← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

8 01

အပိုင်း (၈) network တစ်ခုလုံး ကျော်ကြားကုန်ပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲသွားပြီ။

ညနက်ပိုင်း မုရှောင်းနွမ်က အလွန်စိတ်လှုပ်ရှားနေပြီး အိပ်ယာပေါ်တွင် လဲ၍ စိတ်လှုပ်ရှားပြီး မအိပ်ပျော်နိုင် ဖြစ်နေသည်။ အဓိက အကြောင်းပြချက်ကမူ ထိုတိုက်ရိုက်ထုတ်လွှင့်မှုအခန်း သက်ရောက်မှုက ပြင်းထန်လွန်းသောကြောင့်ဖြစ်သည်။ တစ်ညတည်းနှင့်နှင့် ပရိသတ်အရေအတွက်က တစ်သိန်းခွဲနီးပါး တိုးသွားသည်။

ပေးလာသော လက်ဆောင်များကပင် ယခင်က တစ်လနီးပါးပင်စုရသည့် သုံးသောင်းလေးသောင်းအထိ ဖြစ်သည်။

“ဟေး…ရှောင်နွမ် နင် တကယ် လက်ထပ်လိုက်တာလား”

လက်ထဲတွင် ကိုင်ထားသော ဖုန်းထံမှ ပျင်းရိလေးတွဲသော အသံမျိုးက ထွက်လာသည်။ ဒါဟာ မုရှောင်းနွမ်၏ ညီအစ်မကောင်းလည်းဖြစ်သလို တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်နံပါတ်တစ်လည်းဖြစ်သည့် ဖရဲသီးနတ်ဘုရားမှ ယန်ရွှယ်ဖြစ်သည်။

“ဟီးဟီး ရှောင်ရွှယ် သေချာပေါက် မှန်တာပေါ့။ ငါယောက်ျားက ချောမောပြီး လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်တဲ့သူ”

မုရှောင်းနွမ်က ဂုဏ်ယူစွာပြောပြီး မျက်ခုံးများကပင် လေပေါ်သို့ မြောက်တက်ကာ ပျံသန်းကုန်သည်။ သူမသည်လည်း ယခင်က လူတိုင်းသိမည်ကို ကြောက်နေခဲ့သည်။ ယခုကမူ တစ်လောကလုံးကို သိစေချင်သွားသည်။

“ကျွတ် ကျွတ် ကျွတ် ကြွားနေပြန်ပြီ”

ယန်ရွှယ်က နှာခေါင်း အသာရှုံ့သည်။

“နင့်ရဲ့ ဂုဏ်ယူနေတဲ့ ပုံစံကို ကြည့်စမ်းပါအုံး။ ဇောက်ထိုးရပ်နေတဲ့ နွားလေးလိုပဲ”

မုရှောင်းနွမ်သည်လည်း ယန်ရွှယ်၏ ဆိုလိုရင်းကို နားမလည်ပေ။

“ဖူး”

ယန်ရွှယ်က သဘောကျသွားသည်။ သူ၏ ဒီညီမလေးက သန့်စင်လွန်းပြီးရိုးရှင်းလွန်းသည်။ တစ်ခါတစ်ရံတွင် ရူးကြောင်ကြောင်နှင့် ချစ်စရာလေးဖြစ်သည်။ လူအများကိုမူ ရယ်မောချင်စိတ် ပေါက်စေသည်။

“အကျင့်မကောင်းတဲ့ ရှောင်ရွှယ် မရယ်နဲ့”

မုရှောင်းနွမ်၏မျက်နှာလေးက မဲမှောင်သွားသည်။ ထို့နောက် သက်ပြင်းချကာ ပြောသည်။

“ရှောင်ရွှယ် ငါနင့်ကို အမှန်အတိုင်း ပြောပြမယ်”

ဒါက သူ့ရဲ့ညီမကောင်း။

ထို့ကြောင့် မုရှောင်းနွမ်ကလည်း မဖုံးကွယ်တော့ဘဲ အမှန်တရားကို ပြောပြသည်။

“ဆိုတော့ နင်တို့နှစ်ယောက်အကြားမှာ ဘာမှမဖြစ်ဘူးပေါ့”

ယန်ရွှယ်ကပင် အံ့ဩသွားသည်။

“ဖွီ နင်ဘာတွေ တွေးနေတာလဲ ငါတို့ရဲ့ ဆက်ဆံရေးက သန့်စင်တယ်”

မုရှောင်းနွမ်က ရှက်ရွံ့စွာပြောသည်။

“ယို့ ယို့ ငါတို့ရဲ့ မင်းသမီးလေးက ရှက်နေသေးတာလား။ ပြောပါအုံး နင် သူ့ကို တကယ် သဘောမကျဘူးလား”

“အင်း နည်းနည်းပေါ့”

မုရှောင်းနွမ်သည်လည်း ချန်းရန်က ဖော်ပြရန် ခက်ခဲလောက်အောင် ဆွဲဆောင်မှုရှိကြောင်း ဝန်ခံရပေမည်။ သူ့ကိုမြင်သည့် မည်သည့် မိန်းကလေးမဆို သဘောကျပေလိမ့်မည်။…ဟုတ်တယ်မလား ဟုတ်တယ်မလား။

“ဆိုတော့ ရှောင်ရွှယ် ငါဘာလုပ်သင့်တယ်လို့ နင်ထင်လဲ”

မုရှောင်းနွမ်က နည်းနည်း မဆုံးဖြတ်နိုင်အောင် ဖြစ်နေသည်။ သူမသည်လည်း အနာဂတ်တွင် မည်သို့ဆက်လုပ်သင့်မှန်း မသိပေ။ ထို့ကြောင့် ယန်ရွှယ်ကိုသာ အကူအညီတောင်းသည်။ ယန်ရွှယ်ကလည်း အားပေးသည်။

8 02

“အရမ်းရိုးရှင်းပါတယ်။ နင်တစ်ယောက်ယောက်ကို ကြိုက်မှတော့ လိုက်လေ”

“ဒါပေမဲ့ ငါ အရင်က ဘယ်သူ့ကိုမှ မလိုက်ဖူးဘူးလေ။ နောက်ပြီး ငါလည်း ရည်းစားတစ်ခါမှ ထားဖူးတာ မဟုတ်ဘူး”

မုရှောင်းနွမ်က နည်းနည်းစိတ်ဓာတ်ကျနေသည်။

“ငါက ဒီဖက်မှာ ဆိုရင် လုံးဝကို လူသစ်လေ”

“အာ တုံးအလိုက်တာ နင့်ရဲ့အရှေ့မှာ ဒီလောက် ချောတဲ့ ကောင်လေးရှိနေတာတောင်မှ မကြူတတ်ဘူးဆိုရင်တော့ နင့်ရဲ့ ဒီလောက်ကောင်းမွန်တဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်က ဖြုန်းတီးရာရောက်တယ်”

“ရှောင်ရွှယ်အာ…ငါ့ကို သင်ပေးလေ”

“ထားလိုက်တော့ ငါနင့်ကို လမ်းညွှန်နည်းနည်းပေးမယ်”

ယန်ရွှယ် “နင့်ရဲ့ အခြေအနေအရ ဘယ်အမျိုးသားမှ မတွန်းလှန်နိုင်ဘူး”

မုရှောင်းနွမ် “ဒီလောက် ရိုးရှင်းတာလား ငါသိသားပဲ”

“ဒီအရူးမကတော့ ဘာကိုသိတာလဲ”

ယန်ရွှယ်က ဖုန်းချပြီးနောက် မျက်နှာပေါ်မှ မက်စ်ကို ချွတ်ကာ ကောက်ကျစ်စွာ ပြုံးသည်။

“ရှောင်းနွမ် ဒီချောမောတဲ့ ကောင်လေးကို ဘယ်နေရာက ရှာလာလဲ မသိပါဘူး ရက်အနည်းငယ်လောက်နေရင် သွားကြည့်ရင်ကောင်းမလား”

ထိုအချိန်တွင် ချန်းရန်၏အခန်းထဲတွင်

“ရွာဖက်က ဘဝကလည်း တော်တော်လေးကို အေးဆေးပေါ့ပါးပြီး သက်သောင့်သက်သာရှိတာပဲ”

ချန်းရန်က ပြတင်းပေါက် အရှေ့တွင်ရပ်ရင်း အပြင်ဘက်မှ ပြိုင်ဘက်ကင်းသောညမြင်ကွင်းကို ကြည့်ကာ သူ၏ နှလုံးသားအတွင် မပြည့်နိုင်ခဲ့သည့် ကျေနပ်မှုမျိုးကို ခံစားနေရသည်။

ကြီးမားသော စံအိမ်ကြီးအပြင် ပိုင်ဆိုင်မှု ဧကထောင်ကျော်လည်း ရှိနေသေးသည်။ သူသည် အမှန်တကယ်ပင် အငြိမ်းစားယူထားသောဘဝတွင် စောစီးစွာ နေထိုင်နိုင်လေသည်။

“တင် သက်သာဘဝစနစ်က စတင်လှုပ်ရှားပါပြီ”

“တင် အခု [တာဝန်အသစ်] ကို ထုတ်လွှတ်လိုက်ပါပြီ : သက်သာဘဝက လှပတဲ့ ရှုခင်းတွေကို ရှုစားဖို့ သင်ယူတတ်ရပါတယ်။ ညရှုခင်းကလည်းအလှတရားတစ်မျိုးပါပဲ ကျေးဇူးပြုပြီး ပြတင်းပေါက် အရှေ့မှာ ရပ်လို့ ညရှုခင်းကို ဆယ်မိနစ်လောက် ကြည့်ပေးပါ”

“ငါ ပြောချင်တာ အဲဒါပဲ”

ချန်းရန်က ပြုံးသည်။

ယခုလောက်လှသော ညရှုခင်းကို မကြည့်လျှင် နှမြောစရာကောင်းသည်။ သို့သော် ချန်းရန်ကလည်း နံရံပေါ်မှ ပန်းချီကားကို မြင်ပြီး အကြံအသစ်ရလာသည်။

“ဘာလို့ ဒီညရှုခင်းကို ပန်းချီ မဆွဲရမှာလဲ”

ချန်းရန်က ကမ္ဘာအဆင့် နတ်ဆိုးပန်းချီဆရာစွမ်းအင်ကို ရရှိထားပြီကာစဖြစ်သည်။ သူဆွဲသော လက်ရာများကလည်း နံရံပေါ်မှ ပန်းချီထက် နိမ့်ကျစရာ အကြောင်းမရှိပေ။ ညရှုခင်း ကိုယ်တိုင်ကိုက လှလွန်းနေသည်။

အချိန်က တစ်မိနစ်ချင်းစီ ကုန်သွားသည်။ ချန်းရန်က ပန်းချီကိုစိတ်ရင်းဖြင့် နှစ်မြုတ်ကာ ဆွဲသည်။ ဆယ်မိနစ်က ခပ်မြန်မြန် ကုန်သွားသည်။

“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ်။ တာဝန်က ပြီးမြောက်သွားပါပြီ”

“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ် ဆုလာဘ်ဖြစ်တဲ့ : [အပင် အသိအမှတ်ပြု ရေးဆွဲခြင်း]x1 ကို ရရှိပါပြီ”

စနစ်က ဆုအသစ်ပေးသည်။ လောကရှိ မည်သည့်အပင်ကမဆို အသေးစိတ်ကျကျ ဆွဲနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်မည်ဖြစ်ပြီး ထိုစွမ်းရည်ကလည်း ချန်းရန်၏ စိတ်ထဲတွင် မှတ်ကျောက်တင်ပြီးသားဖြစ်သွားသည်။ ချန်းရန်ကသာ မည်သည့်အပင်ကိုမဆို တစ်ချက် ကြည့်လိုက်ရုံနှင့်တင် အသေးစိတ်ကို တန်းသိနိုင်သည်။

8 03

ထိုအခိုက်အတန့်တွင် ချန်းရန်က ဘာကိုမှ ဂရုစိုက်မနေနိုင်ချေ။ သူက အနည်းငယ်သာ ပြုံးလိုက်ပြီး ဆက်ဆွဲသည်။

နောက်တစ်နေ့ မနက်ခင်း

ချန်းရန်က အိပ်ယာထသည်။ မျက်နှာသစ်ပြီးနောက် မီးဖိုခန်းထဲသို့သွားကာ တစ်စုံတစ်ရာကို ပြင်ရန် ကြံစည်သည်။

“ဟင်”

သို့ရာတွင် သူက မီးဖိုခန်းထဲသို့ ဝင်လိုက်သောအခါ ရုတ်တရပ် အပူလှိုင်းက ရိုက်ခတ်လာသည်။

“ဘာတွေ ဖြစ်နေတာလဲ”

ချန်းရန်သည်လည်း ထမင်းစားပွဲပေါ်တွင် အိပ်နေသော မုရှောင်းနွမ်ကို မြင်လိုက်ပြီး သူမ၏ အရှေ့တွင် ခေါက်ဆွဲပန်းကန်ရှိနေသည်။

ခေါက်ဆွဲများက ပျော့ပြဲနေပြီး ထိုအတိုင်း ထားထားသည်မှာ တော်တော်ကြာပုံရသည်။

“ထတော့ ထတော့”

ချန်းရန်က မုရှောင်းနွမ်ကို နှိုးသည်။ သူမက ကြောက်ရွံ့နေသော ငှက်တစ်ကောင်ကဲ့သို့ ချက်ချင်းခုန်ထသည်။

“အာ ချန်းကောကော”

မုရှောင်းနွမ်က သူမ၏ မျက်ကွင်းညိုများကို အသာပွတ်ပြီးနောက်တွင် ချန်းရန်ကို မြင်သည်နှင့် ချက်ချင်းဆိုသလို ခေါင်းထောင်လာသည်။

“ချန်းကောကော လာပြီး မနက်စာစားပါအုံး ဒါက ငါချက်ထားတဲ့ ခေါက်ဆွဲလေ”

သူက ထိုသို့ပြောလိုက်သည့်အချိန်တွင်ပင် ရုတ်တရပ် ပျော့ပြဲနေသော ခေါက်ဆွဲကို မြင်လိုက်ပြီး သူမ၏ အမူအရာက ရုတ်တရပ် ပြောင်းသွားသည်။

“အာ…ဘယ်လိုဖြစ်ပြီး ငါ့ရဲ့ခေါက်ဆွဲတွေက ဒီလိုဖြစ်သွားတာလဲ”

မုရှောင်းနွမ်က ခေါင်းကို ကုတ်ပြီး ရုတ်တရပ် ဖိအားများသွားပုံရသည်။

“ဒါ ငါ တစ်နာရီလောက် ကြိုစောပြီးလုပ်ထားတာလေ”

“ကိစ္စမရှိပါဘူး။ ခေါက်ဆွဲပျော့သွားတာက ပြဿနာမရှိဘူး”

ကောင်မလေး၏ မျက်လုံးအောက်မှ အနက်ရောင် အကွင်းကြီးများကို မြင်လိုက်သောအခါ ချန်းရန်ကလည်း ရင်ထဲထိသွားသည်။ ဒီကောင်မလေးက ဒီခေါက်ဆွဲတစ်ပန်းကန်လုံးကို ချက်ဖို့အတွက် အများကြီး ကြိုစောထထား ရလောက်တယ်။

“ထိုင်ပြီး အတူစားရအောင်”

ချန်းရန်က ပန်းကန်လုံးကြီးထဲမှ ခေါက်ဆွဲနည်းနည်းကို ယူပြီးနောက် ပန်းကန်လုံး သေးထဲသို့ ခွဲထည့်ကာ မုရှောင်းနွမ်ကို ပေးသည်။

“အာ…ချန်းကောကော ဒါက ချန်းကောကောအတွက်လေ ငါ ဗိုက်မဆာဘူး”

မုရှောင်းနွမ်ကလည်း ခေါက်ဆွဲကို ချန်းရန်ကိုသာ ပြန်ပေးသည်။

ချန်းရန်ကလည်း ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သို့သော် သူက စားတော့မည့်အချိန်တွင်ပင် လက်ထဲမှ တူက ရုတ်တရပ် လွတ်သွားပြီး အောက်ဖက်သို့ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။

“ချန်းကောကော ဘာဖြစ်တာလဲ ခေါက်ဆွဲက မကောင်းဘူးလား”

မုရှောင်းနွမ်က စိုးရိမ်တကြီးမေးသည်။

“အင်း မဟုတ်ပါဘူး”

ချန်းရန်က အသက်ပြင်းပြင်းရှူသည်။ သူသည် ခေါက်ဆွဲထဲမှ အရွက်များကို ကြည့်ပြီး နှုတ်ခမ်းက နည်းနည်းတွန့်သွားသည်။ ဒါက အရွက်ဟုတ်လို့လား ဒါက အကျန်တွေ မဟုတ်တာ သေချာလား။

8 04

ချန်းရန်၏စိတ်က [အပင် အသိအမှတ်ပြု ရေးဆွဲနည်း]နှင့် တစ်ချက် လက်သွားသည်။ သူသည်လည်း ထိုအရွက်က မည်သည့်အရွက်ဖြစ်ကြောင်း သိရန်ပင် မလိုအပ်ပေ။ ထို့ကြောင့် ချန်းရန်က ထိုအရွက်များအားလုံးကို ဆယ်ထုတ်လိုက်သည်။

“ချန်းကောကော အရွက်မကြိုက်လို့လား”

မုရှောင်းနွမ်က သိချင်စိတ် ပြင်းပြစွာ မေးသည်။

“အင်း…တကယ်တော့ အရမ်းများတော့ ငါမကုန်လို့ပါ”

“အာ”

ချန်းရန်က ခေါက်ဆွဲသေးတစ်ပန်းကန်ကို အမြန်ကုန်အောင်စားသည်။ အရသာက အဆင်ပြေသည်ဟု ပြောရပေမည်။

“ချန်းကောကော အရွက်မစားတော့ဘူးလား”

“ငါက အရွက်အရမ်းကြိုက်တာ”

ချန်းရန်က ခေါက်ဆွဲစားလို့ပြီးသည်နှင့် မုရှောင်းနွမ်ကလည်း ပန်းကန်လုံးလေးထဲမှ အရွက်အပုံကို ကြည့်ပြီးနောက် အကုန်စားချင်သွားသည်။ ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်ကလည်း အင်တာနက်ပေါ်မှ [အံ့ဩစရာသတင်း ဆရာသခင် လန်ရဲ့ ကောင်းကင်တမျှ ဈေးမြင့်တဲ့လက်ရာက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ပေါ်လာတယ် တင်ဆက်သူက ဘယ်သူလဲ] ဆိုသော ခေါင်းစည်းပိုင်းနှင့် ကျော်ကြားနေခဲ့ကြောင်း မသိပေ။

ထိုအကြောင်းအရာက အင်တာနက် တစ်ခုလုံးတွင် လျှင်မြန်စွာ ပေါက်ကွဲသွားသည်။

Douyin တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် တင်ဆက်သူ [ရိုးသားတဲ့ နွမ်ပေါင်ပေါင်]၏ နဂိုမူလ တစ်သိန်းခွဲခန့်သာ ရှိသော ပရိသတ်အရေအတွက်က ချက်ချင်းဆိုသလို ထိုးတက်သွားသည်။

ပရိသတ်အရေအတွက်က ဆက်တိုက်ထိုးတက်နေသည်။ တစ်နာရီတည်းနှင့်တင် တစ်သိန်းခွဲမှ တစ်သန်းသို့ တက်သွားသည်။ ပို၍ ဆိုးသည်မှာ ဆက်တက်နေသေးသည်။

သိထားရမည်မှာ တိုက်ရိုက်ထုတ်လွှင့်မှုက မစသေးပေ။ အခန်းကလည်း မဲမှောင်နေသည်။ သို့သော် ကွန်မန့်များကလည်း ဖန်သားပြင် တစ်ခုလုံးအနှံ့ ပြည့်နှက်နေသည်။

“ဒီအတိုင်း ပန်းချီကားပဲလို့ တစ်ယောက်ယောက်များ ပြောခဲ့တာလား”

******

All Chapters