အခန်း ၂၀
Vol. 2 Ch. 20
20 01
အပိုင်း (၂၀) ဟန်နီ ငါ့ရဲ့ ကျောက လှလား
“မျက်ကန်းအပ်စိုက်တယ်။ ဝိုး ယောက်ျား ယောက်ျားက အရမ်းတော်တာပဲ။ အဝတ်ကနေ တဆင့်တောင့် အပ်စိုက်နိုင်တာ”
မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းများကို တည်ငြိမ်စွာ ကောက်ကိုင်လိုက်ပြီး ချန်းရန်အား တောက်ပသော အပြုံးမျိုးဖြင့် ကြည့်သည်။
“ဘာကို အပ်စိုက်တာလဲ”
ချန်းရန်၏နှလုံးသားက ရုတ်တရပ် လှုပ်ခတ်သွားသည်။ သူမက ချက်ချင်းဆိုသလို အသိဝင်သွားသည်။
သွားပြီ ပေါ်သွားပြီ။
ရှက်စရာပဲ။
အကြောင်းမူကား မနေ့ညက သူသည မုရှောင်းနွမ်ကို ကျောဗလာပေါ်တွင် အပ်စိုက်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူသည် မရပ်တန့်ခဲ့ချေ။ သို့သော် ထိုအခိုက်အတန့်တွင် ပုံမှန်အားဖြင့် လေးနက်တည်ကြည်သော ချန်းရန်က ရုတ်တရပ် အပြစ်မကင်းသလို ခံစားလိုက်ရပြီး မုရှောင်းနွမ်၏မျက်လုံးကို တိုက်ရိုက်မကြည့်တော့ဘဲ ရှောင်သည်။
ပိုဆိုးသည်မှာ ချန်းရန်က ထိုသို့ အကြည့်ရှောင်လေလေ မုရှောင်းနွမ်၏မျက်လုံးက တောက်ပလေလေ ဖြစ်သည်။
ဟီးဟီး ကြည့်ရတာ စီနီယာအစ်ကိုချန်းရဲ့ ဝက်မြှီးကို မိပြီ။
လက်စသတ်တော့ စီနီယာအစ်ကိုချန်းကလည်း လောကကနေ ကွဲထွက်နေတဲ့ နတ်ဘုရား မဟုတ်ဘူးပဲ။
“ဟန်နီ ငါ့ရဲ့ကျောက လှလား”
မုရှောင်းနွမ်က အနားသို့ကပ်သွားပြီး လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်၍ စနောက်သလို မေးသည်။
“ကျောရဲ့မြင်ကွင်းကတော့ အမှန်တကယ်ကို လှတယ် တိုက်ရိုက်ထုတ်လွှင့်မှု အခနးထဲက လူတွေကို မင်းမေးမယ်ဆိုရင်လည်း အလားတူ ဖြေမှာပဲ။”
တိုက်ရိုက်အဖြေကို မပေးလေဘဲ ထိုသို့သာ တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ဆက်ပြောသည်။
“ငါ လူကြီးမင်းရှန်း ဘာလိုလဲ သွားကြည့်လိုက်အုံးမယ်”
ဟူး…
မုရှောင်းနွမ်က ထိုအခြေအနေကို ကြည့်ရင်း ရယ်နေသည်။ သူမ၏ မျက်ဝန်းထောင့်များကမူ လခြမ်းကွေးကဲ့သို့ ကွေးနေသည်။ သူမသည်လည်း ယခုလို ချန်းကောကောမျိုးကို မမြင်ဖူးသေးချေ။
ဟွန့် သူက တိုက်ပွဲနယ်မြေက ထွက်ပြေးတဲ့အတိုင်းပဲ။ ဟန်ဆောင်နေ ဆက်ပြီး ဟန်ဆောင်နေ။
မုရှောင်းနွမ်၏စိတ်အခြေအနေက ကောင်းသွားသည်။ သူမက သံစဉ်ကိုပင် ခပ်တိုးတိုးရေရွတ်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို လှမ်းကိုင်လိုက်သည်။
“ဟယ်လို ဟယ်လို အားလုံးပဲ ဒီနေ့က ငါတို့ရဲ့ အပင်ဗေဒ လောကက ဘိုးဘေးကြီးဖြစ်တဲ့ လူကြီးမင်းရှန်းက ရောက်နေတာ။ပါ ရှောင်းနွမ်က နင်တို့ကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်နော်”
မုရှောင်းနွမ်၏ ဆက်ဆံရေးက ကောင်းသည်။ သူမက ကင်မရာကို ယူပြီးသည်နှင့် ချန်းရန်နှင့် လူကြီးမင်းရှန်းတို့၏ နောက်မှ လိုက်ကာ အရွက်ခင်းထဲသို့ သွားသည်။ မန်ထုံက နောက်မှ လိုက်လာသည်။ထိုကောင်လေးက ခေါင်းနှင့်အမြှီးကို တောက်လျှောက်ခါနေ၏။ သူ၏ ခေါင်းနှင့်အမြှီးက လက်တစ်ဝါးစာသာ ရှိနေသေးသည်။ သို့သော် သူဟာ အနောက်မှ ခုန်ပေါက်ကာ လိုက်လာသည်။ သူ၏ပုံစံလေးက ချစ်စရာကောင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရယ်သံများကို ပေါ်ထွက်လာစေသည်။
ထိုနေရာတွင် ချန်းရန်က အရွက်ခင်းထဲသို့ ရောက်သွားပြီ ဖြစ်သည်။
“တင် သက်သာဘဝစနစ်က စတင်ပါပြီ”
“သက်သာဘဝစနစ်စ တာဝန်အသစ်တစ်ခုဖြစ်တဲ့ [သက်သာ တာဝန်] ကို ထုတ်လိုက်ပါပြီ : သက်တောင်သက်သာ နေထိုင်တယ်။ လူကြီးတွေနဲ့ စကားပြောတယ်။ အံ့ဩဖွယ်ကောင်းတဲ့ နေ့ကို အတူတကွ ကုန်ဆုံးတယ်”
စနစ်၏အသံကို ကြားလိုက်သည်နှင့် ချန်းရန်က ပြုံးသည်။ ဒီနေ့ စံအိမ်ကြီးထဲတွင် ဧည့်သည်များလည်း ရှိနေသည်။ သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ဧည့်ခံပေးမည် ဖြစ်သည်။
“လူကြီးမင်းရှန်း”
သို့ရာတွင် ချန်းရန်ကပင် ရှေ့သို့ မတက်သေးခင် လေနှင်ရာ မြောလွှင့်နေသော မိန်းမငယ်လေးဖြစ်သည့် မုရှောင်းနွမ်က ချန်းရန်ကိုပင် ကျော်ကာ ထိုအဖိုးကြီးထံသို့ တိတ်တဆိတ် ပြုံးရင်းသွားသည်။
“အင်း မင်းက ဘယ်သူလဲ”
20 02
လူကြီးမင်းရှန်း မျက်မှန်ဘောင်ကို တစ်ချက် တွန်းတင်လိုက်ပြီးနောက် အရှေ့မှ လူကို တအံ့တဩ ကြည့်သည်
“ကျွန်မရဲ့နာမည်က မုရှောင်းနွမ်လေ။ ကျွန်မက ဒီက အင်း….”
မုရှောင်းနွမ်က တစ်ဖက်သို့လှည့်ပြီး တိုက်တိုက်ဆိုင်ဆိုင် အနားသို့ရောက်လာသော ချန်းရန်ကို ကြည့်သည်။ ရုတ်တရပ် နှုတ်ခမ်းများ ကော့တက်ကာ ပြုံးလိုက်ရင်း ချန်းရန်ကို ရယ်ပြသည်။ ထို့နောက် တစ်ဖက်သို့ ပြန်လှည့်ကာ ချွဲသလို ပြောလိုက်သည်။
“ဒီနေရာက အိမ်ရှင်မပေါ့”
“အာ လက်စသတ်တော့ လူကြီးမင်းချန်းရဲ့ဇနီးကို ငါ တောင်းပန်ပါတယ်”
လူကြီးမင်းရှန်းသည်လည်း နည်းနည်း အံ့ဩသွားပြီးနောက် ခပ်မြန်မြန် ထရပ်ကာ နှုတ်ဆက်သည်။ ယခုလောက် ကြီးသောအိမ်ကြီးကို ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှုပေါင်းများစွာ ရှိနေကတည်းက လူကြီးမင်းချန်းက မရိုးရှင်းပေ။ အိမ်ရှင်မကလည်း မရိုးရှင်းနိုင်ပေ။
“ဟီးဟီး လူကြီးမင်းရှန်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်မ လူကြီမင်းရဲ့ နာမည်ကို ကြားဖူးနေတာ တော်တော်ကြာပါပြီ။ ဒါကြောင့် အင်တာဗျူးချင်တာ”
မုရှောင်းနွမ်က ပြုံးရင်းပြောသည်။ လူကြီးမင်းရှန်းက သူမအပေါ် သုံးနှုန်းမှုကို ကြားသောအခါ မျက်နှာပေါ်မှ အပြုံးက ပို၍ ပြင်းထန်လာသည်။
“ဖွီ ဒီ တင်ဆက်သူက ဘယ်သူလဲ ဘယ်လောက်တောင် ဂုဏ်ယူနေလိုက်သလဲ ကြည့်စမ်းပါအုံး”
“ဟွန့် ရှောင်းနွမ်က ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ် အမှီခိုကင်းကင်းနဲ့ နေထိုင်နေကျ အခု အဲဒီ အိမ်ရှင်မဆိုတဲ့ စကားကို ကြားတာနဲ့ မျက်လုံးတွေက တောက်ပသွားတာပဲ”
“လူကြီးမင်းရှန်း လူကြီးတစ်ယောက်အနေနဲ့ ကျေးဇူးပြုပြီး ဒီကောင်မလေးကို သင်ခန်းစာပေးပေးစမ်းပါ။ သူမက ယောက်ျား ရှိသွားတာနဲ့ပဲ အရမ်းထောင်လွှားလာတယ်”
“အူး ဝူး လူကြီးမင်းချန်း ဘယ်ရောက်သွားတာလဲ။ ငါလဲ အဲဒီမှာ နေချင်တယ်လေ။ နင်သာ သဘောတူသမျှ ငါ ကြိုက်တဲ့ ပုံသဏ္ဍာန်အတိုင်း ကစားနိုင်တယ်နော် [ရှက်ရွံ့နေခြင်း]”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက နေ့စဉ်ဆူညံမှုများနှင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် ချန်းရန်က အနားသို့ ရောက်လာသည်။ ပျော်ရွှင်စွာ စကားပြောနေသော လူနှစ်ယောက်ကို ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးက ပေါ်လာသည်။
စနစ်က သူ့ကို သက်သာတာဝန်ကိုလည်း ပေးထားသည်။ မမျှော်လင့်ထားစွာပင် ထိုကောင်မလေးက လွဲပြောင်းယူသွားသည်။ သူမက လူကြီးမင်းရှန်းနှင့် အဆင်ပြေနေသည်။
“ဒါက ရှေးဟောင်း တရုတ်သစ်သီးလို့ ခေါ်တာ မျိုးတုံးသွားပြီ ဖြစ်တဲ့ မျိုးစေ့တစ်ခုပေါ့ လူအိုကြီးက ဒီအတွက်လာတာလေ”
“ဪ ဆိုတော့ ဒါကိုး ကျွန်မ ပြောပါတယ်။ ကျွန်မ အရင်တစ်ခေါက်က ဒါကို ပေါင်းပင်လို့တောင် ထင်ပြီး ဆွဲနှုတ်မိတော့မလို့ ကံကောင်းလို့ ကျွန်မယောကျ်ားက တားလို့”
မုရှောင်းနွမ်က တော်တော်လေးကို ကျေးဇူးတင်နေမိသည်။ သို့မဟုတ်ပါက သူမသည်လည်း ကပ်ဘေးနှင့် ရင်ဆိုင်အောင် လုပ်မိတော့ပေမည်။ ဒါဟာ အပင်ဗေဒ တစ်လောကလုံးအတွက် ပျက်စီးသွားစေနိုင်သည်။
“ဆိုတော့ လူကြီးမင်းချန်းက ကျွမ်းကျင်ပညာရှင် ဖြစ်နေတာကိုး။ သူက ငါ့ရဲ့ဂုဏ်ယူရတဲ့ ကျောင်းသား တွေထက် အများကြီး သာတယ်”
“အဲဒီထက်တောင် ပိုပါသေးတယ်”
မုရှောင်းနွမ်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီးချန်းရန်ကို ရည်ရွယ်ချက်ရှိရှိ ဖြင့်ကြည့်သည်။
“လူကြီးမင်းရှန်း သိရဲ့လား ကျွန်မရဲ့ယောက်ျားကလေ မနေ့က မျက်ကန် အပ်စိုက် ကုသတာကို မလုပ်တတ်သေးဘူး။ တစ်ညတည်းနဲ့ တတ်သွားတာ”
“အိုး ဒီလောက် အံ့ဩစရာက ရှိသေးတာလား”
မည်သို့ပင် ဆိုစေ ချန်းရန်၏ အပ်စိုက်ပညာက အင်အားကြီးမားပြီး သူ၏ ခါးဒဏ်ရာကိုပင် ချက်ချင်းသွားစေသည်။ လူကြီးမင်းရှန်းကပင် ချန်းရန်ကို ကြည့်လိုက်ပြီး ထိုလူငယ်လေးက မရိုးရှင်းဟု ခံစားနေရသည်။
20 03
“လူကြီးမင်းရှန်း ဘယ်လိုများလုပ်လိုက်တာလဲ”
လူကြီးမင်းရှန်းက မနေနိုင်ဘဲ မေးသည်။ ထိုအခြေအနေက ချန်းရန်အား ဖြေရခက်သွားစေသည်။
“သူက ပါရမီရှင်လေ”
မုရှောင်းနွမ်က ဝင်ပြောသည်။ ချန်းရန်ကို ကူညီပြီး ကျဉ်းထဲကြပ်ထဲ အနေအထားမျိုးမှ ဆွဲထုတ်ပေးသည်။ သို့သော် တောက်ပသော မျက်လုံးကိုမူ ဆိုးသွမ်းစွာဖြင့် တဖြတ်ဖြတ် ခတ်နေရင်း အဓိပ္ပာယ်အပြည့်ကို သယ်ဆောင်ထားပုံရသည်။
ဒီကောင်မလေးကတော့…
ချန်းရန်၏ မျက်နှာကပင် မဲမှောင်သွားသည်။ ထိုအရာက သူ၏အမှောင်ပစ္စည်းဖြစ်သွားလောက်သည်။
“လူကြီးမင်းရှန်း ရှားပါးတဲ့ အပင်တွေအကြောင်း ပြောရအောင်”
“ကောင်းပြီလေ”
လူကြီးမင်းရှန်းသည်လည်း ထိုကိစ္စနျင့်ပက်သက်ပြီး နည်းနည်း ညှီစို့နေသော တစ်စုံတစ်ရာ ရှိနေကြောင်း သိနေသည့် တိုင်အောင် အတွေးအကြုံရှိဖူးသူ တစ်ယောက်အနေနှင့် ဒီအတိုင်းသာ ပြုံးလိုက်ပြီး ဂရုမစိုက်တော့ပေ။ ထို့နောက် ရှားပါးသော အပင်များကိုသာ ကြည့်ပြီး မုရှောင်းနွမ်ကိုသာ လမ်းကြုံ ရှင်းပြပေးလိုက်သည်။
သိပ်မကြာခင်…
“ဟင် ဒီမျိုးစိတ်က စိတ်ဝင်စားစရာပဲ”
လူကြီးမင်းရှန်း ရုတ်တရပ် အော်ပြီး ထူးဆန်းလွန်းသော အပင်တစ်ပင်ကို ကြည့်သည်။ တစ်ပင်လုံးက တစ်မီတာခန့်ပင် မြင့်ပြီး အလွန်အမင်း သေးသွယ်သည်။
“ယောက်ျား ဒါက ဘာလဲ”
မုရှောင်းနွမ်ကလည်း အံ့ဩသွားသည်။ သို့သော် သူမကို ပို၍ အံ့အားသင့်စေသည်မှာ လူကြီးမင်းရှန်းက မမှတ်မိခြင်းဖြစ်သည်။
“လူကြီးမင်းရှန်းတောင် တစ်ချက် ကြည့်ရုံနဲ့ မမှတ်မိဘူးဆိုတော့ လူကြီးမင်းချန်းကရော မှတ်မိနိုင်မှာလား”
“ငါတော့ခက်ခဲမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် လူကြီးမင်းရှန်းက ကျွမ်းကျင်ပညာရှင်ကြီးလေ”
“ဒါက ဘာမှန်းကို မသိတာနော်။ ဒါပေမဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့လည်း ဘာမှ မဟုတ်တော့သလိုပဲ ခက်ခဲလိုက်တာ”
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအောက်မှ ကြည့်ရှုသူများကလည်း ထိုအပင်က ဘာအပင်မှန်း မသေချာကြတော့သဖြင့် ဆရာသခင် နှစ်ပါးက ခွဲခြမ်းစိတ်ဖြာကြမည့် အချိန်ကို စောင့်နေကြသည်။
“အာ ငါတို့ စမ်းသပ်ကြည့်ဖို့လိုတယ်”
ချန်းရန်ကပင် ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် တစ်ခဏခန့် လေ့လာကြည့်သည်။ ထို့နောက် အနှစ်ချုပ်လိုက်သည်။
“စမ်းသပ်ဖို့ နည်းလမ်းတွေကတော့ အများကြီးပဲ ဘယ်နေရာမှာ စမ်းသပ်ချင်လဲ”
လူကြီးမင်းချန်းက ချန်းရန်ကို ကြည့်ပြီး မေးသည်။ ချန်းရန်က တွေးတောကြည့်ကာ မိုဘိုင်းဖုန်းကို ထုတ်လိုက်သည်။ ထို့နောက် သီချင်းကို ဖွင့်လိုက်သည်။ သီချင်း၏ သံစဉ်က ပို၍ ကျယ်လာသောအခါ အရှေ့မှ အပင်က လှုပ်လာသည်။
“လှုပ်လာတယ် လှုပ်လာတယ် အဲ့တာက လှုပ်လာတယ်”
“ဖာ့ခ် သစ်ကိုင်းတွေတောင် ယမ်းနေတာ ကနေသလိုပဲ”
“သေစမ်းဒါက ဒါက ဝိဉာဉ်ရှိနေတာလား ။ဘယ်လိုဖြစ်ပြီး သီချင်းအတိုင်း နိမ့်လိုက်မြင့်လိုက် လှုပ်လိုက် ခါလိုက် ဖြစ်နေတာလဲ”
ထိုအခြေအနေက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးကို မှင်သက်သွားစေသည်။ အချို့ကဆိုလျှင် အံ့ဩကုန်ကြသည်။
20 04
“ဒါက အကပင်ပဲ”
လူကြီးမင်းရှန်းက တအံ့တဩ ထအော်ရင်း အတည်ပြုပေးသည်။
“ဟုတ်တယ် ဟုတ်တယ် အကပင် အချစ်မြက်လို့လည်း ခေါ်ကြတယ်။ တော်တော်လေးကို ရှားတာလေ။ ဒါပေမဲ့ ဒီမှာ တွေ့ရမယ်လို့တော့ မထင်ထားဘူး”
“ဆိုတော့ စမ်းသပ်လို့ ပြီးသွားပြီ။ အသံက ခုနှစ်ဆယ်အထိ ရှိတယ်။ သူက ပုံမှန်မဟုတ်လောက်အောင်ကို တွန့်လိမ်နိုင်သေးတယ်ဆိုတော အကပင်ပဲ”
ချန်းရန်ကလည်း အသံမှ အတိုးအချဲ့ကို ချိန်ညှိကြည့်ပြီးနောက် နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
“လူကြီးမင်းချန်း မင်းက မလွယ်ကူဘူးပဲ ငါ့ထက်တောင် မြန်သေးတယ်”
လူကြီးမင်းရှန်းကပင် နည်းနည်း စိတ်လှုပ်ရှားစွာ လက်ဆွဲ နှုတ်ဆက်လာသည်။
“ငါ ဒီလို စိတ်မလှုပ်ရှားရတာ ကြာပြီ။ ဒီနေရာမှာ ရှားပါးတဲ့ မျိုးစိတ်တွေ အများကြီး လူကြီးမင်းချန်း ငါ သေးငယ်တဲ့တောင်းဆိုမှုလေး တစ်ခုလောက် ပြောလို့ရမလား”
“ပြောပါ”
ချန်းရန်က အလွန်ယဉ်ကျေးသည်။
“ဒီနေရာက မြေမျက်နှာသွင်ပြင်က ပျက်စီးမှု တအားနည်းတယ်။ ရှားပါးတဲ့ အပင်တွေလည်း အများကြီးပဲ။ ဒါကြောင့် ငါက ဒီအနီးအနားက မြေအလွတ်မှာ အပင် သုတေသန စင်တာ တစ်ခုကို ဆောက်ချင်တယ်”
လူကြီးမင်းရှန်းက တည်ငြိမ်စွာ ပြောသည်။
“ငါတို့ မင်းနဲ့ ပူးပေါင်းဖို့အတွက် အပင်ဗေဒ သုတေသန ဓာတ်ခွဲခန်းကိုလည်း တည်ဆောက်ချင်သေးတယ်။ မင်းရဲ့ နာမည်ကိုလည်း တပ်ပေးလိုက်မယ်လေ ဘယ်လိုလဲ”
“ဒါက မကောင်းဘူးထင်တယ်”
ချန်းရန်က တအံ့တဩ ပြောသည်။
“ကျွန်တော့်ရဲ့ နာမည်ကို တပ်တာက မသင့်လျော်ပါဘူး”
“ဘာလို့ မဟုတ်ရမှာလဲ။ ဒါက မင်းရဲ့ ပိုင်နက်လေ”
လူကြီးမင်းရှန်းက စိတ်လှုပ်ရှားစွာ ပြောသည်။
“ငါက အနားယူပြီးသား လူပါ လူကြီးမင်းချန်းအတွက်ပဲ အလုပ်လုပ်ပေးတော့မယ်”
သူ အနှစ်သက်ဆုံးအလုပ်အတွက်ကြောင့်နှင့် နာမည်ကျော်လူကြီးမင်းရှန်းက မျက်နှာကို ချလိုစိတ် ရှိသည်။
“ကောင်းပြီလေ”
ချန်းရန်ကလည်း မငြင်းတော့ပေ။
“စံအိမ်ကြီးရဲ့ အနောက်မှ မြေကွက်လပ်မြေ ရှိတယ်။ သုတေသန စင်တာကို အဲ့ဒီမှာ ဆောက်လို့ရတယ်”
“ဒါက လူကြီးမင်းချန်းရဲ့ နယ်မြေနော်”
လူကြီးမင်းရှန်းက ပြုံး၍ ပြောသည်။
“ဘာလို့ ချန်းရန် အပင် သုတေသန စင်တာလို့ နာမည် မပေးရမှာလဲ”
“ထောင်ယွမ်အပင် သုတေသန စင်တာလို့ပဲ ပေးလိုက်ပါ”
ချန်းရန်က ခါးသီးစွာ ပြုံးလိုက်သည်။
“ကောင်းပြီလေ လူကြီးမင်းချန်း ပြောစကားကို နားထောင်မယ်”
လူကြီးမင်းရှန်းက အိုနေလေပြီ။ သို့သော် ယခုအခါ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်ကဲ့သို့ အင်အားတက်ကြွနေပြီး အနားမှ ဒေါက်တာရှုံးကို တိုက်ရိုက် အမိန့်ပေးသည်။
20 05
“ရှောင်ရှုံး သွား ပြန်ပြီး မြန်မြန်လုပ်လိုက်တော့ ငါ ဒီနေရာကို တစ်ချက်ကြည့်လိုက်အုံးမယ်”
“ဆရာ ဒီနေရာမှာ လူမလိုဘူးလား။ ငါပြန်ပြီး လက်ထောက် နှစ်ယောက်လောက် ခေါ်လာပေးခဲ့ရမလား”
“လုံလောက်ပါတယ် ငါ ရှိရုံနဲ့ ရတယ်။ ငါက မလုပ်နိုင်တာမှ မဟုတ်တာ။ နောက်ပြီး ငါ့မှာ လူကြီးမင်းချန်းလည်း ရှိတယ်”
လူကြီးမင်းရှန်းက သဘောမကျသလို ဆိုသည်။ ဒေါက်တာရှုံး၏မျက်နှာက ခါးသီးသွားပြီးနောက် ဒေါသတကြီး ပြန်သွားရသည်။
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လို့ : ဖျော်ဖြေပါရမီတိုင်း ကျွမ်းကျင် x1 ကို ရရှိပါတယ်”
လူကြီးမင်းချန်း၏ စကားဆုံးသွားသည်နှင့် ချန်းရန်၏ စိတ်ထဲတွင် စနစ်၏အသံက ထွက်လာသည်။ ရှားပါးသော မှော်ဆု ဖြစ်ပြန်သည်။
ဖျော်ဖြေရေး ပါရမီလား။ ဘယ်လို သုံးရမှာလဲ။
ဟီး ဟီး ဒီလောက်ထိ စိတ်ဝင်စားစရာ ကောင်းမယ်လို့ မထင်ထားဘူး။
မုရှောင်းနွမ်ကလည်း ချန်းရန်၏ပုံစံကို တုပပြီးနောက် သီချင်းကို ဖွင့်သည်။ ထို့နောက် ထိုအကမြက်ကလည်း လိုက်ကနေ၏။ သူ၏ ပုံက လူကနေသည်နှင့်ပင် တူသေးသည်။
“လူကြီးမင်းချန်း YYDS ငါမင်းကို အားပေးတယ်”
“ငါ အကမြက်ကို မြင်ဖူးလောက်အောင် လုံလောက်တဲ့သက်တမ်းအထိ နေနိုင်ခဲ့တာပဲ။ ဒါကို ခပ်မြန်မြန် ရိုက်ကူးပြီး တစ္ဆေဗီဒီယို လုပ်ရမယ်”
“ဖွီ ဒီလိုကတာ ဘာများ ကြည့်ကောင်းလို့လဲ။ မင်းတို့သာ ကြည့်ချင်ရင် ရှောင်းနွမ်ရဲ့ တိုက်ရိုက်ကတာကို ကြည့်လေ ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ”
“+1 ဟုတ်တယ် ဟုတ်တယ် ရှောင်းနွမ် နင်လည်း ကသင့်တယ်”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း အများကြီး စိတ်ကူးယဉ်တတ်ကြသည်။ ထိုကနေ သူတို့က မုရှောင်းနွမ်ကို ကရန် ပြောနေကြသည်။
“ကောင်းပြီ ကောင်းပြီ မအော်နဲ့တော့”
မုရှောင်းနွမ်ကလည်း ကူကယ်ရာမဲ့သွားပြီး ကတော့မည့် အချိန်တွင် ရုတ်တရပ် နံဘေးမှ ချန်းရန်ကို ကြည့်ပြီး ရုတ်တရပ် ဆိုးသွမ်းချင်လာသည်။
“တစ်ယောက်တည်း ကရတာ ပျင်းဖို့ကောင်းလိုက်တာ။ ဘာလို့ ငါ့ယောက်ျားကိုပါ ခေါ်ပြီး အတူမကရမှာလဲ”
မုရှောင်းနွမ်က ချန်းရန်အား ရူးနှံ့စွာနှင့် ရေထဲသို့ ဆွဲချသည်။
“ယောက်ျား ငါမလုပ်တတ်ဘူးရယ် ငါ့ကို သင်ပေးနိုင်မလား”
မုရှောင်းနွမ်က လှပသော မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး သနားစဖွယ် ပုံစံလေးဖြစ်အောင် လုပ်သည်။ သူမ၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက် အလင်းတန်းက ရှိနေပြီး အသံကလည်း ချိုမြိန်ကာ နူးညံ့သည်မှာ ဖြားယောင်းနေသော နတ်သူငယ်လေးနှင့် တူသည်။
“ဟားဟား ဟား ငါတော့ ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်လို့ ထင်တယ်။ ရှောင်းနွမ်က ထောင်ချောက်ဆင်နေတာ”
“အိုး သူက ကျွမ်းကျင်ပညာရှင်အဆင့် အကဆရာမ အနေအထားမျိုးမှာ ရှိနေတာကို မကတတ်ဘူးတဲ့လား”
“ငါ့အထင် ရှောင်းနွမ်က တမင်တကာ လုပ်တာပဲ ငါတို့ကို ခွေးစာကျွေးတော့မှာ ဖူး”
“ဟားဟား သူမ မကတတ်ဘူးလား”
ချန်းရန်၏ပုံစံကလည်း စနောက်ချင်သကဲ့သို့ဖြစ်သွားသည်။ ထိုကောင်မလေးက ဆည်းဆာချိန် လူသစ်ကြိုဆိုပွဲတွင်ပင် ဥဒေါင်းဖိုတစ်ကောင်ကဲ့သို့ ကွေးကောက်ကာ ကပြရင်း လူတိုင်းကို မှင်သက်စေခဲ့သေးသည်။ သူမ၏ ဒဏ္ဍာရီသည် ယခုအချိန်အထိ တည်ရှိနေခဲ့သေးသည်။ ထို့အပြင် သူမက မကတတ်ဟု ပြောလာသည်။
“ကောင်းပြီလေ ငါသင်ပေးမယ်”
ချန်းရန်ကလည်း သူမနှင့် လိုက်ကစားရန် အကြံရှိသည်။ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားပြီးသည်နှင့် ယခုလေးတင် ရကာစ ဆုလာဘ်ကို သုံးလိုက်သည်။
“တင် တင်ဆက်သူကို သတိပေးပါတယ် ။ကျေးဇူးပြုပြီး ပါရမီတစ်ခုခုကို ရွေးချယ်ပါ”
“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ် တင်ဆက်သူက ကမ္ဘာအဆင့် အကပါရမီကို ရရှိသွားပါပြီ”
“ယောက်ျား လာလေ”
အခြားတစ်ဖက်မှ မုရှောင်းနွမ်က ဆက်ပြီး မစောင့်နိုင်တော့ပေ။ သူမ၏ ပြိုင်ဘက်ကင်းသော အကစွမ်းရည်မျိုးနှင့် သူမဟာ စီနီယာအစ်ကိုချန်းအား သူမကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားအောင် လုပ်ရပေမည်။
******