အခန်း ၁၄
Vol. 2 Ch. 14
14 01
အပိုင်း (၁၄) ခင်ပွန်းဖြစ်သူကို အညံ့ခံထားတဲ့ ဇနီးသည်
“ဟုတ်တယ် ဟုတ်တယ် ဒီပန်းချီကားတစ်ချပ်ကတင် ကံကို ပြောင်းလဲသွားစေနိုင်တာနော် ငါ့မှာသာရှိရင် သေချာပေါက် နေ့တိုင်းလိုလို ကိုးကွယ် ဆည်းကပ်ထားမှာ”
“ချထားတဲ့ နေရာကလည်း ဖြစ်သလိုနိုင်လွန်းတယ်။ လူကြီးမင်းလန် ဘာလို့ ထွက်လာပြီး မဆူတာလဲ”
“ဒါက အနုပညာကို မလေးစားတာပဲ။ ရှောင်းနွမ် နင့်ယောကျ်ားကို အခုချက်းချင်း ထွက်လာပြီး အခြေအနေကို ရှင်းပြခိုင်းစမ်း”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပန်းချီကား၏ မမျှတသော ဆက်ဆံခံရမှုကြောင့် ဝမ်းနည်းသွားကြသည်။ အားလုံးကလည်း ချန်းရန်ကို ရှင်းပြချက် တောင်းနေကြသည်။
“ငါ့ယောက်ျားအနေနဲ့ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်က ရှိမှာပဲလေ သူ့ကို မစွပ်စွဲနဲ့”
မုရှောင်းနွမ်က ကြောက်စရာကောင်းသော ဖိအားအောက်သို့ ရောက်နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဆရာကြီးပေါင်းများစွာ ရှိနေသေးသည့်တိုင်အောင် သူမက ချန်းရန်ကို အမြဲတစေ ကာကွယ်ပေးလေသည်။ သို့ရာတွင် မုရှောင်းနွမ်က ကင်မရာကို လှည့်လိုက်သောအခါ
“ဟင်”
မုရှောင်းနွမ်သည်လည်း ချန်းရန်က လက်ထဲတွင် ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေခြင်းဖြစ်ကြောင်း မြင်လိုက်သည်။
“ဘယ်လိုဖြစ်ပြီး ဒီပန်းချီကားက ဒီလောက်ထိ လှနေတာလဲ”
မုရှောင်းနွမ်ကပင် တစ်ချက် ကြည့်လိုက်ရုံဖြင့် လုံးဝ စွဲလမ်းသွားသည်။
လှပတဲ့ ရှုခင်းပန်းချီကား
ညအချိန် … အဝေးမှ စိမ်းလန်းသော တောင်တန်းနှင့် ကြည်စိမ်းနေသော ရေများက ညလိုက်ကာ ခြုံထားသော သတို့သမီးကဲ့သို့ လှပကာ ပြိုင်ဘက်ကင်း နေပြီး လူအများအား သူ၏အလှတရားအောက်တွင် နစ်မြုတ်သွားစေပြီး အလိုလျောက်ပင် ဆွဲဆောင်ခံရစေသည်။
အဝေးမှ ကြည့်သော် ပန်းချီကား တစ်ခုလုံးက ထည်ဝါသည်။ လူအများကိုလည်း လောက၏ ကျယ်ပြောမှုကို ခံစားမိစေပြီး အဆုံးအစမဲ့သောလျှို့ဝှက်ဆန်းကျယ်မှုနှင့် သဘာဝ မှော်ပညာကို ခံစားမိလိုက်စေသည်။
အနီးကပ်ကြည့်သောအခါတွင်လည်း အလွန်အမင်း သေးငယ်သလို ခံစားရစေသည်။ သာ့ချင်တောင်တန်းကြီးကို နေရာတိုင်းတွင် မြင်နိုင်သည်။ နေရာတိုင်းတွင် စိမ်းလန်းကာ စိုပြေနေပြီး အသက်စွမ်းအားများကိုပင် ခံစားမိနိုင်သည်။ အမှန်ပင် သိုသိပ်လွန်းသော်လည်း သဘာဝကျသည့် ပန်းချီကားမျိုးဖြစ်သည်။
“ဖာ့ခ် ဒီပန်းချီကားက တစ်ခုခုတော့ တစ်ခုခုပဲ”
“ငါ ပန်းချီတွေကို နားမလည်ပေမယ့်လည်း မြင်မြင်ချင်းတော့ သဘောကျသွားတယ်”
“ဝိုး ညအလှတရားက လှလိုက်တာ။ ငါကိုယ်တိုင်တောင် မြင်ချင်လာပြီ”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ပေါက်ကွဲသွားပြန်သည်။ ကျော်ကြားမှုက သုံးသန်းမှ လေးသန်းအထိ ထိုးတက်သွားပြီး ထိပ်တန်းအဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကျော်ကြားမှုနှင့်ပင် ယှဉ်နိုင်လာသည်။ ထို့အပြင် စပ်ဆက်နေသေးသည်။
“ဧကရာဇ် (လူကြီးမင်းလန်) : ကျေးဇူးပြုပြီး ကင်မရာကို နည်းနည်း ကပ်ပေးလို့ရမလား ငါ ဒီပန်းချီကားကို အနီးကပ်ကြည့်ချင်လို့”
“ဧကရာဇ် (လူကြီးမင်းလန်) : အလျှင်လိုတယ်။ ကျေးဇူးပြုပြီး ရှေ့ကို တိုးပေးပါ ဒီပန်းချီကားရဲ့ ဘယ်ဘက်ထောင့်လေးကို စပြပေးပါ”
“ဧကရာဇ် (လူကြီးမင်းလန်) က [တင်ဆက်သူ]ကို ဒုံးပျံသုံးခုနဲ့ ဆုချလိုက်ပါတယ်”
ကွန်မန့်များက လှုပ်ခပ်သွားသည်။ အမြဲတစေ သိုသိပ်ပြီး တိတ်တဆိတ်နေသော လူကြီးမင်းလန်ကပင် မနေနိုင်တော့ဘဲ မုရှောင်းနွမ်ကို သတိပေးရသည်။
“ဖာ့ခ် ဒီပန်းချီကားက လူကြီးမင်းလန်ကိုတောင် အံ့ဩသွားစေတာပဲ”
14 02
“ဧကရာဇ် (အချိန်များ) : သေစမ်း လူကြီးမင်းလန် သူ့ရဲ့ကိုယ်ပိုင်ပန်းချီကားကို မြင်တဲ့အချိန်တုန်းကတောင်မှ စိတ်မလှုပ်ရှားဘူးနော် ထူးဆန်းလိုက်တာ”
“ဧကရာဇ် (လူကြီးမင်းလန်) : မင်းက ဒုံးပျံတွေကို သုံးပြီး တကယ်ကို ဆွဲဆောင်တာပဲ”
သူ၏ ကိုယ်ပိုင်လက်ရာကိုမြင်ချိန်ကပင် စိတ်မလှုပ်ရှားသော အမည်မသိ လူကြီးမင်းလန်က မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်ကြောင့် စိတ်လှုပ်ရှားသွားသည်။
“ဘုရားရေ ဒီပန်းချီကားက အရမ်း အံ့ဩဖို့ကောင်းတာပဲ”
မုရှောင်းနွမ်သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူကြီးမင်းလန်၏ အပြုအမူကို မြင်သည်။ ထို့ကြောင့် သူမကိုယ်တိုင်ကပင် အံ့ဩကာ တုန်လှုပ်သွားသည်။
လူကြီးမင်းလန်ကပင် ထိုပန်းချီကားကြောင့် စိတ်ဝင်စားသွားသည်ကို ပို၍ပင် အံ့ဩရခြင်းဖြစ်သည်။ သူမကို ပို၍ အံ့အားသင့်စေသည်မှာ ထိုပန်းချီကားကို စီနီယာအစ်ကိုချန်းက ရေးဆွဲခြင်းဖြစ်သည်။
အစစ်အမှန်လူများက မျက်နှာမပြပေ။ မမျှော်လင့်ထားစွာပင် သူမ အမြဲတစေ သဘောကျသော စီနီယာအစ်ကိုချန်းက ထိုမျှ နက်နဲသော ပန်းချီ ပညာစွမ်းရည်မျိုး ရှိနေသည်။
သေချာပေါက်ကိုပဲ…
ငါ မုရှောင်းနွမ် သဘောကျတဲ့ အမျိုးသားက မရိုးရှင်းဘူးပဲ။
“ယောကျ်ား ယောက်ျား ဒီပန်းချီကားကို ပြလို့ရလား”
မုရှောင်းနွမ်က အနားသို့ ကပ်သွားသည်။ လခြမ်းကွေးပုံစံ မျက်ဝန်းတစ်စုံက ဖားလျားလိုစိတ် အပြည့်နှင့် ဖြစ်သည်။
“မရဘူးလေ ငါ ဆွဲလို့ မပြီးသေးဘူး”
ချန်းရန်က အရောင်ထည့်နေချိန်ဖြစ်သည်။ ခေါင်းပင် လှည့်မကြည့်ဘဲ ပြောသည်။
“ဟားဟား ရှောင်းနွမ် နင်လည်း တစ်ရက်မှာ အငြင်းခံရတာပဲ”
“မဟုတ်သေးပါဘူး ဟားဟား သူက အရမ်းကို တည့်တိုးဆန်လွန်းတယ်။ ရှောင်းနွမ် ရင်ကွဲသွားပြီလား”
“ရှောင်းနွမ် နင်က တအားကို စိမ်းလွန်းတယ်။ နင်က နတ်ဘုရားမပါ ဒါပေမဲ့ ဒီလိုတော့ အငြင်းခံလိုက်ရပြီ”
ထိုအခြေအနေကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက အော်ရယ်ကြသည်။
“ငါ ကြည့်လို့ မရဘူးလို့ ဘယ်သူပြောလဲ ငါတို့ လောင်းမလား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကွန်မန့်များက ပေါက်ကွဲတော့မည့် အခြေအနေကို မြင်လိုက်သည့် မုရှောင်းနွမ်က ဒေါသတကြီးပြောသည်။
“ငါနင်တို့ကို အခုပဲ ပြမယ်”
မုရှောင်းနွမ်က တစ်ဖက်ကို ဒေါသတကြီးလှည့်ပြီးချန်းရန်ကို ကြည့်သည်။
“ယောက်ျား ငါ့ကို အခွင့်ရေးလေးတစ်ခုပေးပါ။ လူကြီးမင်းလန်ကလေ ဆရာသခင်ကြီးသိလား သူကလေ ဒုံးပျံကြီးတွေ အများကြီး ပေးထားတာ”
ချန်းရန်ကို ရင်ဆိုင်ရသည်အခါ မုရှောင်းနွမ်၏လေသံကပင် နူးညံ့သွားပြီး မျက်လုံးကလည်း သနားစဖွယ် အကြည့်မျိုးနှင့် ဖြစ်သွားသည်။
“ခဏလေးပါနော်”
“ဖာ့ခ် နတ်ဘုရားမ ရှောင်းနွမ်က အရမ်းကို နှိမ့်ချလွန်းတာပဲ”
“ကျွတ်ကျွတ် အခုလေးတင်ကြမ်းတမ်းနေတဲ့ ရှောင်းနွမ် ဘယ်ရောက်သွားလဲ ဘယ်ရောက်သွားလဲ ဟမ်”
“ကြမ်းတမ်းတဲ့ အမူအရာနဲ့ ငကြောက်အဆန်ဆုံး စကားတွေကို ပြောတယ်။ ရှောင်းနွမ် မင်းပဲ”
14 03
မုရှောင်းနွမ်က အကွက်ကြီးကြီး လှုပ်ရှားတော့မည်ဟု အားလုံးက ထင်နေကြခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူသည် နူးညံ့သော အကွက်ကိုသာ သုံးသည်။
လုံးဝ မတူညီသော ဆန့်ကျင်ဘက် အပြုအမူမျိုးကို မြင်ပြီးနောက် ကြည့်ရှုသူများသည်ပင် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
ချန်းရန်က ရေးဆွဲနေသည်ကိုပင် ရပ်တန့်လိုက်သည်။ သူက ထိုကလေးမလေး၏ စူးရှသောအကြည့်ကို တစ်ချက်ကြည့်ပြီးနောက် ကူကယ်ရာမဲ့သွားသည်။
“ကောင်းပြီလေ လာကြည့်”
“ရေးးးးး”
မုရှောင်းနွမ်က သနားစဖွယ် အကြည့်လေးကို ချက်ချင်းပြန်သိမ်းလိုက်သည်။ အမူအရာကလည်း စိတ်လှုပ်ရှားမှု အပြည့်ရှိနေပြီး ကင်မရာဖက်သို့ ဗွီ ပုံသဏ္ဍာန်လုပ်ပြသည်။
“တွေ့လား ငါနိုင်တယ် ဟွန့်”
“ကျွတ် ရှောင်းနွမ်က အရည်ထူလာပြီ”
“ဟန်နီ ဟန်နီ ကြွားရဲသေးတယ်နော်”
ကြည့်ရှုသူများအားလုံးက မျက်လုံးလှန်ကြသည်။ သူတို့မြင်ရသည့် အနေအထားကတဆင့် မိသားစု အဆင့်အတန်းကို ပြောနိုင်သည်။ တင်ဆက်သူ ဒါကတင် လုံလောက်ပါပြီ။
“ဒီနည်းပညာ ဖော်ပြဖို့တောင် ခက်သေးတယ်”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မျက်လုံးကို မှေးကျဉ်းထားရင်း အနက်ရောင် မှန်ကိုင်းမျက်မှန်ကို တစ်ချက် တွန်းတင်ကာ ပန်းချီကားကို သေချာစိုက်ကြည့်သည်။
သူသည် တိုင်းပြည်မှ အကျော်ကြားဆုံး ပန်းချီဆရာ လူကြီးမင်းလန်ဖြစ်သည်။ မိုးထိုးနေသော တန်ကြေးရှိသည့် ပန်းချီကားပေါင်းများစွာကို ရေးဆွဲဖန်တီးခဲ့သည်။ ဒဏ္ဍာရီလား ဆရာသခင်ကြီးလည်းဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ပုံမှန်အားဖြင့် အများက လက်လှမ်းမမှီနိုင်သော အနေအထားမျိုးသို့ပင် ရောက်ရှိနေသည့် ပန်းချီနယ်ပယ်မှ ဆရာသခင် လူကြီးမင်းလန်က အသက်ရှူ အောင့်ထားသည်။ မျက်လုံးကိုပင် မျက်တောင် မခတ်တော့ပေ။ ကျောက်ရုပ်ကြီးနှင့်ပင် တူသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပန်းချီကားက အရိုးကဲ့သို့သော မှင်များ နှင့် အင်အားကို ကိုယ်စားပြုပြီး ပြီးပြည့်စုံစွာ ဖော်ပြထား၍ လိုင်းကြောင်းများ၏ အထူအပါး အသိစိတ်နှင့် အလှတရားများအားလုံးကို သေချာဖော်ထုတ်ပြသထားပြီး လောကနှင့် တောင်တန်းများ၏ လျှို့ဝှက်ဆန်းကျယ်မှုကို ရေးဆွဲထားလေသည်။
သူသည်ပင် ထိုမျှချောမွေ့စွာ လွတ်လပ်စွာ ဆွဲနိုင်သော စွမ်းရည်မျိုး မရှိသေးပါပေ။
“ဒီပန်းချီကားက မရိုးရှင်းဘူး။ ဘယ်သူမှတ်ချက်ပေးနိုင်လဲ”
“လူကြီးမင်းလန်ဆိုရင်ရော ပန်းချီကားရဲ့ ပုံစံကို မှတ်ချက်ပေးလို့ရမလား”
“ငါတော့ ပန်းချီကားကို နားမလည်ဘူး။ ဒါပေမဲ့ မရိုးရှင်းဘူးလို့တော့ ထင်တယ်”
ကွန်မန့်များကလည်း လှုပ်ရှားသွားသည်။ လူတိုင်းကလည်း ပန်းချီကားကို စကားလုံးအနည်းငယ်သုံးကာသာ ဖော်ပြနိုင်သည်။ သူတို့သည်လည်း ထိုပန်းချီကားကို သေချာ မထောက်ပြနိုင်သလို ခံစားနေရသည်။
“ဧကရာဇ် (လူကြီးမင်းလန်) : ဒါက ဂန္ဓဝင် ရှုခင်း ပန်းချီကားပေါ့။ စုတ်ချက်တွေက သဘာဝကျတယ်။ မျဉ်းကြောင်းတွေကလည်း တောင်တန်းနဲ့ မြစ်တွေရဲ့ ကျောရိုးကို ပြီးပြည့်စုံစွာ ဖော်ပြနိုင်တယ်။ နောက်ပြီး အရောင်ချထားတဲ့ပုံစံက ရှုပ်ထွေးလွန်းလို့ ငါတောင်မှ သူ ဘယ်လိုလုပ်ထားလဲဆိုတာကို နားမလည်နိုင်ဘူး။ အရမ်းကို သဘာဝကျပြီး စစ်မှန်လွန်းတယ်။ ငါ ဒီပန်းချီကားကိုမြင်လိုက်တဲ့အချိန်မှာ ရုတ်တရပ် ရွာဖက်မှာ နေဝင်ချိန်ကို ကြည့်ပြီး အေးအေးဆေးဆေး လမ်းလျှောက်လို့ တိတ်ဆိတ်ပြီး ငြိမ်းချမ်းတဲ့ ဘဝကို ခံစားမွေ့လျော်ရနေသလို ခံစားရတယ်။”
“ဘာ လူကြီးမင်းလန်တောင်မှ နားမလည်ဘူးတဲ့လား”
“ဖာ့ခ် ဒါက အရမ်းတော်လွန်းတာမလား။ ရှောင်းနွမ် မင်းယောက်ျားက ဘယ်သူလဲ”
14 04
“သေစမ်း လောကအသစ်.. ဒီလောက် အံ့ဩဖို့ကောင်းတာကို ရှာတွေ့လိုက်ပြီ။ နောက်ထပ် ကြီးမြတ်တဲ့ ပန်းချီဆရာတစ်ယောက် မွေးဖွားတော့မှာလား”
လူကြီးမင်းလန်က ပန်းချီလောကမှ အရိုက်အရာအာဏာကို ကိုယ်စားပြုသည်။ သူ၏ စကားလုံးများက သဘာဝကျကျပင် အမိန့်တော်ကဲ့သို့ဖြစ်သည်။ ပို၍ ဆိုးသည်မှာ ပန်းချီ ဆရာပေါင်းများစွာက ထောင်လွှားကြသည်။ သူတို့က ဘယ်လိုများ နားမလည်ဘူးလို့ ပြောမှာလဲ။
ထိုအခြေအနေကတင် အားလုံးကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
ကွန်မန့်များက “ဖာ့ခ်” “လျို့လျို့ လျို့” စသဖြင့်သာ ပြည့်နှက်သွားသည်။
“အဲ့ဒီလောက်ထိ အံ့ဩစရာကောင်းတာလား မုရှောင်းနွမ်ကပင် ထိုစကားကြားပြီး မှင်သက်သွားသည်။ သူမ၏ ခေါင်းက ဝေဝါးသွားသည်။
စီနီယာအစ်ကိုချန်းက ပုန်းကွယ်နေတဲ့ ပန်းချီဆရာကြီးလား
“လူကြီးမင်းလန် ဒီပန်းချီကားရဲ့ အဆင့်ကို မေးပါရစေ”
မုရှောင်းနွမ်က မနေနိုင်ဘဲ မေးသည်။
“ဧကရာဇ် (လူကြီးမင်းလန်) : ငါ့ထက် မနိမ့်ဘူး”
“ဝိုး”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မည်သူကမှ စကားမပြောကြတော့ဘဲ အားလုံးက ထိုင်းမှိုင်းသော မျက်လုံးဖြင့် ဝိုးသာ လုပ်ကြတော့သည်။
ငါ့ထက် မနိမ့်ဘူးတဲ့။
ရိုးရှင်းသော စကားလုံး အနည်းငယ်သာဖြစ်သည်။ သို့သော် အလေးချိန်အပြည့်ပါသည်။ ကြီးမားသော ကြောက်တုံးကြီးကဲ့သို့ လူတိုင်း၏ ရင်ထဲသို့ တိုက်ရိုက်ဖိချလိုက်ပြီး အားလုံးကို မူးဝေသွားစေသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။
လူကြီးမင်းလန်ထက် မနိမ့်ဘူး။
ပြောရမယ်ဆိုရင် ဒါကိုသာ လေလံတင်မယ်ဆိုရင် နောက်ထပ် မိုးထိုးမြင့်တက်နေတဲ့ တန်ဖိုးရှိတဲ့ ပန်းချီကား ဖြစ်လာမှာပေါ့လေ။
“ဖာ့ခ် ဖာ့ခ် ဖာ့ခ်”
“ဘုရားရေ လာနောက်နေတာလား”
“သန်းရာကျော် တန်ကြေးရှိတဲ့ လက်ရာမြောက်တဲ့ ပန်းချီကားချပ်ကြီးပေါ့”
“နောက်ထပ် ဆရာသခင် တစ်ပါး.. ကျေးဇူးပြုပြီး ဒူးထောက် ခစားပါရစေ”
မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အံ့ဩနေသော လူများကို တစ်ချက် ကြည့်သည်။ ထို့နောက် လူကြီးမင်းလန်၏ဝန်ခံချက်ကို တစ်ချက်ပြန်ကြည့်ပြီးနောက် အလွန်အမင်း အံ့ဩသွားလေသည်။
စီနီယာအစ်ကိုချန်းက မိုးထိုးမြင့်တက်နေတဲ့ ပန်းချီကားချပ်ကို ရေးဆွဲနိုင်တဲ့ လူလား။
“ယောက်ျား ယောက်ျား မရှင်းပြတော့ဘူးလား”
မုရှောင်းနွမ်၏မျက်လုံးက ကြယ်ရောင်အလား တောက်ပနေသည်။ ထိုထဲတွင် တောက်ပါသော အလင်းက အမှန်တကယ် ရှိနေပုံရပြီးချန်းရန်ကိုသာ ပြုံး၍ စိုက်ကြည့်သည်။
စီနီယာအစ်ကိုချန်းက ငါ့ကို အံ့အားသင့်စရာ ဘယ်လောက်တောင် ယူဆောင်ပေးမှာလဲ။
ဘာလို့ ဒီလောက်ထိ တော်နေရတာလဲ။
ဒါကတင် ငါ့ကို သူ့ကို ပိုပိုပြီး သဘောကျစေတယ်။
“အနုပညာဆိုတာက အဆုံးအစမဲ့တယ်။ မပြီးသေးတဲ့ လက်ရာတစ်ခုကို ဖော်ပြလို့ မသင့်ဘူး”
ချန်းရန်က ပြုံး၍ ပြောသည်။
14 05
သူသည် သူဒီအတိုင်း ဖန်တီးလိုက်သော ပန်းချီကားတစ်ချပ်က ထိုမျှအထိ အုပ်အော်သောင်းနင်း ဖြစ်သွားမည်ဟု မထင်ထားမိပေ။
“ဟန်ဆောင်နေ ဟန်ဆောင်နေ”
“သေစမ်း ဟန်ဆောင်ပြန်ပြီ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက မကျေမနပ်ဖြစ်သွားကြသည်။
“ပန်းချီကားချပ်ပဲ ဟုတ်လား”
မုရှောင်းနွမ်၏ အသံက နည်းနည်းလှုပ်သွားပြီး မျက်လုံးက တဖြတ်ဖြတ် ခတ်သွားသည်။ သူမက နည်းနည်း ဆွံ့အသွားပုံရသည်။ ယခင်က လူကြီးမင်းလန်၏ ပန်းချီကားချပ်ကိုလည်း သူက ထိုသို့ ပြောခဲ့ဖူးကြောင်း သတိရသွားသည်။
“ပန်းချီကားချပ်ပါပဲလို့ ပြောပြန်ပြီ”
မုရှောင်းနွမ်က လှပသော မျက်ဝန်းကို ပုတ်ခတ်ပုတ်ခတ်လုပ်သည်။
ချန်းရန်ကပင် မပြောနိုင်သေးခင် သူမက ချန်းရန်ကို စိုက်ကြည့်ပြီး ချွဲသည်။
“ဟားဟား ဟား ဟုတ်တယ် ရှောင်းနွမ် လုပ်တာ မှန်တယ်”
“+1 ပန်းချီကားချပ်ပဲလို့ ပြောပြန်ပြီ”
“သောက်ရမ်းကို လန်းဆန်းသွားတာပဲ တော်တယ် တင်ဆက်သူ”
မုရှောင်းနွမ်က ထိုကဲ့သို့ ပြန်လည်တိုက်ခိုက်ပြကြောင်း မြင်သောအခါ ကြည့်ရှုသူများသည်လည်း စိတ်အခြေအနေ ကောင်းသွားသလို ခံစားရသည်။
???
ချန်းရန်က နည်းနည်း စိတ်ရှုပ်သွားသည်။ သူကပင် မဖြေရသေးခင် ရှောင်းနွမ်က ရုတ်တရပ် ရယ်သည်။
“ငါလည်း ပန်းချီကားချပ်ပါပဲလို့ ထင်တယ် ဆိုတော့ ယောက်ျား ငါ့အတွက် တစ်ပုံလောက် ဆွဲပေးပါလား”
မုရှောင်းနွမ်က အနားသို့ ကပ်လာပြီးနောက် လက်ခုပ်ကို တီး၍ ကြယ်အပြည့်ရှိနေသော မျက်လုံးဖြင့် မျှော်လင့်ချက် ကြီးစွာ ကြည့်သည်။
“ဖာ့ခ် ငါ သတိမဲ့သွားတာ ငါ့ကို တင်ဆက်သူ အရူးလုပ်လိုက်ပြီ”
“ဟေး ဘုရားရေ ရှောင်းနွမ် နင် အရမ်းကို လှည့်ကွက်များတာပဲနော် နင် ငါတို့နဲ့ တစ်ဖွဲ့တည်းလို့ ထင်နေတာ”
“သေစမ်း ငါက နင့်ကို ရဲရင့်တဲ့ တိုက်ခိုက်သူလို့ ထင်နေတာ တင်ဆက်သူ နင်က ဒီလို အရံသရုပ်ဆောင်လို့ မထင်ထားဘူး”
“ဟေးဟေး လောကက ပြောင်းပြန်ဖြစ်သွားပြီ ရှောင်းနွမ် နင့်ယောက်ျားရဲ့ ငွေရောင်စွမ်းအားတွေကို ပြန်ရုတ်သိမ်းစမ်း”
မုရှောင်းနွမ်၏ အပြုအမူက အမှန်တကယ် မမျှော်လင့်ထားခြင်းဖြစ်သည်။ သူမသည်လည်း လူတိုင်းကို ကူညီကာ ချန်းရန်ကို တိုက်ခိုက်မည့် ပုံစံမျိုးဖြစ်နေလေရာ မမျှော်လင့်ထားဘဲ ချန်းရန်ကို ကူညီသူဖြစ်နေသည်။ ထိုရည်ရွယ်ချက်က ချန်းရန်အား သူမအတွက် ပန်းချီဆွဲပေးရန် ဖြစ်သည်။
ဆရာသခင် ချန်း၏ ပန်းချီကားချပ်က ကံကြမ္မာကို ပြောင်းလဲစေနိုင်သည်။ တစ်စုံတစ်ယောက်ကသာ သူမ၏ပုံကို ဆွဲပေးမည်ဆိုလျှင် စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။
“မဆွဲဘူး”
ချန်းရန်၏ နှုတ်ခမ်းက တွန့်သွားသည်။
“ငါ ဒီတစ်ပုံဆွဲလို့ မပြီးသေးဘူးလေ”
“ရတယ် ရတယ် ငါစောင့်မယ်လေ”
မုရှောင်းနွမ်က ချန်းရန်၏ အိပ်ယာပေါ်သို့ ကုန်းတက်သွားသည်။ သူမ၏လှပသော မျက်လုံးထဲတွင် ရှက်ရွံ့မှုက ပေါ်ထွက်လာသည်။
“ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် ငါလည်း ပင်ပန်းနေတာ အရင် ခဏလဲလိုက်အုံးမယ်”
******