← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

10 01

အပိုင်း (၁၀) မုရှောင်းနွမ်က သူ့ယောက်ျားကို ကယ်ဆယ်မယ်

“ရတယ် ရတယ် သူတို့ကို မေးခိုင်းလိုက် အမျိုးအစားက ရာဂဏန်းအနည်းငယ်ပဲ ရှိတာ သူတို့မှာ မျက်လုံးပါရင် မြင်မှာပဲ”

ချန်းရန်၏ စကားလုံးများက ကြည့်ရှုသူများထံမှ ပြင်းထန်သော တုန့်ပြန်မှုကို ရရှိသည်။

“ယောက်ျား တကယ်တော့ မလိုပါဘူး ယောက်ျားအနေနဲ့ သူတို့ကို ဂရုစိုက်စရာကို မလိုတာ”

တစ်ဖက်သူ၏ စကားက မုရှောင်းနွမ်ကို ရင်ထဲထိစေကာ လှုပ်ရှားစေသော်လည်း ချန်းရန်ကိုလည်း တိုက်ရိုက်ထုတ်လွှင့်မှု အတွက်ကြောင့်နှင့် အရှက်မရစေလိုပေ။

“ရတယ် သူတို့ ပြဿနာမရှာအောင်လို့ မင်းက သူတို့ကိုသာ မေးခွန်းအနည်းငယ်မေးလိုက်လေ”

ချန်းရန်က လက်ကို ယမ်းလိုက်သည်။ ထိုကောင်မလေးက သူ့ကို အရူးလိုမျိုး မျက်လုံးကို ဆက်တိုက် မှိတ်ပြနေမှန်းလည်း မြင်သည်။ သူမက သူ့ကို စိုးရိမ်နေမှန်းလည်း သိသည်။ သို့သော် ချန်းရန်က သူ့ကို ဂရုမစိုက်ပေ။

“ကောင်းပြီလေ”

မုရှောင်းနွမ်က စာကို ထုတ်ပြသည်။ သူမက နည်းနည်း ကူကယ်ရာ မဲ့နေသော်လည်း ချန်းကောက ထိုမျှအထိ ပြောနေကတည်းက တစ်ဖက်သူသည် သူမကို အရှက်မကွဲစေချင်လေရာ သူမ၏ နှလုံးသားက နွေးထွေးသွားပြီး ကူညီပေးရန်ဆုံးဖြတ်လိုက်သည်။

“ယောက်ျား ဒါက ဘာလဲ”

မုရှောင်းနွမ်က သိပ်မဝေးသော တစ်နေရာရှိ မြေပြင်ပေါ်မှ အစိမ်းရောင်လေးကို လှမ်းမေးသည်။

“ဒါက အရွက်စိမ်းပင်ပဲ”

“ဒါကရော”

“ဒါက တရုတ် ဂေါ်ဖီထုပ်”

“ဒါကရော”

“မုန်လာဥဖြူလေ”

“ဝိုး ယောက်ျားက အရမ်းတော်တာပဲ”

မုရှောင်းနွမ်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးသ။ည် ထို့နောက် ဂုဏ်ယူသော မျက်နှာပေးမျိုးနှင့် တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုကို ကြည့်လိုက်ကာ ပြောလိုက်သည်။

“ဘယ်လိုလဲ မျက်နှာ နာရဲ့လား. ငါ့ယောက်ျားက အရမ်းကို တော်တာနော်”

သူက တကယ်ကို တော်တာ။

သို့ရာတွင် မုရှောင်းနွမ် ထိုကောင်မလေးကမူ သူမသိထားသည့် သာမာန်အကျဆုံး အရိုးရှင်းဆုံး အရွက်များကိုသာ ရွေးပြီး တမင်တကာ မေးမြန်ခြင်းဖြစ်သည်။

“ငါတောင် သိတာပဲ ချန်းကောက သိမှာပေါ့”

သူက မသိသည်မှာ ထိုသို့ မေးလိုက်ရုံနှင့်တင် မုရှောင်းနွမ်၏ ရှိသမျှ ဗဟုသုတများအားလုံးက ကုန်သွားသည်။

10 02

“တင်ဆက်သူကို ရီပို့စ်တင်မယ်။ တမင်တကာ လုပ်တာ ဟုတ်တယ်မလား။ ဒီရိုးရှင်းတဲ့ အပင်တွေ ငါတောင် သိတယ်”

“လျို့ လျို့လျို့ ရှောင်နွမ် မင်းက မင်းရဲ့ ယောက်ျားကို တက်တက်ကြွကြွနဲ့ ကာကွယ်နေတာပဲ ရိုးရှင်းတာတွေကိုပဲ တမင်ကောက်မေးတယ်”

“မဟုတ်သေးဘူး မဟုတ်သေးဘူး ဒီရိုးရှင်းတာတွေကို ငါတောင် သိတယ်လေ ခက်ခဲတာမေး”

ရလဒ်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုထဲမှ ကြည့်ရှုသူများကလည်း သဘောမကျ ဖြစ်သွားပြီး ပုံမှန်မဟုတ်သော အရာများကို အတင်းမေးခိုင်းကြသည်။

“ဟုတ်တယ် ဟုတ်တယ် မင်းယောက်ျားဘေးက အဲဒီအပင်ကို ငါတို့မသိဘူး”

“+1 ငါလည်း မသိဘူး တင်ဆက်သူ မြန်မြန်မေးလိုက်”

ကွန်မန့်များကို ရွှေ့ကြည့်နေရင်းမှ မုရှောင်းနွမ်သည်လည်း ချန်းရန်၏ နံဘေးမှ အပင်ကို ကြည့်သည်။ ထို့နောက် ချန်းရန်ကို ကြည့်သည်။ ချန်းရန်၏ မျက်လုံးထဲမှ ကိုးရိုးကားရားဖြစ်သော အကြည့်မျိုးကို မြင်နိုင်သည်။

“မဖြစ်နိုင်တာ စီနီယာအစ်ကိုချန်းရန်လည်း ဒီအပင်ကို မသိဘူးလား”

“ဟင် ဘာလို့ မပြောတော့တာလား”

“မသိဘူးလား”

“ဟားဟား ငါလည်း မသိဘူး ငါက ငါပဲ မသိဘူးထင်နေတာ မင်းတို့ပါ မသိဘူးကိုး”

ထိုမြင်ကွင်းကို မြင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများက ချန်းရန်ကို လှောင်ကြသည်။

“မင်းပြေတော့ အားလုံ သိတယ်ဆို ဒါကိုကျတော့မ သိဘူးလား”

“ဘုရားရေ ဒါက ဆလပ်ရွက်မဟုတ်ဘူးလား”

ထိုအချိန်တွင် တအံ့တဩအသံက ထွက်လာသည်။ မုရှောင်းနွမ်က ရုတ်တရပ် ထပြောခြင်းဖြစ်သည်။ သူမက သူမ၏ လှပသော မျက်လုံးဖြင့် ချန်းရန်ကို မျက်လုံးမှိတ်ပြရင်း ပြောသည်။

“ယောက်ျား ငါတို့ တက္ကသိုလ် တက်တုန်းက ကန်တင်းမှာ ဒါမျိုးရှိတာကို မေ့သွားပြီလား”

ငါ့ယောက်ျားက မသိဘူး ဆိုတော့ ဇနီးဖြစ်သူက ကယ်ဆယ်ရမယ်လေ။

မုရှောင်းနွမ်က အလွန်ဉာဏ်ကောင်းသည်။ တိုက်ရိုက်ပင် ဆလပ်ရွက်ကို ထုတ်ပြောသည်။

“ဆလပ်ရွက်လား”

မုရှောင်းနွမ်၏ အကြံပြုသော စကားလုံးကိ ကြည့်ပြီး ချန်းရန်က မနေနိုင်ဘဲ ရယ်သည်။

“ဆလပ်ရွက်ဟုတ်လား လာနောက်နေတာလား။ ဒါက ဆလပ်ရွက်တဲ့လား”

“တူတော့ တူသလိုပဲနော် သေချာကြည့်မှ သိမယ်ထင်တယ်”

“ဟုတ်လို့လား မင်းရဲ့ယောက်ျား ဘယ်ရောက်သွားလဲ။ ရှောင်နွမ် သူ့ကို ထွက်လာပြီး တစ်ခုခုပြောခိုင်းလိုက်အုံး”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက နည်းနည်း သံသယဝင်နေသေးသည်။ တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားရသည်။

10 03

“မယုံဘူးလား”

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ? အကြီးကြီးကို မြင်လိုက်ပြီးနောက် သူမ၏နှလုံးသားက တင်းကြပ်သွားသည်။

သူတို့ ချန်းကောကောကို သံသယဝင်လို့မရဘူး။

ထို့ကြောင့်သူမသည် ဆလပ်တစ်ရွက်ကို တိုက်ရိုက်ဆွဲခူးလိုက်သည်။

“နင်တို့ငါ့ကို မယုံရင်လည်း ငါ မြည်းပေးမယ်။ ငါအစိမ်းစားပြမယ် ဟွန့်”

“ဟေ့ နေအုံး”

ချန်းရန်က မှင်သက်သွားသည်။

“ဒါက ဆလပ်ရွက်မဟုတ်ဘူးလေ။ အဲဒါက သင်္ဘောဒန့်သလွန်…”

သူက တားတော့မည့်အချိန်တွင် မုရှောင်းနွမ်က ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီ ဖြစ်သည်။ မုရှောင်းနွမ်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။ အရသာမရှိရန်လည်း မျှော်လင့်ထားပြီးသားဖြစ်သည်။

“ဟင်”

ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် အစပ်ဓာတ်က နှာခေါင်းထဲသို့ တိုက်ရိုက်ထိုးဖောက်ကာ ခေါင်းထဲအထိ ထိုးတက်သည်။

ဘုရားရေ စပ်လိုက်တာ အရမ်းစပ်တယ်။

မုရှောင်းနွမ်သည်လည်း ရက်စက်သော ဖျက်ဆီးမှုဒဏ်ကို ခံစားလိုက်ရပြီး ကိုယ့်ဘဝကိုယ် သံသယဝင်သွားသည်။

ရှောင်းနွမ် မငိုနဲ့။

မုရှောင်းနွမ်က မျက်ရည်ကို အတင်းထိန်းပြီး ကင်မရာကို ကြည့်ကာ ပြုံးပြသည်။

“အခုအားလုံးလည်း ယုံပြီပေါ့ ဟုတ်တယ်မလား”

“ပင်လယ်ထဲက ပူစီပေါင်းလေးတွေ မှုတ်ထုတ်နေတဲ့ ငါးသေးသေးလေးက [တင်ဆက်သူ] ကို ဒုံးပျံ x1 ပေးလိုက်ပါတယ်”

“အဖျက်စွမ်းအား ဓားနတ်ဘုရားက [တင်ဆက်သူ]ကို ဓါးကြီး x10 ကို ပေးလိုက်ပါတယ်”

“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) က [တင်ဆက်သူ]ကို ဒုံးပျံကြီး x10 ပေးလိုက်ပါတယ်”

“ဂုန်းဆင်းသူ : လျို့လျို့လျို့ တင်ဆက်သူက သူမဘာသာ စားစရာရှာပြီး သူမဘာသာကိုယ်တိုင် ရက်စက်မှုအပြည့်နဲ့ အစိမ်းစားပစ်လိုက်တယ်”

ကြည့်ရှုသူများက ဝမ်းသာအားရ အော်ဟစ်နေကြသည်။ မုရှောင်းနွမ်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားသည်။ သို့သော် နဖူးမှ ချွေးများ ကျလာသည်။

“ရော့”

ထိုအချိန်တွင် ချန်းရန်က စတော်ဘယ်ရီသီး နည်းနည်းထပ်ပေးသည်။

“ဒီဝါးခြင်းတောင်းထဲက ပြည့်တော့မှာ။ နည်းနည်းလောက် စားလိုက်အုံး နောက်ပြီးရင် ငါ အသီးနည်းနည်း ခူးရအုံးမယ်”

မုရှောင်းနွမ်က ကြက်ပေါက် ဆန်ဆိတ်သကဲ့သို့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြီး နောက်ထပ် စတော်ဘယ်ရီသီးအပြည့်ယူကာစားသည်။

10 04

“မိတ်ဆက်ပေးမယ် ဒါကို ဘယ်သူသိကြလဲ”

မမျှော်လင့်ထားစွာပင် နံဘေးမှ ချန်းရန်က ကင်ရာရှေ့သို့ တိုက်ရိုက်သွားပြီး မုရှောင်းနွမ်ကို ‌ဘေးသို့ သွားခိုင်းသည်။

“ဟင်”

မုရှောင်းနွမ်က စိတ်အေးစွာ သက်ပြင်းချပြီး အခွင့်အ‌ရေးကို အရယူကာ အသက်ရှူချောင်ရန် ကြိုးစားနေသည်။ ထိုအချိန်တွင် ချန်းရန်၏လက်နားတွင် ခရမ်းချဉ်သီး ပျိုးပင်ပေါက်ရှိသည် သိသာစွာပင် ကြီးမားသော အနီရောင်ခရမ်းချဉ်သီးများနှင့် ပြည့်နှက်နေသည်။

“ခရမ်းချဉ်သီးလေ ဘယ်သူက မသိလို့လဲ”

“ကောင်ချောလေး နင်ဒါကိုတောင် မသိဘူးလား”

“ဟီးဟီး ငါရယ်နေပြီ”

“လက်စသတ်တော့ ရှောင်းနွမ်ရဲ့ ယောက်ျားက ဘာကိုမှ မသိဘူးကိုး”

ချန်းရန်က မငြင်းဘဲပြောသည်။

“ခရမ်းချဉ်သီးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ သူခိုးတွေက ခရမ်းချဉ်သီးကို မခိုးဘူး။ မှည့်တာဖြစ်ဖြစ် မမှည့်တာ ဖြစ်ဖြစ် အမြဲတမ်း စိမ်းတာ အရသာကလည်း သာမာန်အနီရောင်ခရမ်းချဉ်သီးတွေထက် ပိုကောင်းတယ်”

ထိုသို့ပြောပြီးနောက် ချန်းရန်က နှစ်လုံးကို ဖြတ်ကာ ခူးလိုက်ပြီး ဝါးခြင်းတောင်းထဲသို့ ထည့်သည်။ ထို့နောက် မုရှောင်းနွမ်ကို တစ်လုံးလှမ်းပေးလိုက်သည်။

“စားကြည့်ချင်လား”

“ဒါက…”

မုရှောင်းနွမ်က နည်းနည်း တုန့်ဆိုင်းသွားသည်။ အဓိက အားဖြင့် ကြောက်လန့်သောကြောင့် ဖြစ်သည်။ သတ္တိကို စုစည်းပြီးနောက် လှမ်းယူကာ ကိုက်လိုက်သေးသည်။

“ဝိုး တကယ်ချိုတာပဲ နူးညံ့ပြီး‌စေးကပ်ကပ်လေး”

မုရှောင်းနွမ်က အကိုက်ကြီးတစ်ကိုက်ကိုက်သည်။ ပါးစပ်ထဲမှ အစပ်ဓာတ်ကပင် အများကြီး ပျောက်သွားသည်။

“သရုပ်ဆောင်တာလား တကယ်လား”

“ဟင် ဒီခရမ်းချဉ်သီးအစိမ်းက ချဉ်ရမှာမဟုတ်ဘူးလား”

“ဟာသပဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မယုံကြည်နိုင်မှုများက ပြည့်နှက်သွားပြီး ထိုနှစ်ယောက်ကို သရုပ်ဆောင်နေသည်ဟု ပြောကြသည်။

“ဒေါက်တာ ရှုံး၊ Botany (ရုက္ခဗေဒ) ဖတ်စာအုပ်၊ က [တင်ဆက်သူ] ကို Douyin နံပါတ် တစ် x10 ကို ဆုချလိုက်ပါတယ်”

“ဒေါက်တာရှုံး၊ Botany ဖတ်စာအုပ်၊ က [တင်ဆက်သူ] ကို Douyin ဒင်္ဂါးပြား x6 လေးခုကို ဆုချလိုက်ပါတယ်”

[ဂုဏ်ယူပါတယ် ဒေါက်တာရှုံး၊ Botany ဖတ်စာအုပ်က ဧကရာဇ်အသစ် ဖြစ်သွားပါပြီ]

10 05

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ရုတ်တရပ် နီရဲသွားသည်။ ရုတ်တရပ် အပြောင်းအလဲက အားလုံးကို မှင်သက်သွားစေသည်။

“ဖာ့ခ် လျို့လျို့လျို့ လူသစ်က ဧကရာဇ်အဖြစ် တန်းတက်သွားတယ်”

“အစ်ကိုကြီး အစ်ကိုကြီး ငါဒူးထောက်ပါတယ်”

“နာမည်ပြောင်ကို ကြည့်အုံး ဆိုတော့ Botany ဌာနက ဒေါက်တာလား”

“ဧကရာဇ် (ဒေါက်တာရှုံး (ဒေါက်တာဝက်ဝံ)၊ Botany ဖတ်စာအုပ်၊) : တွေ့ရတာ အားလုံးပဲ ဝမ်းပါတယ်။ [ရယ်မောနေသော emoji] ငါက တကယ်တော့ သိပ္ပံအကယ်ဒမီ Botany ဌာနမှာ ဘွဲ့ရထားတဲ့ လူငယ်တစ်ယောက်ပါ”

“ဖာ့ခ် တကယ်တော့ အစ်ကိုကြီးပဲ”

“ကြောက်လိုက်တာ ဒီအစ်ကိုကြီးက ချမ်းလည်းချမ်းသာလည်း ဗဟုသုတလည်း ကြွယ်ဝတာပဲ လျို့လျို့လျို့”

“ငါ အစ်ကိုကြီးကို မေးပါရစေ ဘယ်က ရောက်လာတာလဲ”

“ဧကရာဇ် (ဒေါက်တာရှုံး (ဒေါက်တာဝက်ဝံ)၊ Botany ဖတ်စာအုပ်၊) : ရိုးရိုးသားသားပြောရရင် ငါ့ဆရာက [ခေတ်သစ် အပင်စွယ်စုံကျမ်း]ကို ရေးသားနေတာ ဒီစာအုပ်ထဲမှာ ခရမ်းချဉ်သီးရဲ့ ထူးခြားတဲ့အမျိုးအစား တစ်မျိုးပါတယ် ငါတစ်ခဏလောက် စိတ်လှုပ်ရှားသွားတာလေ။ တစ်ယောက်ယောက်ကလည်း ဘယ်သူမှ ခရမ်းချဉ်သီးကို မခိုးဘူးဆိုတဲ့ အကြောင်းအရာကို ကြားလိုက်တာနဲ့ တန်းပြီး ဆုချလိုက်တာ”

???

?????

ဘယ်သူမှ ခရမ်းချဉ်သီးကို မခူးဘူး။ ဒါမျိုးက တကယ်ရှိတာလား။

ထိုအခိုက်အတန့်တွင် ကွန်မန့်တစ်ခုလုံးက ဗလာဖြစ်သွားသည်။ မည်သူကမှ စကားမပြောကြတော့ပေ။

“ဟီးဟီး အခု မင်းတို့ ယုံပြီမလား”

မုရှောင်းနွမ်က အချိန်ကိုက်ရောက်လာကာ ခုန်ပေါက်ပြီး ပြောသည်။

“အာ ခရမ်းချဉ်သီးက အရမ်းချိုတာပဲ”

“ဘုရားရေ ရှောင်းနွမ် လူလို နေစမ်းပါ”

“ဘုရားရေ ငါလည်း အဲဒီ ခရမ်းချဉ်သီး စားကြည့်ချင်တယ်လေ”

“ငါ့ရဲ့ပါးစပ်က ချဉ်တယ်။ နင်တို့ စကားပြောတာ ရပ်လိုက်စမ်းပါ”

“ရှောင်းနွမ်ရဲ့ ယောက်ျားက တကယ်တော်မယ်လို့ မထင်ထားဘူး”

မုရှောင်းနွမ်၏ စကားများကြောင့် ဖြစ်လောက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ပွက်လောရိုက်သွားသည်။ နဂိုက လေထုအခြေအနေကို ဦးဆောင်နေသော သူများကလည်း မပေါ်လာရဲကြတော့ပေ။ ဤသည်က အလွန်ရိုးရှင်းသည်။အမှန်တကယ် အစစ်အမှန် ပါရမီ ကြီးပြီး ဗဟုသုတ ကြွယ်ဝသော ပုဂ္ဂိုလ်ကြီးက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပေါ်လာသည်။ တစ်ဖက်သူ၏ ဆရာကလည်း အပင် ကျမ်းကို ပြုစုသည့် လေးစားသူတစ်ယောက် ဖြစ်နေသည်။

ဆိုတော့ တည်ထောင်သူလို ပုဂ္ဂိုလ်ကြီးဖြစ်မယ်။

ထိုအချက်ကလည်း အင်တာနက်ပေါ်မှ ရှာဖွေလေ့လာမှုတိုင်းအရ သုတေသန အရိပ်ဆိုးပင် ပါလာသည်။

10 06

သောက်ငရဲလိုပဲ ဘယ်သူက ဒီလူတွေကို မေးခွန်းသွားထုတ်ရဲမှာလဲ။

ထို့ကြောင့် ချန်းရန်ကို ပြန်ကြည့်လိုက်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ချက်ချင်း ပေါက်ကွဲပြန်သည်။

“သေစမ်း ဒီ…ဒီယောက်ျားက တအားလန်းလွန်းတယ်”

“တော်တော်လန်းတာတော့ အမှန်ပဲ။ နင့်ရဲ့ ယောက်ျားက Botany မှာ ဘွဲ့ရထားတာတော့ မဟုတ်ပါဘူးနော်။ သူက အားလုံးသိနေတာပဲ”

“ရှောင်းနွမ် ငါတို့ အားလုံး မှားပါတယ်။ နင့်ရဲ့ယောက်ျားကိုလည်း ငါ့ကို တစ်ဗူးလောက် ပို့ခိုင်းပေးပါလား။ ငါလည်း လိုချင်တယ်လေ”

မုရှောင်းနွမ်၏ လှပသော မျက်လုံးက ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူမက ပြုံးသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် မလိုအပ်ပေ။ သူမသည်လည်း ချန်းရန်က သူမထက်ပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပေါက်ကွဲစေလောက်သည့် သက်ရောက်မှုမျိုး လုပ်နိုင်နေမှန်း သိလိုက်သည်။

“ဟင်”

ထိုအချိန်တွင် ချန်းရန်က အနီရောင်အသီးအချို့ကို ခူးလိုက်ကြောင်း မြင်လိုက်ပြီး မုရှောင်းနွမ်က ပဟေဠိ ဖြစ်စွာမေးသည်။

“ယောက်ျား ဘာတွေ ထပ်ခူးနေတာလဲ”

“သိုးနို့သစ်သီးလေ”

ချန်းရန်က သစ်သီးနည်းနည်း ခူးပြီးနောက် ခြင်းတောင်းထဲထည့်ကာ သတိပေးသည်။

“ဒီလို အသီမျိုးက အရည်ဖျော်သောက်ရတာ သံဗူးသစ်သီးမျိုးလည်း လုပ်လို့ရတယ်လေ။ အဆာပြေမုန့် ပုံစံမျိုးလည်း လုပ်လို့ရတယ်။ အရည်ကလည်း တော်တော်လေး ရွှမ်းတာ ဆိုတော့ လည်ချောင်းကြိမ်းတာတွေ လည်ချောင်းစူးတာတွေအတွက် သက်သာစေသလို လည်ချောင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။ မင်း စားကြည့်လို့ရတယ်”

“ဟေး”

မုရှောင်းနွမ်က ပျော်သွားသည်။ အချိုအပြင် သူမက သစ်သီးမျိုးစုံစားရသည်အား သဘောကျသည်။ ထို့ကြောင့် ထိုသိုးနို့သစ်သီးဆိုသောအရာကို ပါးစပ်ထဲသို့ တစ်လုံးပစ်ထည့်လိုက်သည်။ ချိုချဉ်အရသာလေးဖြစ်ပြီး တစ်ကိုက်လိုက်ရုံဖြင့် ပါးစပ်က အရည်ပြည့်သွားသည်။ လည်ချောင်းတောက်လျှောက် အေးမြသွားပြီး သူမကို ချက်ချင်းဆိုသလို လန်းဆန်းသွားစေသည်။ လည်ချောင်းဒဏ်ရာကပင် အများကြီး သက်သာသွားသည်။

“ဧကရာဇ် (ဒေါက်တာရှုံး (ဒေါက်တာဝက်ဝံ)၊ Botany ဖတ်စာအုပ်၊) : အံ့ဩစရာပဲ သိုးနို့သစ်သီးကို‌တောင် မြင်ရလိမ့်မယ်လို့ မထင်ထားဘူး။ အခု သိုးနို့သစ်သီးတွေက တောထဲမှာပဲ တွေ့နိုင်တော့တာ။ ဒါပေမဲ့ ဒီနေရာက သိုးနို့သစ်သီးက တော်တော်လေးကို ကြီးနေမယ်လို့ မထင်ထားတာတော့ အမှန်ပဲ။ ငါ အရင်က ဝယ်ချင်ပေမယ့်လည်း မဝယ်နိုင်ခဲ့ဘူး။ အရမ်းကို မနာလို ဖြစ်မိပါတယ်”

“သေစမ်း ဒေါက်တာရှုံးကတောင် မနာလိုဖြစ်နေပြီတဲ့။ နင်တို့ တော်တော် ကံကောင်းတယ်”

“လျို့လျို့လျို့ရှောင်းနွမ် နင့်ယောက်ျားက တကယ်တော်တာနော်။ သူက တစ်လောကလုံးက ရှားပါးတဲ့ သစ်သီးတွေကို နင့်ကို စားခိုင်းတော့မှာ”

“ရှောင်းနွမ် ပေါင်ပေါင် သိုးနို့သစ်သီးက ဘယ်လိုနေလဲ”

ဆာလောင်နေသည့် လူအုပ်ကို ရင်ဆိုင်ရသည့်အခါ ရှောင်းနွမ်က နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်ကို အသာဝင့်ရင်း ပြောသည်။

10 07

“အင်း…အဆင်ပြေပါတယ်။ ဖရဲသီးရဲ့ အရည်ရွှမ်းတဲ့ ဓာတ် နာနတ်သီးရဲ့ အချဉ်ဓာတ်နဲ့ လိမ္မော်သီးရဲ့ အချိုဓာတ်တို့‌ ပေါင်းထားသလို အရသာမျိုးပေါ့”

“ဖာ့ခ် ငါမှားပါတယ်”

“ရှောင်းနွမ် မပြောပါနဲ့တော့ ငါစားချင်လာပြီ”

“တင်ဆက်သူ လူလိုနေပေးပါ ကျေးဇူးပြုပြီး ငါတို့ရဲ့ ခံစားချက်ကို ထည့်တွက်စဉ်းစားပေးပါ အုံး”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အော်ဟစ်သံများ ပြည့်နှက်သွားသည်။ မုရှောင်းနွမ်က ပါးချိုင့်နှစ်ဖက် ပေါ်လာသည်အထိ ပြုံးသည်။ အလိုလိုက်ခံရသည့် ကလေးဆိုးလေးနှင့် တူသည်။

“အာ…ကြည့်အုံး ရှောင်းနွမ်ရဲ့ယောက်ျားက ဘာလုပ်နေပြန်တာလဲ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများကလည်း ချန်းရန်က ကြက်ဥနှင့်တူသော အဖြူရောင် သစ်သီးလေးများ အပြည့်ရှိနေသော အပင်နားတွင် ရပ်သွားကြောင်း မြင်လိုက်ပြီးနောက် နည်းနည်း ပဟေဠိ ဖြစ်သွားသည်။

“ယောက်ျား ဒါက ဘာလဲ”

မုရှောင်းနွမ်ကလည်း ထိုအပင်ကို မမြင်ဖူးပေ။ ထို့ကြောင့် သိချင်စိတ် ပြင်းပြစွာ မေးသည်။

“ထူးဆန်းလိုက်တာ ဒါက ဖြူဖွေးပြီး ကြက်ဥပုံနဲ့ တူတယ်နော်”

“ဒေါက်တာရှုံး ဒါဘာလဲသိလား စားလို့ရလား”

“ဧကရာဇ် (ဒေါက်တာရှုံး (ဒေါက်တာဝက်ဝံ)၊ Botany ဖတ်စာအုပ်၊) : ငါ ဒါကို သိတယ် အရသာက ကောင်းလားဆိုတာကတော့ အင်း တင်ဆက်သူရဲ့ ယောက်ျားကိုပဲ မေးကြည့်ရမယ်ထင်တယ်”

ချန်းရန်က တစ်ချက် လှည့်ကြည့်ပြီးနောက် တည်ငြိမ်စွာ မိတ်ဆက်ပေးသည်။

“ဒီသစ်သီးက နှင်းဖြူရောင် ကြက်ဥလေးနဲ့တူတယ်။ ဒါကြောင့် ကြက်ဥခရမ်းသီးလို့ ခေါ်တာ။ လှပမှုနှုန်းမြင့်တဲ့ အပင်ပေါ့”

မုရှောင်းနွမ် “ဒါဆိုရင် ယောက်ျား ဒါက ကြည့်ဖို့ပဲ အဓိက အသုံးဝင်တာပေါ့နော်။ စားလို့ မရဘူးလား စားလို့ မရဘူးဆိုရင် ဘာလို့ ဒီမှာ ထားထားတာလဲ”

“အင်း အစပိုင်းမှာ ပုံမှန်မဟုတ်တဲ့အပင်တွေကို ငါ့ကို ခွဲခြမ်းခိုင်းထားတာ မဟုတ်ဘူးလား”

ချန်းရန်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တည်ငြိမ်စွာ ကြည့်သည်။

“ငါ့မှာ အခြား ဘာအဓိပ္ပာယ်မှတော့ မရှိဘူး။ ဒီအတိုင်း ဒါက ဘာလဲဆိုတာကို မင်းကို သိစေချင်တာ”

******

All Chapters