← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

24 01

အပိုင်း (၂၄) ယောက်ျားအခုကစပြီးနင့်ရဲ့ ငါးစာပဲ လုပ်ပေးတော့မယ်။

“ဖာ့ခ် ရှောင်းနွမ် နင့်ယောက်ျားက တကယ်တော်တာပဲ။ သူက ဒီလောက် အကွာအဝေးကနေတောင် တစ်ဖက်ခြမ်းက မျိုးမစစ်ကောင်ကို လှမ်းပစ်လိုက်တာ”

“အရမ်းအင်အားကြီးလွန်းတယ်။ ချက်ချင်းပစ်လိုက်တာနော်။ နေရာမှာတင် တစ်ချက်တည်း အသေပဲ တစ်ဖက်ခြမ်းက လူရှိမှန်းတောင် ငါမသိဘူး”

အသင်းဖော်များက တအံ့တဩ အော်ကြသည်။ သူတို့သည်လည်း ကြောက်လန့်ပြီး ချွေးပြန်နေကြသည်။ ချန်းရန်ကသာ တစ်ဖက်မှ အကောင်ကို မသတ်ခဲ့လျှင် သူတို့ကသာ သေရတော့မည် ဖြစ်သည်။

“အားလုံးပဲ နားလည်ကြလား ဒါက ချက်ချင်းပစ်တာမျိုးမဟုတ်တာ။ သူက နေရာမှာတင် ကင်းထောက်စနစ်ကိုတောင် မဖွင့်ထားဘူးနော်”

“ကြည့်ရတာ သူက လှည့်စားနေသလိုပဲ။ ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကနေလည်း သူက အစစ်အမှန် ပစ်ခတ်သူဆိုတာကို ပြသနေတယ်။ ဆရာသခင်ချန်းက တကယ်တော်တာပဲ”

“ဒီစွမ်းရည်က ပညာရှင်အဆင့် ကစားသမားတွေကိုတောင် ယှဉ်နိုင်တယ်။ တင်ဆက်သူ ဆရာသခင်ချန်းက ပထမဦးဆုံးအကြိမ် ကစားတယ်ဆိုတာ သေချာလား”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကပင် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ အရမ်းကို အတုအယောင် ဆန်လွန်းတယ်လေ။ ထိုအခြေအနေက မူရှောင်းနွယ်ကိုလည်း အံ့ဩစေသည်။

အာ ချန်းကောကောက ဘယ်အချိန်က ဒီလောက်ထိ ကျွမ်းကျင်နေတာလဲ။

သို့သော် အရေးကြီးဆုံးအချက်ကမူ သူမကသာ ငါးစာ မဟုတ်ခဲ့လျှင် ချန်းကောကောကလည်း ပြိုင်ဘက်၏ တည်နေရာကို ရှာနိုင်လိမ့်မည် မဟုတ်ပေ။

“ဟွန့် ယောက်ျားဒါက ငါက ပိုပြီး အရေးကြီးတယ်လို့ ပြောတဲ့ အကြောင်းပြချက်လား”

မုရှောင်းနွမ်က ဖယ်ထုတ်ခံလိုက်ရသည်။ သူမက ဖုန်းကို ချလိုက်ပြီး ပါးကို ဖောင်းနေကာ ချန်းရန်ကို မုန်းတီးမှု အပြည့်နှင့် ကြည့်သည်။

ဟွန့် လူဆိုးကောင်ကြီး။

ငါ့ရဲ့ နှလုံးသားကို ခွဲတယ်။ ငါနင်နဲ့ စကားမပြောတော့ဘူး။

မုရှောင်းနွမ်က ဆောင်းတွင်းတွင် ညိုးနွမ်းနေသော သစ်ရွက်လေးနှင့်တူသည်။ သူမက ဖိနပ်ပါးကိုပင် ကန်ထုတ်လိုက်ရာမှ မတော်တဆ ဆိုဖာပေါ်မှ ခြေချော်ကျသွားသည်။

“ဟားဟား နွေးထွေးမှုတွေက ကွဲကြေသွားပြီ ယောက်ျားက လူဆိုးကောင်ဖြစ်သွားပြီ”

“ရှောင်းနွမ် : ငါက အရေးအကြီးဆုံးလို့ ဘယ်သူက ပြောတာလဲ ဟမ် ငါးစာအဖြစ် သုံးဖို့အရေးကြီးတာလား”

“မုရှောင်းနွမ် : ကွာရှင်းရအောင် ကွာရှင်းရအောင် ယောက်ျားတွေက အားကိုးလို့ မရဘူး”

ကွန်မန့်များက မြောက်တက်လာသည်။ ထိုသို့ဖြင့် ဟန်ချက် ညီလာသည်။ ထိုကောင်မလေး၏ ယူကြုံးမရဖြစ်နေသော မျက်နှာကို ကြည့်ပြီး ချန်းရန်ကလည်း အမှန်တကယ် ဒေါသထွက်နေမှန်း သိလိုက်သည်။

ချွေးပြန်လိုက်တာ။ ဒါပေမဲ့ ဒါ သူ့အမှားမဟုတ်ဘူးလေ။

တစ်ဖက်ကကောင်ကလည်း အဆင့်မနိမ့်ဘူး။ သူက တစ်ချိန်လုံး ပုန်းနေတာ ရှောင်းနွမ်က ထွက်သွားပြီလေ နောက်ပြီးဘယ်လိုပဲ ဖြစ်ဖြစ် အပစ်ခံရတော့မှာဆိုတော့ တန်ကြေးကို ပိုမြင့်လိုက်တာမကောင်းဘူးလား။

“အာ ကောင်းပါပြီ”

ချန်းရန်သည် အမြဲတစေ မာနကြီးသူဖြစ်ပြီး စိတ်ထားတင်းမာတတ်သူဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ သူ၏နှလုံးသားက နူးညံ့သွားရ၏။ ထိုကောင်မလေး၏ စိတ်အခြေအနေက မကောင်းကြောင်း သိလိုက်သည်နှင့် သူသည်လည်း ထိုကောင်မလေးက ပုံမှန်အားဖြင့် အလွန်သန်မာသော်လည်း ဒီကိစ္စနှင့် ပတ်သက်ပြီး အလွန်အမင်း စိတ်ထိခိုက်သွားရကြောင်း သိလိုက်သည်။ သူမက အမှန်တကယ် ဂရုစိုက်သောကြောင့်သာ ထိခိုက်သွားခြင်းဖြစ်သည်။

“အကြောင်းပြချက်ရှိတယ်။ တစ်ဖက်သူက အရမ်းအင်အားကြီးတာလေ။ မင်းကသာ သူ့ရဲ့ အာရုံကို ဆွဲဆောင်ဖို့ မဖြစ်ခဲ့ဘူးဆိုရင်တောင် မင်းရဲ့ မြင်ကွင်းက ပေါ်သွားမှာပဲ”

ချန်းရန်က အနားသို့လာပြီး ကောင်မလေးကို နှစ်သိမ့်သည်။ ထိုအခြေအနေက အတော်လေးရှားသည်။

“ဒီတစ်ကြိမ် ငါမှားတာပါ။ နောက်တစ်ခေါက် ကြိုပြောပါ့မယ်”

“တကယ်လား”

မုရှောင်းနွမ်၏ခံစားချက်က ချက်ချင်းတည်ငြိမ်သွားသည်။ လှပသော မျက်လုံးများကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး မြူနည်းနည်းပင် ဆိုင်းလာသည်။

အာ ဒီကောင်မလေးက တကယ်ကို သနားဖို့ ကောင်းတာပဲ။

“ဒါပေါ့”

24 02

ချန်းရန်က ညင်သာစွာ ပြုံးသည်။ လက်ကိုပင် ဆန့်ထုတ်ပြီးထိုကောင်မလေးကို မင်းသမီး တစ်ပါးကဲ့သို့ ပွေ့ချီလိုက်သေးသည်။

“မြေပြင်က အေးတယ် သတိမထားမိရင် အအေးမိလိမ့်မယ်”

မုရှောင်းနွမ်ကို ချန်းရန်က ကောက်ပွေ့လိုက်သည့်အခိုက်အတန့်တွင်ပင် သူမ၏ ခုခံမှုများအားလုံးက ကွဲကြေသွားပြီ ဖြစ်ပြီး ပျော်ရွှင်မှုများက လှပသော မျက်လုံးထဲမှ နေ၍ လျှံကျလာသည်။ နှုတ်ခမ်းထောင့်ကပင် ကော့တက်သွားပြီး ပါးချိုင့်များပေါ်သည်အထိ ပြုံးသည်။

“ယောက်ျားက အရမ်းကောင်းတာပဲ”

မုရှောင်းနွမ်၏ လှပသောမျက်နှာက ရဲသွားသည်။ စီနီယာအစ်ကိုချန်းက သူမကို ပထမဦးဆုံးအကြိမ်အဖြစ် စဖက်ခြင်းဖြစ်သည်။ ပျော်ရွှင်သည့်ခံစားချက်ဖြင့် ထွေးပွေ့ခံရသလို ခံစားလိုက်ရသည်။

အရမ်းလုံခြုံတာပဲ။

“ယောက်ျား ယောကျ်ား နောက်ပိုင်း အနာဂတ်မှာ အခွင့်အရေးရှိရင်လည်း ငါ့ကို လုပ်ခိုင်းနော်၊ ငါ အကြိမ်တိုင်း ငါးစာလုပ်ပေးမယ်။ နင် တစ်ဖက်ခြမ်းက လူကိုသာ ရအောင်သာပစ်”

မုရှောင်းနွမ်က ချိုမြိန်စွာပြောသည်။

“ကျွတ် ငါးရှဉ့်ဘဝကို ပြောင်းသွားတဲ့ မိန်းမတွေများ အခုလေးတင် ငါးစာအဖြစ် အသုံးခံရလို့ ရင်ကွဲနေတယ်။ အခုတော့ လုပ်ချင်သွားပြန်ပြီ။ အိုး ရှောင်းနွမ် ရှောင်းနွမ် နင် ငါးစာအဖြစ် အပစ်ခံရပြီးတဲ့အခိုက်အတန့်ကို မေ့သွားတာလား ဟင် ချစ်မိနေတဲ့ အမျိုးသမီးတွေက ရူးကုန်တာပဲ”

ကျိုရှုဖန်းနှင့်ယန်ရွှယ်တို့ကလည်း ချဉ်စုတ်ကာ ပြောဆိုနေကြပြီး လှောင်ပြောင်နေကြသည်။ နွေရာသီအလယ်တွင် ချိုမြိန်နေသော ထိုကောင်မလေးကို ထားထားလေရာမည်သူကမဆို ပူပေလိမ့်မည်။

“ကျွတ် နင်တို့က ဘာကို ကြောက်တာလဲ ငါ အပစ်မခံရရင်တောင်မှ ငါ့ယောက်ျားက ငါ့ကို ကူညီမှာပဲ မဟုတ်သေးပါဘူး.. ငါ့ကို ဖက်မှာပဲ”

မုရှောင်းနွမ်ကလည်း တုန့်ဆိုင်းမနေဘု ပြန်လည်တိုက်ခိုက်သည်။ သူမကလည်း ထိုပွေ့ဖက်မှုက အားပေးသည်နှင့် မဟုတ်လေဘဲ ဆိုဖာပေါ်မှ ချော်ကျသွားသောကြောင့် ပွေ့ဖက်မှုအဖြစ် သတ်မှတ်ထားသည်။

သူမ၏ပုံစံကို မြင်ရသောအခါ ပို၍ပင် ဂုဏ်ယူလာပုံပေါ်သည်။

“ဟားဟား မိန်းမတွေများ ငါ့ရဲ့ ပစ်ခတ်တဲ့အရှိန်နှုန်းကိုပဲ သက်ရောက်မှာ”

“အဖက်ခံချင်သေးတယ် ဟုတ်လား နောက်တစ်ကြိမ်ဆိုရင် ချက်ချင်းသတ်ပေးမယ်”

“နည်းပညာတင်ဆက်သူလုပ်ရမယ့် တင်ဆက်သူက ဘယ်လိုဖြစ်ပြီး ဒီအသားဒိုင်းငါးစာ ဖြစ်သွားတာလဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူမျာအားလုံးက သက်ပြင်းချကြသည်။ လက်စသတ်တော့ သူတို့က ကြက်သားစားဖို့ လာကြည့်တာ မဟုတ်ဘဲ ခွေးစာလာစားရတာကိုး။

“ဧကရာဇ် (မနက်လေးနာရီ ဝေ့ရှန်း)က တင်ဆက်သူကို ဒုံးပျံ x1 ဆုချလိုက်ပြီး စာတစ်စောင်ကို ချန်ထားရစ်ခဲ့ပါတယ် : ရှောင်းနွမ် မင်းက တကယ်ကို မကြင်နာဘူးပဲ မင်းက ပညာရှင်အဆင့် အသင်းဖော်အတွက် ငါးစာအဖြစ်တောင် သုံးပြီး ခပ်လန်းလန်းပစ်ခတ် ခိုင်သေးတယ်။ ဒါက လုံးဝကို လူမဆန်တာပဲ ငါ့ကိုပစ်ထားတဲ့ အဲ့ဒီကောင်ကို ထွက်လာပြီး စကားပြောခိုင်းစမ်း”

ရုတ်တရပ် တိုက်ရိုက်ထုတ်လွင့်မှု အခန်းတစ်ခုလုံးက နီသွားသည်။ အလေးချိန်ကြီးသော ပုဂ္ဂိုလ်ကြီးက ရောက်လာလေပြီ

“ဖာ့ခ် ဝေ့ရှန်းပဲ ဝေ့ရှန်း ရောက်လာပြီ”

“ဘုရားရေ ကားတိုက်မှုဖြစ်ပြီ ဒီလေသံကတဆင့် အခုလေးတင် ရှောင်းနွမ်ရဲ့ ယောက်ျား ပစ်လိုက်တဲ့ကောင်က ဝေ့ရှန်းလား”

“သေစမ်း ဝေ့ရှန်း ပညာရှင်အဆင့် ကစားသမား ရှောင်းနွမ်ရဲ့စွမ်းရည်က မဆိုးဘူးလို့ ငါပြောသားပဲ ဘာလို့ ရုတ်တရပ် တစ်ချက်တည်းနဲ့ သေရမှာလဲ”

24 03

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများအားလုံးက အံ့အားသင့်ကုန်ကြသည်။ ယခုရောက်လာသော သူက ဝေ့ရှန်းဖြစ်သည်။ သူသည် တိုက်ရိုက်ပင် အပြစ်ကို တောင်းဆိုသည်။

“ဧကရာဇ် (မနက်လေးနာရီ ဝေ့ရှန်း) : ရှောင်းနွမ် မမြင်ချင်ယောင် ဟန်ဆောင်မနေနဲ့နော် မင်းတို့တွေ ငါ့ကို ခြုံခိုတိုက်ခိုက်ခဲ့တာ ငါသိတယ်။ မြန်မြန်လေးထွက်လာပြီး အဲ့ဒီ ကောင်ကို ထုတ်ပေးစမ်း ငါ လက်မခံဘူး ငါ နှစ်ယောက်အတူ ရင်ဆိုင်မယ်”

ဝေ့ရှန်းက စိတ်မရှည်သလို အော်သည်။

တင်ဆက်သူ (ရိုးသားတဲ့နွမ်ပေါင်ပေါင်) : “ဘယ်သူလဲဆိုပြီး ကြည့်နေတာ လက်စသတ်တော့ ငါ့ယောက်ျားက အလဲထိုးလိုက်တဲ့ တစ်ယောက်မဟုတ်လား အပြုအမူကတော့ ထောင်လွှားလိုက်တာ”

မုရှောင်းနွမ်သည်လည်း အားနည်းချက်ကိုထုတ်မပြဘဲ သဘာဝကျကျပင် ပြန်လည် တိုက်ခိုက်သည်။ သို့သော် သူမသည်ပင် တစ်ဖက်သူက နာမည်ကျော် ဝေ့ရှန်းဖြစ်နေသည့်အတွက် အံ့ဩသွားသည်။

“ဖာ့ခ် မင်းရဲ့ ယောက်ျား ဟုတ်လား”

ဝေ့ရှန်းက မှင်သက်သွားသည်။ ထို့နောက် ချင်းချင်းဆိုသလိုနားလည်ပြီး အသိပြန်ဝင်သွားသည်။

“အိုး… ငါမမြင်လိုက်လို့ စိတ်မရှိပါနဲ့ ရှောင်းနွမ် မင်းရဲ့ယောက်ျားကို မျက်နှာ ထွက်ပြခိုင်းလို့ ရမလား”

ဝေ့ရှန်းကလည်း ချက်ချင်းဆိုသလို စိတ်ဝင်စားသွားပြီး လေသံကအများကြီး တိုးတက်လာသည်။

“ယောက်ျား ယောက်ျား ယောက်ျား ယောကျ်ားကို တွေ့ချင်တဲ့သူရှိတယ်။ သူ့ကို ထွက်တွေ့ချင်လား မတွေ့ချင်လည်း ကိစ္စမရှိဘူး ငါသူ့ကို mute ထားလိုက်မယ်”

မုရှောင်းနွမ်က ခေါင်းကို စောင်းပြီး ချွဲသလို ပြောသည်။

“သေစမ်း ရှောင်းနွမ် မလုပ်နဲ့နော် မင်းအတည်ကြီး ပြောနေတာလား”

ဝေ့ရှန်းက ချက်ချင်းဆိုသလို ထိတ်လန့်သွားသည်။ လက်စသတ်တော့ ဒီကောင်မလေးက သူ့ယောက်ျားကို ကာကွယ်နိုင်စွမ်းရည်ကို သူအထင်သေးမိသွားတာပဲ။ မုရှောင်းနွမ်ဟာ တင်ဆက်သူလေးဖြစ်ချိန်တွင် ကျန်းရှုဖန်းတို့နှင့်အတူ ကြက်သားစားခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေ သူတို့ဟာ ဆက်ဆံရေးတော့ပင် ရှိသေးလေသည်။

ယခုအခါ သူမ၏ ယောက်ျားကိုပင် သူနှင့် တွေ့လိုစိတ် ရှိမရှိ မေးနေသည်။ မတွေ့ချင်လျှင်လည်း သူ့ကိ mute မည်ဟု ပြောလာသည်။

“ဒီကောင်မလေး သူ့ယောက်ျားကို အရမ်း ကာကွယ်လွန်းနေတာပဲ။ သောက်ကျိုးနည်းလိုပဲ ဒီလူက ဘယ်သူလဲ။ ဟမ် ရှောင်းနွမ်က ဒီလောက်ထိ စွဲလမ်းအောင် ဘယ်လိုတောင် လုပ်နိုင်တာလဲ”

“ဟားဟားဟား ဝေ့ရှန်း ကြောင်တောင်တောင် ဖြစ်သွားပြီ ထင်တယ်”

“ဝေ့ရှန်း သင်ခန်းစာယူဖို့ အကြံပေးမယ်နော် ရှောင်းနွမ်ရဲ့ ယောက်ျားကလေ နင်ရန်စလို့ ရတဲ့သူ မဟုတ်ဘူး”

“ဝေ့ရှန်း : ရှောင်းနွမ် ကြင်နာစမ်းပါ။ ငါ့ကို မmute စမ်းပါနဲ့”

ထိုသို့ဖြင့် ကြည့်ရှုသူများက ရယ်မောရင်းနှင့် အဆုံးသတ်သွားပြန်သည်။ သူတို့သည်လည်း နာမည်ကျော် ဝေ့ရှန်းက ရှောင်းနွမ်ယောက်ျား၏ အရှေ့တွင် ထိုသို့ အရှက်ကွဲရမည်ဟု မထင်ထားမိပေ။

“ဒါဆိုရင်လည်း မျက်နှာပြ”

ချန်းရန်ကလည်း မုရှောင်းနွမ်ကို အရှက်မကွဲစေလိုပေ။ ထို့ကြောင့် သူသည် အနားသို့ ကပ်လာပြီးနောက် ဖန်သားပြင်အရှေ့တွင် မျက်နှာလာပြသည်။

“ဖာ့ခ်”

ဝေ့ရှန်းက တစ်ချက် ကြည့်ပြီးနောက် မျက်လုံးက ဖြောင့်တန်းသွားသည်။

“ဖာ့ခ် ဖာ့ခ် ရှောင်းနွမ် ဒါ…ဒါက နင့်ယောက်ျားလား သူက တကယ်ကို ငါ့ထက် နည်းနည်း ပိုချောနေတာပဲ”

24 04

ဝေ့ရှန်းက မျက်မှောင်ကြုတ်ပြီး‌ မေးစေ့ကို ပွတ်သည်။ တစ်ခဏခန့် ကြာပြီးနောက် သူက ပြောသည်။

“နည်းနည်းဆိုတာထက် သူက ပိုပါတယ်။ သိသိသာသာကိုပဲ သူက တစ်ရာလောက် ပိုချောနေတာ ဟွန့် တစ်ထောင်လောက်”

မုရှောင်းနွမ်က ထိုစကားကို ကြားပြီး မျက်ခုံးပင့်သည်။ နှုတ်ခမ်းထောင့်က ပါးချိုင့်ကပင် ပို၍လှသွားစေသည်။

ဝေ့ရှန်းကလည်း ဒေါသမထွက်ပါပေ။ သူက ချန်းရန်ကိုကြည့်ပြီး ရိုးသားစွာ ပြောသည်။

“အစ်ကိုကြီး အစ်ကိုကြီးရဲ့ ဒီ snipping စွမ်းရည်က အရမ်းကို အင်အားကြီးတာနော် ဘယ်ပညာရှင် အသင်းကလဲ ငါတို့ မနက်လေးနာရီကို စဉ်းစားပေးပါလား”

“ဝိုး ဝေ့ရှန်းက မမျှော်လင့်ထားပဲ တိုက်ရိုက်ကို ကမ်းလှမ်းနေတာပဲ။ သူက လူခေါ်ချင်နေတာ”

“ကျွတ် ကျွတ် ဝေ့ရှန်းက လူခေါ်တော့မယ် ရှောင်းနွမ် နင် လက်ခံရဲလား”

“ဝေ့ရှန်း မင်းက စည်းမျဉ်းတွေအတိုင်း မလုပ်တာပဲ။ ဘယ်လိုဖြစ်ပြီးတစ်ယောက်ချင်းစီ ရင်ဆိုင်မှာက ဘယ်ရောက်သွားလဲ”

“ဝေ့ရှန်း : ငါက လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်ဖို့ တစ်ယောက်ချင်းစီ ရင်ဆိုင်မယ်လို့ ကတိပေးခဲ့တာ တကယ်တော့ လူပဲ ခေါ်ချင်တာ”

ထိုသို့ ဒရမ်မာဆန်သောမြင်ကွင်းက လူတိုင်းကို ရယ်စေသည်။ အရှိန်အဟုန်အပြည့်နှင့်လာသော ဝေ့ရှန်းက စက္ကန့်အနည်းငယ်နှင့်ပင် မျက်နှာ ပြောင်းသွားပြီးလူကို ချက်ချင်းခေါ်ချင်သွားသည်။

အာ ဒီလောကကြီးက ရူးနေပြီး အပြောင်းအလဲကလည်း မျှော်လင့်ထားသလို့ပဲ။

မုရှောင်းနွမ်ကပင် ကြောင်တောင်တောင် ဖြစ်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။

ချန်းရန်ကပင် မမျှော်လင့်ထားပေ။ သူက ပြုံးရယ်ရင်း ပြောသည်။

“ငါက ဒီအတိုင်း အပြင်လူပါ။ ပထမဦးဆုံး အကြိမ် ကစားဖူးတာ”

“မဟုတ်တာ မင်းငါ့ကို အရူး လုပ်လို့မရဘူး မင်းက ပညာရှင်ပဲ အနည်းဆုံး မင်းရဲ့ snipping စွမ်းရည်က ပညာရှင်တွေ ထက်တောင် သာသေးတယ် ငါတို့အသင်းကို လာပါ”

ဝေ့ရှန်းက စိတ်လှုပ်ရှားစွာ ပြောသည်။ သူသည်လည်း ချန်းရန်ကို အတင်းခေါ်နေသည်။

“ငါက ပညာရှင်အသင်းထဲဝင်ဖို့ စိတ်မဝင်စားဘူး”

ချန်းရန်က ပြန်ငြင်းရန် ပျင်းသွားသည်။ အဓိက အချက်ကမူ သူသည်လည်း ပညာရှင်အလုပ်မျိုးဖြင့် ကန့်သတ်ခံရမည် မဟုတ်သည့် အေးဆေးသက်သာဘဝမျိုးဖြင့် ချည်နှောင်ခံလိုက်ရပြီးသား ဖြစ်သည်။

လွတ်လပ်မှုက အရေးအကြီးဆုံးဖြစ်သည်။

“ကောင်ချောလေး စဉ်းစားကြည့်ပါအုံး ငါတို့အသင်းကို ဝင်ချင်တယ်ဆိုရင်….”

ဝေ့ရှန်းက ချန်းရန်ကို အတင်းဆွဲခေါ်ရန် ကြိုးစားနေရာမှ မုရှောင်းနွမ်က တားသည်။

“ငါ့ယောက်ျားက စိတ်မဝင်စားဘူးလို့ ပြောနေတယ် မဟုတ်ဘူးလား တာ့တာ”

ချန်းရန်က စိတ်မဝင်စားကြောင်း မြင်သည်နှင့် မုရှောင်းနွမ်ကလည်း ဝေ့ရှန်း၏ ကြင်နာမှုကို ချက်ချင်းငြင်းသည်။

“ဟေး”

ဝေ့ရှန်းက လက်သင့်မခံလိုသေးပေ။

“ပညာရှင်အဖြစ် ကြိုးစားကြည့်လိုက်တာနဲ့ တန်းပြီးသိရမှာပဲ‌လေ။ ဒါမှမဟုတ် နောက်တစ်ပွဲကို ကစားရဲလား”

“ငါ အရင်ထွက်လိုက်မယ်”

ချန်းရန်က လက်ကို ယမ်းပြီး မုရှောင်းနွမ်ကို နှုတ်ဆက်၍ ဂိမ်းထဲမှ ထွက်သည်။

24 05

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က [သက်သာတာဝန်]ကို ပြီးမြောက်အောင် လုပ်ခဲ့ပြီးပါပြီ နောက်တစ်ကြိမ်ကျရင် ပညာရှင်အဆင့် ကစားသမားတွေကို အနိုင်ယူခြင်းအားဖြင့် ဂိမ်းစွမ်းရည်တွေကို ဆက်လက်ရရှိမှာပါ”

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဆုလာဘ်ဖြစ်တဲ့ : ဆရာသခင် အဆင့် ငါးမြှားစွမ်းရည် x1၊ လက်ရွေးစင် အဆင့် ငါးဖမ်းသေတ္တာ x1 ကို ရရှိပါတယ်”

“တင် [ဆရာသခင်အဆင့် ငါးဖမ်းစွမ်းရည်] ကိုထည့်သွင်းနေပါပြီ”

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဆရာသခင်အဆင့် ငါးဖမ်းစွမ်းရည်ကိုအောင်မြင်စွာ ရရှိသွားပါပြီ”

သူက ဂိမ်းထဲမှ ထွက်လိုက်သည်နှင့် စနစ်၏ အသံက ရောက်လာသည်။

“ဟင်ဆရာသခင်အဆင့်ငါးမြှားစွမ်းရည်လား”

ဒီတစ်ခေါက် ဆုလာဘ်က အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။ ငါးမြှားခြင်းသည် နည်းပညာ အလုပ်မျိုးဖြစ်ပြီး စွဲလမ်းသွားရန် လွယ်ကူသည်။ သူသည်ပင် ငါးအကြီးကြီးတစ်ကောင်ကို ဖမ်းမိမည့် အခြေအနေကို မျှော်လင့် စောင့်စားမိသွားသည်။

မုရှောင်းနွမ်ကလည်း ထွက်သွားရန် တွန့်ဆုတ်နေသေးသည်။ သို့သော် ချန်းရန်က အညံ့ခံသွားပြီ ဖြစ်သည်။ သူမက ဒီအတိုင်း စိတ်လှုပ်ရှားနေပြီဖြစ်ပြီး နည်းနည်း မကျေမနပ် ဖြစ်နေသေးသည်။

“အင်း မလာတော့ဘူး။ မနက်ဖြန် ငါးသွားမြှားမလို့လေ ဒီည ငါးစာနည်းနည်း ကြဲထားရအုံးမယ်။ တွင်းလည်း တူးထားရအုံးမယ်။ ဒါမှ မနက်ဖြန် ငါးဖမ်းဖို့အတွက် အဆင်ပြေမှာ”

“ဘာကို ငါးဖမ်းမှာလဲ ငါတို့ ကလပ်ကို ဝင်”

“ငါ့ကို မျက်နှာသာမပေးချင်လို့ PK မကစားချင်လည်း ရပါတယ်။ ဒီအတိုင်း ငါက ဒီနေ့ ကျသွားတဲ့ မျက်နှာကို ပြန်ကောက်ချင်ရုံပဲ”

ဝေ့ရှန်းက လက်သင့်မခံလိုချင်သေးပေ။ သူသည်လည်း လူကို ခေါ်ရန် ကျရှုံးသွားသည်နှင့် နေရာကို ပြန်ယူလိုချင်သွားသည်။

“ငါက ဒီအတိုင်း လူသစ်ပါ။ နောက်ရက်မှ PK တာပေါ့”

ချန်းရန်က လက်ယမ်းပြပြီး ထွက်သွားသည်။

“သေစမ်း မင်းကို စောင့်နေမှာနော်။ ဟွန့် မင်းရှုံးတာနဲ့ ငါတို့အသင်းကို ဝင်ရမယ်”

ဝေ့ရှန်းကလည်း နားကြပ်ကိုပင် တစ်ဖက်သို့ ကောက်ပစ်လိုက်ပြီးနောက် လေ့ကျင့်ရေးအခန်းဖက်သို့ လှမ်းအော်သည်။

“ဒီနေ့ တာဝန်အကြီးကြီး ရှိတယ်။ ပညာရှင် တစ်ယောက်ကို တွေ့ထားတယ်။ ငါတို့ နောက်ရက်မှာ အဲဒီလူကို ပိတ်ပြီး ဆွဲခေါ်ရမယ်”

ဝေ့ရှန်းဟာ အလွန်အမင်း‌ လေးနက်နေပုံရသည်။

ချန်းရန်ကလည်း မလာတော့ချေ။ ထို့ကြောင့် မုရှောင်းနွမ်ကလည်း စိတ်မဝင်စားတော့ပါပေ။ သူမကလည်း တိုက်ရိုက်ပင် ဆင်းလိုက်သည်။ ဆင်းပြီးသည်နှင့် သူမ၏ အကောင်းဆုံး သူငယ်ချင်း ယန်ရွှယ်ကို စကားဆက်ပြောသည်။

“သေချာတာပေါ့ ရှောင်းနွမ်ရဲ့ ငါ ဒီရက်တွေ အတောအတွင်း နင့်ကို မကြည့်ဖြစ်ဘူး ဖြစ်နေတာ။ နင်တို့ရဲ့ ဆက်ဆံရေးက တော်တော်လေးကို တိုးတက်လာတာ။ နင်တို့ နှစ်ယောက်လုံးက အချင်းချင်း စဖက်နေကြပြီ”

ယန်ရွှယ်က ဖုန်းဖြေသည်နှင့် တန်းစသည်။

“ဘာ ဒီအတိုင်း ဒီအတိုင်းပါပဲ”

မုရှောင်းနွမ်က ထိုသို့သာ ပြောသော်လည်း အလွန်အမင်း ဂုဏ်ယူနေပုံရသည်။ အမွှေးပြောင် အမြှီးကို ဂုဏ်ယူစွာ ဖြန့်ထားသော ကြက်ဖနှင့်ပင် တူသေးပြီး အားလုံးကို အထင်တသေးကြည့်သည်။

“ဟွန့်”

ယန်ရွှယ်သည်လည်း တစ်ဖက်က လေသံမှတဆင့် ထိုကောင်မလေးက ထောင်လွှားနေပြန်ကြောင်းသိလိုက်သည်။ ထို့ကြောင့် သူမသည်လည်း ဂရုမစိုက်ချင်ဟန်ဆောင်ပြီး ပြောလိုက်သည်။

24 06

“နင်က နင့်ရဲ့ယောက်ျားကို အနိုင်ရအောင် လုပ်ဖို့ စိတ်ကို ဆုံးဖြတ်ချက် ချထားပြီးပြီပဲ။ အစကတော့ ငါ ဒီနေ့ နင့်ကို အကြံအသစ်ပေးမလို့လေ ကြည့်ရတာ မလိုအပ်တော့ဘူး ထင်ပါတယ်”

သူမက ဖုန်းချမည့်ဟန်ပြင်သည်။

“ဟေ့ ရှောင်ရွှယ် နေအုံး နေအုံး”

မုရှောင်းနွမ်က စိုးရိမ်စိတ်များသွားသည်။

“မဟုတ်ပါဘူး ငါက ဒီအတိုင်း နင့်အကြံပေးမှာကို စောင့်နေတာလေ အခု မှားပါတယ်”

“ဟွန့် ဒီလိုမှပေါ့”

ယန်ရွှယ်က နှာခေါင်းရှုံ့သည်။

“ဒီအတိုင်း ဖက်တာကတင် မလုံလောက်ဘူး ငါတို့ အသေးစိတ် ကျကျ ဆွေးနွေးရမယ် ဥပမာအနေနဲ့…”

“ဥပမာ ဘာဖြစ်လဲ”

မုရှောင်းနွမ်က တုံ့ဆိုင်းစွာ မေးသည်။

“နင်တို့အတူ အိပ်ပြီးပြီလား”

“အင်းလေ”

မုရှောင်းနွမ်က ရှက်ရွံ့စွာ ခေါင်းညိတ်သည်။

“ဘာ”

ထိုအခြေအနေက ယန်ရွှယ်ကို အံ့ဩသွားစေသည်။

သူတို့က ဒီအခြေအနေထိတောင် တိုးတက်သွားပြီလား ဒါဆိုရင် ငါက ဘာအကြံဉာဏ်ကို ပေးရမှာလဲ။

“ရှောင်းနွမ်က နင်ငါ့ကို လာလှောင်တာလား”

ယန်ရွှယ်က ဒေါသတကြီး ပြောသည်။

“နင်က စခန်းထဲကိုတောင် ရောက်နေပြီဘာလို့ တုံးအတဲ့လူလို ဟန်ဆောင်နေတာလဲ”

“ဘာ…ဘာ ဘာစခန်းလဲ”

မုရှောင်းနွမ်ကလည်း ယခုမှသာ အသိဝင်ပြီး နားလည်သွားပုံရကာ ရှက်ရွံစွာနှင့် ပြောသည်။

“ညစ်ပတ်တဲ့ ရှောင်ရွှယ် ဟမ် နင်…နင်က မသန့်စင်တာပဲ။ ငါ ငါတို့က အိပ်ယာပေါ်မှာပဲ ဒီအတိုင်း အိပ်တာ အဲဒီလို မဟုတ်…”

“ကျွတ် ဆိုတော့ ဒီလိုကိုး ငါထင်ပါတယ် ဒါပေမဲ့ ဒါကို အတူအိပ်တယ်လို့ ဘယ်လိုခေါ်မှာလဲ”

ယန်ရွှယ်က မျက်လုံးလှန်သည်။ သူမက အထင်တသေး နှာခေါင်းရှုံ့ရင်းပြောသည်။

“ဒါဆိုရင်လည်း အရင်ဦးဆုံး ခန္ဓာကိုယ်ချင်း အထိအတွေ့ရဖို့ ကြိုးစားကြည့်သည်။ ဥပမာ လက်ကိုင်တာ နမ်းတာ တစ်ခုခုပေါ့ ဒါမှ နင်တို့ရဲ့ ဆက်ဆံရေးက အများကြီးခုန်ပျံကျော်လွှား တိုးတက်သွားမှာ”

“အာ လက်ကိုင်တာ နမ်းတာ ဟုတ်လား”

မုရှောင်းနွမ်က ထိုစကားနှစ်ခွန်းကို ကြားလိုက်သည်နှင့် အထူးသဖြင့် နောက်ပိုင်းတစ်ခုကို ကြားသည်နှင့် ဒီနေ့ ကခုန်ခဲ့သည့် မြင်ကွင်းကို သတိရသွားပြီး မျက်နှာက နီလာကာ ခြေထောက်များကပင် အားနည်းသွားသည်။

အဲ့ဒီလိုဆိုမှ အဲဒီအချိန်တုန်းက ချန်းကောကောက ငါ့ကို နမ်းတော့မလို့။ နမ်းလိုက်ရင် ဘယ်လိုများ ခံစားရလိုက်မလဲ။

ဆက်ဆံရေးတစ်ခုကို မထူထောင်ခဲ့ဖူးသော မုရှောင်းနွမ်သည်လည်း အလွန်အမင်း အထီးကျန်လာပြီး စိတ်လှုပ်ရှားကာ စိုးရိမ်ကြောင့်ကြလာသည်။

24 07

“အရူးမလေး ဘာတွေ တွေးနေပြန်ပြီလဲ”

ယန်ရွှယ်၏စကားလုံးများက သူမကို ရေအေးဖြင့် လောင်းချသကဲ့သို့ဖြစ်သွားပြီး ချက်ချင်းဆိုသလို အသိဝင်သွားစေသည်။

မုရှောင်းနွမ်က လှပသောအတွေးများဖြင့် နှစ်မြုပ်နေခဲ့ရာမှ ရုတ်တရပ် အသိပြန်ဝင်သွားပြီး မကျေမနပ် ဖြစ်သွားသည်။

“နင့်က အလကားနေရင်း ပြဿနာရှာတာပဲ။ ဆူလိုက်တာ”

“ကျွတ် ဒါငါ့ကို စကားတစ်ခွန်းသတိရသွားစေတယ်။ ဘယ်တော့မှ အချစ်အကြောင်း တွေးနေတဲ့အရူးမကို မနိုးစေနဲ့တဲ့”

ယန်ရွှယ်က မယုံမကြည်ဖြစ်သလို လှောင်သည်။

ထို့နောက် ဗုံးကြီးကို ပစ်ချသည်။

“နောက်ဆုံးပေါ် သတင်းအရ နင့်ကို အသိပေးရအုံးမယ်။ နင့်ရဲ့ မိဘတွေက သိပ်မကြာခင် အတောအတွင်း တရုတ်ကို ပြန်လာတော့မှာ လကုန်ဖြစ်လောက်တယ်။ သူတို့က ငါ့ကို ဆက်သွယ်ပြီး နင်က ဘာလို့ ရုတ်တရပ် လက်ထပ်သွားတာလဲဆိုပြီး အဲ့ဒီနောက် နင့်ယောကျ်ားရဲ့ အစစ်အမှန် အခြေအနေကိုလည်း ရှာခိုင်းထားတယ် ဆိုတော့ ကံကောင်းပါစေ”

ယန်ရွှယ်နှင့် မုရှောင်းနွမ်တို့က အကောင်းဆုံးသူငယ်ချင်းများ မဟုတ်ကြပေ။

“အာ”

မုရှောင်းနွမ်ကပင် ရုတ်တရပ် သူမသည် မိသားစုကို မဆက်သွယ်ဖြစ်သည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားသည်။ သူမက သူတို့ လုံးဝလက်လွှတ်လိုက်ပြီဟု ထင်ထားခြင်းဖြစ်သည်။ လက်စသတ်တော့ သူရဲ့မိဘတွေက ယန်ရွှယ်ကနေ တဆင့် အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတာကိုး။

“ရှောင်ရွှယ် နင်မပြောလိုက်ပါဘူး ဟုတ်တယ်မလား”

“ခန့်မှန်းကြည့်လေ”

ယန်ရွှယ်က တခစ်ခစ် ရယ်ပြီးနောက်သည်။

“မစိုးရိမ်ပါနဲ့ နင်တို့နှစ်ယောက်က တကယ်ချစ်နေတာ ဆိုပြီးပဲ ပြောထားတာ။ ငါနောက်မှ နင်နဲ့ နင့်ယောက်ျား ဖက်နေတဲ့ ဓာတ်ပုံကို ပို့ပေးလိုက်မယ်”

“အိုး မကောင်းတော့ဘူး”

မုရှောင်းနွမ်က နည်းနည်း ရှက်နေသေးသည်။ သို့သော် ထိုသို့ ပြောပြီးသည်နှင့် သူမ၏ စိတ်ထဲတွင်မူ သူမနှင့် ချန်းကောကောတို့ လက်ကိုင်ထားသော ပုံ သို့မဟုတ် နမ်းနေသော ပုံကို ရှောင်ရွှယ်ကနေ ပို့ခိုင်းသင့် မခိုင်းသင့် စဉ်းစားနေသည်။

သူမဟာ တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။

“ထားလိုက်တော့ ဒီနေ့ပဲ အိပ်ယာစောစောဝင်တော့မယ် ဒါမှ မနက်ဖြန် တိုက်ပွဲအတွက် တက်တက်ကြွကြွ ရှိနေမှာ”

မုရှောင်းနွမ်က မနက်ဖြန် ချန်းကောကောနှင့် အနီးကပ်ဆက်သွယ်မှုကို ရရှိရန် အလွန်အမင်း မျှော်လင့် စောင့်စားနေသည်။ သို့သော် ဘာလုပ်ရမည်ဟု တွေးလိုက်ရုံဖြင့် ခေါင်းက စတင်ကာ ကိုက်လာသည်။

သူမဟာ ကောင်းမွန်သော နည်းလမ်းကို တွေးနေရင်း မအိပ်နိုင်ဖြစ်နေသည်။

“ဘယ်လိုလုပ်ရမလဲ”

******

All Chapters