အခန်း ၂၃
Vol. 3 Ch. 23
23 01
အပိုင်း (၂၃) သူမက ငါ့ထက် ပိုပြီး အရေးကြီးတယ်
“ပြဿနာ ကြီးမှ မဟုတ်တာ ငါ အရမ်းကံကောင်းပါတယ်။ ပုံမှန် မိုင်းတွင်းတွေက ငါ့ကို မထိဘူး”
မုရှောင်းနွမ်က သူမ၏ ဆံပင်ရှည်ကြီးများကို တည်ငြိမ်စွာနှင့် မတင်လိုက်ကာ ယုံကြည်မှု အပြည့်နှင့်ပြောသည်။
“ယောက်ျား ငါ့ရဲ့နောက်ကနေ လိုက်ခဲ့နော်။ ဒီ ဗုံးနယ်မြေကနေ နင် အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ရမယ်လို့ ငါ အာမခံတယ်”
ဘုန်း ဘုန်း ဘုန်း
ဗုံးများက ကောင်းကင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ သူမ၏ စကားဆုံးသွားချိန်တွင် ဗုံးတစ်လုံးက သူမ၏ အရှေ့တွင် ပေါက်ကွဲသည်။
“ဘုရားရေ”
မုရှောင်းနွမ်၏ နှုတ်ခမ်းရဲရဲက အသာဟသွားသည်။ မျက်လုံးကပင် ကြုံ့သွား၏။ သူမသည် အရှေ့မှ မြင်ကွင်းကို ကြည့်နေရင် နေရာတွင်ပင် မှင်သက်သွားရသည်။
“ဖူး သတင်းထူး သတင်းထူး တင်ဆက်သူက မိုးကြိုးကြောင့် လွှင့်ထွက်သွားတယ် တင်ဆက်သူက မိုးကြိုးကြောင့် လွှင့်ထွက်သွားတယ်”
“ဟားဟားဟား သာမာန် မိုးကြိုးက သူ့ကို မထိနိုင်ဘူးလို့ ဘယ်သူပြောတာလဲ။ နောက်ပြီး သာမာန်မိုးကြိုးက မထိနိုင်ဘူးဟုတ်လား”
“ကောင်းကင်ဘုံက တရားမျှတမှု ပေးလိုက်တာလေ… ငါတို့ကို ခွေးစားကျွေးတဲ့သူကို ပြန်ပြီး အပြစ်ပေးလိုက်တာပေါ့ ဟားဟားဟား”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများအားလုံးက ရယ်ကြသည်။ အချို့သော သူများဆိုလျှင် မတော်တဆ စားလက်စ အရာများကိုပင် ပန်းထုတ်မိသွားပြီး သူတို့၏ မိဘများက နားရွက်ကို ဆွဲခြင်းအားဖြင့် အပြစ်ပေးခြင်း ခံရသည်။
“ဒေါသထွက်လိုက်တာ”
မုရှောင်းနွမ်က ခေါင်းကို လှည့်ရင်း သနားစဖွယ်လေးပြောသည်။
“ပေါင်ပေါင် ပေါင်ပေါင်ကို မိုးကြိုးထိသွားပြီ”
“ငါလည်း သေသွားတာပဲ”
ချန်းရန်ကလည်း နည်းနည်းဆွံ့အသွားပြီး ကူကယ်ရာ မဲ့နေသည်။ သို့သော် သူသည်လည်း မုရှောင်းနွမ်၏ ခြေထောက်ကြောင့် ရိုက်မိသွားပြီး လဲကျကာ သေသွားရခြင်းဖြစ်သည်။
“ရှုဖန်း၊ ရှောင်ရွှယ် လာပြီး ကယ်အုံး”
မုရှောင်းနွမ်က အသင်းဖော်နှစ်ယောက်ကို လှမ်းပြောသည်။
“ဘုရားရေ ရှောင်းနွမ်ပေါင်ပေါင် နင်တကယ်တော်တာပဲ။ ဒီနေ့ နင့်ရဲ့ ကံကောင်းမှုနဲ့ဆိုရင် ထီလက်မှတ် ဝယ်သင့်ပြီ”
ကျိုးရှုဖန်းက လှောင်သည်။
“နေအုံး ငါတို့ ခဏနေရင် လာခဲ့မယ်”
လှောင်တာက လှောင်တာဖြစ်သည်။ အသင်းဖော်ကိုမူ ကယ်တင်ရပေမည်။
“ငါ့ယောက်ျားကို အရင်ကယ်”
မုရှောင်းနွမ်က အထူးတလည် ညွှန်ကြားသည်။
“ဒါဆိုရင်လည်း နင့်ယောက်ျားကို နင့်ကို ကယ်ခိုင်းလေ”
ကျိုးရှုဖန်းက နှာခေါင်းရှုံ့သည်။ သူမက အရင်ဦးဆုံး ချန်းရန်ကို သွားကယ်သည်။ သို့သော် ချန်းရန်၏ အနားသို့ ရောက်သွားသောအခါ ကောင်းကင်မှ မိုးကြိုးက ပြုတ်ကျလာသည်။ ထို့နောက် သူမသည်လည်း သေသွားသည်။
ကျိုးရှုဖန်း “…”
“ရှောင်ရွှယ် အခုတော့ ငါလည်း မတတ်နိုင်တော့ဘူး”
ကျိုးရှုဖန်းကလည်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူထံမှ ကယ်ဆယ်ခိုင်းရပြန်သည်။
“ငါလည်း ဗုံးကြဲခံလိုက်ရတယ်”
23 02
ယန်ရွှယ်ကလည်း ချန်းရန်ကို အပြေးလာကယ်သည်။ သို့သော် နီးကပ်လာသည်နှင့် ဗုံးကြဲခံရသည်။ အားလုံးက ရှင်းပစ်ခံရသည်။
ကျိုးရှုဖန်း “နွမ်ပေါင်ပေါင် နင့်ယောက်ျားက အဆိပ်မိနေတာလား”
“ငါ ပထမဦးဆုံး အကြိမ် မိုင်းကွင်းထဲမှာ ဗုံးကျဲခံရတာပဲ”
“ကောင်းပြီ ကောင်းပြီ တစ်ပွဲလောက်ပဲ ဆက်ကစားမယ်”
မုရှောင်းနွမ်ကလည်း ရယ်သည်။ ထိုကိစ္စက သူမ၏ ယောက်ျားကို အပြစ်တင်၍ မရပေ။ တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင် အဲဒီ သောက်ကျိုးနည်းဗုံးနယ်မြေကိုပဲ အပြစ်တင်ရမှာပေါ့ ဟွန့်။ ဘယ်သူ့ ယောက်ျားကို အပြစ်တင်မှာလဲ။
“လာလာ လာလာ လာ မြန်မြန် စရအောင် ငါ ဒီတစ်လှည့်မှာတော့ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး”
ကျိုးရှုဖန်းက ထပ်ပြီး အော်ပြန်သည်။ နည်းနည်း မပျော်မရွှင် ဖြစ်နေ၏။ သူမက မည်သူ့ကိုမှ မသတ်နိုင်ခဲ့ပေ။ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု ဂုဏ်သတင်းက ထိခိုက်တော့ပေမည်။
“လာလာ လာ”
မုရှောင်းနွမ်က ဒီတစ်ခေါက် ပိုလွယ်သော ကျွန်းမြေပုံကို ရွေးချယ်ခဲ့သည်။ တော်တော်လေးတော့ ရိုးရှင်းလောက်တယ် ဟုတ်တယ်မလား။
“ငါတောထဲသွားမယ် တောထဲသွားမယ်”
ရလဒ်အနေဖြင့် မုရှောင်းနွမ်က ချန်းရန်အတွက် တောကို ရွေးပေးလိုက်သည်။ အာ…သေနတ်မရှိတဲ့ နေ့ရက်တွေက တော်တော်လေးကို ပျင်းဖို့ကောင်းတယ်။
“မြန်မြန်လုပ်”
ရလဒ်အနေဖြင့် သူမက ဂိမ်းကို နိုင်တော့မည့် အချိန်တွင် အဆိပ်နားမှ ဖြတ်ပြေးသွားရင်း ဗုံးကျဲသော နယ်မြေထဲသို့ ရောက်သွားပြန်သည်။
“ငါ ကားရှာတွေ့ပြီ”
ချန်းရန်ကလည်း အတော်လေးကို ကံကောင်းပြီး ကားတစ်စီးကို ရှာတွေ့ခြင်းအားဖြင့် မုရှောင်းနွမ်၏ အသင်းဝင် သုံးယောက် ရှိရာသို့ မောင်းလာသည်။
“ကားထဲဝင် ကားထဲဝင် ဗုံးနယ်မြေက လာတော့မယ်”
သူတို့ သုံးယောက်က ကားထဲသို့ အလျှင်စလိုဝင်သည်။ သို့သော် သူတို့ကပင် ပျော်ချိန်မရသေးခင် ကောင်းကင်မှ မိုင်းတစ်ခုက ပြုတ်ကျလာပြီး ထွက်ခွာမည့် နေရာတောက်လျှောက် ကွက်တိ ထိမှန်သည်။ လေးယောက်လုံးက သေသွားသည်။
“အာ ငါရူးတော့မယ် အဲဒီ မိုင်းမှာ မျက်လုံးပါနေတာလား”
“ငါတော့သွားပြီ ငါတကယ် ရူးတော့မယ် ထင်တယ်။ အရမ်းကို သနားဖို့ ကောင်းတာပဲ”
“အာ ယောက်ျား ငါလည်း သေသွားပြန်ပြီ”
အဆုံးသတ်တွင် မုရှောင်းနွမ်ကပင် ခြောက်ကပ်စွာနှင့် မစနိုင်တော့ချေ။
ချန်းကောကောက မိုးကြိုးခေါ်သံ ထင်တယ်။ ဘယ်နေရာကို သွားသွား ပေါက်ကွဲနေတယ်။
“တော်တော်လေးတော့ ထူးဆန်းတယ်”
ချန်းရန်ကလည်း ဆွံ့အနေသည်။ ထိုဗုံးနယ်မြေက သိသာထင်ရှားလွန်းသူ ပါဝင်သွားသည်နှင့် သေရသည်။ သူ ဒီစွမ်းရည်လေးကို တစ်ကြိမ်လောက်သော ကြွားချင်သေးတယ်လေ။
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာဘဝတာဝန်ကို ပြီးမြောက်သွားပြီဖြစ်လို့ ဂိမ်းနှစ်ပွဲ ရှုံးသွားပြီး သက်သာလွန်းတဲ့ စိတ်အခြေအနေကို ဖော်ပြနိုင်ခဲ့ပါတယ်”
“တင် ဂုဏ်ယူပါတယ်။ ပိုင်ရှင်ကို ဆုလာဘ်ဖြစ်တဲ့ : ဆရာသခင်အဆင့် 98K snipping နည်းပညာကို ဆုချလိုက်ပါတယ်”
“တင် ဆရာသခင် အဆင့် 98K snipping နည်းပညာကို ထည့်သွင်းနေပါပြီ”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က [ဆရာသခင်အဆင့် 98K snipping နည်းပညာ]ကို ရရှိသွားပါပြီ”
23 03
ထိုအချိန်တွင် စနစ်က ဆုကို ကြိုပေးလိုက်သည်။
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ ပိုင်ရှင်ရဲ့ gamming ဖြစ်စဉ်က သာယာပျော်ရွှင်မှု မရှိကတည်းက တာဝန်ကို ကြိုတင်အဆုံးသတ်ပြီး တာဝန်အသစ်တစ်ခုဖြစ်တဲ့ [သက်သာတာဝန်]ကို ထုတ်လွှင့်ပေးလိုက်တာပါ”
“တင် ပိုင်ရှင်ကို သတိပေးပါတယ် [သက်သာတာဝန်] အသစ်ကို သတိပေးပါတယ် : ဂိမ်းကို ကစားတယ် ဆိုတာက အေးဆေးပေါ့ပါးဖို့ အနိုင်ကျင့်ခံဖို့ မဟုတ်ဘူး ဆိုတဲ့ တာဝန်ကို ထုတ်လွှတ်ခြင်းအားဖြင့် ပြိုင်ဘက်တွေကို သတ်ဖြတ်ပြီး ပျော်မွေ့ပါ”
အာ နောက်ဆုံး စနစ်တောင်မှ သည်းမခံနိုင်တော့ဘူး။ (စာစစ_အူတက်…)
ချန်းရန်ကလည်း ခါးသီးစွာ ပြုံးသည်။ ဒါက တကယ်ကို သူ့အမှား မဟုတ်ပါပေ။ ထိုကိုးရိုးကားရားနိုင်လွန်းသော မိုင်းတွင်းက သူ့ကို ပြဿနာ လိုက်ရှာနေခြင်း ဖြစ်သည်။ သို့ရာတွင် ယခုအခါ သူသည် ဆရာသခင် snipping စွမ်းရည်ကို ရရှိသွားပြီ ဖြစ်လေရာ ဂိမ်းမနိုင်မည့်အခြေအနေကို ကြောက်စရာမလိုတော့ပေ။
“ဒီတစ်ခေါက်တော့ မကြောက်နဲ့တော့ လာ သွားမယ်”
ချန်းရန်က မုရှောင်းနွမ်ကို ကြည့်ပြီး ပြောသည်။
“ငါ့ကို မစိုးရိမ်နဲ့ မင်းဘာသာ ပုံမှန်အတိုင်းကစား”
“ယောက်ျား”
မုရှောင်းနွမ်က ချန်းရန်ကို ကြည့်သည်။ သူမ၏ တောက်ပကာ လှပသည့် မျက်ဝန်းလေးမှ မျက်ရည်များပင် ပန်းထွက်လာတော့မည်ဟု ထင်ရသည်။
အာ ငါ့ရဲ့ ယောက်ျားက ငါ့ရဲ့ စိတ်အခြေအနေကို အရမ်း ဂရုစိုက်တာ ဘာပဲဖြစ်ဖြစ် သူက အမြဲတမ်းမိုင်းတွင်းထဲပဲ ကျနေတာလေ။ ဒါက သူမလို နည်းပညာရှိတဲ့ တင်ဆက်သူကိုတောင် ကြည့်ရမှာ ရှက်စေတယ်။
“ကျယ်မေ့တို့ ချီတက်”
မုရှောင်းနွမ်၏တိုက်ခိုက်လိုစိတ် ဆန္ဒက ပြန်လည် ရှင်သန်လာသည်။ ဒီတစ်ကြိမ်တွင် သူမသည် ကြောက်မနေတော့ချေ။ သူမသည် တိုက်ရိုက်သွားသည်။ အိမ်တစ်အိမ်ကိုပင် အကာယူထားသော်လည်း လွင့်ထွက်သွားသေးသည်။
ဒီတစ်ကြိမ်တွင် အားလုံးက ယုံကြည်မှု အပြည့်ဖြစ်သည်။ သူတို့က ဆင်းသက်ပြီးသည်နှင့်စတင်ကာ တိုက်ခိုက်သည်။ မုရှောင်းနွမ်က စွမ်းရည်ရှိသော လူနှစ်ယောက်ကို ဖိတ်ခေါ်ထားသည်ဟု ပြောရပေမည်။ သူတို့၏ အသင်းကလည်း နေရာကို ကောင်းမွန်စွာ ခုခံထားနိုင်ပြီး လူဆယ်ယောက်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။
“ငါတို့ ကံကောင်းတာပဲ။ ဒါက ကံကြမ္မာစက်ကွင်းဖြစ်မယ် ငါတို့ကသာ ဒီနေရာကို ခုခံထားနိုင်သမျှ အဆင်ပြေလိမ့်မယ်”
မုရှောင်းနွမ်က အမိန့်ကိုပေးသည်။ သူတို့သည်လည်း ကောင်းမွန်လောက်မည်ဟု ထင်ရသည့် နေရာမျိုးကို သိမ်းယူထားခြင်းအားဖြင့် အဆင်ပြေသည်။ သူတို့နှစ်ယောက်က ခုခံ၍လည်းရသည်။ တိုက်ခိုက်ရန်လည်း ခက်ခဲ၏။ ဂိမ်း၏ အနိုင်ရနိုင်ခြေက တော်တော်လေးမြင့်လာသည်။
ဗုန်း
ထိုအခြေအနေတွင် ဗုံးနယ်မြေက ရောက်လာပြန်သည်။ သူတို့၏ ခေါင်းအထက်တွင် ဖြစ်သည်။
“ဘုရားရေ ယောက်ျား နင်တကယ်ပဲ ဗုံးကို ဆင့်ခေါ်လိုက်ပြန်ပြီ”
မုရှောင်းနွမ်၏ မျက်နှာအမူအရာက ခါးသီးသွားသည်။ သို့သော် ဒီတစ်ကြိမ်တွင် ပိုပြီး အေးဆေးပေါ့ပါးနေသည်။
အာ အိမ်ရှိတာပဲ မကြောက်ဘူး။
ဘမ်း
သို့ရာတွင် ထိုဗုံးကြဲနေသည့် အတောအတွင်းမှ တစ်စုံတစ်ယောက်က မိုင်းတွင်းထဲသို့ ပစ်သွင်းလိုက်သေးပြီး မုရှောင်းနွမ်ကို နေရာတွင်ပင် လွင့်စင်သွားစေသည်။
“တစ်ယောက်ယောက် ငါ့ရဲ့ အိမ်နားမှာ လူရှိတယ်။”
23 04
မုရှောင်းနွမ်၏ မျက်နှာက ရုတ်တရပ် ပျက်ယွင်းသွားသည်။
“ငါလာပြီး ကူညီပေးမယ်”
ချန်းရန်က ဘေးကပ်လျှက်ဖြစ်သည်။ သူမနှင့် အနီးဆုံးဖြစ်သည်။ သို့ရာတွင် သူက ထွက်လာသည်နှင့် ဗုံးကြဲနယ်မြေမှ မိုင်းတစ်ခုကြောင့် လွင့်စင်သွားပြန်သည်။
“သွားပြီ သွားပြီ ဟန်နီ သတိထားငါ့ကို တိုက်ခိုက်တဲ့ ကောင်က နင့်နေရာကို သွားနေတာ”
မုရှောင်းနွမ်ကလည်း သူ့ကို သတိပေးချိန်မရှိလိုက်ပေ။ ထိုအကောင်က ချန်းရန်၏ ဘက်သို့ အပြေးအလွှားသွားနေပြီ ဖြစ်ပြီးချန်းရန်ကို အေးစက်သော သေနတ်ပြောင်းဖြင့် ချိန်ထားသည်။
ဘမ်း
ထိုသို့ဖြင့် သူဟာ နေရာတွင်ပင် နေ့လည်စာ ထမင်းဘူးရလိုက်သည်။
ဖူးးးး…
“ဒီအရူးကောင် သူ မမျှမတ သေသွားရတယ်။”
“ဟားဟား ဆရာသခင်ချန်းက တကယ်ကို စစ်မှန်တဲ့ [မိုင်းတွင်း ဆင့်ခေါ်သူပဲ]”
“ဆရာသခင်ချန်း : အခုကစပြီး ကျေးဇူးပြုပြီး ငါ့ကို မိုင်းကွင်းဆရာသခင်လို့ ခေါ်ပါ ငါ ဘယ်နေရာကို ရောက်ရောက် မိုးကြိုးစက်ကွင်း ရှိလိမ့်မယ်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက ရယ်နေကြသည်။ မိုင်းတွင်းထဲတွင် ဆရာသခင်ချန်းနှင့် ရင်ဆိုင်သော ကံဆိုးသော အကောင်က သေချင်နေသည်ဟုသာ ထင်လိုက်သည်။
ဗုံးကြဲသော နယ်မြေကို လျှင်မြန်စွာ ကျော်ဖြတ်ခံရသည်။
“ငါတို့ လာကယ်ပြီ”
ကျိုးရှုဖန်းနှင့် ယန်ရွှယ်တို့က ထိုအခါမှသာ ခေါင်းထွက်လာရဲသည်။
“သူမက ငါ့ထက် ပိုအရေးကြီးတယ်”
ချန်းရန်က ကျိုးရှုဖန်အား မုရှောင်းနွမ်အား အရင်ကယ်ခိုင်းသည်။
“ဟန်နီ ငါအရမ်းစိတ်လှုပ်ရှားသွားပြီ”
မုရှောင်းနွမ်က အမှန်တကယ် ရင်ထဲ ထိသွားသည်။ သူမက ငါ့ထက် ပိုအရေးကြီးတယ်ဆိုသော စကားက အလွန်လေးသောတူဖြစ်ပြီး သူမ၏နှလုံးသားကို တိုက်ရိုက်ဖိလိုက်ကာ ကျေမွသွားစေပြီး ကောင်မလေးကို မျက်ရည်ရွဲသွားစေသည်။
“အရမ်းနွေးတာပဲ”
“ယောက်ျား ယောက်ျား ဒါက ငါ ကြားဖူးသမျှထဲမှာ စိတ်အလှုပ်ရှားစေဆုံး စကားပဲ”
မုရှောင်းနွမ်က ချန်းရန်ဆီသို့ အပြေးလာပြီး ကူညီပေးတော့မည့် အချိန်တွင်
“မစိုးရိမ်နဲ့ အရင်ဦးဆုံး အရှေ့မြောက်ဖက်ခြမ်းကို နှစ်ချက်လောက်ပစ်လိုက်”
ချန်းရန်က တည်ငြိမ်စွာ ပြောသည်။
“အိုး”
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က ခေါင်းထုတ်လိုက်ရုံရှိသေးသည်။သေနတ်သံက ထွက်လာသည်။ မုရှောင်းနွမ်က လဲကျသွားသည်။
ဘမ်း
ချန်းရန်၏ဘက်မှတဆင့် ဆရာသခင်အဆင့် 98K sniper နည်းပညာကို အသုံးပြုခြင်းအားဖြင့် သူသည်လည်း ပြိုင်ဘက်၏ တည်နေရာကို လှမ်းမြင်လိုက်ရကာ တစ်ဖက်ခြမ်းမှ ခြိမ်းခြောက်နေသော ကျွမ်းကျင်ပညာရှင်ကို လှမ်းပစ်သည်။
“နင့်ရဲ့အသင်းဖော် [ငါလား မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာတာလေ]ကို ဂုဏ်ယူပါတယ် [သံမဏိ သေနတ်ရဲ့ ညင်သာမှု ]ကို ခေါင်းကို ထိမှန်အောင် ပစ်ခတ်လိုက်ပါပြီ”
23 05
မုရှောင်းနွမ်က ဖန်သားပြင်ကို မှင်သက်စွာ စိုက်ကြည့်နေပြီး နည်းနည်းပင် စိတ်ရှုပ်သွားသည်။
“ငါ ငါးစာအဖြစ် အသုံးခံလိုက်ရတာလား”
******