← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

7 01

အပိုင်း (၇) ပန်းချီကားပါ

မုရှောင်းနွမ်က ကြောက်သွားသည်။ သူမ၏ မျက်နှာက ချက်ချင်း ဖြူစုတ်သွားသည်။ ခြေထောက်ကပင် တုန်လာသည်။

“ဒီ..ဒီမှာလား တကယ့်သရဲတော့ မဟုတ်လောက်ပါဘူးနော်”

သူမက မျက်လုံးပြူးသွားပြီး တောင့်တင်းစွာ လှည့်လိုက်သောအခါ နှလုံးသားက ရုတ်တရပ် ပါးစပ်နားသို့ ရောက်သွားသည်။

“ဘာ..ဘာ ဘာကြီးလဲ”

သူမက လှည့်ကြည့်ပြီးနောက် ရှိသမျှ အရာအားလုံးကို ရင်းလိုက်ချိန်မှသာ သူမ၏ နှလုံးသားက ပြေလျော့သွားသည်။

“နံရံပေါ်မှာ ဘယ်လိုလုပ် သရဲရှိမှာလဲ။ သေချာပေါက် ပန်းချီကားကြီးဟာကို”

မုရှောင်းနွမ်က ကင်မရာကို အနားသို့ ကပ်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို မျက်လုံးလှန်ပြသည်။

“ကြည့် နင်တို့ ဘယ်လောက်တောင် ကြောက်လိုက်သလဲ ဘာများလဲလို့”

ထိုကောင်မလေးက ရှက်လည်း မရှက်သလို အသက်ရှူလည်း အောင့်ထားမိရာမှ သူမသည် ယခုလေးတင် သေအောင် ကြောက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ခွေသွားခဲ့သည်အား မေ့သွားသည်။

“ဟင် မင်းလား”

ရုတ်တရပ် နှုတ်ဆက်သည့် အသံက ထွက်လာပြီးနောက် မုရှောင်းနွမ်၏ ပခုံးပေါ်သို့ လက်တစ်ဖက်က ရောက်လာသည်။

“ဘုရားရေ သရဲ”

မုရှောင်းနွမ်က ကြောက်လန့်ပြီး မျက်နှာက ဖြူစုတ်သွားသည်။ သူမက လက်နှစ်ဖက်လုံးကိုခေါင်းပေါ်သို့ အုပ်ကာ တင်လိုက်ပြီး ဆောင့်ကြောင့် ထိုင်ချလိုက်သည်။

“အနားမလာနဲ့ နော် ငါက အရသာ မရှိဘူး”

“ဘယ်က သရဲလဲ”

ချန်းရန်က အတော်လေး ဆွံ့အသွားသည်။ ထိုကောင်မလေး၏ ကြောက်ရွံ့နေသော ပုံသဏ္ဍာန်ကို မြင်ပြီး နည်းနည်း ပင် သဘောကျသွားသည်။

“ငါပါ”

“အာ…”

မုရှောင်းနွမ်ကလည်း ချန်းရန်ဖြစ်မှန်း သလိုက်ပြီး သူမ၏ လှပသော မျက်လုံးကြီးက ရုတ်တရပ် မြူဆိုင်းလာသည်။

“ဝူး…ငါ့ယောက်ျားက ငါ့ကို သေအောင် ခြောက်နေတာပဲ”

ချန်းရန် “…”

“ဟားဟားဟား ရှောင်းနွမ်က ကြောင်သူတော်ပဲ သိသိသာသာကိုပဲ ကြောက်နေတာကိုတောင်မှ ငါတို့ကို ရယ်ရဲတယ်”

“ငါ ဒါကို စခရင်မ် ရှော့ ရိုက်ထားတယ် နောက်မှ ရှောင်းနွမ်နွမ်အတွက် အထူးထိပ်လန့်သည်းဖို အမူအရာ ပက်ကေ့ချ်လေး လုပ်ပေးမယ်”

“+1 ပြီးရင် ငါ့ကိုလည်း ပို့လိုက်အုံး”

“ညီအစ်ကိုတို့ ငါတို့ကိုလည်း မမေ့နဲ့ အားလုံး ဝေစုရမယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက လှောင်ရယ်နေသော ကွန်မန့်များဖြင့် ပြည့်သွားသည်။ သိသာစွာပင် မုရှောင်းနွမ်၏ အစောပိုင်း လွန်ကျူးလွန်းသော မှတ်ချက်ကြောင့်ဖြစ်သည်။

“တစ်ယောက်ယောက်များ ထွက်လာပြီး လေထု အခြေအနေကို ပြောင်းပေးလို့ ရမလား”

မုရှောင်းနွမ်၏ မျက်နှာက မဲမှောင်သွားသည်။ သူမ၏ အရှက်ရဖွယ်ကောင်းသော မြင်ကွင်းကို ပြည်သူများက မိသွားသည်။ သူမသည်လည်း နာရီအနည်းငယ်အတွင်း အရယ်ခံရတော့မည်ကို တွေးမိနေသည်။ ရလဒ်အနေဖြင့် ကြည့်ရှုသူများက ပိုပို၍ ထောင်လွှားလာသည်။

7 02

“တာဝန်ခံဘယ်မှာလဲ တာဝန်ခံ ခပ်မြန်မြန်ထွက်လာပြီး ဒီလူတွေကို ပါးစပ်ပိတ်ပေးပါ”

မုရှောင်းနွမ် အလှောင်ခံနေရသောကြောင့် ဒေါသနည်းနည်း ထွက်လာသည်။

“ဘာဖြစ်တာလဲ”

ထိုအချိန်တွင် ချန်းရန်က ကင်မရာရှေ့တွင် ပေါ်လာပြီးနောက် ခပ်အေးအေးမေးသည်။

“ဖာ့ခ် အမျိုးသားတစ်ယောက် ဒါက တင်ဆက်သူရဲ့ ယောက်ျားလား”

“မြန်မြန် မြန်မြန် မြန်မြန် တင်ဆက်သူရဲ့ အမျိုးသား ပေါ်လာပြီ”

“ဘုရားရေ ဒီလို စိတ်နေသဘောထား ဒီလို ဆွဲဆောင်မှု အား…အား…အား…ငါ ရုတ်တရပ် ငါ ချစ်မိသွားပြီ”

“ဝိုး‌ ချောလိုက်တာ ချောလိုက်တာ ကောင်ချောလေးသူက စတားများလား”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လေထု အခြေအနေက ရုတ်တရပ် ပြောင်းသွားပြီး မုရှောင်းနွမ်၏ တောင့်တင်းသော အမူအရာကို စနောက်နေခဲ့ရာမှ ချန်းရန်၏ ချောမောသော မျက်နှာဖက်သို့ ရောက်သွားသည်။

“ဟူး”

မုရှောင်းနွမ်က ထိုအခါမှသာ စိတ်အေးစွာသက်ပြင်းချနိုင်သည်။ နောက်ဆုံးတွင် ကိစ္စက ပေါ်သွားလေပြီ။ အားလုံးကလည်း သူမ၏ emoji com ကို လွှတ်ပေးလောက်သောကြောင့် သူမသည် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

သို့သော် ဒါဟာ ချန်းရန်၏ ချောမောမှုကြောင့်ဖြစ်သည်။

ဟီးဟီး ကြည့်ရတာ ဒီယောက်ျားက အားကိုးလို့ ရသားပဲ။

သူက ဇနီးဖြစ်သူ ဒုက္ခရောက်နေတဲ့အချိန်မှာ လာကယ်ပေးတယ်။

“ဟင်”

ရုတ်တရပ် မုရှောင်းနွမ်၏ နှလုံးသားက လှုပ်ရှားသွားသည်။

ငါဘယ်လိုဖြစ်ပြီး အခုတလော စီနီယာအစ်ကိုကို ယောကျ်ားလို့ ခေါ်ရတာကို ကျွမ်းကျင်နေတာလဲ။

အထူးသဖြင့် အရေးပေါ် အခြေအနေမျိုးမှာ ရုတ်တရပ်တောင် ခေါ်လိုက်သေးတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုက တော်တော်လေးကို ကျွမ်းကျင်နေတဲ့ပုံပဲ။

“တိုက်ရိုက်ထုတ်လွှင့်နေတာလား”

ညင်သာသောအသံက ရုတ်တရပ် နားထဲသို့ ဝင်ရောက်လာသောအခါ မုရှောင်းနွမ်က အသိပြန်ဝင်သွားသည်။

“အာ ဟုတ်တယ် ယောက်ျား ယောကျ်ားရဲ့ အခန်းကို လာကြည့်တာ ပြဿနာ မရှိဘူးမဟုတ်လား”

မုရှောင်းနွမ်က နည်းနည်းရှက်သွားပြန်သည်။ ချန်းရန်၏ ရုပ်ရည်က သူမကို နည်းနည်း ကြောင့်ကြစေသောကြောင့် မျက်နှာကို တိုက်ရိုက်မကြည့်ရဲပေ။

“သဘောရှိရာ လုပ်ပါ”

ချန်းရန်ကလည်း အမှန်တကယ်ပင် ဂရုမစိုက်ပေ။ သို့သော် သတိပေးလိုက်သေးသည်။

“ဒါပေမဲ့ ထပ်ပြီးသတိလစ်သွားမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်”

“ဟူး နာလိုက်တာ”

“ရှောင်းနွမ်နွမ် ဟားဟားဟားဟား ကျေးဇူးပြုပြီး တင်ဆက်သူရဲ့ စိတ်ဒဏ်ရာကို ကူညီပေးလိုက်ပါအုံး”

“ရှောင်းနွမ်နွမ် မင်းအခု ငါတို့ကို ဘယ်လို လှောင်ထားလဲ ဆိုတာကို ကြည့်စမ်း”

“ယောကျ်ားကိုတော့ အတည်ပြုပြီးပြီ။ ရှောင်းနွမ်နွမ်အတွက်တော့ စိတ်မကောင်းပါဘူး”

7 03

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ရယ်သံများပြည့်နှက်သွားသည်။ သိသာစွာပင် ချန်းရန်၏ စကားများကို သဘောကျသွားကြသည်။

“[ပန်းကန် သုံးလုံးက မလုံလောက်ဘူး] က တင်ဆက်သူကို ဒုံးပျံကြီးတစ်ခု ပေးလိုက်ပါတယ်”

“[လင် ဘုရင် ] ကတင်ဆက်သူကို ဓားအကြီး x3 ပေးလိုက်ပါတယ်”

“[နှင်းကြောင်း နှစ်ကြောင်း] က တင်ဆက်သူကို ဒုံးပျံကြီး x1 တစ်ခုပေးလိုက်ပါတယ်”

“[ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ]က တင်ဆက်သူကို ဒုံးပျံကြီး x10 ပေးလိုက်ပါတယ်”

အတော်လေးကို ရုတ်တရပ်ဆန်သည်။ ပုံမှန်အားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လူအနည်းစုကသာ လက်ဆောင်ပေးတတ်သည်။ ယခုမူ ဖန်သားပြင်တစ်ခုလုံးက နီနေသည်။ ဒါဟာ ယခင်က မုရှောင်းနွမ် လုံးဝ မတွေးရဲသောအရာမျိုးလည်း ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်က အမှန်တကယ်သေချင်သွားသည်။

တိုဖူးနဲ့ ခေါင်းဝင်တိုက်ပြီးသေတဲ့အမျိုးအစားမျိုးပေါ့။

မုရှောင်းနွမ် မုရှောင်းနွမ် နင်တကယ်တုံးတာပဲ။

“ဒါပေမဲ့ ကိစ္စမရှိပါဘူး”

မုရှောင်းနွမ်က အတော်လေး ရက်ရောသည် သူမက စိတ်အခြေအနေကို ခပ်မြန်မြန် ချိန်ညှိလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်သည်။

“ငါ့ယောက်ျားက ငါ့ရဲ့ အနားမှာ ရှိနေတော့လည်း ငါ ဘာမှ မကြောက်ပါဘူး”

“ဟွန့်”

“ငါရုတ်တရပ် ဘာလို့ အချဉ်နံ့တွေ ရနေတာလဲ”

“တင်ဆက်သူကို သတိပေးမယ်နော် ခွေးစာမလိုဘူး”

“နွမ်ပေါင်ပေါင် ငါမင်းကို ကွာရှင်းဖို့ အကြံပေးချင်တယ်။ ပန်းတစ်ပွင့်ကြောင့်နဲ့ မင်းယောက်ျားရဲ့ ပန်းပင်လယ်ကြီးကို မဖျက်ဆီးပါနဲ့”

“+1 ပေါင်ပေါင် မင်းရဲ့ နံဘေးက ချောမောတဲ့ ကောင်လေးကို လွှတ်ပေးလိုက် ငါလာမယ်”

မုရှောင်းနွမ်ကမူ မဝယ်ချေ။ သူမက ကင်မရာအား ချက်ချင်းပြောင်းလိုက်ပြီး ပန်းချီကို ပြန်ရိုက်သည်။

“နင်တို့ ပန်းချီကားကို ကြည့်ချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား။ လာ ငါ နင်တို့ကို ပန်းချီကားပြမယ်”

လူအများ၏ အာရုံကို ပန်းချီထံသို ပြန်ပို့သည်။

“ဘုရားရေ တကယ်ကို ပန်းချီကားပဲ”

“ဖာ့ခ် နည်းနည်းတော့ တစ်မျိုးပဲနော်။ ဒါပေမဲ့ ဒီပန်းချီကားက လုံးဝကို လူနဲ့တူတာ”

“လူဆွဲထားတာမလား ဒါပေမဲ့ ဘာဖြစ်လို့ စက်နဲ့ ပရင့်ထုတ်ထားသလိုမျိုး အရမ်းကို ပီသနေတာလဲ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပန်းချီကားအကြောင်း ဆွေးနွေးနေကြသည်။ မုရှောင်းနွမ်က ပန်းချီကားကို စိုက်ကြည့်သည်။ သို့သော် သူမက နည်းနည်း အံ့ဩသွားသည်။ တကယ်လို့ စက်နဲ့ ဆွဲထားတယ် ဆိုရင်တောင်မှ ဒီလောက်ထိ တောက်ပနေပြီး အသေးစိတ် ကျနေစရာ အကြောင်းမရှိဘူးလေး ဟုတ်တယ်မလား။

နောက်ပြီး ကောင်မလေးရဲ့ ဆွယ်တာက အမွှေးဖွားလေးတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

အရမ်းကို အသေးစိတ်ကျတာပဲ။

“Honey ဒီပန်းချီကားရဲ့ မူလဇစ်မြစ်က ဘာလဲ အားလုံးကို မိတ်ဆက်ပေးပါအုံး”

မုရှောင်းနွမ်က သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။

“ဒီပန်းချီကားလား”

ချန်းရန်က တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။

7 04

“ဒီအတိုင်း ပန်းချီကားပါပဲ ငါ နောက်မှ တစ်ပုံ ဆွဲပေးမယ်”

“ဒီအတိုင်း ပန်းချီကားပါပဲ”

မုရှောင်းနွမ်က နည်းနည်းရင်နာသွားသည်။ ထိုပန်းချီကားပါပဲက သူမကို ထိုမျှအထိ အံ့ဩစေခဲ့သည်။

“တစ်ခုခု စားချင်လား”

ချန်းရန်က တစ်ခဏခန့် စောင့်နေပြီး ထွက်သွားရန် ပြင်ရင်းမှ မုရှောင်းနွမ်ကို လမ်းကြုံမေးသည်။

“မီးဖိုခန်းထဲမှာ ကြာစေ့ ဆန်ပြုတ်ရှိတယ် သောက်ချင်လား”

“သောက်မှာပေါ့”

မုရှောင်းနွမ်ကလည်း သူမ၏ ဗိုက်ကပင် ကျုံ့နေသည်အထိ တော်တော်လေး ဗိုက်ဆာနေခြင်းဖြစ်သည်။ ယခုအခါ ဘာကိုမဆို စားနိုင်သည်။

ချန်းရန်က သူမကို စားစရာပေးတာနဲ့ ချက်ချင်းစားမှာ။

မုရှောင်းနွမ်က ချက်ချင်းဆိုသလို ပြန်ပိတ်လိုက်ပြီးနောက် မနက်ဖြန်မှသာ တိုက်ရိုက်ထုတ်လွှင့်မှု လှုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီည၏ အကျိုးအမြတ်က ကြီးမားသည်။ ပရိတ်အသတ်အရေအတွက်က ငါးသောင်းပင် တိုးလာသည်။

ဒါပေါ့ အဓိက တော့ ဒီစံအိမ်ကြီးနဲ့ ချန်းရန်က ပရိသတ်အသစ်တွေကို ဆွဲဆောင်ပေးတာ‌လေ။

“ချန်းကော ချန်းကောက ဆန်ပြုတ်ဘယ်အချိန်က ချက်ထားတာလဲ”

မုရှောင်းနွမ်က သိချင်စိတ်ပြင်းပြစွာ မေးသည်။

“ငါ မင်းကို အဲဒီ ဆူးပန်းအဆီ မယူလာပေးခင်ကပေါ့”

ချန်းရန် “ဆန်ပြုတ်က ပူမှာစိုးလို့ ငါ အရင်သွားကြည့်လိုက်တာ နောက်မှ ဆေးပြန်လာလိမ်းပေးမလို့လေ”

“ဒါပေမဲ့ ကြည့်ရတာတော့ မင်းက အဆင်ပြေနေတာပဲ လိမ်းစရာ မလိုလောက်တော့ဘူး”

“ဘာ”

မုရှောင်းနွမ်က ရုတ်တရပ် မှင်သက်သွားသည်။ ထိုစကားကို ကြားပြီးနောက် ရုတ်တရပ် သူမ၏ နှလုံးသားအတွင်း ပြင်းထန်သော နောင်တကို ရလိုက်သည်။

“ငါ ဘာလို့ ကိုယ့်ဘာကိုယ် လိမ်းလိုက်တာလဲ”

“သိသိသာသာကိုပဲ ချန်းကောက ငါ့ကို ကူညီပေးတာ ကောင်းမယ့်ဟာကို”

မုရှောင်းနွမ်ကလည်း ရုတ်တရပ် အကြံတစ်ခု ရလာသည်။

ထပ်ပြီး လဲကျလိုက်ရမလား။

ထိုအချိန်တွင် မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးကာစဖြစ်သည်။ သို့သော် သူမ မပိတ်ခင် မိနစ်ပိုင်းအလိုတွင်ပင် စီနီယာတန်းအဆင့် မီဒီယာ တည်းဖြတ်သူတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပန်းချီကားကို မြင်သွားသည်။

“ဒါက ဘာလဲ လူကြီးမင်းလန်ရဲ့ လက်ရာဖြစ်တဲ့ [ပန်းချီကား - ရှောင်းကျန်း] မဟုတ်ဘူးလား ဒါက လေလံတင်ပြီးသားလေ။ အဲဒီအချိန်က လျှို့ဝှက်ဆန်းကျယ်တဲ့ ဝယ်လက်က သန်းနှစ်ရာ့ခုနှစ်ဆယ်နဲ့ ဝယ်သွားတာလေ ဒီနေ့ ပြန်ပေါ်လာပြီပေါ့”

တည်းဖြတ်သူက လက်ထဲမှ ညလယ်စာကို ချက်ချင်းချလိုက်ပြီး ဆောင်းပါးကို ညတွင်းချင်းအဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်ပင် မအိပ်နိုင်တော့ပေ။

“မနက်ဖြန် ငါတို့ရဲ့မီဒီယာက ကျော်ကြားလာလိမ့်မယ်”

******

All Chapters