိုကြီးတွေကို မင်းရဲ့ ယောက်ျားနဲ့ တွေ့ဖို့ ခေါ်သွားပေးပါအုံး”

“တင်ဆက်သူက ဘယ်မှာလဲ ဖန်သားပြင်ပြန်မဲသွားရင် ရီပို့စ် တင်မှာနော်”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်သည်နှင့် ပုံမှန်အတိုင်းလိုလိုပင် ပရိသတ် တစ်သိန်းနီးပါးက ဝင်လာသည်။ သို့ရာတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ဒီညအတွက် ရန်လိုမှု အတော်လေးကို လေးလံသည်။ လက်ထပ် မှတ်ပုံတင် စာအုပ်ကြောင့်ဖြစ်လောက်သည်။

[တင်ဆက်သူ] (ရိုးသားနဲ့ နွမ် ပေါင်ပေါင် : မကောင်းတဲ့ မှတ်ချက် တင်တဲ့သူတွေကို ရီပို့စ် ငါအခု ကင်မရာကို ချိန်နေတာလေ တိုက်ရိုက်ထုတ်လွှင့်မှုက ချက်ချင်း စမှာပေါ့)

6 02

မုရှောင်းနွမ်က ရိုးသားကြိုးစားသော တင်ဆက်သူ ဖြစ်သည်။ ညလယ်တွင်ပင် သူမက ဆယ်လ်ဖီစတစ်ကို ကိုင်ရင်းစံအိမ်ကြီး၏ အပြင်ဘက်သို့ စထွက်သည်။

“နင်တို့ မသိချင်ကြဘူးလား ငါဒီနေ့ နင်တို့ကို အမြင်ကျယ်အောင် လုပ်ပေးမယ်”

မုရှောင်းနွမ်က အလွန်ဂုဏ်ယူနေပုံရပြီး ကင်မရာအား ထိုစံအိမ်ကြီး တစ်ခုလုံး၏ ခြုံငုံပုံကို ပေါ်အောင် ရိုက်ပေးသည်။ ညကောင်းကင်အောက်မှ ထိုစံအိမ်က အလွန်ညင်သာသော အလင်း effect ကိုပင် ပေးစွမ်းနေသေးသည်။ စံအိမ်ကြီးတစ်ခုလုံးက အိပ်ယာဝင် ပုံပြင်ထဲမှ နတ်နယ်မြေမျိုးနှင့် တူပြီး စကားဖြင့် မဖော်ပြနိုင်လောက်အောင် လှနေသည်။

ထိုအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပုံရိပ်က လှုပ်ခါသွားပြီး ပြန်ငြိမ်သွားသည်။

“ဒါက ဓာတ်ပုံကြီး ဟုတ်တယ်မလား တင်ဆက်သူက ဓာတ်ပုံ အရှေ့ကနေ ပေါ်လာတာမလား”

“နေပါအုံး ဒါက ဘယ်နေရာလဲ ခရီးသွား ဆွဲဆောင်ဖို့ နေရာလား တင်ဆက်သူက ခရီးသွားနေတာလား တင်ဆက်သူက အခု ခရီးသွားနေတာလား”

“ဘုရားရေ ငါမျက်လုံးမူးနေတာများလား ဘယ်လိုဖြစ်ပြီး ဒီလောကမှာ ဒီလောက် တွန်းလှန်ဖို့ ခက်တဲ့ ညမြင်ကွင်းကရှိနေတာလဲ”

“ရဲတိုက်လား တင်ဆက်သူ မင်း လန်ဒန်ကို ရောက်နေတာလား ဒါမှမဟုတ် ရောမလား မင်းရဲ့ ဟန်းနီးမွန်းခရီးက တော်တော်လေး မြန်တာပဲ”

“တင်ဆက်သူကို report မယ် သူက ညနက်ချိန်မှ ဒီလို ရှုခင်းကြည့်နေရာကို သွားနေနေတယ် လုံခြုံရေးတွေကို ခေါ်ပြီး သူ့ကို အပြစ်ဒဏ်အနေနဲ့ မောင်းထုတ်ခိုင်းရမယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ကွန်မန့်များ အတော်လေးများသည် မူလက ထိုသို့ ခြိမ်းခြောက် ကွန်မန့်ပေးသူက ဆယ်ဂဏန်းသာရှိသည်။ သို့သော် ယခုမူ ရာဂဏန်းခန့်ပေါ်လာသည်။ ကွန်မန့်များ ကောင်းကင်တစ်ခုလုံးအနှံ့ ပျံသန်းထွက်နေသည်။

ကွန်မန့်များကို မြင်နေရသည့် မုရှောင်းနွမ်က ဂုဏ်ယူနေပုံရသည်။ နှုတ်ခမ်းထောင့် ပါးချိုင့်များက ထင်းထွက်နေသည်။

“အာ…ငါကြွားတာတော့ မဟုတ်ဘူးနော် နင်တို့အခု မြင်နေရတာက ခရီးသွားတွေကို ဆွဲဆောင်တဲ့ ရှုခင်းကြည့်နေရာ မဟုတ်ဘဲနဲ့ ငါ့အိမ်မှာ”

မုရှောင်းနွမ်က ဂုဏ်ယူစွာနှင့် ရင်ကို ကော့လိုက်ပြီး ဂုဏ်ယူမှု အပြည့်နှင့် ပြောသည်။

“ဘာ ငါ့ရဲ့ အချစ်လေး ငါတို့ ဒီဝံပုလွေဆိုးကြီးတွေက အရူးလုပ်ဖို့ လွယ်တယ်လို့များ ထင်နေလား”

“အာဝူး ဝံပုလွေ လူသားက လရောင်အောက်ကနေ ရောက်လာပြီ အလိမ်အညာပြောတဲ့ ကလေးတွေ အစားခံရမယ်”

“ဒီလောက် စတုရန်းမီတာ ထောင်ပေါင်းများစွာ ရှိနေတဲ့ အဲဒီ နေရာကြီးကို မင်းရဲ့ အိမ်လို့ ပြောတာကတော့ မင်းရဲ့မိသားစုက အများကြီး ရှိလို့လား”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အတော်လေးကို ပွက်လောရိုက်ပြီး စည်ကားလာသည်။ သိသာစွာပင် မုရှောင်းနွမ်၏ စကားလုံးများကို သူတို့က မယုံကြည့်ကြပေ။

“ဧကရာဇ် (ဖရဲသီး စားရတာ ကြိုက်တဲ့ နတ်ဘုရားမ) တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို ဝင်လာပါပြီ”

ထိုအချိန်တွင် ကွန်မန့်များက ငြိမ်သွားသည်။ အလေးချိန်စီးသော ဧည့်သည်ကြီးက ပေါ်လာသည်။

“ဖာ့ခ် နံပါတ်တစ်နတ်ဘုရားမ ရောက်လာပြီ”

6 03

“ဖရဲစေ့ နတ်ဘုရားမ ငါမင်းကို ချစ်တယ်”

“နတ်ဘုရားမှ ကျေးဇူးပြုပြီး ငါ့ကို အားပေးပါအုံး”

နံပါတ်တစ်နတ်ဘုရားမက ပေါ်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ချက်ချင်းဆိုသလို ပူတက်သွားသည်။

“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) : ငါ နင်တို့ကို အမှန်ပြင်ပေးမယ်နော် ဒါက ရဲတိုက်လည်း မဟုတ်သလို ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာလည်း မဟုတ်ဘဲ စံအိမ်တော်ကြီးပဲ စံအိမ်လောကမှာတောင် အကောင်းဆုံး ဆိုတဲ့ တစ်ခုပေါ့”

နံပါတ်တစ် နတ်ဘုရားမ ပြောသော စကားလုံးက အားကြီးလေသည်။

???

“ဖာ့ခ် စံ…စံအိမ်ကြီးတဲ့လား ဒဏ္ဍာရီလာ မဟာချမ်းသာတဲ့ လူမျိုးတွေပဲ နေနိုင်တယ်ဆိုတဲ့ အမျိုးအစားမျိုးလေ”

“ဟစ် ဒီလောက်ကြီးတဲ့ စံအိမ်ကြီး ငါ ငယ်ငယ်ကတည်းက ဘာမှ မမြင်ခဲ့ဖူးတာပဲ”

“တင်ဆက်သူ ငါ့ကို တည်နေရာ ပို့ပေးလို့ ရမလား ငါ လာပြီး ကြည့်အုံးမယ်”

+1 +1

မုရှောင်းနွမ်က တည်ငြိမ်စွာနှင့် ဆယ်လ်ဖီစတစ်ကို ကိုင်ပြီး တည်ငြိမ်စွာပြောသည်။

“မိစ္ဆာကို စောင့်စရာမလိုဘူး ငါ လူကိုယ်တိုင်ဝင်ပြပေးမယ်။ ဟင်းဟင်း ငါ ဒီညမှာတင် အားလုံးကို ဒီစံအိမ်ကြီးကို ကြည့်လို့ရအောင် ခေါ်သွားပေးမယ်”

“ဧကရာဇ် (ဖရဲသီး စားရတာ ကြိုက်တဲ့ နတ်ဘုရားမ : ငါနင့်ကို အလေးအနက် သတိပေးမယ်နော် အခုလို ပိုင်ရှင်ရှိတဲ့ စံအိမ်မျိုးထဲကို ပိုင်ရှင်မသိခင် ဝင်ပြီး ကျော်တာက တော်တော်လေးကို အန္တရာယ်များတယ် အရိုက်ခံရမယ် သတိထားအုံး”

“9494…တင်ဆက်သူ မင်းပိုပြီး သတိထားသင့်တယ် အပြင်ကပဲ ရပ်ပြီး ကြည့်ပါ”

“ရှောင်နွမ် ပေါင်ပေါင် အသက်ကို မရင်းပါနဲ့ အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ”

ကွန်မန့်က တော်တော်လေး များနေသည်။

“မစိုးရိမ်ပါနဲ့ ဖရဲသီး နတ်ဘုရားမဆီက သတိပေးတာကိုလည်း ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီစံအိမ်က ငါတို့အိမ်လေဆိုတော့ လွတ်လွတ်လပ်လပ် ဝင်လို့လည်း ရတယ်။ လည်ရင်တောင်လည်း ရသေးတယ်”

မုရှောင်းနွမ်က တောတော်လေးကို စိတ်လှုပ်ရှားနေပုံရသည်၊။

အားလုံး၏ နှောက်ယှက်မှု အကြားမှပင် စံအိမ်ထဲသို့ ဝင်သွားသည်။ တံခါးကို ဖောက်ကာ ဝင်လိုက်သည်နှင့် မွှေးပြန့်သော သစ်သားများ အပြည့်ခင်းထားသော ကြမ်းခင်းမှ စတင်ကာ မြင်ရသည်။ ထိုနေရာက အလွန်ကျယ်ဝန်း‌သော ခြံဝန်းကြီ ဖြစ်သည်။

ခြေဗလာနှင့် လျှောက်နေလျှင်ပင် လုံခြုံသည် အကြောင်းမူကား အောက်ဖက်တွင် ဈေးကြီးသော သစ်သားမျိုးဖြင့် ခင်းထားခြင်းဖြစ်သည်။

ခြံဝန်း၏ အလယ်နေရာတွင် လည်း ချယ်ရီပင်ရှိသည်။ ပွင့်ချပ်များက ယခုလို နွေရာသီ အလယ် ညလေပြေအောက်တွင်ပင် ပျံသန်းကာ လွင့်ခုန်နေသေးသည်။ ညင်သာသော လရောင်က အလင်းအပြည့်ထောက်ပံ့ပေးထားသောကြောင့် ရှင်းလင်းစွာပင် လှပလွန်းနေသည်။

“လှလိုက်တာ”

6 04

စံအိမ်ကြီး၏ အလှတရားက လူအများအား အမြဲတစေ အံ့အားသင့်မှုများ ဆောင်ယူပေးနိုင်သည်။ အခုလို နေဝင်ဆည်းဆာအချိန်မှ အလှတရားနှင့် ညအချိန်မှ အလှတရားနှစ်ခုလုံးက ကိုယ့်နည်းကိုယ့်ဟန်နှင့် မှင်သက်ဖွယ်ရာဖြစ်နေသည်။

“ဘယ်လိုလဲ ငါတို့ ရွာက အိမ်က ကောင်းတယ်လေ ဟုတ်တယ်မလား”

မုရှောင်းနွမ်က ပျောက်သွားသော ကွန်မန့်များကို ကြည့်ပြီး နှုတ်ခမ်းထောင့်က ကော့တက်သွားသည်။ သူမက ပို၍ပင် ကျေနပ်သွားပြန်သည်။

“သေစမ်း ဟန်ဆောင်နေပြန်ပြီ”

တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ကွန်မန့်တွင် ဝင်မန့်လာသည်။ ကြည့်ရှုသူများကလည်း ထိုအခါမှသာ အသိပြန်ဝင်တော့သည်။

“ဖာ့ခ် အရမ်းလှတာပဲ ဒါက …ဒါက နတ်ဘုံလား”

“ဝိုး အရမ်းလှလွန်းလို့ ငါ ငိုတောင် ငိုချင်ပြီ ရှောင်းနွမ် ကျဲကျဲ ငါနင်နဲ့အတူ လရောင်အောက်မှ ပန်းတွေ ရှုစားချင်လိုက်တာ”

“ဒီလိုနတ်ဘုံနဲ့ တူတဲ့ ညမြင်ကွင်း ဘုရားရေ ငါ့ရဲ့ အိပ်ယာက ရုတ်တရပ် မမွှေးတော့သလိုပဲ”

“လျို့ လျို့ လျို့ တင်ဆက်သူ ဒါက တကယ်ပဲ နင့်ရဲ့ အိမ်လား ငါ အရမ်း မနာလိုဖြစ်တယ်”

“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) : ဘုရားရေ သတိမဲ့လိုက်တာ ဒါက တကယ်ပဲ နင့်အိမ်လား ရှောင်နွမ်”

“ဟဟ ငါတို့ရဲ့ ဖရဲသီး နတ်ဘုရားမတောင် အံ့ဩသွားပြီ ရှောင်နွမ် ပေါင်ပေါင်က အရမ်းကို လန်းတာပဲ”

အံ့အားသင့်နေသော ကွန်မ့န်များနှင့် ဆက်တိုက်ဆိုသလို တိုးလာသောကွန်မန့်အရေအတွက်ကို မြင်ပြီး မုရှောင်းနွမ်၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ပြင်းထန်လာသည်။

“ငါအရင်ကတည်းက နင်တို့ကို ပြောသားပဲ နင်တို့မှ မယုံတာ အခု ပါးက နာရဲ့လား”

မုရှောင်းနွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု စတိုင်က အတော်လေး တည့်တိုးဆန်သည်။ သူမကလည်း သိုသိုသိပ်သိပ် ရှိသော်လည်း တိုက်ရိုက်ပင် ပြောတတ်သည်။ စကားလုံးအနည်းငယ်ပြောပြီးသည်နှင့် စိတ်အားထက်သန်လွန်းသော ပြုမူပုံများနှင့် ပိုပို၍သာ စည်ကားလာသည်။

“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) : ရှောင်နွမ် ငါထင်တာ မမှားဘူးဆိုရင် နင့်ယောက်ျားလည်း အဲ့ဒီ စံအိမ်ထဲမှာ မဟုတ်လား မြန်မြန်လေး နင့်ယောက်ျားကို ထွက်လာခိုင်းလိုက်လေ”

“+1 +1 မြန်မြန်လေးနင့်ရဲ့ ယောက်ျားကို ထွက်လာ ခိုင်းလိုက်”

“ဘုရားရေ ကျေးဇူးပြုပြီး ဒီမိန်းမကို ခေါ်သွားပေးစမ်းပါ ဟန်ဆောင်နေတာကို မမြင်ချင်တော့ဘူး”

လူတိုင်း၏ တောင်းဆိုမှုကို ကြည့်ရင်း မုရှောင်းနွမ်က နည်းနည်း အပြစ်မကင်းသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ထိုယောက်ျားက နည်းနည်းလေး အတုဖြစ်နေလေသည်။

“အင်း ငါ့ယောက်ျားက အရမ်းအလုပ်များတာ နောက်ရက်မှပဲ လုပ်တာပေါ့”

မုရှောင်းနွမ်က ချက်ချင်းကိုယ်ကို ကျုံ့သွားသည်။

“ကျွတ်”

6 05

“ဒါဆိုရင်လည်း ပိုပြီးနောက် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖို့အတွက် စံအိမ်ထဲကို ခေါ်ပြလေ”

“+1 ရှောင်နွမ် ငါလည်း နင်နဲ့အတူ နက်နက်ရှိုင်းရှိုင်း ဖလှယ်ချင်တယ်နော်”

“အပေါ်ထပ်က လူတွေရဲ့ ပြောစကားက တစ်ခုခု မှားနေသလိုပဲ”

မုရှောင်းနွမ်သည်လည်း လူတိုင်းအား စံအိမ်ကို ကောင်းကောင်းမြင်နိုင်ရန်အလို့ငှာ အိမ်ထဲသို့ ခေါ်ပြရန် ကြိုးစားသည်။ မသိလိုက်မသိဘာသာပင် ချန်းရန်၏ အခန်းထဲသို့ ရောက်သွားသည်။

“ထူးဆန်းလိုက်တာ စီနီယာအစ်ကို ချန်းရန်က ဘယ်ရောက်သွားတာလဲ”

မုရှောင်းနွမ်က ခပ်တိုးတိုးရေရွတ်သည်။ သို့သော် ချန်းရန်၏ အခန်းအား အားလုံးကို မိတ်ဆက်ပေးရန် မမေ့ပေ။

သို့သော် သူမက ဝင်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ရုတ်တရပ် ပေါက်ကွဲသည်။

“ဖာ့ခ် ရှောင်းနွမ် အနောက် အနောက်မှာ လူရှိနေတယ်”

“ဘယ်မှာလဲ ငါမတွေ့ပါဘူး”

“နံရံပေါ်မှာ နံရံပေါ်မှာ ကောင်မလေးတစ်ယောက် တွဲလောင်းကြီး”

“ဖာ့ခ် နံရံပေါ်မှာ သရဲရှိတယ် တင်ဆက်သူ ပြေးတော့”

မုရှောင်းနွမ်၏ နှလုံးသားက ရုတ်တရပ် လှုပ်သွားသည်။

“ဘာဖြစ်တာလဲ နံရံပေါ်မှာဘယ်လိုဖြစ်ပြီးလူရှိမှာလဲ”

သူမ၏ အသက်ရှူနှုန်းကပင် ဒယိမ်းဒယိုင်ဖြစ်သွားသည်။ သူမ၏ နှလုံးသားက လည်မြိုသို့ရောက်သည်အထိ မြောက်တက်ကာ တန်းလန်းကြီး ဖြစ်နေပြီးနောက် အနောက်ဖက်သို့ ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်သည်။

++++++

All Chapters