← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

29 01

အပိုင်း (၂၉) မသွားပါနဲ့

“အား”

မုရှောင်းနွမ်က ရုတ်တရပ် ထအော်သည်။ ဖွတ်ကနဲ အသံ ထွက်လာပြီး အိပ်ယာပေါ် လဲကျသွားသည်။

သွားပြီ

“ငါ…ငါ..ငါ မေ့သွားတာ”

မုရှောင်းနွမ်၏ လည်ပင်းက ရဲနေသည်။ သူမက အတော်လေးကို ရှက်သွားသည်။

မျက်နှာပူလိုက်တာ။

ချန်းရန်၏ နှလုံးသားကလည်း အသားကုန် ခုန်လှုပ်နေသည်။ သူ့နှလုံးသားကပင် လည်မျိုနား တစ်လာသည်။

ဒီကောင်မလေးက တော်တော်လေးတော့ ဟော့တယ်။

သို့ရာတွင် မည်သို့ပင်ဆိုစေ သူဟာ တော်တော်လေးကို မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ကာစဖြစ်ပြီး တစ်စုံတစ်ရာကို ပြောရန်လည်း မသင့်လျှော်ပေ။ ထို့ကြောင့် တောင်းပန်သင့်သည်ဟု ထင်သည်။

“မင်း ဘယ်လိုများ ဘာမှ မဝတ်ဘဲ နေတာလဲ။ တမင်တကာ ပြထားတာလား”

မမျှော်လင့်ထားစွာပင် ချန်းရန်က တောင်းပန်ရမည့်အစား တဖန်ပြန်လည် ကိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခြေအနေက မုရှောင်းနွမ်ကို ဆွံ့အသွားစေသည်။

“မဟုတ်ပါဘူး ငါ..ငါ…ငါက”

မူရှောင်နွမ်က ကြောင်တောင်တောင်ဖြစ်သွားသည်။ သူမက ပါးစပ်ဟလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ခုခံစရာ နည်းလမ်းမရှိကြောင်းသိလိုက်သည်။

ဟုတ်သားပဲ ဘာလို့ အဝတ်အစား မဝတ်ထားတာလဲ။

“ချန်းကောကော ကျေးဇူးပြုပြီး ငါရှင်းပြတာ နားထောင်ပါအုံး”

မုရှောင်းနွမ်က နည်းနည်း စိုးရိမ်သွားသည်။ သူမက တမင်တကာ ပြသထားခြင်း မဟုတ်ပါပေ။ ထို့အစား နည်းလမ်းတစ်ခုကို တွေးလိုက်သည်။

“ချန်းကောကော ဘာမှ မဝတ်ဘဲ အိပ်တယ်ဆိုတဲ့ အလေ့အကျင့်ကိုသိလား”

စိုးရိမ်သည့် အခိုက်အတန့်တွင် မုရှောင်းနွမ်က ထိုစကားများကို ပြောလိုက်သည်။ ချန်းရန်ကလည်း ဆွံ့အသွားသည်။

ဒီကောင်မလေးက တကယ်ကို ချစ်စရာကောင်းပြီး ရူးကြောင်ကြောင်နဲ့ပါဆို။

“ကောင်းပြီကောင်းပြီ ဒါဝတ်လိုက်”

ချန်းရန်က အဝတ်နိုင်ဆုံး ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ ထိုကောင်မလေးက ရူးကြောင်ကြောင်နှင့် ချစ်စရာလေးဖြစ်သည်။ သူ သူမကို လှည့်ဖြားခဲ့မှန်းပင် မသိပေ။

“အိုး”

ချန်းရန်က တစ်ဖက်လှည့်သည်။ မုရှောင်းနွမ်က နာနာခံခံနှင့် ယူကာ ဝတ်လိုက်သည်။ စောင်အောက်မှ အဝတ်ချင်း ပွတ်တိုက်သံကို ကြားရသည်။

ရှက်စရာကောင်းလိုက်တာ။

မုရှောင်းနွမ်သည်လည်း တစ်ဘဝလုံး မှတ်မိနေလောက်သည်။

“ချန်းကောကော ငါပြီးပြီ”

ဒီတစ်ကြိမ်တွင် ထိုကောင်မလေးက ရေချိုးဝတ်စုံကိုသာ ဝတ်ထားခြင်းမဟုတ်ပေ။ စောင်ဖြင့်ပင် ပတ်ထားသေးပြီး ဖက်ထုပ်လေးနှင့်ပင် တူသည်။ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ခပ်မြန်မြန် ကြည့်ပြီးနောက် အကြည့်ကို လွဲသည်။

မုရှောင်းနွမ်၏ လှပသော မျက်နှာက ရဲနေသည်။ နားရွက်နှင့် လည်ပင်းပင်ရဲနေသည်။ သူမက ရှက်ရွံ့နေပြီး မည်သူ့ကိုမှ မကြည့်ရဲတော့ပေ။ ဒါဟာ ရှက်ရွံ့မှု၏ အကျိုးဆက် ဖြစ်လောက်သည်။ ထိုအချိန်တွင် ဘာစကားကို ပြောရမှန်း မသိတော့ပေ။ အခြေအနေက တိတ်ဆိတ်နေသည်။ ပို၍ပင် ကိုးရိုးကားရားဖြစ်လာသည်။

“ဒါကိုသောက်”

ချန်းရန်က အရင်ဦးဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲကာ စားစရာကိုပေးသည်။

“အိုး”

မုရှောင်းနွမ်က ပန်းကန်လုံးလေးကို ယူသည်။ ငါးဟင်းချိုက နူးညံ့သည်။ အေးလည်း မအေးသလို ပူလည်း မပူသော အနေအထားမျိုးဖြစ်သည်။ ကြွယ်ဝသော အရသာက အရသာခံဖုလေးများကို ချက်ချင်း ပွင့်သွားစေကာ သားရေကျစေသည်။

ရှလွတ်…

သူမက မနေနိုင်ဘဲ အသံခပ်ကျယ်ကျယ် ထွက်သည်အထိ မော့သောက်လိုက်သည်။ သူမက သောက်လေလေ အရသာရှိလေလေ ဖြစ်လာသည်။ အရသာရှိသော မိုးများက မြေကမ္ဘာပေါ်သို့ ရွာသွန်းသကဲ့သို့ ဖြစ်လာသည်။

အရသာရှိလိုက်တာ

နူးညံ့သော ငါးအသားလွှာ၏ မူလအရသာအပြင်အညှီနံ့ကို ဖယ်ထားသောကြောင့် လတ်ဆတ်သော မွှေးရနံ့ သင်းသင်းကိုသာ ရပြီး ပါးစပ်ထဲတွင်လည်း ပျော်ဝင်သွားပုံက လျှာထိပ်ကိုပင် လောင်ကျွမ်းစေမတတ်ဖြစ်သည်။

အရသာရှိလိုက်တာ။

သူမက စကားတစ်ခွန်းပင် မဆိုတော့လေဘဲ အရသာရှိသော ငါးဟင်းချိုကို သောက်ရင်း ငါးအသားလွှာကို နာနာခံခံ စားနေသည်။ ခေါင်းကိုပင် မော့ကာ မကြည့်တော့ပေ။

“ဂလူး ဂလူး ဂလူး”

ထိုကောင်မလေးက ထိုဟင်းချိုကို အလုပ်သေးသေးလေးများဖြင့် သောက်သည်။ ထို့နောက် ထိုပန်းကန်လုံးက ကုန်သွားသည်။

ထိုအချိန်တွင် မုရှောင်းနွမ်က ချန်းရန်ကို ရှက်ရွံ့စွာ ကြည့်ပြန်သည်။

သူ၏ ချောမောသော မျက်နှာက ချောမောလွန်းသဖြင့် သောက်ရမ်းချောမောလွန်းသည်ဟုပင် ပြော၍ ရလောက်သည်။

29 02

မျက်ခုံးကလည်း စာရွက်တစ်ခုအလား ဖြန့်ကျက်နေပြီး နုနယ်ကာ အသေးစိတ်ကျပြီး မနာလိုကြီးစေလောက်သည်။ သူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းကိုလည်းနည်းနည်း ကော့တက်လျှက်သား မြင်ရသည်။ ယုံကြည်မှုရှိပြီး တွန်းလှန်ရန်က ခက်ခဲသော ဟော်မုန်းများကို လွှတ်ထုတ်ထားလေရာ သူမ၏ နှလုံးသားကို အလိုလျောက် လှုပ်ခတ်သွားစေသည်။

“စားလို့ပြီးပြီလား”

ထိုအချိန်တွင် ချန်းရန်က ရုတ်တရပ် ခေါင်းမော့ကာ မုရှောင်းနွမ်ကို ကြည့်သည်။

“အာ”

မုရှောင်းနွမ်က မှင်သက်သွားပြီး ခေါင်းကို အလျှင်စလို ငုံ့သည်။ သူမသည်လည်း‌ နေရာတွင်ပင် ဖမ်းမိသွားသော သူခိုးတစ်ယောက်ကဲ့သို့ ခံစားရသည်။

အား မုရှောင်းနွမ် နင် ဘာတွေ လျှောက်တွေးနေတာလဲ။

ဘယ်လိုဖြစ်ပြီး ဒီလို ညစ်ပတ်တဲ့ အတွေးတွေ ရှိနေတာလဲ။

နင်စားတာ တအားများလို့ ဖြစ်မယ် ဟုတ်တယ်မလား။ ဆိုရိုးစကားက ဘာပါလိမ့်။

ဗိုက်ပြည့်ပြီး နွေးထွေးနေတဲ့အချိန်မှာ တပ်မက်စိတ် ပြင်းလာတယ်ဆိုလား။

ပလက် ပလက် ဖွီ ဖွီ… ဘာတွေလဲ ဘာတွေလဲ ငါမပြောဘူး။

မုရှောင်းနွမ်က ခေါင်းကို ရုတ်တရပ် ခါသည်။ သူမသည်လည်း ထိုအတွေးများကို ခါထုတ်ရန် ကြိုးစားသည်။

“ဒီလောက်ထိ ပြောင်လက်နေတာ”

ချန်းရန်က အနားသို့လာကြည့်ပြီးနောက်မုရှောင်းနွမ်ကို တစ်ချက် ကြည့်သည်။

“ဝိုး…မန်းဒရင်းငါးဟင်းချိုတွေနဲ့ အသားတွေ အားလုံး စားလိုက်တာပဲ”

“ငါ..ငါ အဲဒီလောက် အစားမကြီးပါဘူး”

မုရှောင်းနွမ်၏ အသက်ရှူနှုန်းကပင် လှုပ်ခတ်သွားသည်။ ချန်းရန်က အနားသို့ လာကြောင်း မြင်သည်နှင့် အကြောင်းပြချက်ကို ခပ်မြန်မြန် တွေးတောလိုက်ပြီးနောက် ပြန်ငုံ့ကြည့်လိုက်လေရာ လုံးဝ ပြောင်လက်နေသော ပန်းကန်လုံးကို မြင်ရသည်။

“ဒါကို ကြီးတယ်လို့ ပြောလို့မရဘူးလား”

ချန်းရန်က ရုတ်တရပ် ထိပ်လန့်သွားသည်။

ဒီပန်းကန်လုံးက မကြီးသေးဘူးဆိုရင် ဘယ်လိုဟာကို ကြီးတယ်လို့ ပြောတာလဲ။

အာ…သူမကိုယ်တိုင်ကတော့ကြီးတာ အမှန်ပဲ။

“ငါ…ငါ…ငါ…ငါ”

မုရှောင်းနွမ်က စိုးရိမ်စိတ်များသွားသည်။ ဒါဟာ ဒီနေ့ ချန်းကောကောငါ့ကို ဒုတိယအကြိမ်မြောက် အထင်မှားတာပဲ။ သို့သော် သူမသည်လည်း စီနီယာအစ်ကိုချန်း၏ အပြုံးတဝက် မျက်နှာကို မြင်ပြီးနောက် ရုတ်တရပ် အသိဝင်သွားသည်။

လက်စသတ်တော့ စီနီယာအစ်ကိုချန်းက နောက်နေတာကိုး။

ယခင်က သူမသည် မည်သို့မည်ပုံ ဒုက္ခခံခဲ့ရကြောင်း ပြန်တွေးရသည့်အပြင် သူမ၏ မြင်သွားသည့် အဖြစ်အပျက်ကိုပါ သတိရသွားပြီးနောက် တစ်စုံတစ်ရာကို သိလိုက်သည်။

ဟုတ်သားပဲ ဘာလို့ အဝတ်အစား မဝတ်ထားတာလဲလို့ ဘာလို့ မေးတာလဲ။

ဟွန့် ကောင်းလိုက်တာ နှစ်ကြိမ်တောင် စီနီယာအစ်ကိုချန်းက ဒီလိုလူမှန်းမထင်ထားဘူး။

လူဆိုးကောင်။

မုရှောင်းနွမ်က စိုးရိမ်စိတ်လည်း များမိသလို ဒေါသလည်းထွက်နေသည်။

ဟွန့် အရမ်းဆိုးတာပဲ။

သို့ရာတွင် မုရှောင်းနွမ်သည်လည်း အမှန်တကယ် ဒေါသကို မခံစားရပါပေ။ ထို့အစား ဖျော့တော့သည့် လျှို့ဝှက်အပျော်ကိုပင် ခံစားမိသေးသည်။

“ငါ အရင်ပြန်တော့မယ်”

ချန်းရန်ကလည်း ထိုကောင်မလေး၏ မျက်နှာ ပြောင်းလဲမှုကို မြင်သည်။ ထိုကောင်မလေးကလည်း သူက သူမကို အနိုင်ကျင့်ခဲ့သည့် အကြောင်းပြချက်ကို ရှာတွေ့သွားမှန်းသိလိုက်ပြီး ထွက်ပြေးရန် အကြောင်းပြချက်ပေးလိုက်သည်။

“မသွားနဲ့”

မုရှောင်းနွမ်က ရုတ်တရပ် လွှမ်းမိုးမှုအပြည့်နှင့် လှမ်းပြောသည်။

ချစ်စရာကောင်းသော ကောင်မလေးက တစ်ခါတစ်ရံတွင်လည်း အလွန်အမင်း ချစ်စရာကောင်းလွန်းသည့် သူဌေးမ ပုံစံမျိုးကို ပြတတ်သည်။

ထိုကောင်မလေး ဒေါသထွသည့် ပုံစံလေးက ရယ်စရာလေးဖြစ်သည်။ သူမက အမှန်တကယ်အားဖြင့် ဒေါသမထွက်လောက်သော်လည်း သူမကို အနိုင်ကျင့်ထားသော ထိုလူဆိုးကောင်ကို အလွယ်တကူ လွှတ်ပေးမည်ဟု မဆိုလိုပေ။

“ငါ ရုတ်တရပ် အဆုံးသတ်ရမယ့် ပန်းချီကားရှိတာကို သတိရသွားပြီ”

ချန်းရန်ကလည်း မတုံးပေ။ ထိုကောင်မလေးက သူ့ကို စာရင်းရှင်းချင်မှန်းသိသည်။

ဟွန့် မဖြစ်နိုင်ဘူး။

29 03

ဂလူး ဂလူး ဂလူး။

ထိုအချိန်တွင် မုရှောင်းနွမ်၏အစာအိမ်က လှုပ်သွားပြီး မျက်နှာက ရုတ်တရပ် ပြောင်းသွားသည်။

“အာ ငါ…ငါ ဟင်းချိုတွေ အများကြီး သောက်လိုက်တာ”

ထိုခံစားချက်က ရုတ်တရပ်ရောက်လာသည်။ အလွန်လည်း ပြင်းထန်သည်။ သူမက ဖိနှိပ်လိုသည်။ သို့သော် မဖြစ်နိုင်တော့ပေ။

“မသွားနဲ့”

ချန်းရန်က ထွက်သွားပြီး တံခါးကို ပိတ်တော့မည့် အချိန်တွင် အိပ်ယာပေါ်တွင် လှဲနေသော မုရှောင်းနွမ်က ရုတ်တရပ် အံကိုကြိတ်ပြီး လိမ္မာသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ အသနားခံသော အသံမျိုးနှင့် လှမ်းပြောသည်။

“ကောင်းကောင်းနားပြီး အိပ်ယာစောစောဝင်တော့လေ ငါ မနက်ဖြန်မနက်မှ အပ်စိုက်ဖို့လာမယ်”

ချန်းရန်က တစ်ဖက်သို့လှည့်ပြီး တံခါးပိတ်ရန် ကြံသည်။ သို့သော် တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် ထိုကောင်မလေး၏ သနားစဖွယ်မျက်လုံးလေးကို မြင်လိုက်သည်။ သူမက စိုးရိမ်စိတ်များနေပုံရသည်။ သူသည်လည်း ရုတ်တရပ် တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်သည်။ သူမ၏ ပထမတစ်ခေါက်က မသွားနဲ့ဆိုသောအသံနှင့် နောက်တစ်ခေါက် မသွားနဲ့ဆိုသော အသံက နည်းနည်း အပြောင်းအလဲရှိသည်။ လေသံကလည်း အများကြီးပြောင်းသွားသောကြောင့် ချန်းရန်၏ လေသံကလည်း ပြောင်းသွားသည်။

“မသက်မသာဖြစ်နေလို့လား”

“ယောက်ျား”

မုရှောင်းနွမ်၏ အသံလေးက တိုးတိုးလေးဖြစ်သည်။ လှပသော မျက်နှာလေးကလည်း ရဲနေပြီးခပ်တိုးတိုးပြောသည်။

“ငါ့ကို ခဏလောက် သယ်ပေးချပေးပါအုံးနော်”

“ဘာလုပ်မလို့လဲ”

ချန်းရန်ကလည်း မှင်သက်ပြီး အကြံပင်ပေးလိုက်သည်။

“ဒူးခေါင်းက မသက်သာသေးဘူးလေ လှုပ်ရှားသွားလာဖို့ အဆင်မပြေဘူး”

“ငါရေချိုးခန်းသွားချင်တာ”

မုရှောင်းနွမ်က စိုးရိမ်စိတ်များလွန်းသဖြင့် နဖူကပင် ချွေးပြိုက်ပြိုက်ကျနေသည်။ သူမက ရုတ်တရပ် အော်လိုက်သည်။ ချန်းရန်က မှင်သက်သွားသည်။

“မြန်မြန်လေး ငါ….”

မုရှောင်းနွမ်က နှုတ်ခမ်းကို တင်းတင်း ကိုက်ထားသည်။ ကြည့်ရသည်မှာ သူမသာ မသွားလျှင် မတောင့်ခံနိုင်လောက်တော့ပေ။

“အာ‌ ကောင်းပါပြီ”

ချန်းရန်ကလည်း တုံ့ဆိုင်းမနေတော့ပေ။ သူသည်လည်း အထူးတလည် ဂရုမစိုက်ပါပေ။ မုရှောင်းနွမ်ကိုသာ ကောက်ပွေ့လိုက်ပြီး ရေချိုးခန်းထဲသို့ အလျှင်အမြန် ပြေးသွားလိုက်သည်။

******

All Chapters