အခန်း ၁၅
Vol. 2 Ch. 15
15 01
အပိုင်း (၁၅) ငါ့လောက်လှတဲ့ ကောင်မလေးတစ်ယောက်ကို ဘယ်သူကမဆို သေချာပေါက် ခုန်အုပ်ချင်မှာပဲ
“ငါ နင့်ကို စောင့်မယ်”
ထိုသို့ပြောပြီးသည်နှင့် မုရှောင်းနွမ်က ချန်းရန်၏ ကုတင်ပေါ်သို့ တက်သည်။
“ဖာ့ခ် တင်ဆက်သူ ကလေးလေး လုပ်တာကို တိုက်ရိုက်ထုတ်လွှင့်တော့မှာလား”
“ဆရာသခင်ချန်းက ဒါကို သည်းခံနိုင်တယ် မဟုတ်လား။ မြန်မြန်လေး အဲဒီ မှင်စာမလေးကို ဆွဲချလိုက်ပါတော့”
“ကျွတ်ကျွတ် ရှောင်းနွမ်ကတောင် ဒီလို လုပ်နေပြီး ဆရာသခင်ချန်း ဘာလို့ မင်း သူမကို ပန်းချီကားကို မဆွဲပေးလိုက်တာလဲ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများသည်လည်း ထိုစကားကိုကြားပြီး ပွက်ပွက်ဆူသွားကြသည်။ သူတို့သည်လည်း ချန်းရန်က တင်ဆက်သူအတွက် မည်သို့မည်ပုံ ဆွဲပေးမည်နည်းဟု သိချင်သွားကြသည်။
အထူးပုံသဏ္ဍာန်မျိုးများ လိုအပ်လောက်မလား။ ဒါမှမဟုတ် အနုပညာနောက်ကို လိုက်တဲ့သူအတွက် အနုပညာ သီးသန့်ချက်တွေများ ရှိမလား။
“တကယ်တော့ ငါက ရှုခင်းပုံတွေပဲ ဆွဲတာ လူပုံဆွဲရတာ မကြိုက်ဘူး”
ချန်းရန်က တစ်ဖက်ကို လှည့်လာပြီး ထိုကောင်မလေးကို ကြည့်ကာ ခါးသီးစွာ ပြုံးပြီး ခေါင်းကို အသာခါသည်။ သူသည် ရှုခင်းပုံများကို ပိုကြိုက်သည်။ စံအိမ်အပြင်ဘက်မှ ညမြင်ကွင်းထက် ပိုလှသော ရှုခင်းပုံများကလည်း မရှိသေးပေ။
“မင်းလိုချင်ရင် မင်းအတွက် ဆွဲပေးဖို့ ဆရာသခင်လန်ကို မေးကြည့်ပါလား”
ချန်းရန်က အပြုံးနှင့် အကြံပေးသည်။
“မလိုချင်ပါဘူး”
မုရှောင်းနွမ်က နည်းနည်းဆူပုတ်သွားပြီး ပြောသည်။
“ငါ ငါ့ယောက်ျားက ငါ့အတွက် ဆွဲပေးတဲ့ ပန်းချီပုံပဲ လိုချင်တာ။ ဒါမှ အဓိပ္ပာယ် ရှိမှာလေ”
“ဟားဟား ဆရာသခင်လန် မင်း အထင်သေးခံလိုက်ရပြီ”
“ရှောင်းနွမ်က ချစ်မိနေတာလေ ငါတကယ်ကို သဝန်တိုတာပဲ”
“တင်ဆက်သူ မင်းက လုံလောက်အောင် မကြီးကျယ်သေးဘူးထင်တယ်။ မင်းရဲ့ယောက်ျားလို အနုပညာရှင်မျိုးကိုတောင် မဖိတ်ကြားနိုင်ဘူး”
“ဆရာသခင်လန် ဘာလို့ ထွက်လာပြီး စကားနည်းနည်းလောက် မပြောတာလဲ”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများက အချင်းချင်း အဆက်အသွယ် လုပ်နေပြီးနောက် လူကြီးမင်းလန်ကို မှုတ်ထုတ်ကြသည်။
“ဧကရာဇ် (လူကြီးမင်းလန်) : လူကြီးမင်းချန်း မင်း ဒီရှုခင်းပုံ ပြီးသွားတဲ့အချိန်မှာ ငါမင်းရဲ့ သီးသန့်ပန်းချီပြပွဲကို တက်ရောက်လို့ရနိုင်မလား”
မမျှော်လင့်ထားစွာပင် လူကြီးမင်းလန်က ကြည့်ရှုသူများ၏ အကြောင်းအရာနောက်သို့ မလိုက်ခဲ့ဘဲ လူကြီးမင်းချန်းရန်၏ သီးသန်းပန်းချီပြပွဲအကြောင်း ပြောလိုက်သည်။
15 02
သိသာစွာပင် ချန်းရန်က သိပ်မကြာခင် ကျော်ကြားလာပြီး သူ့ထက် မနိမ့်ကျသော မျိုးဆက်သစ်မှာ ဆရာသခင် တစ်ပါးဖြစ်လာမည်ဟု ယုံကြည်နေသည်။
“သီးသန့် ပန်းချီပြပွဲလား”
ချန်းရန်က ထိုစကားကြားသွားပြီး နည်းနည်း စိတ်လှုပ်ရှားသွားသည်။ ထိုမျှလက်ရာမြောက်သော အလှတရားမျိုးကို လောကပေါ်သို့ လက်ဆင်းမကမ်းပေးလျှင် နှမြောစရာ ဖြစ်သည်။
“အင်း ဒါဆိုရင်လည်း သုံးလနေရင် ကျင်းပမယ်”
ချန်းရန်သည် ထိုအကြံရှိပြီးနောက် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဧကရာဇ် (လူကြီးမင်းလန်) : အဲ့ဒီအချိန်ကျရင် ငါ့မှာလည်း အချိန်ရှိကို ရှိလိမ့်မယ်။ ငါ လူကြီးမင်းချန်းကို ကူညီပြီး တစ်ပွဲ စီစဉ်ပေးပါမယ်”
အမည်မသိ လူကြီးမင်းလန်က ချန်းရန်ကို အတော်လေးကို စိုးရိမ်နေပုံရပြီး အဓိပ္ပာယ်အပြည့်ရှိသော စကားလုံးကို ချန်ထားရစ်ခဲ့သည်။
“ဒါဆိုရင်လည်း ပြပွဲကို မျှော်လင့် စောင့်စားနေပါ့မယ် ကြိုးစားထား ယောက်ျား”
မုရှောင်းနွမ်ကလည်း မျှော်လင့်စောင့်စားနေမိပြီး ချန်းရန်ကို အားပေးသည်။
သူမအတွက် ပန်းချီဆွဲပေးတာလား၊ ဒီအတိုင်း နောက်တာပါ။ ဘာပဲဖြစ်ဖြစ် ချန်းရန်နဲ့ သူမရဲ့ ဆက်ဆံရေးက အရမ်းကို နုနယ်တာလေ။ ဒီအတိုင်း တမင်တကာ ပြောလိုက်ရုံပါပဲ။ ထို့နောက် မုရှောင်းနွမ်သည်လည်း ကြက်စားသည့် ဂိမ်းနှစ်ပွဲကို ကစားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်သည်။
“ချန်းကော မအိပ်သေးဘူးလား”
မုရှောင်းနွမ်ကလည်း ချန်းရန်က ပန်းချီဆွဲနေသေးကြောင်း မြင်သဖြင့် သမ်းရင်းမေးလိုက်သည်။
သူမက သန်းနေသော်လည်း မုရှောင်းနွမ်က အတတ်နိုင်ဆုံး ဖုံးကွယ်ထားသေးပြီး ချန်းရန်ကို ခိုးကာ စိုက်ကြည့်နေခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေ ချန်းကောကော၏ အိပ်ယာတွင် လဲနေသောအခါ သူမသည်လည်း နည်းနည်းစိုးရိမ်မိလေသည်။
ချန်းကောကောက သူမကို အခန်းထဲကို ပြန်မောင်းထုတ်မှာလား။
“အင်း ခဏတော့ စောင့်အုံး”
“အင်း”
ချန်းရန်၏အဖြေကို ကြားပြီးနောက် မုရှောင်းနွမ်က တုံ့ပြန်ပြီး လှပသော မျက်လုံးကြီးများက ဟိုရွေ့ဒီရွေ့ဖြစ်သွားသည်။
“ဒါဆိုရင်လည်း ငါ တီဗွီစီးရီး အရင် ကြည့်နေလိုက်မယ် ချန်းကောကော ဘာလို့ အရင်ပြီးအောင် အရင် မဆွဲလိုက်တာလဲ”
“ဟေး ငါ ခဏနေရင် ချန်းကောကောကို ဘယ်လို ရင်ဆိုင်ရမလဲ မသိဘူး။”
“ရှောင်းနွမ် နင် မကြောက်စမ်းပါနဲ့ နင် ရဲရဲဝင့်ဝင့် နဲ့ နင့်ပျော်ရွှင်မှုကို ရအောင်ရှာ”
မုရှောင်းနွမ်က အပေါ်ယံတွင် တီဗွီစီးရီးကို ကြည့်နေခြင်းဖြစ်သော်လည်း စိတ်ထဲတွင်မူ ကိုယ့်ကိုယ်ကိုယ် တောက်လျှောက် အားပေးနေခြင်း ဖြစ်သည်။ မကြာခဏဆိုသလို ဖိအားအောက်မှ ထွက်ပြေးရန် ကြိုးစားချင်နေသေးသည်။
“ခူး ခလော”
15 03
မမျှော်လင့်ထားစွာပင် သိပ်မကြာခင်မှာတင် ထိုကလေးမ၏ ဖုန်းက လျောကျသွားပြီးသူမ၏ အိပ်ပျော်သွားသည်။ ဟောက်သံ သဲ့သဲ့ကိုပင် ကြားရသည်။
“ဟင်”
ချန်းရန်က စုတ်တံကို ချပြီးလှည့်ကြည့်လိုက်သောအခါ သူ၏ အိပ်ယာပေါ်တွင် အိပ်ပျော်နေသော ထိုကလေးမကို မြင်လိုက်ပြီး သူမ၏မျက်နှာပေါ်မှ ထူးဆန်းသော မျက်နှာအမူအရာမျိုးကိုလည်း မြင်ရသည်။
“ဒီကလေးမက တကယ်ပဲ ဒီည သူ့ရဲ့ အိပ်ယာပေါ်မှာ အိပ်တော့မှာလား”
“ထားလိုက်ပါတော့”
ချန်းရန်ကလည်း ထိုကောင်မလေးက အမြဲတစေ တက်တက်ကြွကြွ ရှိနေတတ်သည်။ တစ်ခါတစ်ရံတွင် မျက်နှာပြောင်လေးနှင့် ချစ်စရာလေးမှန်း သိသည်။ သူသည်လည်း ဒီအတိုင်း နှလုံးသား မမဲ့တော့ဘဲ နွမ်းနယ်စွာ အိပ်မောကျသွားသော ကောင်မလေးကို ဒီအတိုင်း ထားထားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက တမင်တကာနဲ့ သူ့ရဲ့အိပ်ယာကို သိမ်းယူတာတော့ မဟုတ်လောက်ဘူး။
“ဒါဆိုရင် ပိုပြီးတောက် သက်တောင့်သက်သာ ရှိလိမ့်မယ်”
ချန်းရန်က သူမကိုလည်း မနှောက်ယှက်ရက်ပေ။ ထို့ကြောင့် သူမ၏ကိုယ်ကို ပက်လက်လေး လှန်အိပ်နိုင်အောင် လုပ်ပေးပြီး သက်တောင့်သက်သာ ရှိသော ပုံစံမျိုးကို ပြောင်းပေးလိုက်သည်။ နောက်ဆုံးတွင် စောင့်ဖြင့် အုပ်ပေးသည်။
“ဟင်”
မုရှောင်းနွမ်က အိပ်နေသော ပုံစံ ချိန်ညှိခံရပြီးနောက် အသက်ရှူသံက ပို၍ တည်ငြိမ်သွားသည်။ သူမက ပို၍ပင် နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။
“ဟင်း ယောက်ျား”
“လှလိုက်တဲ့ ပန်းချီကားပဲ”
“အင်း ကြည့်ကောင်းတယ်”
မုရှောင်းနွမ်က အိပ်နေရင်းနှင့်ပင် ခပ်တိုးတိုး ရေရွတ်နေသေးသည်။ ချန်းရန်က ထွက်သွားတော့မည့်အချိန်တွင် ထိုစကားများကို ကြားလိုက်သည်။ အိပ်ပျော်နေသော မုရှောင်းနွမ်၏လှပသော မျက်နှာက နည်းနည်းရဲနေသည်။ နုနယ်သော မျက်နှာလေးက ပြီးပြည့်စုံသည်လည်း နတ်သမီး ပုံပြင်ထဲမှ အိပ်ပျော်နေသော အလှလေးနှင့် တူသည်။
ထိုအခိုက်အတန့်တွင် သူမသည် တိတ်ဆိတ်သော အလှလေး အမျိုးအစားဖြစ်သည်။
“ပန်းချီကားကို ဒီလောက်တောင် လိုချင်တာလား”
ချန်းရန်က သူမကို အချိန်တန်ကြာအောင် စိုက်ကြည့်သည်။ ထို့နောက် ကူကယ်ရာမဲ့သလို ကြည့်သည်။
“ဒီကောင်မလေးက ပန်းချီကားကို ဒီလောက်ထိ စိတ်ဝင်စားနေမယ်လို့ မထင်ထားဘူး”
ထို့နောက် သူသည်လည်း သူမ၏ နံဘေးတွင် တိတ်တဆိတ် ထိုင်နေပြီး ပန်းချီဆွဲ ဘုတ်ပြားအသစ်တစ်ခုကို ပြောင်းတင်လိုက်သည်။
နောက်တစ်နေ မနက်ခင်း
မုရှောင်းနွမ်က တဖြည်းဖြည်း နိုးလာပြီးနောက် အိပ်ချင်နေသော မျက်လုံးကို ပွတ်ကာ အိပ်ယာထဲမှ ကုန်းထွက်သည်။
15 04
“သက်တောင့်သက်သာ ရှိလိုက်တာ။ ငါ မနေ့ညက ကောင်းကောင်း အိပ်ပျော်သွားပါလိမ့်”
မုရှောင်းနွမ်က ပြတင်းပေါက်ဖက်မှ ဝင်လာသည့် တောက်ပသော နေရောင်ကို ကြည့်ပြီးနောက် တော်တော်လေးကို တက်ကြွနေသည်။
တစ်ညလုံး အားဖြည့်ခံလိုက်ရသလိုပဲ။
“ဟင် နေပါအုံး”
မုရှောင်းနွမ်က ရုတ်တရပ် အခန်းက မှားယွင်းနေကြောင်း သိလိုက်သည်။
“ငါ မနေ့က ချန်းကောကောရဲ့ အိပ်ယာထဲမှာ အိပ်ပျော်သွားတာလား”
မနေ့ညက…
မုရှောင်းနွမ်ကလည်း မနေ့ညက သူမသည် ချန်းကောကော၏အိပ်ယာပေါ်တွင် အိပ်ပျော်သွားမှန်း မှတ်မိသွားသည်။ ကြုံရာကျပန်း တွေးရင်း အိပ်ပျော်သွားသည်။
“မုရှောင်းနွမ် မုရှောင်းနွမ် နင်က ဒီလိုမျိုးတောင် အိပ်ပျော်သွားသေးတယ် နင်က ဝက်ပဲ”
မုရှောင်းနွမ်က စောင်ကို ဖက်ပြီး ရှက်ရွံ့စွာနှင့် ခေါင်းကို အုပ်ထားသည်။
“ဟင်”
မုရှောင်းနွမ်သည် ရုတ်တရက် စောင်ပေါ်မှ အနံ့ကို ရလိုက်သည်။
“…”
မုရှောင်းနွမ်က နှစ်ကြိမ်ခန့် နှာခေါင်းတရှုံ့ရှုံ့ လုပ်ကြည့်သည်။
“အင်း ဟုတ်တယ် ဒီအနံ့ ဒါက ချန်းကောကောရဲ့အနံ့”
မုရှောင်းနွမ်၏ မျက်ဝန်းထဲတွင် အလင်းများရှိသည်။
“အင်း”
သူမက တဖြည်းဖြည်း ရှိုက်သွင်းလိုက်ပြီးနောက် ရစ်မူးသွားပုံပေါ်သည်။
“ချန်းကောကောက ဒီလောက် ချောတာ အနံ့ကပါ ဒီလောက်ထိ ကောင်းမယ်လို့ မထင်ထားဘူး”
“မင်း ဘာလုပ်နေတာလဲ”
ရုတ်တရပ် သူမ၏ နားထဲတွင် အသံတစ်သံက ထွက်လာသည်။ မုရှောင်းနွမ်က ရုတ်တရပ် လန့်သွားသည်။သူမသည် အရှေ့မှ ချန်းရန်ကို အံ့အားတကြီး ကြည့်လိုက်ပြီးနောက် ထအော်သည်။
“အား”
စူးရှသောအော်သံက စံအိမ်ကြီးတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားပြီးနောက် မုရှောင်းနွမ်ကလည်း ခေါင်းကို စောင်ဖြင့် အုပ်လိုက်သည်။
အချိန်တန်ကြာပြီးနောက် မုရှောင်းနွမ်သည် စောင်ကို တိတ်တဆိတ် ပြန်ဆွဲလိုက်ပြီးနောက် လှပသော မျက်ဝန်းတစ်စုံကို ထုတ်ပြသည်။
“အင်း အာ…စီနီယာအစ်ကိုချန်း ငါ နင့်ကို မခြောက်လိုက်ပါဘူးနော် ဟုတ်တယ်မလား”
15 05
မုရှောင်းနွမ်က မဲမှောင်သောမျက်နှာနှင့်ချန်းရန်ကို မြင်သောအခါ လေသံတိုးတိုးနှင့် ပြောသည်။
“ငါက မင်းဘာသာ မင်းပဲ အလန့်လွန်ပြီး ကြောက်သွားမှာ စိုးရိမ်နေတာ”
ချန်းရန်က တစ်ချက် ရယ်လိုက်သည်။ သူသည်ပင် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
ဒီကောင်မလေးက တကယ်ကိုရူးကြောင်ကြောင်နဲ့ ချစ်စရာလေး။
“ထ ထ…ထ မျက်နှာသစ်ပြီး မနက်စာစားရအောင် ငါ ဒီနေ့ အပြင်သွားမလို့”
“အပြင်သွားမယ်”
မုရှောင်းနွမ်က မရှက်တော့ဘဲ ချက်ချင်းထသည်။
“စီနီယာအစ်ကိုချန်းက ဘယ်သွားမှာလဲ”
မုရှောင်းနွမ်သည်လည်း ချန်းရန်က သူမကို စံအိမ်ကြီး၏ စိုက်ခင်းမြေအနောက်ဖက်ရှိ တောင်တန်းများ၏ တောင်ခြေနားသို့ ခေါ်သွားကြောင်း မြင်လိုက်ပြီး သိချင်စိတ် ပြင်းပြစွာမေးသည်။
“အိမ်ကို ကြည့်ဖို့ လူရှာရမယ်လေ”
ချန်းရန်က တစ်ချက် လှည့်ကာ ရှင်းပြသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အနီးအနားရွာကနေတဆင့် ဒီတောင်ပေါ်မှာ စွန့်ပစ်ပါပီ တစ်ကောင်ရှိတယ်လို့ ကြားထားတယ်”
“ပါ…ပါပီ”
မုရှောင်းနွမ်၏ မျက်ဝန်းက ချက်ချင်းတောက်ပသွားပြီး ချန်းရန်ကို တအံ့တဩပြောသည်။
“…”
ထိုစကားကို ကြားပြီး ချန်းရန်က မျက်မှောင်ကြုတ်သည်။ ထို့နောက် မုရှောင်းနွမ်ကို သေချာပြန်ကြည့်သည်။
မုရှောင်းနွမ်က နှုတ်ခမ်းကို အသာအုပ်လိုက်ပြီး လှပသော မျက်လုံးကြီးများက တစ်ချက်လှုပ်သွားသည်။ ထို့နောက် သူမက ခပ်မြန်မြန် ပြောသည်။
“ချန်းကော ငါ…ငါ…ငါ ကောကို ပြောတာ မဟုတ်ပါဘူး”
ချန်းရန်၏ မျက်လုံးက တစ်ချက် လှုပ်သွားသည်။ သူ၏ မျက်နှာက အနက်ရောင်အစင်းကြောင်းများ ပြည့်လာသည်။
ငါ ဒီကောင်မလေးကို တင်ပါးကို ခပ်စပ်စပ်လေး ရိုက်ချင်လာပြီ။
ဒီနေ့ တောင်ပေါ်သို့ တက်ရရန် အလို့ငှာ ထိုကောင်မလေးက ဝတ်စုံကို အထူးတလည် လဲလာသည်ဟု ပြောရပေမည်။ သူမသည် ကောင်းကင်ပြာရောင် ဂျင်းဘောင်းဘီကို အဖြူရောင် ရှပ်နှင့် တွဲဝတ်ထားပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းက ထင်းထွက်နေသည်။ ထို့အပြင် အဖြူရောင် sneaker နှင့်လည်း တွဲဖက်ဝတ်ထားတာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်နှင့် အမြင့်လေး ထုံးစည်းထားလေရာ အတော်လေးကို လန်းဆန်းတက်ကြွပုံလေး ဖြစ်သည်။
ရှုခင်းတွေအတိုင်းပဲ လှတယ်။
“မင်း ဘာလို့ မပြန်လိုက်တာလဲ။ တကယ်တော့ တောင်ပေါ်က လမ်းလျောက်ရလွယ်တာ မဟုတ်ဘူး။ ပိုးကောင်တွေ ပုရွက်ဆိတ်တွေလည်း ရှိသေးတယ်။ ကောင်မလေးတွေအတွက် မသင့်တော်ဘူး”
15 06
ချန်းရန်က ဖျောင်းဖျသည်။ သူသည်လည်း သူမ တစ်စုံတစ်ရာ ဖြစ်သွားမည်ဟု အမြဲတစေ ခံစားနေရသည်။
“ဟွန့် ဒီနေရာကို ရောက်နေမှတော့ ဘာလို့ လမ်းတဝက်နဲ့ လှည့်ပြန်ရမှာလဲ”
မုရှောင်းနွမ်၏ စိတ်က အလွန်ခိုင်မာသည်။
“နောက်ပြီး ငါက တောင်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်အုံးမှာ။ မိုဘိုင်းဖုန်း ဆယ်လ်ဖီကင်မရာ၊ ဆယ်လ်ဖီစတစ် အရာအားလုံး ရှိတယ်လေ”
ကြည့်ရတာ ကောင်မလေးက ပြင်ဆင်လာတာပဲ။
“ကောင်းပြီလေ ဒါဆိုရင်လည်း မင်း ငါ့နောက်ကနေ လျှောက် ဒါပေမဲ့ သုံးမီတာထက်တော့ ပိုမဝေးစေနဲ့”
မုရှောင်းနွမ်ကအား နည်းပုံလေး ဖြစ်သည်။ သို့သော် သူမ၏ စိတ်ကမူ အလွန်ခိုင်မာသည်။ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သည်နှင့် ပြောင်း၍ မရတော့ပေ။ ထို့ကြောင့် ချန်းရန်ကလည်း ရွေးချယ်စရာ မရှိလေဘဲ သူမကို နာနာခံခံနှင့် လိုက်ခိုင်းရသည်။
“ဟုတ်ကဲ့ ဆရာ”
မုရှောင်းနွမ်က ဆိုးနွဲ့သလိုလေး ပြုံးပြီး လျှာလေးကို ထုတ်ပြသည်။ ထို့နောက် ဖုန်းကိုထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်သည်။
“ဘုရားရေ ရှောင်းနွမ် အနားမှာ သစ်ပင်တွေ အများကြီးပဲ”
“ဘာလို့ တောထဲကို ရောက်နေသလို ခံစားရတာလဲ။ ရှောင်းနွမ်က ဘယ်မှာလဲ”
“ကြည့်စမ်း ကြည့်စမ်း ဒီ…ဒီနေရာက တောနဲ့ တူတယ်နော်။ အခု တောထဲမှာ ရှင်သန်နေထိုင်ပုံကို သရုပ်ပြတော့မှာလား”
မုရှောင်းနွမ်က အင်အားအပြည့်နှင့် ကင်မရာထဲတွင် ပေါ်လာပြီး ပြောသည်။
“ဘာကို တောထဲမှာ ရှင်သန်နေထိုင်ပုံကို သရုပ်ပြရမှာလဲ။ ဒါက တောထဲမှာ လမ်းလျှောက်တာ လေကောင်းလေသန့် ရှူတာလေ”
“ကျွတ် ဟန်ဆောင်နေပြန်ပြီ”
“ဟုတ်တယ် ဟုတ်တယ်။ အန္တရာယ် ကြုံတဲ့အခါ ထမအော်နဲ့နော်”
“တောက အရမ်းကို စိမ်းလန်နေတာ။ ဒါပေမဲ့ တစ်ချက် ကြည့်လိုက်ရုံနဲ့ အရမ်းကို အန္တရာယ်များမဲ့ပုံပဲ။ ရှောင်းနွမ် သေချာ ဂရုစိုက်ရမယ်နော်”
မုရှောင်းနွမ်က ဂရုမစိုက်ပေ။ သူမက စကားပြောတော့မည့်အချိန်တွင် ချန်းရန်က ဖြတ်ပြောသည်။
“ရှူး အသံကြားလား”
“ဘာအသံလဲ”
မုရှောင်းနွမ်၏ နှလုံးသားက ရုတ်တရပ် တင်းကြပ်သွားသည်။
“ချန်းရန်က ခြေဖျားထောက်ကာ အရှေ့သို့ သွားသည်။ မုရှောင်းနွမ်က အနောက်မှ ကပ်လိုက်သွားသည်။
“ဝု”
ခပ်စူးစူးအော်သံလေးက ထွက်လာသည်။ မုရှောင်းနွမ်၏လက်ဖဝါးက နည်းနည်း တုန်သွားသည်။ မျက်နှာက ဖြူစုတ်သွားပြီး သေအောင် ကြောက်သွားသည်။
15 07
“တွေ့ပြီ တွေ့ပြီ ဒီကောင်လေးပဲ”
ချန်းရန်ကလည်း အံ့ဩသွားသည်။ သူသည် ဆောင့်ကြောင့်ထိုင်ပြီး အရှေ့ဖက်သို့ လှမ်းကြည့်သည်။ ထိုအခါ သူ၏ အရှေ့ဖက် သစ်ပင်ကြီး အောက်ဖက်တွင် အဝါရောင် ပါပီလေးတစ်ကောင် လဲနေကြောင်း မြင်ရသည်။ သို့ရာတွင် သူ၏ ပုံစံလေးက သိသိသာသာပင် ဒဏ်ရာရထားခြင်းဖြစ်သည်။ ခြေထောက်တစ်ဖက်က ထိခိုက်နေပြီး ထိုနေရာတွင်သာ လဲနေနိုင်ကာ သူစိမ်းမြင်သည်နှင့် လှမ်းအော်ခြင်း ဖြစ်သည်။
“အိုး သနားစရာ ကောင်းတဲ့ ကလေးလေး ဘယ်လိုများ ဒဏ်ရာရသွားတာလဲ”
လက်တစ်ဝါး အရွယ်အစားခန့်သာရှိသော ထိုအကောင်သေးသေးလေးကို မြင်သောအခါ မုရှောင်းနွမ်က အလွန်သနားသွားသည်။ ထို့အပြင် ထိုကောင်လေး၏ ခြေထောက်က ဒဏ်ရာရထားပြီး ခန္ဓာကိုယ်ကလည်း ပိန်ကပ်နေသည်။ သူမက စိတ်မကောင်း ဖြစ်သွားပြီး အနားသို့ တက်သွားလိုသည်။
“ဘာလုပ်မလို့လဲ”
ချန်းရန်က ရုတ်တရပ် တားသည်။
“ဒါကို အိမ်ပြန်ခေါ်လာမယ်လေ”
မုရှောင်းနွမ်က ပဟေဠိ ဖြစ်သလို ပြောသည်။
“ငါတို့ သူ့ကို ခေါ်လာမှာ မဟုတ်ဘူးလား”
ချန်းရန်၏ မျက်နှာက ထူးဆန်းသည်။
“သူက နင့်ကို လိုချင်မှ လိုမှာလေ”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
မုရှောင်းနွမ်က မယုံကြည်နိုင်ပေ။ သူမ၏ လှပသော မျက်လုံးကို ယုံကြည်မှု အပြည့်နှင့်ဝင့်ရင်း ပြောသည်။
“ငါ့လောက် ချစ်စရာကောင်းပြီး လှပတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ ငါ့ကို မြင်တာနဲ့ ဘယ်သူက မခုန်အုပ်ချင်မှာလဲ”
“ဒါဆိုရင်လည်း စမ်းကြည့်လေ”
ထိုကောင်မလေးက စိတ်လှုပ်ရှားပြီး ယုံကြည်မှု ရှိနေပုံရကြောင်း မြင်သောအခါ ချန်းရန်ကလည်း စနောက်လိုသော အကြည့်မျိုးနှင့် ပြောလိုက်သည်။
“အချစ်လေး လာလာ လာ ကျဲကျဲ ဆီကို လာ”
မုရှောင်းနွမ်က ကြင်နာကာ ညင်သာသောအပြုံးမျိုးကို ချိတ်ဆွဲပြီး ထိုပါပီလေးအနားသို့ ချဉ်းကပ်သွားလိုက်သည်။
******