← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

18 01

အပိုင်း (၁၈) ယောက်ျား ငါ မသက်မသာဖြစ်နေတယ်။

“ဒီတစ်ခေါက် ဒဏ်ရာက တော်တော်ပြင်းထန်တယ်”

ချန်းရန်က အခန်းသို့ ပြန်ရောက်သည်နှင့် သူ၏ နီရဲကာ ယောင်ကိုင်းနေသော ခြေမျက်စိကို ကြည့်လိုက်ပြီး နဖူးမှ ချွေးများကပင် စီးကျလာသည်။ မုရှောင်းနွမ်၏ ယခင်တစ်ခေါက်နှင့် မတူညီသည်မှာ သူသည် သွေးကြောကိုပါ ထိသွားသည်။ သွေးနှင့်ချီက ထုံးသွားသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ဆေးရုံကိုပင်သွားကာ အသေးစားခွဲစိတ်မှုကိုပင် လုပ်ရန် လိုအပ်လေသည်။

“ဆေးရုံကို သွားတာကတော့ တော်တော်လေး ဒုက္ခများတယ်။ ဘာလို့ ဒီ အပ် 81 ချောင်းကို မစမ်းကြည့်ရမှာလဲ”

ချန်းရန်က စနစ်ကပေးသည့် ထိုမှော်အပ်ကို တိုက်ရိုက်ပင်အသုံးပြုလိုက်ပြီး သူ၏အသစ်စက်စက်ရရှိထားသော အပ်စိုက်ဆရာဆိုသော စွမ်းရည်ကို အသုံးပြုကာ တိုက်ရိုက်အပ်စိုက်သည်။

“ဟင် သက်ရောက်မှုက မဆိုးဘူးပဲ”

ချန်းရန်က အပ်စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ခြေမျက်စိ တစ်ခုလုံးအနှံ့ နွေး‌ထွေးသော စီးကြောင်းတစ်ခုက ဖြတ်ပြေးသွားသလို ခံစားရသည်။ ခရမ်းပုတ်ရောင်ပင် သမ်းနေသော ခြေမျက်စိက တဖြည်းဖြည်း အရောင်ဖျော့လာသည်။

ဒါဟာ သွေးအထုံးက ပြေပြီး သွေးလည်ပတ်မှု ပြန်ကောင်းသွားသည့် လက္ခဏာဖြစ်သည်။

“တစ်ညလောက်တော့ နားလိုက်တာနဲ့ မနက်ဖြန်ဆိုရင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီ”

ချန်းရန်ကပင် အံ့ဩသွားသည်။ သူသည်လည်း ထိုအပ်စိုက်ပညာ၏ သက်ရောက်မှုက ချက်ချင်း ပြလာမည်ဟု မထင်ထားမိချေ။ ဆေးရုံတွင် အသေးစား ခွဲစိတ်လိုက်သည်ထက်ပင် ပိုမြန်သေးသည်။

“ချန်းကောကော”

ထိုအချိန်တွင် မုရှောင်းနွမ်က တံခါးကို လာခေါက်ပြီး ပန်းကန်လုံး တစ်လုံးနှင့်အတူ ဝင်လာသည်။

“ချန်းကောကော ငါတောင်းပန်ပါတယ် ငါ ဒါပဲ လုပ်တတ်လို့ပါ”

မုရှောင်းနွမ်က လက်ထဲတွင် ပန်းကန်လုံးသေးသေးလေးကို ကိုင်ထားသည်။ အတွင်းတွင် လတ်လတ်ဆတ်ဆတ် ချက်ထားသော ဆန်ပြုတ်ပါလေသည်။ ထိုကောင်မလေးက ရေချိုးပြီးကာစဖြစ်ပြီး ယခုမူ ချွေးပြိုက်ပြိုက် ကျနေသည်။

သူမက စိုးရိမ်ထိတ်လန့်နေပုံရပြီး ချန်းရန်ကို သတိထားကာ ကြည့်သည်။ ချန်းရန်က သဘောမကျ ဖြစ်မည်ကိုလည်း ကြောက်နေသည်။

ချန်းရန်ကပင် မှင်သက်သွားသည်။ ဆန်ပြုတ်ပန်းကန်ကိုလည်း မမျှော်လင့်ထားသလို အကြည့်မျိုးနှင့် ကြည့်သည်။ ယခုအခါ ပူပြင်းသော နွေရာသီဖြစ်သည်။ သူမအနေဖြင့် မီးဖိုခန်းထဲသို့ ဝင်ရဲသော သတ္တိရှိရန် မလွယ်ကူပါပေ။

“စားပွဲပေါ်မှာ အရင်ထားလိုက်အုံး”

ချန်းရန်၏မျက်လုံးက ညင်သာသည်။ သူသည် သူမအား စားပွဲပေါ်တွင် အရင်ထားရန် မျက်နှာ အမူအရာပြသည်။

“ဟုတ်ကဲ့”

နဂိုက ချန်းကောကော သဘောမကျမည်ကို စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ချန်းကောကောက ထိုမျှအထိစကားပြောရန် လွယ်နေကတည်းက မုရှောင်းနွမ်ကလည်း ချက်ချင်းဆိုသလို ကျေနပ်သွားသည်။ တစ်ဖက်လူ၏ အသံကလည်း ချိုသည်။ သူမ၏ချွေးများက အလဟဿမဖြစ်ဟု ခံစားရသည်။ သူမက စိတ်အခြေအနေက ကောင်းသွားပြီး နွေရာသီတွင် လေအေးပေးစက်ဖွင့်ရင်း လိုင်ချီးသီးကို စားရသည်ထက်ပင် သက်တောင့်သက်သာရှိနေသည်။

“အင်း ဒါဆိုရင် ငါ ဒီမှာ အရင် ထားခဲ့မယ်နော်”

မုရှောင်းနွမ်က ပန်းကန်လုံးလေးကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ရုတ်တရပ် အာရုံစူးစိုက်လိုက်သောအခါ စားပွဲပေါ်မှ ပုံဆွဲဘုတ်ပြား တစ်ခုကို မြင်ရသည်။

“အာ စီနီယာအစ်ကိုချန်းက ပုံအသစ်ဆွဲထားတာလား ဒါက အသစ်မလား”

မုရှောင်းနွမ်က အံ့ဩသွားပြီး လက်ကို ဆန့်ထုတ်ကာ အတွင်းမှပုံကို ကြည့်ရန် ကြိုးစားသည်။

“မလုပ်နဲ့”

ချန်းရန်က လန့်သွားသည်။ မုရှောင်းနွမ်ကလည်း ထိုနေညက သူမ အိပ်ပျော်နေခဲ့ချိန်တွင် ချန်းရန်က သူမအတွက် ဆွဲပေးထားသော ပုံရှိနေကြောင်း မသိသေးပေ။ ပုံက မပြီးသေးပေ။ ချန်းရန်ကလည်း မုရှောင်းနွမ်ကို မသိစေချင်သေးပေ။

“အာ”

မုရှောင်းနွမ်က ရုတ်တရပ် အအော်ခံရပြီး လန့်သွားကာ လက်ကို ချက်ချင်း ပြန်ရုတ်သည်။ သူမက နည်းနည်း စိတ်မကောင်းဖြစ်သွားသည်။

18 02

“ငါ ငါ..ငါ မရည်ရွယ်ပါဘူး ဒီအတိုင်း သိချင်လို့ပါ မထိပါဘူး”

“ရပါတယ် ရပါတယ် ငါ့ပြဿနာပါ”

ချန်းရန်ကလည်း စိတ်အေးသွားသည်။ သူသည်လည်း မည်သည့်အတွက်ကြောင့် ယခုလိုစိုးရိမ်စိတ် များသွားမှန်း မသိပါပေ။

အခြားသူအတွက် ပုံဆွဲပေးတာ။ အထူးသဖြင့် ဒါက မုရှောင်းနွမ်ရဲ့ဆန္ဒ ဒီတော့ သူ ခံစားမိချင်တာက ပုံမှန်ပါပဲ။

ဒါပေမဲ့ ဘာလို့ အဲဒီလောက်ထိ ဂရုစိုက်နေတာလဲ။

“အင်း မင်းစားပြီးပြီလား”

အခြေအနေက ကိုးရိုးကားရားဖြစ်နေသောကြောင့် ချန်းရန်က ခေါင်းစဉ်တစ်ခုကို ရှာသည်။

“အာ ငါစားချင်စိတ် မရှိလို့လေ။ စီနီယာချန်းကောပဲ ပိုစားပါ”

မုရှောင်းနွမ်၏ မျက်နှာက နည်းနည်း ရဲနေသည်။ စီနီယာအစ်ကိုချန်းက ငါ့ကိုတောင် အရင် စပြီး ဂရုစိုက်မယ်လို့ မထင်ထားဘူး ဟီးဟီး။

“စားချင်စိတ် မရှိတာလား”

ချန်းရန်ကပင် ထိုစကားကြားပြီး နည်းနည်း ကြောင်သွားသည်။

မုရှောင်းနွမ်၏ မျက်နှာကိုမြင်သောအခါ တစ်စုံတစ်ရာကို သိလိုက်သည်။

“မင်း ဒီနေ့ မိုးမိထားတယ်။ စောစောနားပြီးအိပ်တော့”

ချန်းရန်က လေးနက်သောအကြည့်မျိုးနှင့် သတိပေးသည်။

“ဟုတ်ကဲ့ ငါ သိပါတယ်”

မုရှောင်းနွမ်၏ မျက်နှာက ပျော်ရွှင်သော အပြုံးများနှင့် ပြည့်သွားသည်။

စီနီယာအစ်ကိုချန်းက ငါ့ကို တကယ် ဂရုစိုက်တာ။ ဟင်းဟင်း ရုတ်တရပ် ပျော်တယ်။

ထိုသို့ဝမ်းသာအားရ ဖြစ်နေသော အရှိန်နှုန်းနှင့်အတူ ယခုလေးတင် မွေးစားထားသော မန်ထုံအတွက်လည်း ဆန်ပြုတ်ပန်းကန်လုံး အကြီးကြီး ကျွေးရန် မမေ့ပါပေ။

“ဗိုက်ပြည့်တဲ့အထိစားနော်”

အရာအားလုံးကို စီစဉ်ပြီးသည်နှင့် မုရှောင်းနွမ်က အခန်းကိုပြန်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို စသည်။

“[တင်ဆက်သူ](ရိုးသားတဲ့ နွမ် ပေါင်ပေါင်)က အွန်လိုင်း တက်လာပါပြီ”

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ နှိပ်ကာ ဝင်လိုက်သည်။ ယခုအခါ သူမက စိတ်ငြိမ်သွားသောအခါ သူမ၏ စိတ်က နည်းနည်းမသက်မသာ ဖြစ်နေသလို ခေါင်းမူးသလိုလို ခံစားလာရသည်။

“ဘာဖြစ်တာလဲ။ ငါအရင်က ဒီလိုမျိုး မသက်မသာမဖြစ်ပါဘူး”

မုရှောင်းနွမ်က နားထင်ကို ပွတ်သည်။ သို့သော် မသက်မသာဖြစ်သော ခံစားချက်က ပို၍သာ ပြင်းထန်လာသည်။

“ငါ စောင့်နေတာကြာပြီ ပန်းတွေတောင် ညိုးတော့မယ်။ တင်ဆက်သူ နောက်ဆုံးတော့ အွန်လိုင်း တက်ပြီပေါ့”

“နွမ် ပေါင်ပေါင် ဆရာသခင်ချန်းက ဘယ်မှာလဲ။ ငါ သူ့ဆီကနေ အကြံဉာဏ်တောင်းချင်နေတုန်းပဲလေ။ ငါ့ရဲ့ အိမ်က အဲဒီကျားမကို ယဉ်ပါးလို့ မရဘူး”

“ငါ အွန်လို င်းတက်လာတာနဲ့ တစ်ခုခုက မှားနေတယ်လို့ ခံစားရတယ်။ ရှောင်းနွမ် နင့်ရဲ့ မျက်နှာက ဘာလို့ မကောင်းဘူး ဖြစ်နေတာလဲ”

“ဟုတ်သားပဲ မျက်နှာက ဖြူဖျော့နေတာပဲ နေမကောင်းဘူးလား”

အစီအစဉ်ကို စသည်နှင့် ကြည့်ရှုသူများက တစ်စုံတစ်ရာက မှားနေကြောင်း သိလိုက်ကြကာ မုရှောင်းနွမ်၏ အခြေအနေကို စိုးရိမ်ကြောင်း ဖော်ပြကြသည်။

“ကြည့်ရတာ … အအေးမိနေတာထင်တယ်။ နောက်ပြီး အဖျားနည်းနည်း ရှိတယ်”

18 03

မုရှောင်းနွမ်က နဖူးကို ကိုင်ကြည့်သည်။ အလွန်ပူနေကြောင်း သိလိုက်သည်။

အာ…ဒီနေ့ မိုးကြောင့် ဖြစ်လိမ့်မယ်။

“ရပါတယ် ငါ ပုံမှန်အတိုင်းပဲ တိုက်ရိုက်ထုတ်လွှင့်နိုင်သေးတယ်။ ငါအားလုံးအတွက် အရင်ဦးဆုံး သီချင်းတစ်ပုဒ် ဆိုပြမယ်လေ”

မုရှောင်းနွမ်က ပြည်သူများအတွက် သီချင်းဆိုရန် သူမကိုယ် သူမ တွန်းအားပေးသည်။ သိသာစွာပင် သူမ ကိုယ့်အခြေအနေကို အထင်ကြီးမိသွားသည်။ သီချင်းတစ်ပုဒ် ဆိုပြီးသည်နှင့် အန်ချင်လာသည်။

“မဟုတ်သေးဘူး မဟုတ်သေးဘူး ငါ ခဏလောက် နားလိုက်အုံးမယ်”

မုရှောင်းနွမ်ကလည်း ဗိုက်က ကပြောင်းကပြန် ဖြစ်လာသလို ခံစားရသည်။ မသက်မသာ ဖြစ်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ မျက်နှာကလည်း ပျက်ယွင်းလာသည်။ မသက်မသာလည်း ဖြစ်လာသည်။

“ငါ ရှောင်းနွမ်အတွက် စိတ်မကောင်းဘူး။ မတောင့်ထားနဲ့ အခုချက်ချင်း ပိတ်လိုက်တော့”

“နေမကောင်းဘူးဆိုရင်လည်း ဆေးရုံကို မြန်မြန်သွားလေ။ အဲဒီလိုမှ မဟုတ်ရင်လည်း ဆေးသောက်ပြီး နားတော့”

“နင့်ယောက်ျား ဘယ်မှာလဲ သူ့ကို လာကြည့်ခိုင်းလိုက်လေ ဒီလိုမျိုးဖြစ်နေတာကို”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများကလည်း မုရှောင်းနွမ်အတွက် စိုးရိမ်နေကြသည်။

“ဒီကောင်မလေးက လဲတောင ကျတော့မယ်။ ဘာလို့ ဆရာဝန် မပြသေးတာလဲ”

“ရတယ် ရတယ်”

သို့သော် မူရှောင်းနွမက အံကို ကြိတ်ပြီး တောင့်ထားသည်။ ချန်းကောကောရဲ့ ခြေထောက်က သက်သာသေးတာ မဟုတ်ဘူး။ သွားပြီး အနှောက်အယှက်ပေးလို့ မရဘူး။

သူမသည်လည်း ချန်းကောကောကို အနှောက်အယှက်ပေးရန် မသက်မသာဖြစ်သလို ခံစားရသည်။ ချန်းကောကောက နားဖို့ လိုနေတာ။

“ဒေါက် ဒေါက်”

ထိုအချိန်တွင် အခန်းတံခါးက ရုတ်တရပ် အခေါက်ခံရသည်။

“ဘယ်သူလဲ”

မုရှောင်းနွမ်က အားနည်းစွာ မေးသည်။

“ငါပါ”

တည်ငြိမ်သောအသံထဲတွင် အလျှင်လိုမှုကိုပင် ခံစားမိနိုင်သည်။

“ချန်းကောကောလား”

မုရှောင်းနွမ်က ရုတ်တရပ် တုန်ယင်သွားသည်။ ချက်ချင်းဆိုသလို တံခါးဖွင့်နိုင်ရန် တွန်းအားပေးလိုက်ရသည်။

“ဘာလို့ မအိပ်သေးတာလဲ”

ချန်းရန်က တိုက်ရိုက်ထုတ်လွှင့်နေသော သူမကို မြင်သောအခါ မျက်မှောင်ကို ကြုတ်သည်။ သို့သော် ချဉ်းကပ်ရ လွယ်သော အသံမျိုးနှင့် ပြောသည်။

“မစိုးရိမ်ပါနဲ့ အဆင်ပြေပါတယ်”

မုရှောင်းနွမ်က အားတင်းကာ ပြုံးသည်။ တည်ငြိမ်ချင်ဟန်ဆောင်ရင်း တိုက်တွန်းသည်။

“အာ အိပ်ယာစောစော ဝင်တော့လေ ဒီနေ့ ခြေထောက်က သက်သာသေးတာ မဟုတ်ဘူးမလား”

“မင်းရဲ့ အဖျားက သက်သာသွားပြီလား”

ချန်းရန်က တောက်ပသော မျက်လုံးမျိုးနှင့် ကောင်မလေးကို ကြည့်သည်။ သူ၏ အမြဲတစေ တည်ငြိမ်သော ခံစားချက်ကလည်း ထိုအခိုက်အတန့်တွင် နည်းနည်း ရှုပ်ထွေးသွားသည်။

18 04

မျက်နှာက ဒီလောက် ဖျော့တော့နေတာ စကားပြောနေရင်းနဲ့တောင် ဝင်လေ ထွက်လေ မမှန်တော့ဘူး။ ဒီလောက်ထိ နေမကောင်းနေတာတောင် ဘာမှ မဟုတ်သလို ဟန်ဆောင်နေတုန်းပဲ သူများကိုပဲ ဂရုစိုက်နေတယ်။

မူလကမူ မုရှောင်းနွမ်က အံကို ကြိတ်ပြီး အဆင်ပြေကြောင်း ပြောလိုသေးသည်။ သို့သော် ချန်းရန် အသံကို ကြားပြီးနောက် သူမ နေမကောင်းဖြစ်နေသည်ကို သူဟာ သိနေကြောင်း နားလည်လိုက်သည်။

ဆိုတော့ အိပ်ယာစောစောဝင်အောင်လို့ သတိလာပေးတာလား။

လက်စသတ်တော့ ချန်းကောကောက ငါ့ရဲ့ အခြေအနေကို သတိထားမိပြီးသားပဲကိုး။

နောက်ပြီး သူက အထူးတလည်တောင် လာပေးတာ ဒါကတင် ငါ့ကို ဂရုစိုက်ကြောင်း ဖော်ပြတာပဲ။

“ယောက်ျား ငါနေလို့မကောင်းဘူး”

မုရှောင်းနွမ်သည် တည်ငြိမ်ချင်ဟန် မဆောင်တော့ပေ။

ချန်းရန်က အရာအားလုံးကို မြင်နိုင်နေကြောင်း မြင်ကတည်းက သူမသည်လည်း လိမ္မာနာခံသော ဇနီးလေးသာ ဖြစ်ချင်တော့သည်။

******

All Chapters