← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

25 01

အပိုင်း (၂၅) ငါက တုတ်ကို ကိုင်မယ် မင်းက ငါ့လက်ကို ကိုင်

ထောင်ယွမ်စံအိမ်အပြင်ဘက် အဝေးရှိ သာ့ချင်တောင်တန်းနားတွင် လေထန်လမ်းတောက်လျှောက် စီးကျနေသော စမ်းချောင်းလေးရှိပြီး စံအိမ်ကြီးကို ဝိုင်းပတ်လျှက်သားတည်ရှိသည်။

သာ့ရွှယ်တောင်ခြေတွင်လည်း ထိုစမ်းချောင်းလေးက ရေကန်လေးတစ်ခုအဖြစ် ပြောင်းနေသည်။ ရေကန်မျက်နှာပြင်ကလည်း တဖြတ်ဖြတ်လက်ကာ ကြည်လင်အေးမြသည်။

“မင်း တကယ် ငါနဲ့ လိုက်ချင်တာလား”

ထိုညနေခင်းတွင် ချန်းရန်က မုရှောင်းနွမ်ကို ကြည့်ပြီးနည်းနည်း ကူကယ်ရာ မဲ့နေသည်။ ထိုကောင်မလေးက သူနှင့်အတူ ငါးလိုက်ဖမ်းမည် လုပ်နေသည်။

“အာ”

မုရှောင်းနွမ်က သမ်းနေသည်။ မျက်ခွံက နည်းနည်းလေးနေသေးသည်။ သူက မနေ့ညက ကောင်းကောင်း မအိပ်ထားပေ။ ထို့ကြောင့် နေ့လည်စာစားပြီးသည်နှင့် အိပ်ချင်နေသည်။

“သွားမှာပေါ့ ဘာလို့ မသွားရမှာလဲ”

မုရှောင်းနွမ်ကလည်း အလန့်တကြား ပြန်ပြောသည်။ သူမက ချက်ချင်းဆိုသလို ပို၍သာ တက်ကြွသွားသည်။ သူမဟာ တိုက်ရိုက်လွှင့်ချင်သေးသည်။ ထို့ကြောင့် မသွားပါက ဂိမ်းသာ ကစားရပေလိမ့်မည်။

ဒါပေမဲ့ ချောမောတဲ့ စီနီယာအစ်ကိုချန်းက အတူမကစားပေးမှတော့ တစ်ယောက်တည်း ကစားရတာမှာ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ။

ပိုဆိုးသည်မှာ သူမသည်လည်း တစ်ညလုံးတွေးထားသည့် အကြံလေးရှိနေသည်။

ဆိုတော့ အလွယ်တကူ လက်လျော့စရာအကြောင်းကို မရှိတာ။

“ကောင်းပြီလေ”

ချန်းရန်ကလည်း ခေါင်းကို အသာခါသည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ပစ္စည်းနည်းနည်း ထပ်ယူသည်။ ထို့နောက် လက်ကိုင်အိတ်ကြီးထဲသို့ထည့်ကာ စထွက်သည်။

သာ့ချင်တောင်ခြေမှ ရေကန်ငယ်လေးထံသို့ ရောက်သွားသည်။

“ဟင် ယောက်ျား ဘာလို့ အဲဒီ ခြင်းတောင်းလေး သယ်လာတာလဲ”

မုရှောင်းနွမ်က တော်တော်လေး အံ့ဩသွားသည်။ ချန်းရန်က ဒီနေရာကို ရောက်လာသည့်အတွက် ငါးကို ချက်ချင်း ဖမ်းရန် ပြင်ဆင်နေခြင်း မရှိဘဲ နံဘေးနားတွင် ကောဇောခင်းနေကြောင်းကို မြင်ရသည်။

“မင်း မတ်တပ်ရပ်နေစရာ မလိုဘူး။ ဒီမှာ ထိုင်ရင်ထိုင် မဟုတ်ရင်လှဲ”

ချန်းရန်ကလည်း စောင်ကို အရင်ခင်းသည်။ ထို့နောက် ချောမောသည့် ကျောပြင်ကိုသာ ချန်ထားရစ်ခဲ့ပြီး ငါးဖမ်းသည့် ပစ္စည်းများကို စတင်ကာ ချိန်တပ်နေသည်။

“ဝိုး အရမ်းကို စဉ်းစားဆင်ခြင်ပေးတတ်တာပဲ ဆရာသခင်ချန်းက အရမ်းကို နွေးထွေးတဲ့ လူသားပဲ”

“ဝိုး ဝိုး ဝိုး ငါတောင်မှ အပြင်ဘက်မှ ဒီလို ဆက်ဆံမှုမျိုး ခံရဖို့အတွက် မနာလိုဖြစ်သွားမိတယ်”

“ဘုရားရေ အခုလေးတင် ထွက်လာတဲ့ဆရာသခင်ချန်းက တစ်ခုခု သွားယူဖို့ နောက်ပြန်လှည့်သွားတာ လက်စသတ်‌တော့ စောင်သွားယူတာကိုး”

“တင်ဆက်သူ နင့်ယောက်ျားက ဘယ်လောက်တောင် တွေးတောပေးတတ်တာလဲ။ ကြည့်စမ်းပါအုံး သူက နင် အိပ်ချင်နေမှန်းသိလို့ နင့်အတွက် တကူးတက စောင်သွားယူပေးတာနော်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက မနာလို ဖြစ်သွားကြသည်။ ဇနီးဖြစ်သူကို ငါးဖမ်းရန် အဖော်ပြုခိုင်းသော်လည်း သူသည် ဇနီးဖြစ်သူ အနားယူရန် စောင်တစ်ထည့်ကိုပင် သယ်လာသည်။ ဆရာသခင်ချန်းသည် အပြင်ဘက်တွင် အေးစက်သော်လည်း အတွင်းက နွေးထွေးသည်။

“အာ အရမ်းပျော်တယ်”

မုရှောင်းနွမ်က စောင်ပေါ်တွင် လဲနေပြီး ပျော်ရွှင်သော အသံများ ထုတ်နေသည်။

“ဟီးဟီး ငါ့မှာ ဒီလို ယောက်ျားရှိတာ အရမ်းပျော်တာပဲ”

သူက ဘာကိုမှ မပြောသော်လည်း အပြုအမူများနှင့် သက်သေပြတတ်သည်။ သူ၏မျက်လုံးတွင် မုရှောင်းနွမ်က ရှိသေးသည်။

“သူ ငါးဖမ်းမိပြီလားလို့ သွားကြည့်ရအောင်”

25 02

မုရှောင်းနွမ်က ကင်မရာကို ကိုင်ပြီး ချန်းရန်၏နံဘေးသို့ သွားကာ ချန်းရန်က ငါးဖမ်းထားခြင်း ရှိမရှိ သွားကြည့်သည်။

“ဝိုး ဆရာသခင်ချန်းက ငါးဖမ်းတုတ်တံက ပညာရှင်အဆင့်နော်။ ပစ္စည်းနဲ့ ပုံစံက တကယ်ကို တော်တော်ကို လန်းတယ်”

အချို့သော ပြည်သူများက အမြင်စူးရှသည့်အလျောက် ချန်းရန်၏လက်ထဲမှ ငါးဖမ်းတုတ်တံက သာမာန်မဟုတ်ကြောင်း သိလိုက်သည်။

“မင်းတို့ ဒါကို နားမလည်ပါဘူး။ ဒါက လူ ယဲ့(ရဲ့) တုတ်တံတဲ့ ဒီတစ်ချောင်းကို ပြည်ပမှာ ယွမ်တစ်သောင်းပေးပြီးဝယ်ရတာ။ ယေဘုယအားဖြင့် စီနီယာတန်း ကစားသမားတွေကပဲ ဝယ်တာလေ”

“ဟုတ်တယ် ဟုတ်တယ် ဆရာသခင်ချန်းရဲ့ ငါးဖမ်းတုတ်တံက ဈေးမပေါဘူး။ နောက်ပြီး အဆင့်မြင့် ထုတ်ကုန် အမျိုးအစားပဲ”

“ငါးကို ဖမ်းမိတာ မဖမ်းမိတာက ဒီပစ္စည်းအပေါ်လည်း မူတည်နေသေးတယ်။ ဆရာသခင်ချန်းက အရင်က လေ့ကျင့်ဖူးတယ်ထင်တယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။ အချို့သော ငါးဖမ်းဆရာသခင်များကလည်း တစ်ချက် ကြည့်လိုက်ရုံဖြင့် ငါးဖမ်းတုတ်တံ၏ပုံမှန်မဟုတ်မှုကို တန်းမြင်လိုက်ပြီး ဆရာသခင်ချန်းက ငါးဖမ်းနေကြောင်း ဟုတ်မဟုတ် မေးကြသည်။

“ဟန်နီ ဟန်နီ ငါးတစ်ကောင် ဖမ်းမိဖို့ ဘယ်လောက် ကြာမှာလဲ”

မုရှောင်းနွမ်က အနားသို့ လာပြီးနောက် ချန်းရန်က ထို ချိတ်ကို ချထားသည်အား ကြည့်ရင်း ဘေးဘက်တွင် ထိုင်ကာ သိချင်စိတ် ပြင်းပြစွာမေးသည်။

“ကံကောင်းရင်တော့ စက္ကန့် အနည်းငယ်နဲ့ တစ်ကောင်ရလိမ့်မယ်။ ကံဆိုးရင်တော့ မိနစ်အနည်းငယ်လောက် စောင့်ရမှာ”

ချန်းရန်က အလွန်အေးဆေးပေါ့ပါးသည်။ သူသည် ရေကန်ဘေးနားတွင် ခုံသေးသေးလေးကိုပင် ချထားပြီး ထိုင်ကာ ငါးလာဟပ်မည့် အချိန်ကို စောင့်နေသည်။

“ဟားဟား ဆရာသခင်ချန်းက နောက်နေတာပဲ။ ဘယ်လိုကြောင့်များ ငါးကို ဒီလောက် မြန်မြန်နဲ့ ဖမ်းမိမှာလဲ”

“စက္ကန့်ပိုင်းအတွင်း ငါးလာဟပ်မယ် ဟုတ်လား ဆရာသခင်ချန်း ငါ့ကို မလိမ်နဲ့နော်။ ငါ တစ်ခါတစ်ရံမှာ ငါးမြှားတဲ့အချိန်မှာ တော်တော်လေးကို ကြာတယ် နောက်ပြီး ငါးစာကို လုံးဝကို မလွှတ်ဘူး”

“စက္ကန့်ပိုင်းအတွင်း ဟုတ်လား။ ဒါက လူစကားလား ရေကန်ထဲမှာ လှုပ်ရှားမှု မရှိတာကို မြင်သားပဲ ငါးတွေလည်း အများကြီး မရှိလောက်ဘူးဆိုတော့ အဲ့ဒီလောက် မမြန်နိုင်ဘူး”

ငါးဖမ်းခြင်းသည် စိတ်ရှည်သည်းခံရန် လိုအပ်သည်။ သို့သော် လူအများကြီးက စိတ်ရှည်ရှည်နှင့် တစ်နေ့လုံး စောင့်နေလျှင်ပင် ငါးတစ်ကောင် ဖမ်းမိချင်မှ ဖမ်းမိပေလိမ့်မည်။ စက္ကန့်အနည်းငယ်အတွင်းဆိုလျှင် မဖြစ်နိုင်ပေ။

ပွက်

ထိုသို့သော ကွန်မန့်များက ပြည့်လာရုံသာ ရှိသေးသည်။ ငါးမြှားတံက အောက်ဖက်သို့ နိမ့်ကျသွားသည်။ ချန်းရန်က ရုတ်တရပ် ထရပ်သည်။

“ဟပ်လိုက်ပြီ”

“ဖာ့ခ် မြန်လိုက်တာ ချက်ချင်းပဲ”

“ဘုရားရေ ဆယ်စက္ကန့်လောက်ပဲ ကြာအုံးမယ်ထင်တယ်။ ဆရာသခင်ချန်းက ဒီအတိုင်းထိုင်ပြီး ဖင်တောင် မပူသေးဘူးလေ”

“လွန်ကဲလိုက်တာ လွန်ကဲလိုက်တာ ဒီနေရာမှာ ငါးတွေ တအားများနေလို့များလား”

ပြည်သူများကလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ သူတို့က ပြော၍ ဆုံးရုံသာ ရှိသေးသည်။ မျက်နှာက ဖြတ်ရိုက်ခံရသည်။

“ဒီငါးက သိပ်မကြီးလောက်ဘူး ငါးပေါင် ခြောက်ပေါင်လောက်ပဲ ဖြစ်မယ်”

ချန်းရန်က ငါးမြှားတံကို စမ်းကြည့်သည်။ လေးနေသေးသော်လည်း သူ၏ ဆရာသခင်အဆင့် ငါးဖမ်းစွမ်းရည်ကြောင့် မခက်ခဲပါပေ။ သူသည်လည်း ထိုငါးအား စက္ကန့်အနည်းငယ်အတွင်း ရေထဲမှ ဆွဲထုတ်လိုက်သည်။

25 03

“ဘုရားရေ မန်ဒရင်းငါးပဲ ဝတုတ်နေတဲ့ မန်ဒရင်းငါးနော်”

“သေစမ်း ငါးမြှားတံက အရမ်းအင်အားကြီးလိုက်တာ။ ဒီမန်ဒရင်းငါးက အနည်းဆုံး ငါးကီလိုဂရမ်ပဲ”

“ဒါကို သေးတယ်လို့ ပြောတယ် ဟုတ်လား။ ဆရာသခင်ချန်း လာနောက်နေတာလား”

ပြည်သူများကလည်း ထိုငါးကို မြင်ပြီး အံ့ဩသွားကြသည်။ ဒါဟာ အစစ်အမှန်ကို ကြီးမားလွန်းသော မန်ဒရင်းငါးကြီး ဖြစ်သည်။ ကြီးမားလွန်းသည့်အပြင် သူသည် တက်ကြွကာ သန်မာနေသေးသည်။ သို့သော် ဆရာသခင်ချန်ကမူ ရေထဲမှ အလွယ်တကူ ဆွဲထုတ်လိုက်သည်။

“မဆိုးပါဘူး။ ဒါပေမဲ့ ဒီနေ့ရဲ့ပန်းတိုင်က ဒါမဟုတ်ဘူး။ ဒီထက်ပိုကြီးတဲ့တစ်ခုကို စိန်ခေါ်ရအောင်”

ချန်းရန်က အနားသို့ ကပ်သွားပြီး ပိုက်ကွန်အိတ်ကို စပြောင်းသည်။ ထို့နောက် ပြန်ပစ်ထည့်သည်။

“ဒါက မကြီးသေးဘူးလား ဆရာသခင်ချန်း မင်းကို အသိစိတ်ရှိဖို့ အကြံပေးချင်တယ်”

“ဒီလောက် ကြီးတဲ့ မန်ဒရင်းငါးကို ပိုက်ဆံအများကြီးနဲ့ ရောင်းချနိုင်မှာ နောက်ပြီး တစ်နပ်တည်းနဲ့တောင် မကုန်လောက်ဘူး”

“အရမ်းချဉ်တာပဲ ခဏလေးပဲရှိသေးတယ် သူက ဒီလောက် အကြီးကြီးမိသွားပြီ”

ပြည်သူများသည်လည်း ချန်းရန်၏ အပြုအမူကို မကျေမနပ် ဖြစ်သွားကြသည်။

“သူက ဆယ်စက္ကန့်တည်းနဲ့ တစ်ကောင်မိတာ နောက်ပြီး ဒီလောက် ကြီးတဲ့ တစ်ကောင်ကို ဒါတောင်မှ မကျေနပ်သေးဘူးဟုတ်လား”

“ဝိုး ဒီတစ်နေ့ရဲ့ ပထမ ငါးပဲ”

မုရှောင်းနွမ်ကလည်း ခပ်မြန်မြန် zoom ချဲ့ပြီးစိတ်လှုပ်ရှားစွာ ပြောသည်။

“ယောက်ျား ယောက်ျား ဒီငါးက အတော်ကြီးနေပါပြီ။ ငါတို့ အသိစိတ်သင့်တယ်လို့ အားလုံးက ပြောနေကြတယ်”

မုရှောင်းနွမ်ကလည်း ထိုမျှကြီးသော ငါးကို မမြင်ဖူးပါပေ။

“နေအုံး နောက်တစ်ကောင်လာပြီ”

ချန်းရန်က ချိတ်ကို ပစ်ချရုံသာ ရှိသေးသည်။ သူ၏ လက်က လေးလံသွားကြောင်း ခံစားရပြန်သည်။ ဒီတစ်ကြိမ်တွင် ယခင်တစ်ကောင်ထက် ပိုကြီးသည်။

“ဖာ့ခ် လာပြန်ပြီး ပိုကြီးတဲ့တစ်ကောင်ပဲ”

ချန်းရန်က လက်မောင်းနှစ်ဖက်လုံးဖြင့် အားကို စိုက်ထုတ်ထားသည်။ သို့သော် လက်ကပင် အောက်သို့ လျှော့ကျသွား၏။ သူ့တွင် အထူးစွမ်းရည်သာ မရှိလျှင် သူကပင် ရေထဲသို့ ဆွဲချခံရနိုင်သည်။

“ဖာ့ခ် ငါးအကြီးကြီးပဲ ကြည့်အုံး ဆရာသခင်ချန်းကိုတောင် ဆွဲသွားပြီ”

“ဘုရားရေ ဒီကောင်က အနည်းဆုံး သုံးဆယ် ကီလိုဂရမ်ပဲ”

“ဒီထက်တောင် ပိုလောက်သေးတယ်။ အဲဒီထက် ပိုကြီးမှာ သေချာတယ် ငါးမြှားတံတောင်မှာ ကျွံကျသွားပြီလေ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ပွက်လောရိုက်ကုန်သည်။ ဒီတစ်ကြိမ်တွင် အင်အားကြီးသော ဆရာကြီးတစ်ယောက်ပင် ရောက်လာကာ လူအများကို ဆွဲချရန် ကြိုးစားသည်။

“ဒီလို အခြေအနေမျိုးမှာ ကြမ်းတမ်းတဲ့အင်အားနဲ့ တိုက်ခိုက်လို့ မရဘူး။ မဟုတ်ရင် သင်ခန်းစာ ယူနေရလိမ့်မယ်”

ငါးဖမ်းဆရာသခင် တစ်ယောက်အနေနှင့် ချန်းရန်ကလည်း လှည့်ကွက်များကို ကောင်းကောင်းသိသည်။

“အင်အားကို သိမ်းထားပြီး နောက်မှပဲ ကိုင်တွယ်ရမယ်”

ထိုသို့ပြောနေရင်းဖြင့် ချန်းရန်က တဖြည်းဖြည်းချင်းသာ ပြန်ဆွဲသည်။

25 04

“လုံလောက်တဲ့အင်အားသာရှိနေရင် နည်းနည်း ပြန်ဆွဲလို့ရတယ် ရှေ့ပြန်နောက်ပြန်ပေါ့”

“ဒါပေမဲ့ သူက အင်အားအများကြီး ထပ်ထည့်လာပြန်ပြီ အခု ထိန်းထားရတော့မယ်”

ချန်းရန်က ငါးမြှားတံကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် ထိန်းသည်။ သူ့ကို ထိုငါးက နည်းနည်းချင်းစီ ဆွဲသွားပြီး အရှေ့ဘက်သို့ ရွေ့သွားသည်။

“ဘုရားရေ ဒီငါးက တော်တော်လေးကို အန္တရာယ်များမဲ့ပုံပဲနော် ငါးက မသေးလောက်ဘူး”

“သေစမ်း ငါသာဆိုရင် ဆွဲချခံရပြီးလောက်ပြီ ဆရာသခင်ချန်းက တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တာပဲ”

“ဆရာသခင်ချန်း ကြိုးစားထား ငါတို့ ယုံတယ် မင်းကို”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ချန်းရန်ကို စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ထိုငါးက တော်တော်လေး ကြမ်းသည်။ မည်သည့် ပုံသဏ္ဍာန်ရှိကြောင်း မသိနိုင်သေးပေ။

နာရီဝက်ခန့်အထိပင် ကြာသွားသည်။

“ရတော့မယ် ရတော့မယ် အပေါ်တက်လာတော့မယ်”

ချန်းရန်က ငါးမြှားတံကို တည်ငြိမ်အောင်ထိန်းသည်။

“ဒါပေမဲ့ ငါတို့ ဒီအချိန်မှာ ပေါ့လျော့လို့ မဖြစ်သေးဘူး။ သူက ရေပေါ်ရောက်လာတာနဲ့ ပိုပြင်းတဲ့ အားကို ထုတ်သုံးလိမ့်မယ်”

သေချာစွာပင် ထိုအကောင်ကြီးက ရေပေါ်သို့ မြောက်တက်လာသည်နှင့် ရုတ်တရပ် ကြမ်းတမ်းစွာ ရုန်းကန်သည်။ ရေကိုပင် ဖြောင်းကနဲ ဖြတ်ရိုက်လိုက်ကာ မရေမတွက်နိုင်သော ရေစက်များစွာကို မီးများကဲ့သို့ ပေါက်ထွက်သွားစေသည်။

“ရိုးသားစမ်းပါ”

ချန်းရန်ကလည်း ရက်စက်သည်။ သူသည် အံကို ကြိတ်လိုက်ပြီး တုတ်ကို တင်းတင်းကြပ်ကြပ် ကိုင်သည်။ သူက စိတ်မလွတ်သွားချေ။ ငါးမြှားတံကိုသာ တည်ငြိမ်စွာ ကိုင်နေပြီး ထိုအကောင်ကို မလွတ်သွားအောင် ထိန်းထားသည်။

“အခု ဗိုက်လှန်သွားပြီ ဆိုတော့ မရုန်းနိုင်တော့ဘူး ဆွဲတင်လို့ရပြီ”

ချန်းရန်ကလည်း ထိုအကောင်ကို ဂရုတစိုက် ဆွဲတင်လိုက်ပြီးနောက် ငါးဖမ်းပိုက်ဖြင့် ဆယ်ထုတ်သည်။

“ဖာ့ခ် ဖာ့ခ် ဖာ့ခ် ငါးအကြီးကြီးပဲ”

“ဒါက မြစ်ငါးကြင်းလား တစ်ရာကီလိုဂရမ် ကျော်လောက်တယ်ထင်တယ်”

“တော်တော်လေးကို ကြောက်စရာကောင်းတာပဲ အရမ်းအကြီးကြီးပဲ”

မျှော်လင့်ထားသည့်အတိုင်းပင် ထိုငါးက ရှစ်ဆယ်မှ ကိုးဆယ် ကီလိုဂရမ်နီးပါး ရှိလောက်သည်။ ချန်းရန်က နောက်ဆုံးတွင် ကမ်းစပ်သို့ ဆွဲတင်နိုင်သွားသည်။

ငါးက အတော်လေး ကြီးသည်။

“မြစ်ငါးကြင်းပဲ ကြေးခွံတွေက ငါ့လက်မက လက်သည်းခွံထက်တောင် ကြီးသေးတယ် ဝိုး”

“ဆရာသခင်ချန်းကလည်း အရမ်းအင်အားကြီးတာပဲ သူက ပိုကြီးတဲ့ငါးကို ဖမ်းချင်တယ်လို့ ပြောပြီကာစပဲ ရှိသေးတယ် ပိုကြီးတဲ့ ငါးကို ရလာတယ် နောက်ပြီး တစ်ရာကီလိုဂရမ် နီးပါးပဲ”

“[ကျန်းနန် စားသောက်ဆိုင်] : ဆရာသခင်ချန်း ငါတို့ ကိစ္စတစ်ခု ဆွေးနွေးလို့ရမလား။ ဒီငါးကို ငါတို့ ဆိုင်ကို ရောင်းပါလား။ ဈေးကို ညှိလို့ ရပါတယ်”

ဖမ်းမိသွားသည်နှင့် အချို့သော ပြည်သူများက ဝယ်ချင်ကြသည်။ ထိုမျှကြီးမားသော ငါးကြင်းကြီးကိုလည်း ချန်းရန်နှင့် မုရှောင်းနွမ်တို့က ကုန်အောင် စားနိုင်လိမ့်မည် မဟုတ်ပေ။

“ခဏနေမှ ရှောင်းနွမ်ကို ဆက်သွယ်လိုက်လေ”

ချန်းရန်က ပြုံးသည်။ သူတို့နှစ်ယောက်ကလည်း ထိုမျှကြီးမားသော ငါးကြီးကို ကုန်အောင် စားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် စားသောက်ဆိုင်ကို ရောင်းသင့်သည်။

25 05

“ဝိုး တကယ်ကြီးတာပဲ”

မုရှောင်းနွမ်၏မျက်လုံးကပင် ပြူးသွားသည်။ ထိုမျှကြီးမားသော မြစ်ငါးကြင်းကြီးကို မြင်လိုက်ရခြင်းက သူမ၏ နားလည်နိုင်စွမ်းအားကို ကျော်လွန်သွားစေသည်။

“ယောက်ျား ယောက်ျား ငါးစာနည်းနည်းလောက် ထည့်လိုက်ပါ ငါတို့ ဒီထက်ပိုကြီးတဲ့ ငါးများရမလားလို့”

မုရှောင်းနွမ်က စိတ်လှုပ်ရှားနေသည်။ သူမသည်လည်း ပိုပို၍ပင် စိတ်လှုပ်ရှားလာသည်။ ထို့ကြောင့် သူမကိုယ်တိုင်က ငါးဖမ်းနိုင်ခြင်း ရှိမရှိ ကြည့်လိုသည်။

“မိန်းမတွေများ.. လူတွေက အသိစိတ်ရှိသင့်တယ်လို့ ပြောထားတာ ဘယ်သူလဲ ဒါလား”

“ကျွတ် ရှောင်းနွမ် နင်က မကျေနပ်လွယ်ဘူးပဲ ဟမ် ဆရာသခင်ချန်းကိုပဲ လုပ်ခိုင်းလိုက်စမ်းပါ”

“ကြည့်ရတာ ငါးဖမ်းတာက လူတွေကို စွဲလမ်းစေတယ်ထင်တယ်။ တင်ဆက်သူက ပထမဦးဆုံး အကြိမ် လဲကျသွားပြီ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက သက်ပြင်းချကြသည်။ ငါးဖမ်းခြင်းသည် လူကို စွဲလမ်းစေသည်။ အချို့သော သူများကဆိုလျှင် တစ်နေ့လုံး နီးပါးစောင့်သည်။ သို့သော် ငါးမရကြချေ။ အိမ်သို့ ရောက်သွားသည်နှင့် သူတို့၏ ဇနီးများက ငါးမြှားသည့်အတွက် သူတို့ကို မည်မျှအထိ ဆူပူကြောင်း မသိနိုင်ပေ။

“ယောက်ျားယောက်ျား ငါ စမ်းကြည့်မယ်”

မုရှောင်းနွမ်က ရုတ်တရပ် ငါးမြှားချင်ကြောင်း ပြောသည်။

“ဒီနေရာက ရေက နက်တယ်နော်။ မင်းမထိန်းနိုင်ဘူး”

ချန်းရန်က ဖျောင်းဖျသည်။

“ငါလုပ်မယ် ခေါင်းမမာနဲ့”

“ငါတော့ မယုံပါဘူး”

မရှောင်းနွမ်က ချွဲသည်။

“တကယ်လို့ အလုပ်မဖြစ်ရင်လည်း ယောက်ျားရှိတာပဲ မဟုတ်ဘူးလား”

“အင်းအင်း မင်း စမ်းကြည့်ရင်လည်း လုပ်လေ”

ချန်းရန်က ငါးမြှားတံကို မုရှောင်းနွမ်ထံသို့ ပေးသည်။ သို့သော် သူ၏ နှလုံးသားက တစ်ချက် ခုန်လှုပ်သွားသည်။

သူလည်း တစ်ခုခုမှားနေသလို ခံစားရတယ်။

“ဟီးဟီး ငါလည်း ငါးဖမ်းချင်တာပေါ့”

မုရှောင်းနွမ်က ချန်းရန်ကို တုပပြီးနောက်ငါး မြှားတံကို ကိုင်ကာ ရေကန်နားတွင် စောင့်ကြပ်နေသည်။ ပြောရမည်ဆိုလျှင် သူမ၏မျက်လုံးက ဟိုရောက်ဒီရောက် ရောက်နေသည်။

သိသိသာသာကိုပဲ ချန်းရန်ကို ကြည့်နေသည်။သူမ၏နှလုံးသားက ထိုနေရာတွင် မရှိပါပေ။

“ခဏနေရင် ငါးက ငါးစာကို လာဟပ်တာနဲ့ ငါမဆွဲနိုင်ဘူးလို့ ပြောလိုက်မယ် ဒါဆိုရင် ချန်းကောကောက လာပြီး ကူညီမှာပဲ”

“ငါက ငါးမြှားတံကို ကိုင်မယ် သူက ငါ့လက်ကို ကိုင် ဟီးဟီး”

မုရှောင်းနွမ်က ထိုသို့တွေးနေရင်းမှ သူ၏ အတွေးများက ပို၍ပင် လှပလာသည်။ ဒါဟာ သူမ တစ်ညလုံး တွေးထားသော အကြံကောင်းဖြစ်သည်။ ကံဆိုးစွာပင် အချိန်တန်ကြာအောင် စောင့်ပြီးသည့်တိုင်အောင် မည်သည့် လှုပ်ရှားမှုမှ တက်မလာပေ။

“ဟားဟား တော်တော်လေး ကြာပြီ ဘာလှုပ်ရှားမှုမှ မရှိဘူး ရူးတော့မှာများလား”

“ဆယ်မိနစ်တောင် ကြာသွားပြီထင်တယ်။ တစ်ကောင်မှကို လာမဟပ်ဘူး ကြောင်တောင်တာင်များ ဖြစ်နေလောက်မလား”

“ရှောင်းနွမ် မင်းယောက်ျားကိုပဲ လွဲထားစမ်းပါ။ မင်းရဲ့ လာဘ်က မကောင်းပါဘူး”

25 06

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများကလည်း ဆယ်မိနစ်နီးပါးခန့် စောင့်ပြီး တစ်ကောင်မှ မရသောအခါ စိတ်မရှည်ဖြစ်လာသည်။

“ဆရာသခင်ချန်းက တစ်မိနစ်တောင်မကြာဘဲ နှစ်ကောင်တောင် ရတာ မင်းက ဘာလုပ်တာလဲ”

“ဘာလို့ မလာသေးတာလဲ”

မုရှောင်းနွမ်က ပိုပို၍ပင် ဝမ်းနည်းလာသည်။

“ငါးက ငါ့ကို အံတုနေတာလား”

သိသိသာသာကိုပဲ ချန်းကောက တစ်မိနစ်မကြာခင်မှာတောင် ငါးရတာ ဘယ်လိုဖြစ်ပြီး ငါကျတော့မှ ဒီလောက်ထိ အကြာကြီး စောင့်နေရတာလဲ။

“ယောက်ျား ဘယ်လို လုပ်မလဲ”

မုရှောင်းနွမ်က မျက်နှာလေးကို မဲ့ကာ ချန်းရန်ကို အကူအညီတောင်းသည်။

“အင်း တော်တော်လေးတော့ ထူးဆန်းတယ်”

ချန်းရန်ကလည်း အတော်လေး ထူးဆန်းသည်ဟု ခံစားရသည်။ သူသည် မနေ့ညက ဒီနေရာတွင် အသန့်လုပ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဒီလောက် အကြာကြီး စောင့်စရာ အကြောင်းမရှိပေ။

“ဟင် ကြည့်လိုက်အုံး အဲ့တာ ဘာလဲ”

ရုတ်တရပ် ချန်းရန်က မျက်လုံးကို အာရုံ စူးစိုက်လိုက်သောအခါ ရေပေါ်တွင် လက်တစ်ဝါး အရွယ်အစားခန့်ရှိသော အဝါရောင် အမွှေးလုံးလေးက မြောနေကြောင်း မြင်ရသည်။

မည်သည့်နေရာကို ဖြတ်သွားဖြတ်သွားချန်းရန် ဆွဲထားသမျှ ငါးစာများ အားလုံးကို စားပစ်လိုက်သည်။

“မန်ထုံပဲ အား သောက်ကျိုးနည်း မန်ထုံ နင်က ငါ့ကို ပြဿနာ ရှာတာပေါ့လေ”

မုရှောင်းနွမ်က ပေါက်ကွဲတော့မည်ဖြစ်သည်။ လက်စသတ်တော့ ဒီအကောင်က လုပ်စရာ မရှိလို့ ရေကန်ထဲမှာ ရေကူးနေတဲ့အပြင် ငါးစာတွေကိုတောင် လာစားပြီး ရေကို နောက်အောင် လုပ်နေတာပဲ။

“သွားသွားသွား”

မုရှောင်းနွမ်က ဒေါသထွက်သွားသည်။ ထိုအကောင်က သူမကို ငါးမမြှားနိုင်‌အောင် တားရုံသာ မကသေးလေဘဲ ချန်းကောကောနှင့် မတွဲနိုင်အောင်ပင် တားနေသည်။

“လုံးဝ ခွင့်လွှတ်လို့ မရဘူး”

မုရှောင်းနွမ်က ကျောက်တုံးတစ်တုံးကို အလေးချိန် ချိန်ကြည့်ပြီး ကောက်ပစ်သည်။ ထိုကောင်လေးကလည်း ဆော့ချင်နေပုံရသည်။ ကျောက်တုံးကို မြင်သည်နှင့် ချက်ချင်းဆိုသလို ခေါင်းကို မြုတ်ပစ်လိုက်သည်။

ပလုံ

ကျောက်တုံးက ဘာမှ မထိလိုက်ပေ။

ဂလူး ဂလူး ဂလူး

ထို့နောက် တစ်ခဏတွင် မန်ထုံက ရေကန်ထဲမှ ခေါင်းထွက်လာပြီး ခွေးခေါင်းကို ဖော်ပြကာ ပူစီပေါင်းများကို မှုတ်ထုတ်သည်။ ထို့နောက် သူ၏ ခြေထောက်ကြားထဲသို့ အမြှီးကို ညှပ်ရင်း ကမ်းစပ်နားသို့ စိတ်လှုပ်ရှားသော ပုံစံမျိုးဖြင့် ပြန်ကူးလာသည်။

“ငါ အရမ်းဒေါသထွက်နေတာနော်”

မုရှောင်းနွမ်က အမောတကော အသက်ရှူနေသည်။ ထိုအချိန်တွင် လက်ထဲမှ ငါးမြှားတံ ကလှုပ်လာသည်။

“အာ အာ ငါးစာဟပ်ပြီ”

မုရှောင်းနွမ်က စိတ်လှုပ်ရှားစွာ အော်သည်။ သူမ၏ လက်ကလည်း အောက်ဖက်သို့ လေးလံသွားသည်။ ကြည့်ရသည်မှာ အကောင်ကြီး ဖြစ်လောက်သည်။

25 07

“ယောက်ျား ယောက်ျား မြန်မြန် လာပြီး ကူညီပါအုံး ငါမနိုင်ဘူး”

မုရှောင်းနွမ်က ကြောက်လန့်သလို အော်သည်။ အားနည်းချင်ဟန်ဆောင်ပြီး လက်မောင်းကို အောက်ဖက်သို့ အဆွဲခံလိုက်သည်။

“ဒီကောင်မလေးကတော့”

ချန်းရန်ကလည်း ထိုအခြေအနေကို မြင်သည်။ ငါးဖမ်းပညာရှင် တစ်ယောက်အနေဖြင့် သူမ၏ လှည့်ကွက်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ သူမက မဆွဲနိုင်ခြင်း မဟုတ်ဘဲ တမင်တကာ အင်အားမရှိချင်ဟန် ဆောင်နေခြင်း ဖြစ်သည်။

“လာပြီ လာပြီ ခဏထိန်းထားအုံး”

ချန်းရန်က ပြောလိုက်သည်။သို့သော် မထောက်ပြလိုက်ပါပေ။ ထိုကောင်မလေးက မည်သည့်အရာကို ကြံစည်နေမှန်း မသိသေးသော်လည်း သူသည်လည်း သူမနှင့် အတူ လိုက်ပါကစားခြင်းအားဖြင့် သူမကို ကူပေးလိုစိတ်ရှိသည်။

“ယောက်ျား ကြိုးကို မဆွဲနဲ့ ငါက ငါးဖမ်းနည်းသင်ချင်တာလေ ဆိုတော့ တစ်ဆင့်ချင်းစီ သင်ပေး”

မုရှောင်းနွမ်ကလည်းချန်းရန်က အပြေးလာကြောင်း မြင်လိုက်သည်နှင့် သူမ၏ လှပသော မျက်လုံးက တဖြတ်ဖြတ် လက်သွားသည်။ သို့သော် လေးနက်တည်ကြည်မှု အပြည့် ရှိနေသေးသည်။

သူမ အစပိုင်းတွင် ထုတ်ပြထားသော ဟာကွက်ကြောင့်သာ မဟုတ်လျှင် ချန်းရန်ကပင် သူမ၏ အရူးလုပ်မှုကို ခံရနိုင်သည်။

“ကောင်းပြီလေ”

ချန်းရန်ကလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမ၏ ဖြူဖွေးကာ နုနယ်သော လက်သေးသေးလေးများကို ကြည့်ရုံဖြင့်ပင် သူမ၏ လက်ကို လှမ်းဆွဲသော သူ၏ လက်က ဝံပုလွေ ဆိုးကြီးကဲ့သို့ ခံစားရသည်။

ဟီးဟီး

မုရှောင်းနွမ်က ခိုးပြီးပျော်နေသည်။ သူမက အသင့်ပြင်…

ပလုံ

ရုတ်တရပ် ရေကန်မျက်နှာပြင်ပေါ် တစ်ချက်လိမ်ထွက်သွားပြီး ကြီးမားသော ငါးအမြှီးကြီးက ပေါ်ထွက်လာကာ ရေကန် မျက်နှာပြင်ကို ခပ်ကြမ်းကြမ်း ရိုက်သည်။ ထို့နောက် ပြန်မြုပ်သွားသည်။

“အိုး မကောင်းတော့ဘူး အကောင်ကြီးပဲ”

ချန်းရန်က အံ့ဩသွားသည်။ ထိုငါးဖမ်းတံက မသေးပေ။ သို့သော် ထိုအကောင်ကြီးကြီးကမူ အစပိုင်းတွင် အင်အားအများကြီး မထုတ်ထားပေ။ ယခုမူ သတိလက်လွှတ်ဖြစ်သွားသည့် အချိန်မှာ ဒေါသထွက်နေသည့် နဂါးတစ်ကောင်က မြစ်ကို လှန်သကဲ့သို့ အင်အားကို သုံးလိုက်သည်။ တစ်စုံတစ်ရာကတော့ ဖြစ်တော့ပေမည်။

“အိုး”

မုရှောင်းနွမ်ကလည်း ရုတ်တရပ် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။ သူမ၏လက်က ရုတ်တရပ် လှုပ်ခါသွား၏။ ထို့နောက် ပြင်းထန်သောအားက ဝင်ရောက်လာပြီး သူမကို ဆွဲချသည်။

ပလုံ…(စာစစ်-ပျော်လိုက်တာဟယ်…..ဝါး ဟား ဟား ဟား …)

******

All Chapters