← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

30 01

အပိုင်း (၃၀) ခွေးကိုက်တာ

ရေချိုးခန်းဝတ်စုံကို တင်းတင်းကြပ်ကြပ် ပတ်ထားသော ထိုကောင်မလေးက ဒီတစ်ကြိမ်တွင်မူ အဓိက နေရာများကို ကာနိုင်သွားသည်။ သို့သော် ဒါကလည်း ရှက်စရာကောင်းသည်။

မုရှောင်းနွမ်အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ယခုလို အလျှင်လိုမှုမျိုးကို ကြုံတွေ့ရခြင်းဖြစ်သည်။ သို့သော် ကံကောင်းသည်မှာ စီနီယာအစ်ကိုချန်းက အနားတွင် ကပ်လျှက်ရှိနေသည်။

“ဒါဆိုရင် ငါအပြင်မှာ စောင့်မယ်နော်။ မစိုးရိမ်နဲ့”

ချန်းရန်က တံခါးကို ပိတ်ပြီး အပြင်တွင် တိတ်တဆိတ်စောင့်သည်။

သိပ်မကြာခင်တွင်။

ဝရော…

အတွင်းမှ ရေကျသံကို ကြားပြီး ချန်းရန်၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်သွားသည်။ သူသည်လည်း တစ်ရက်တွင် ဒီကိစ္စနှင့် ပတ်သက်ပြီးရှက်ရမည်ဟု မထင်ထားမိပေ။

နည်းနည်းတောင် မျက်နှာပူတယ်။

“ရပြီ”

သိပ်မကြာခင်တွင် မုရှောင်းနွမ်၏ ရှက်ရွံ့သောအသံက ထွက်ာလသည်။

“လာပြီ လာပြီ”

ချန်းရန်က တံခါးကို တွန်းဖွင့်လိုက်သောအခါ အိမ်သာပေါ်တွင် ထိုင်နေသော ကောင်မလေးက ခြေထောက်ကို တင်းတင်းကပ်ထားပြီး ခေါင်းကို ငုံ့၍ တိုက်ရိုက်မကြည့်ရဲသော ပုံစံမျိုးဖြင့် ရှိနေကြောင်း မြင်ရသည်။ လေထုအခြေအနေက နည်းနည်း မျက်နှာပူစရာ ဖြစ်သွားပြန်သည်။

“ဒါ…”

မုရှောင်းနွမ်က ယခုလို အခြေအနေမျိုးမှချိုးဖောက်လိုသေးသည်။ သို့သော် ရုတ်တရပ် ချန်းရန်၏ လက်ညိုးကို ဝှက်ထားကြောင်း မြင်လိုက်ပြီး ပြောလိုက်သည်။

“ချန်းကောကော လက်ညိုးက ဘာဖြစ်တာလဲ”

“အာဒါက …”

ချန်းရန်က ပြန်ဖွက်သည်။ သူက ဖွက်ထားလိုသည် သို့သော် ထိုကောင်မလေးက မြင်သွားသေးသည်။

“ခွေးကိုက်တာ”

ချန်းရန်က ပေါက်ကရ စပြောသည်။

“ငါ ငါးဖမ်းတုန်းက မန်ထုံက ငါ့ဆီက လုချင်တာလေ။ အဲ့ဒီလိုနဲ့ မတော်တဆ ကိုက်မိသွားတာ”

“အာ အရမ်းပြင်းတာလား”

မုရှောင်းနွမ်၏နှလုံးသားက တင်းကြပ်သွားသည်။ သူမက စိုးရိမ်တကြီးမေးသည်။

“အရမ်းပြင်းတာလား အရမ်းပြင်းလို့လား အဆင်ပြေရဲ့လား”

“ပြေပါတယ် ဆေးထည့်ပြီးပြီ”

ချန်းရန်က ဂရုမစိုက်သလို ပြောသည်။

“အဲဒီသောက်ကျိုးနည်း မန်ထုံကတော့ တအားလွန်တာပဲ”

မုရှောင်းနွမ်က အလွန်ဒေါသထွက်သွားသည်။ သူမ ရေနစ်ရသည်မှာလည်း ထိုအကောင်နှင့် ပတ်သက်သည်။ အဆိုးဝါးဆုံး ကိစ္စက သူမ၏ ချန်းကောကောကိုပင် ထိခိုက်အောင် လုပ်သေးသည်။

ဟွန့် နောက်တော့မှ ငါ ဒီကောင့်ကို စာရင်းရှင်းရမယ် လုံးဝ မလွှတ်ပေးဘူး။

“ဝု ဝု ဝု”

စံအိမ်၏ ထောင့်တစ်နေရာမှ မန်ထုံက သမ်းနေရာမှ ရုတ်တရပ် တစ်စုံတစ်ရာကို ခံစားမိပြီး ဟောင်သည်။ ခွေး၏မျက်လုံးထဲတွင် သံသယဝင်စိတ်ကိုလည်း မြင်နိုင်သည်။ ခွေးအမွှေးကပင် နည်းနည်းအေးသွားသည်။

“တော်ပြီ တော်ပြီ အဲ့ဒီကောင်လေးက နည်းနည်းဆိုးတာပါ။ နောက်ပြီး သူက ခွေးလေ အဲဒီလောက်ကြီး အလေးအနက် မထားပါနဲ့”

ချန်းရန်က ခပ်တိုးတိုးပြောလိုက်သည်။

“ငါမင်းကို အရင်ပြန်ပို့ပေးမယ်”

30 02

“ဟုတ်ကဲ့”

မုရှောင်းနွမ်က ကျွမ်းကျင်စွာနှင့် လက်မောင်းကို ဆန့်ပေးသည်။ သိသာစွာပင် သူမသည်လည်း ဒီရက်များအတွင်း မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီခံရသည်အား အသားကျနေလေပြီ။ သို့သော် ချန်းရန်၏ ဒဏ်ရာရနေသော လက်ညိုးကို မြင်ချိန်တွင် မုရှောင်းနွမ်က နည်းနည်း ရင်နာသည်။

စီနီယာအစ်ကိုချန်းက ငါ့ကြောင့် ဒဏ်ရာရတာ။ ငါ့အတွက် ငါးဟင်းချိုချက်ပေးတာ ကြောင့်သာ မဟုတ်ရင် မန်ထုံက ကိုက်မှာ မဟုတ်ဘူး။

စီနီယာအစ်ကိုချန်းကို ကျေးဇူးတင်ရမယ်။

မုရှောင်းနွမ်က စိတ်ထဲတွင် လျှို့ဝှက်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“တင် ပိုင်ရှင်ကိုလည်း [သက်သာတာဝန်] ကို ပြီးမြောက်သွားတဲ့တွက် ဂုဏ်ယူပါတယ်”

“တင် ပိုင်ရှင်ကိုလည်း ဆုလာဘ်ဖြစ်တဲ့ : ထိပ်တန်းအဆင့် TCM အမွေဆက်ခံမှု x1 ကို ဆုလာဘ်အဖြစ် ချီးမြင့်လိုက်ပါတယ်”

“တင် ပိုင်ရှင်ကိုလည်း [ထိပ်တန်းအဆင့် TCM အမွေအနှစ်]နှစ်ကို ထည့်သွင်းမည် ဖြစ်ကြောင်း အတည်ပြုပါတယ်။”

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ထိပ်တန်း TCM ရဲ့ ဆက်ခံသူ ဖြစ်သွားပါတယ်”

ချန်းရန်က မုရှောင်းနွမ်ကို ပြန်ပို့ပြီးချိန်တွင်ပင် သူ၏ စိတ်ထဲတွင် စနစ်၏ အသံက ထွက်လာသည်။ သူသည်ပင် ဒီစွမ်းရည်အသစ်နှင့် ပတ်သက်ပြီး ထူးခြားသော ခံစားချက်ကို ရလိုက်သည်။

“ထိပ်တန်းအဆင့် TCMအမွေဆက်ခံမှု”

ထိုစွမ်းရည်က အမှန်ပင် အင်အားကြီးမားသည်။ ဒါဟာ ဒဏ္ဍာရီလာ သေသူကို ပြန်ရှင်စေနိုင်သည့် လောကကို တုန်လှုပ်စေသည့် စွမ်းရည်မျိုးလည်း ဖြစ်သည်။

ဆေးပင်တွေကိုတောင် ငါ ခံစားမိတယ်။ မူရှောင်းနွယ်ရဲ့ဒူးခေါင်းက ရက်အနည်းငယ်လောက်ဆိုရင် သက်သာလောက်တယ်။

ချန်းရန်က တွေးတောလိုက်သည်။ ဆေးအစာက ခန္ဓာကိုယ်က လည်ပတ်မှုကောင်းမွန်စေသလို ခန္ဓာကိုယ်အတွက်လည်း သန်မာစေသည်။

မုရှောင်းနွမ်၏ ဒဏ်ရာကို စိုးရိမ်ရန် မလိုအပ်လောက်တော့ပေ။

“ဟယ်လို ရှောင်ရွှယ်လား။ ဘာဖြစ်တာလဲ”

မုရှောင်းနွမ်က အိပ်တော့မည့် အချိန်တွင်ပင် ဖုန်းက မြည်လာသည်။ သူမ၏ သူငယ်ချင်း ကောင်း ယန်ရွှယ်က ဖုန်းခေါ်ခြင်းဖြစ်သည်။

“ရှောင်းနွမ် နင် ဒူးခေါင်းဒဏ်ရာရထားတယ်လို့ ငါကြားတယ်။ အရမ်းပြင်းထန်လား နင်အဆင်ပြေရဲ့လား မြန်မြန်ပြော”

ယန်ရွှယ်၏ အသံက အလျှင်စလိုနိုင်သည်။ ပုံမှန်ထက်ပင် လေးနက် တည်ကြည်နေသည်။ မုရှောင်းနွမ်ကလည်း တစ်ဖက်သူ၏ စိုးရိမ်စိတ်များနေပုံကို သိနိုင်သည်။

“အင်း အရမ်းနာတာပဲ ငါ သေတော့မယ် ထင်တယ်။ ရှောင်ရွှယ် ငါ…ငါနင့်ကို ငါ့ရဲ့ နောက်ဆုံး သေတမ်းစာကို ပြောခဲ့မယ်နော်”

မုရှောင်းနွမ်က စနောက်ချင်သွားသည်။ သူမ၏ အသံကပင် ချဲ့ကားလွန်းနေပြီး ယန်ရွှယ်ကို နောက်သည်။

အခြားတစ်ဖက်က မှင်သက်သွားပြီးနောက် မည်သည့်အသံကိုမှ မကြားရတော့ပေ။

“ဟုတ်လား ဒါဆိုရင်လည်း ရှောင်းနွမ် သေတမ်းစာကို မြန်မြန်ရေးလေ။ နင်အချိန်မဖြုန်းနဲ့တော့ နင်ရေးလို့ မပြီးသေးခင် သေသွားရင် ဘယ်လိုလုပ်မ။လဲ ငါ နင့်ရဲ့ အလုပ်ကိစ္စတွေ နှောင့်နှေးမှာကို စိုးရိမ်တယ်။ ငါ အရင်ဖုန်းချလိုက်မယ်”

ယန်ရွှယ်ကလည်း အလွန်စိုးရိမ်ချင်ဟန်ဆောင်ပြီး ဂရုစိုက်သော လေသံမျိုးနှင့် ပြောသည်။

“သောက်ကျိုးနည်း ရှောင်ရွှယ် ငါ့ဖုန်းကို ချရဲတယ်”

30 03

မုရှောင်းနွမ်က ရယ်သည်။ ဒါက ဘယ်လို ပလပ်စတစ်ညီအစ်မ ချစ်ခြင်းလဲ ဟမ် သူပြောတာကို ကြည့်စမ်းပါအုံး ဒါက လူစကားလား လူကို သေမှာ မစောင့်နိုင်တော့သလိုနဲ့။

“ဟွန့် နင်အခုလေးတင် နေမကောင်းနေတာ မဟုတ်ဘူးလား။ ဘာလို့ ဟန်ဆောင်နေတာလဲ”

ယန်ရွှယ်က နှာခေါင်းရှုံ့သည်။

“နင်ငါ့ကို ငိုအောင် လှည့်ဖြားနေတာမလား။ ငါသိပါတယ် နင်ငါးဟင်းချို တစ်ခွက်ကို သောက်ရုံနဲ့ ဘယ်လိုဖြစ်ပြီး ထိုင်းမှိုင်းသွားတာလဲ”

“ကျွတ် နင် ဖုန်းပေါ်မှာ ဘာတွေ ပြောနေတာလဲ။ ပြောစရာရှိရင် ပြောလိုက် မဟုတ်ရင် ငါဖုန်းချတော့မယ်”

ယခုအခါ မုရှောင်းနွမ်ဖက်က ဖုန်းချရန် ခြိမ်းခြောက်ပြီ ဖြစ်သည်။

“သောက်ကျိုးနည်း ကောင်မလေး အတောင်ပေါက်လာပြီပေါ့လေ။ ဖုန်းကိုတောင် ချရဲတယ်”

မမျှော်လင့်ထားစွာပင် အခြားတစ်ဖက်မှ ဒေါသတကြီး ပြောနေသော အသံက ထွက်လာသည်။ အသံကို အလွန်ရင်းနှီးနေသည်။ ယန်ရွှယ်၏ ပျင်းတိပျင်းရွဲ့အသံ မဟုတ်လေဘဲ မိခင်ဖြစ်သူ၏ အသံဖြစ်သည်။

“မား”

မုရှောင်းနွမ်က ခေါ်ကြည့်သည်။

“ကိုယ့်မားကိုယ် သိသေးတယ်ပေါ့”

ဖုန်းတစ်ဖက်မှ အသံက အလျှင်စလိုနိုင်ပြီး စူးရှသည်။

“နင် ကောင်မစုတ်လေး လက်ထပ်ထားတာတောင် ငါတို့ကို မပြောဘူး။ နောက်ပြီး အဲ့ဒီနေ့ကတည်းက ဖုန်းတောင် မခေါ်တော့ဘူး။ နင့်ရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေတာလဲ”

သိသာစွာပင် မိခင်ဖြစ်သူ လျှိုရှောင်းရှီဖြစ်သည်။ ထိုနာမည်က အတော်လေးကို ပညာရှင်ဆန်သည်။ သို့သော် စိတ်နေသဘောထားကမူ အတော်လေး ပူပြင်းသည်။

“မား…ငါ့ရဲ့ချစ်ရတဲ့ မား ဒေါသမထွက်ပါနဲ့။ မားရဲ့ ဒီသမီးလေးက အခု ဖုန်းပြောနေတယ်လေလို့”

မုရှောင်းနွမ်၏ အသံက ချိုမြိန်ပြီး နူးညံ့သည်။ နားထောင်၍လည်း အလွန်ကောင်းသည်။ သူမက ချွဲသောအခါ အလွန်အမင်းကို ချစ်စရာကောင်းသည်။ သို့သော် စိတ်ထဲတွင်မူ ကျိန်ဆဲနေသည်…ဟင် အကျင့်မကောင်းတဲ့ ရှောင်ရွှယ် အမေရှိနေတာတောင် ကြိုမပြောဘူး။

[ကောင်းပြီ ကောင်းပြီ ငါ့အချစ်လေး ကလေးကို ဒေါသမထွက်ပါနဲ့ မေးစရာရှိတာ မေး]

အခြားတစ်ဖက်မှ လေးနက်သောအမျိုးသားတစ်ယောက်၏ အသံထွက်လာသည်။ မုရှောင်းနွမ်၏ ဖခင် မုချန်းဖုန်းဖြစ်သည်။

“ရှောင်းနွမ် ငါကြားတာတော့ နေမကောင်းဘူးဆို ဘယ်နေရာက ဒဏ်ရာရသွားတာလဲ”ုမုချန်းဖုန်းက နူးညံ့လွန်းသော လေသံမျိုးနှင့် လှမ်းပြောသည်။

“ပါး ငါ အဆင်ပြေပါတယ် ဒီအတိုင်း ဒူးခေါင်းနည်းနည်း ထိသွားတာ ရက်အနည်းငယ်လောက် နားလိုက်ရင် ကောင်းသွားမှာ”

“ဘာ ဒူးခေါင်းထိတယ်”

ရုတ်တရပ် အခြားတစ်ဖက်ခြမ်းမှ အသံက မတည်ငြိမ်တော့ပေ။

မားလျိုရှောင်းရှီက ဖုန်းကို လှမ်းလုပြီး စိုးရိမ်တကြီးပြောသည်။

“သမီး ဆေးရုံသွားတော့ ဆရာဝန်က ဘာပြောလဲ အရမ်းပြင်းလား”

“အိုး အဆင်ပြေပါတယ် ဆေးရုံမသွားဘူး”

မုရှောင်းနွမ်က ဂုဏ်ယူစွာပြောသည်။

“သမီးယောက်ျားက အပ်စိုက်ကုထုံးသိတယ်လေ။ သူက ရက်အနည်းငယ်လောက် နားလိုက်ရင် ကောင်းသွားမယ်လို့ ပြောတယ်”

30 04

“ဘာ အပ်စိုက်တယ် ဆေးရုံမသွားဘူးလား”

လျိုရှောင်းရှီ၏ အသံက ပို၍ပင် ထိပ်လန့်နေပုံရသည်။

“ဘယ်လိုလို့ ဖြစ်မှာလဲ သမီး နင် ဘယ်သူနဲ့ လက်ထပ်ထားတာလဲ။ ငါ့ကို ရိုးရိုးသားသားပြောစမ်း ဘယ်လိုတောင်မှ အားကိုးလို့ မရတဲ့ကောင်လဲ”

“အရိုးတောင် ထိသွားတာကို ဆေးခန်းမသွားဘူးဆိုတော့ ရှောင်းနွမ် အဲဒီကောင်ကို ဖုန်းပေးလိုက်စမ်း”

မုချန်းဖုန်းကလည်း ဒေါသထွက်သွားသည်။

ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကို ဘာလို့ ဆေးခန်းမသွားရမှာလဲ ဒီကောင်ကတော့လေ။ ယောက်ျားတစ်ယောက် ဖြစ်ပြီး တာဝန်ယူစိတ်ကို မရှိဘူး ဟွန့် အဲ့ဒီကောင်နဲ့ စကားကောင်းကောင်းပြောရမယ်။

“အာ အဲ့ဒီလောက်ထိ မပြင်းထန်ပါဘူး မစိုးရိမ်ပါနဲ့”

မုရှောင်းနွမ်ကလည်း ပြောပြီးပြီးချင်း နောင်တရသွားသည်။ သူမကလည်း ခင်ပွန်းဖြစ်သူအကြောင်း ပြောသောအခါ အမြှီးက အမိုးပေါ်သို့ ထောင်သွားတတ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် မိဘများက ဒေါသထွက်သွားသည်။

အာ…ကြွားလို့တောင်မရဘူး။

“မစိုးရိမ်ပါနဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကောင်မလေး နင်က တိုင်းပြည်မှာ တစ်ယောက်တည်း ငါတို့က ဘယ်လိုများ မစိုးရိမ်ဘဲ နေမှာလဲ။”

လျိုရှောင်းရှီက အသံကို မြှင့်သည်။

“ယောက်ျား ဆွေးနွေးစရာရှိတာတွေ ဆွေးနွေးပြီးရင် နိုင်ငံကို ဒီလထဲမှာပဲ ပြန်ရအောင်”

“ဟင် မလာနဲ့”

မုရှောင်းနွမ်က ရုတ်တရပ် ထိတ်လန့်သွားသည်။ ဘာလို့ အစောကြီးလာမှာလဲ သူမနဲ့ စီနီယာအစ်ကိုချန်းက မတွဲရသေးဘူးလေ။

နောက်ပြီး သူတို့ရဲ့ ဆက်ဆံရေးကို သိသွားမယ်ဆိုရင် ဒုက္ခရောက်ကုန်မှာပေါ့။

“ပါး မား ငါပြောမယ်နော် ငါ့ယောက်ျားနဲ့ ငါက အရမ်းကို ပျော်နေကြတာ မားတို့ စိုးရီမ်စရာ မလိုဘူး မားတို့ ဒီအတိုင်းပဲ နှစ်ယောက်တစ်ကမ္ဘာပဲ နေကြပါ”

မုရှောင်းနွမ်က ရိုးသားစွာနှင့် အကြံပေးသည်။

“ဆိုရိုးစကားတစ်ခုလိုပေါ့ လက်ထပ်သွားတဲ့ သမီးတစ်ယောက်က ဖိတ်စင်သွားတဲ့ ရေလိုပဲ ပြန်ဆယ်လို့ မရဘူး။ မားတို့ရဲ့ သမီးက ပျော်နေပါပြီ”

“မုရှောင်းနွမ် နင်တော်တော်လေးကို ဂုဏ်ယူနေတယ်ပေါ့ ဟုတ်လား ထပ်ပြောလိုက်စမ်း”

[ရှောင်းနွမ် အမေကို ဒေါသထွက်အောင် မလုပ်နဲ့လေ ကောင်းကောင်းပြော]

“မစိုးရိမ်ပါနဲ့လို့”

“ငါ့ကို မပြောနဲ့ ငါ ဒီနေ့ ဒီကောင်မလေးကို သင်ခန်းစာပေးရမယ် ဟွန့်”

တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်နှင့် မုရှောင်းနွမ်၏ နားရွက်က ချက်ချင်းဆိုသလိုပင် လှုပ်ခတ်သွားသည်။ သူက ချက်ချင်းဆိုသလို ပြောသည်။

“မား ပါး ငါ…ငါ့ယောက်ျားက အိပ်ယာဝင်ဖို့ ခေါ်နေပြီ။ ငါတို့တွေ အံ့အားသင့်စရာကောင်းပြီး မမေ့နိုင်တဲ့ ညကိုကုန်ဆုံးရအုံးမှာလေ ဖုန်းချလိုက်တော့မယ်နော်”

ပီ ပီ ပီ

မုရှောင်းနွမ်က ဖုန်းကို ခပ်မြန်မြန် ချလိုက်သည်။

“သွားပြီ သွားပြီ သွားပြီ။ ဒီလေသံ အရတော့ မလွတ်တော့ဘူးထင်တယ်။”

မုရှောင်းနွမ်ကလည်း စိုးရိမ်စိတ်များသွားသည်။ သူမ၏ မိဘများကလည်း သူမကို အလွန်အမင်း ဂရုစိုက်မှန်းလည်းသိသည်။ ထို့ကြောင့် ရုတ်တရပ် လာတွေ့သည်ကလည်း ဖြစ်နိုင်သည်။

30 05

“ကြည့်ရတာ ဒီကိစ္စကို အလေးအနက်ထားပြီး စဉ်းစားဖို့ လိုအပ်နေပြီ။ သူတို့ ဘာလက္ခဏာမှ မြင်သွားလို့ မဖြစ်ဘူး”

မုရှောင်းနွမ်က မနက်ဖြန် ချန်းကောကောနှင့် ကောင်းကောင်း ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည်လည်း အတတ်နိုင်ဆုံး ပြင်ဆင်ပြီး ရှာမတွေ့သွားအောင် လုပ်ရပေမည်။

“ဟွန့် ဒီကောင်မလေးက ငါ့ကို သေအောင် ဒေါသထွက်အောင် လုပ်နေတာပဲ”

ထိုအချိန်တွင် ပြည်ပရှိ အဆင့်အတန်းမြင့် စံအိမ်ကြီးတစ်ခုတွင် လျိုရှောင်းရှီက ဒေါသတကြီး စားပွဲကို ကောက်ရိုက်သည်။ သူမ၏ မျက်နှာက ဒေါသကြောင့် ရဲတက်လာသည်။ လက်ဖဝါးကပင် တုန်နေသည်။

“အချစ်လေး စိတ်အေးအေးထား‌ ရှောင်းနွမ်က သေချာ နားမလည်တဲ့ ကလေးလည်း မဟုတ်တော့ဘူးလေ။ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုရင် သေချာပေါက် စိတ်အေးအေးနေမှာ မဟုတ်ပါဘူး။”

မုချန်းဖုန်းက ဇနီးဖြစ်သူ၏ ပခုံးကို အသာပုတ်ပေးပြီး ချော့ရသည်။

“ဟုတ်တယ် ဒေါ်လေး ဦးလေးပြောတာ မှန်တယ် ရှောင်းနွမ်က နာမှာ အကြောက်ဆုံးပဲ နောက်ပြီး အခု ဖုန်းပေါ်မှာ ခုန်ပေါက်နေပုံ ထောက်ရင် ကောင်းနေလို့ ဖြစ်မှာပေါ့”

ယန်ရွှယ်ကလည်း နှစ်သိမ့်ပေးသည်။ မုချန်းဖုန်းက တိတ်ဆိတ်ကာ တည်ငြိမ်သောသူ ဖြစ်သည်။ သို့သော် သူသည် အဓိက ကိစ္စကို ရင်ဆိုင်ရသောအခါ တည်ငြိမ်သည်။ သူ၏ ဆုံးဖြတ်ချက်ကလည်း အမြဲတစေ တိကျသည်။

“ဟွန့် နင်တို့က အရမ်းသတိမဲ့တာပဲ”

လျှိုရှောင်းရှီက မုချန်းဖုန်းကို ခက်ထန်စွာ ကြည့်သည်။ သူမ၏ လေသံထဲတွင် ငိုသံပါ ပါသည်။

“ငါ့သမီးရဲ့ ဒူးခေါင်းက ဒဏ်ရာရထားတာ နောက်ပြီး လက်ထပ်တာကိုလည်း ငါတို့ကို မပြောဘဲနဲ့ ခိုးပြီး လက်ထပ်သွားတယ် ငါတို့က မိဘတွေ ဖြစ်ပြီး ဘယ်လောက်တောင် အသုံးမကျလိုက်လဲ ဝူး ဝူး ဝူး”

လျှိုရှောင်းရှီသည် အပေါ်ယံတွင်သာ သန်မာသော အမျိုးသမီးဖြစ်သည်။ တူညီသော မျိုးဆက်ဖြစ်ပြီး မုရှောင်းနွမ်နှင့် တူညီသည်။ သူမ၏ စိတ်သဘောထားက နူးညံ့သည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါတို့ ဒီအပတ်ပြန်မယ် ဟုတ်ပြီလား”

မုချန်းဖုန်းက လျှိုရှောင်းရှီကို ဖက်၍ ကျောကို အသာပုတ်ပေးသည်။ သူ၏ မျက်နှာက ညင်သာမှုများ ပြည့်နှက်နေသည်။

“အခုက အချိန်ကိုက်ပဲ ငါတို့ရဲ့ သားမက်နဲ့ တွေ့ရမယ်”

“အင်းးး”

လျှိုရှောင်းရှီက တက်တက်ကြွကြွနှင့် ခေါင်းညိတ်သည်။ သူမက အသက်ငါးဆယ်နီးပါးဖြစ်သည်။ သို့သော် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ချုံစမ်းကို ဝတ်ဆင်ကာ ပုလဲဖြူလည်ဆွဲနှင့် တွဲစပ်ထားသောအခါ အသားအရေကပင် တင်းရင်းနေကာ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်ဟု ထင်ရသည်။ သူမက ကောင်းကောင်း ထိန်းသိမ်းထားသည်။ ထို့အပြင် အကနှင့် ဂီတအသိုင်းအဝိုင်းထဲမှ အနုပညာရှင်ဆန်သော ကာလများကြောင့် ဖြစ်လောက်သည်။

“ငါ ပြန်သွားပြီးရင် အလုပ်အကြောင်းတွေ ရှင်းပြထားလိုက်မယ်။ အခုတလော ဈေးကွက်မှာ ဆေးသစ်တစ်မျိုး ပေါ်နေတာ ငါ အဲဒါကို ကြည့်ရမယ်”

မုချန်းဖုန်းက လျှိုရှောင်းရှီကို နှစ်သိမ့်ပေးပြီး ကုမ္ပဏီသို့ ပြန်သွားသည်။ သူသည်လည်း တရုတ်သို့ ပြန်ရန် အချိန်ကိုက် စီစဉ်ရပေမည်။

“ရှောင်ရွှယ် ဒီကို လာပါအုံး”

မုချန်းဖုန်း ထွက်သွားသည်နှင့် ယန်ရွှယ်က ထွက်သွားတော့မည့် အချိန်တွင် လျှိုရှောင်းရှီက သူမကို တားသည်။

“မြန်မြန်လေး နင့်ရဲ့ဒေါ်လေးကို ပြောပြစမ်းပါအုံး ရှောင်းနွမ်ရဲ့ ယောက်ျားက ဘယ်လိုလူမျိုးလဲ”

“အာ ဒေါ်လေးလည်း ရက်အနည်းငယ်နေရင် တွေ့ရတော့မှာ မဟုတ်ဘူးလား ကိုယ်တိုင် တွေ့မှ ကြည့်ကြည့်ပါလား”

30 06

ယန်ရွှယ်က အားတင်ကာ ပြုံးသည်။

ရှောင်းနွမ်ရဲ့ ယောက်ျား ဟုတ်လား အင်း တော်တော်တော့ တော်မယ့် ပုံပဲ။ ဒါပေမဲ့ ပြောရမယ်ဆိုရင် သူတို့က ခံစားချက်ပိုင်းဆိုင်ရာ တည်ဆောက်ထားတာမျိုးလည်း မရှိသေးဘူးဆိုတော့ အခုက သရုပ်ဆောင်နေတာလေ ဘယ်လို ပြောရမှာလဲ။

“ငါ့ကို ပြောစမ်းပါ နင့်ဒေါ်လေးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား”

လျှိုရှောင်းရှီက စိုးရိမ်ပူပန်သွားပြီး ချန်းရန်၏ အခြေအနေကို မေးမြန်းရန် ကြံစည်သည်။ သူမက ပြုံးရင်း ယန်ရွှယ်ကို ဆွဲထားသည်။

“မစိုးရိမ်နဲ့ ငါ့ကို ပြော ဒေါ်လေးက လျှို့ဝှက်ချက် အဖြစ်ထားပေးမယ်”

သေစမ်း…

ရှောင်းနွမ် နင်ငါ့ကို တကယ် ထိခိုက်အောင် လုပ်လိုက်တာပဲ။ ငါနင့်ကို ဘယ်လို လျှော်ကြေးတောင်းမလဲ ကြည့်နေ။

ယန်ရွှယ် ခါးသီးစွာ ပြုံးသည်။

နောက်တစ်နေ့ မနက်ခင်း

ချန်းရန်က အိပ်ယာစောစောထသည်။ သူသည် တရုတ်တိုင်းရင်းဆေးပညာရပ်ကို အမွေဆက်ခံထားပြီးကာစ ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း အရွက်ခင်းသို့သွားကာ တရုတ်ဆေးပင်ကို သွားရှာလိုက်သည်။

“လူကြီးမင်းချန်း ဒီနေ့ စောစောလာတာပဲ”

အဝေးမှ လှမ်းမြင်လိုက်သော ရှန်းချင်ကန်းက ချန်းရန်ကို အပြုံးနှင့် လာရောက် မိတ်ဆက်သည်။ သူ၏ သုတေသန ကျောင်းကလည်း စံအိမ်နှင့် မဝေးသော တစ်နေရာတွင် တည်ဆောက်ထားလေသည်။ သူက ချန်းရန်၏ ဒီနေရာမှ အရင်းအမြစ်ကို ချေးငှားနေရသောကြောင့် ချန်းရန်၏ နာမည်ကိုသာ တပ်သည်။ သုတေသန ကျောင်း၏ နာမည်က သူတို့နှစ်ယောက်၏ နာမည်ကို ပေါင်းထားသည်။ ရန်ကန်း သုတေသန စင်တာဖြစ်သည်။

“ဒီအတိုင်း တရုတ်တိုင်းရင်းဆေးပင် နည်းနည်းလာယူတာပါ”

ချန်းရန်က ပြုံးရင်း နှုတ်ဆက်လိုက်ပြီး ပြောသည်။

“လူကြီးမင်းရှန်းရဲ့ အခုတလော သုတေသန လုပ်တဲ့ အခြေအနေက ဘယ်လိုရှိလဲ”

“အာ မပြောပါနဲ့တော့”

လူကြီးမင်းရှန်းက အသက်ရှစ်ဆယ် ကိုးဆယ် အရွယ်ဖြစ်သည်။ သို့သော် သူသည်လည်း လူငယ်တစ်ယောက်အလား တက်ကြွနေသေးသည်။ ထိုအကြောင်းအရာကို ပြောသည့်အခါ သူ၏ မျက်နှာက ဖုံးကွယ်ရန် ခက်ခဲသည့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။

“အကျိုးအမြတ်ကတော့ အရမ်းကြီးတယ်။ ရှားပါးတဲ့ မျိုးစိတ် တော်တော်များများကို ရှာတွေ့ထားပြီ အားလုံးက အကယ်ဒမစ် တန်ကြေး အရမ်းမြင့်တာလေ။ ပိုဆိုးတာက ငါတော်တော်လေးကို ထူးခြားတဲ့ အမျိုးအစားအချို့ကို ရှာတွေ့ထားတာပဲ။ ဒါတွေက ရှားပါးတာ ဒါမှမဟုတ် မျိုးတုန်းပျောက်ကွယ်သွားတယ်လို့တောင် သံသယအဝင်ခံရတဲ့ မျိုးနွယ်တွေပေါ့။ ဒါပေမဲ့ မသေချာသေးဘူး”

“ဟုတ်လာ ဘယ်မှာလဲ ငါ့ကို ပြကြည့်ပါလား”

ချန်းရန်က သိချင်စိတ် ပြင်းပြသွားပြီး မေးလိုက်သည်။

******

All Chapters