အခန်း ၂၇
Vol. 3 Ch. 27
27 01
အပိုင်း (၂၇) တိုက်ရိုက်ထုတ်လွှင့်မှု အစားထိုး…ကျော်ကြားတဲ့ လူကြီးမင်းချန်း
“ဟီးဟီး”
ချန်းရန်က ပြုံးပြီးနောက် ထွက်သွားသည်။ သူသည်လည်း ထိုကောင်မလေးကို ဆက်ပြီး မစတော့ဘဲ ရေချိုးခန်းတံခါးကို ပိတ်ပေးလိုက်သည်။
“အာ နာလိုက်တာ”
တံခါးကို ပိတ်ပြီးသည်နှင့် ချန်းရန်က ပင့်သက်ရှိုက်လိုက်ရသည်။ သူ၏ လက်ဖဝါးကပင် တုန်နေ၏။ ထိုကောင်မလေးက အတော်ကို ပါးစပ်ကြမ်းသည်ဟု ပြောရပေမည်။
ဘယ်လိုဖြစ်ပြီး ဒီအတိုင်း လျှောက်ကိုက်ရတာလဲ။
သူသည် အနာဂတ်တွင် ထိုကောင်မလေးကို ကြုံရာကျပန်း မမေးရဲလောက်ပေ။
ချန်းရန်က ဆေးသေတ္တာဘူးကို ခပ်မြန်မြန်သွားယူပြီးနောက် ရေချိုးခန်း အပြင်ဘက်တွင်သာ ဖင်ထိုင်ချလိုက်သည်။ သူသည်လည်း ဒဏ်ရာကို ကုသရင်း လက်ညိုးကို ပတ်တီးစည်းကာ မုရှောင်းနွမ်ကို ဆက်ပြီး စောင့်ပေးနေရသည်။
“ချန်းကောကော”
သိပ်မကြာခင်မှာတင် မုရှောင်းနွမ်၏ နူးညံ့ပြီး သာယာသောအသံက ရေချိုးခန်းထဲမှထွက်လာသည်။
“ငါ့ ရေချိုးဝတ်ရုံလေး ကူယူပေးပါအုံး”
“ခဏလေး”
ချန်းရန်ကလည်း သေတ္တာဗူးကို သိမ်းပြီးနောက် ရေချိုးဝတ်ရုံအသစ်ကို ယူလာပေးသည်။
“ကလစ်”
ရေချိုးခန်းတံခါးက အလိုလျောက်ပွင့်သွားသည်။ ထိုကောင်မလေးက ခေါင်းလေးကို ထုတ်လာပြီး တံခါးကို မှီကာ ကျော့ရှင်းစွာနှင့် လှည့်ပြောသည်။
“တန်တန် တန် လူကြီးမင်းချန်း ရေပူကို အဆင်သင့်ပြင်ဆင်ပေးထားပါတယ် ရေချိုးပြီးတာနဲ့ အဝတ်အစားလဲလို့ ရပါပြီ”
ထိုကောင်မလေးက ဘေးကို ဖယ်ပေးသည်။ ရေချိုးခန်းထဲမှ ရေချိုးကန်က ရေများပြည့်နှက်နေပြီးသားဖြစ်သည်။
ထိုမြင်ကွင်းက ရင်းနှီးသည် ချန်းရန်ကပင် နည်းနည်း မှင်သက်သွားသည်။
“နေပါအုံး မင်း”
ချန်းရန်၏ မျက်လုံးက ရုတ်တရပ် လှုပ်သွားသည်။ ကောင်မလေး၏ ဒူးခေါင်းက မသက်သာသေးပေ။ ယခုအခါ နီရဲပြီး ယောင်ကိုင်နေပြီ ဖြစ်နေသည်။ သူမ၏ နဖူးတွင်လည်း ချွေးများရှိနေသည်။ ယခုလို ဒဏ်ရာရနေသည့် တိုင်အောင် သူ့အတွက် ရေစပ်ပေးထားသေးသည်။
“ဟာသပဲ ဟမ် ဒဏ်ရာကို ဂရုမစိုက်ဘူးလား”
ချန်းရန်၏အမူအရာက တင်းမာသွားသည်။ မုရှောင်းနွမ်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူက သူမကို ခါးမှနေ၍ တိုက်ရိုက်ဖက်လိုက်သည်။
“အား”
မုရှောင်းနွမ်က ခပ်တိုးတိုးထအော်သည်။ သူမက မတုန့်ပြန်နိုင်သေးခင် ချန်းရန်က သူမကို တိုက်ရိုက်ပင် ကောက်ပွေ့လိုက်ပြီး အခန်းထဲသို့သွားသည်။
“ချန်းကောကော ငါ့ကို စိတ်မဆိုးပါနဲ့”
မုရှောင်းနွမ်က နည်းနည်း ကြောက်သွားသည်။
ချန်းကောကောရဲ့အမူအရာက ကြောက်စရာ ကောင်းလိုက်တာ ဒေါသထွက်သွားပြီလား။
ချန်းရန်က အမှန်ပင် ဒေါသနည်းနည်း ထွက်နေသည်။ သို့သော် ဒါကလည်း ထိုကောင်မလေး၏ ဒဏ်ရာကို စိုးရိမ်စိတ်ကြောင့်ဖြစ်သည်။
“မင်းရဲ့ဒဏ်ရာ ဘယ်လောက်ထိ ပြင်းထန်နေလဲ မသိဘူးလား။ ဒါတောင်မှ လျှောက်သွားနေသေးတယ်”
ချန်းရန်က ထိုကောင်မလေးကို ငုံ့ကြည့်သည်။ ထိုကောင်မလေးက မျက်မှောင်ကြုတ်ပြီး လိမ္မာသောအမူအရာလေးဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ သူ၏လေသံက နူးညံ့သွားသည်။
မကြည့်မိလျှင် ပြဿနာ မရှိပေ။ သို့သော် ယခုလို ကြည့်လိုက်မိသောအခါ ထိုကောင်မလေးက နှင်းဖြူရောင် ရေချိုးဝတ်ရုံလေးကိုသာ ပတ်ကာ ဝတ်ထားသည်။ သို့သော် ရင်ဘတ်ပေါ်မှ နှင်းဖြူရောင်များက ခုန်ထွက်လုနီးပါးဖြစ်နေသည်။
အမြင်ကတဆင့် ရေချိုးဝတ်ရုံက အတော်လေး သေးကြောင်း ပြောရပေမည်။
“ငါက လျှောက်မရွေ့ရင်တောင်မှ ကောကောက လိုက်ကြည့်နေတာ မဟုတ်ဘူးလား”
မုရှောင်းနွမ်က နည်းနည်း မတရားခံရသလိုမျိုး ပြောသည်။
“အင်း”
ချန်းရန်က နည်းနည်းရှက်သွားပြီး အကြည့်ကို လွဲသည်။ ထိုကောင်မလေးက ရူးကြောင်ကြောင်နှင့် ချစ်စရာလေးဖြစ်သည်။ သို့သော် ပြောရမည်ဆိုလျှင် သူမသည် တစ်ခါတစ်ရံတွင် ဉာဏ်ကောင်းသည်။ ထိုသို့ ဉာဏ်ကောင်းပြီး ပြောသမျှ စကားလုံးတိုင်းက သေစေနိုင်လောက်သည်။ ထို့ကြောင့် ချန်းရန်ကလည်း ဉာဏ်ပညာရှိစွာနှင့် တိတ်နေလိုက်သည်။
“ငါ မင်းဒူးကို အရင်ကြည့်မယ်”
သူမက ရေချိုးဝတ်ရုံကိုသာ ဝတ်ထားသောကြောင့် ကောင်မလေး၏ နူးညံ့ကာ သွယ်လျသည့် ခြေထောက်ကို မြင်ရလေသည်။ နီရဲယောင်ကိုင်းသော ဒူးခေါင်းကို တစ်ချက် ကြည့်ရုံဖြင့် မြင်နိုင်သည်။
27 02
“နည်းနည်းတောင်ယောင်နေပြီး ငါမင်းကို အရင်ဦးဆုံး ထုံဆေးပေးမယ်”
ချန်းရန်က ဒီတစ်ကြိမ်တွင် အပ်ကို လိုက်ရှာသောအခါ မန်ထုံက လိမ်လိမ်မာမာလေး ဗူးလိုက်ချီထုတ်လာပေးသည်။ ချန်းရန်က သူ့ကို ခက်ထန်စွာ ကြည့်လိုက်သေးသည်။
ဒီမျိုးမစစ် ကောင်စုတ်လေး ဟမ် အရင်တစ်ခေါက်က တမင်တကာ လုပ်တာ ဖြစ်မယ်။ အပ်စိုက်သည့် ဖြစ်စဉ်က မနာကျင်ပါပေ။ သို့သော် မုရှောင်းနွမ်ကမူ ကြောက်လန့်ပြီး ချွေးပြိုက်ပြိုက် ကျနေသည်။
“အရိုးကျိုးသွားတာကို ကုသချင်ရင် ရက်ရာကျော် အချိန်ယူရတယ်တဲ့။ ဒါပေမဲ့ မင်းရဲ့ ဖြစ်စဉ်က မပြင်းထန်ဘူးဆိုပေမယ့်လည်း အနားယူဖို့ကတော့ လိုအပ်သေးတာပဲလေ”
ချန်းရန်က အပ်ကို ထုတ်လိုက်ပြီးနောက် မုရှောင်းနွမ်ကို ကြည့်သည်။
“ဒီရက်တွေ အတောအတွင်း အိပ်ယာထဲမှာပဲ လဲနေ လျှောက်မသွားနဲ့ ဟုတ်ပြီလား”
“အာ ဒါဆိုရင် အရမ်းပျင်းစရာကောင်းမှာပဲ”
မုရှောင်းနွမ်က နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။ သို့သော် သူမ၏ ဒူးခေါင်းက ပို၍ အရေးကြီးသည်။ ထို့ကြောင့် အိပ်ယာထဲတွင်သာ လဲနေရတော့ပေမည်။
“အခု တိုက်ရိုက်ထုတ်လွှင့်တာတောင် မရဘူး”
ကောင်မလေးက ပို၍ပင်သဘောမကျ ဖြစ်သွားသည်။ သူမက ဖုန်းကို ကိုင်ထားပြီး ဆူပုတ်ကာ ပြောသည်။
“ဒါပေမဲ့ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက မပြီးသေးဘူးလေ”
“ငါ့ကို ဖုန်းပေး”
ချန်းရန်၏ မျက်ဝန်းကတစ်ချက် လက်သွားသည်။သူက မုရှောင်းနွမ်၏ဖုန်းကို လှမ်းယူသည်။
“မင်းက ရေနစ်ပြီးကာစ ကောင်းကောင်း နားဖို့ လိုနေတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို မစိုးရိမ်နဲ့”
“အာ ဒါဆို…ဒါဆို ဘာမှ မလုပ်နိုင်တော့ဘူးပေါ့”
မုရှောင်းနွမ်က နှုတ်ခမ်းကို ဆူပြီး ပါးကို ဖောင်းကာ ငြင်းဆန်သည်။
“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက တဝက်ပဲ ပြီးသေးတာ။ ငါ ဂိမ်းပွဲ နည်းနည်းလေးလောက် ကစားလိုက်လို့ မရဘူးလား”
“ငါ အခု မင်းရဲ့ ဆရာဝန်နော်။ ငါပြောတာ နားထောင်ရမယ်”
ထိုကောင်မလေးက မည်သို့ပင် ငြင်းငြင်း ချန်းရန်က သဘောမတူဘဲ ဖုန်းယူပြီး ထွက်သွားသည်။
“ဟွန့် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”
ချန်းရန်က သူမကို အခွင့်ရေးပင် မပေးကြောင်း မြင်သောအခါ မုရှောင်းနွမ်ကလည်း ဆူပုတ်သွားပြီး စောင်ကို ကန်ထုတ်သည်။
“ဟစ် နာလိုက်တာ ဝူး…”
အပ်စိုက်ကုသမှု ပြီးသွားသောအခါ နာကျင်မှုက ရောက်လာသည်။ မုရှောင်းနွမ်က ငြီးငြူလိုက်ရသည်။
“အို ထားလိုက်ပါတော့ ငါပဲ စောစောအိပ်တော့မယ်”
မုရှောင်းနွမ်သည် အမှန်ပင် အနားယူရန် လိုအပ်နေသည်။ ထို့ကြောင့် သေချာတွေးတောပြီးနောက် အိပ်ယာဝင်ရန်သာ ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ကိုယ်ပေါ်မှ ရေချိုးဝတ်စုံကို ကြည့်ပြီးပြောသည်။
“နှာမြောစရာကောင်းတာက ဒူးခေါင်းက ဒဏ်ရာရနေတာပဲ။ အဝတ်အစားလဲဖို့ အဆင်မပြေဘူး”
“ဒါဆိုရင်…ဟီးဟီး”
မုရှောင်းနွမ်က ထိုရေချိုးဝတ်စုံကို ဆွဲထုတ်လိုက်ပြီးနောက် လွှင့်ပစ်လိုက်သည်။ ထို့နောက် လေအေးပေးစက်ဖွင့်ထားသည့် ကြားမှ စောင်ထဲသို့ဝင်ကာ သက်တောင်သက်သာ ရှိစွာ လဲချသည်။
ချန်းရန်က အရင်ဦးဆုံး ရိုးရှင်းစွာသာ ရေချိုးလိုက်သည်။ ထို့နောက် မုရှောင်းနွမ်၏ ဖုန်းကိုယူပြီးတစ်ခဏခန့် တွေးတောကာ တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်လိုက်သည်။
“ဖာ့ခ် တင်ဆက်သူ လိုင်းတက်လာပြီပေါ့လေ ဆိုတော့ ဖမ်းမိတဲ့ငါးက ဘယ်မှာလဲ”
“သေစမ်း ဘယ်နှနာရီတောင် ကြာသွားပြီလဲ ဘာလို့ ရုတ်တရပ်ကြီး လိုင်းပိတ်သွားတာလဲ”
“ပေါင်ပေါင် ပေါင်ပေါင်ကို မတွေ့ရတာ ကြာပြီးနော် လွမ်းနေပြန်ပြီ”
သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်နှင့် ကြည့်ရှုသူပေါင်းများစွာက ဝင်ရောက်လာပြီး တင်ဆက်သူ၏ ပြန်ရောက်လာမှုကို နွေးထွေးစွာ ကြိုဆိုကြသည်။ သို့သော် ထို့နောက် တစ်ခဏတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကင်မရာထဲတွင် ချန်းရန်ကသာ ပေါ်လာသည်။
“ရှောင်းနွမ်က ဒီနေ့ နေမကောင်းလို့ နားနေတယ်”
ချန်းရန်က ကင်မရာရှေ့တွင် ပေါ်လာပြီးနောက် အားလုံးကို တည်ငြိမ်စွာ ရှင်းပြသည်။
“သူမက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်နိုင်မှာ မဟုတ်ဘူးဆိုတော့ ငါက အားလုံးကို ပြောဖို့ ရောက်လာတာ”
27 03
“ဖာ့ခ် လူကြီးမင်းချန်း လူကြီးမင်းချန်း ရှောင်းနွမ်က မရှိဘူးပေါ့ ကိစ္စမရှိဘူး လူကြီးမင်းချန်း ငါတို့နဲ့ စကားပြောလေ”
“ဟားဟား ဟား လူကြီးမင်းချန်းက တိုက်ရိုက်ထုတ်လွှင့်မှာပေါ့။ ကောင်းလိုက်တာ လူကြီးမင်းချန်းက အရမ်းချောတာပဲ”
“လူကြီးမင်းချန်းက အရမ်းချောတာ။ပဲ ငါ သူ့ပေါ် တက်စီးချင်တယ်”
“ရှောင်းနွမ် မရှိဘူးပေါ့ ။လူကြီးမင်းချန်းက စိတ်ကြိုက်ကြူလို့ရပြီပေါ့”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ချက်ချင်းကို ကျော်ကြားသွားသည်။ တိုတောင်းသော ကာလ အတောအတွင်းတွင် ငါးသန်းသို့ ထိုးတက်သွားသည်။ ထို့နောက် ပန်းများဆုများကပင် ပြုံအော၍ ရောက်လာသည်။ ကျော်ကြားမှုက တိုတောင်းသော ကာလအတောအတွင်းတွင်ပင် ခုနှစ်သန်းသို့ ထပ်တက်သွားသည်။
ဒါက ဘာကို ဆိုလိုတာလဲ။
ဆိုလိုသည်မှာ မုရှောင်းနွမ်၏ အထွတ်အထိပ် ကာလထက်ပင် ကျော်လွန်သွားသည်။
Douyin မှ နံပါတ်တစ်ကျဲကျဲ ကိုပင် မှီလုနီးပါးဖြစ်လာသည်။
ချန်းရန်ကလည်း သူဟာ ထိုမျှအထိ ကျော်ကြားမည်ဟု မထင်ထားပေ။ မုရှောင်းနွမ် ထက်ပင် ကျော်ကြားလွန်နေပြီ ဖြစ်သည်။
“တင် သက်သာဘဝ စနစ်က စတင်ပါပြီ”
“တင် ပိုင်ရှင်ကိုလည်း တာဝန်အသစ်ဖြစ်တဲ့ [သက်သာတာဝန်] : သက်တောင့်သက်သာရှိတဲ့ ဘဝကို ပရိတ်သတ်တွေနဲ့ ဝေမျှတာကလည်း ပျော်ရွှင်မှုတစ်မျိုးပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ခဏလောက်တော့ နေလိုက်ပါ ဆိုတဲ့ တာဝန်အသစ်ကို ကြေညာလိုက်ပါတယ်”
တိုက်ဆိုင်စွာဖြင့် စနစ်ကလည်း တာဝန်အသစ်ပေးလာသည်။ ချန်းရန်ကလ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တိုက်ရိုက်ပိတ်တော့မည့် အနေအထားမျိုးမှ တုံ့ဆိုင်းသွားရသည်။
“ထားလိုက်ပါတော့ အဲဒီကောင်မလေးအတွက် ခဏလောက်တော့ ထုတ်လွှင့်ပေးလိုက်ပါ့မယ်လေ”
ချန်းရန်ကလည်း တွေးလိုက်ပြီး ပြုံးသည်။ ထို့နောက် အချိန်တစ်ခုအထိ ဖွင့်ထားရန် ဆုံးဖြတ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းများကို ယူပြီး သူဟာ မီးဖိုခန်းထဲသို့ ဝင်သွားသည်။
“ဟမ် ဆရာသခင်ချန်းက မီးဖိုခန်းထဲကို လာတာလား ဟင်းချက်တော့မှာလား”
“ဆရာသခင်ချန်းက ဒီနေ့ ဘယ်လို စားသောက်ပွဲကြီးကိုများ ချက်မှာလဲ။ အရင် တစ်ခေါက် ပြည်နယ်အဆင့်ပွဲက နာမည်ကျော် ဟင်းတွေကတောင် ငါတို့ရဲ့မျက်လုံးကို တော်တော်လေးကို အမြင်ကျယ်စေခဲ့တာနော်”
“ကျိုကျွမ်ဝက်ကလီစာ ချက်နိုင်လား။ ငါက ဝက်ကလီစားရတာကို အကြိုက်ဆုံးပဲ အရမ်းအရသာရှိတာ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပြည်သူများကလည်း ဒီည ချန်းရန်၏အစီအစဉ်ကို စိတ်ဝင်စားနေကြသည်။
“ငါ အဲဒီလို အရသာ ပြင်းတာတွေကို မချက်ဖြစ်လောက်တော့ဘူး”
ချန်းရန်က ခေါင်းကို ခါပြီး သူ ဒီနေ့ဖမ်းလာသော ငါးကို ထုတ်သည်။ အကြီးဆုံးငါးအပြင် လတ်ဆတ်သော မန်ဒရင်းငါးလည်း ရှိနေသည်။
“မန်ဒရင်းငါး ဟုတ်လား”
“ဆရာသခင်ချန်းက ဘာလုပ်မှာလဲ”
“ဒီနေ့ ရိုးရှင်းပြီး ဖန်တီးမှုလည်း ရှိတဲ့ ဟင်းတစ်ပွဲ ချက်တာပေါ့”
ချန်းရန်က ထိုသို့ တွေးတောပြီး အရသာရှိသော မန်ဒရင်းငါးစွပ်ပြုတ်ကို ချက်ရန် ဆုံးဖြတ်လိုက်သည်။
“မန်ဒရင်းငါး စွပ်ပြုတ်လား။ ဒါက ဘာလဲ ဘာလို့ မကြားဖူးတာလဲ”
******