← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

21 01

အပိုင်း (၂၁) ငါ့ရဲ့ အကကို အသိအမှတ် ပြုချင်လား

“ငါ သွေးကြောတွေကို မလှုပ်ရှားတာ ကြာပြီ။ အရင်ဆုံး အကြောဆန့်ရအောင်”

မုရှောင်းနွမ်က အရင်ဆုံး သွေးပူလေ့ကျင့်ခန်းကို လုပ်ပြီး ခြေလက်များကို ဆန့်ကာ ရိုးရှင်းသော လှုပ်ရှားမှုကိုသာ လုပ်သည်။

လက်များကို ကောင်းကင်သို့ ရောက်သည်အထိ ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ပြီး ခြေထောက်များကို ထောက်က တစ်ပတ်ခန့် လှည့်လိုက်သေးသည်။ ထို့နောက် လက်မောင်းကို ပြန်ဖြန့်ကာ လှပသော ခြေချောင်းများကို အရှေ့ဖက်သို့ ညင်သာစွာ ထောက်လိုက်ပြီး ပွင့်လန်းလာသော ပန်းတစ်ပွင့်ကဲ့သို့ ပြုမူသည်။

အလှတွေ အပြည့်ပဲ။

“ဖာ့ခ် ရှောင်းနွမ်ရဲ့ အကက အရမ်းကို လှတာပဲ”

“ကျွမ်းကျင်ပညာရှင်အဆင့် ဘယ်လိုဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ ကြောင်တောင်တောင် ဖြစ်နေတော့မှာပဲ။ နောင်တရတော့မယ် ထင်တယ်”

“ဟားဟား သနားစရာကောင်းလိုက်တဲ့ လူကြီးမင်းချန်း လူကြီးမင်းချန်း ကိုယ့်ကိုယ်ကိုယ် အရူးလုပ်တာကို စောင့်ကြည့်ရအောင်”

သို့သော မစတင်ခင်ကတည်းက မုရှောင်းနွမ်၏ ပြင်ဆင်လှုပ်ရှားမှုများကလည်း ကျွမ်းကျင်မှုကို ဖော်ပြနေသည်။ သာမာန် အကအပေါင်းအဖော်များဆိုလျှင် ကြည့်ရုံနှင့်ပင် ကြောင်သွားလောက်သည်။

“ယောက်ျား ငါ့ရဲ့ အကကို ရှုစားချင်လား”

မုရှောင်းနွမ်က လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ချန်းရန်ကို ကြည့်သည်။ သူမက လျှပ်စီးဓာတ်များကို သယ်ဆောင်ထားပုံရပြီး ချိုမြိန်ကာ ဆွဲဆောင်မှုရှိသော ပုံစံက လူအများကို တစ်ခဏခန့် မှင်တက်သွားစေသည်။

“ဟင်”

ချန်းရန်က ပါးစပ် မဟသေးခင် မုရှောင်းနွမ်က လေဝဲတစ်ခုကဲ့သို့ ချန်းရန်၏အရှေ့တွင် ခြေဖျားထောက်လိုက်ပြီး သွယ်လျှသော လက်များကို ဆန့်ထုတ်၍ ချန်းရန်၏ကော်လံကို လှမ်းဆွဲသည်။

သူတို့၏ နှာခေါင်းက အချင်းချင်း တိုက်သွားသည်။ ထိုအခိုက်အတန့်တွင် နှစ်ယောက်လုံးက အလွန်နီးကပ်နေသည်။

“ဝိုး sexy sexy”

“ဘုရားရေ ဘုရားရေ ဘုရားရေ ငါသွေးတွေ ဆူလာပြီ”

“ရှောင်းနွမ် ရှောင်းနွမ် ရှောင်းနွမ် အရမ်းလန်းတယ်။ ကြူတာ တကယ်တော်တာပဲ”

“ဟားဟား ဒီအကွက်က လူကြီးမင်းချန်းကို မှင်သက်သွားစေပြီ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် လက်ခုပ်တီးသံများ ပြည့်နှက်နေသည်။ ရုတ်တရပ် အပြောင်းအလဲက အံ့ဩစရာကောင်းလွန်းပြီး စိတ်လှုပ်ရှားစရာ ကောင်းလေရာ ပညာရှင်အဆင့် အကသမားများကိုပင် မှင်သက်သွားစေလောက်သည်။

မုရှောင်းနွမ်၏ မျက်လုံးက တောက်ပပြီး ချန်းရန်ကိုသာ တိုက်ရိုက် စိုက်ကြည့်နေသည်။ အနည်းငယ် ချိုမြိန်သော ဝင်သက်နှင့်အတူ အင်အားကြီးမားသော အခန်းက မည်သူ့ကိုမဆို နောက်ဆုတ်စေလောက်သည်။

တန် ဒန် ဒန်

သို့ရာတွင် ချန်းရန်၏ မျက်လုံးက ချက်ချင်းဆိုသလို တည်ငြိမ်မှုကို ပြန်ရသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးက အလွန်အမင်း စူးစမ်းမှု အပြည့်နှင့် ဖြစ်ပြီး ခြေထောက်ကို အရှေ့ဖက်သို့ ခြေလှမ်း တစ်လှမ်းတိုးကာ မုရှောင်းနွမ်ကို ခြေလှမ်းတစ်လှမ်းချင်းစီ နောက်ဆုတ်စေသည်။

မုရှောင်းနွမ်က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ သူမ၏ ခေါင်းလေးကပင် စိတ်ရှုပ်ထွေးသွား၏။

မဟုတ်သေးပါဘူး။ ဒီ ဒီ..ဒီအကွက်က မမျှော်လင့်ထားတဲ့အကွက်လေ ပုံမှန်အားဖြင့်ဆိုရင် အကဆရာက ကောင်မလေးဆိုရင်တောင်မှ သတိလက်လွတ်ဖြစ်သွားပြီး တစ်ခဏလောက် စိတ်လွှတ်သွားရမှာကို ဘယ်လို ဖြစ်ပြီး အရင်စနေတာလဲ။

21 02

တစ်ခဏခန့် လွန်ဆွဲပြီးသည်နှင့် ချန်းရန်က လှုပ်ရှားမှုကို ချက်ချင်း ပြန်ပြောင်းကာ “space walk” ပုံစံမျိုးဖြင့် အနောက်ဖက်သို့ ပြန်ဆုတ်သည်။

ချန်းရန်၏ကော်လံကို ကိုင်ထားသော မုရှောင်းနွမ်ကလည်း မည်သည့်အချိန်တွင် လွှတ်ရမှန်းပင် မသိလိုက်ပေ။

ပြီးပြည့်စုံသော ပြောင်းလဲမှုမျိုးနှင့် တိုက်ခိုက်ခံရသည်။

“ဖာ့ခ် အပြောင်းအလဲက မြန်လိုက်တာ။ ငါ ရှင်းရှင်းလင်းလင်းတောင် မမြင်လိုက်ရဘူး”

“ပြန်လည် တိုက်ခိုက်မှု ပြန်လည် တိုက်ခိုက်မှု တင်ဆက်သူက တိုက်ခိုက်ခံလိုက်ရပြီ”

“ဖာ့ခ် လှည့်ဖြားခံရတဲ့လူကြီးမင်းချန်းက ဦးဆောင်သွားတယ်။ ရှောင်းနွမ်ကို ပြန်ကြွားသွားတာပဲ”

“သူက တကယ်ကို အဲဒီ space walk ကို လုပ်နိုင်တာပဲ လုံးဝကို နက်နဲလွန်းတဲ့ ပညာရှင်အဆင့် ခြေလှမ်းကွက်မျိုးနော်။ ဒါက လုံးဝကို ပညာရှင်အဆင့် ပဲ ဖြစ်ရမယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများက အံ့ဩကုန်ကြသည်။ လူကြီးမင်းချန်းသည် မုရှောင်းနွမ်၏တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ရုံသာ မကသေးလေဘဲ အလျှင်လက်ဦးမှု အရယူနိုင်ခဲ့ခြင်းက မုရှောင်းနွမ်ကိုပင် ငေးငိုင်သွားစေသည်။

ဘာဖြစ်သွားတာလဲ။

ငါ ဘယ်မှာလဲ။

ငါ ဘာလုပ်နေတာလဲ။

မုရှောင်းနွမ်က ပြန်လည် တုန့်ပြန်နိုင်ချိန်တွင် ချန်းရန်သည် ပြန်လည်တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး မုရှောင်းနွမ်ကသာ ရူးကြောင်ကြောင် ရပ်ရင်း ကျန်ရစ်သည်။

မတော်တဆပဲ ဖြစ်မယ် မတော်တဆ…

မုရှောင်းနွမ်က မယုံကြည်နိုင်သေးပေ။ ချန်းရန်၏ အနားသို့ ချက်ချင်းသွားကာ နက်နဲသော အကပညာစွမ်းရည်ကို ထပ်ပြပြန်သည်။ ချန်းရန်ကလည်း လက်ကို ဆန့်ထုတ်၍ မုရှောင်းနွမ်ကို ဆွဲပြီး လွယ်ကူစွာ လွတ်လပ်ပေါ့ပါးစွာနှင့် အမျိုးမျိုးသော ခက်ခဲသည့် အကွက်များကို စိတ်ထင်တိုင်း လုပ်ပြသွားသည်။ အစပိုင်းတွင်မူ မုရှောင်းနွမ်က အမှီလိုက်ရုံသာ လိုက်နိုင်သည်။ သို့သော် တဖြည်းဖြည်း ကြာလာသောအခါ သူမသည်လည်း ဖိအားများလာပြီး အမှားများကို လုပ်မိလာသည်။

ထိုသို့ ဖြစ်ချိန်တိုင်းလိုလို ချန်းရန်ကလည်း သူမကို လက်ချင်းတွဲကာ ခေါ်ဆောင်သွားခြင်းအားဖြင့် မုရှောင်းနွမ်ကို အသက်ရှူချောင်စေပြီး ဆက်ကနိုင်စေသည်။

သို့တိုင်အောင် ခက်ခဲသော အကွက်များက မုရှောင်းနွမ်အာ ခန္ဓာကိုယ်အားဖြင့် မောပန်းနွမ်းနယ်စေသေးသည်။ သိပ်မကြာခင် သူမ၏ ခြေထောက်များက အားနည်းလာပြီး ရှုံးသွားသည်။

“ရုတ်တရပ် ဆန်တဲ့ အလှည့်အပြောင်းပဲ တင်ဆက်သူက ရှုံးသွားမယ်လို့ မထင်ထားဘူး”

“သီချင်းကို ဆက်ဖွင့်ပြီး ကနေလေ နွမ်ပေါင်ပေါင် နွမ်ပေါင်ပေါင်ကပြောတာ။ သူ့ရဲ့ ယောက်ျားကို သင်ခန်းစာပေးမှာတဲ့”

“ဝါး တင်ဆက်သူ ငါ မင်းကတာကို မြင်ချင်လာပြီ ကြိုးစားထား”

မူလကမူ ရှောင်းနွမ်၏ဖျော်ဖြေမှုကို သိပ်မကောင်းချေ။ ထို့ကြောင့် လူအများစုက အထွန့်တက်မည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် လူတိုင်းကလည်း အပျော်ကြည့်ချင်စိတ်က များနေရာ အကက ပညာရှင်ဆန်မဆန်ကို ဂရုမစိုက်ကြပေ။ ရူးသွပ်စွာသာ စနောက်နေကြသည်။

“ငါ တကယ်ကို မယုံကြည်နိုင်ဘူး”

မုရှောင်းနွမ်က အံကို ကြိတ်ထားသည်။ သူမသည်လည်း ရွေးချယ်စရာ မရှိတော့သည့်အလျောက် အသက်ကို ရင်းခြင်းအားဖြင့် အခက်ခဲဆုံးအကွက်ကို လုပ်ဆောင်လိုက်သည်။ သူမ၏လက်ကို ချန်းရန်၏ ပခုံးပေါ်သို့ တင်လိုက်ပြီး ချန်းရန်၏ ခါးနံဘေးနားတွင် ပြောင်းပြန်လှန်ကာ တွဲလောင်းလေး ကျသွားသည်။ ချန်းရန်က သူမ၏ ခြေမျက်စကို လက်များဖြင့် ကိုင်ထားပြီး သူမအား တောင်ပံများ ဖြန့်ထားသကဲ့သို့ လေထဲတွင် ဝဲပျံကာ မြောက်တက်သွားစေသည်။

“ဟေး”

21 03

သို့ရာတွင် သူမက ထိုအကွက်ကို လုပ်ပြီးသောအခါ သူမ၏ ခြေထောက်နှင့် ခါးများက လုံးဝ အားနည်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြောင်း သိလိုက်သည်။

ထို့အပြင် အောက်ဖက်မှ မြေပြင်နှင့်ပင် ခေါင်းငိုက်စိုက်ကျမည့် အနေအထားမျိုးဖြစ်သည်။

“သတိထား”

ချန်းရန်က ခြေမြန်လက်မြန် ရှိသည်။ သူမ၏ ခြေမျက်စိကို လက်တစ်ဖက်က ကိုင်ပြီး အခြားလက်တစ်ဖက်က မိုးမခသစ်ကိုင်းကဲ့သို့ ခါးသိမ်သိမ်လေးကို လှမ်းဖက်လိုက်သည်။

“ဘုရားရေ”

မုရှောင်းနွမ်က တအံတဩအော်သည်။ သို့သော် ပြုတ်မကျသွားကြောင်း သိလိုက်၏။ သူမက ချန်းရန်၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး တစ်ကိုယ်လုံးဖြင့် ရစ်ပတ်ထားသည်။ အခြားတစ်ဖက်က ချန်းရန်ကမူ ကိုယ်ကို ကုန်းထားသောကြောင့် မုရှောင်းနွမ်၏ ကြောက်လန့်နေသော မျက်လုံးနှင့် ဆုံသွားသည်။

ထိုအခိုက်အတန့်တွင် သူတို့၏ မျက်လုံးက ဆုံသည်။ အစပိုင်းတွင် မုရှောင်းနွမ်က ချန်းရန်ကို စခဲ့သော ပုံစံအတိုင်းဖြစ်သည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင်မူ မုရှောင်းနွမ်က ထိတ်လန့်နေရသူဖြစ်သည်။ သူမ၏မျက်လုံးကြီးများက ဖိအားအပြည့်နှင့် ဟိုရှောင်ဒီရှောင် ဖြစ်နေကာ ကြောက်လန့်နေသော ကြောင်ပေါက်လေးနှင့် တူသည်။

“ယောက်ျား”

ချန်းရန်က နီးသထက် နီးလာသည်နှင့် နှစ်ယောက်လုံး၏ ဝင်သက်ကပင် ရှင်းရှင်းလင်းလင်းကို မခွဲခြားနိုင်လောက်အောင် ဖြစ်လာသောအခါ မုရှောင်းနွမ်၏ တစ်ကိုယ်လုံးက တောင့်ခဲသွားပြီး မလှုပ်နိုင်တော့ချေ။ သူမ၏ စိတ်က ချန်းရန်၏ ပုံရိပ်နှင့်သာ ပြည့်သွားသည်။ သူမ၏ ဉာဏ်ကောင်းသော ခေါင်းသေးသေးလေးကလည်း တွေးတောနိုင်စွမ်းရည်ကို ဆုံးရှုံးသွားရသည်။

စီနီယာအစ်ကိုချန်း၊ သူ ငါ့ကို နမ်းတော့မှာလား။ အား ဘယ်လို လုပ်ရမလဲ။ ဘယ်လို လုပ်ရမလဲ။ အွန်လိုင်းမှာ အဖြေစောင့်နေပါတယ်။ အလျှင်လိုတယ်။

မုရှောင်းနွမ်က ကပ်တွယ်လွန်းသော ယုန်ဖြူသေးသေးလေးနှင့် တူနေကျ ဖြစ်သည်။ သို့သော် ယခုမူ ကြောက်လန့်နေသော ယုန်သူငယ်လေး ဖြစ်သွား၏။ ထိုကဲ့သို့သော အရာမျိုး ထပ်ဖြစ်တော့မည့်အချိန်တွင် သူမက ငကြောက်လေး ပြန်ဖြစ်သွားသည်။

“ဟူး….”

စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပြီးနောက် ညင်သာသောလေပြေက တိုက်ခတ်သည်။ မုရှောင်းနွမ်၏ ဆံပင်များကို မြောက်တက်သွားစေပြီး သစ်ရွက်တစ်ရွက်ကဲ့သို့ လွှင့်စင်ကာ တင်းကြပ်မှု မသက်မသာ ဖြစ်မှုများကို ယူဆောင်သွားသည်။

“မင်ရဲ့ ဆံပင်ပေါ်မှာ သစ်ရွက်ရှိနေလို့လေ။ ငါ မှုတ်ထုတ်ပေးတာ”

ချန်းရန်က ဆိုးသွမ်းသော အပြုံးမျိုးနှင့် ရှင်းပြသည်။

အာ….

မုရှောင်းနွမ်၏တွဲလောင်းဖြစ်နေသော နှလုံးသားက ပြန်ပြုတ်ကျသွားသည်။ သို့သော် သူမသည် စိတ်အေးပြီး မပျော်သွားဘဲ နည်းနည်းဗလာ ဖြစ်နေသလို ခံစားရသည်။

အဲ့ဒီ အချိန်မှာသာ ချန်းကောကောရဲ့နှုတ်ခမ်းက ကျလာမယ်ဆိုရင် သေချာပေါက် သေချာပေါက်ကို ပျော်စရာ ကောင်းမှာ။

“မဆင်းဘူးလား”

ထိုကောင်မလေးက သူ၏ ကိုယ်ပေါ်တွင် တွယ်ကပ်ထားသေးကြောင်း မြင်သောအခါ ချန်းရန်က မေးလိုက်သည်။

“အာ..ငါ အင်အားကုန်သွားပြီ”

မုရှောင်းနွမ်က ရှက်သွားပြီး ရှက်ရွံ့စွာပြောသည်။

“ဟားဟား ငါ ရယ်ရလို့ သေတော့မယ်။ ရှောင်းနွမ်ကလည်း ဒီလို ရှက်စရာကောင်းတဲ့ နေ့ရှိသေးတာပဲ”

“ဆက်ကလေ ငါ နင့်တို့ ကတာကို ကြည့်ချင်သေးတဲ့ဟာကို ငါ့ရဲ့ဆရာသခင်ချန်း ဘယ်ရောက်သွားလဲ”

“ဆရာသခင်ချန်းက အစ်ကိုကြီးရဲ့ခေါင်းပေါ်မှာ တွဲလောင်းနဲ့”

21 04

“မုရှောင်းနွမ် ငါတို့ကို ရယ်ရလို့‌ သေအောင် လုပ်ခိုင်းနေတာပဲ။ ကြည့်ရတာ နင်လည်း နင့်ယောက်ျားရဲ့ အုပ်ချုပ်မှု အောက်ကနေ မလွှတ်မြောက်နိုင်ပါဘူး”

“!!!”

“ဧကရာဇ် (ဖရဲသီး စားရတာ သဘောကျသော ဘုရင်မ)က တင်ဆက်သူကို ဒုံးပျံx66 ခု ပေးလိုက်ပြီး စာတစ်စောင်ကို ချန်ထားရစ်ခဲ့ပါတယ် : ငါနင့်ကို မတွေ့ရတာ ရက်နည်းနည်းပဲ ကြာပါသေးတယ် ။နင်တကယ်တော်တာပဲ ဟမ် ဒါပေမဲ့ နင့်ယောက်ျားရဲ့ ခါးကိုတော့ နင် ထိခိုက်အောင် မလုပ်နဲ့လေ။ မဟုတ်ရင်တော့ နင် ညကျမှ နောင်တရနေမယ်”

“ဧကရာဇ် (သံမဏိ သေနတ်ရဲ့ မင်းသားလေး)က တင်ဆက်သူကို ဒုံးပျံ x33 ခုကို ဆုချပြီး စာတစ်စောင်ကို ချန်ထားရစ်ခဲ့ပါတယ် : ရှောင်းနွမ် နင့်မှာ နင့်ယောက်ျားနဲ့ ကဖို့အချိန်ရှိပေမယ့် ငါတို့နဲ့ ပျော်ပါးဖို့တော့ အချိန်မရှိဘူးပေါ့လေ”

“ဧကရာဇ် (အမည်မသိရ လူကြီးမင်းလန်)က တင်ဆက်သူကို ဒုံးပျံx11 ကို ဆုချပြီး စာတစ်စောင်ကို ချန်ထားရစ်ခဲ့ပါတယ် : လူကြီးမင်းချန်းက ကောင်းကောင်း ကနိုင်တာပဲ။ ပန်းချီများ ဆွဲလို့ပြီးပြီလား။ ငါ မင်းအတွက် ပြခန်းပြင်ဆင်ဖို့ လူတွေ ဆက်သွယ်ထားပြီးသွားပြီ”(စာစစ်_ဟီးဟီး အတွဲတွေ ဖျင်နူဆိုတာထက် ဆိုးနေပြီ)

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရယ်သံများ ပြည့်နှက်သွားသည်။ လူအများစုက ဆုချနေကြသည်။ ထိုအခြေအနေက တော်တော်လေးကို နွေးထွေးသည်။ အထူးသဖြင့် ဧကရာဇ်များ၏ပေါ်ပေါက်မှုက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပို၍စည်ကားသွားစေသည်။

“ဟားဟား လူကြီးမင်းလန်က ပန်းချီကားကို အတင်းပြီးအောင် ဆွဲဖို့ တိုက်တွန်းဖို့ တက်လာတာ လူကြီးမင်းချန်း မြန်မြန် လုပ်ရမယ်နော်”

“ချစ်ဖို့ကောင်းလိုက်တာ လူကြီးမင်းလန်က လူကြီးမင်းချန်းကို ဆုပေးရင်းနဲ့ သတိပေးနေတာ”

“လူကြီးမင်းချန်း ငါ ဘာမှမပြောတော့ဘူး။ ပြခန်းကိုပဲ စောင့်နေမယ်”

ချန်းရန်သည်လည်း လူကြီးမင်းလန်က သူ့ကို ထိုမျှအထိ ဂရုစိုက်နေမည်ဟု မထင်ထားမိပေ။ သူသည်လည်း ရင်းနှီးကျွမ်းဝင်သော ပုံစံမျိုးဖြင့် နှုတ်ဆက်လိုက်ပြီး ပြခန်းက အချိန်ဇယားအတိုင်း ကျင်းပနိုင်မည် ဖြစ်ကြောင်း သတိပေးလိုက်သည်။ ထိုအခြေအနေက ချန်းရန်ကိုလည်း မုရှောင်းနွမ်၏ ပန်းချီကို ခပ်မြန်မြန် ဆွဲရန် လိုအပ်ပြီဖြစ်ကြောင်း သတိပေးလိုက်သလို ဖြစ်သွားသည်။

“ငယ်တာ ကောင်းလိုက်တာ”

သိပ်မဝေးသော တစ်နေရာမှ လူကြီးမင်းရှန်းက ထိုမြင်ကွင်းကို မနာလိုကြီးစွာ ကြည့်နေသည်။

ထိုအချိန်တွင် သူ၏ဖုန်းက မြည်လာသည်။ ဖုန်းကို ဖြေပြီးသည်နှင့် ဒေါက်တာ ရှုံးက သူ့အား ပရောဂျက်အသစ်ကို အထူးတလည် အသိအမှတ် ပြုခံရကြောင်း ရန်ပုံငွေများကိုပင် ခွဲဝေပေးမည်ဖြစ်ကြောင်း ပြောပြလေသည်။ ဒီနေရာတွင် ရေရှည် သုတေသနလုပ်ရန် အလို့ငှာ သေးငယ်သာ သုတေသန အသက်မွေးဝမ်းကြောင်းကြီးတစ်ခုလုံးကို တိုက်ရိုက်တည်ဆောက်နိုင်လေသည်။

“ကောင်းလိုက်တာ။ ဒါဆိုရင် လူကြီးမင်းချန်းကို အနှောက်အယှက်ပေးဖို့ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ ဒီအကြောင်းကိုတော့ လူကြီးမင်းချန်းအတွက် ဖွင့်တာ ဖြစ်ရမယ်။ သုတေသန အသစ်အတွက် လိုအပ်သမျှကလည်း လူကြီးမင်းချန်းရဲ့ ဗဟုသုတတွေကို လိုသေးတယ်လေ”

လူကြီးမင်းရှန်းက ဖုန်းကို စိတ်လှုပ်ရှားစွာ ချလိုက်ပြီးနောက် ထိုကိစ္စများအား လူကြီးမင်းချန်းကို အသေးစိတ် ပြောပြပေးသည်။ ထို့နောက် သုတေသန စင်တာ အသစ် ဆောက်၍ ပြီးမည့်အချိန်ကို စောင့်သည်။

“အိုး ငါ အရမ်းပင်ပန်းနေပြီ။ ငါ မလုပ်နိုင်တော့ဘူး။ ငါ ဒီနေ့ တိုက်ရိုက် မထုတ်လွှင့်နိုင်တော့ဘူး”

မုရှောင်းနွမ်သည်လည်း စိတ်အေးစွာ သက်ပြင်းချသည်။ သို့‌သော် သူမသည်လည်း အပြင်ဘက်တွင် ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ဒီအတိုင်း လဲအိပ်ချင်နေပြီ ဖြစ်သည်။

“တင်ဆက်သူက ဒီနေ့ အစောကြီးနားမလို့လား မရဘူးနော်”

“ရှောင်းနွမ် အပြင်ဘက်မှာ မလုပ်နိုင်ရင်လည်း ဒီအတိုင်း အိပ်ယာထဲမှာပဲ လဲပြီး တိုက်ရိုက်ထုတ်လွှင့်လိုက်လေ။ နင် ကြက်သားစားတာကို ငါတို့ ကြည့်ချင်တယ်”

21 05

“ဟုတ်တယ် ကြက်သားစားမယ်လေ ကြက်သားစားမယ်‌။ ရှောင်းနွမ် နင့်ရဲ့ ယောက်ျားကိုပါ ခေါ်ပြီး ကြက်သားအတူစားကြပေါ့။ အရှက်တရားတွေကို အတူဆေးကြောလို့ရတယ်”

“ဟုတ်တယ် ဟုတ်တယ်။ အကမှာ မပြိုင်နိုင်ရင်တောင်မှ ဘာလို့ ကြက်သားစားတာကို မပြိုင်နိုင်ရမှာလဲ”

******

All Chapters