အခန်း ၁၃
Vol. 2 Ch. 13
13 01
အပိုင်း (၁၃) သတ္တိရှိရင် ပစ္စည်းတွေရဲ့ စစ်မှန်မှုကို အတည်ပြုလေ
“တင် သားရဲ ယဉ်ပါးသူ စွမ်းရည်ကို ထည့်သွင်းနေပါပြီ”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်မှာ သားရဲ ယဉ်ပါးခြင်း စွမ်းရည်ကို ပိုင်ဆိုင်သွားပါပြီ”
ချန်းရန်သည်လည်း နောက်ထပ် စွမ်းရည်တစ်မျိုးကို ရရှိလိုက်ကြောင်းသိလိုက်သည်။ ထိုအရာက သားရဲယဉ်ပါးသူ စွမ်းရည်ဖြစ်ပြီး သားရဲတိုင်းကို ယဉ်ပါးနိုင်သည်။
“တော်တော်လေးတော့ စိတ်ဝင်စားစရာပဲ မနက်ဖြန်မှာ သိပ်မဝေးတဲ့ နေရာက သာ့ချင် တောင်တန်းဆီသွားပြီး ကြည့်ရအောင်”
ချန်းရန်ကလည်း စူးစမ်းချင်လာသည်။ စံအိမ်ကြီး၏အနောက်ဖက် ပိုင်ဆိုင်မှုနယ်မြေအတွင်းတွင်ပင် တောရိုင်းတိရစ္ဆာန်ပေါင်းများစွာရှိသော သဘာဝ တောင်တန်းရှည်ကြီး ရှိလေသည်။ ချန်းရန်ကလည်း ရှာဖွေစူးစမ်းလိုသည်။
“အာ ငါ ရူးနေပြီ”
မုရှောင်းနွမ်က အခန်းထဲသို့ ပြန်ရောက်သည်နှင့် အိပ်ယာပေါ်သို့ ခုန်တက်လိုက်ကာ မျက်နှာကို စောင်ဖြင့် အုပ်လိုက်သည်။ သူမက တော်တော်လေး ရှက်နေသည်။
“သူမက ဘယ်လိုများ စီနီယာအစ်ကို ချန်းရန်ရဲ့ အရှေ့မှာ အင်္ကျီကို သွားလှန်ပြတာလဲဟင် အရမ်းရှက်ဖို့ကောင်းတာပဲ”
“ဘာ နင်က အများရှေ့မှာ အဝတ်ကို လှန်လိုက်တယ် ဟုတ်လား”
မုရှောင်းနွမ်က သူမ၏ သူငယ်ချင်းကောင်းကို ဖုန်းခေါ်လိုက်သောအခါ တစ်ဖက်သူ၏ လေသံက ချက်ချင်းပြောင်းလဲသွားမည်ဟု မထင်ထားမိပေ။
“ရှောင်းနွမ် ရှောင်းနွမ် နင်က တော်တော်လေးကို ပါရမီကြီးတာပဲ။ နင်က ချက်ချင်းကို ကျွမ်းကျင်သွားတာပေါ့”
ယန်ရွှယ်က နှလုံးသားမဲ့စွာ ရယ်သည်။
“ရူးသွပ်တဲ့ ရှောင်းရွှယ် သူက ဒီလို အခြေအနေမျိုး ဖြစ်သွားတာတောင် နင်ငါ့ကို လှောင်နေတုန်းပဲ”
မုရှောင်းနွမ်က အားနည်းစွာပြောသည်။ ထို့နောက် ပူပန်သလို ပြောသည်။
“စီနီယာအစ်ကိုချန်းက အနာဂတ်မှာ ငါ့ကို ဘယ်လို ထင်တော့မလဲ မသိဘူး သူက ငါ့ကို အရမ်းကို ဖြစ်သလို နိုင်လွန်းတယ်လို့ ထင်လောက်လား”
“နင်က ဒါကို ဖြစ်သလိုလို့ ပြောချင်တာလား”
ယန်ရွှယ်က ဆွံ့အသွားသလို ပြောသည်။
“ငါနင့်ကို နောက်ထပ် ညွှန်ကြားချက် နည်းနည်း ပေးစေချင်လား”
“တာ့တာ့”
မုရှောင်းနွမ်က စိတ်ဓာတ်ကျစွာပြောသည်။
“စီနီယာ အကို ချန်းရဲ့ ဟင်းချက်စွမ်းရည်က ဘယ်လောက်ကောင်းလဲ နင်မသိပါဘူး။ သူချက်တဲ့ ဟင်းတွေက တကယ်ကို အနုပညာလက်ရာပဲ အရသာက တကယ်ကို မှင်သက်ဖို့ ကောင်းတယ်။ ငါ ဒီလောက် အရသာရှိတဲ့ စားစရာတွေကို မစားဖူးသေးဘူး”
“နင် အရင်က ငါ့ကို သူ့အတွက် ဟင်းချက်ခိုင်းတာလေ.. အခုတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်”
“အဲဒီလောက်ထိ တော်လို့လား”
ယန်ရွှယ်က နည်းနည်း အံ့ဩသွားသည်။
“ဒါကြောင့် နင်က ထမင်းပန်းကန် သုံးလုံးတောင် စားလိုက်တယ်ပေါ့လေ”
“ထမင်းမဟုတ်ပါဘူး။ ဟင်းချိုပန်းကန်လေး သုံးလုံးတည်းပါ ပေါက်ကရတွေ မပြောနဲ့”
မုရှောင်းနွမ်က ထိုစကားကို ကြားပြီး ဒေါသတကြီးဖြစ်သွားသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ သိပ်တော့ မများပါဘူး နင် အများကြီး စားရင်တောင်မှ ငါ့တို့ရဲ့ ရှောင်းနွမ်က ဝိတ်မှ မတက်တာ”
ယန်ရွှယ်က ပြုံးရယ်ရင်း နှစ်သိမ့်ပေးသည်။
“ဒါပေမဲ့ ဒီအစ်မကလေ ဒီနေ့ နင့်ရဲ့ အပြုအမူကို သတိပေးရအုံးမယ်။ နင့်ရဲ့ ဒီနေ့ အပြုအမူက သူ့ရဲ့အာရုံကို ဆွဲဆောင်လိုက်ပြီဆိုတော့ အနာဂတ်မှာ နည်းနည်း အေးစက်ရလိမ့်မယ်”
“ဘာလို့လဲ”
13 02
“နီးကပ်မယ် အဲဒီနောက် အကွာအဝေးပြန်ခြားမယ်လေ။ ဒီလိုမျိုး လိုချင်ပေမယ့် မရနိုင်တာကမှ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲလေ”
“မလုပ်ပါဘူး”
မုရှောင်းနွမ်က တည့်တိုးသာပြောသည်။
“တစ်စုံတစ်ယောက်ကို သဘောကျတဲ့အခါ ဘာလို့ ပုန်းတမ်း ဝှက်တမ်းတွေ ကစားပြီး တမင်တကာဟန်ဆောင် နေရအုံးမှာလဲ။ ဒါက ရိုးသားတာမှ မဟုတ်တာ။ တစ်စုံတစ်ယောက်ကို တကယ် သဘောကျပြီဆိုရင် တိုက်ရိုက်ထုတ်ပြောသင့်တယ်”
“အိုး…နင်က ဥပမာ တစ်ခုနဲ့တင် ကိုးကားချက်တွေ အများကြီး ရလိုက်ပြီပဲ”
ယန်ရွှယ်က ရယ်သည်။
“ဒါဆိုရင်လည်း နင့်မှာ သတ္တိရှိရင် အခုချက်ချင်းသွားပြီး ဝန်ခံလိုက်လေ လုပ်ရဲလား”
“ငါ…”
မုရှောင်းနွမ်က သတ္တိလျော့သွားပြန်သည်။
စီနီယာအစ်ကိုချန်းက သူ့ကို အမြဲတမ်း ညီမလေးလိုပဲ ဆက်ဆံတာ… ဆိုတော့ ဘာကို သွားပြီး ဝန်ခံမှာလဲ။
“အချိန်ယူမှာပေါ့ ဟွန့် ငါကတော့ စီနီယာအစ်ကိုချန်းကို မဖြားယောင်းနိုင်ဘူးလို့ မယုံပါဘူး”
မုရှောင်းနွမ်က စိတ်ကို ဆုံးဖြတ်ချက် ချလိုက်သည်။
“စကားမစပ် နင် ဒီည အဲဒီ ပန်းချီကားကို တိုက်ရိုက်ထုတ်လွှင့်မှာလား”
ယန်ရွယ်က ထမေးသည်။
“အင်းလေ ဘာဖြစ်လို့လဲ”
မုရှောင်းနွမ်က တွေးသည်။ သူမက ညဖက် တိုက်ရိုက်ထုတ်လွှင့်သောအခါ စီနီယာအစ်ကိုချန်း၏ အခန်းသို့သွားကာ သူမ၏ အခန်းသို့လာခိုင်းပြီး ပန်းချီကားကို ချိတ်ခိုင်းရပေမည်။
“နင် ရူးတာလား တုံးတာလား။ ဟမ် ဒါကို သူ့ကို နီးကပ်လို့ရမယ့် အခွင့်အရေးဆိုတာ နားမလည်ဘူးလား”
ယန်ရွှယ်က ပြောသည်။
“ညကျရင် နင်သူ့နေရာမှာ သွားပြီး တိုက်ရိုက်ထုတ်လွှင့်လိုက်။ တိုက်ရိုက်ထုတ်လွှင့်ပြီးတာနဲ့ အဲဒီမှာ အိပ်”
“အာ”
မုရှောင်းနွမ်က ရုတ်တရပ် ကြောင်တောင်တောင် ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းပြန်ခါသည်။
“မဟုတ်ဘူး မဖြစ်နိုင်တာ”
အတူ အိပ်ရမယ်။
စီနီယာ အစ်ကိုချန်းက သူ့ကို အထင်သေးသွားမှာပေါ့။
“ဘာဖြစ်လို့လဲ”
ယန်ရွှယ်က လှောင်သည်။
“နင်ဆိုတဲ့ ကောင်မလေးဆိုတာကလေ အမြဲတမ်း ခေါင်းမာတာ နင်တို့က စုံတွဲတွေနော်၊ နောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ အခန်းနှစ်ခန်း ခွဲအိပ်တယ်လို့ ပြလို့ရမှာလား”
“ဟင်”
တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းသလိုပဲ။
မုရှောင်းနွမ်က ထိုစကားကို ကြားပြီးနောက် သူမ၏ လှပသော မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်သည်။ ရုတ်တရပ် ထိုသို့ဖြစ်သင့်သည်ဟု ခံစားလိုက်ရသည်။
13 03
“ဖြစ်နိုင်တာက ငါစမ်းကြည့်လို့ရမယ် ထင်တယ်”
မုရှောင်းနွမ်က စိတ်ကို ဆုံးဖြတ်ချက် ချလိုက်သည်။
ညအချိန်ရောက်လာသည် တိကျသောအချိန်တွင်ပင် မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်သည်။
“ညီအစ်ကိုတို့ ငါ နင်တို့ကို ဒီည အဖိုးမဖြတ်နိုင်အောင် ထိုက်တန်တဲ့ ပန်းချီကား တစ်ချပ်ကို ပြပေးမယ်”
မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပြည်သူများကို ပြောလိုက်ပြီးချန်းရန်၏ အခန်းဆီ လျှောက်လာသည်။
“အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကား ပေါ်လာတော့မှာပေါ့”
“[ဒိုင်ပင်ထိုးရတာ ကြိုက်တဲ့ ကျန်းယွီ] က [တင်ဆက်သူ] ကို ဒုံးပျံကြီး x100 ကို ပေးလိုက်ပါပြီ”
“ဂုဏ်ယူပါတယ် [ဒိုင်ပင်ထိုးရတာ ကြိုက်တဲ့ ကျန်းယွှီ]က ဧကရာဇ်ဘွဲ့ကို ရသွားပါြပီ”
“[အချိန်များ] က [တင်ဆက်သူ]ကို ဒုံးပျံကြီး x100 ကိုပေးလိုက်ပါတယ်”
“ဂုဏ်ယူပါတယ် [အချိန်များ]က ဧကရာဇ်ဘွဲ့ကို ရသွားပါပြီ”
“[လူကြီးမင်းလန်၊ အမည်မသိ]က [တင်ဆက်သူ]ကို ဒုံးပျံကြီး x100 ပေးလိုက်ပါပြီ”
“ဂုဏ်ယူပါတယ် [လူကြီးမင်းလန်၊ အမည်မသိ]က ဧကရာဇ်ဘွဲ့ကို ရသွားပါပြီ”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက နီရဲနေသည်။ ဧကရာဇ်ပေါင်းများစွာက အောင်မြင်စွာ မွေးဖွားလာသည်။
“ဖာ့ခ် ဖာ့ခ် ငါ့ မျက်လုံးများ မူးနေတာလား”
“သေစမ်း ဒါက အရမ်းကို ချဲ့ကားတာပဲ ဆရာကြီးတွေ ပေါ်လာကြပြီ”
“အစ်ကိုကြီးတို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ အကြံအစည်မရှိဘူးလား”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကျော်ကြားမှုက သန်းသုံးရာ ကျော်သွားသည်။ ထိုကျော်ကြားမှုက စာရင်း၏ ထိပ်ဆုံးသို့ တိုက်ရိုက်ထိုးတက်သွားသည်။
“ဧကရာဇ် (အချိန်များ) ငါ့ရဲ့ နတ်ဘုရားမရေ မင်းက အချိန်များကတော့ မဟုတ်ပါဘူးနော် ဒီကောင်က အဲဒီ ပန်းချီကားကို ဘယ်လိုများ စိတ်ဝင်စားနေတာလဲ”
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများကလည်း ဧကရာဇ်အသစ်၏ မူလ ဇစ်မြစ်ကို သိလိုက်သည်။
“ဧကရာဇ် (အချိန်များ မဂ္ဂဇင်း) : အိုး ပြည်သူတွေက ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထားဘူး။ ဟုတ်တယ် ဟုတ်တယ် ငါတို့က အချိန်များ မဂ္ဂဇင်းရဲ့တရားဝင် အကောင့်လေ ဧကရာဇ် ဖြစ်ဖို့ ဆုချတယ်ဆိုတာကလည်း [ရှောင်းကျန်း ပန်းချီကား]ရဲ့ မူရင်း ပန်းချီကားချပ်ကို ကြည့်ချင်ရုံပဲ ဒါပေမဲ့ မမျှော်လင့်ထားတာက…”
“ဘာကို မမျှော်လင့်ထားတာလဲ”
“[ဧကရာဇ် (အချိန်များ မဂ္ဇဇင်း)] က [ဧကရာဇ် (လူကြီးမင်းလန်၊ အမည်မသိရသော)]ကို tag လိုက်တယ် : လူကြီးမင်းလန် မူလရေးဆွဲသူကိုတောင် ဆွဲဆောင်မိမယ်လို့ မထင်ထားဘူး”
ကွန့်မန့်များက လိမ့်သွားသည်။ လူတိုင်းက အံ့ဩသွားကြသည်။
“ဖာ့ခ် လူကြီမင်းလန်ဟုတ်လား။ ဒါက အဲဒီကောင်းကင်တမျှဈေးကြီးတဲ့ ပန်းချီကားကို ရေးဆွဲထားတဲ့ မူလ ရေးဆွဲသူမလား”
“ဘုရားရေ ရှောင်းနွမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက နာမည်ကျော် လူကြီးမင်းလန်ကိုတောင် အလန့်တကြား ဖြစ်သွားစေတာပဲ”
“@လူကြီးမင်းလန် : ဘာလို့ ဆုဝယ်ချတာလဲ”
မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုအခြေအနေကြောင့် အံ့ဩနေကြသည်။ လူကြီးမင်းလန်က ကိုယ်တိုင်လာသည်။ သူသည် ထိုပန်းချီကား၏ ကိုယ်တိုင် ရေးဆွဲသူဖြစ်သည်။ ထိုတိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပိုပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာလေသည်။
13 04
“ဧကရာဇ် (လူကြီးမင်းလန်၊ အမည်မသိ) : ဟင် ငါ့ကို တွေ့သွားကြပြီလား။ ငါမရှိသလိုပဲ ဟန်ဆောင်နေလိုက်ပါ။ ငါက ဒီအတိုင်းမသိသာတဲ့ လူလေးပါ”
ထိုသို့ဖြင့် လူကြီးမင်းလန်က တိတ်သွားပြီး ပျောက်သွားသည်။
“လျို့ လျို့ လျို့(၆၆၆) သိုသိပ်တဲ့ လူကြီးမင်းလန်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ပေါ်လာမယ်လို့ မထင်ထားဘူး”
“ရှောင်းနွမ်နွမ် မင်းဖိအားအများကြီးအောက်ကို ရောက်နေပြီလို့ပဲ ပြောချင်တယ်”
“လူကြီးမင်းလန်က ဆရာသခင်နော်၊ ကြည့်ရှုသူ သန်းပေါင်းများစွာရဲ့ အရှေ့မှာ နွမ်နွမ် ပညာရှင်ဆန်ရမယ်နော်”
ကွန်မန့်များက အမျိုးမျိုးရွေ့လျားနေသည်။ မုရှောင်းနွမ်က နည်းနည်း စိုးရိမ်လာသည်။
“ငါ ဘယ်လိုလုပ်ရမလဲ”
မူလရေးဆွဲသူက ရောက်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက တော်တော်ဖိအားများတာပဲ။
“လူကြီးမင်းလန်က ရောက်နေပြီဆိုမှတော့လည်း ကျေးဇူးပြုပြီး ညွှန်ကြားချက်တွေ ပေးပါအုံး”
ရှောင်းနွမ်ကလည်း အားတင်းကာပြုံးပြီး ချန်းရန်၏ အခန်းထဲသို့ဝင်သည်။
“ယောက်ျား ငါလာတယ်”
“ဟင် မဖြေဘူးလား”
“ဟင်”
မုရှောင်းနွမ်က နည်းနည်းစိတ်ရှုပ်သွားသည်။ သူအခန်းထဲမှာမ ရှိဘူးလား။
“ဟင်”
သို့ရာတွင် သူမက နူးညံ့သော အလင်းရောင်အောက်မှ ပြတင်းပေါက်နားရပ်နေသော ချောမောသော ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။ သူသည် စားပွဲပေါ်တွင် တစ်စုံတစ်ရာကို လုပ်နေသည်။
ထိုပုံရိပ်က ထိုနေရာတွင် ထိုအတိုင်း ထိုင်နေရုံနှင့်တင် ဖော်ပြရန်ခက်ခဲသော ဆွဲဆောင်မှုကို ပေးစွမ်းသည်။
အာ…ငါ သူ့ကို နောက်ကနေ ပြေးဖက်ချင်တယ်။
မုရှောင်းနွမ်မျက်နှာက ရဲသွားသည်။ နှလုံးသားသေးသေးလေးကလည်း ကြမ်းတမ်းစွာ ခုန်လာသည်။ မုရှောင်းနွမ်က ချန်းရန်၏နံဘေးကို ခြေဖျားထောက်ကာ သွားသည်။ ထို့နောက် ချန်းရန်၏မျက်လုံးကို အုပ်သည်။
သူမက သူ၏ နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။
“ဘယ်သူလဲ ခန့်မှန်းကြည့်”
ထိုကောင်မလေး၏ ထူးခြားသော ကိုယ်သင်းရနံ့နှင့် နူးညံ့ကာ သွယ်လျသည့် လက်ဖဝါးများ၊ လက်ချောင်းများက ထိုမျှအထိ ဆိုးသွမ်းလေရာ ချန်းရန်ကိုပင် အံ့ဩသွားစေသည်။
“မင်း ကလေးမလေး”
ချန်းရန်က လက်ထဲမှ စုတ်တံကို ချပြီးတစ်ဖက်သို့လှည့်ကာ ထိုကောင်မလေးကို ကြည့်ပြီး မှင်သက်သွားသည်။
မုရှောင်းနွမ်သည်လည်း ချန်းရန်နှင့် အလွန်ကပ်နေခြင်းဖြစ်သည်။ သူ၏ နားနားသို့ ကပ်ပြီး စကားပြောတော့မည့် အချိန်တွင် ရုတ်တရပ် မုရှောင်းနွမ်၏လှပသော မျက်နှာနှင့် ကပ်သွားသည်။
နှစ်ယောက်လုံးက အလွန်နီးကပ်နေသည်။ ဝင်သက်အချင်းချင်းက ရိုက်ခတ်နေလေသည်။
“ဂလု”
13 05
မုရှောင်းနွမ်က မျက်လုံးပြူးသွားပြီး မနေနိုင်ဘဲ တံတွေးကို မြိုချသည်။ သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
စီ…စီနီယာ အစ်ကိုချန်းက ငါ့ကို နမ်းတော့မှာလား။
“မင်း”
ချန်းရန်က မုရှောင်းနွမ်ကို ကြည့်သည်။ ထိုမျှအနီးကပ်မြင်ရသောအခါ ကျောင်း၏ အလှလေးက အပြစ်ကင်းစင်မှု တုံးအမှုများ ပြည့်နှက်နေသည်။ အသားအရည်လေးက ကလေးအလား နူးညံ့နေသည်။ အထူးသဖြင့် နုနယ်သော မေးရိုးလေးနှင့် နှင်းကဲ့သို့ ဖြူဖွေးသော ငန်းလည်တိုင်လေးဖြစ်သည်။ အယောက်တစ်သန်းတွင် တစ်ယောက်သာ မြင်ရသော ရုပ်ရည်မျိုးနှင့် ဖြစ်သည်။
သို့ရာတွင် သူ၏မျက်လုံးက အောက်ဖက်သို့ ရွေ့သွားပြီးနောက် နက်ရှိုင်းသော တောင်တန်းနယ်မြေက ပို၍ပင် မှင်သက်ဖွယ်ကောင်းကြောင်းသိလိုက်သည်။
“ဟင်”
မုရှောင်းနွမ်ကလည်း ချန်းရန်၏ အကြည့်ကို သတိထားမိပြီး ခေါင်းကို ငုံ့ကာ ကြည့်သည်။ ချက်ချင်းပင် မျက်လုံးပြူးသွားပြီး မျက်နှာပျက်သွားသည်။
“အား”
မုရှောင်းနွမ်က ချက်ချင်းထအော်ကာ ရင်ဘတ်ကို အုပ်သည်။
ဘာလို့ ဘာလို့ စီနီယာအစ်ကိုချန်းက အဲ့လို လာပြီး ကြည့်တာလဲ ရှက်လိုက်တာ။
မုရှောင်းနွမ်က ကြောက်လွန်းသဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ သို့သော် ဟန်ချက်က ပျက်သွားပြီး မတည်မငြိမ်ဖြစ်ကာ နောက်ပြန်လဲကျသည်။
“သတိထား”
ချန်းရန်က လက်ကို ဆန့်ထုတ်ပြီး မုရှောင်းနွမ်က ခါးကို လှမ်းသိုင်းဖက်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေပြီး အရှိန်ကပင် တောင့်ခဲသွားသည်။ ချန်းရန်ကလည်း ထိုအချိန်တွင် သူ၏ နှလုံးသားက ရုတ်တရပ် ပုံမှန်ထက် ပို၍ပင် အခုန်နှေးသွားကြောင်း သိလိုက်သည်။
“အဟမ်း”
ချန်းရန်က ချောင်းအသာဟမ့်သည်။ မုရှောင်းနွမ်ကလည်းစိတ်အေးသွား သက်ပြင်းချပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသည်။ သို့သော်
ချန်းကောကောက ခုနက နည်းနည်း လှုပ်ရှားသွားတဲ့ အမူအရာမျိုးနဲ့ပဲ။
ဟွန့် ဒါတောင်မှ ငါ့ကို ညီမလေးလို့ သဘောထားတယ် ပြောနေသေးတယ်။
မုရှောင်းနွမ်ကပင် နည်းနည်းဂုဏ်ယူသွားသည်။
“ဘာလို့ ရေကို ခံစားမိတာလဲ”
ချန်းရန်က ခပ်တိုးတိုး ရေရွတ်ပြီးနောက် မုရှောင်းနွမ်ကလည်း ပြောသလောက် မကြီးကြောင်း ခံစားမိလိုက်သည်။
“ဘာ”
မုရှောင်းနွမ်က တခဏခန့် မှင်သက်သွားသည်။
“ရေ..ရေ.. ဘယ်က ရေလဲ”
သူက ငါ့ရဲ့ ရင်ဘတ်မှာ ရေတွေနဲ့လို့ ပြောချင်တာလား။
နဂိုက နည်းနည်း ဂုဏ်ယူနေသော မုရှောင်းနွမ်ကလည်း အမွှေးများ ထောင်တက်သွားသော ကြောင်ပေါက်ကဲ့သို့ ဖြစ်သွားပြီး လက်ခံရန် ငြင်းဆန်သည်။
လာစမ်းပါ။
သတ္တိရှိရင် လာပြီး ပစ္စည်းကို စစ်မှန်ခြင်း ရှိမရှိ အတည်ပြုလိုက် ပစ္စည်းက မှန်မမှန်သိရတာပေါ့။
“ယောက်ျား ငါ…”
13 06
မုရှောင်းနွမ်က စကားပြောတောမည့်အချိန်တွင် ချန်းရန်က ဖြတ်ပြောသည်။
“မင်းက ပန်းချီကား လာကြည့်တာမလား”
မုရှောင်းနွမ် “…”
“ကြည့် ငါ ဖြုတ်ပြီးတော့ ဟိုဖက်မှာ ထားပေးထားတယ်။ မင်းဘာသာမင်း သွားကြည့်လေ ဒီမှာ လုပ်စရာ ရှိသေးတယ်”
ချန်းရန်၏လက်ထဲမှ ပန်းချီကားက လက်စသပ်ပြီးလုနီးပါး ဖြစ်နေသည်။ အသေးစိတ်အခြေအနေ အနည်းငယ်သာ ကျန်တော့သည်။
“အိုး”
မုရှောင်းနွမ်က နည်းနည်းမပျော်မရွှင် ဖြစ်သွားသည်။ သို့သော် သူမက တိုက်ရိုက်ထုတ်လွှင့်နေသည့်အချက်ကို သတိရသွားပြီးနောက်တွင် နောက်မှသာ ချန်းကောကို တိတ်တဆိတ် လာတွေ့ရန် ဆုံးဖြတ်ထားသည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးက နံဘေးရှိ စားပွဲပေါ်မှ ကောင်းကင်တမျှမြင့်မားသော တန်ကြေးရှိသည့် ပန်းချီကားထံ ရောက်သွားသည်။
“ပန်းချီကားက ဒီမှာ ဒီမှာ ဒီတစ်ကြိမ် ငါနင်တို့ကို အနီးကပ်ပြပေးမယ်”
မုရှောင်းနွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ပန်းချီကားကို ချိန်ရွယ်ပြီးနောက် ထပ်မံပြသည်။
“ဖာ့ခ် စပြီ စပြီ ကောင်းကင်တမျှ မြင်မားလွန်းတဲ့ တန်ကြေးရှိတဲ့ ပန်းချီကားက ငါတို့ ရှေ့မှာပဲ”
“ရှောင်းနွမ် နည်းနည်းလောက် zoom ထည့်လိုက်ပါလား။ ဆန်ချည်မျှင်တမျှသေးငယ်တဲ့ လိုင်းကြောင်းလေးတွေ ရှိမရှိ ကြည့်ရအောင်”
“ဆရာသခင်က ဆရာသခင် ဖြစ်ထိုက်ပါပေတယ်။ ဆရာသခင်လန် ကျေးဇူးပြုပြီး မှတ်ချက်လေးချပါအုံး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပူပြင်းလာသည်။ ကြည့်ရှုသူများ အားလုံး၏ အာရုံက ပန်းချီကားထံတွင် ဖြစ်သည်။
“အာ ယောက်ျားက ဘာလို့ ဒီလောက် တန်ဖိုးကြီးတဲ့ ပန်းချီကားကို အောက်ကို ချထားတာလဲ”
မုရှောင်းနွမ်ကလည်း ထိုပန်းချီကားကို အောက်သို့ ချထားသဖြင့် ကြည့်၍ အဆင်ပြေသောကြောင့် နံရံတွင် ချိတ်ထားခြင်းက ပိုကောင်းသည်ဟု ခံစားရသည်။ ဒါပေမဲ့ ချန်းကောကောက ဘာလို့ အောက်ချထားတာလဲ မသိဘူး။
******