← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

28 01

အပိုင်း (၂၈) မုရှောင်းနွမ် မင်းရဲ့ အဝတ်တွေ ဘယ်မှာလဲ

လတ်ဆတ်သော မန်ဒရင်းငါးက ကျွမ်းကျင်စွာဖြင့် ကြေးခွံအချွတ်ခံရသည်။ သန့်ရှင်းခံရသည်။ ထို့နောက် စဉ့်နီတုံးပေါ် အတင်ခံရသည်။ ချန်းရန်က ဓါးကို စသွေးသောအခါ ထွက်လာသည့် နားကြိမ်းစေသောအသံက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။

“ညီအစ်ကိုတို့ ဆရာသခင်ချန်း ဘာဆက်လုပ်မလဲဆိုတာကို မြင်လား။ ငါတော့ နားမလည်ဘူး။ ဒါပေမဲ့ တော်တော်လေးတော့ လေးစားဖို့ကောင်းတယ်လို့ ထင်တယ်။ ငါတောင် နည်းနည်း ကြောက်လာသလိုပဲ”

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ဆရာသခင်ချန်းက အရမ်းကို လေးလေးနက်နက်ကြီးနေတဲ့အခါ ငါ နည်းနည်း ကြောက်တယ်”

ကြည့်ရှုသူများသာ ကြောက်နေခြင်း မဟုတ်ပေ။ ချန်းရန်က လေးနက်တည်ကြည်သွားသောအခါ သူ၏တည်ကြည်သော မျက်နှာထားနှင့် ဓားသွေးနေသော ပုံစံက တော်တော် ကြောက်စရာကောင်းသည်။

ချွင်

ဓါးက ချွင်ကနဲ ထွက်လာပြီးနောက် ချန်းရန်က ထက်ရှသော ဓားကို ဆွဲထုတ်လိုက်ကာ မန်ဒရင်းငါး၏ ပါးစပ်ထဲသို့ ထိုးထည့်သည်။

ချန်းရန်က မန်ဒရင်းငါး၏ ကျောရိုးကို ဖိထားလိုက်ပြီးနောက် လက်ထဲမှ သေးသွယ်သော ဓားတိုကို ပါးစပ်ထဲသို့ တိုက်ရိုက်ထိုးထည့်ပြီး ငါးခွံကို ဖိချသည်။ တစ်ခဏခန့် မွှေနှောက်ပြီးနောက် ပြန်ဆွဲထုတ်လိုက်သည်။

စွပ်

ငါးခေါင်းနှင့် ငါးရိုးကို အကောင်းအတိုင်း ဆွဲထုတ်လျှက်သာ ပါလာသည်။

ထိုငါးရိုးနှင့် ငါးခေါင်းကို အကောင်းအတိုင်း ဆွဲထုတ်လိုက်သော်လည်း အသားများက ထိခိုက်သွားခဲ့ခြင်း မရှိပေ။

“ဘုရားရေ လန်းလိုက်တာ ငါးရိုးနဲ့ အသားကို တိုက်ရိုက်ဆွဲခွာလိုက်တာနော်။ နွားသတ်တဲ့ သားသတ်သမား ဓားရဲ့ နည်းလမ်းက ဒီလောက်ထိ မလန်းနေဘူး ဟုတ်တယ်မလား”

“ဆရာသခင်ချန်း ဆိုတဲ့အတိုင်းပါပဲ ဒီလောက် ကျွမ်းကျင်ပြောင်မြောက်တဲ့ လက်ရာမျိုးနဲ့ဆိုရင် စားဖိုမှူး နတ်ဘုရားဆိုတာ ချွင်းချက်ကို မရှိတော့ဘူး”

“ငါးအသားကို လုံးဝ မထိခိုက်သွားဘူး အားလုံး သတိထားမိကြလား။ ဒီစွမ်းရည်မျိုးက တော်တော်လေးကို နက်နဲနေပြီ ဓားကိုင်စွမ်းရည်က အနည်းဆုံး ဆယ်နှစ် သက်တမ်းတော့ ကျော်ရမယ်”

ကြည့်ရှုသူများက အားလုံးက မှင်သက်နေကြသည်။ ဘယ်သူက ဒီလို မှော်ဆန်တဲ့ စွမ်းရည်မျိုးကို လုပ်နိုင်လို့လဲ။

ပြည်နယ်အဆင့် စားသောက်ပွဲကြီးများက နာမည်ကျော် စားဖိုမှူးကြီးများကပင် ထိုမျှအထိ မလုပ်နိုင်ကြပါပေ။

“ကြည့်အုံး..ဆရာသခင်ချန်းက ငါးအသားကို စပြီးဖယ်နေပြီ”

လူတိုင်းက အသက်ရှူအောင့်ထားကြသည်။ သူတို့သည် အခိုက်အတန့်တစ်ခုကိုတောင်မှ လက်လွှတ်မခံချင်ကြပေ။ သူတို့သည်လည်း ချန်းရန်က မန်ဒရင်းငါးပေါ်မှ အသားကို မည်သို့မည်ပုံ ကိုင်တွယ်မည် ဖြစ်ကြောင်းသိချင်နေကြသည်။

ချန်းရန်က ဓားကို မြောက်၍ အောက်ခြေကို လှီးသည်။ အရေပြားနှင့် အသားက ချက်ချင်းကွဲသွား၏။ ဖြူဖွေးသော ငါးအသားက အတော်လေးကို မျက်စိကြိမ်းစေလောက်သည်။ ထို့နောက် ဓါးဖြင့် တစ်လက်ချင်းစီကိုင်ကာ လှီးပြီးနောက်တွင် သလင်းကြည်ရောင် ပါးလျှသည့် ဆာရှီမီကဲ့သို့ ငါးအသားလွှာများကို လှီး၍ ပြီးသွားသည်။

သလင်းကဲ့သို့ ကြည်လင်နေသည်မှာ ကျောက်စိမ်းပြားလေးများနှင့်ပင် တူသည်။ ထို့အပြင် ပါးလျှမှုကလည်း ပုဇဉ်းရင်ကွဲကောင်၏ တောင်ပံမျိုးနှင့်ပင် တူသည်။

ဖြန်း ဖြန်း ဖြန်း ဖြန်း

ချန်းရန်က ထိုငါးအသားလွှာကို လက်တစ်ချောင်းဖြင့် အသာလေးရိုက်သည်။ ထို့နောက် အသားနှပ်သည့် ပါဝင်ပစ္စည်းများကို ထည့်ကာ နှပ်လိုက်သည်။

“ဒီလို လုပ်ဆောင်မှုက ဖတ်စာအုပ်အဆင့်ပဲ”

28 02

“အရမ်းကို ဂန္ဓဝင်ဆန်တယ်နော်။ ဓားကိုင်စွမ်းရည်က ပထမတန်းစားပဲ အရမ်းအင်အားကြီးတာပဲ”

“ဆရာသခင်ချန်းက စကားအများကြီးမပြောတတ်တဲ့ လူကြမ်းကြီးပါ။ ဒါပေမဲ့ ဒီလို သေသပ်တဲ့ လုပ်ဆောင်မှုကတော့ မျက်စိပဒါဿ ဖြစ်စေတာ အမှန်ပဲ”

ပို၍ များပြားသော လူများက ဝင်ရောက်ကြည့်ရှုလာကြသည်။ ချန်းရန်က မည်သည့် စကားမှ မပြောပေ။ သို့သော် သူ၏ လုပ်ဆောင်မှုကတင် အလွန်အမင်းကို လက်ရာမြောက်သည်။ လူအများကလည်း စွဲလမ်းလာကြသည်။

“နောက်ထပ်တဆင့်က ဟင်းချိုချက်တာ”

ချန်းရန်က ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ရိုက်ထုတ်လွှင့်နေခြင်း မဟုတ်ပေ။ သို့သော် ထိုစကားကို ပြောလိုက်သည့်တိုင်အောင် ဘေးကင်မရာကို အာရုံစိုက်ကာ တစ်ချက် ကြည့်လိုက်ရုံကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောင်မလေးများကို အော်ဟစ်စေသည်။

ချန်းရန်က ငါးအရိုးကို ထုတ်လာသည်။ အပေါ်တွင် အသားနည်းနည်း ကျန်သေး၏။ ချန်းရန်ကလည်း ထိုငါးအရိုးနှင့် ငါးခေါင်းကို ရွှေရောင်သန်းလာသည်အထိ အရင်ကျော်လိုက်ပြီးမှသာ နှင်းဖြူရောင် ငါးဟင်းချိုအရည်အဖြစ် ပြောင်းကာ ကြိုသည်။

ငါးစွပ်ပြုတ်က နို့နစ်ဖြူရောင်ဖြစ်သည်။ နို့ထက်ပင် ဖြူလောက်သေးသည်။ ကြည့်ရှုသူများ၏ မျက်လုံးက တဖြောင့်တည်း တန်းသွားသည်။

“ဟင်းချိုက တအားဖြူနေတာနော် ကျွေ့ရှန်းလုံရဲ့ ထိပ်တန်းစားဖိုမှူး ရှောင်းချွေ့ရဲ့ ကျောက်စိမ်းကြောသားထက်တောင်မှ ဖြူနေသေးတယ်”

“အပေါ်က တစ်ယောက် ဟန်ဆောင်မနေနဲ့။ မင်းက ကလပ်ကို သွားပြီး လန်းချင်ယောင်ဆောင်နေတာပဲ”

“ရိုးရိုးသားသားပြောရရင် ဆရာသခင်ချန်း ဘာဆက်လုပ်မလဲဆိုတာကို ငါပိုပြီး သိချင်တာ”

“ငါတော့မသိဘူး။ ဒါပေမဲ့ ဆရာသခင်ချန်းရဲ့ ဟင်းချက် စွမ်းရည်က ပြောင်းမြောက်တယ် သာမာန်လူတွေ မပြောနိုင်ဘူး”

“ဒီအတိုင်း ကြည့်ရအောင်ပါ။ သူတို့အကွက်ကြီးကြီး လုပ်တော့မယ်လို့ ခံစားနေရတယ်”

ကြည့်ရှုသူများက တိတ်တဆိတ်စောင့်ကြသည်။ ချန်းရန်၏ နောက်ထပ်အကွက်ကို ကြည့်နေကြပြီးနောက် ရုတ်တရပ် မျက်လုံးပြူးသွားကာ အံ့အားသင့်သွားရသည်။ အကြောင်းမူကား လတ်ဆတ်သော ငါးအသားလွှာတစ်လွှာချင်းစီတိုင်းက အလွန်လှပသော နှင်းဆီပန်းအဖြူတစ်ပွင့်ကဲ့သို့ ပုံပေါ်လာသောကြောင့် ဖြစ်သည်။ ပွင့်ချပ်များက ပိတ်သွားပြီး ပွင့်လန်းမည့် ပုံစံမျိုးနှင့် ဖြစ်သည်။

“ဒါက ဒါက အနုပညာလား”

“နှင်းဆီပန်းအဖြူ အဖြူရောင် နှင်းဆီပန်း ပွင့်..ပွင့်တော့မယ့် ပုံစံပဲ ဆရာသခင်ချန်း ပုံပေါ်ထားတာက အသက်ဝင်လိုက်တာ”

“ရှူးရှူး တိုးတိုးနေ တိုးတိုးကြည့် အသံမထွက်နဲ့ ဆရာသခင်ချန်းကို မနှောက်ယှက်နဲ့”

ထိုအခြေအနေကို မြင်သောအခါ ကြည့်ရှုနေသူများအားလုံးကလည်း အသက်ပင် ရဲရဲ မရှူရဲကြတော့ပေ။ ချန်းရန်ကိုပင် ဖန်သားပြင်မှတဆင့် နှောက်ယှက်မိမည်ကို စိုးရိမ်နေကြသည်။ ထိုသို့ နှောက်ယှက်မိပါက လက်ရာမြောက်သော အနုပညာက ပျက်ဆီးသွားပေလိမ့်မည်။

ချန်းရန်ကမူ မရပ်တန့်ချေ။ ထို့နောက် သူသည်လည်း ပြုတ်ထားသော ငါးပြုတ်ရည် အထက်တွင် ပြုတ်အိုးကို တင်လိုက်သည်။

သူသည် နှင်းဆီပုံသဏ္ဍာန်ဖော်ထားသော မန်ဒရင်းငါး အသားလွှာများကို ထိုနေရာတွင် ထားလိုက်ပြီးနောက် ပြုတ်လိုက်သည်။

တစ်ခဏခန့် ကြာပြီးနောက်…

“ဆယ်ထုတ်လို့ရပြီ”

ချန်းရန်က ငါးအသားလွှာ နှင်းဆီများကို ဆယ်ထုတ်ကာ အရင်ဦးဆုံး ပန်းကန်လုံးလဲ ထည့်သည်။ ထို့နောက် အရသာခပ်ပြီးသာ နို့နှစ်ဖြူရောင် ငါးဟင်းချိုကို အပေါ်ဖက်မှ လောင်းချသည်။

ဟွား ဟွား

28 03

ပွက်ပွက် ဆူနေသာ ငါးဟင်းချိ အရည်ကို လောင်းချလိုက်သည်နှင့် ပိတ်ထားသော ငါးအသားလွှာ နှင်းဆီလေးက စတင်ကာ တဖြည်းဖြည်း ပွင့်လာပြီး ပန်းပွင့်ဖြူရောင် ဖြစ်သွားသည်။

နို့နှစ်ဖြူရောင် ငါးစွပ်ပြုတ်ကို လောင်းချလိုက်သည်နှင့်အမျှ ထိုပန်းလေးကို လောင်းချလိုက်ပုံက အားလုံးကို မှင်သက်စေသည်။

“ရုတ်တရပ် ညတွင်းချင်းကို နွေဦးလေပြေတိုက်ခတ်လာပြီး ပန်းပေါင်းတစ်ထောင် ပွင့်သွားသလိုပဲ”

“အရမ်းလှတာပဲ ဟင်းတစ်ပွဲကတင် ပန်းချီကားချပ်လိုပဲ”

“အာ…ပန်းဖူးကနေ ရုတ်တရပ် ပွင့်သွားတယ်။ ငါ့ရဲ့မျက်နှာကိုတောင် နို့နှစ်ဖြူရောင် အငွေ့တွေ လာရိုက်သလိုပဲ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အလျှင်အမြန်ပင် ကျော်ကြားသွားသည်။ ဟင်းတစ်ခွက်ချက်ခြင်းက ထိုမျှအထိ လှပနေသည်။ နတ်ဘုံနတ်နန်းက နည်းလမ်းများနှင့်ပင် တူပြီး မှင်သက်ဖွယ်ပင် ဖြစ်သည်။

“ဧကရာဇ် (ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ) က တင်ဆက်သူက ဒုံးပျံx3 ကို ဆုချပြီး စာတစ်ကြောင်းကို ချန်ထားရစ်ခဲ့ပါတယ် : အင်း စားစရာကတော့ ကြည့်ကောင်းတာ အမှန်ပဲ။ ရှောင်းနွမ်ကတော့ ဟင်းချိုတောင် မချက်တတ်ဘူး … နောက်ကွယ်မှာပဲ အတင်းပြောနိုင်တယ်”

“ဧကရာဇ် (မနက်လေးနာရီ ဝေ့ရှန်း) : လူကြီးမင်းချန်းက အမှန်တကယ်ကို အမတပဲ ညသန်းခေါင်ကြီး ငါ့ကို အဆိပ်ခတ်နေတယ်။ ငါ့ အသင်းဖော်တွေကို အသားကင် လိုက်ကျွေးနေရပြီ။ ငါ အရမ်း ဒေါသထွက်တာပဲ။ ငါမင်းနဲ့ PK ချင်တယ် သတ္တိရှိလား”

ဆုလာဘ်များကို ချပြီးနောက်တွင်

“အွန်း တော်တော်လေး မွှေးတာပဲ တကယ်ကို လှုပ်နေတယ်”

ချန်းရန်ကလည်း ထိုအမွှေးကို အနံ့ခံကြည့်သည်။ လတ်ဆတ်ပြီး ချိုမြိန်သော အနံ့ကို ရလိုက်သည်။ ထိုရနံ့က အဆုတ်ထဲ တိုက်ရိုက်ဝင်သွာကာ သူသည်ပင် တံတွေးမြိုချလိုက်သည်။

“အရမ်းလတ်ဆတ်တယ်”

“အာ ဆရာသခင်ချန်း ငါနင့်ကို အရမ်းချစ်တာပဲ ငါ့ကို ဒီလို ပန်းကန်လုံးလေး ပို့ပေးပါလား”

“အပေါ်ထပ်က တစ်ယောက် ဟမ် ဒီငါးဟင်းပန်းကန်ကို တွေးနေတာလားမင်းက ဆရာသခင်ချန်းကို မချစ်တော့ဘူးပေါ့ ထွက်သွားစမ်း”

“ဟန်နီ ရှောင်းနွမ်ကို ကွာရှင်းလိုက် ငါ့ရဲ့ အခန်းကိုလာခဲ့ ချစ်ကြမယ်လေ။ နောက်ပြီး ဒီမှာလဲ အရသာရှိတဲ့ နို့နှစ်ဖြူရောင်လေးတွေ ရှိတယ်နော် အချိန်မရွေးလာသောက်လို့ရတယ်”

“ငါ့မှာသာ ဒီလို ယောက်ျားမျိုးရှိမယ်ဆိုရင် ငါထာဝရပဲ အတူတွယ်ကပ်နေတော့မှာ။ အခုငါ ဗိုက်ဆာလာပြီး ငါ့ယောက်ျားကိုလည်း ငါ့အတွက် ညလယ်စာ လုပ်ခိုင်းချင်နေပြီ”

ထိုလက်ရာမြောက်သော ပန်းချီကားတစ်ချပ်ကဲ့သို့ ဟင်းတစ်ပွဲကို ကြည့်ရုံဖြင့် ကြည့်ရှုသူများကလည်း အလွန်အမင်းကို စိတ်အားထက်သန်လာကြသည်။ ဒါက သူများမိသားစုက ယောက်ျား အာ…တကယ်ကို မနာလိုဖြစ်ရတာပဲ။

“ငါလည်း ရှောင်းနွမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ချင်သွားပြီလေ”

“ဟင် ကြည့်အုံး ဆရာသခင်ချန်းက သူ့ဘာသာသူ မစားဘူးလား”

“ဟုတ်တယ် သူ ဘာလို့ ယူသွားတာလဲ”

“ဘာကို ဆိုလိုတာလဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း မေးခွန်းသင်္ကေတများကို ထုတ်ပြရင်း ကျန်ရစ်ခဲ့သည်။

“ဒါက ငါ ပထမဦးဆုံးအကြိမ် ဒီလို ဟင်းပွဲကို ချက်ဖြစ်တာပဲ။ တစ်ယောက်ယောက်ကို အရသာမြည်းစမ်းဖို့ ခေါ်ပြရမှာပေါ့”

ချန်းရန်က အသာပြုံးသည်။ ထို့နောက် မုရှောင်းနွမ်၏အခန်းသို့ ငါးဟင်းချိုနှင့် ငါးအသားလွှာများကို သယ်ကာ သွားသည်။

ဒုန်း ဒုန်း

ချန်းရန်က မုရှောင်းနွမ်၏ တံခါးကို ခေါက်သည်။

“ဘယ်သူလဲ အိပ်နေတယ်လေ”

အခန်းထဲမှ အသံက ရှင်းလင်းစွာပင် တော်တော်လေးကို ဒေါသသံပါသည်။ ချန်းရန်ကမူ အတွင်းမှ အခြေအနေကို မသိပေ။

“မင်းက အိပ်နေရင်းနဲ့ စကားပြောတယ်ပေါ့”

ချန်းရန်က နည်းနည်း ဆွံအသွားသည်။

ဒီကောင်မလေး ဘာလုပ်နေတာလဲ။ သူ့ဖုန်းယူသွားလို့ ဒေါသထွက်သွားတာလား။

“တံခါးက သော့မခတ်ထားဘူးနော် ဝင်လာခဲ့”

ချန်းရန်သည်လည်း သယ်စရာအများကြီး ပါနေသည်။ ထို့ကြောင့် စားစရာကို အပြင်ဘက်တွင် ထားပြီး တံခါးကိုသာ ဖုန်းကိုင်ရင် သွားဖွင့်လိုက်ရသည်။

ကျွီ

ချန်းရန်က တံခါးဖွင့်လိုက်ပြီးနောက် မီးကို အရင်ဖွင့်သည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။

28 04

မျက်စိ…မျက်စိ ကြိမ်းလောက်အောင်ကို ဖြူဖွေးနေတာ။

သူ…သူပဲ ထင်ယောင်ထင်မှား ဖြစ်တာလား။

“မင်း မအေးဘူးလား”

ချန်းရန်က ချက်ချင်းဆိုသလို ခေါင်းကို လှည့်လိုက်သည်။ ထိုကောင်မလေးက စောင်အောက်တွင် ခေါင်းသေးသေးလေးသာ ပေါ်နေကြောင်း မြင်ရသည်။ သူသည် အလွန်စိတ်ရှုပ်သွားသည်။

“အခုက နွေရာသီလေ”

“အာ ငါ နည်းနည်း အေးလို့”

မုရှောင်းနွမ်က စောင်ကို ခပ်တင်းတင်းကိုင်ထားပြီး ရှက်ရွံ့စွာပြောသည်။

“ဘာဖြစ်လို့လဲ”

“ငါမင်းကို ဒါအရင် ပေးမယ်”

ချန်းရန်က မုရှောင်းနွမ်ကို ဖုန်းအရင် ပြန်ပေးသည်။

“အိပ်ယာဘေးမှာ ခဏထားလိုက်အုံး”

မုရှောင်းနွမ်ကလည်း လက်ဖြင့် လှမ်းမယူဘဲ ခေါင်းကို ငြိမ့်ပြသည်။ ထို့နောက် အိပ်ယာဘေးနားသို့ တင်ထားလိုက်သည်။

ဒီကောင်မလေးက လက်လှမ်းယူဖို့ ပျင်းနေတာလား။

ချန်းရန်က ခေါင်းကို အသာခါပြီး အိပ်ယာဘေးပေါ်သို့ သွားတင်လိုက်သည်။

“ဟင်”

မုရှောင်းနွမ်က တစ်ချက်ကြည့်ပြီးနောက် မိုဘိုင်းဖုန်း၏ ဖန်သားပြင်ကို လှမ်းမြင်လိုက်ကာ မျက်လုံးက ပြူးသွားသည်။

“ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းပဲ နင်…နင်ဖွင့်ထားတာလား ယောက်ျား”

“ဟုတ်တယ်”

ချန်းရန်ကလည်းမဖုံးကွယ်ပေ။

“ငါမင်းရဲ့ ပရိသတ်တွေကို မင်းရဲ့ အခြေအနေကို ပြောပြချင်လို့ ဖွင့်ထားတာလေ ဒါဆိုရင် ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်ဖို့ မလိုတော့ဘူး”

“ဒီလောက်ရိုးရှင်းတဲ့ ကိစ္စကို ငါ့ကို ပြောလည်း ရသားပဲ အလကားနေရင်း စိုးရိမ်နေရတယ်”

မုရှောင်းနွမ်က အခြားဘာကိုမှ မတွေးပါပေ။ လည်တိုင်ကိုသာ စောင်းပြီး တောင်းပန်ရန် ပြင်လိုက်သည်။

“ဟင်”

ရုတ်တရပ် သူမက တစ်ချက် ကြည့်လိုက်သောအခါ မုရှောင်းနွမ်၏ မျက်လုံးက ပြူးသွားသည်။ သူမက လက်ကို ဆန့်ထုတ်ပြီးနောက် လက်ကို အတင်းပြန်ရုတ်ရသည်။

“ယောက်ျား ငါ မျက်လုံးများ မူးနေတာလား”

မုရှောင်းနွမ်က နည်းနည်း မှင်တက်သွားသည်။ အကြောင်းမူကား သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူအရေအတွက်က ရှစ်သန်းကျော်နေသည်။

သောက်ငရဲလိုပဲ ငါ့ရဲ့ အထွတ်အထိပ်အခြေအနေမှာတောင်မှ ခြောက်သန်းလောက်ပဲ ရှိတာ ဘယ်လို ဖြစ်ပြီး အခုလောက်ထိ များသွားတာလဲ။

“ယောက်ျား”

မုရှောင်းနွမ်၏ အသံက ညင်သာကာ နူးညံ့သည့် ကြောင်ပေါက်လေးနှင့် တူသည်။

“ငါ့အတွက် တစ်ခုခုများ လုပ်ထားတာလား”

ထိုကောင်မလေး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများပြည့်နှက်သွားသည်။

“မလုပ်ပါဘူး”

ချန်းရန်ကလည်း ပဟေဠိ ဖြစ်သွားသည်။

“ငါဒီအတိုင်း မင်းရဲ့ အခြေအနေကို ပြောပြပြီးတဲ့နောက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ဖို့ မေ့သွားတယ် အဲ့ဒီနောက် ဒီအတိုင်း ထားလိုက်တယ်လေ ဒါပေမဲ့ နှစ်သန်းလောက်တော့ ထပ်တိုးသွားမယ်လို့ မထင်ထားဘူး”

“ဘာမှ မလုပ်ဘူးတောင် ပြောနေသေးတယ်”

မုရှောင်းနွမ်က နှာခေါင်းရှုံ့လိုက်သည်။

“ဒါဆိုရင် အဲ့ဒီ အပိုထပ်ရထားတဲ့ ဆုကြေး သောင်းကျော်က ဘာလဲ”

“ဒါလည်း ငါမသိဘူးလေ”

သူဘာလုပ်လို့လဲ သူလည်း သိသိသာသာကိုပဲ သူဘာမှ မလုပ်ပါဘူး သူဒီအတိုင်း ဘေးမှာ ထားပြီးတာနဲ့ သူ့ဘာသာသူ အလုပ်များနေတာ အဲ့ဒီနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတွေနဲ့တောင် စကားမပြောဖြစ်ဘူး။

“အင်းချောမောတဲ့ သူတွေက ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ရတာ ဖြစ်မယ် ငါက တကယ်ကို ဘာစကားမှ မပြောခဲ့ပါဘူး။”

ချန်းရန်က ပြန်တွေးကြည့်ပြီးနောက် ပြောလိုက်သည်။

28 05

“ငါ…”

ချန်းရန်၏ အမှန်တကယ်နားမလည်ပုံရသော အမူအရာကို ကြည့်ပြီး မုရှောင်းနွမ်က ဆွံအသွားသည်။

သူမက ငိုချင်သည်။ သူမသည် နေ့တိုင်းလိုလို ကြိုးစားပြီး တိုက်ရိုက်ထုတ်လွှင့်ရသည်။ သူမ၏ လည်ချောင်းကပင် ကွဲလုနီးပါးဖြစ်သည်။

ဒါကိုတောင်မှ ချန်းကောကောက ဒီအတိုင်းလေးရပ်နေရုံနဲ့ မယှဉ်နိုင်ဘူးလား။

ဘာလို့လဲ

ချန်းကောကောက ချောတယ် ဆိုပေမယ့်လည်း ငါ မုရှောင်းနွမ်က အရမ်းလှတာပါနော် သိပ်လည်း မကွာခြားပါဘူး။…(ထင်ရ) ဒါမှမဟုတ် ဒီအလုပ်က ငါ့အတွက် မကောင်းတာလား။ ထားလိုက်ပါတော့ ဘာပဲ ဖြစ်ဖြစ် နောက်ရက်မှပဲ စီနီယာအစ်ကိုချန်းရဲ့ အလုပ်ကို ခံစားကြည့်တော့မယ်။

“ညီအစ်ကိုတို့အားလုံးပဲ တောင်းပန်ပါတယ်နော် ဒီနေ့ နင်တို့ငါ့ကို မလိုတော့ဘူးလို့ ခံစားရတယ် ငါအခုပဲ ပိတ်တော့မယ်”

မုရှောင်းနွမ်က ချန်းရန် အားတိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်ခိုင်းသည်။

“ပိတ်လိုက်တော့”

ချန်းရန်ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်ပြီးကြောင်း အတည်ပြုပြီးမှသာ မန်ဒရင်းငါးပန်းကန်လုံးကို သယ်လာသည်။

“အိုးမွှေးလိုက်တာ”

မုရှောင်းနွမ် နှာခေါင်းကို တရှုံ့လုပ်ပြီး မျက်လုံးက တောက်ပသွားသည်။ ထိုအခိုက်အတန့်တွင် သူမ၏ အစာအိမ်ထဲမှ လောဘများက မြောက်တက်လာပြီး တဂုဂု အသံကို ထုတ်လွှတ်သည်။

“စီနီယာအစ်ကိုချန်း ဒါက ငါ့အတွက်လား”

မုရှောင်းနွမ်က အနုပညာလက်ရာနှင့်တူသော စားစရာကို ကြည့်ပြီးနောက် မျက်လုံးက တောက်ပလာသည်။

“မင်းပဲ အိပ်ချင်တယ်လို့ ပြောတယ် မဟုတ်ဘူးလား။ ဒါတောင်မှ စားအုံးမလို့လား ငါ ယူသွားလိုက်တော့မယ်”

ချန်းရန်က သူမ၏ စူးရှသော မျက်လုံးကို ကြည့်ပြီးနောက် နောက်လိုက်သည်။

“အာ မလုပ်ပါနဲ့”

မုရှောင်းနွမ်ကလည်း တံတွေးကို အသည်းအသန် မြိုချနေရပြီးနောက် ဆွဲကာပြောသည်။

“ငါက သူမရှိဘဲ မအိပ်နိုင်ဘူး”

သူမပြောသော သူက စားစရာကို ရည်ညွှန်းနေခြင်းဖြစ်လောက်သည်။

သို့သော် ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းသည်ဟု တွေးမည် ဆိုလျှင်မူ သူသာ ရှုံးပေလိမ့်မည်။

ချန်းရန်က ပြုံးပြီး‌ ခေါင်းကို ခါသည်။ ထိုကောင်မလေးက ဆိုးသွမ်းလွန်းသည်။ လူအများအတွက်လည်း ထောင်ချောက်ကြီးများ တူးဆွရာတွင် တော်သည်။

“ကောင်းပြီ ကောင်းပြီ ငါမင်းကို မစတော့ဘူး။ မင်းက အရိုးထိသွားတာ ဆိုတော့ ငါးဟင်းချိုလေး သောက်ပြီး အားဖြည့်လိုက်အုံး မင်းအတွက် ကောင်းတယ်”

“တကယ်တကယ် ကျေးဇူးတင်ပါတယ် ချန်းကောကော”

မုရှောင်းနွမ်ကလည်း မွှေးရနံ့ကြောင့် ဆွဲဆောင်ခံရပြီးသား ဖြစ်သည်။ ထို့နောက် အရာအားလုံးကို မေ့သွားသည်။

သူမက မတ်တပ်ထရန် ပြင်လိုက်သည်။

“အာ မင်း…”

ချန်းရန်က ရုတ်တရပ် မှင်သက်စွာ စိုက်ကြည့်သည်။ မုရှောင်းနွမ်က ထရန် ပြင်လိုက်သည့်အခိုက်အတန့်တွင်ပင် တစ်စုံတစ်ရာက မှားယွင်းနေမှန်းကိုလည်း သိလိုက်သည်။

“မင်း မင်းရဲ့ အဝတ်အစားတွေ ဘယ်ရောက်သွားလဲ”

!!!

******

All Chapters