အခန်း ၁၆
Vol. 2 Ch. 16
16 01
အပိုင်း (၁၆)
“ဝု ဝု ဝု ဝု”
လက်ဖဝါးခန့် အရွယ်အစားသာရှိသော အဝါရောင်ခွေးပေါက်လေးက ဆန့်ထွက်လာသော မိစ္ဆာလက်သည်းကို ကြည့်ပြီး ကြောက်လန့်တကြားအော်သည်။ ခြေတံလေးများက ကျုံ့သွားပြီး အနောက်ဖက်သို့ ဆုတ်ရင်း ရုန်းကန်သည်။
“ဟားဟား ဟားဟား ရှောင်းနွမ် မင်း ခွေးကို ဘယ်လောက်တောင် ခြောက်လိုက်တာလဲ ကြည့်စမ်းပါအုံး”
“ရယ်ရလိုက်တာ ရှောင်းနွမ် ခွေးကို သွားမခြောက်နဲ့ လာ ထွက်လာခဲ့”
“ကျွတ် ကျွတ် ကျွတ် ဘယ်နေရာက ချောတာ။ ဘယ်နေရာကလှပြီး ဘယ်နေရာက ညင်သာတာများလဲ ဒီလိုမျိုးလား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ရယ်သံများနှင့် ပြည့်နှက်သွားသည်။ ထိုအခြေအနေက မုရှောင်းနွမ်ကို အလွန်အမင်း မျက်နှာ ပူသွားစေသည်။
“အချစ်လေး ဒီလို မြန်မြန်လာလေ ကျဲကျဲက ဒေါသထွက်တော့မှာနော်”
မုရှောင်းနွမ်က မျက်နှာကို မထိန်းနိုင်တော့ပေ။ ထို့ကြောင်း နည်းနည်း စိုးရိမ်စိတ်များလာပြီး ရှေ့သို့ အပြေးသွားသည်။
“အာဝု အာဝု အာဝု…”
အဝါရောင် ခွေးပေါက်လေးက ဆိုးဆိုးရွားရွားအော်ပြီး ထခုန်သည်။ သို့သော်သူ၏ ခြေထောက်ဒဏ်ရာကြောင့် မလွှတ်မြောက်နိုင်ပါပေ။
“မိပြီ”
မုရှောင်းနွမ်က ခပ်ခပ်မြန်မြန် လှုပ်ရှားပြီး ဆောင့်ကြောင့် ထိုင်ချလိုက်ကာ သူ့ကို လှန်းဆွဲသည်။
“အာဝု”
အဝါရောင်ခွေးပေါက်လေးက ရင်ကွဲနာကျသကဲ့သို့ အော်ဟစ်ပြီး မျက်လုံးလေးက ပြူးကျယ်သွားကာ ခြေလက်များကို ရုန်းကန်ပြီးနောက် တိုက်ရိုက်ပင် သတိလစ်သွားသည်။
“အမ် ဘာဖြစ်သွားတာလဲ”
မုရှောင်းနွမ်က မင်သက်သွားသည်။
“ရုတ်တရပ် လဲကျပြီး မလှုပ်တော့ဘူးလား။ အဟား ဟား ငါ ရယ်ရလို့ သေတော့မယ် သတိလစ်သွားအောင် ခြောက်လိုက်တာပဲ”
“ရှောင်းနွမ် မင်းက ဒီလို လူမျိုးလို့ မထင်ထားဘူး”
“ဟေး ရှောင်းနွမ် ရှောင်းနွမ် အနာဂတ်မှာ ညင်သာမှုနဲ့ မပတ်သက်နဲ့တော့နော်”
ထိုအခြေအနေက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများကို သေအောင် ရယ်စေသည်။ မုရှောင်းနွမ်က အပြစ်ကင်းစင်သော မျက်နှာလေးနှင့် ချန်းရန်ကို အကူအညီတောင်းရန် လှည့်ကြည့်သည်။
“ယောက်ျား သူသေချာပေါက်…”
“အာဝု…”
သို့သော် သူမ၏ စကား မဆုံးလိုက်သေးခင် အောက်ဖက်မှ ခွေးက ရုတ်တရပ် ထထိုင်ပြီး မုရှောင်းနွမ်၏ ခြေမျက်စိကို လှမ်းကိုက်သည်။
“အား…”
မုရှောင်းနွမ်က ချက်ချင်းဆိုသလို အံ့ဩကာ မျက်နှာက ဖြူစုပ်သွားပြီး ထအော်သည်။
“အား လွှတ်လွှတ် လွှတ် အား ယောက်ျား ကယ်ပါအုံး”
မုရှောင်းနွမ်က ဆိုးဆိုးရွားရွားကို အော်ဟစ်သည်။ လှပသော မျက်နှာလေးက ဖြူစုတ်သွားသည်။
“ခွေးကိုက်ခံလိုက်ရပြီလား”
ကြည့်ရှုသူများကပင် မှင်သက်သွားသည်။
“ငါ ကြည့်ပါရစေအုံး”
ချန်းရန်က လည်း ချက်ချင်း သွားစစ်ကြည့်လိုက်သည်။ တစ်ချက် ကြည့်ပြီးနောက် မုရှောင်းနွမ်ကို ထူးဆန်းသော အကြည့်မျိုးနှင့် မော့ကြည့်သည်။
“မင်းကို သူမကိုက်လိုက်ဘူး ဘောင်းဘီပဲ ကိုက်လိုက်တာ”
ချန်းရန်က ရယ်သံမျိုးနှင့် ပြောသည်။
16 02
“အာ”
မုရှောင်းနွမ်လည်း စိတ်ပျက်အားငယ်စွာ အကူအညီတောင်းနေရင်းမှ ရုတ်တရပ် မှင်သက်သွားသည်။ ထို့နောက် အမှန်တကယ် မနာနေကြောင်း သိလိုက်သည်။
“ဟင် ဘောင်းဘီပဲလား”
မုရှောင်းနွမ်က ဘောင်းဘီကို ဆွဲလိုက်သည်။ အမှန်ပင် ဘောင်းဘီစလေးကိုသာ ထိုခွေးလေးက ဆွဲထားခြင်းဖြစ်သည်။ ဘာမှဆက်မဖြစ်လာပါပေ။ အာ…ချစ်စရာကောင်းလိုက်တာ။
“အား ငါရယ်ရလို့ သေတော့မယ်။ တင်ဆက်သူ မင်းက သရုပ်ဆောင်တာ အရမ်းတော်တာပဲ”
“ကျွတ် ကျွတ် တကယ်ကို ကြောက်ဖို့ကောင်းပါလား ခွေးထက်တောင် ရဲရင့်သေးတယ် ငါတို့ရဲ့ ရှောင်းနွမ် ဖြစ်ထိုက်ပါပေတယ်”
“အခုလေးတင် မကြောက်ဘူးလို့ ပြောလိုက်သလားလို့ ပြီးတော့ ခွေးထွက်တောင် ပိုကြောက်နေတယ်”
“မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး ငါသေအောင် ရယ်နေရတာ အစာအိမ်တောင် အောင့်လာပြီ။ ငါ ခဏနေမှ ရှောင်းနွမ်အတွက် emoji com package လေး လုပ်ပေးမယ်”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ရယ်သံများနှင့် ပြည့်နှက်နေသည်။ မုရှောင်းနွမ်၏ လှပသောမျက်နှာက နီလိုက်၊ခရမ်းရောင်ပြောင်းလိုက် ဖြစ်နေသည်။ သူမသည်လည်း ခွေးတစ်ကောင်၏ အရူးလုပ်ခံရမည်ဟု မထင်ထားပေ။
ဝုတ်
သိပ်မဝေးသော တစ်နေရာမှ အဝါရောင်ခွေးလေးက လွှတ်သွားသည်နှင့် ဘေးသို့ တရွှတ်တိုက်သွားသည်။ ထို့နောက် တွန်းနိုင်သော အနေအထားမျိုးနှင့်အတူ မုရှောင်းနွမ်ကိုလည်း လှမ်းကာ ဟောင်သေးသည်။
အာ…ငါ ဒေါသထွက်လိုက်တာ
ထိုကောင်လေးက ဟောင်နေသေးကြောင်း မြင်သောအခါ မုရှောင်းနွမ်ကလည်း ဒေါမြင့်ဖိနပ်ဖြစ် လှမ်းကောက်ပစ်ချင်သွားသည်။
မဟုတ်သေးပါဘူး။ ဒီနေ့ sneaker စီးလာတာပဲ ဒေါက်မြင့်မှ မဟုတ်တာ။
“ငါလုပ်မယ်”
ချန်းရန်က နူးညံ့စွာ ပြုံးသည်။ ထိုခွေးလေးက သတိကြီးရုံသာ ဖြစ်သည်။ ယဉ်ပါးရန်လည်း လွယ်သည်။
“ယောက်ျား ထားလိုက်ပါတော့ ဒီကောင်က တော်တော်ကြမ်းတယ်”
မုရှောင်းနွမ်က ချန်းရန်၏ အဝတ်ထောင့်နားလေးကို လှမ်းဆွဲပြီး စိုးရိမ်သလို ပြောသည်။
“+1 ဆရာသခင်ချန်း ဒီခွေးက စွန့်ပစ်ခံထားရတာ ဖြစ်မယ်နော် စိတ်တအားကြီးတယ်”
“ထားလိုက်ပါတော့ သူ့ကို မစပါနဲ့တော့ ကိုက်လိုက်ရင် မကောင်းဘူး”
“ခွေးက ဒီလောက် ပိန်ကပ်နေတာ။ နောက်ပြီးဒီလောက်တောင် ကြမ်းတမ်းနေသေးတယ် ကိုင်တွယ်ရမလွယ်ဘူး”
“ရိုးရိုးသားသား ပြောရရင် ရှောင်းနွမ်က တကယ်တော့ ညင်သာပြီး ချစ်စရာကောင်းပါတယ်။ ဒါတောင်မှ ဒီခွေးက မရင်းမနှီး ဆက်ဆံတယ်”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများကလည်း ချန်းရန်ကို သိပ်အထင်မကြီးကြပေ။ မည်သို့ပင်ဆိုစေ ရွာတွင် ဒီလို ခွေးမျိုးသာ ရှိပါက အဝေးမှနေ၍ အိမ်တံခါးမှ ဖြတ်သွားမည် ဆိုလျှင်ပင် သေအောင် လိုက်ပြီး ဟောင်ပေလိမ့်မည်။ ယဉ်ပါးရန်လည်း မလွယ်ကူပါပေ။
“ဟိုကောင်လေး ဒီကိုလာ”
သို့သော် ချန်းရန်က မကြောက်ပေ။ ထိုအခိုက်အတန့်တွင် သူ၏ သားရဲ ယဉ်ပါးစေသော စွမ်းရည်က တိတ်တဆိတ် အသက်ဝင်သွားသည်။ ထိုအခိုက်အတန့်တွင် သူဟာ ထိုခွေးကို ကြည့်နေချိန်တွင် အခြားသော သူ၏ကြောက်ရွံ့မှုနှင့်ဒေါသကို ခံစားမိသည်။ ထိုကောင်လေးကလည်း စွန့်ပစ်ခံထားရသည့် နာကျင်မှုနှင့် လှည့်လည်သွားလာပြီး ဒုက္ခခံစားရသော ခံစားချက်များကို မြိုသိပ်ထားခြင်းဖြစ်သည်။
16 03
ချန်းရန်၏မျက်လုံးက နှစ်သိမ့်မှုများအပြင် ရှင်းပြရန် ခက်ခဲသော နွေးထွေးမှုများနှင့် ပြည့်နှက်သွားလေရာ သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေသည့် ခွေးသေးသေးလေးကို တည်ငြိမ်သွားစေသည်။
“ဝု”
ခွေးက စိတ်ရှုပ်ထွေးသလို လှမ်းဟောင်သည်။ သူသည်လည်း နည်းနည်း စိတ်ရှုပ်နေသေးပုံ ရသည်။ သို့သော် တဖြည်းဖြည်း ယဉ်ပါးလာသည်။
“လာလာ လာ ဒီကိုလာ အနာဂတ်မှာ ဘယ်သူကမှ မင်းကို အနိုင်မကျင့်တော့ဘူး”
ချန်းရန်က လက်ကို အသာယမ်းလိုက်ပြီး ခွေးအပေါ်သို့ သူ၏ကောင်းချင်စိတ်ကို ဖော်ပြသည်။ တစ်ချိန်တည်းတွင်ပင် သူ၏လက်ထဲမှ ပေါက်စီ၏ အစာလေးများကို အသာချပေးလိုက်သည်။
ဝု
ထိုအဝါရောင်ခွေးလေး၏မျက်လုံးထဲတွင် အလင်းရောင်တစ်ချက်က ဖြတ်ပြေးသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏မကျေနပ်မှုက လုံးဝပျောက်သွားပြီး ချန်းရန်ရှိရာ နေရာသို့ အမြှီးကို ယမ်းခါ၍ ခုန်ဆွ ခုန်ဆွလာသည်။
“လာ ဖြည်းဖြည်း စားပါအုံး”
ချန်းရန်ကလည်း ထိုခွေးသေးသေးလေးကို အသာပုတ်ပေးသည်။ ထိုခွေးလေးကလည်း မြေပြင်မှ ထိုပေါက်စီ အစာလေးများကို စားနေသည်။ သူက အလွန်ယဉ်ပါးပုံ ပေါ်သည်။
ဝု
စားသောက်ပြီးနောက်တွင် ထိုအကောင်လေးက ခေါင်းကို မော့လာသည်။ အမြှီးလေးကို ယမ်းပြီး လျှာကို ထုတ်၍ ချန်းရန်ဆီက အစာထပ်တောင်းသကဲ့သို့ ခြေထောက်လေးကိုခါပြသည်။
“မင်း ဘာလို့ မစမ်းကြည့်တာလဲ”
ချန်းရန်က မုရှောင်းနွမ်အား ကျန်သော မုန့်ကို ပေးသည်။
“ငါ လုပ်လို့ ရလား”
မုရှောင်းနွမ်က ယုံကြည်မှု အများကြီး မရှိပါပေ။ သို့သော် ချန်းရန်၏ အားပေးသော အကြည့်အောက်တွင်ပင် သူမက မုန့်စ နည်းနည်းကို ဖဲ့လိုက်ပြီး ထိုကောင်လေး အတွက် ချပေးသည်။
“တကယ်အလုပ်ဖြစ်တာပဲ”
ထိုကောင်လေးက ရန်လိုမှု မရှိတော့ကြောင်း မြင်သောအခါ မုရှောင်းနွမ်၏ စိတ်အခြေအနေက ပူပန်မှုမှ ပျော်ရွှင်မှုသို့ ပြောင်းသွားသည်။ သူမသည် ခွေး၏ ခေါင်းကိုပင် အသာပုတ်ပေးသေးသည်။ အဝါရောင်ခွေးလေးကလည်း ပျော်ရွှင်မှု အပြည့်နှင့် လက်ကို လာပွတ်သည်။
“ဖာ့ခ် တကယ်ယဉ်ပါးသွားပြီ”
“သေစမ်း တော်လိုက်တာ ဘာလုပ်သွားမှန်းတောင် ငါမသိလိုက်ဘူး [ခွေးကောင်း]”
“သန်မာတယ် သန်မာတယ် သန်မာတယ်။ ငါ အညံ့ခံပါတယ် တင်ဆက်သူ ငါ မင်းရဲ့ ယောက်ျားအတွက် ဒူးထောက်ပါတယ်”
[ရေဘဝဲ အစ်ကိုကြီး]က [တင်ဆက်သူကို ] ဒုံးပျံ x1 ဆုချလိုက်ပါတယ်။
ထို့နောက် သူသည် စာတစ်စောင်ကို ချန်ထားရစ်ခဲ့သည်။ : ခွေးနဲ့ ဓာတ်ပုံ ရိုက်ရအောင်။
[ပျန်းဖူ ပစ်ခတ်ခြင်း] က [တင်ဆက်သူ]ကို ဒုံးပျံကြီး x3 ကို ဆုချပါတယ်။ ထို့နောက် စာတစ်စောင်ချန်ခဲ့ပါတယ် : ခွေးကို ယဉ်ပါးအောင် ဘယ်လိုလုပ်ရမလဲ ဆရာသခင်ချန်း ငါ့ကို နည်းလမ်း နည်းနည်း ပေးလို့ရမလား။ ငါတို့ရွာက ခွေးတွေကို ငါ အသေကြောက်တာ။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက အတော်လေးကို စည်ကားသွားသည်။ လူဆယ်ယောက်ထက်မနည်း ဆုလာဘ်ပေးကြသည်။ အားလုံးက ဂုဏ်ပြုနေကြသည်။
16 04
“ဒီကောင်လေးက ဒီလောက် ယဉ်ပါးဖို့လွယ်မယ်လို့ မထင်ထားဘူး”
မုရှောင်းနွမ်က အဝါရောင်ခွေးလေး၏ အမွှေးများကို အသာပွတ်ပေးနေရင်း ချန်းရန်ကို ညင်သာစွာ မော့ကြည့်သည္။
“ယောက်ျား ဘယ်လို လုပ်လိုက်တာလဲ”
“ခက်လို့လား”
ချန်းရန်၏ နှုတ်ခမ်းထောင့်က ကော့သွားသည်။ သူက အမှန်အတိုင်းပြောသည်။
“အရာအားလုံးမှာ အသိစိတ်ရှိတယ်။ ဒါကိုသာ မင်းက သေချာခံစားပြီး သူ့ရဲ့ ခံစားချက်တွေကို ချော့မြူနိုင်သမျှ အကြမ်းတမ်းဆုံး သတ္တဝါတွေတောင်မှ ယဉ်ပါးသွားလိမ့်မယ်”
“ဟေ့ ရှောင်းနွမ် မင်းယောက်ျားက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ သူပြောတာ တကယ်ကို အံ့ဩဖို့ ကောင်းတယ်”
“လျို့လျို့ လျို့ တစ်စုံတစ်ယောက်က သားရဲယဉ်ပါးတဲ့ နည်းလမ်းကို ဒီလိုပြောတာမျိုးကို ပထမဦးဆုံး မြင်ဖူးတာပဲ။ ဘယ်လို စိတ်ခံစားချက်နဲ့ ချော့မြူတာမျိုးလဲ”
“ငါ့ကို မေးမယ်ဆိုရင်တော့ ဒီလို သားရဲကို ယဉ်ပါးအောင် လုပ်တာက တိုက်ဆိုင်တာမျိုးလို့လဲ ထင်ပါတယ်။ အဲဒီလောက်ထိ အံ့ဩစရာမကောင်းပါဘူး”
ကြည့်ရှုသူများ၏ အမြင်က စူးရှသည်။ သူတို့သည်လည်း ချန်းရန်၏ ယောက်ျားကြောင့် အံ့အားသင့်သွားသော်လည်း သားရဲယဉ်ပါးနည်းတွင် ထိုကဲ့သို့ စိတ်ခံစားချက် ရှိမည်ဟု မယုံကြည်နိုင်ပေ။
“ဘာပဲဖြစ်ဖြစ် ငါ့ယောက်ျားက လုပ်လိုက်ပြီလေ မဟုတ်ဘူးလား”
မုရှောင်းနွမ်၏ယောက်ျားက ပို၍ပင် ကျွမ်းကျင်လာသည်။ သူမသည်လည်း ကြည့်ရှုသူများ၏ အရှေ့တွင် ချန်းရန်ကို ကာကွယ်ပေးလေ့ရှိသည်။
“စကားမစပ် ယောက်ျား ဒီကောင်လေးက ဘာနာမည်ပေးမှာလဲ”
မုရှောင်းနွမ်က ဉာဏ်ပညာရှိစွာနှင့် အကြောင်းအရာကို ပြောင်းပြီး ထိုကောင်လေး၏ ခေါင်းကို ပုတ်လိုက်၍ အကြံအစည်များ ပြည့်နှက်နေသော မျက်ဝန်းမျိုးဖြင့် ထိုကောင်လေးကို ကြည့်သည်။
“မန်ထုံလို့ ခေါ်ရင် မကောင်းဘူးလား”
ချန်းရန်က လှောင်သည်။
“သူက ဒီမန်ထို( ပေါက်စီ စားရတာကို အရမ်း သဘောကျကတည်းက မွေးရလဲ လွယ်မှာပဲ”
“မန်ထုံ ဟုတ်လား”
မုရှောင်းနွမ်က ထိုစကားကို ကြားပြီး အလိုလျောက်ပင် အင်္ကျီကော်လံမှ တဆင့် အောက်ဖက်သို့ ငုံ့ပြီး နည်းနည်း ရန်စခံရသလို ခံစားရသည်။
“ဒါဆိုရင်လည်း သာ့ဟွမ် မန်ထုံလို့ ခေါ်ကြမလား”
ချန်းရန်ကလည်း သူမက သဘောမကျ ဖြစ်နေသည်ဟု ထင်သည်။
“ဒီအတိုင်း ရွာဘက်က အိမ်မွေးခွေးလေးပါပဲ။ နောက်ပြီး အဝါရောင် အမွှေးရှိတယ်ဆိုတော့ ပိုပြီးသင့်တော်ပါတယ်”
“မရဘူး ရုပ်ဆိုးတယ်”
မုရှောင်းနွမ်က ခေါင်းကို ချက်ချင်းခါသည်။
“ဒါဆိုရင် သာ့ပိုင် မန်ထုံ”
ချန်းရန် “ကြီးလည်း ကြီးတယ်။ ဖြူလည်း ဖြူတယ်။ အရမ်းလည်း သင့်လျော်တယ်လေ”
“အာ”
မုရှောင်းနွမ်က ထိုစကားကြားပြီးရှက်သွားသည်။
“သာ့ပိုင်မန်ထုံ စီနီယာအစ်ကိုက ဘာကို ဆိုလိုချင်တာလဲ”
16 05
မုရှောင်းနွမ်က နည်းနည်း အတွေးများနေသည်။
“ဒီအတိုင်း မန်ထုံလို့ပဲ ခေါ်လို့ မရဘူးလား”
ထိုကောင်မလေးက တိတ်ဆိတ်နေကြောင်းမြင်သောအခါ ချန်းရန်က နောက်ထပ် နာမည်တစ်ခုကို ထပ်ပြောသည်။ မုရှောင်းနွမ်၏ မျက်နှာက ပို၍ပင် ရဲတက်သွားပြီး ခေါင်းကို ထပ်ငုံ့ပြီး ခပ်တိုးတိုးပြောသည်။
“ဒါဆိုရင်လည်း မန်ထုံလို့ပဲ ခေါ်ရအောင်”
“ငါတို့ ခွေးကို ရှာတွေ့ပြီဆိုတော့ ပြန်ကြမယ်”
ချန်းရန်က ကောင်းကင်ကို ကြည့်ပြီးနည်းနည်း စိုးရိမ်သွားသည်။ ရုတ်တရပ် မှောင်လာသည်။ သိပ်မကြာခင် လေကြီး မိုးကြီး ကျတော့ပေမည်။
“အင်း”
မုရှောင်းနွမ်ကလည်းနည်းနည်း တုံ့ဆိုင်းနေသည်။ သို့သော် ချန်းရန်၏စကားကိုမူ နာခံသည်။
သူတို့နှစ်ယောက် တစ်ယောက်က အရှေ့မှ လျှောက်ပြီး နောက်တစ်ယောက်က အနောက်မှ လျှောက်သည်။ မုရှောင်းနွမ်က ခွေးလေးကို ဖက်ထားပြီး တဖြည်းဖြည်းလိုက်လာခြင်း ဖြစ်ကာ ချန်းရန်က အရှေ့မှ လျှောက်သည်။ ထိုသို့ဖြင့် တစ်ယောက်နှင့်တစ်ယောက် နှစ်မီတာ သုံးမီတာသာ ဝေးသည်။
“ဂါး”
ရုတ်တရပ် သူတို့နှစ်ယောက်အကြားရှိ သစ်ပင်ထိပ်ပေါ်မှ အနက်ရောင် အရာတစ်ခုက ပြုတ်ကျလာသည်။
“ဟင် ဘာကြီးလဲ”
မုရှောင်းနွမ်က မှင်သက်သွားပြီး ရုတ်တရပ် ရပ်သွားသည်။ သူမက အနီးကပ်ကြည့်လိုက်သောအခါ ထိုအနက်ရောင်အရာက ရုန်းကန်နေကြောင်း မြင်ရသည်။
“အား…မြွေ”
မုရှောင်းနွမ်၏လက်ထဲမှ အဝါရောင် ခွေးလေးကလည်း တစ်ခဏခန့် လှုပ်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ အပစ်ခံရသည်။ မုရှောင်းနွမ်က အော်ဟစ်သည်။ သူမ၏ တောက်ပသော မျက်လုံးက ကြမ်းတမ်းမှုများပြည့်သွားသည်။
“တစ်မီတာ ကျော်ကျော်တောင် ရှိတဲ့ အနက်ရောင်မြွေကြီးပဲ”
ချန်းရန်၏ မျက်လုံးကပင် တစ်ချက် လှုပ်သွားသည်။ ထိုအကောင်က အတော်လေးကြီးကာ ကြောက်စရာကြီးဖြစ်သည်။
“ဖာ့ခ် မြွေမြွေ မြွေ မြွေ ကြောက်ဖို့ကောင်းလိုက်တာ”
“သွားပြီး ရှောင်းနွမ် ပြေးတော့”
“လာနေပြီ လာနေပြီ ဘုရားရေ ငါ ဖန်သားပြင်ကို ကြည့်တောင် မကြည့်ရဲတော့ဘူး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက အားလုံး ကြောက်လန့်ကုန်ကြသည်။ ထိုမြွေကြီးက ရွာဖက်မျိုးတွင်ပင် ရှားပါးသော အနေအထားမျိုးဖြစ်သည်။
“ဟစ်”
ထိုမြွေကြီးက လျှာကို မှုတ်ထုတ်ပြီး ထိုနှစ်ယောက်ကို တစ်ချက် ကြည့်သည်။ ထို့နောက် မြွေလျှာကို ပြန်ထုတ်လိုက် ပြန်သွင်းလိုက်နှင့် ခြိမ်းခြောက်နေသည်။
“ယောက်ျား ပြေးတော့”
မုရှောင်းနွမ်က အံကို ကြိတ်လိုက်ပြီး သူမသည် သေအောင် ကြောက်နေသော်လည်း လက်ထဲတွင် သစ်ကိုင်းခြောက် တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး တင်းတင်းကြပ်ကြပ် ကိုင်ထားသည်။ ဒါဟာ အသက်ကယ် ကောက်ရိုးမျှင်ဟု တွေးနေပုံရသည်။
ထိုကောင်မလေးက အန္တရာယ်ကို ကြုံတွေ့ရသောအခါ သူမကို ချက်ချင်းကူညီရန် မပြောလေဘဲ ချန်းရန်ကို အရင်ပြေးခိုင်းသည်။ ထိုအခြေအနေက ချန်းရန်ကို နည်းနည်း လှုပ်ရှားသွားစေသည်။
“သာမာန် ကောင်မလေးတစ်ယောက်သာဆိုလျှင် ကြောက်လန့်ပြီး လှည့်ပြေးပေမည်။ သူမ၏ အင်အားနှင့် ကြင်နာမှုက နားမလည်နိုင်လောက်အောင် ဖြစ်သည်။
16 06
“ဖာ့ အချစ်စစ်ပဲ တင်ဆက်သူက ဆရာသခင်ချန်းရဲ့ ပိုက်ဆံကို ချစ်တာလို့ ငါ အမြဲတမ်း တွေးနေတာ”
“တအားကို အင်အားကြီးတာပဲ။ သူမက အန္တရာယ် ကြုံတွေ့တဲ့အချိန်မှာ ယောက်ျားကို အရင်ပြေးခိုင်းတယ်”
“တင်ဆက်သူ ငါ ဆုံးဖြတ်လိုက်ပြီ အခုကစပြီး ငါက နင့်ရဲ့ ပရိသတ်ပဲ”
“ရိုးရိုးသားသား ပြောရရင် ရှောင်းနွမ်က တကယ် သတ္တိရှိတာပါ။ ဒါပေမဲ့ ဒီလိုတောင် လုပ်ရဲလောက်ထဲ့အထိ သတ္တိကြီးမယ်လို့တော့ မထင်ထားဘူး”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် သက်ပြင်းချသံများ ပြည့်လာသည်။ သို့သော် ချွင်းချက်မရှိစွာပင် အားလုံးက မုရှောင်းနွမ်ကို စိုးရိမ်နေကြသည်။
“အား မလာနဲ့နော် ငါ နင့်ကို မကြောက်ဘူး”
ထိုမြွေအကြီးကြီးက သူမကို ကြည့်နေကြောင်း မြင်သောအခါ မုရှောင်းနွမ်က တည်ငြိမ်ချင်ယောင် ဆောင်နေသော်လည်း စိတ်ထဲတွင်မူ အလွန်ထိတ်လန့်နေပြီ ဖြစ်သည်။ သူမက အံကို ကြိတ်ပြီး တောင့်ခံထားသည်။
“ဝု ဝု ဝု”
သူမနှင့် သိပ်မဝေးသော နေရာမှ အဝါရောင်ခွေးက မြွေနက်ကို ရန်လိုမှု အပြည့်နှင့် ဟောင်နေပြီး အာရုံကို ဆွဲဆောင်လိုက်သည်။
“ဟေ့ ဟုတ်တယ် မန်ထုံ ကိုက်လိုက်”
မုရှောင်းနွမ်က မျှော်လင့်ချက် အလင်းတန်းကို လှမ်းမြင်လိုက်ရသည်။
“ဝုတ် ဝုတ်”
မန်ထုံက အင်အားကြီးမားပုံပေါ်ပြီး မုရှောင်းနွမ်၏ အရှေ့တွင် ပိတ်သည်။
“ဟစ်”
မြွေနက်ကလည်း ခေါင်းကို ဆန့်ထုတ်လာပြီး ပါးပြင်းထောင်လာကာ အရှေ့ဖက်သို့ ခုန်အုပ်သည်။
“ဝုတ်”
ထို့နောက် တစ်ခဏတွင် ကြမ်းတမ်းပုံပေါ်သော မန်ထုံက ရုတ်တရပ် ခွေခနဲလဲကာ ပြုတ်ကျသွားလေသည်။
“မန်ထုံ”
မုရှောင်းနွမ်က မျက်လုံးပြူးပြီး အလွန်ဒေါသထွက်သွားသည်။ သူမကမူ ထိုအကောင်ကို အတော်သတ္တိကြီးသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ထိုအကောင်လေးက သေချင်ယောင် ဆောင်လိုက်သည်။
“ဟစ်”
မြွေနက်ကလည်း မန်ထုံက ရုတ်တရပ် လဲကျသွားကြောင်း မြင်သောအခါ သံသယဝင်သွားသည်။ သို့သော် ထပ်ပြီး အာရုံ မစိုက်တော့ဘဲ မုရှောင်းနွမ်ထံသို့ အပြေးလာသည်။
“ဝုတ်”
မြွေနက်ကြီးက မန်ထုံကို ကျော်ဖြတ်လိုက်သည့်အခိုက်အတန့်တွင်ပင် ထိုကောင်လေးက ရုတ်တရပ် ခုန်ထကာ ထိုမြွေနက်ကို လှမ်းကိုက်သည်။
“ဟစ်”
“ဝုတ်”
ထိုနှစ်ကောင်ကလည်း နပန်းလုံးနေကြသည်။ ထိုမြင်ကွင်းကို မုရှောင်းနွမ်ကို မှင်သက်သွားစေသည်။
“အာ လက်စသတ်တော့ ငါ မန်ထုံကို မှားပြီး အပြစ်တင်မိတာပဲ။ ဒီခွေးက တကယ်ကို ဉာဏ်ကောင်းတယ်”
16 07
“ဘယ်လိုလုပ်ရမလဲ ဘယ်လို လုပ်ရမလဲ”
မုရှောင်းနွမ်က သတ္တိကို စုစည်းလိုက်ပြီး အရှေ့သို့ တစ်လှမ်းတိုးသည်။
“ဟစ်”
မြွေနက်ကလည်း ရုတ်တရပ် ကိုယ်ကို တစ်ဖက်သို့ စောင်းလိုက်ပြီး ခါထုတ်လိုက်ကာ မုရှောင်းနွမ်ဆီ ပြေးသည်။
“အား…”
မုရှောင်းနွမ်က သေအောင် ကြောက်ကာ မျက်နှာက ဖြူစုတ်သွားသည်။
ကြောက်လန့်မှုအပြည့်နှင့်သူမက သစ်ကိုင်းခြောက်ကို တိုက်ရိုက်ပစ်ချမိသွားပြီး ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းကို ငုံ့ပြီး အော်တော့သည်။
“သွားပြီ သွားပြီ မုရှောင်းနွမ် နင်သေပြီ”
သူမ၏ နှလုံးသားက လည်မြိုထိပင် မြောက်တက်လာသည်။ မုရှောင်းနွမ်၏ ဦးနှောက်က ဗလာဖြစ်သွားသည်။
တစ်ခဏခန့် ကြာပြီးနောက်
“ဟင်”
မုရှောင်းနွမ်က ခေါင်းကို ဂရုတစိုက် မော့လိုက်သောအခါ သူမ၏ အရှေ့တွင် ရပ်ပြီး ရပ်တန့်ရန် အမူအရာမျိုး လုပ်ပြနေသော ချန်းရန်ကို မြင်ရသည်။ မြွေနက်ကြီးကလည်း သူ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသည်။ လေထဲတွင် ပါးပြင်းထောင်လျှက်သားရှိနေသော်လည်း မလှုပ်နိုင်ပေ။
“စိတ်အေးအေးထား စိတ်လျော့လိုက်”
ချန်းရန်က ထိုမြွေနက်ကြီးကို လမ်းပြသည့် အမူအရာမျိုးပြသည်။ တစ်ချိန်တည်းတွင်ပင် သူဟာ ထိုမြွေနက်ကြီး၏ ကြောက်လန့်မှုကို ခံစားမိပုံရသည်။ သူ၏ အမူအရာကလည်း လမ်းညွှန်သည့် အမူအရာမျိုးဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချန်းရန်၏ သားရဲယဉ်ပါးခြင်းဆိုသည့် စွမ်းရည်ကြောင့် မြွေနက်ကြီး၏ ကြမ်းတမ်းမှုက တဖြည်းဖြည်းချင်းစီ ပျောက်သွားသည်။ သူဟာ ကိုယ်ကို တဖြည်းဖြည်းချင်းစီပြန်ဆုတ်ပြီး မြေပြင်ပေါ်တွင်သာ ဒီအတိုင်း ပြန်လဲနေတော့သည်။
“ပြန်သွားတော့”
ချန်းရန်က အနားသို့ ကပ်သွားပြီးနောက် လက်ကို ဆန့်ထုတ်သည်။ ထိုမြွေနက်ကြီးကပင် သူ၏ ခေါင်းလေးကိုပင် ဆန့်ထုတ်ပေးလိုက်သေးသည်။ ချန်းရန်က သူ၏ ခေါင်းလေးကို နှစ်ကြိမ်ခန့်ပင် ပုတ်လိုက်သေးသည်။ ထို့နောက် သူသည် တစ်ဖက်သို့လှည့်ကာ အနောက်ဖက်ရှိ ခြုံပုတ်ထဲသို့ ပြေးသည်။
“ဖာ့ခ် မြွေနက်ကြီးက အဲ့ဒီလိုနဲ့ ပြန်လှည့်သွားတာလား”
“အား ငါ သေအောင် ကြောက်သွားတာလေ။ ရှောင်းနွမ်ကတော့ ဒုက္ခရောက်ပြီလို့ ထင်လိုက်တာ”
“တော်လိုက်တာ ငါ ယုံသွားပြီ။ ဆရာသခင် ချန်းက ဒီကောင်တွေနဲ့ ဆက်သွယ်နိုင်တယ်”
“ငါ အရင်က ဒီလို စိတ်စွမ်းအားမျိုးကို မယုံပါဘူး။ ဒါပေမဲ့ အခုတော့ ယုံသွားသလိုပဲ ဒီမြွေနက်ကြီးက လူတွေကိုတောင် ခေါင်း အပုတ်ခံသေးတယ်။”
“[ပေါက်ဆီလေးတွေကို အချစ်ဆုံး]က [တင်ဆက်သူ]ကို ဥက္ကာခဲ x1 ဆုချလိုက်ပါတယ်။ စာတစ်စောင်ကိုလည်း ချန်ထားရစ်ခဲ့ပါတယ် : ဆရာသခင် ချန်း ငါ့ကို သင်ပေးနိုင်မလား”
“[နို့ကို အချစ်ဆုံး]က [တင်ဆက်သူ]ကို သုန့်ပီ x10000 ကို ဆုချပြီး စာတစ်စောင် ချန်ထားရစ်ခဲ့ပါတယ်။ : ဒီမှာ ကျားရှိတယ် ဆရာသခင်ချန်း ဘယ်အချိန်များလာပြီး ယဉ်ပါးအောင် လုပ်ပေးမလဲ”
“[သိုသို့က ချစ်စရာ အကောင်းဆုံး] က [တင်ဆက်သူ]ကို သုန့်ပီ x1314 ကို ဆုချပြီး စာတစ်စောင်ချန်ထားရစ်ခဲ့ပါတယ်။ : ဆရာသခင်ချန်းက ချောလိုက်တာ ယောက်ျားက ဇနီးရဲ့ အသက်ကို ကယ်တယ်”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ တောင့်တင်းနေသော လေထုအခြေအနေက တဖြည်းဖြည်း ပျက်ပြယ်သွားပြီး အားလုံးက ဆုများကို ပေးကြသည်။
16 08
“မင်း အရူးမလေး”
ချန်းရန်က ထိုမြွေကြီးကို ပို့ပြီးသည်နှင့် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေသော မုရှောင်းနွမ်ကို ပြန်ကြည့်ကာ သူ၏ မျက်လုံးထဲမှ ညင်သာမှုများက လျှံကျလာသည်။
“မင်း ဒီလောက်ထိ ကြောက်နေတာ ဘာလို့ ငါ့ကို အရင် ပြေးခိုင်းတာလဲ”
ထိုကောင်မလေးက ရဲရင့်ဟန်ဆောင်နေသည်။ သို့သော် သူမက လူတိုင်းထက်ပင် ပိုကြောက်တတ်သေး၏။
“နင့်ကိုဘယ်သူက ငါ့ယောက်ျား လုပ်ခိုင်းလို့လဲ”
မုရှောင်းနွမ်က အော်လိုက်သည်။
ထို့နောက် ပြောမိပြီးမှသာ နည်းနည်း ရှက်သွားကာ ခေါင်းပြန်ငုံ့လိုက်သည်။
“…ငါက အသုံးမကျတဲ့ပုံပဲ နင့်ကို ဆွဲထားမိတာ”
ထိုကောင်မလေး၏ ဖိအားများနေသော ပုံစံကိုမြင်ကာ ချန်းရန်ကပင် အကြောင်းပြချက်မရှိ ရင်ထဲ လှုပ်ရှားသွားသည်။ သူ၏ နှလုံးသားအတွင်းတွင် ခြားနားသော ခံစားချက်တစ်ရပ်က မြောက်တက်လာသည်။
“ဘုန်း”
ရုတ်တရပ်ကောင်းကင်တွင် မိုးခြိမ်းသံကြီးထွက်လာကာ ကောင်းကင်က မဲမှောင်သွားသည်။
“အိုး မကောင်းတော့ဘူး မကောင်းတော့ဘူး မိုးရွာတော့မယ်”
ချန်းရန်ကလည်း ချက်ချင်းဆိုသလို အသိပြန်ဝင်သွားသည်။ သူက လှပသော ခံစားချက်ထံမှ အာရုံပြန်ပြောင်းရင် ကောင်းကင်ကို ကြည့်သည်။ မိုးစက်များပင် ကျလာသည်။
“သွားရအောင် အိမ်ပြန်ကြမယ်”
ချန်းရန်က မုရှောင်းနွမ်အား တိုက်ရိုက်ထုတ်လွှင့်မှုအ ခန်းကို ပိတ်ရန် ကူညီပေးပြီးနောက် ချက်ချင်း ပြန်ရန် ပြင်ဆင်သည်။
“အာ မိုးရွာနေပြီ”
မုရှောင်းနွမ်ကလည်း မှင်သက်သွားသည်။ သူမက အတင်းတိုက်တွန်းသည်။
“ချန်းကောကော ကောကော အရင်ပြန်နှင့် မိုးက တော်တော်ပြင်းတဲ့ပုံပဲ”
“ဒါဆိုရင် မင်းက ဒီမှာ တစ်ယောက်တည်း ရပ်ပြီးဘာလုပ်မှာလဲ မြန်မြန်လာလေ”
ချန်းရန်က သူမကို မြန်မြန်လာခိုင်းသည်။
“ငါ့ခြေထောက်က အားနည်းနေတုန်းပဲ”
မုရှောင်းနွမ်သည် ထိုမြွေနက်ကြီးကြောင့် ကြောက်လန့်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခြေထောက်နှင့် ခြေချောင်းများက အလုပ်မလုပ်တော့ဘဲ အားနည်းသွားသည်။
“နင်အရင်ပြန်နှင့်ပါ”
မုရှောင်းနွမ်ကလည်း မိုးစက်များက ကျလာပြီဖြစ်ကြောင်း မြင်သည်။ သူမကချန်းရန်ထက်ပင် ပို၍ စိုးရိမ်စိတ်များသေးသည်။
“နင် မြန်မြန် ပြေးသွားသင့်တယ် မိုးက သည်းမလာခင် အချိန်ရှိသေးတယ်”
“မင်းက ဘယ်လိုလုပ်မှာလဲ”
“ငါ…”
မုရှောင်းနွမ်က ဘေးဘီကို ကြည့်ပီး မျက်နှာက နည်းနည်း ဖျော့တော့နေသည်။ သို့သော် အံကို ကြိတ်လိုက်သည်။
“ငါ သစ်ပင်အောက်မှ မိုးခိုနေလိုက်မယ် ချန်းကော မိုးတိတ်သွားမှ ငါ့ကို ပြန်လာခေါ်နော်”
မြွေနက်ကြီးကို ကျော်ဖြတ်ပြီးကာစ ထိုကောင်မလေးက တောကို သေချာပေါက် ကြောက်နေပေလိမ့်မည်။ သို့ရာတွင် ဆက်နေခဲ့ရန် ပြောသေးသည်။
ပိုဆိုးသည်မှာ မိုးက ထိုခဏတွင် ပို၍ ပြင်းလာသည်။သူမက အများကြီးလည်း မဝတ်ထားပါပေ။ ထိုအကြောင်းကို တွေးမိသော် ချန်းရန်၏ နှလုံးသားက တသိမ့်သိမ့် တုန်သွားပြန်သည်။
“တင် သက်သာဘဝ စနစ်က စတင်ပါပြီ”
“တင် အခု တာဝန်အသစ်ဖြစ်တဲ့ [သက်သာတာဝန်ကို ထုတ်လွှတ်လိုက်ပါပြီ] : သက်သာတဲ့ ဘဝဆိုတာက တစ်ခါတစ်ရံမှာ လေမိုးတွေကို ကြုံတွေ့တာလဲပါတယ်။ လေတွေ မိုးတွေထဲမှာ ပြေးလွှားတဲ့ လူငယ်တစ်ယောက်အတွက် မိုးကို မွှေ့လျော်တာကလည်း လွတ်လပ်မှု တစ်မျိုးပဲ”
ထိုအချိန်တွင် သက်သာဘဝက တာဝန်အသစ်က ထွက်လာသည်။
“သွားရအောင်”
မုရှောင်းနွမ်၏ တိုက်တွန်းသံက နားထဲတွင် ထွက်လာပြန်သည်။
“ဘုန်း ဘုန်း”
ကောင်းကင်မှ မိုးခြိမ်းသံက ချန်းရန်အား ခပ်မြန်မြန် ဆုံးဖြတ်ချက် ချခိုင်းနေသည်။
“လာ ငါမင်းကို သယ်သွားမယ်”
16 09
ချန်းရန်က မုရှောင်းနွမ်၏ အရှေ့တွင် ရုတ်တရပ် ဆောင့်ကြောင့် ထိုင်လိုက်ပြီး သူမအား ကျောပေါ်တက်ရန် အမူအရာပြသည်။
“အာ”
မုရှောင်းနွမ်က အံ့ဩသွားသည်။ ခေါင်းကို ခပ်မြန်မြန် ခါသည်။
“မဟုတ်ဘူး မဟုတ်ဘူး။ တအား နောက်ကျနေပြီ။ ငါ့ကိုပါ သယ်သွားမယ်ဆိုရင် မိုးစိုကုန်လိမ့်မယ်”
“ငါက မင်းကို ဒီမှာတ စ်ယောက်တည်း ထားခဲ့မယ်လို့ ထင်လို့လား”
ချန်းရန်က အလေးအနက်ကြီး ပြောသည်။
“မြန်မြန်လေး တက်လာတော့ ငါ မြန်မြန် သွားမယ်”
“အင်းအင်း ငါ လာပြီ လာပြီ”
မုရှောင်းနွမ်က တုန့်ဆိုင်းမနေတော့ပေ။ ချန်းရန်၏ ကျောပေါ်သို့ ရေဘဝဲတစ်ကောင်ကဲ့သို့ ကုန်းတက်ကာ လှဲလိုက်သည်။
“အဆင်သင့်ဖြစ်ပြီနော် ငါသွားပြီ”
“ရပါတယ်”
ထို့နောက် ချန်းရန်ကလည်း မုရှောင်းနွမ်ကို ကျောပိုး၍ မိုးထဲတွင် လျှင်မြန်စွာ ပြေးသည်။ မန်ထုံက အနောက်မှ ကပ်လိုက်သွားသည်။
မိုးက သည်းသထက် သည်းလာသည်။ လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့က မိုးထဲတွင် ပြေးနေပုံက အလှဆုံးရှုခင်း ဖြစ်လောက်သည်။
မိုးစက်များက အလွန် အေးသည်။ မုရှောင်းနွမ်၏ကိုယ်ပေါ်သို့ ကျပြီး အဝတ်များက စိုစွတ်သွားသည်။ သို့သော် သူမက အေးစက်သည်ဟု မခံစားရပေ။ အကြောင်းမူကား နွေးထွေးကာ သန်မာသည့် ကျောက သူမကို ထိန်းပေးထားသောကြောင့် ဖြစ်သည်။
“နင်ငါ့ကို ကျောပေါ်မှာ သယ်ထားတာ ငါနင့်ကို မိုးကာပေးမယ်”
ချန်းရန်က မုရှောင်းနွမ်ကို ကျောပိုးထားသည်။ မုရှောင်းနွမ်က ထီးမပါသော်လည်း သူမ၏ ခန္ဓာကိုယ်ကို သုံးပြီး ချန်းရန်အတွက် မိုးကို ကာပေးနိုင်သေးသည်။ သူမက ချန်းရန်၏ လည်ပင်းကို တက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ နဖူးအပေါ်နားတွင် အုပ်ကာပေးထားသည်။
မုရှောင်းနွမ်၏ နှုတ်ခမ်းထောင့်ကပင် လခြမ်းကွေးကဲ့သို့ ကွေးသွားသည်။ မသိရင် ချစ်ကျွမ်းဝင်နေတဲ့ လူနှစ်ယောက် မိုးထဲမှာ ပြေးနေသလိုပဲ။
သူမကလည်း ထိုအခြေအနေကို ပျော်မွေ့သည်။ ဒီအခိုက်အတန့်က ရပ်တန့်သွားရန်ပင် ဆုတောင်းမိသေးသည်။
ဒန်တန်
သို့သော် ချန်းရန်က ရုတ်တရပ် တစ်ပေခန့် နက်သော တောင်တက်လမ်းကို ဖြတ်လျှောက်ရာမှရပ်တန့်သွားသည်။
“စီနီယာအစ်ကိုချန်း ဘာဖြစ်သွားလို့လဲ”
မုရှောင်းနွမ်က စိတ်ရှုပ်ထွေးစွာ မေးသည်။
“မိုးက ပိုသည်းလာတယ်”
ချန်းရန်၏ မျက်နှာက တည်ငြိမ်နေသည်။ သူသည် မုရှောင်းနွမ်ကို အောက်ပြန်ချပြီးနောက် သူမ၏ တအံ့တဩအော်သံအကြားတွင် မင်းသမီးတစ်ပါးကဲ့သို့ တိုက်ရိုက်ကောက်ပွေ့လိုက်သည်။
“ဒီလိုဆိုရင် မင်းမိုးမမိတော့ဘူး။ အဲဒီလိုမှ မဟုတ်ရင် အအေးမိလိမ့်မယ်”
ချန်းရန်က မုရှောင်းနွမ်ကို ထိုသို့ ပွေ့ဖက်လိုက်သည့် အခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် သူသည် သူမအတွက် မိုးကို ကာပေးလိုက်နိုင်သည်။
ယခုအခါ မုရှောင်းနွမ်ကလည်း မိုးရေကို တိုက်ရိုက်စိုတော့မည် မဟုတ်ဘဲ ချန်းရန်၏ ကာကွယ်မှုအောက်သို့ တိုက်ရိုက်ရောက်သွားသည်။
“ယောက်ျား”
16 10
ချန်းရန်၏ ခိုင်မာကာ ကြည်လင်သော မျက်လုံးနှင့် ချောမောသော မျက်နှာက သူမကို အသက်ရှူမှားလာစေသည်။
မုရှောင်းနွမ်သည်လည်း ခပ်တိုးတိုးရေရွတ်ရင်း သူမ၏ မျက်လုံးက အရှေ့မှ အမျိုးသားနှင့်သာ ပြည့်သွားသည်။
ထို့ကြောင့် သူမသည် ချန်းကောကောဟု ခေါ်ရမည့်အစား ယောက်ျားဟုသာ ခေါ်လိုက်ဖြစ်သည်။
ယခုအခါ သူမက လုံးဝကို လမ်းပျောက်သွားသည်။ ချန်းရန်၏ လည်ပင်းကိုသာ လက်မောင်းဖြင့် သိုင်းဖက်ရင်း အင်အားအနည်းငယ်ကိုပင် ထုတ်သုံး၍ ခေါင်းကို အပေါ်သို့ မြောက်သည်။
စစ်မှန်သော ခံစားချက်များက ထွက်လာသောအခါ မုရှောင်းနွမ်က ချန်းရန်၏ တင်းကြပ်စွာ ပိတ်ထားသည့် နှုတ်ခမ်းကို ကြည့်သည်။ သူမသည် မျက်လုံးကို တဖြည်းဖြည်း ပိတ်လိုက်ရင်း ပန်းရောင် နှုတ်ခမ်းပါးကို လှမ်းထိရန် ကြိုးစားသည်။
ရှော…
သို့ရာတွင် ထိုသို့စိတ်လှုပ်ရှားဖွယ်ကောင်းသော အခိုက်အတန့်တွင်ပင် ချန်းရန်က ခြေချော်သွားသည်။ ထို့နောက် မုရှောင်းနွမ်နှင့် အတူ နှစ်ယောက်လုံးက ရွံ့ဗွက်ထဲသို့ ကျသည်။
“ဘုရားရေ”
ချန်းရန်က မုရှောင်းနွမ်ကို ကူကယ်ရာမဲ့သလို ကြည့်သည်။
“မင်းက ရုတ်တရပ် ခေါင်းကြီးကို မြောက်လာပြီးငါ့ရဲ့ မြင်ကွင်းကို ပိတ်လိုက်တာကိုး”
“အာ…ငါ တောင်းပန်ပါတယ်။ ချန်းကောကော ငါ တောင်းပန်ပါတယ်။ ငါ မရည်ရွယ်ပါဘူး”
မုရှောင်းနွမ်၏ လှပသော မျက်နှာမှ စတင်ပြီး နားအထိ ရဲတက်သွားသည်။ သူမက နည်းနည်း ထိတ်လန့်သွားပြီး ဆွံအသလိုလည်း ဖြစ်နေသည်။
******