← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

11 01

အပိုင်း (၁၁) ချန်းကောကောကို သေချာပေါက် ငါ့ကို ချစ်သွားအောင် လုပ်ရမယ်

“ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ ကလဲ့စားချေတာ.. သေစမ်း ငါ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီ”

“ကျွတ်ကျွတ် ကျွတ် ရှောင်းနွမ်ရဲ့ယောက်ျား ပြောသမျှအရာအားလုံးက ငါ့ကို ဆွံအစေတယ်”

“ဒီတစ်သုတ်ရိုက်ချက်ကတော့ ငါတို့ကို သင်ခန်းစာပေးလိုက်တာပဲ”

“ဧကရာဇ် (ဒေါက်တာရှုံး၊ Botany ဖတ်စာအုပ်) : ချွေးကို သုတ်၊ ကံကောင်းစွာနဲ့ ငါ ဒီရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်နေတယ်။ ငါ ဒူးထောက်မိတော့မလို့”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ အရှုံးကို ဝန်ခံသော လေထုအခြေအနေကို မြင်မှသာ မုရှောင်းနွမ်ကလည်း လက်သီးသေးသေးလေးကို ယမ်းသည်။

“ဝါး…ဟွန့် ငါ့ယောက်ျား ဘယ်လောက်အင်အားကြီးလဲ နင်တို့ မြင်ပြီမလား။ အနာဂတ်မှာ ဘယ်သူက သူ့ကို အထင်သေးလဲ ကြည့်မယ်”

ချန်းရန်က ပြုံးလိုက်သည်။ သို့သော် အလေးအနက် မထားလိုက်ပါပေ။ နောက်ဆုံးတွင် သူက ခြေထောက်အောက်မှ အပင်ကို တစ်ချက်ကြည့်သည်။ သို့သော် သူ၏ မျက်လုံးက မြဲမြံသွားပြီးနောက် သူမြင်လိုက်ရသောအရာကို မှားမြင်သည်ဟုပင် သံသယဝင်မိသွားသည်။

“ယောက်ျား ဘာဖြစ်လို့လဲ”

မုရှောင်းနွမ်က ခပ်မြန်မြန် ငုံ့ကြည့်လိုက်ပြီးနောက် သူမသည်လည်း မြင်လိုက်သည်။ သို့သော် တစ်ချက် ကြည့်လိုက်ပြီးနောက် ဂရုမစိုက်တော့ပြန်ပေ။

“ဟေး ဒါက ပေါင်းပင်မဟုတ်ဘူးလား။ ယောက်ျား ငါဆွဲထုတ်လိုက်မယ်”

ဒီလောက်လှတဲ့ ဥယျာဉ်ထဲမှာ ဘယ်က ပေါင်းပင်က ပေါက်နေတာလဲ။ ချန်းကောကို ကြည့် ဘယ်နေရာကိုကြည့်ကြည့် လုံးဝကို ပြီးပြည့်စုံနေတာ ဒီလို ပြစ်ချက်ထင်စေတဲ့ပေါင်းပင်ကို သည်းခံပေးလို့ မရဘူး။

“မလုပ်နဲ့”

မုရှောင်းနွမ်၏ အပြုအမူကို မြင်ပြီး ချန်းရန်က ခပ်မြန်မြန် တားရသည်။ သို့သော် သူ၏ မျက်နှာအမူအရာက ပို၍သာ တည်ကြည်လာသည်။

“ဒါက သာမာန်မြက်ပင် မဟုတ်ဘူး တရုတ်ရှေးဟောင်းသစ်သီးလို့ခေါ်တယ်”

“ဧကရာဇ် (ဒေါက်တာရှုံး၊ Botany ဖတ်စာအုပ်၊) : တရုတ်ရှေးဟောင်းသစ်သီးဟုတ်လား ဘာလို့ အရမ်းကို ရင်းနှီးနေသလို ခံစားမိနေတာလဲ”

“ဒါရိုက်တာ ရှုံးတောင် မသိဘူးလား”

“ဧကရာဇ် (ဒေါက်တာရှုံး၊ Botany ဖတ်စာအုပ်) :ငါ ငါ့ဆရာကို အရင်သွားမေးလိုက်အုံးမယ်”

“ဖာ့ခ် ဘိုးဘေးကိုတောင် အကူအညီတောင်းတော့မှာတဲ့”

“သေစမ်း ငါ အင်တာနက်ပေါ်မှာလည်း ရှာလို့မတွေ့ဘူး”

“ရှောင်းနွမ် မင်းယောက်ျားကို မေးလိုက်ပါအုံး ဒါက ဘာလဲလို့”

ကြည့်ရှုသူများ၏ တောင်းဆိုမှုကို ရင်ဆိုင်ရသည့် မုရှောင်းနွမ်ကလည်း သနားစဖွယ်ကောင်းစွာဖြင့် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ချန်းရန်ကို ကြည့်သည်။

“ယောက်ျား ငါ့ကို ပြောပြပါအုံး”

သူမ၏ ချိုမြိန်သည့် အသံလေးတွင် ချွဲသည့် လေသံမျိုးပင်ပါသည်။ လူအများ၏ အရိုးကို အလိုလျောက် နူးညံ့သွားစေသည်။

“ဖာ့ခ် ရှောင်းနွမ်ကို တိုက်ရိုက်လိမ္မာတဲ့ပုံစံအဖြစ် ပြောင်းလဲနိုင်မယ်လို့ မထင်ထားမိတာပဲ”

“ဖာ့ခ် ငါ…ငါ သည်းမခံနိုင်တော့ဘူး။ ငါ အရက်မသောက်ပေမယ့် 1982 က ရေခဲစိမ်ထားတဲ့ လာဖိ (Lafite) နှစ်ပုလင်းလောက် ခပ်မြန်မြန်သောက်ပြီးမှပဲ ရင်အေးနိုင်တော့မယ် ထင်တယ်”

11 02

“သေစမ်း ငါ့ရဲ့ အပြစ်ကင်းစင်တဲ့ ရှောင်းနွမ် မင်းက နေ့အချိန်ဆိုရင် ယောက်ျားကို ဒီလိုချွဲနေပြီး ညဖက်လည်း အဲဒီလိုပဲမလား”

???

မုရှောင်းနွမ်၏ ချိုမြိန်ပြီး ချွဲသောအသံလေးကြောင့် တိုက်ရိုက်ထုတ်လွှင့်မှ အခန်းတစ်ခုလုံးက ပွက်လောရိုက်သွားသည်။

“ဖွီ ဖွီ ဖွီ နင်တို့ ဘာတွေ ပေါက်ကရ ပြောနေတာလဲ”

မုရှောင်းနွမ်၏ လှပသော မျက်နှာက ထိုကွန်မန့်များကြောင့် ရဲတက်သွားသည်။ သူမက ရှက်ရွံ့စွာနှင့် ဘေးတစ်ဖက်သို့ မျက်နှာ စောင်းလိုက်ပြီး မျက်နှာလေးက ရှက်ရွံ့ပြီး ချိုမြိန်သော ပုံစံလေးဖြစ်နေသည်။

“တကယ်တော့ မိတ်ဆက်ပေးစရာ မလိုပါဘူး”

ချန်းရန်က ပြုံးသည်။

“အဲဒီလိုဆိုမှ အချိန်အတိုင်းအတာ တစ်ခုလောက်ထိတော့ ထိအပင်နဲ့ ပက်သက်တဲ့ မှတ်တမ်းတွေ မရှိလောက်သေးဘူး။ ဒါက အရမ်းကို ပညာရှင်ဆန်လွန်းတယ် ဆိုတော့ မလိုပါဘူး”

ထိုအပင်သည် မျိုးတုံးပျောက်ကွယ်ထားပြီးသား အပင်ဖြစ်သည်။ သူတို့ကို ပြောနေလျှင်လည်း အသုံးမဝင်ပါပေ။ ဒါဟာ ပညာရှင် ဆန်လွန်းသည်။ အင်း နောက်မှ ဘယ်လို ကိုင်တွယ်မလဲဆိုတာ စဉ်းစားကြည့်ရမယ်။

“အာ…”

မုရှောင်းနွမ်က နည်းနည်း စိတ်ရှုပ်သွားသည်။ ကြည့်ရှုသူများက ပို၍ပင် စိတ်ရှုပ်နေကြပြီး သက်ပြင်းကို ချနေကာ ချန်းရန်အား ခပ်မြန်မြန် ရှင်းပြခိုင်းလေသည်။

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာတာဝန်ကို ပြီးမြောက်အောင် လုပ်လိုက်ပါပြီ”

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဆုလာဘ်တွေကို ရရှိပါပြီ : နိုင်ငံ အဆင့် ပြည်နယ် စားသောက်ပွဲ စားဖိုမှူးx1၊ နိုင်ငံအဆင့် ပြည်နယ်စားသောက်ပွဲမှ ချက်နည်း x1 ကို ရရှိပါတယ်”

ထိုအခိုက်အတန့်တွင် စနစ်၏ အသံက ချန်းရန်၏စိတ်အတွင်း ပေါ်ထွက်လာသည်။

“တင် [နိုင်ငံအဆင့် ပြည်နယ်စားသောက်ပွဲ စားဖိုမှူး]က ထည့်သွင်းနေပါပြီ”

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က နိုင်ငံအဆင့် ပြည်နယ်စားဖိုမှူးကြီး ဖြစ်လာပါပြီ”

ချန်းရန်ကပင် နည်းနည်း မှင်သက်သွားသည်။ စနစ်မှ ထွက်လာသောအသံက သူ့ကို အံ့ဩစေသည်။ သူဟာ အသိပြန်ဝင်သွားသောအခါ သူ့တွင် ထိပ်တန်းအဆင့် ဟင်းချက်နည်းများအားလုံးကို ကျွမ်းကျင်သွားကြောင်း သိလိုက်သည်။

နိုင်ငံအဆင့် နောက်ပြီး ပြည်နယ် စားသောက်ပွဲအဆင့် ထိပ်တန်း ချက်ပြုတ်စွမ်းရည်။

ချန်းရန်ကပင် တော်တော်လေးကို အံ့ဩနေသေးသည်။ ဆိုလိုသည်မျာ သူသည် ပျောက်ဆုံးသွားသော ပြည်နယ်စားသောက်ပွဲမှ ဟင်းပွဲများအပြင် ထိပ်တန်းဟင်းလျာတိုင်းကို ချက်ပြုတ်နိုင်သွားပြီ ဖြစ်သည်။

သက်သာဘဝဆိုသည်မှာ ရှင်သန်သည့် စံချိန်စံနှုန်းကို နိမ့်ပေးရမည်ဟု မဆိုလိုပေ။ သူကဲ့သို့သော သူမျိုးက ထိပ်တန်း အဆင့် စားစရာများကို မမွေ့လျော်လျှင် လက်ရှိ ဘဝမျိုးက ရှက်စရာကောင်းသွားပေမည်။

“ကောင်းပြီ အိမ်ပြန်ရအောင်”

ချန်းရန်ကလည်း အချိန်က နောက်ကျနေပြီဖြစ်မှန်း မြင်လိုက်သည်။ နေက ထိပ်တည့်တည့်သို့ပင် တက်နေပြီ ဖြစ်သည်။ တော်တော်လေးလည်း ပူလာသည်။ ထို့ကြောင့် သူသည် ပြန်သွားရန် အကြံပြုသည်။

“ကောင်းပါပြီ”

မုရှောင်းနွမ်ကလည်း အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီအားဖြင့် ပိတ်လိုက်ပြီး ချန်းရန်နှင့်အတူ ပြန်လာသည်။

11 03

ထိုအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ထွက်ကာစ ဒေါက်တာ ရှုံးက သင့်တော်သော အချက်အလက်များကို ချက်ချင်း ဆိုသလို ရှာဖွေခြင်းအားဖြင့် တရုတ်ရှေးဟောင်းသစ်သီးဆိုသော မှတ်တမ်းကို ရှာတွေ့လိုက်သည်။

“တရုတ်ရှေးဟောင်းသစ်သီး ဒါက မျိုးတုံးသွားတဲ့မျိုးစိတ်ပဲ။ နောက်ဆုံးတော့ ပြန်ပေါ်လာပြီပေါ့”

ဒေါက်တာရှုံးသည် အချက်အလက်များကို စိတ်လှုပ်ရှားစွာ ပိတ်လိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုက စကားဖြင့်ပင် မဖော်ပြနိုင်တော့ပေ။

“ကောင်းလိုက်တာ ကောင်းလိုက်တဲ့ ရှာဖွေတွေ့ရှိမှု မျိုးတုံးသွားတဲ့မျိုးစိတ်တောင် ပြန်ပေါ်လာတယ်”

“ငါ ဆရာ့ကို ချက်ချင်းပြောရမယ်”

ဒေါက်တာရှုံးသည်လည်း သူ၏ ရှာဖွေတွေ့ရှိမှုက တစ်လောကလုံးကို အံ့ဩစေမည်မှန်း သိသည်။ ပြည်တွင်း အပင်ဗေဒကို လေ့လာသူ ဖြစ်သော ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်သည့် သူ၏ဆရာကပင် အလွန်အမင်း စိတ်ဝင်စားလောက်သည်။

….

စံအိမ်ကြီးကို ပြန်သွားပြီးနောက်…

“အင်း ခြောက်သွေ့ပြီး နာကျင်နေတယ်”

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးသည်နှင့် အေးနေပြီဖြစ်သည့် ရေကျက်အေးကို ဖန်ခွက်ကြီးတစ်ခွက်အပြည့် သောက်လိုက်ပြီးသည်တိုင်အောင် လည်ချောင်းထဲမှ ပူလောင်နေသည့် ခံစားချက်က နည်းနည်းသာ ပြေလျော့သွားသည်။ ကိစ္စများက တစ်ခုပြီးတစ်ခု ဆိုးရွှားကုန်သည်။ သူမသည် မနက်ပိုင်းက ထူးဆန်းသော အရွက်များကိုလည်း စားလိုက်သည်။ အရွက်ဥယျာဉ်သို့ ရောက်သောအချိန်တွင်လည်း စပ်သောအပင်ကိုလည်း အစိမ်းလိုက် စားလိုက်မိသည်။

ကံကောင်းသည်မျာ ချန်းရန်က သူ့ကို ဒုတိယတစ်ပိုင်းကို ကူညီကာ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သေးသည်။ သို့မဟုတ်ပါက သူမ၏ အသံက လုံးဝပျက်စီးသွားလောက်သည်။

“ဒေါက်ဒေါက်”

ထိုအချိန်တွင် ချန်းရန်က တံခါးလာခေါက်သည်။

“ခဏလေး”

မုရှောင်းနွမ်၏ လည်ပင်က နည်းနည်း နာနေသည်။ ထို့နောက် ခပ်တိုးတိုး ပြန်ဖြေရင်း တံခါးသွားဖွင့်လိုက်သည်။

“ချန်းကော…”

သူမ၏ စကားက မဆုံးလိုက်ခင် ချန်းရန်က တားသည်။

“မင်း လည်ချောင်း မသက်သာဘူးဆိုရင် စကားမပြောနဲ့”

ထိုသို့ပြောပြီးသည်နှင့် သူမကို ဖျော်ရည်တစ်ခွက်ပေးသည်။

“ဒါက လညချောင်းအတွက် ကောင်းတဲ့ လတ်ဆတ်တဲ့ လီမွန်ပျားရည်ပဲ”

“ဒါက ငါ့အတွက်လား”

မုရှောင်းနွမ်က အံ့ဩသွားသည်။ ချန်းရန်ကို အံ့အားသင့်မှုများဖြင့် ကြည့်သည်။

“ဘယ်သူ့အတွက် ဖြစ်ရမှာလဲ”

ချန်းရန်ကလည်း ထိုကောင်မလေးက စကားပြောရန် ခက်ခဲနေမှန်းသိသည်။ ထို့ကြောင့် သူ၏ အမူအရာက နူးညံ့သွားသည်။

“မင်းက တကယ်တုံးတာပဲ ကြည့်ရှုသူတွေက ဒီအတိုင်း နောက်နေတာ ဘယ်လိုကြောင့်များ အသက်ကို ရင်းလို့ ဒီလို သင်္ဘောဒန့်သလွန်အရွက်ကို မြည်းလိုက်ရတာလဲ”

“အာ…”

11 04

မုရှောင်းနွမ်၏ ပါးစပ်က အဟောင်းသား ဖြစ်သွားသည်။ သူမက အံ့အားသင့်နေသည့်တိုင်အော် ချစ်စရာလေးဖြစ်သည်။

“ချန်းကော ကောက အားလုံးသိနေတာလား”

“မင်းအခု စကားကိုလည်း ကောင်းကောင်းပြောနိုင်တာ မဟုတ်ဘူး ဘာလို့ မသိရမှာလဲ”

ချန်းရန်က ပြုံးသည်။ ထိုကောင်မလေးက အပြစ်ကင်းစင်ပြီး တုံးအသည်။ သူမ၏ ပုံစံ လေးက တည့်တိုးလည်း ပြောတတ်သလို ချစ်စရာလေးလည်းဖြစ်ပြီး ကိစ္စများကို လုပ်ဆောင်ရာတွင်လည်း အလွန်အမင်း ဆုံးဖြတ်ချက် ခိုင်မာတတ်သည်။

“ဒါကို မြန်မြန်သောက်ပြီး သက်သာအောင် လုပ်”

ချန်းရန်က သူမကို ဖျော်ရည်အား အရင်သောက်ရန် အကြံပေးသည်။

“ကျေးဇူးတင်ပါတယ် ယောက်ျား”

မုရှောင်းနွမ်က ရင်ထဲ လှုပ်ရှားသွားပြီး လှပသော မျက်တောင်များကပင် တုန်ယင်သွားသည်။ သူမဟာ နာကျင်နေချိန်တွင် တစ်စုံတစ်ယောက်က သောက်စရာပေးလာသည်။ ထို့ကြောင့် တစ်ကိုယ်လုံးကိုပင် တုန်ယင်သွားစေသည်။

“ငါက မင်းရဲ့ စီနီယာအစ်ကိုလေ ငါ့အနေနဲ့ ဒီညီမလေးကို ဂရုစိုက်ရမှာက ငါ့ရဲ့ တာဝန်ပဲ မဟုတ်ဘူးလား”

ချန်းရန်က ပြုံးပြီး ထွက်သွားသည်။

“အာ”

ချန်းရန်ထွက်သွားသည်အထိ မုရှောင်းနွမ်က အံ့ဩရင်းကျန်ခဲ့သည်။ သူမ၏ ပါးကို လက်တစ်ဖက်ဖြင့် တို့ကြည့်သောအခါ ပူနေကြောင်း ခံစားမိသည်။

“ဘုရားရေ ငါဘာလို့ စီနီယာအစ်ကိုချန်းနဲ့နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ယောက်ျားလို့ ခေါ်နေတာလဲ”

“အိုး အခု စီနီယာအစ်ကိုချန်း ပြောသွားတဲ့ စကားလုံးတွေက ငါ့ကို သတိပေးတာများလား”

“သွားပြီ သွားပြီ မုရှောင်းနွမ် မုရှောင်းနွမ် အား…နင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စမ်းပါ”

သူမ၏ ယောက်ျားဟု ခေါ်သောစကားက ပို၍ပင် ကျွမ်းကျင်လာသည်။ မုရှောင်းနွမ်၏ ပါးက ပူတက်လာသည်။ နီရဲသော ပန်းသီးနှစ်လုံးနှင့်ပင် တူပြီး နုနယ်ကာ ဆွဲဆောင်မှုအပြည့်နှင့် ဖြစ်သည်။ သို့သော် ဖျော်ရည်ခွက်ကို ကိုင်ထားရင်းမှ နှလုံးသားက ပျော်ရွှင်မှုများပြည့်နှက်နေပြန်သည်။

“စီနီယာအစ်ကိုချန်းက ငါ့ကို ဖျော်ရည်လာပေးတယ်ဆိုတော့ သူက ထင်သလောက်ကြီးလည်း မအေးစက်နေပါဘူး”

“သူလည်း ငါ့အသံ ပြောင်းသွားတာကို သတိထားမိတယ် နောက်ပြီး ဒီလောက်ထိ တက်တက်ကြွကြွနဲ့ ရှိနေတာဆိုတော့ ငါ့ကို အာရုံစိုက်နေတာဖြစ်မယ်”

“မုရှောင်းနွမ် ကြိုးစားထား ဟွန့် နင်က အရမ်းဆွဲဆောင်မှုရှိပြီသား”

ချိုမြိန်သော ဖော်ရည်ကို သောက်ပြီးသည်နှင့် မုရှောင်းနွမ်၏ လှပသောမျက်လုံးက ကြယ်ရောင်အလင်းများနှင့် ပြည့်နှက်ကာ တောက်ပသွားသည်။ နှုတ်ခမ်းထောင့်တွင်ပင် လှပသော ပါးချိုင့်နှစ်ခု ထင်းလာသည်။

“တင် သက်သာဘဝ စနစ်က စတင်လာပါပြီ”

“တင် အခု တာဝန်အသစ်ဖြစ်တဲ့ [သက်သာဘဝ တာဝန်]ကို ထုတ်လွှတ်လိုက်ပါပြီ : သက်သာဘဝက တည်ကြည်ဖို့လည်း လိုအပ်တယ်။ ကျေးဇူးပြုပြီး သဘာဝက ပေးတဲ့ ကောင်းချီးတွေနဲ့ အလွန်အမင်းကို ထည်ဝါလှပပြီး ကောင်းမွန်တဲ့ အရသာတွေကို မွေ့လျော်ခံစားကြည့်လိုက်ပါ”

စံအိမ်ကြီးထဲမှ အဆင့်အတန်းမြင့် မီးဖိုထဲသို့ ပြန်ဝင်ကာစ ချန်းရန်ကလည်း ယခုလေးတင် စနစ်က ထုတ်လွှတ်လိုက်သည့် သက်သာဘဝ တာဝန်ကိုသာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။

“စားစရာ ဒါက ရိုးရှင်းတဲ့ တာဝန်ပဲလေ ဒါပေမဲ့ ဘာချက်….”

ချန်းရန်က တွေးတောနေရင်းမှ ရုတ်တရပ် မုရှောင်းနွမ်ကို တွေးမိသွားကာ နှုတ်ခမ်းထောင့်တွင် အပြုံးက ပေါ်လာသည်။

“ဒီနေ့ အဲဒီ ချစ်စရာကောင်မလေးက တော်တော်လေးကို ဒုက္ခခံထားရတယ် ဆိုတော့ နည်းနည်း ပေါ့ပါးပြီး အရသာရှိတာလေးပဲ ပြင်လိုက်ရအောင်”

11 05

ပြည်နယ်အဆင့် စားဖိုမှူးစွမ်းရည်ကို အမွေဆက်ခံထားသော ချန်းရန်ကလည်း တရုတ်ဟင်းလျာတိုင်းကိုသိသည်။ ဟင်းချက်စွမ်းရည်ကလည်း ထူးခြားပြီးသားဖြစ်ပြီး တိုင်းပြည်၏ ထိပ်တန်းအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။

သာမာန် အိမ်ချက် ဟင်းလျာများအပြင် ပင်လယ်အဆင့် ဟင်းတစ်ပွဲကို ထပ်ထည့်ထားသည်။

ဂေါ်ဖီထုပ်ပြုတ်နဲ့ဝမ်စစ် တိုဖူးဟင်းချို။

နှစ်ခုလုံးက အပေါ့စာများဖြစ်သည်။ အပြင်အဆင်ပုံကလည်း အနုပညာလက်ရာနှင့်တူပြီး လှပသည်။

“ရှောင်ရွှယ် ရှောင်ရွှယ် ငါနင့်ကို တစ်ခုခု ပြောပြအုံးမယ်။ စီနီယာအစ်ကိုချန်းကလေ ဒီနေ့ ငါ့ကို အရင်စပြီး ဂရုစိုက်ပေးတာ သိလား”

ဖျော်ရည်ကို‌ သောက်ပြီးသည်နှင့် မုရှောင်းနွမ်ကလည်း လုံးဝ အသက်ရှင်သွားသလို ခံစားရသည်။ သူမက အိပ်ယာပေါ်တွင် လဲနေပြီး ဖြူဖွေးသော ခြေတံရှည်များကို လှုပ်ခါ၍ သစ်သီးကို စားရင်းမှ သူမ၏ တိုက်ပွဲ အခြေအနေအား သူငယ်ချင်းကောင်းကို တင်ပြသည်။

“ဟင် ဘာကို ဆိုလိုတာလဲ”

အခြားတစ်ဖက်မှ ပျင်းတိပျင်းရွဲ့အသံက ထွက်လာသည်။ ထို့ကြောင့် မုရှောင်းနွမ်ကလည်း ဒီနေ့ အဖြစ်အပျက်များ အားလုံးကို ပြောပြသည်။

“ဖူး”

သို့သော သူမ၏စကားဆုံးသွားပြီးနောက် တစ်ဖက်မှ အော်ရယ်သံ ထွက်လာမည်ဟု မထင်ထားပေ။ ယန်ရွှယ်က သေအောင် အော်ရယ်နေသည်။

“မုရှောင်းနွမ် မုရှောင်းနွမ် နင်က တကယ်ကို တုံးပြီး ချစ်စရာကောင်းလိုက်တာ သင်္ဘောဒန့်သလွန် ဟုတ်လား အဲ့ဒါကို နင် ဘယ်လိုများသွားစားတာလဲ ဒီအစ်မတော့ နင့်ကို လေးစားပါတယ်”

“အကျင့်မကောင်းတဲ့ ရှောင်ရွှယ် နင်ရယ်နေတယ်။ ဟွန့် နင့် ငါနဲ့တွေ့တဲ့အချိန်အထိ စောင့်စမ်းပါ ငါ နင့်ဖင်ကို ရိုက်ပြမယ်”

မုရှောင်းနွမ်က ရယ်မော၍ ခြိမ်းခြောက်သည်။

“အိုး ငါ အရမ်း ကြောက်တာပဲ နင်က ငါ့ကို နင့်ရဲ့ စီနီယာအစ်ကိုချန်းကို ပိုးပန်းဖို့အတွက် မကူညီပေးစေချင်တော့ဘူးလား”

ယန်ရွှယ်က အလွယ်တကူ ပြန်လည် တိုက်ခိုက်သည်။

“ရွှယ်ကျဲကျဲ ငါမှားပါတယ်”

မုရှောင်းနွမ်က ချက်ချင်း အမှားကို ဝန်ခံသည်။

“ကျွတ် နင်က နင့်ရဲ့စီနီယာအစ်ကိုချန်းဆိုတဲ့ အကြောင်းကြားတာနဲ့မိ န်းမကောင်းလေးဖြစ်သွားပြန်တာပဲ ဒီလောက်ထိ လိမ္မာနေတယ်ပေါ့ ဟုတ်လား”

ယန်ရွှယ်က နှာခေါင်းရှုံ့သည်။

“ထားလိုက်တော့ ဒီလိုဆိုမှတော့ ဒီအစ်မကြီးက နင့်ကို ကူညီပြီး နောက်ထပ် လှည့်ကွက်တစ်ခုသင်ပေးမယ်”

မုရှောင်းနွမ်၏ အသံက ဝမ်းသာအားရဖြစ်နေသည်မှာ မျောက်တစ်ကောင်နှင့်တူသည်။

“အမျိုးသားတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းယူဖို့အတွက် အစာအိမ်ကို အရင်ဖမ်းဆုပ်ရမယ်။ ဒါက အမျိုးသားတိုင်းရဲ့ အားနည်းချက်ပဲ”

ယန်ရွှယ်က အလွန်အမင်း အတွေ့အကြုံရှိပုံရသည်။

“နင် သူ့အတွက် ဟင်းချက်ပေးလိုက် သဘာဝကျကျပဲ သူက နင့်ကို ညင်သာပေးလိမ့်မယ်”

“ဟင်းချက်ရမယ်။ ငါ ခေါက်ဆွဲပဲ ချက်တတ်ရင် ဘယ်လို လုပ်ရမလဲ”

“ဒါနင့် ကိစ္စလေ”

ယန်ရွှယ်က ထိုသို့ပြောပြီးသည်နှင့် ဖုန်းချသွားသည်။ မုရှောင်းနွမ်ကသာ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့သည်။

11 06

ဟင်းချက်တယ်။

စားခိုင်းလို့ကတော့ ရပါတယ်။ ပြဿနာမရှိဘူး ဒါပေမဲ့ ချက်ခိုင်းရင်တော့ ပြဿနာရှိသွားပြီ။

“မုရှောင်းနွမ် နင်ကြိုးစားရမယ်နော်… အများဆုံးမှ အွန်လိုင်းကနေ ဗီဒီယိုတွေ ကြည့်ပြီး သင်ပေါ့ စီနီယာအစ်ကိုချန်းက ငါ့အကြိုက်ကို သဘောကျသွားမှာ သေချာတယ်”

မုရှောင်းနွမ်က ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ အခက်အခဲကို ရင်ဆိုင်ရသောအခါ အထူးသဖြင့် ချန်းရန်နှင့် ပတ်သက်သောအခါ ထိုကောင်မလေးက ဘယ်သောအခါမှ ဦးညွှတ်လိမ့်မည် မဟုတ်ပေ။

“ဟင် ဘာအနံ့လဲ”

ထိုအချိန်တွင် မုရှောင်းနွမ်က နှာခေါင်းကို တရှုံ့ရှုံ့လုပ်နေရင်းမှ ရုတ်တရပ် ဖျော့တော့သော ဟင်းရနံ့ကို ရသွားသည်။ အနံ့က အတော်လေး ဖျော့သော်လည်း အလွန်အမင်းကို စစ်မှန်ပြီး မူရင်းလက်ရာမျိုး ပေါက်သည့်အတွက် လူအများ၏ စားချင်စိတ်ကို လှုံ့ဆော်နိုင်သည်။

“မီးဖိုခန်းထဲကပဲ သွားကြည့်ရအောင်”

မုရှောင်းနွမ်၏ နှလုံးသားက လှုပ်ရှားသွားသည်။ သူမသည် ခပ်မြန်မြန် ထကာ မီးဖိုခန်းဖက်သို့ အပြေးသွားလိုက်သည်။

******

All Chapters