အခန်း ၂၆
Vol. 3 Ch. 26
26 01
အပိုင်း (၂၆) ရေချိုးခန်း အပြင်ဘက်မှာ…ဒီတစ်ခေါက် ငါမင်းကို ပြန်ပြီး စောင့်ကြပ်ပေးမယ်
“ကယ်ကြပါ ကယ်ကြပါ ဖလူး ဖလူး”
မုရှောင်းနွမ်က ရေမကူးတတ်ချေ။ သူမက ရေထဲသို့ ဆွဲချခံရသည်နှင့် စိတ်ပျက်အားငယ်စွာ ရုန်းကန်တော့သည်။ ရေကလည်း လူတစ်ရပ်ကျော် မြုပ်သည်။ ထို့အပြင် ကြောက်စရာကောင်းသော ကန်ရေက သူမ၏ ပါးစပ်ထဲသို့ ဝင်ရောက်လာကာ လည်ချောင်းထဲသို့ စီးဝင်သည်။
အူး ဝူး
ကမ်းစပ်နားမှ မန်ထုံကလည်း စိုးရိမ်တကြီး ဟောင်နေသည်။ ထိုအကောင်လေးသည် မွေးစားခံရပြီးနောက်တွင် တော်တော်လေးကို အသိစိတ်ရှိလာသည်။ သို့သော် သူသည် ဟောင်ရုံသာ ဟောင်နိုင်သည်။
ပလုံ
တုံ့ဆိုင်းနေရန် မလိုအပ်ပေ။ ချန်းရန်ကလည်း ရှပ်အင်္ကျီကိုပင် အချွတ်တော့ပေ။ မုရှောင်းနွမ်က ပြုတ်ကျသွားကြောင်း မြင်သောအခါ သူသည်လည်း ချက်ချင်း ခုန်ဆင်းသည်။
“ရှောင်းနွမ် ထတော့ ထတော့”
ချန်းရန်က မုရှောင်းနွမ်ကို ကယ်ထုတ်လာသောအခါ ထိုကောင်မလေးက သတိလစ်သွားကြော င်းသိလိုက်ရသည်။
အမြန်ဆုံး နိုးမှ ဖြစ်မယ်။
ချန်းရန်သည် ထိုကောင်မလေး ရေမကူးတတ်မှန်း သိသည်။ သူမက ရေကန်ထဲတွင် အကြာကြီး မနေထားသော်လည်း အစပိုင်းတွင် အကြောက်လွန်ပြီး ကန်ရေ အများကြီးကို မြိုချမိသွားကာ တော်တော်လေးကို အန္တရာယ်များနေသည်။ ပထမဦးဆုံးနေဖြင့် သူမကို စောင်ပေါ်တွင် ဒီအတိုင်း ပက်လက်လှန်ကာ ခင်းလိုက်သည်။ မည်သို့ပင်ဆိုစေ ထိုစောင်က အလျှင်းသင့်လာလေပြီ။
“အာ”
ချန်းရန်က သူမကို ပက်လက်လှန်လိုက်ပြီးသည်နှင့် ရင်ဘတ်ကို ဖိလိုက်ကာ လည်ချောင်းထဲမှ ရေများ ထွက်လာအောင် လုပ်သည်။
“မနိုးသေးဘူးလား”
ရင်ဘတ်ကို ဖိပြီးနောက်တွင်လည်း ထိုကောင်မလေးက နိုးထလာမည့် လက္ခဏာ မပြသေးကြောင်း မြင်လိုက်သည်။ အသိပြန်မဝင်သေးခြင်း ဖြစ်သည်။
“ငါ့ရဲ့အပ် ဘယ်ရောက်သွားလဲ”
ချန်းရန်ကလည်း မုရှောင်းနွမ်ကို အပ်စိုက်ခြင်းအားဖြင့် အသက်ရှူရ သက်သာအောင် လုပ်လိုသည်။ သို့သော် သူတွေ့လိုက်ရသည်မှာ..
“ဖာ့ခ် မန်ထုံ ဘာလုပ်တာလဲ”
ချန်းရန်က ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ၏အပ်ဘူးကို စောင်နံဘေးနားတွင် ချထားခဲ့ရာမှ မန်ထုံက ယူသွားကာ ဆော့နေကြောင်း မြင်လိုက်ရသည်။
“သောက်ကျိုးနည်း မန်ထုံ ပြန်လာခဲ့”
ရလဒ်အနေဖြင့် ချန်းရန်က မည်သို့ပင်ခေါ်ခေါ် ထိုအကောင်က သူ၏အသံကို နားမထောင်ပဲ ဖင်ကို ခါကာ ပျောက်သွားပြီ ဖြစ်သည်။
“မဖြစ်နိုင်တာ”
ချန်းရန်က အလွန်စိုးရိမ်စိတ် များသွားသည်။ သူသည်လည်း မန်ထုံအနောက်သို့ လိုက်ချိန်မရှိပေ။ မုရှောင်းနွမ်က မစောင့်နိုင်တော့ချေ။ သူသည် နေရာတွင်ပင် ဖြေရှင်းရတော့ပေမည်။
“အာ တောင်းပန်ပါတယ်”
ချန်းရန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မုရှောင်းနွမ်၏ နှုတ်ခမ်းထောင့်ကို လက်တစ်ဖက်ဖြင့် အသာဖိဆိတ်လိုက်ပြီးနောက် ချစ်စရာကောင်းသော နှုတ်ခမ်းလေးကို ဟလာစေသည်။ ချန်းရန်က အနားသို့ ငုံ့ကိုင်းသွားသည်။ သူမ၏ ပါးစပ်ကို ဖွင့်ရန်အလို့ငှာ လက်ညိုးကို အရင်ထိုးသွင်းလိုက်သည်။ တစ်ချက်ထိုးလိုက်ရုံဖြင့် သူမ၏ အသက်ရှူနှုန်းက ချောမွေ့သွားပေလိမ့်မည်။
ဝူး ဝူး ဝူး
မုရှောင်းနွမ်က ခပ်တိုးတိုးငြီးသည်။ နိုးထတော့မည့် လက္ခဏာဖြစ်သည်။
26 02
ထို့နောက် သူမက မသိလိုက်မသိဘာသာပင် ထိုလက်ညိုးကို လျှာဖြင့် လျှက်ပြီး စုတ်ယူသည်။
“ငါ”
ချန်းရန်က ရုတ်တရပ် တုန်ယင်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက အသေးစားလျှပ်စီးတစ်ခုက ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ လှပသော သာယာမှုမျိုးဖြင့် တုန်ယင်သွားလေသည်။
“ဟင်”
မုရှောင်းနွမ်၏ မျက်တောင်က နည်းနည်းတုန်ယင်သွားပြီးနောက်တွင် သူသည် မသက်မသာဖြစ်သလို နာကျင်သလို ခံစားရသည်။ ထိုနောက် ခပ်ကြမ်းကြမ်းကိုက်သည်။
ဟစ်
ချန်းရန်၏ တစ်ကိုယ်လုံးက တုန်သွားသည်။ အစောပိုင်းမှ အသေးစား လျှပ်စီးကြောင်းကို ဗို့လ်အားမြင်သော လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ရုတ်တရပ် ရောက်လာသော နာကျင်မှုက သူ့ကိုပင် အော်ဟစ်မိလုနီးပါးပင် ဖြစ်သွားစေသည်။
“ဟင်”
မုရှောင်းနွမ်ကလည်း နည်းနည်း ရွံရှာသွားပုံရကာ ပါးစပ်ကို ဟလိုက်သည်။ ထိုအချိန်တွင် ချန်းရန်က စိတ်အေးစွာဖြင့် လက်ကို ပြန်ဆွဲထုတ်လိုက်သည်။
လက်တွင် သွားကိုက်ရာ အတန်းလိုက်ပေါ်နေပြီး သွေးများပင် စီးကျလာသည်။
အကိုက်ခံလိုက်ရတာ။
“ယောက်ျား”
မုရှောင်းနွမ်က အသိပြန်ဝင်လာသည့်အချိန်တွင် ဘေးဘီကို ငေးငိုင်စွာ ကြည့်သည်။ သူက တစ်ချက် ကြည့်လိုက်ရုံဖြင့် ချန်းရန်ကို ချက်ချင်းတန်းမြင်လိုက်ကာ သူမ၏ မျက်လုံးထဲမှ မသက်မသာ ဖြစ်မှုများက ချက်ချင်း တိတ်ဆိတ်သွားသည်။
စီနီယာအစ်ကိုချန်းကသာ ငါ့ရဲ့ နံဘေးမှာ ရှိသမျှ ဟွန့် ဘာမှ မကြောက်ပါဘူး။
“မင်းနောက်ဆုံးတော့ နိုးလာပြီပေါ့”
ချန်းရန်က စိတ်အေးစွာ သက်ပြင်းချပြီး အသိပြန်ဝင်လာသည့် မုရှောင်းနွမ်ကို ကြည့်ကာ တအံ့တဩပြောသည်။
“ကောင်းတာပေါ့ မင်း အဆင်ပြေရင် တော်သေးတာပေါ့”
“ငါ ဒီအတိုင်း”
မုရှောင်းနွမ်က ရုတ်တရပ် ရေနစ်လိုက်သည့် ကိစ္စကို သတိရသွားကာ အမူအရာက ရှက်ရွံ့သွားပုံပေါ်သည်။သူမက သတိမမဲ့သွားခဲ့လျှင် ယခုလိုမျိုး ဆွဲချခံရစရာ အကြောင်းမရှိပေ။ ရလဒ်အနေဖြင့် သူမက စီနီယာအစ်ကိုချန်း၏ လက်ကိုလည်း မကိုင်ခဲ့ရပေ။
ရှုံးတာပဲ။
ထို့အပြင် သူမ၏တစ်ကိုယ်လုံးကလည်း ကြွေကျမတတ် ခံစားနေရသည်။ ဒူးခေါင်းကလည်း ထုံထိုင်းနေသည်။
“တစ်နေရာရာကများ မသက်မသာဖြစ်သေးလား”
ချန်းရန်က ခပ်မြန်မြန်ကြည့်ပြီးနောက် မေးလိုက်သည်။ သူသည်လည်း မုရှောင်းနွမ်၏ အခြေအနေကို နားလည်သလိုမျိုး ပြောသည်။
“ဘယ်နေရာ ထိသွားလို့လဲ”
ထိုသို့ပြောပြီးသည်နှင့် ချန်းရန်ကိုယ်တိုင်ကပင် ဖော်ပြရန် ခက်ခဲသလို ခံစားရသည်။ လောကတွင် ထိုကဲ့သို့သော လူများလည်း ရှိသေးသည်။
သူမက လက်မောင်းနှစ်ဖက်ကို ဆန့်ကာ ဖွင့်ပေးထားသောအခါ ပွေ့ဖက်ခံချင်၍မှန်း တန်းသိသည်။ ခေါင်းကို မော့လိုက်ချိန်တွင်လည်း ချစ်စိတ်ပြင်းပြသော အနမ်းကို လိုချင်၍မှန်း တန်းသိသည်။ မျက်မှောင်ကြုတ်ချိန်တွင်လည်း ညင်သာပြီး နူးညံ့ရမည် ဖြစ်ကြောင်း တန်းသိသည်။ ငြီးညူချိန်တွင်လည်း ပို၍ပင် နက်ရှိုင်းရန် လိုအပ်ကြောင်း တန်းသိသည်။ သူတို့သည် အတူရှိသည်မှာ အချိန်တခဏသာ ကြသေးသည်။ သို့သော် မုရှောင်းနွမ်က ရည်ရွယ်လိုသမျှကို စကား တစ်ခွန်းပင် ထုတ်ပြောရန် မလိုအပ်ဘဲ သူက တန်းသိနေသည်။
“အင်း”
မုရှောင်းနွမ်က ခေါင်းညိတ်ပြီး နည်းနည်းကြောင်နေပုံရသည်။
“ငါ ရေကန်ထဲ ပြုတ်ကျတုန်းက ဒူးခေါင်းနဲ့ ကျောက်တုံး ရိုက်မိသွားတယ်ထင်တယ် အဲ့ဒီနောက် ငါ အသိစိတ်လွတ်သွားတာပဲ အ..အဆင်ပြေပါ့မလား”
“အရိုးထိသွားတဲ့ ဒဏ်ရာ ထင်တယ်။ ငါ ခဏနေမှ မင်းကို အပ်စိုက်ကုပေးမယ် ကောင်းကောင်း နားလိုက်ပြီးရင် ကောင်းသွားမှာပါ”
ချန်းရန်က သူမကို နှစ်သိမ့်ပေးသည်။
“အရင်ဦးဆုံး ငါမင်းကို ပြန်ပို့ပေးမယ်။ မင်းရဲ့အဝတ်အစားတွေ အားလုံး ရေစိုနေတယ်”
ချန်းရန်က မုရှောင်းနွမ်ကို တိုက်ရိုက်ပင် ကောက်ပွေ့လိုက်သည်။
“စကားမစပ် စီနီယာအစ်ကိုချန်း ငါအခု နိုးလာတုန်းက တစ်ခုခုများ ကျွေးသေးလား”
မုရှောင်းနွမ်က နည်းနည်း စိတ်ရှုပ်နေပုံရသည်။
26 03
“အာ ရှည်လည်းရှည်တယ်လေ မုန်လာဥလို သခွားသီးလို အရသာမျိုး။ပဲ ဒါပေမဲ့ တစ်ခုမှ မဟုတ်ဘူးလို့လည်း ထင်တယ်”
“အဟမ်း”
ချန်းရန်က ချောင်းအသာဟန့်သည်။
“မင်းသတိလစ်နေတုန်း ထင်ယောင်ထင်မှားခံစားမိတာ ဖြစ်လိမ့်မယ်။ ဒီတော့ မသက်မသာ ဖြစ်တာ ပုံမှန်ပါပဲ”
“အာ”
မုရှောင်းနွမ်က သံသယအပြည့်ဖြင့် ခေါင်းညိတ်သည်။ သူမသည်လည်း ပြန်တွေးလိုသေးသည်။ သို့သော် ခေါင်းက မူးဝေနေပြီး ဘာကိုမှ မတွေးနိုင်တော့ပေ။ ထို့ကြောင့် မတွေးတော့ပေ။
သို့ရာတွင် ချန်းရန်ကမူ နာကျင်မှုကို ခက်ခက်ခဲခဲ တောင့်ခံနေရသည်။ သူ၏ လက်ညိုးက ရောင်ယမ်းပြီး သွေးများ ထွက်နေသေးသည်။ ထို့နောက် စံအိမ်သို့ ပြန်သည်။
“မင်း အရင်ဦးဆုံးရေချိုးသန့်စင်လိုက်အုံး ငါ ခဏနေမှ ဒူးခေါင်းကို လာကြည့်မယ်”
ချန်းရန်က မုရှောင်းနွမ်ကို ရေချိုးခန်းထဲသို့ ပို့ပြီးနောက် ရေအပူချိန်ကို ချိန်ညှိပေးကာ ပြောသည်။
ရလဒ်အနေဖြင့် ချန်းရန်က ထွက်သွားတော့မည့်အချိန်တွင် ထိုကောင်မလေးက သူ၏ လည်တိုင်ကို သိုင်းဖက်လာပြီး မလွှတ်ပေးတော့ပေ။
“ဘာဖြစ်လို့လဲ”
ချန်းရန်က ညင်သာစွာမေးသည်။ မည်သို့ပင်ဆိုစေ ချန်းရန်က ရေနစ်ပြီးကာစဖြစ်သည်။ ခံစားချက်များက မတည်ငြိမ်လောက်သေးပေ။
“ငါ ကြောက်တယ်”
မုရှောင်းနွမ်၏မျက်နှာက နည်းနည်းရဲနေသည်။ မူးနေသော ပန်းသီးလုံးလေးအလား ခပ်ရဲရဲလေးဖြစ်ပြီး ခပ်တိုးတိုးလေး ပြောသည်။
“ငါ..ငါ လှုပ်ရှားလို့ အဆင်မပြေဘူးထင်တယ်။ လဲကျသွားရင် ဘယ်လိုလုပ်မလဲ”
“ကောင်းပြီ ကောင်းပြီ ငါမင်းကို ရေချိုးခန်အပြင်ဘက်မှ စောင့်နေမယ်နော်”
ချန်းရန်က တစ်ခဏခန့် တွေးပြီးပြောသည်။
“ဒါ နင့်အတွက် ဒုက္ခများ အရမ်းများသွားမလား”
မုရှောင်းနွမ်က လှပသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်သည်။ သူမက ယဉ်ကျေးသော စကားလုံးများကို ပြောနေသည့် တိုင်အောင် ရှင်းလင်းစွာပင် သူမ၏မျက်ဝန်းတွင် ရှက်ရွံ့မှုနှင့် လျှို့ဝှက်သော ပျော်ရွှင်မှုများကို မြင်နိုင်သည်။ ထိုကောင်မလေးက မရိုးသားပေ။
“ဒါဆိုရင်လည်း ငါ အရင်ချိုးချင်တယ်လို့ ပြောရင်ရော”
ချန်းရန်က စနောက်လိုက်သည်။
“အာ..မရ”
မုရှောင်းနွမ်က ချန်းရန်၏ လည်ပင်းကို ပို၍ တင်းတင်းကြပ်ကြပ်ဖက်သည်။ ချန်းရန်က ထွက်ပြေးသွားမည်ကို ကြောက်နေသကဲ့သို့ မလွှတ်ပေးချင်တော့ပေ။
“ကောင်းပြီ ကောင်းပြီ မစိုးရိမ်နဲ့”
ချန်းရန်က သူမ၏ ကျောက်စိမ်းကဲ့သို့ ကျောပြင်ကိုညင်သာစွာ ပုတ်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် ငါ ခြေမျက်စိ ဒဏ်ရာရတုန်းက မင်းပဲ အပြင်မှာ စောင့်ပေးခဲ့တာလေ အခု ငါ့အလှည့်ပေါ့”
“နင်…နင် အားလုံးကို သိတယ်”
မုရှောင်းနွမ်က ထိုစကားကြားပြီး ရှက်သွားသည်။ ထို့နောက် ခေါင်းကို ရှက်ရွံ့စွာ ငုံ့သည်။ ချန်းရန်က သူမ၏အတွေးလေးများကို မသိလောက်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူက အားလုံးကို သိနေသည်။
ဒီလူဆိုးကောင်က သိသိသာသာကို သိနေရဲ့သားနဲ့ တမင်တကာကို လိုက်စပြီး မစောင့်ခိုင်းဘူးဆိုဘူး ပြောသေးတယ် ဟွန့်။
“ဒါဆိုရင် ငါ ရေချိုးခန်း တံခါးကို ပိတ်ပေးထားသင့်လား။ မင်းလှမ်းခေါ်တဲ့အခါ ငါ မကြားမှာ ကြောက်တယ်လေ”
ချန်းရန်က မထွက်သွားသေးခင် ရုတ်တရပ် ရပ်လိုက်ပြီး မျက်လုံးတစ်ဖက် မှိတ်ပြကာ ချန်းရန်ကို စသွားသေးသည်။
“ဟွန့် မုန်းလိုက်တာ”
မုရှောင်းနွမ်က မျက်နှာကို လက်ဖြင့် အုပ်ပြီး ရှက်သွားသည်။ သိသိသာသာကိုပဲ ဒါက အရင်တစ်ခေါက်က သူမ ပြောခဲ့တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား။
******