← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

9 01

အပိုင်း (၉) စတော်ဘယ်ရီစိုက်ပေးတာ ကျေးဇူးတင်ပါတယ်ယောက်ျား

“ဝိုး စပ်လိုက်တာ”

မုရှောင်းနွမ်က သိချင်သွားပြီး တစ်ကိုက်သာ ကိုက်ရသေးသည်။ ငိုချင်သွားသည်။ သူမက ရေသုံးခွက် ဆက်တိုက်သောက်ပြီးမှသာ ပြန်လည်သက်သာလာသည်။

“ငါ ခုနက တအားအိပ်ချင်နေတာလေ။ အခုတော့တော်တော်လေး နိုးကြားသွားပြီ”

မုရှောင်းနွမ်က ချန်းရန်အတွက် မနက်စောစောထပြီး ခေါက်ဆွဲချက်ပေးထားသောကြောင့် ကောင်းကောင်ပင် မအိပ်ရသေးပေ။ သူမက တစ်ရေးအိပ်ချင်သည်။ သို့သော် ယခုမူ မဖြစ်နိုင်တော့ပေ။

“အာ…ငါတကယ် လောဘမကြီးခဲ့သင့်ဘူး”

မုရှောင်းနွမ်က ထိုအခိုက်အတန့်တွင် တော်‌တော်လေးကို နောင်တရသွားသည်။

“ငါ့ရဲ့ လည်ချောင်းက ပူနေတာ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဘယ်လိုများ လုပ်ရပါ့မလဲ”

မုရှောင်းနွမ်သည်လည်း သူမ၏ချိုမြိန်သောအသံက နည်းနည်းဩရှသွားကြောင်း ခံစားမိလိုက်သည်။ ကိုယ့်ဘာသာကိုယ်စကားပြောလျှင်ပင် ကိုယ့်အသံနှင့် မတူတော့ပေ။ သူမကလည်း ဒီနေ့တစ်ရက် နားသင့် မနားသင့် စဉ်းစားနေသည်။

“ဘုရားရေ ဘာတွေ ဖြစ်နေတာလဲ”

မုရှောင်းနွမ်က ဖုန်းကိုသာ ဖွင့်ရသေးသည်။ ဘီ…ဘီ..ဘီ အသံက ထွက်လာသည်။

မိုဘိုင်းဖုန်းက စာများနှင့် ပြည့်နေသည်။

“ယန်ရွှယ် (ရှောင်ရွှယ်) : ဖာ့ခ် ရှောင်းနွမ် နင်အခု နာမည်ကြီးနေပြီ နင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်စမ်း”

“ယန်ရွှယ် (ရှောင်ရွှယ်) : နင် မနေ့ညက ပြခဲ့တဲ့ အဲဒီ ပန်းချီကားက လူကြီးလန်ရဲ့ လက်ရာတဲ့ သန်းနှစ်ရာ့ခုနှစ်ဆယ်တောင် တန်တာတဲ့လေ”

“ယန်ရွှယ် (ရှောင်ရွှယ်) : နင်ကအခု ခေါင်းစည်းပိုင်းကို ရောက်နေပြီ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပရိသတ်အရေအတွက်ကလည်း တစ်သန်းကျော်သွားပြီ”

“ယန်ရွှယ် (ရှောင်ရွှယ်) : !!! စာကိုမြင်ရင် စာပြန်စမ်း အိပ်မနေနဲ့ အိပ်မက်မဟုတ်ဘူး”

ရုတ်တရပ်ရောက်လာသော သတင်းက မုရှောင်းနွမ်အား ထိုဖုန်းကိုသာ အချိန်တန်ကြာအောင် ငေးငိုင်လျှက်သား ဖြစ်သွားစေသည်။ ဖာ့ခ် တကယ်လား အဲဒီ ပန်းချီကားကလေ။

“ယောကျ်ားရေ”

မုရှောင်းနွမ်သည် မနေနိုင်ဘဲ အော်လိုက်သည်။ ထို့နောက် အလိုလျောက်ပင် ခေါင်းစည်းပိုင်းကို ကြည့်လိုက်ပြီးနောက် မနေ့ညက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပန်းချီပုံနှင့် ပက်သက်သည့် ပိုစ့်တစ်ခုက အမှန်တကယ် ရှိနေကြောင်း မြင်ရသည်။ သူမသည်လည်း ထိုပန်းချီကားကြောင့် ခေါင်းစည်းပိုင်းသို့ တက်သွားသည်။

အိမ်တော်ထိန်း နံပါတ်တစ် : ရှောင်းနွမ် တိုက်ရိုက်ထုတ်လွှင့်မှုကို အခုချက်ချင်း စလိုက်ပါအုံး ငါတို့ မတောင့်ခံနိုင်တော့ဘူး။

အိမ်တော်ထိန်း နံပါတ်နှစ် : ကောင်မလေး မြန်မြန်လုပ် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲတော့မယ်။ နင်သာ မလာဘူးဆိုရင် ငါတို့တော့ ဆွဲချခံရပြီး ကြာပွတ်နဲ့ အရိုက်ခံရတော့မယ်။

ထိုအချိန်တွင် ဝေ့ရှင်းမှ နောက်ထပ် တစ်စောင်ဝင်လာသည်။ ထိုစာကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက အိမ်တော်ထိန်း၏ စာဖြစ်သည်။

“အခု ချက်ချင်း”

မုရှောင်းနွမ်ကလည်း ခပ်မြန်မြန် ပြန်ဖြေလိုက်ပြီးနောက် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကလစ်နှိပ်လိုက်သည်။

“[တင်ဆက်သူ] (ရိုးသားတဲ့ နွမ်ပေါင်ပေါင်)က အွန်လိုင်း တက်လာပါပြီ”

သေစမ်း…

သူမသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူမ၏ နှလုံးသားက ငရဲသို့ မြောက်တက်သွားသလို ခံစားလိုက်ရသည်။

ပရိသတ် 1.5 သန်း

9 02

ဘုရားရေ မနေ့ညကတင် တစ်သိန်းခွဲပဲရှိတာပါ။ အခု ဆယ်ဆလောက် တက်သွားတယ်။ နောက်ပြီး ပိုဆိုးတာက ထပ်တက်နေသေးတယ်။ တော်တော်လေးလည်း မြန်တယ်။

“ကြည့်အုံး ကြည့်အုံး တင်ဆက်သူ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို စပြီ”

“တော်လိုက်တဲ့ ကောင်က ဟမ် ချမ်းသာတဲ့ မိန်းမလေး နောက်ဆုံးတော့ ပေါ်လာပြီပေါ့”

“ပန်းချီကားပါပဲလို့တောင် ပြောခဲ့သေးတယ်”

“+1 ပန်းချီကားပါပဲလို့ ပြောခဲ့သေးတယ်”

“တင်ဆက်သူ ငါတို့ အဲဒီ ပန်းချီကားပါပဲကို ကြည့်ချင်လို့”

“ဒုတိယ ဒုတိယ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကွန်မန့်များက ဖန်သားပြင်တစ်ခုလုံးကို သိမ်းယူသွားပြီး မုရှောင်းနွမ်သည်လည်း အရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားသည်။

“ဘုရားရေ”

မုရှောင်းနွမ်သည် ထိုအခိုက်အတန့်မှသာ ယုံသွားသည်။ သေချာပေါက် သာမာန်ပန်းချီကားမဟုတ်ဘူးပဲ။

သန်းနှစ်ရာ့ခုနှစ်ဆယ်။

အရေအတွက်ကို တွေးကြည့်ရုံနှင့်တင် သူမ၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။

စီနီယာအစ်ကိုချန်းက ဘယ်လောကတောင် အင်အားကြီးလိုက်သလဲ။

“ဟင် ပန်းချီကား ဘယ်ရောက်သွားလဲ”

သို့ရာတွင် မုရှောင်းနွမ်က ချန်းရန်၏ အခန်းထဲသို့ ဝင်သွားသောအခါ ပန်းချီကားကို မတွေ့ရပေ။

“အာ…သူဒီမှာ”

ပြတင်းပေါက်ကတဆင့် ချန်းရန်ကို လှမ်းမြင်လိုက်သည်။ သူသည် စံအိမ်ကြီး၏အနောက်ဖက် လယ်ကွက်တစ်ကွက်ပေါ်တွင် ဖြစ်သည်။

မုရှောင်းနွမ်ကလည်း ဖိနပ်အပါးကို ကောက်စီးရင်း စံအိမ်ထဲမှ ပြေးထွက်သည်။ သူမက မွှေးပျံ့သော သစ်သားဘုတ်ပြားများနှင့် ခင်းထားသော လမ်းပေါ်တွင် နင်းလိုက်ပြီးနောက် ချန်းရန်ရှိသော နေရာဘက်သို့ အပြေးသွားသည်။

စံအိမ်၏ အနောက်ဖက် မြေကွက်က အတော်လေး ကျယ်သည်။ ကြီးမားသော နေရာကြီးတစ်ခုကိုလည်း သီးသန့်ပိုင်းခြားထားသေးသည်။ ထိုနေရာမှာ သေးငယ်သော အရွက်ခင်းလေးရှိသည်။

ထိုနေရာကို သေးငယ်သော အရွက်ခင်းဟုသာ ခေါ်သည် အမှန်တကယ်အားဖြင့် ဧကပေါင်းများစွာ ရှိနေပြီး တစ်ကမ္ဘာလုံးတွင် ရှိနိုင်သမျှသောအမျိုးမျိုးသော အရွက်တိုင်း သစ်သီးပင်တိုင်းကို ရနိုင်သည်။

ချန်းရန်က သေးငယ်သော အရွက်ခင်းလေးထဲတွင် လမ်းလျောက်နေပြီး အသစ်စက်စက်ရထားသော စွမ်းရည်ဖြစ်သည့် [အပင်ကို အသိအမှတ်ပြုရေးဆွဲနည်း] အား သုံးခြင်းအားဖြင့် အပင်များသစ်သီးများကို ခွဲခြားနေခြင်း ဖြစ်သည်။

“ယောက်ျား ယောကျ်ား”

အဝေးမှနေ၍ ဩရှသောအသံကို ကြားရသည်။

ချန်းရန်က ဆောင့်ကြောင့်ထိုင်ကာ အရှေ့မှ သစ်သီးပင်ကို စောင့်ကြည့်နေခဲ့ရာမှ ခေါင်းကို လှည့်မကြည့်ဘဲဖြေသည်။

“လူမှားခေါ်လိုက်တာလား”

“ငါနင့်မိန်းမ‌လေ ငါက ဘယ်လိုဖြစ်ပြီး လူမှားခေါ်ရမှာလဲ”

မုရှောင်းနွမ်က အမောတကော အသက်ရှူသည်။ ဒူးပေါ်သို့ လက်နှစ်ဖက်လုံးကို ထောက်ပြီး အငမ်းမရ အသက်ရှူနေရသည်။

9 03

သူမ၏ အရှေ့မှ ကြီးမားသော အဝတ်အိတ် နှစ်လုံးက (ပေါက်စီ)က လှုပ်ခါနေပြီး နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်မှာ ချန်းရန်အား သူမ၏ ဒေါသကို ဖော်ပြနေသည်နှင့် တူသည်။

“အိုး မင်းကို”

ချန်းရန်က လှည့်ကြည့်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်နေကြောင်း မြင်သွားပြီး တောင်းပန်သည်။

“မင်းရဲ့ အသံက တစ်မျိုးဖြစ်နေတော့ မမှတ်မိလိုက်ဘူး။ တောင်းပန်ပါတယ်”

“ငါ…”

မုရှောင်းနွမ်က ထိုစကားကို ကြားပြီးနောက် ပါးစပ်ကို ချက်ချင်းအုပ်သည်။ သူမ၏ မျက်လုံးကြီးက လှုပ်ခတ်သွားသည်။ ဒီမနက် သူမ၏အသံ ပြန်မရသေးသည်အား မေ့သွားခြင်း ဖြစ်သည်။

“ဟားဟား ရှောင်းနွမ်က တော်တော်လေးကို ခက်ခဲမှာပဲ။ သူ့ရဲ့ယောက်ျားကတောင် မကြိုက်တော့ဘူး”

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ရှောင်းနွမ်ရဲ့အသံက ပိုပြီး ဩလာတယ်လို့ မထင်ဘူးလား”

“ဟီးဟီး ဒီမနက် တစ်ခုခုကို စားလိုက်လို့ ဖြစ်မယ် ဒါကြောင့် လည်ချောင်းက နာ…”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ရယ်သံများပြည့်သွားပြီး မုရှောင်းနွမ်အား ဒေါသထွက်သွားစေသည်။

“ဟွန့် ဒီမနက် အဲဒါကို စားလိုက်လို့သာ မဟုတ်ရင် ဘာလို့ ငါ စကားပြောတဲ့အချိန်မှာ ဒီလိုမျိုး ဖြစ်နေမှာလဲ”

ချန်းရန်က မုရှောင်းနွမ်ကို ကြည့်သည်။ ချက်ချင်းဆိုသလိုပင် အခြေအနေကို နားလည်သွားပြီး တွေးသည်။ : အဲဒီ အရွက်တွေများ စားလိုက်တာလား။

“လာ စတော်ဘယ်ရီ နည်းနည်းစား”

ချန်းရန်က လက်ထဲတွင် ကိုင်ထားသော ဝါးခြင်းတောင်းလေးထဲမှ ကြီးမားသော စတော်ဘယ်ရီသီးအချို့ကို ထုတ်လိုက်သည်။ ထိုစတော်ဘယ်ရီသီးများက သလင်းကြည်ရောင် ဆီးနှင်းများပင် စိုရွဲနေသေးပြီး တောက်ပသည်။ ယခုမှ ခူးထားကာစဖြစ်သည်။

“အိုး စတော်ဘယ်ရီ”

မုရှောင်းနွမ်၏ မျက်လုံးက ချက်ချင်းတောက်ပသွားသည်။ သူမက ချိုသော အရာများကို စားရသည်အား သဘောအကျဆုံးဖြစ်သည်။

“ဒါပေမဲ့ ရေဆေးဖို့မလိုဘူးလား”

“ဒါက အနီရောင်အလှ စတော်ဘယ်ရီလေ အရွက်ခင်းတွေထဲက လတ်လတ်ဆတ်ဆတ် ခူးထားတာ ဩဂဲနစ်အစစ်ဖြစ်ပြီး ဘာပိုးသတ်ဆေးမှ မသုံးထားတာဖြစ်လို့ တိုက်ရိုက်စားလို့ရတယ်”

ချန်းရန်က စတော်ဘယ်ရီသီးတစ်လုံးအား မုရှောင်းနွမ်ကို ပေးသည်။

“မင်း စပ်တဲ့ အရာတွေ စားထားတာ မဟုတ်လား ဆိုတော့ ပုံမှန်အားဖြင့် လည်ချောင်းက မသက်မသာဖြစ်တာ ပုံမှန်ပါပဲ။ ချိုတာလေး စားလိုက် ကောင်းသွားလိမ့်မယ်”

“နင်…နင်သိပြီးသားလား”

မုရှောင်းနွမ်က နည်းနည်းအံ့ဩသွားသည်။ သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုကို မြင်တွေ့နိုင်၏။ ချန်းရန်၏ ပြောစကားကို ကြားပြီးနောက် သူသည်လည်း ဒီမနက်က သူမချက်သည့် ခေါက်ဆွဲနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာက များယွင်းနေကြောင်း သိနေသည်အား နားလည်လိုက်သည်။

“ကိစ္စမရှိဘူး ငါ ခေါက်ဆွဲတွေအားလုံး စားလိုက်တာပဲလေ”

ချန်းရန်က ပြုံးသည်။ သူသည် အမှန်တကယ် ကြွယ်ဝသောဘဝတွင် နေထိုင်နေသော်လည်း စားစရာကို မဖြုန်းတီးချင်ပေ။ ထို့အပြင် ဒါဟ အခြားတစ်ယောက်၏ ကြင်နာမှုလည်းဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအချိန်က ထုတ်မပြောခဲ့ခြင်းသာ ဖြစ်သည်။

“ယောက်ျား ယောက်ျားက အရမ်းသဘောကောင်းတာပဲ”

9 04

မုရှောင်းနွမ်က ထိုအခိုက်အတန့်တွင် အမှန်တကယ်ပင် ရင်ထဲ လှုပ်ရှားသွားသည်။ စီနီယာအစ်ကိုချန်းက အရွက်မစားဘူးလို့ ပြောတာက ငါ့ရဲ့ကြင်နာမှုကို စိတ်မပျက်စေချင်လို့ ဖြစ်မယ်။

ထို့ကြောင့် စတော်ဘယ်ရီသီးကို ကိုင်ကာ စားနေရင်း မုရှောင်းနွမ်၏ ချိုမြိန်သော ပါးချိုင့်လေးများက ထင်းထွက်နေကာ နှလုံးသားထဲမှ ချိုမြိန်မှုကို ပြသသည်။

“ကျွတ် ကျွတ် ကျွတ် ချဉ်လိုက်တာ”

“ငါတင်ဆက်သူ နောက်ကို လိုက်လာကာစလေ ရုတ်တရပ် ဒါကို ပြတယ်”

“ဟန်နီ စတော်ဘယ်ရီသီးက ချဉ်တယ်မလား ချိုချင်ယောင် မဆောင်နေစမ်းပါနဲ့”

“အပေါ်ထပ်က သူတွေ နင်တို့ကသာ ချဉ်နေတာ ဟားဟား”

“ရီပို့စ် ရီပို့စ် တင်ဆက်သူ ငါတို့က ပန်းချီကားပဲ ကြည့်ချင်တာ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများသည် ထိုမြင်ကွင်းကိုမြင်ပြီး ချဉ်စုတ်သွားကြသည်။ ထို့နောက် သူတို့၏ ချိုမြိန်သော ဝမ်းနည်းမှုကို ဖော်ပြသည်။

“အာ..ဟန်နီ ငါနင့်ကို တစ်ခုခု ပြောလို့ရလား”

မုရှောင်းနွမ်၏ လှပသော မျက်နှာလေးက တဖြည်းဖြည်း ကပ်လာပြီးနောက် ရှက်ရွံ့သောအ မူအရာမျိုးနှင့် ချွဲပြသည်။

“ဘာကိစ္စလဲ”

ချန်းရန်က လက်ထဲတွက် ကတ်ကြေးတစ်လက်ကို ကိုင်၍ အပင်မှ လတ်ဆတ်သော မက်မွန်သီးအချို့ကို ညှပ်ခူးနေခြင်းဖြစ်သည်။

“အာ မနေ့ညက နင်ဆွဲတဲ့ ပန်းချီကား ကြည့်ချင်တာ”

“ပန်းချီကားလား”

ချန်းရန်က ရပ်တန့်သွားပြီး မုရှောင်းနွမ်ကို ကြည့်သည်။

“အဲဒါက ဒီအတိုင်း ပန်းချီကားပဲလေ။ ငါ ခဏနေရင် ရှုခင်းပုံနဲ့ လဲမလို့”

“ဘာ”

မုရှောင်းနွမ်က ချန်းရန်ကို လှပသော မျက်လုံးဖြင့် ပြူးကာ ကြည့်ပြီးနောက် ဩနေသော အသံဖြင့်ပင် ပြောလိုက်သည်။

“ပြောင်း …ပြောင်းချိတ်မလို့လား”

“ဟုတ်တယ်”

ချန်းရန်က အေးအေးဆေးဆေး ပြောသည်။

“ငါက ရှုခင်းပုံတွေကို သဘောကျတယ်။ နောက်ပြီး ငါကိုယ်တိုင် တစ်ပုံဆွဲထားတာလေ ရက်အနည်းငယ်လောက်ဆိုရင် ပြီးမှာ”

“ယောက်ျား အဲဒီ ပန်းချီကားရဲ့ တန်ကြေးကို သိလား”

မုရှောင်းနွမ်က မယုံသလို ကြည့်ရင်းမေးသည်။

“အဲဒါက သန်းနှစ်ရာ့ခုနှစ်ဆယ်တောင် တန်တာနော် နင်တကယ်ပဲ အစားထိုးချင်တာလား”

ကောင်းကင်တမျှ မြင့်မားသော ဈေးနှုန်းမျိုးနဲ့လေ လူအများစုက အိပ်မက်တောင် မက်နိုင်ကြတာ မဟုတ်ဘူး။ ဘာလို့ ဒီလောက်ထိ ဂရုမစိုက်ရတာလဲ။

ဒါက သဘာဝအရင်းအမြစ်ကို ဖြုန်းတာ မဟုတ်ဘူးလား။

မုရှောင်းနွမ်က ရင်နာသွားပြီး အသက်ပင် မရှူနိုင်တော့ပေ။

“ဈေးက ဒီအတိုင်း မြင့်ရုံပါပဲ အများကြီး စိုးရိမ်မနေနဲ့”

ချန်းရန်က ဂရုမစိုက်ပေ။

“တကယ်လို့ မင်းသဘောကျရင်လည်း ခဏနေမှ ငါမင်းရဲ့ အခန်းထဲမှာ လာချိတ်ပေးမယ်”

9 05

“တကယ်လား”

မုရှောင်းနွမ်က ရင်ထဲထိသွားပြီး ပျော်ရွှင်စွာနှင့် ကခုန်ချင်သွားသည်။ သူမသည် အမှန်တကယ် ပျော်ရွှင်သွားသည်။

“ကျွတ် ငါပြောမယ် ငါတကယ်ကို မနာလိုဖြစ်ပြီး အားကျသွားတာ။ ဒါက သန်းနှစ်ရာ့ခုနှစ်ဆယ်တန်ပန်းချီကားနော်”

“ရှောင်းနွမ်က အရမ်းကံကောင်းတာပဲ။ သူ့ယောက်ျားက အရမ်း ရက်ရောတယ် ဒီလောက်တောင်ကြွယ်ဝသွားစေမယ့် ပန်းချီကားကြီး ပေးတာ”

“အဆင့်ပဲ ဒါကတကယ်တော့ အဆင့်နဲ့ ဆိုင်တယ်၊ အချို့လူတွေက ဒီလိုမျိုးကြွယ်ဝမှုတွေ ပိုင်ဆိုင်ထားတဲ့ ပန်းချီကားမျိုးတွေ မလိုချင်ကြဘူး။ သူတို့က သူတို့ကိုယ်တိုင်ဆွဲတဲ့ ပန်းချီကားကိုပဲ လိုချင်တာ”

“တကယ်တော့ ကြွယ်ဝတဲ့လူတွေ ရဲ့ လောကက ငါတို့ မတွေးကြည့်နိုင်တာမျိုးများလား”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ပို၍ပင် မနာလိုကြီးသွားကြသည်။မည်သို့ပင်ဆိုစေ သန်းနှစ်ရာ့ခုနှစ်ဆယ်တန် ပန်းချီကားကို ထိုအတိုင်း‌ ပေးထုတ်ပစ်လိုက်သည်။ သူသည် ဂရုပင် စိုက်ပုံ မရပေ။ ရှောင်းနွမ်၏ ယောက်ျားက အမှန်တကယ် ချိုမြိန်သည်။ အလိုလည်းလိုက်လွန်းသည်။

“ဟေး ကြည့်ရတာ အဲဒီ ပန်းချီကားကို အချိန်အတိုင်းအတာ တစ်ခုထိတော့ကြည့်လို့ မရသေးဘူး ထင်တယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ နဂိုမူလ ပန်းချီကားက ခဏနေရင် ငါ့ရဲ့အခန်းထဲကို ရောက်လာတော့မှာလေ။ ဆိုတော့ ငါက ဒီည တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ အဲ့တာကို နောက်ခံအဖြစ် ထားထားပေးမယ် အားလုံးလည်း ကြည့်လို့ ရတာပေါ့”

မုရှောင်းနွမ်၏ အမူအရာက အလွန်အမင်း မြင့်မားလွန်းသဖြင့် လေပေါ်သို့ပင် မြောက်တက်နေသည်။

“အိုး ရှောင်းနွမ် ဘယ်လောက်တောင် ဂုဏ်ယူနေလဲ ကြည့်စမ်းပါအုံး”

“မြန်မြန်လေး မြန်မြန်လေး… အဲဒီ ချောမောတဲ့ ကောင်လေး မင်းရဲ့ဘေဘီကို ဂရုစိုက်လိုက်အုံး”

“ရှောင်းနွမ် ထပ်ပြီး ဆိုးလာပြန်ပြီ။ ခဏနေမှ မင်းရဲ့ယောက်ျားကို အဲဒီ ပန်းချီကား ပြန်အသိမ်းခိုင်းလိုက်တော့မယ်”

“သေစမ်း ဟန်ဆောင်နေပြန်ပြီ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ငိုငြီးသံများပြည့်သွားသည်။ ကွန်မန့်ကလည်း လျှင်မြန်စွာဖြင့် ရွေ့လျားနေသည်။ မုရှောင်းနွမ်က တစ်ချက်သာ ကြည့်သည်။ ပျော်ရွှင်စွာနှင့် အကြံအစည်တစ်ခုချလိုက်ဟန် တွေးတောဟန်ပြုပြီး ရက်စက်စွာ ပြောသည်။

“ငါ့ရဲ့ လည်ချောင်းကောင်းသွားသလိုပဲ”

သူမက မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်သည်။ ထို့နောက် ချန်းရန်ကို ဆိုးသွမ်းသလို ကြည့်သည်။

“ယောက်ျား စတော်ဘယ်ရီ အပင်တွေ စိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ ငါအရမ်းကို သဘောကျတယ်”

“ဖာ့ခ် ရှောင်းနွမ် မင်း တအားလွန်သွားပြီ”

“ပြင်းထန်တဲ့ သတိပေးချက်…တင်ဆက်သူက အရမ်းကို ဆိုးသွမ်းနေပြီ”

“ဖာ့ခ် ရှောင်းနွမ် ငါလည်းမင်းအတွက် စတော်ဘယ်ရီစိုက်ပေးနိုင်တယ်နော်”

ထိုကောင်မလေး၏ဆိုးသွမ်းမှုကို ရင်ဆိုင်ရသည့်အခါ ချန်းရန်က ပြုံးသည်။ သူက ပြောသည်။

“ဒီအရွက်ခင်းထဲက အပင်တွေကို ငါစိုက်ထားတာ မဟုတ်ဘူး အခုမှ ဒါတွေနဲ့ ရင်းနှီးအောင် လုပ်နေတာ”

“ယောက်ျားက တော်လိုက်တာ ဒီနေရာက အရွက်တွေ အပင်တွေ တိုင်းကို သိတာလား”

မုရှောင်းနွမ်က တအံ့တဩပြောသည်။

9 06

“ဒီအရွက်ခင်းလေးက ကြီးတယ်ဆိုပေမယ့်လည်း အမျိုးအစားက နည်းတယ် တစ်ထောင်တောင်ရှိတာ မဟုတ်ဘူး။ တစ်ချက် ကြည့်လိုက်ရုံနဲ့သိတာပဲလေ”

ချန်းရန်က အလွန်အမင်း တည်ငြိမ်စွာသာ ပြုမူသည်။

“တစ်…တစ်ထောင်”

မုရှောင်းနွမ်က ထိုစကားကြောင့် မျက်လုံးပြူးသွားသည်။ ပြောတော့မည့် စကားက လည်မျိုတွင် တစ်သွားပြီး မည်သို့မှမတုန့်ပြန်နိုင်တော့ပေ။

“ရှောင်းနွမ် မင်းယောက်ျားက ဟန်ဆောင်နေတာ”

“တစ်ထောင်ဟုတ်လား သူက အားလုံးကို သိတယ်လား”

“ဒါက ကြွားတာပဲ ငါမယုံဘူး”

“မင်းမှာ စွမ်းရည်ရှိရင် တင်ဆက်သူ သူ့ကို အမျိုးအစား နည်းနည်း ကောက်မေးလိုက် သူ အားလုံး သိမယ်လို့ ငါမယုံဘူး”

“ဟုတ်တယ် တင်ဆက်သူ သူ့ကို မြန်မြန် စမ်းသပ်လိုက် သူရှုံးရင် အပြစ်ပေးခံရမယ်”

ချန်းရန်၏ စကားဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူအချို့က ပြဿနာရှာပြီး ချန်းရန်ကို နေရာတွင် မျက်နှာဖြတ်ရိုက်ခံစေချင်သည်။

“ငါ့ယောက်ျားက ဒီအတိုင်း နောက်လိုက်တာလေ။ နင်တို့က မတော်သေးဘူးလား”

မုရှောင်းနွမ်က မပျော်မရွှင်ဖြစ်သွားသည်။ သူမက ဂရုမစိုက်ဘဲ တိုက်ရိုက်ပြောသည်။

“အာ…တာဝန်ခံ ပြဿနာရှာတဲ့ သူတွေကို ဘမ်းလိုက်”

“တင် သက်သာဘဝစနစ်က စတင်ပါပြီ”

“တင် အသစ် [သက်သာတာဝန်] က အခု ထွက်လာပါပြီ”

“မင်းမှာ လုပ်စရာမရှိတဲ့အခါ အရွက်ခင်းကို ကြည့်ရှုတယ်ဆိုတော့ အနာဂတ်မှာ တစ်ခုခုကို စားချင်တာနဲ့ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို သိနိုင်မှာပဲလေ”

စနစ်က တာဝန်အသစ်တစ်ခုကို ထုတ်လာသည်။

ချန်းရန်က မုရှောင်းနွမ်၏ သဘောမကျ ဖြစ်နေသော မျက်နှာကို ကြည့်ပြီး ညင်သာစွာ ပြုံးကာ အကြံပေးသည်။

“ရပါတယ် သူတို့ကို မေးခိုင်းလိုက် ဒီအတိုင်းအပင်က ရာဂဏန်းအနည်းငယ်ပဲ ရှိတာ သူတို့မှာ မျက်လုံးပါသမျှ ကြည့်နိုင်မှာပဲလေ”

******

All Chapters