အခန်း ၁၂
Vol. 2 Ch. 12
12 01
အပိုင်း (၁၂) ငါ မဝပါဘူး မယုံရင် ကြည့်ကြည့်
“အာ စီနီယာအစ်ကိုချန်း ဘာလုပ်နေတာလဲ”
မုရှောင်းနွမ်က မီးဖိုခန်းတံခါးနားတွင် ကြောင်အစွာ ရပ်နေရင်းမှ စားပွဲပေါ်မှ ဟင်းပွဲများကို မြင်လိုက်သည်။
“အိုး ချန်းကောကော ချက်တတ်တာလား”
“ငါ ဒီအတိုင်း ဟင်းနည်းနည်း ချက်ထားတာ”
ချန်းရန်က နောက်ဆုံးဟင်းဖြစ်သည့် [ဝမ်စစ်တိုဖူး ဟင်းချို] ကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ပြုံး၍ မေးသည်။
“လာထိုင်ပြီး စားရအောင်လေ”
“အို ဒါ…”
မုရှောင်းနွမ်က အလွန်အမင်း စိတ်သောက ရောက်သွားသည်။ ဘာပဲဖြစ်ဖြစ် ငါက ချန်းကောကောအတွက် ချက်ပေးဖို့ စီစဉ်ထားတဲ့ဟာကို ဘယ်လိုဖြစ်ပြီးချန်းကောကော ချက်ပေးထားတဲ့ ဟာကို စားရမှာလဲ။
နောက်ပြီး…
“အင်း ငါလေ ဗိုက်သိပ်မဆာသလိုပဲ”
မုရှောင်းနွမ်က ဗိုက်ကို တစ်ချက် ထိသည်။ သူသည် ဒီနေ့ ရေအများကြီးလည်း သောက်ထားသလို သစ်သီးအများကြီးလည်း စားထားသည်။ ထို့ကြောင့် ဗိုက်မဆာပါပေ။
“သဘောပါ”
ချန်းရန်ကလည်း ဂရုမစိုက်ပေ။ တစ်နေ့ သုံးနပ်က အကျင့်ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ သူကိုယ်တိုင်လည်း မွေ့လျော်၍ ရသည်။
စားပွဲပေါ်တွင် ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ခွက်သာရှိသည်။ အထူးသဖြင့် ထိုထဲမှ ဟင်းတစ်ပွဲက ဂေါ်ဖီထုပ်ပြုတ် ဖြစ်သည်။
ဒါ အကောင်းဆုံး ဂေါ်ဖီထုပ်ကလေးဖြစ်ပြီး ရိုးတံတစ်ချောင်းချင်းစီကို ယူထုတ်၍ ပွင့်ချပ်ပုံစံ ပုံဖော်ထားခြင်းဖြစ်ကာ အလယ်မှ အရွက်များကို ဂေါ်ဖီထုပ်လေး၏ အရွက်များအဖြစ် အလှဆင်ထားခြင်း ဖြစ်သည်။
ထိုဂေါ်ဖီထုပ်လေးထည့်ထားသော ပန်းကန်ထဲတွင် ပန်းသုံးပွင့်ရှိနေသည်။
အရသာက မည်သို့ရှိနိုင်ကြောင်း မသိသေးသော်လည်း ထိုဟင်းပွဲ၏ အပြင်အဆင်ပုံစံကလည်း တော်တော်လေးကို လှပသည်။ အနုပညာလက်ရာနှင့်ပင် တူပြီး ပြိုင်ဘက်ကင်းပုံ ပေါက်သည်။
“အိုး လှလိုက်တာ”
မုရှောင်းနွမ်က ထွက်သွားတော့မည့်အချိန်တွင် တစ်ချက်ကြည့်ပြီးသည်နှင့် မျက်လုံး အကြည့် မလွဲနိုင်တော့ပေ။
ဘယ်လောက်တောင် လှတဲ့ ဟင်းလဲ။
“ဘုရားရေ ဒီမှာ ဟင်းချိုလည်းရှိသေးတယ်။ ဘာကြောင့် ဒီလောက်ထိ လှရတာလဲ”
ထိုဂေါ်ဖီထုပ်ပြုတ်က အနုပညာလက်ရာဆိုလျှင် ဝမ်စစ် တိုဖူးဟင်းချိုကမူ ထိုထက် မလျော့သော အလှတရားများကို ပိုင်ဆိုင်ထားသည့် ဟင်းတစ်ပွဲ ဖြစ်ပြန်သည်။ ကောင်းမွန်သော တိုဖူးကို အမြောင်းလေးများဖြစ်အောင် လှီးထားသည်။ ထိုအမြောင်းလေးများက ဂွမ်းရောင်ကဲ့သို့ နူးအိနေပုံပေါ်သည်။
အလယ်တွင်လည်း မုန်လာဥနီအမြောင်းများကို မြင်ရသည်။ လိမ္မော်ရောင် အဖြူရောင်က တစ်ဖက်တစ်ချပ်စီ ဝိုင်းထားပြီး လျှို့ဝှက်ဆန်းကြယ်သော ကြယ်ကောင်းကင် ဖဲကြိုးကဲ့သို့ ထင်ကာ လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်လေသည်။
“လှလိုက်တာ ချန်းကော ခဏနေအုံး”
12 02
မုရှောင်းနွမ်က ရုတ်တရပ် အကြံကောင်းရသွားသည်။
“ဟွန့် ဘာလို့ ပရိသတ်တွေကို အံ့ဩသွားအောင်လို့ တိုက်ရိုက်မထုတ်လွှင့်ရမှာလဲ”
“ဒီအတိုင်း ဟင်းနည်းနည်းပါပဲ တိုက်ရိုက်ထုတ်လွှင့်တာကို လွတ်လို့ ဘယ်ဖြစ်ပါ့မလဲ”
ချန်းရန်သည်လည်း ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ကောင်မလေးက စိတ်အခြေနေ ကောင်းနေချိန်တွင် မည်သည့် နေရာတွင်မဆို တိုက်ရိုက်ထုတ်လွှင့်နိုင်သည်။
အိပ်ယာထဲတွင် မဟုတ်ဘဲ ဆိုဖာ ဧည့်ခန်း outdoor အပြင် မီးဖိုခန်းပင် ပါလာသည်။
“ဒါက ကောကောမှာ အရမ်းကို ထူးချွန်တဲ့ စွမ်းရည်တွေ ရှိလို့လေ။ လူတွေကိုလည်း မနေနိုင်ဘဲစိတ်ဝင်စားစေတာပေါ့”
မုရှောင်းနွမ်က ခပ်တိုးတိုးပြောလိုက်သည်။
“ဟွန့် ဘယ်သူက သူ့ကို ဒီလိုလှပြီး မွှေးပျံ့တဲ့ စားစရာတွေ ချက်ခိုင်းလို့လဲ”
“ကောင်းပြီ ကောင်းပြီ မြန်မြန် လုပ်”
“ဟုတ်ကဲ့”
“ဟယ်လို အားလုံးပဲ ရှောင်းနွမ်က အွန်လိုင်း တက်လာပါပြီ”
မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ပြီးသည်နှင့် ကင်မရာက ဟင်းပွဲများထံသို့ မျက်နှာမူလိုက်သည်။
“???”
“တင်ဆက်သူ ဘာလို့ ကင်မရာရှေ့မှာ ဓာတ်ပုံတွေ ထားထားတာလဲ”
“ဓာတ်ပုံတွေက တော်တော်ကြည့်ကောင်းတယ်နော် အနုပညာလက်ရာလိုပဲ ရှောင်းနွမ်က တော်လိုက်တာ”
“ကျွတ် ကျွတ် ပန်းကန်ပြားပေါ်က အဲဒီအဝါရောင် နှင်းဆီပန်းသုံးပွင့်ကို ထားထားတာက ဘာအဓိပ္ပာယ်လဲ တုံးများ တုံးတာများလား ငါက ဟင်းလို့ ထင်နေတာ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကွန်မန့်များက မြောက်တက်လာသည်။ ကြည့်ရှုသူများကလည်း သူတို့ရှေ့မှ မြင်ကွင်းကြောင်း အံ့ဩနေကြသည်။
ဒီတိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းကို ကျော်ကြားနေပြီလား။
“နင်တို့ရဲ့ မျက်လုံးကို ဖွင့်ပြီး သေချာကြည့် ဒါက ဓာတ်ပုံလား”
မုရှောင်းနွမ်က မနေနိုင်ဘဲ အထွန့်တက်လိုက်သည်။ ထို့နောက် ကင်မရာကို အနီးကပ်လိုက်သည်။
“ဒါက ဓာတ်ပုံလား ကြည့်စမ်းပါ။ သေချာပေါက်ကို ငါ့ရဲ့ ယောက်ျားရဲ့ လက်ရာမြောက်တဲ့ ဟင်းပွဲတွေကို”
“ဘာ”
အားလုံးက အံ့ဩသွားသည်။ သူတို့သည် ကင်မရာကို စိုက်ကြည့်လိုက်သောအခါ အမှန်တကယ်ပင် ဟင်းတစ်ပွဲနှင့် တူနေကြောင်း သိလိုက်သည်။
“ဖာ့ခ် ဒါက ဟင်းတဲ့လား နောက်ပြီး ဟင်းအတု ရှိလို့လား”
“လှလိုက်တာ ဒါက မော်ဒယ်လ်အဖြစ် ပြင်ဆင်ထားတာ ဖြစ်လိမ့်မယ်။
“ဖာ့ခ် ရှောင်းနွမ်ရဲ့ ယောက်ျားရဲ့ ဟင်းချက် စွမ်းရည်က တော်လွန်းနေတာ မဟုတ်ဘူးလား။ သူက စားဖိုမှူး မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”
ကြည့်ရှုသူများက မှင်သက်နေကြသည်။ သူတို့၏အရှေ့မှ ဟင်းပွဲများကို ဂရုတစိုက်ကြည့်လိုက်ပြီးနောက် အားလုံးက အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
“ဒီဟင်းပွဲ ဒီကိုယ်စားပြုမှု…ဒါက အနုပညာလက်ရာပဲ။ အင်တာနက်ပေါ်က အစစ်အမှန်ဓာတ်ပုံတွေထက်တောင် ပိုလှသေးတယ်”
“ဒါက …. တကယ်ပဲ ဟင်းလို့ ခေါ်တာလား”
“လှလိုက်တာ ငါမယုံဘူး”
12 03
“ကြည့်ရုံနဲ့တင် မလုံလောက်ဘူး။ မြည်းကြည့်ရမယ်”
“ဟုတ်တယ်ဟုတ်တယ် အရသာက အသက်ပဲ ဘယ်လိုနေလဲသိချင်တာ”
ကြည့်ရှုသူများအားလုံးကလည်း ထိုမျှလှသော ဟင်းပွဲ၏ အရသာကို ကြည့်ချင်နေကြသည်။
မုရှောင်းနွမ်က ချန်းရန်ကို ကြည့်သည်။ ချန်းရန်က ပြုံး၍ ပြောသည်။
“ဟင်းပွဲရဲ့ ပြင်ဆင်ပုံပဲ အလှတရားက စားလို့မှ မရတာ။ အရသာကမှ အရေးအကြီးဆုံး”
“ဟုတ်တယ် ဟုတ်တကယ် ကောကောပြောတာ မှန်တယ်”
မုရှောင်းနွမ်က ကြက်ပေါက်ဆန်ဆိတ်စားသကဲ့သို့ ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ဝမ်းဗိုက်ထဲမှ လှုံဆော်မှုများက ထွက်လာသည်။
ဂူး
မုရှောင်းနွမ်က တံတွေးကို ပြင်းပြင်းထန်ထန် မြိုချနေရင်း တုံ့ဆိုင်းသွားပြန်သည်။ ငါ ခုနလေတင် ဗိုက်မဆာဘူးလို့ ပြောမိသလိုပဲ။
အခုမှ စကားစပြောရန် ရှက်သွားသည်။
“မြန်မြန်စားကြည့်လေ ငါ တစ်ယောက်တည်း မကုန်ဘူး”
ချန်းရန်ကလည်း ထိုကောင်မလေး၏ မျက်လုံးထဲမှ လောဘကြီးမှုကို မြင်သည်။ ထို့ကြောင့် မနေနိုင်ဘဲ သဘောတကျပြော လိုက်သည်။
“ဒါဆိုရင်လည်း မယဉ်ကျေးတော့ဘူးနော်”
မုရှောင်းနွမ်က တူကို အရင်ဆွဲထုတ်ကာ အရွက်အရိုးတံလေးတစ်ခုကို အရင်ကောက်ယူသည်။
“ဖူး ဖူး”
ထိုအရွက်အရိုးတံလေးက ကြွပ်ကြွပ်ရွရွလေးဖြစ်ပြီး လတ်ဆတ်နေသည်။ အရသာလည်းရှိသည်။ ထို့အပြင် ရိနေသေးပုံလည်း မရပေ။ ထို့အပြင် အလွန်အမင်း နူးညံ့ကာ ကိုက်လိုက်ရုံဖြင့် ကျိုးသွားပြီး လတ်ဆတ်သည့် မျှစ်ကို ကိုက်လိုက်ရသည့် အသံမျိုးပင် ထွက်လာသည်။
“လတ်ဆတ်လိုက်တာ”
“ဘုရားရေ အရသာအရမ်းရှိတာပဲ”
မုရှောင်းနွမ်က နုနယ်သော ပန်းရောင်နှုတ်ခမ်းလေးကို တစ်ချက်လျှက်သည်။ ထိုအချိန်တွင် သူမ၏ လှပသော မျက်ဝန်းထဲတွင် ကြယ်ရောင်အလင်းက လက်နေသည်။
“အရသာရှိတယ်ဆိုရင် ပိုစားလေ”
ထိုကောင်မလေးက သဘောတကျ စားနေကြောင်း မြင်သောအခါ ချန်းရန်ကလည်း သဘောကျသွားသည်။ သူ၏ ချက်ပြုတ်မှုက အရသာရှိရန် ရည်ရွယ်သည်။ တစ်ဖက်သူက အမှန်တကယ် သဘောကျသောအခါ ကျေနပ်ပြီးမြောက်သည့် ပီတိမျိုးကို ခံစားရသည်။
“ဟီးဟီး ဒါဆိုရင် ငါ နည်းနည်းပိုစားမယ်နော်”
မုရှောင်းနွမ်သည် ယခင်က ထိုမျှအထိ အရသာရှိသည့် စားစရာများကို မစားဖူးပေ။ ဒါဟာ ပြည်နယ်အဆင့်ဟင်းပွဲမှ နာမည်ကျော် ဟင်းပွဲကဲ့သို့ဖြစ်သည်။ အတိတ်တွင် သူမက အင်တာနက်ပေါ်မှ ဟင်းပွဲများကိုသာ မြင်ဖူးသည်။ ယခုအခါ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရသည့်အပြင် စားလည်းစားနိုင်သွားသည်။ မုရှောင်းနွမ်က ထိုဂေါ်ဖီထုတ်ပြုတ်အများစုကို တစ်ယောက်တည်း စားလိုက်သည်။ နောက်ဆုံးတွင် ကျန်သော ဝမ်စစ်တိုဖူးဟင်းချိုကလည်း အရသာရှိပြီး ပါးစပ်ထဲတွင် ပျော်ဝင်မတတ် ဖြစ်နေလေရာ သုံးပန်ကန်ပင် ကုန်အောင်သောက်သည်။
“အိုး အရမ်းကျေနပ်သွားပြီ”
မုရှောင်းနွမ်က ဗိုက်ပြည့်သွားပြီး တူနှင့်ပန်းကန်လုံးများကို ပြန်ချသည်။ သို့တိုင်အောင် လိုချင်နေသေးသည်ဟု ခံစားရသည်။
“အားလုံး ကုန်သွားတာလား။ တော်လိုက်တာ”
12 04
ချန်းရန်ကပင် မှင်သက်နေသည်။ ရိုးရိုးသားသားပြောရသော် စားပွဲပေါ်မှ ဟင်းပွဲ အများစုကို မုရှောင်းနွမ်ကသာ စားသွားခြင်း ဖြစ်သည်။
ပြောတော့ ဗိုက်မဆာဘူးဆို။
ဘယ်လိုဖြစ်ပြီး တစ်ခါတည်း အားလုံး ကုန်သွားတာလဲ။
“မဝသေးဘူးလား”
ချန်းရန်ကပင် ထိုကောင်မလေး၏ မကျေနပ်သော မျက်နှာကို ကြည့်ပြီး မေးသည်။
“မလောက်သေးဘူးလား”
“ဝပါပြီ”
မုရှောင်းနွမ်၏ လှပသော မျက်လုံးက လခြမ်းကွေးသဖွယ် ကွေးသွားသည်။ သူမက ပြောတော့မည့်အချိန်တွင် ရုတ်တရပ် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူမက ရှက်ရွံ့မှုကြောင့် မျက်နှာက နီရဲသွားသည်။
ငါ စီနီယာအစ်ကိုချန်းထက်တောင် ပိုစားလိုက်မိတာပဲ။ စီနီယာအစ်ကိုချန်းက ငါ့ကို အများကြီး စားတယ်လို့ ထင်သွားတော့မှာလား ရှက်စရာကောင်းလိုက်တာ။ ရှောင်းနွမ်…ရှောင်းနွမ် နင်စားဖို့ပဲ သိတယ်။
ချန်းရန်က သူမကို သံသယအပြည့်နှင့်ကြည့်နေကြောင်း မြင်သောအခါ မုရှောင်းနွမ်၏ နှလုံးသားက အခုန်နှုန်းမြန်ဆန်လာသည်။ သူမသည် နည်းနည်း စိုးရိမ်လာပြီး နှလုံးသားကပင် ခုန်ထွက်တော့မည်ဟု ခံစားလာရသည်။
“အင်း တကယ်တော့ ငါက ပုံမှန်ဆိုရင် နည်းနည်းပဲ စားတာ နည်းနည်းလေးပဲ စားတာ ဒါပေမဲ့ ဒီနေ့ ဘာလို့ အများကြီး စားလိုက်မိလဲ မသိပါဘူး”
မုရှောင်းနွမ်က ခေါင်းကို ငုံ့သည်။ နည်းနည်းလည်း ထိတ်လန့်နေသည်။ သူမက ချန်းရန်၏ ထင်မြင်ချက်ကို ပို၍ ဂရုစိုက်လေလေ ပါးစပ်ကို မထိန်းချုပ်နိုင်ရကောင်းလားဟူ၍ ပို၍ အပြစ်တင်လေလေ ဖြစ်သည်။
ဒါဟာ သူမ၏ အမျိုးသမီးကောင်းတစ်ယောက်၏ ပုံရိပ်ကို ပျက်ဆီးစေသည်။
“ရတယ် ငါ နားလည်တယ်”
ချန်းရန်ကလည်း ထိုကောင်မလေးက စိတ်ထဲတွင် ကြွယ်ဝလွန်းသော အတွေးများ ရှိမည်ဟု မထင်ထားပါပေ။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ပြည်နယ်အဆင့် ဟင်းချက်စွမ်းရည်က အရမ်းအရသာရှိလို့ ဖြစ်မှာပါလေ။
“ကောင်းပြီး မင်းအစားကြူးတာကို ငါနားလည်တယ်”
“+1 ရတယ် ရတယ် မင်းအစားကြူးတာကို ငါနားလည်တယ်”
“ဟန်နီ နင့်ရဲ့ဗိုက်က အသားတွေတောင် ထွက်လာပြီထင်တယ်။ ငါနင့်ကို မလိုချင်တော့ဘူး”
“ဟန်နီ ကွာရှင်းရအောင်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပွက်လောရိုက်သွားသည်။ အားလုံးက မုရှောင်းနွမ်နှင့် ချန်းရန်ကို စကြသည်။
“ရပ်တော့ ရပ်တော့ ဘယ်သူက ဝလာပြီလို့ ပြောလဲ ဘယ်နေရာက ဝတာလဲ”
“အိမ်တော်ထိန်း အိမ်တော်ထိန်းအားလုံးကို နှုတ်ပိတ်လိုက်ပါ”
မုရှောင်းနွမ်က ရူးသွားသည်။ သူမက ချန်းရန်ကို သံသယအပြည့်နှင့် ကြည့်သည်။
“မင်း မဝသေးလို့လား။ ဒါပေမဲ့ ရင်မပြည့်အောင်လို့ အစာကြေဆေးများ သောက်ချင်လား”
ချန်းရန်က ထိုသို့ပြောလိုက်သည်။
“ဖူး…အစာကြေဆေးတဲ့”
“ဟားဟားဟား နင့်ကိုယ်နင် အစားမကြူးဘူးလို့ ပြောရဲသေးတယ်”
“+1 နင့်ကိုယ်နင် မဝဘူးလို့ ပြောရဲသေးတယ်”
12 05
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက ပို၍သာ ရမ်းကားလာသည်။
“ယောက်ျား ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့”
မုရှောင်းနွမ်က နည်းနည်း စိုးရိမ်သွားသည်။
“တကယ်တော့ တကယ်တော့ ငါ့ရဲ့ခန္ဓာကိုယ်က အမြဲတမ်းကောင်းတာ ငါ အများကြီးလည်း မစားဘူး”
“ဟင်”
ချန်းရန်က ကြောင်တောင်တောင်ဖြစ်သွားသည်။ သူသည်လည်း ထိုကောင်မလေးက အသီးလည်းအများကြီး စားထားသေးသည်။ ဟင်းလည်း အများကြီး စားလိုက်သည့်အတွက် အစာမကြေမည်ကို စိုးရိမ်မိရုံသာ ဖြစ်သည်။
“ဘာကိုပြောနေတာလဲ”
“ငါ့ကို မယုံဘူးလား”
မုရှောင်းနွမ်က အံကို ကြိတ်သည်။ ကင်မရာကို ပိတ်လိုက်သည်။ ထို့နောက် ချန်းရန်၏ အရှေ့သို့ လျှောက်သွားပြီးနောက် သူမ၏ ရှပ်အင်္ကျီကို တိုက်ရိုက်ပင် မတင်လိုက်သည်။
“ငါတကယ်ကို မဝပါဘူး မယုံရင် ကြည့်ကြည့်”
ရုတ်တရပ် ချန်းရန်၏ အရှေ့တွင် နှင်းဖြူရောင် မြင်ကွင်းက ပေါ်လာသည်။
ခါးကလည်း သွယ်လျလွန်းပြီး လက်တစ်ဖက်တည်းနှင့်ပင် ကိုင်၍ ရသည်။ အဆီများလည်း မရှိပါပေ။ အလွန်လည်း လှပနေသည်။
သူက လက်ကို မှောက်လိုက်သောအခါ မုရှောင်းနွမ်၏ ချက်ကိုပင် ထိနိုင်လေသည်။
“ဖာ့ခ်”
ချန်းရန်၏မျက်ခွံက တစ်ချက် လှုပ်သွားသည်။ အသက်ရှူနှုန်းကပင် နည်းနည်းမြန်သွားသည်။ သူ၏နှလုံးသားကလည်း ရုတ်တရပ် အရှိန်နှုန်း ထိုးတက်သွားပြီးနောက်တွင် ခေါင်းကပင် ထွေပြားသွားလေသည်။
“မြန်မြန် ပြန်ဆွဲချ”
ချန်းရန်က အသိပြန်ဝင်သွားကာ အလျှင်စလိုပြောသည်။ ကင်မရာကို ပိတ်ထားကြောင်း မြင်မှသာ စိတ်အေးသွားသည်။
ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာက အပြုံးများ ပြည့်သွားသည်။
အာ…ဒီကောင်မလေးက တကယ်ကို ရူးကြောင်ကြောင်နဲ့ ချစ်စရာလေး သူမရဲ့အပြစ်ကင်းစင်တာကို ပြဖို့အတွက် ကိုယ့်ကိုယ်ကိုယ်တောင် စတေးတယ်။
“အိုး”
မုရှောင်းနွမ်က တစ်စုံတစ်ရာကို နားလည်လိုက်ပြီးနောက် ခပ်တိုးတိုး ထအော်ပြီး အင်္ကျီကို ဖြတ်ကနဲဆွဲချသည်။
“ယောက်ျား ငါ မရည်ရွယ်ပါဘူး”
မုရှောင်းနွမ်၏မျက်နှာမှ နားအထိ ရဲလာသည်။ သူမ၏စိတ်က ဝေဝါးသွားပြီး ပေါက်ကွဲတော့မည်ဟု ခံစားရသည်။
ရူးနေပြီ ရူးနေပြီ မုရှောင်းနွမ် နင်ရူးနေပြီ ဘာလို့ ချန်းကောကောရဲ့ အရှေ့မှာ အင်္ကျီ သွားလှန်တာလဲ။
ဖွီ လူရမ်းကားမ…
???
“ငါတို့ တစ်ခုခုများ လွဲသွားတာလား”
“သေစမ်း ရှောင်းနွမ် နင် ဘာလုပ်လိုက်တာလဲ”
“ကျွတ်ကျွတ် ကျွတ် ရှောင်းနွမ် နင့်ယောက်ျားက သူ့ဇနီးကို ကာကွယ်ဖို့ အရမ်းကို မင်းမူတာနော်”
12 06
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် သက်ပြင်းချသံများ ထွက်လာသည်။
“ယောက်ျား”
မုရှောင်းနွမ်က ခေါင်းကို ငုံ့သည်။ အပြစ်လုပ်ထားမိသော ညီမငယ်လေးနှင့် တူသည်။
“အနာဂတ်မှာ ဒီလောက်တိုတာတွေ မဝတ်နဲ့ ကင်မရာကိုလည်း သတိထား”
ချန်းရန်က အလေးအနက်ထားပြီးပြောသည်။
“ဟုတ်ကဲ့ သိပါပြီ”
မုရှောင်းနွမ်က ထိုစကားကြားပြီး နည်းနည်း ရှက်သွားသည်။ သို့သော် ယခင်က ချန်းရန်၏ မျက်လုံးကို ပြန်တွေးလိုက်သော် နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပြည့်သွားသည်။
ဟီးဟီး ချန်းကောကောကလည်း ဟန်အမူအရာ ပျက်သွားတဲ့ နေ့ရက်မျိုး ရှိလာမယ်လို့ မထင်ထားဘူး။
ဒါပေမဲ့…
အနာဂတ်မှာ ဘယ်သူမှ မရှိဘူးဆိုရင်တော့ ငါက ချန်းကောကောပဲ ကြည့်ဖို့ အထူး အဝတ်တွေ ဝတ်လို့ရမယ်ထင်တယ်။
မုရှောင်းနွမ်၏ စိတ်ထဲတွင် အကြံသေးသေးလေး ပေါ်လာသည်။
“ဘာတွေ တွေးနေတာလဲ”
“အာ မတွေးပါဘူး မတွေးပါဘူး”
“အင်း ကောင်းပြီ ချန်းကောကော ငါလေ လုပ်စရာ ရှိတာ သတိရသွားလို့ ငါအရင်သွားတော့မယ်နော်”
မုရှောင်းနွမ်က နည်းနည်း အပြစ်မကင်းသလို ခံစားနေရသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို တိုက်ရိုက်ပင် ပိတ်လိုက်ပြီး မီးဖိုခန်းထဲမှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးသွားသည်။
“အာ့”
သူမက အရှေ့ကို မကြည့်ဘဲ သွားလေရာ ခေါင်းက တံခါးဘောင်နှင့် ဝင်တိုက်မိသွားသည်။ ကံကောင်းသည်မှာ မပြင်းထန်ချေ။ ခေါင်းကို အုပ်ပြီးသည်နှင့် အခန်းထဲသို့ စိတ်ဓာတ်ကျစွာဖြင့် ပြန်ဝင်သွားလေသည်။
“ဒီကောင်မလေးကတော့ တကယ်ချစ်စရာကောင်းတယ်”
ချန်းရန်က ရယ်သည်။ ထိုကောင်မလေးက အပြစ်ကင်းစင်ပုံကလည်း အမှန်ပင် စိတ်ဝင်စားစရာ ကောင်းသည်။ သို့ရာတွင်
ယခုလေတင် မြင်လိုက်ရသော မြင်ကွင်းက ချန်းရန်၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။ နှုတ်ခမ်းထောင့်က အသာကော့တက်သွားသည်။
“ဒီကောင်မလေးမှာ ခန္ဓာကိုယ် ကောင်းသားပဲ…သေးတော့ မသေးဘူး”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာ တာဝန်ကို ပြီးမြောက်သွားပါပြီ”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဆုလာဘ်တွေ ဖြစ်တဲ့ : ယဉ်ပါး ဆရာသခင် x1၊ တိရစ္ဆာန် စွယ်စုံကြမ်း x1 ကို ရရှိပါတယ်”
မုရှောင်းနွမ်က ထွက်သွားကာစအချိန်တွင်ပင် ချန်းရန်၏ စိတ်အတွင်းတွင် စနစ်၏ အသံက ထွက်ပေါ်လာလေသည်။
******