အခန်း ၂၂
Vol. 3 Ch. 22
22 01
အပိုင်း (၂၂) သက်သာဘဝ…ယောက်ျားနဲ့အတူ ကြက်သားစားမယ်
မုရှောင်းနွမ်က အလွန်ပင်ပန်းနေသည်။ အခြားသူ၏ ခါးပေါ်တွင် အချိန်တန်ကြာအော် တွဲလောင်းခိုခဲ့သောကြောင့် ဖြစ်လောက်သည် လမ်းလျှောက်ရုံနှင်တင် အင်အားကုန်ခမ်းလာ၏။
“အင်း”
“ငါ့ကို တကယ် သတ်တော့မယ် ထင်တယ်”
မုရှောင်းနွမ်၏ ကိုယ်က ချွေးပြိုက်ပြိုက် ကျနေပြီး နှလုံးသားကပင် မရပ်မနားခုန်နေသည်။
“အာ.. စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ ချန်းကောကောက ရင်ခွင်ထဲမှာ ဆွဲဖက်ပေးထားတာ အရမ်းကို ဖြားယောင်းနိုင်တာပဲ အာ နှမြောစရာပဲ”
မုရှောင်းနွမ်ကလည်း ချန်းကောကောကသာ ထိုသောက်ကျိုးနည်း သစ်ရွက်အစား သူမကိုသာ နမ်းရှိုက်ခဲ့မည်ဆိုလျှင် စိတ်လှုပ်ရှားမှုဖြင့် သေစေနိုင်လောက်သည်ဟု တွေးမိသည်။
“ယောက်ျားဒါတွေ အားလုံးက နင့်အမှားပဲ”
မုရှောင်းနွမ်က ပါးကိုဖောင်းကာ ရင်ကိုကော့ရင်း မြေပြင်ပေါ်မှ အရွက်ပေါ်သို့ ဖိနင်းပစ်ကာ အလွန်အမင်း စိတ်ရှုပ်နေသည်။
“ဟန်နီ PUPG ကစားချင်လား”
မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူတိုင်း၏တိုက်တွန်းမှုဖြင့် ပြန်ရောက်လာရသည်။ ထို့ကြောင့် သူမသည်လည်း အပြင်ဘက်တွင် တိုက်ရိုက်ထုတ်လွှင့်နိုင်ခဲ့ခြင်း မရှိကတည်းက ဒီနေ့တာဝန်ကို ဂိမ်းကစားရင်း ကျော်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
“ဂိမ်းကစားတာလား”
ချန်းရန်က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်သည်။ သူသည် ကျောင်းတွင် တစ်ချိန်လုံး အလုပ်လုပ်လိုက် ပညာသင်ကြားလိုက်ဖြင့် အလုပ်များနေခဲ့ခြင်းဖြစ်လေရာ ထိုကဲ့သို့သော အရာမျိုးကို အာရုံစိုက်ချိန် မရှိခဲ့ချေ။ ထို့ကြောင့် သူသည် အမှန်တကယ် ငချွတ်အဆင့်ဟု ပြောရပေမည်။
“တင်….သက်သာဘဝ စနစ်က စတင်ပါပြီ”
“တင် တာဝန်အသစ်ဖြစ်တဲ့ [သက်သာ တာဝန်] ကို ထုတ်လွှတ်လိုက်ပါပြီ: သက်သာဘဝဆိုတာက ဂိမ်းကို ကစားရင်း အချိန်ဖြုန်းတာလဲ ပါတာပေါ့”
ထိုအချိန်တွင် စနစ်၏ အသံက ထွက်လာသည်နှင့် ချန်းရန်ကလည်း မငြင်းနိုင်တော့ပေ။
“ကောင်းပြီလေ… ဒါပေမဲ့ ငါ သိပ်တော့ မကစားတတ်ဘူးနော်။ ငါ့ရဲ့စွမ်းရည်က မကောင်းလောက်ဘူး”
ချန်းရန်က မုရှောင်းနွမ်၏ ဖြေကြားချက်ကို သဘောတူသည်။
“ရတယ်လေ ငါက ယောက်ျားကို ဂရုစိုက်ပေးမှာပေါ့ မစိုးရိမ်နဲ့”
မုရှောင်းနွမ်က အလွန်ပျော်သွားသည်။ သူမ၏ မျက်လုံးက တောက်ပနေပြီး ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။ သို့သော စိတ်ထဲတွင်လည်း တော်တော်လေး ပျော်နေသည်။
စီနီယာအစ်ကိုချန်းက မလုပ်တတ်တဲ့ အရာလည်း ရှိသေးတာပဲ။ ဂိမ်းကစားတာနဲ့ပတ်သက်ရင် ငါ မုရှောင်းနွမ်က သူ့ထက်သာရမယ် ဟီးဟီး…
စံအိမ်ထဲရှိ ဧည့်ခန်းကျယ်ကြီးထဲတွင် ချန်းရန်က ထိုင်ချလိုက်ပြီးသည်နှင့် ထိုကြက်သားစားသော ဂိမ်းကို ဒေါင်းလိုက်သည်။ မုရှောင်းနွမ်က ချန်းရန်၏ နံဘေးတွင် ထိုင်ကာ ထိုဂိမ်း၏ စည်းမျဉ်းများကို မိတ်ဆက်ပေးနေသည်။
နံဘေးမှ ကောင်မလေး၏ ဖျော့တော့သော ကိုယ်သင်းရနံ့က နှာခေါင်းနားတွင် ရစ်ပတ်ကျီစယ်လာသည်။ ချန်းရန်ကလည်း ခေါင်းကို အသာစောင်းလိုက်သည်။ ထိပ်ဆုံးမှ အောက်ဆုံးအထိ ဖြူဖွေးနေမှုကိုသာ မြင်ရသည်။
အင်း ကောက်ကြောင်းက ထိတ်လန့်သည်းဖိုဆန်တယ်။
“ယောက်ျား ဘယ်လို ခံစားရလဲ”
မုရှောင်းနွမ်က အချိန်တန်ကြာအောင် ပြောနေခြင်းဖြစ်သည်။ ထို့နောက် တော်တော်လေး အာခေါင်ခြောက်လာပြီးနောက် ချန်းရန်ကို လှည့်ကြည့်သည်။
“အင်း တော်တော်လေး ကြီးတဲ့ ပုံပဲ”
ချန်းရန်က အလိုလျောက် ဖြေလိုက်သည်။ မုရှောင်းနွမ်ကလည်း နည်းနည်းတစ်မျိုး ဖြစ်နေသလို ခံစားရသည်။ သူမက မော့ကြည့်လိုက်သောအခါ ချန်းရန်၏ အကြည့်ကို ချက်ချင်း သတိထားမိလိုက်သည်။
“အား”
22 02
မုရှောင်းနွမ်က တအံ့တဩအော်သည်။ လက်ကို ခပ်မြန်မြန် ဆန့်ထုတ်ကာ ရင်ဘတ်ကို အုပ်ပြီး ချက်ချင်းထရပ်သည်။
“အဟမ်း”
ချန်းရန်က ချောင်းအသာဟန့်သည်။ တော်တော်လေးလည်း ရှက်စရာ ဖြစ်သည်။ သူသည်လည်း ဒီရက်တွေ အတောအတွင်း တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားရသည်။ သူ၏ ထိုကောင်မလေးအပေါ် ပြုမူပုံက အများကြီး ပြောင်းသွားသည်။ ယခင်တစ်ခေါက်တောင်ပေါ်မှ ထိုကောင်မလေးကို ကျောပိုးကာ ဆင်းလာသည့် နေ့ရက်ကတည်းက နည်းနည်း ပုံမှန် မဟုတ်နေခြင်းဖြစ်သည်။
“ဒီလောက် အများကြီး ပြောထားတာ ရေဆာမှာပေါ့။ ရေနည်းနည်း သောက်လိုက်”
ချန်းရန်က မတ်တပ် ထရပ်လိုက်ပြီး မုရှောင်းနွမ်အတွက် ရေတစ်ခွက် ငှဲ့ပေးကာ သူမကို ပြုံး၍ မေးသည်။
“အိုး”
မုရှောင်းနွမ်က တုံ့ဆိုင်းစွာ ယူသည်။ သို့သော် နှလုံးသားကမြန်ဆန်စွာ ခုန်လှုပ်နေ၏။ သူငါ့ကို ကြည့်တယ် သူငါ့ကို ကြည့်တယ်။
စိတ်လှုပ်ရှားနေသည့် အခိုက်အတန့်တွင် သူမသည် ရေခွက်ကို ကိုင်ပြီး အကုန်သောက်လိုက်သည်။
“လိုချင်သေးလား”
“အင်း…လိုချင်သေးတယ်”
မုရှောင်းနွမ်က နောက်ထပ် တစ်ခွက်ပြီးတစ်ခွက်သောက်သည်။ ဗိုက်က ပြည့်သွားသည်။
“ဖူး”
ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ ဆိုရိုးစကားတစ်ခုအတိုင်း မင်းသာ မရှက်နေလျှင် အခြားသူကသာ ရှက်ရပေလိမ့်မည်။ တည်ငြိမ်နေလျှင် ပိုကောင်းပေလိမ့်မည်။
မုရှောင်းနွမ်က စိတ်လှုပ်ရှားနေချိန်တွင် နည်းနည်း စိုးရိမ်ကြောင့်ကြလာသည်။ ချန်းကောကောက သူမကို သတိထားမိသည်အား သူမက မလိုချင်သော်လည်း အမှန်တကယ် သတိထားမိသောအခါ စိုးရိမ်ထိတ်လန့်ပြီး ကြောက်လာပြန်သည်။ ထို့ကြောင့် နည်းနည်း အကွာအဝေးခြားကာ ထိုင်လိုက်ပြီး လေးနက် တည်ကြည်သော မျက်နှာမျိုးနှင့် ခပ်မတ်မတ် ထိုင်သည်။
“အင်း ယောက်ျား ရပြီလား”
မုရှောင်းနွမ်က စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက် ချန်းရန်အား ဘာမှ မဖြစ်ပျက်ခဲ့သလိုမျိုး မေးမြန်းသည်။
“အင်း စပြီး စာရင်းသွင်းပြီ”
“ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုရင် ငါနင့်အတွက် စာရင်းသွင်းပေးမယ်”
မုရှောင်းနွမ်က လှပသော မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် ရုတ်တရပ် အကြံကောင်းတစ်ခုကို ရသွားသည်။ သူမက လက်လေးကို အသာယမ်းရင်း ချန်းရန်၏ ဖုန်းကို ယူသည်။
တစ်ခဏခန့် တစ်တောက် တစ်တောက် လုပ်နေပြီး နောက်ဆုံးတွင် မုရှောင်းနွမ်က ဂိမ်းထဲသို့ ဝင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သည်။
“ဖာ့ခ် တင်ဆက်သူက တကယ်ကြီး သူ့ယောက်ျားကို ခေါ်ပြီး ကြက်သားစားမှာလား”
“ရှားပါးလိုက်တဲ့ ဧည့်သည်ပဲ။ ဆရာသခင်ချန်းက ဂိမ်းကစားမယ်လို့ မထင်ထားဘူး”
“ရှောင်းနွမ် နင့်ယောက်ျားက ကြက်သား မစားတတ်သေးမှန်း ငါသိတယ်။ သူ့ကို ကူညီပေးမှာလား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်လိုက်ပြီးနောက် ကြည့်ရှုသူများက သိချင်စိတ် ပြင်းပြနေကြသည်။ သူတို့သည် နောက်ဆုံးတွင် လူကြီးမင်းချန်း၏ လုပ်ဆောင်မှုကို မြင်ရလေပြီး ပုံမှန်ဆိုလျှင် သူသည် အဆင့်အတန်းမြင့်သော ပန်းချီကို ဆွဲလျှင်ဆွဲ သို့မဟုတ်လျှင်လည်း ပညာရေးလောကမှ ဘိုးဘေးကြီးတစ်ယောက်နှင့် ပညာရေးဆိုင်ရာ အကြောင်းအရာများကို နက်နက်နဲနဲ ဆွေးနွေးတာမျိုး လုပ်နေတတ်သည်။ သူဟာ အစစ်အမှန် ဘိုးဘေးနတ်ဘုရားဖြစ်သည်။ သို့သော် သူသည်လည်း ဂိမ်းကစားမည်ဟု မထင်ထားကြပေ။
22 03
ပြောရမည်ဆိုလျှင် အားလုံးသည်လည်း ဆရာသခင်ချန်းက ထုရိုက်ခံရသောအနေအထားမျိုးကို မြင်ချင်ကြပြီး စိတ်လှုပ်ရှားလွန်းနေကြသည်။
“ငါ မုရှောင်းနွမ်က ဘယ်သူ့ကိုမဆို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ယောက်ျားကိုတော့ ငါပဲ ကူညီရမယ်”
မုရှောင်းနွမ်က ရင်ဘတ်ကို ပုတ်ရင်း အာမခံသည်။
“ဟွန့် ငါ ဘာကိုမှ အာမ မခံနိုင်ရင်တောင်မှ ငါ့ယောက်ျားကို PUBG ကစားနေချိန်မှာတော့ ကူညီပေးနိုင်တယ်လို့တော့ အာမခံပေးနိုင်တယ်”
“ကျွတ် ကြွားနေပြန်ပြီ ငါမယုံဘူး”
“ရှောင်းနွမ် နင် ခဏနေရင် မျက်နှာ ဖြတ်ရိုက်ခံရတော့မယ်”
“ငါ့ကို ဆွဲ ငါ့ကိုဆွဲ တင်ဆက်သူ ငါ့ကိုလည်း ဆွဲခေါ်ပြီး အတူကစားရအောင်”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကတော်တော်လေး စည်ကားသည်။ အွန်လိုင်းတက်လာသည်နှင့် တော်တော်လေး ကျော်ကြားသွားသည်။ ငါးသန်းကျော်အထိပင် တန်းတက်သွားသည်။ အားလုံးကလည်း ရည်ရွယ်ချက် တစ်ခုတည်းဖြင့် လာကြသည်။ သူတို့သည်လည်း ချန်းရန်၏ PUBG စွမ်းရည်က မည်မျှအထိ ကောင်းကြောင်း လာကြည့်ကြသည်။
“ရှောင်ရွှယ်အာကို ဆွဲခေါ်လိုက် နောက်ပြီး ရှုဖန်းကျဲကိုလည်း ခေါ်မယ်”
မုရှောင်းနွမ်က ချန်းရန်ကို ခေါ်ပြီးသည်နှင့် နောက်ထပ် သူငယ်ချင်းတစ်ယောက်ကို ထပ်ခေါ်သည်။ ထိုလူများထဲတွင် ယန်ရွှယ် က သူမနှင့် ရင်းနှီးနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အမကြီး ရှုဖန်းဆိုသည်မှာ ဒီအသိုင်းဝိုင်းထဲမှ တင်ဆက်သူကြီးလည်းဖြစ်သည်။
“တင်ဆက်သူ (ကန်းကွမ်းကျိုး ရှုဖန်း) : ဝိုး နွမ်ပေါင်ပေါင် နောက်ဆုံးတော့ ဒီနေ့ အလုပ်ဟောင်းကို ပြန်လုပ်ပြီပေါ့လေ။ နင်နဲ့နင့်ယောက်ျားက အခုတလော တော်တော်လေးကို လွတ်လပ်ပေါ့ပါးတဲ့ ဘဝမှာ နေနေကြတာနော်ဆိုတော့ နင့်ရဲ့ ကျဲကျဲကို မေ့နေပြီလို့ ထင်နေတာ”
Douyin တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် အနီရောင်အလင်းတန်းများ ပေါက်ထွက်လာသည်။
နာမည်ကျော် တင်ဆက်သူ ကျိုးရှုဖန်းက ရောက်လာခြင်းဖြစ်သည်။ အမြဲတစေလိုလိုပင် သူမက ကြမ်းတမ်းစွာ ဝင်ရောက်တတ်သူဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
“ဝိုး ရှောင်နွမ် ဒီတစ်ခေါက် နင် တကယ် တော်တာပဲ။ ငါတို့ရဲ့ တိုက်ခိုက်ရေးသမားတွေ အားလုံးကို ခေါ်လိုက်တယ်”
“အစ်မကြီး ရှုဖန်းဆိုတဲ့အတိုင်းပဲ ရောက်လာတဲ့ ပုံစံကကို မပြောင်းဘူး”
“ဟားဟား ဟား ရှုဖန်းကျဲကျဲရဲ့ ယုံကြည်မှုအပြည့်နဲ့လေသံကို နားထောင်ကြည့်ရရင် ငါတို့ရဲ့ တင်ဆက်သူကို ရင်ဆိုင်တော့မယ် ထင်တယ်”
“တင်ဆက်သူ (ရိုးသားတဲ့ နွမ် ပေါင်ပေါင်) : ဘာကို ရင်ဆိုင်မှာလဲ သူမက ငါ့ယောက်ျားမှ မဟုတ်တာ”
မုရှောင်းနွမ်၏အဖြေက အလွန်ထောင်လွှားလွန်းသည်။ သူမက ချက်ချင်းဆိုသလို ကျိုးရှုဖန်းကို ပြန်ငြင်းသည်။
ဘယ်လိုကြောင့်များ ယောက်ျားရှိပြီးသား အမျိုးသမီးတစ်ယောက်က အခြားအမျိုးသမီးတွေကို မျက်လုံးထဲ ထည့်မှာလဲ ဟွန့် ဒီနေရာက ထွက်သွား။
တင်ဆက်သူ (သခင်မ ကျိုးနဲ့ တိုက်ခိုက်) : “ဖွီ ငါးရှဉ့်လိုမိန်းမ အချစ်သစ်ရသွားတာနဲ့ ငါတို့ကို ဂရုမစိုက်တော့ဘူးပေါ့”
ကျိုးရှုဖန်းကလည်း နောက်တွန့်လိမ့်မည် မဟုတ်ပဲ အလွယ်တကူ တုန့်ပြန်သည်။
“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) : ရှောင်းနွမ် နင့်ယောက်ျား ဘယ်မှာလဲ။ နင့်ယောက်ျားက ဘယ်လောက် အင်အားကြီးပြီး ဘယ်လောက် ခန့်လဲဆိုတာ ပြစမ်းပါအုံး”
ယန်ရွှယ်ကလည်း အပျော်ဝင်ပါလာသည်။ မုရှောင်းနွမ်ကလည်း ဂုဏ်ယူစွာပြောသည်။
22 04
“ငါ့ယောက်ျားက ဒီလို အရာမျိုးအတွက် အေးအေးဆေးဆေး လဲနေလို့ရတယ်။ သူက ဒီအတိုင်း ရုပ်ရည်အတွက်ပဲ တာဝန်ယူပေးရမှာ ကျန်တာက ငါလုပ်မှာ”
မုရှောင်းနွမ်က ဂိမ်းကို တိုက်ရိုက်ဖွင့်လိုက်ပြီးနောက် စတင်ကာ ဝင်တိုးသည်။
တင်ဆက်သူ (သခင်မကျိုးနှင့်တိုက်ခိုက်) : “ဟင် ရှောင်းနွမ် နင့်ရဲ့ ID က ပြောင်းသွားပြန်ပြီလား”
သူမက စတင်လိုက်သည်နှင့် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ကျိုးရှုဖန်းက သိလိုက်သည်။ ဘာလို့ ဒီကောင်မလေးရဲ့ ID အသစ်က အရမ်းကို ဘဝင်လေဟပ်လွန်းနေတာလဲ။
[ငါလား ပန်းလိုလှတဲ့သူလေ]
“ဖူး ရှောင်းနွမ် ပေါင်ပေါင် အရမ်းကို ဘဝင်လေဟပ်လွန်းတာပဲ။ ကြည့်စမ်း ဘယ်လို နာမည်ကို ရွေးထားတာလဲ”
“ဟားဟားဟား စိတ်ဝင်စားစရာပဲ နင့်ကို မြင်ရတာ ရက်နည်းနည်းပဲ ကြာသေးတယ်။ ရှောင်းနွမ်က ပိုပိုပြီး ဘဝင်လေဟပ်လာပြီ”
ကျိုးရှုဖန်းနှင့် ယန်ရွှယ်တို့ နှစ်ယောက်လုံးက အော်ရယ်ကြသည်။ တစ်ခဏခန့် ကြာပြီးနောက် နောက်ထပ် အသင်းဖော် တစ်ယောက်က ဝင်လာသည်။
[ငါလား မိသားစုကို ထောက်ပံ့ဖို့အတွက် ပိုက်ဆံရှာတဲ့ သူလေ]
“ဖာ့ခ် ရှောင်းနွမ် ပေါင်ပေါင်က လွန်လွန်းအားကြီးပြီလို့ ထင်နေတာ။ ဒီနေရာမှာ လာပြီး ကြွားနေပြန်ပြီ”
“ရှောင်းနွမ် နင် တမင်တကာ လုပ်တာ ငါနင့်ရဲ့ လှေပေါ် မတက်ခဲ့သင့်ဘူး”
နောက်ဆုံး အိုင်ဒီကို မြင်လိုက်သည်နှင့် သူတို့သည်လည်း အဖြစ်အပျက်ကို နားလည်လိုက်သည်။
လက်စသတ်တော့ ဒီကောင်မလေးက လူတိုင်းမြင်အောင် လာကြွားတာပဲ။
“ဖာ့ခ် လာကြွားနေပြန်ပြီ”
“တင်ဆက်သူ မင်းအရမ်းလွန်တယ်။ ငါတို့ကို ညဖက်ကြီး ခွေးစာစားခိုင်းသေးတယ်”
“ဆရာသခင်ချန်းက ဘယ်မှာလဲ မြန်မြန်လေး ထွက်လာပြီး ရှင်းပြပါအုံး ငါ နှလုံးနာတယ်”
“ဒီလို အိုင်ဒီနဲ့ဆိုရင် ဂိမ်းကို နိုင်ဖို့ မဖြစ်နိုင်ဘူး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲသည်။ ဖြောင့်မတ်မှန်ကန်မှုများစွာ ပြည့်နှက်နေသည်။ ပါဝင်ပတ်သက်သူဖြစ်သော ချန်းရန်ကပင် နည်းနည်းသဘောကျသွားသည်။
ဒီကောင်မလေးက သူ့ဖုန်းကိုယူပြီး လက်စသတ်တော့ စုံတွဲ အိုင်ဒီကို ပြောင်းတာကိုး။
“လူ…လူ လူ…လူ”
မုရှောင်းနွမ်က လျှာကို ဂုဏ်ယူစွာ ထုတ်ပြသည်။ မျက်နှာက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ချန်းရန်ကို လှည့်ကြည့်ပြီးပြောသည်။
“ယောက်ျားလာ… ငါတို့ ဓားနှစ်လက် နဲ့ အင်အားပေါင်းရအောင် အိုးမဟုတ်သေးပါဘူး ငါတို့ သေနတ်နှစ်လက်နဲ့ အင်အားပေါင်းရအောင် ကြက်သားအတူ စားကြမယ်”
“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) : ပေါက်ကရတွေ ဘာကို သေနတ်နှစ်လက်နဲ့အတူ အင်အားတွေ ပေါင်းမှာတုန်း… နင် ရှောင်းနွမ် နင်ကလည်း သေနတ်ကို ကိုင်ဆောင်ထားတာမလို့ သိသိသာသာကိုပဲ နင့်ယောက်ျားက တစ်ယောက်တည်း ဖြစ်နေတော့မှာ (ကောက်ကျစ်တဲ့ အပြုံး)”
တင်ဆက်သူ (သေနတ်တစ်လက်နဲ့ တိုက်ခိုက်မယ် အမျိုးသမီးကျိုး) : “နင့်မှာ သေနတ်ရှိလို့လား။ နင့်မှာ သေနတ်ရှိလို့လား။ နင့်မှာ သေနတ်ရှိလို့လား”
မုရှောင်းနွမ်က လက်သင့်မခံပေ။
“သွား သွား သွားသွား သွာစမ်းပါ ယောက်ျား ငါတို့ အတူတကွ လမ်းဖောက်ပြီး တိုက်ခိုက်သွားစို့ ဒီအမျိုးသမီးနှစ်ယောက်ကို အတူတကွ မျက်လုံးဖွင့်ပေးရအောင်”
“ကောင်းကင်ပေါ်ကနေ ဒိုင်ပင်ထိုးဆင်းတဲ့အခါ ငါနဲ့အတူ လိုက်ခဲ့ပါ”
22 05
ချန်းရန်က ပထမဦးဆုံးအကြိမ် ကစားသောကြောင့် မုရှောင်းနွမ်ကလည်း အတတ်နိုင်ဆုံးကြိုးစားပြီး ချန်းရန်ကို သူမနှင့်အတူ ခေါ်သည်။ တစ်စုံတစ်ယောက် ရှိနေသောအခါ မုရှောင်းနွမ်က ယုံကြည်မှု ရှိလာသည်။
“ဘယ်ကို ခုန်မှာလဲ”
ဂိမ်းထဲသို့ဝင်ရောက်ပြီးသည်နှင့် ကျိုးရှုဖန်းနှင့် ယန်ရွှယ်တို့က လေးနက် တည်ကြည်စွာနှင့် မုရှောင်းနွမ်နှင့်အတူ လိုက်ခုန်သည်။
“ပီကာကျူးလား ဒါမှ မဟုတ် အခြား တစ်နေရာလား”
“ငါ့ယောက်ျားက ပထမဦးဆုံးအကြိမ် ကစားတာလေ ဆိုတော့ မြင်ကွင်းကျယ်ကို ကျင့်သားရနေမှာပဲ တောထဲပဲ သွားရအောင်”
မုရှောင်းနွမ်က အလေးအနက်ကြီး အကြံပေးသည်။
“ကျွတ် ရှောင်းနွမ် ပေါင်ပေါင် ယောက်ျားရှိသွားတာနဲ့ပဲ တအားကြောက်တတ်သွားတာပဲ။ ငါတို့ကို မျက်လုံးဖွင့်ပေးဖို့ တိုက်ခိုက်မယ်ဆိုတာ ဘယ်ရောက်သွားတာလဲ”
“သွားသွားသွား အရင်က သေနတ်နဲ့ တိုက်ခိုက်တဲ့ နတ်ဘုရားမ ဘယ်ရောက်သွားတာလဲ။ ဘာလို့ ရုတ်တရပ်ကြီး ကြောက်သွားတာလဲ”
“ဒီတစ်ယောက် တစ်စုံတစ်ရာကို စိုးရိမ်တတ်သွားတာနဲ့ လက်နဲ့ ခြေထောက်ကိုတောင် မလွှတ်နိုင်တော့ဘူးပဲ။ အာ…. အမျိုးသားမရှိတဲ့အခါ အေးဆေးပေါ့ပါးနေလိုက်တာ”
ထိုနှစ်ယောက်က ပြဿနာရှာကြသည်။
“ဖွီ ဖွီ ဖွီ နင်တို့ ဘာတွေ ပြောနေကြတာလဲ”
မုရှောင်းနွမ်က နည်းနည်း အရေပါးသည်။ သူမက ဒေါသတကြီး ပြောသည်။
“ငါတို့က ဒီအတိုင်း လမ်းက ရှုခင်းတွေကို ကြည့်သွားမလို့လေ။ အဲဒီနောက်မှ ဖြည်းဖြည်းချင်းတိုက်ခိုက်သွားတာပေါ့။ ငါတို့က နင်တို့လိုမျိုး မိန်းမ မဆန်တဲ့သူတွေ မဟုတ်ပါဘူးနော် ဟွန့် ရည်းစားတောင် မရှာနိုင်ဘဲနဲ့”
“ဟွန့် ဒီအမျိုးသမီးကတော့”
ကျန်းရှုဖန်းနှင့် ယန်ရွှယ်တို့နှစ်ယောက်လုံးက လှောင်ပြောင်မှု အပြည့်ဖြင့် ကြည့်ကြသည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ပစ္စည်းရှာရန် လူခွဲသည်။
“ယောက်ျား ငါအရင်က ပြောထားတဲ့အတိုင်းပဲ လိုက်လုပ်နော်။ ပစ္စည်းတွေ အရင်ရှာမယ်”
မုရှောင်းနွမ်က အလွန်အမင်း စဉ်းစားဆင်ခြင်မှု အပြည့်နှင့် ချန်းရန်ကို သတိပေးသည်။ သူမက သေနတ်ကို ကောက်ယူပြီးသည်နှင့် အထီးကျန် ဝံပုလွေ တစ်ကောင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ပြီး သေသပ်သော လှည့်ကွက်ကို သုံးကာ တိုက်ခိုက်လိုက်သည်။
“ဘမ်း ဘမ်း ဘမ်း ဘမ်း”
“ဝိုး ဒီကောင်မှ ပစ္စည်းကောင်းတွေ အများကြီးပဲ”
မုရှောင်းနွမ်က ရုတ်တရပ် ထအော်သည်။
“ယောက်ျား ယောက်ျား ငါ့ဆီ လာပါအုံး ငါနင့်အတွက် ယူပေးမယ်”
“ဒီမှာလား”
“အင်း အင်း အလယ်ကို နည်းနည်းတိုး အဲ့ဒီမှာ အင်း ဟုတ်တယ် ဟုတ်တယ်”
“မွှေးလိုက်တာ”
“ငါလည်း မွှေးတယ်လို့ ထင်တယ်”
မုရှောင်းနွမ်က နောက်ထပ် ကွန်ပျူတာ လူသားတစ်ယောက်ကို သတ်ဖြတ်လိုက်သည်။
“ငါနင်တို့ နှစ်ယောက်ကို ပြောမယ် မြန်မြန် လုပ်စမ်းပါ ဗုံးနယ်မြေက လာတော့မယ်”
ထို့အပြင် ကျိုးရှုဖန်းကလည်း ပတ်ပတ်လည်း လိုက်ရှာကြည့်ပြီး ဘာကိုမှ မတွေ့ပေ။ သို့သော် သူမ၏ ခေါင်းအထက်တွင် ဗုံးနယ်မြေကြီးကို မြင်ရသည်။
“ဒီမှာ အိမ်လည်း မရှိပါဘူး။ ပုန်းစရာလည်း မရှိဘူး”
ယန်ရွှယ်က ဘေးဘီကို ကြည့်သည်။
“ကားတောင် မရှိဘူး ပြေးကြစို့”
“ပြေး”
မုရှောင်းနွမ်နှင့် ချန်းရန်တို့က ဆုံသည်။
“ယောက်ျား ငါတို့ အတူပြေးမယ်”
“ငါတို့ ဗုံးကျဲခံရတော့မှာလား”
ချန်းရန်က ခပ်အေးအေးပြောခြင်း ဖြစ်သည်။ တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားနေရ၏။
******