← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

19 01

အပိုင်း (၁၉)

“ဖာ့ခ် ဒီလို ချွဲပြီး ပြောတဲ့ စကားကတင် ငါ့လိုလူကြမ်းကြီးတွေ ခုခံဖို့ အားတွေကို ကျော်ဖြတ်သွားပြီ”

“ရှောင်းနွမ် မင်း စကားပြောတုန်းက အင်အားတွေ ဘယ်ရောက်သွားလဲ။ ဘယ်လိုဖြစ်ပြီး ကိုယ့်ယောက်ျားကို မြင်တာနဲ့ အညံ့ခံလိုက်တာလဲ”

“သေချာပေါက်ကိုပဲ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ သန်မာ သန်မာ သူမရဲ့လူနဲ့ တွေ့တဲ့အချိန်မှာ မိန်းမငယ်လေးဖြစ်သွားတာပဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း မုရှောင်းနွမ်ဟာ ယခုလေးတင် သန်မာသော ပိုးဟပ်ကြီး ပုံစံ အနေအထားမျိုးမှ ချန်းရန်ကို မြင်လိုက်ရုံဖြင့် ညင်သာကာ နူးညံ့ပြီး ချစ်စရာဖွယ်ကောင်းသော မိန်းမငယ်လေး ဖြစ်သွားပုံကို ကြည့်ပြီး သက်ပြင်းချကာ ပြောကြသည်။

“မင်းက ဒီလောက်ထိ နေမကောင်းဖြစ်နေတာကို တိုက်ရိုက်ထုတ်လွှင့်အုံးမလို့လား”

ချန်းရန်က အနားသို့ ကပ်သွားပြီး မုရှောင်းနွမ်၏နဖူးကို စမ်းကြည့်သည်။ တော်တော်လေးကို ပူနေ၏။

အာ ဒီကောင်မလေးက ကိုယ့်ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်ဘူး။

“မင်း ဘာလို့ ငါ့ကို မပြောတာလဲ”

ချန်းရန်က နည်းနည်း ဒေါသထွက်သွားသည်။

“ငါ ဒီနေရာကို ရောက်လာတဲ့ ပထမ ရက်မှာကတည်းက အဲဒီ ဆူးနှင်းပန်း အဆီပေးရင်းနဲ့ မင်းတစ်ခုခုကို လိုချင်ရင် ငါ့ကို ပြောလို့ရတယ်လို့ ပြောထားတာ မဟုတ်ဘူးလား”

“ငါက မင်းရဲ့ကျန်းမာရေးကိုတင် ပြောနေတာမဟုတ်ဘူး။ မင်း မထိန်းနိုင်မှာကို စိုးရိမ်နေတာ”

မုရှောင်းနွမ်က လှပသော မျက်လုံးက ပုတ်ခတ်ပုတ်ခတ် လုပ်သည်။ စနောက်ချင်သလိုမျိုး လျှာကို ထုတ်ကာ ပြောင်ပြသည်။ စီနီယာအစ်ကိုချန်းက သူမကို ကြမ်းတမ်းနေသော်လည်း ဒါဟာ သူမကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုကောင်မလေးသည်လည်း မှားယွင်းစွပ်စွဲ ခံရသလို မခံစားရတော့ပေ။ ထို့အစား ပို၍ပင် ဝမ်းသာအားရဖြစ်လာပြီး ချန်းရန်ကိုပင် နောက်ပြောင်သေးသည်။

“မစမ်းကြည့်ဘူးဆိုရင် ဘယ်လိုလုပ်သိမှာလဲ”

ချန်းရန်က မျက်ခုံးအသာပင့်သည်။ သူ၏ မျက်ခုံးအကြားတွင် မကျေနပ်မှုကို မြင်နိုင်သည်။

ကြည့်ရတာ ဒီကောင်မလေးကို သူ ဘယ်လောက် အင်အားကြီးသလဲ ဆိုတာကို ပြရတော့မယ် ထင်တယ်။

“ဘယ်လို စမ်းမှာလဲ”

မုရှောင်းနွမ်၏ ရန်စသော မျက်လုံးများက ချန်းရန်၏ ရန်စမှုကို လှုံ့ဆော်လိုက်သည်။

“အရင်လဲ”

ချန်းရန်သည် အပိုစကားမပြောတော့ဘဲ စတင်ကာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ကလစ်

ချန်းရန်သည် လက်ထဲတွင် သစ်သားဘူးလေးကို ကိုင်ထားပြီး အမျိုးမျိုးသော အရှည်ရှိသည့် ငွေရောင်အပ်များကို ချက်ချင်းထုတ်သည်။

“နင်…နင်..နင် နင်ဘာလုပ်မလို့လဲ”

မုရှောင်းနွမ်၏ နားရွက်က ချက်ချင်းဖြူစုတ်သွားသည်။ သူမ၏ ဦးခေါင်းခွံကပင် ကြိမ်းသွားသည်။

စီ…စီနီယာအစ်ကိုချန်းမှာ ထူးဆန်းတဲ့အ ကျင့်များ ရှိနေတာလား။

“ရပါတယ် ဒီအတိုင်းလေး ထိုးရုံပဲ မင်း ကောင်းသွားလိမ့်မယ်”

ထိုကောင်မလေး၏ ကြောက်လန့်နေသော ပုံစံကို မြင်သောအခါ ချန်းရန်က သူမကို ထပ်ပြီး မခြောက်နိုင်တော့ပေ။ ထို့ကြောင့် သူမကို ပြုံးပြီး နှစ်သိမ့်လိုက်သည်။

19 02

“ဒါပေမဲ့ တအားရှည်တယ်နော်”

မုရှောင်းနွမ်သည်လည်း ထိုကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးချေ။ သူမ၏ ခြေထောက်နှစ်ဖက်ကိုပင် ဖိကပ်လိုက်ပြီး အကြောင်းပြချက် မရှိ နည်းနည်း ကြောက်နေသည်။

“ယောက်ျား ငါ ကြောက်တယ်နော်”

အာ…အချို့ဟာတွေဆိုရင် လူတစ်ယောက်ရဲ့ လက်ညိုးထက်တောင် ရှည်နေသေးတယ်။ သူ ဘယ်လို လက်ခံနိုင်မှာလဲ။

မုရှောင်းနွမ်ကသာ ကြောက်နေခြင်း မဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများကပင် သံသယဝင်နေကြသည်။

“သေစမ်း ဆေးရုံ မခေါ်သွားဘူးလား”

“အပ်စိုက်မယ် ဆရာသခင်ချန်း နောက်နေတာလား”

“ဝိုး အပ်စိုက်တာက အဖျားကို သက်သာစေနိုင်လို့လား။ ငါ ပညာမတတ်တာဆိုပြီး ငါ့ကို အနိုင်မကျင့်နဲ့နော်”

“တကယ်လို့သာ အလုပ်ဖြစ်မယ်ဆိုရင် ဆရာသခင်ချန်း ငါမင်းကို အဖိုးလို့ ခေါ်မယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက မယုံကြည်နိုင်မှုကို ဖော်ပြကြသည်။ ဘယ်လိုဖြစ်ပြီး အပ်စိုက်တာက ဒီလောက်ထိ မှော်ဆန်သွားတာလဲ။

“ဟန်နီက အရမ်းတော်တာပဲ”

မုရှောင်းနွမ်က လက်ကို ပိုက်ထားပြီး ဖားသော အမူအရာမျိုးနှင့် ပြောသည်။

“ဒါပေမဲ့လေ မလိုပါဘူးရယ် ငါအိပ်လိုက်ရင် ကောင်းသွားမှာ”

“မင်းက ငါ့ကို မယုံဘူးလား”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ဘယ်လို ဖြစ်နိုင်မှာလဲ”

မုရှောင်းနွမ်က လက်ရောခြေရော ခါကာ ယမ်းသည်။ သူမသည်လည်း စီနီယာအစ်ကို ချန်း ပြောသမျှကို အမြဲတစေ ယုံကြည်နေကြဖြစ်သည်။

ဒါပေမဲ့ သူ နည်းနည်း ကြောက်တယ်။

“ဒါဆိုရင်လည်း ဘာကို တုန့်ဆိုင်းနေတာလဲ”

ချန်းရန်ကလည်း သူမအား ထိုသို့ မနာကျင်စေချင်တော့ပေ။ ထို့ကြောင့် တိုက်ရိုက်ပင် ပြောသည်။

“မြန်မြန် စမယ်”

“အာ..ငါ…ငါ ငါ”

မုရှောင်းနွမ်ကလည်း ထွက်ပြေး၍ မရပေ။ ထို့ကြောင့် တစ်ခဏခန့် ရုန်းကန်ကြည့်ပြီး နောက်ဆုံးတွင် အံကို ကြိတ်၍ စိတ်ကို ဆုံးဖြတ်ချက် ချသည်။

“ကောင်းပြီလေ ဘယ်မှာ စမှာလဲ”

“ကျော”

“အာ”

မုရှောင်းနွမ်က နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ ထိုနေရာက နည်းနည်း ကို့ရို့ကားယားဖြစ်သည်။ သူမ၏ မျက်နှာက နည်းနည်းရဲသွားပြီး အမူအရာကပင် နည်းနည်း ရှက်သွားသည်။

“ဒါဆိုရင် ငါတိုက်ရိုက်ထုတ်လွှင့်မှုကို အရင်ပိတ်လိုက်အုံးမယ်”

“အင်း”

ချန်းရန်က ထိုသို့ဖြေလိုက်သော်လည်း စိတ်ထဲတွင် စိတ်ရှုပ်ထွေးနေသည်။

ဒီအတိုင်း ကျောကို အပ်လေးပဲ စိုက်မှာလေ ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်မှာလဲ

19 03

“အင်း ယောက်ျား ဟိုဖက်ကို အရင်လှည့်ပေးလို့မရလား”

မုရှောင်းနွမ်၏ အသံက ခြင်တစ်ကောင်အလား တိုးသည်။ လေထဲတွင် နူးညံ့စွာ သီဆိုနေသော အသံမျိုးနှင့်လည်း တူပြီး ရှက်ရွံ့မှုကိုလည်းမြင်ရသည်။

“မြန်မြန်လုပ်”

ချန်းရန်ကလည်း တွေးနေသည်။

ဘာလို့ ဒီကောင်မလေးက ဒီလောက်ထိ ဒုက္ခအများခံနေရတာလဲ ဒီအတိုင်းလှဲလိုက်ပြီး ကျောပေးလိုက်ရုံနဲ့ အပ်စိုက်လို့ ရသွားပြီလေ။ ဘာလို့ ဒီလောက်ထိ အကြီးအကျယ် လုပ်နေတာလဲ။

သို့သော် ချန်းရန် က ကျောပေးလိုက်သေးသည်။ အနောက်ဖက်မှ အဝတ်သံကို ကြားရသည်။

“နေ..နေပါအုံး”

ချန်းရန်က ထိုအသံကို ကြားပြီး ရုတ်တရပ် နားလည်လိုက်သည်။

“အဝတ်ချွတ်ဖို့ မလိုဘူး”

ချန်းရန်က စိုးရိမ်စိတ်များသွားပြီး ရုတ်တရပ် လှည့်ကာ စကားပြောရန် ပြင်ဆင်လိုက်ပြီး နောက်တွင် အသံက လည်မြိုတွင် တစ်သွားသည်။

ထိုအချိန်တွင် မုရှောင်းနွမ်က ညအိပ်ဝတ်စုံကို ချွတ်ပြီးကာစဖြစ်ပြီး ချောမွေ့ကာလပသည့် ကျောက်စိမ်းကျောပြင်က ပေါ်နေသည်။

ဆည်းဆာချိန်တက္ကသိုလ်မှ ကျောင်းတွင်းအလှလေးဖြစ်သည့်အလျောက် မုရှောင်းနွမ်သည် အလွန်အမင်းလှသော ခန္ဓာကိုယ် ရှိထားပြီးသားဖြစ်သည်။ အထူးသဖြင့် နောက်မှ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ချန်းရန်၏ အရှေ့တွင် အစစ်အမှန် လှပသော ကျော်ပြင်က ပေါ်လာသည်။

ချန်းရန်ကလည်း အလှအပ စံချိန်စံနှုန်းမြင့်ပြီး သန်မာသော စိတ်ဓာတ်အင်အားကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်သည်။ သို့သော် ထိုမြင်ကွင်းကို ပထမဦးဆုံးအကြိမ် မြင်ပြီးနောက် ရုတ်တရပ် ကြောင်အသွားကာ အကြည့်မလွှဲနိုင်တော့ပေ။

“အာ စီနီယာ အစ်ကိုချန်း”

မုရှောင်းနွမ်က တအံ့တဩ အော်သည်။ သူမ၏ အင်္ကျီနှင့် အရှေ့ဘက်ကို ခပ်မြန်မြန် အုပ်လိုက်သည်။ သို့သော် သူမ၏လက်မောင်းကြားကတဆင့် ဘေးတစောင်းအနေအထားမျိုးနှင့် ကြီးမားသော စည်ပိုင်းကြီးများကို မြင်လိုက်သေးသည်။

အင်း ဟုတ်တယ် ကြီးပြီး လုံးဝန်းတာမျိုး။

“မင်း…မင်း ဘာလို့ ညအိပ်ဝတ်စုံကို ချွတ်နေတာလဲ”

ချန်းရန်၏အကြည့်က သဘာဝမကျပဲ အသက်ရှူနှုန်းက မြန်ဆန်နေသည်။ သူသည် နည်းနည်းပင် ထိတ်လန့်နေသေးသည်။ ထို့နောက် မျက်နှာကို ခပ်မြန်မြန် ဘေးဖက်သို့ စောင့်လိုက်ပြီး ခပ်တိုးတိုးမေးသည်။

“အပ်စိုက်မှာ မဟုတ်ဘူးလား”

မုရှောင်းနွမ်က အရှေ့မှ စောင်ကို ပြန်ခြုံလိုက်ပြီး ကျောကိုသာ ဖော်ပြထားတော့သည်။

“အဝတ်တွေ အုပ်နေရင် အပ်ဘယ်လိုစိုက်မှာလဲ”

“အာ တကယ်တော့ တကယ်တော့ မလိုပါဘူးရယ်”

ချန်းရန်ကလည်း အဝတ်ချွတ်ရန် မလိုကြောင်း ပြောရန် ပြင်လိုက်သည်။ မည်သို့ပင် ဆိုစေ သူ၏ အပ်စိုက်စွမ်းရည်နှင့်ဆိုလျှင် တိုက်ရိုက်စိုက်၍ရသည်။

“တကယ်တော့ ဘာဖြစ်လဲ”

မုရှောင်းနွမ်က ချန်းရန်၏ အကြည့်ရှောင်သော မျက်လုံးကို မြင်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာမေးသည်။

“အာ ဘာမှ မဟုတ်ဘူး”

ချန်းရန်က လည်ချောင်းကို ရှင်းသည်။ သူက လေးစားမှုအပြည့်နှင့်ပြောသည်။

19 04

“မဆိုးပါဘူး။ မင်းက ပညာရှင်ဆန်သားပဲ ငါလည်း ပြောတော့မလို့”

“ဪ”

မုရှောင်းနွမ်က ခေါင်းငြိမ့်ပြီး နာနာခံခံ လှဲလိုက်ကာ မျက်လုံးကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်သည်။ မစတင်ခင်ကတည်းက ကျောပြင်တွင် ချွေးစေးများ စို့လာသည်။

“ဟူး”

ချန်းရန်က အသက်ကို ပြင်းပြင်းရှူသည်။ သို့သော် သူ၏ နှလုံးသားက အခုန်နှုန်းမြန်ဆန်နေသည်။ သူသည် ပထမဦးဆုံး အကြိမ်အဖြစ် မရည်ရွယ်သောအရာကို ပြောမိခြင်းဖြစ်သည်။

“တောင့်ထားအုံးနော် စပြီး”

သူက စိတ်ထဲတွင် တည်ငြိမ်အောင် ထိန်းပြီးသည်နှင့် အပ်ကို တိကျစွာ စိုက်သည်။

တစ် နှစ် သုံး

မုရှောင်းနွမ်သည်လည်း သူမသည် အပ်မည်မျှဖြင့် အထိုးခံနေရကြောင်း မသိပေ။ အစပိုင်းတွင်မူ နည်းနည်းနာသည်။ သို့သော် သိပ်မကြာခင်တွင် သူမ၏ ကျောပြင်က နည်းနည်း ပူလာပြီး တစ်ကိုယ်လုံးမှ အပူက ကျောပြင်ထံသို့ ဆွဲယူခံနေရပုံပေါ်သည်။

“ရပြီ”

သိပ်မကြာခင်မျာတင် ချန်းရန်က အပ်စိုက်ကုထုံးကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်သည်။ မုရှောင်းနွမ်ကလည်း ချွေးပြိုက်ပြိုက် ကျနေသည်။ ချန်းရန်၏ နဖူးကပင် ချွေးများ စိုနေသည်။ ပြောရမည်ဆိုလျှင် ကြည်လင်သော စိတ်ကို အရထိန်းပြီး တိကျသောနှုန်းနှင့် ကွက်တိအပ်စိုက်ကုသနိုင်ခြင်းကတင် တော်တော်လေးကို ကြီးမားသည့် နှိပ်စက်မှုမျိုးဖြစ်နေသည်။

“ဟင်”

မုရှောင်းနွမ်က လှပသောမျက်လုံးကို ဖွင့်သည်။ သူမ၏ မျက်လုံးထဲတွင် တောက်ပမှုကို မြင်နိုင်သည်။

“ပြီးသွားပြီလား”

သူမသည် ရုတ်တရပ် ဆိုသလို ခေါင်းကိုက်သက်သာသွားကြောင်း သိလိုက်သည်။ အန်ချင်စိတ်ကပင် ချက်ချင်းပျောက်သွားသည်။ တစ်ကိုယ်လုံးက ပေါ့ပါးသွားပြီး အေးဆေးသွားသည်။

“ချန်းကောကော ငါ နေလို့ကောင်းသွားပြီ”

မုရှောင်းနွမ်ကလည်း အလွန်အံ့ဩသွားပြီး ချန်းရန်ကို ကြည့်သည်။ သူမသည် မယုံကြည်နိုင်တော့ပေ။

အံ့ဩဖို့ကောင်းလိုက်တာ။

အပ်စိုက်ကုတာက အဖျားကျစေနိုင်တာလား။ မယုံနိုင်စရာပဲ။

“အဖျားကျသွားပေမယ့်လည်း မင်းများများ ပိုပြီးနားရမယ်”

ချန်းရန်က ငွေရောင်အပ်များကို တစ်ချောင်းချင်းစီ ပြန်နှုတ်သည်။ ထို့နောက် မုရှောင်းနွမ်ကို စောင့်ဖြင့် ခြုံပေးပြီးနောက် ပြောလိုက်သည်။

“နောက်ကျနေပြီ။ မနက်ဖြန်မှပဲ တိုက်ရိုက်ထုတ်လွှင့်တော့”

“ဟုတ်ကဲ့”

မုရှောင်းနွမ်က လိမ္မာပုံလေးပေါ်သည်။ သူမသည် အလွန်အမင်းကို နာခံစွာ တုန့်ပြန်ပြီး နွမ်းနယ်စွာနှင့် အိပ်ပျော်သွားသည်။

“ဟူး နောက်ဆုံးတော့ ပြီးသွားပြီ”

ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ သူသည် အမြဲတစေ တည်ငြိမ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားသည်။

“ဒီကောင်မလေးကတော့ တစ်ခါတရံမှာ တကယ်ကို အထင်သေးလို့မရဘူး”

အိပ်ပျော်သွားသောမုရှောင်းနွမ်ကို ကြည့်ပြီး ချန်းရန်ကပင် ပြုံးလိုက်သည်။ သေချာတွေးတောကြည့်ပြီးနောက် အခန်းသို့သာ ပြန်ပြီး ပုံဆွဲဘုတ်ပြားများကို ပြန်ဆဲထုတ်လိုက်သည်။ ထိုဘုတ်ပြားပေါ်တွင် တိတ်ဆိတ်ကာ လှပသည့် အိပ်ပျော်နေသော ကောင်မလေး၏ပုံက ပြီးတော့ပေမည်။

19 05

တိတ်ဆိတ်သော ညတွင် ချန်းရန်က လက်ထဲတွင် စုတ်တံကို ကိုင်၍ ကောင်မလေးတစ်ယောက်၏ ပုံကို ရေးဆွဲနေသည်။

နောက်တစ်နေ့ မနက်ခင်းတွင်

“အာ သက်တောင့်သက်သာရှိလိုက်တာ”

မုရှောင်းနွမ်က အကြောဆန့်ပြီး သက်တောင့်သက်သာရှိသလို ခံစားရသည်။ ဖော်ပြရန်ခက်ခဲသော သက်တောင့်သက်သာရှိသည့် ခံစားချက်ကိုပင် ရနေသည်။

“တကယ်ကို လုံးဝ သက်သာသွားတာပဲ”

မုရှောင်းနွမ်က ခေါင်းကို တစ်ချက်ထိကြည့်သည်။ မပူတော့ချေ။ မနေ့ညက မသက်မသာဖြစ်သော ခံစားချက်ကလည်း လုံးဝ ပျောက်သွားပြီ ဖြစ်သည်။

“ထပြီး မနက်စာစား”

ချန်းရန်က နိုးနေသည်မှာ ကြာပြီ ဖြစ်သည်။ သူသည် မနက်စာကိုလည်း ပြင်ပြီးသည့်အပြင် စားလည်း စားပြီးလေပြီး ယခုအခါ မန်ထုံကို မုန့်ကျွေးနေခြင်းဖြစ်သည်။

ဝု ဝု

မန်ထုံ၏ ခြေထောက်ကလည်း ချန်းရန်၏အပ်စိုက်ကုထုံးကြောင့် သက်သာသွားပြီ ဖြစ်သည်။ သူသည် မုရှောင်းနွမ်ကို မြင်သောအခါ ပျော်ရွှင်စွာ ဟောင်သည်။

“အာ စီနီယာအစ်ကိုချန်းက သူ့ကိုလည်း ကုပေးလိုက်တာလား”

မုရှောင်းနွမ်က အပျော်လွန်နေပြီး ဆောင့်ကြောင့်ထိုင်ကာ ထိုခွေးလေး၏ခေါင်းကို အသာလာပုတ်သည်။

“အင်း ငါ သူ့ရဲ့ သွေးအထုံးကို ဖြည်ပေးဖို့ အပ်စိုက်ကုသလိုက်တာလေ”

ချန်းရန်က ရယ်သည်။

“ဒီအတိုင်း သူ့ရဲ့ သွေးကြောတွေက ပိတ်နေတာ။ ဒါကြောင့် ရိုးရှင်းသွားတာလေ”

“အဲ့ဒီလောက် မရိုးရှင်းပါဘူးနော်”

မုရှောင်းနွမ်၏ လှပသော မျက်လုံးကြီးက တောက်ပနေပြီး လေးစားမှု အပြည့်နှင့် ပြောသည်။

“ချန်းကောကော ချန်းကောကောက အရမ်းတော်တာပဲ။ မန်ထုံတောင် သက်သာသွားပြီ နောက်ပြီး အပ်နည်းနည်း စိုက်လိုက်ရုံနဲ့ငါ့ရဲ့ အဖျားလည်း ပျောက်သွားတာပဲ”

“အာ…ကောကို တကယ် မယှဉ်နိုင်ဘူး”

ချန်းရန်က မနေနိုင်ဘဲ စလိုက်သေးသည်။

“ဒီအကောင်လေးက နွားပေါက်လေးလောက်တောင် ရှိတာမဟုတ်ဘူး။ တအားကို သေးတာ တစ်ချက် စိုက်လိုက်ရုံနဲ့ သက်သာသွားတာလေ။ မင်းနဲ့တော့ မယှဉ်နိုင်ပါဘူး”

ထိုစကားကို ကြားပြီး မုရှောင်းနွမ်က ရုတ်တရပ် မနေ့ညက ကျောပြင်ကို အပ်စိုက်ခဲ့သည့် ကိစ္စကို သတိရသွားပြီးနည်းနည်း ရှက်သွားပြီး မျက်နှာက ရဲသွားသည်။

“ဝုတ် ဝုတ် ဝုတ်”

ထိုအချိန်တွင် မန်ထုံက ရုတ်တရပ် ဟောင်သည်။ ချန်းရန်က ခေါင်းကို လှည့်လိုက်သောအခါ စံအိမ်သို့လာနေသည့် သူစိမ်းနှစ်ယောက်ကို မြင်ရသည်။

“ဘယ်သူလဲ လူကြီးမင်းချန်းလား”

ထိုနှစ်ယောက်က လူကြီးတစ်ယောက် လူငယ်တစ်ယောက်ဖြစ်သည်။ လူအိုကြီး၏ ဆံပင်များက ဖြူဖွေးနေပြီ စာဖတ်မျက်မှန်ကိုလည်း တပ်ထားသည်။ သူ၏ပုံစံက ပညာသင်သားပုံစံပေါက်ပြီးချန်းရန်ကို စိတ်လှုပ်ရှားစွာကြည့်သည်။

“ဘယ်သူလဲ”

“ဒါက ငါ့ဆရာ အကယ်ဒမစ် ပညာရှင် ရှန်းချင်ကန်းပါ။ ငါကတော့ ဒေါက်တာရှုံးလေ ဆရာသခင်ချန်းက ငါ့ကို မှတ်မိရဲ့လား”

19 06

လူအိုကြီး၏ နံဘေးတွင် နည်းနည်းဝသောလူငယ်လေး ရှိပြီး အသံကိုလည်း ရင်းနှီးသည်ဟု ခံစားရသည်။ ထို့ကြောင့် မုရှောင်းနွမ်က ချန်းရန်ဆီ အပြေးအလွှားသွားကာ ပြောသည်။

“ငါ မှတ်မိတယ် ငါမှတ်မိတယ်။ နင်က အဲ့ဒီနေ့က တိုက်ရိုက်ထုတ်လွှင့်မှုအခန့်ထဲမှာ ငါ့ယောက်ျားနဲ့အတူ အရွက်ဥယျာဉ်ထဲမှ အပင်တွေကို မှတ်မိခဲ့တဲ့ တစ်ယောက်မလား”

“ဆိုတော့ နင့်ရဲ့ဘေးကတစ်ယောက်က နင့်ရဲ့ ဆရာပေါ့။ ဘာလဲ အပင်ဗေဒလောကက ဘိုးဘေးကြီး ဆိုတာ မဟုတ်လား လူကြီးမင်းရှန်းပေါ့”

မုရှောင်းနွမ်က အလွန်အံ့ဩနေပုံရပြီး အသံကပင် တုန်နေသည်။

ဘုရားရေ ဒီလို လူကြီးမင်းအိုကြီး၏ ဒီနေရာကို ရောက်လာမယ်လို့ မထင်ထားဘူး။ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။

“ဟားဟား ဒီအဖိုးကြီးက မင်းပြောသလောက်လည်း အင်အားမကြီးပါဘူး။ ငါ ဒီနေ့ ဒီနေရာကို အဓိကလာတာက လူကြီးမင်းချန်းကိုလည်း ရှေးဟောင်း တရုတ်သစ်သီးပင်ရဲ့ သတင်းအကြောင်း မေးချင်လို့ပဲ”

လူကြီးမင်းရှန်းသည် မုရှောင်းနွမ်ကို ထိုသို့ ဖြေပြီးသည်နှင့် လိုရင်းကို တိုက်ရိုက်ပြောကာ ချန်းရန်ကို မေးသည်။

“ငါ အဖိုးကြီးက အဲဒီ ကိစ္စကြောင့် လာခဲ့တာပါ”

ချန်းရန်ကလည်း သူလာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ပြုံးလိုက်သည်။

“လာခဲ့လေ အရွက်ဥယျာဉ်ထဲမှာ ရှိတယ်။ ခဏနေရင် ပြပေးမယ်”

“ဒါ မင်းအတွက် ဒုက္ခများ များမလား”

လူကြီးမင်းရှန်းသည်လည်း သူက စိတ်မရှည်ဖြစ်လွန်းပြီး ရောက်လာခဲ့မှန်း သိသောကြောင့် နည်းနည်း ရှက်သလို ပြောလိုက်သည်။

“ရပါတယ် သွားမယ်”

ချန်းရန်က အဆင်ပြေကြောင်း ပြောသည်။ ထို့နောက် လူကြီးမင်းရှန်းအား ထိုအရွက်ခင်းသို့ ခေါ်သွားပေးသည်။

“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်စရာ အကြောင်းအရာရှိပြီ”

မုရှောင်းနွမ်က အကြံတစ်ခုရလာကာ လူကြီးမင်းရှန်းကို အင်တာဗျူးရန် ဆုံးဖြတ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ပြီးနောက် ချန်းရန်အား ဘေးဘက်တွင် မှတ်တမ်းတင် ရိုက်ကူးရန် ပြောလိုက်သည်။ သူမက တဖြည်းဖြည်း လာသည်။

“ဟေ့ ငါက အိုနေပါပြီ။ ငါ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံနဲ့ ငါ့ရဲ့ခါးက မလိုက်နိုင်တော့ဘူး”

ထိုသို့ပြောပြီးသည်နှင့် မည်သို့ပင်ဆိုစေ လူကြီးမင်းရှန်းကအသက်ကြီးနေလေပြီ။ သူသည်လည်း ဥယျဉ်စိုက်ခင်းသို့ ရောက်သွားသည်နှင့် ခါးက ကုန်းသွားပြီး ထပ်မလှုပ်နိုင်တော့ဘဲ အရင်နားရန် ဖြစ်လာသည်။

“လူကြီးမင်းရဲ့ခါးက တော်တော်လေးကို မသက်မသာ ဖြစ်နေတာလား”

ချန်းရန်က အကြံပေးလိုက်သည်။

“ငါ နည်းနည်း အပ်စိုက်တတ်တယ်။ ဘာလို့ မကုပေးရမှာလဲ”

“မိတ်ဆွေငယ်လေးချန်းက ဒီစွမ်းရည် ရှိသေးတာလား”

လူကြီးမင်းရှန်းက အံ့ဩသွားပြီး ပျော်ရွှင်သွားသည်။ သူက အလျှင်စလို မေးသည်။

“ဒုက္ခတော့ များမယ်ထင်တယ်”

“ပြဿနာမရှိဘူး”

ချန်းရန်က ပြုံးလိုက်ပြီး သူ၏ ကောင်းကင်ကို ဖီဆန်သော အပ် 81 ချောင်းကို ထုတ်လိုက်သည်။ လူကြီးမင်း ရှန်းက အဝတ်ကို လှန်တော့မည့်အချိန်တွင် သူက တိုက်ရိုက်ပင် တားသည်။

“ဘာလို့လဲ”

19 07

လူကြီးမင်းရှန်းက ပဟေဠိဖြစ်သွားသည်။၊

“ငါ အင်္ကျီကနေတဆင့် အပ်စိုက်နိုင်တယ်လေ”

ချန်းရန်က အပြုံးဖြင့် ရှင်းပြပြီးနောက် အဝတ်များကတဆင့် ရှင်းပြပေးသည်။ တစ်ခဏခန့် ကြာပြီးနောက် ချန်းရန်က အပ်များအားလုံးကို ပြန်ဖယ်သည်။ လူကြီးမင်းရှန်းကလည်း ခါးကို တိုက်ရိုက်ပင် မတ်နိုင်သွားသည်။ ခါးကလည်း မကြိမ်းတော့သလို ကိုက်လည်း မကိုက်တော့ဘဲ တအံ့တဩပင် ဖြစ်နေသေးသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှသူများက မြင်သွားသည်။

“မှော်ဆန်လိုက်တာ အပ်စိုက်ရုံနဲ့တင် အဖိုးကြီးရဲ့ခါးကို ကုပေးနိုင်တာလား”

“ဝိုး လန်းလိုက်တာ။ အရေးအကြီးဆုံး အချက်က လူကြီးမင်းချန်းက အဝတ်တောင် မမဘူးဆိုတာ မြင်လိုက်လား”

“အံ့ဩစရာပဲ အရမ်းကို အံ့ဩဖို့ကောင်းတယ်။ သူက အဝတ်ကနေတဆင့် ကွက်တိစိုက်နိုင်သေးတယ် ဆရာသခင်ချန်း ဖြစ်ထိုက်ပါပေတယ်”

“အဝတ်ကနေ တစ်ဆင့်နော် မျက်လုံးကို အုပ်ထားပြီး အကန်းပုံစံနဲ့ စိုက်ရသလိုပဲ။ လူကြီးမင်းချန်းကို တကယ် လေးစားတယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကွန်မ့န်များက လျို့လျို့လျို့ များ ပြည့်နှက်နေသည်။ ထိုအချိန်တွင် မုရှောင်းနွမ်က ပြင်ဆင်စရာ ရှိသည်အား ပြင်ဆင်၍ ရောက်လာသည်။ သူမက သတင်းကို သိလိုက်သည်နှင့် မှင်သက်သွားသည်။

“မျက်ကန်း အပ်စိုက်တယ်။ အဝတ်ကနေ တဆင့် အပ်စိုက်တယ် ဟုတ်လား”

******

All Chapters