အခန်း ၃၁
Vol. 4 Ch. 31
31 01
အပိုင်း (၃၁)
“ဒီမှာလေ ဒီအပင်တွေ”
အကြီးအကဲရှန်းက ချန်းရန်အား အထူးနေရာတစ်ခုသို့ ခေါ်သွားသည်။ ထိုနေရာတွင် တန်ဖိုးကြီးသော ဆေးပင်များ ပေါက်ရောက်ရာ နေရာဖြစ်သည်။
“ဒီအဖြူရောင်တစ်ပင်က ကြည့်ရတာ [ယွင်ပိုင်] နဲ့တူတယ်။ ဒါပေမဲ့ ဒီခရမ်းရောင်တစ်ပင်ကတော့ ရှားပါးတဲ့ ဆေးပင်တစ်ပင်လိုပဲ။ နောက်ပြီး ဒီအရောင်စုံအပင်လည်း ရှိသေးတယ်။ ငါ အချို့ရှေးဟောင်းစာအုပ်ထဲမှာတောင် မတွေ့ဖူးဘူးဆိုတော့ ဘာမှန်းမသိတာ”
အကြီးအကဲရှန်းက အပင်သုံးပင်အား ထုတ်နှုတ်ပြသည်။ ရှန်းရန်က တစ်ချက် ကြည့်ပြီး ခေါင်းညိတ်ပြကာ ပြောသည်။
“ဒီအဖြူရောင်အပင်ကတော့ ယွင်ပိုင်ဆိုတာ အမှန်ပဲ။ စိတ်ရောဂါတွေကို ကုသဖို့အတွက် အဖိုးတန်ဆေးပင်ပေါ့။ ကျွန်တော် ကြားဖူးတာကတော့ [ယွင်နမ်ပိုင်ယောင်]က ဒါကို အဓိက ထားပြီး ဖော်စပ်တာတဲ့။ ဒါပေမဲ့လည်း အဲဒီဖော်မြူလာက မပြီးပြည့်စုံဘူး။ သက်ရောက်မှုက ထင်သလောက် မကောင်းဘူးဖြစ်နေတာ”
“အိုး လူကြီးမင်းချန်းကလည်း ဆေးပင်တွေအကြောင်း သိတာလား”
ထိုစကားကို ကြားပြီးနောက် အကြီးအကဲရှန်းကပင် ချန်းရန်ဟာ တရုတ်တိုင်းရင်းဆေးဘက်တွင်ပင် ဗဟုသုတ ကြွယ်ဝသလို ခံစားရသည်။
“နည်းနည်းပါ”
ချန်းရန်က ပြောသည်။
“ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် လက်ညိုးက ဒဏ်ရာရထားတာလေ။ ဒါကြောင့် ဒီယွင်ပိုင်ကို သုံးပြီး ကုသဖို့ ဆေးဖော်မလို့”
“မင်းဘာသာမင်း ဆေးဖော်မှာ”
အကြီးအကဲရှန်းသည် မျက်မှန်ကို တစ်ချက် ပင့်တင်လိုက်ပြီးပြောသည်။ သူက အိုနေပြီ မျက်လုံးတွေကလည်း မကောင်းတော့ဘူးဆိုတော့ နားကလည်း မကောင်းတော့တာ များလား။
သူ နားကြားမှားတာလား။
အချက်အလက်များကလည်း လူကြီးမင်းရှန်းက နားကြားမှားခြင်းမဟုတ်ကြောင်း သက်သေပြသည်။
ချန်းရန်က ထိုယွင်ပိုင်၏သစ်ကိုင်းအချို့နှင့် သစ်ရွက်အချို့ကို ယူလိုက်ပြီး ဘေးဘီကို လိုက်ရှာသေးသည်။ ထို့နောက် အခြားသော ဆေးပင်အချို့ကို လိုက်ယူသည်။
“ကောင်းပြီး ဒါတွေအားလုံးကို ကြိတ်ချေလိုက်ပြီး ဒီဟာကို လိမ်းလိုက်တာနဲ့ ကောင်းသွားလိမ့်မယ်”
ချန်းရန်က ထိုဆေးပင် များကို သူ၏ ထိပ်တန်းအဆင့် [တရုတ်တိုင်းရင်းဆေး အမွေဆက်ခံမှု] အတိုင်း အမှုန့်ဖြစ်အောင် ကြိတ်ကာ အချိုးအစား ရောနှောလေပြီး လက်ညိုးမှ ဒဏ်ရာပေါ်သို့ လိမ်းလိုက်သည်။ အေးမြသွားပြီး ကောင်းမွန်သော ခံစားချက်ကို ရရှိသည်။
“ဒါက တကယ်ပဲ အလုပ်ဖြစ်တာလား”
လူကြီးမင်း ရှန်းက မျက်မှောင်ကို ကြုတ်ပြီးနောက် သံသယကို ဖော်ပြသည်။
“ဆယ်မိနစ်လောက်တော့ စောင့်ရမှာပေါ့ ဒါမှမဟုတ် နာရီဝက်လည်း ဖြစ်နိုင်တယ်”
ချန်းရန်သည် ထိုဆေးနည်းကို အလွန်အမင်းယုံကြည်မှု ရှိလေသည်။ ထို့နောက် လူကြီးမင်းရှန်းအား နောက်ထပ် မရင်းနှီးသော ဆေးတစ်ပင်ကို ပြသည်။
“အင်း ဒါ ဒါရှိနေမယ်လို့တောင် မထင်ထားဘူးပဲ”
ချန်းရန်က လက်ထဲမှ ဆေးပင်ကို ကြည့်ပြီး မျက်ဝန်းက တောက်ပသွားကာ စိတ်လှုပ်ရှားစွာ ပြောသည်။
“ဒီအပင်က ခရမ်းရီဇုံးလေ။ ဒီအကိုင်းတွေရဲ့ အပေါ်မှ သေးငယ်တဲ့ ခရမ်းနီရောင် ငါးထောင့်ပုံ ကြယ်သေးသေးလေးတွေ ရှိတယ်။ ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင် ဒါကို ခရမ်းကြယ်လို့ခေါ်တာ”
“ခရမ်းကြယ် ဟစ်”
လူကြီးမင်းရှန်းက ထိုစကားကို ကြားပြီးနောက် ဟန်ချက် ပျက်လုနီးပါးဖြစ်သွားသည်။
“ဒါက တကယ်ပဲ ဖူလင်းခရမ်းကြယ်လို့ လူသိများတဲ့ ခရမ်းကြယ်များလား။ အဲဒီ ဆေးပင်က ကောလဟာလတွေအရ လွန်ခဲ့တဲ့ ရာစုနှစ်ကတည်းက မျိုးတုန်းသွားပြီလို့ ပြောနေကြတာလေ”
31 02
မျိုးတုန်းသွားပြီဟု ကောလဟာလ ထွက်နေသော နောက်ထပ် မျိုးစိတ်တစ်ခုကို တွေ့ရပြန်သည်။ သို့သော် ထိုအရာက ဒီနေရာတွင် ပေါ်လာမည်ဟု မထင်ထားမိပေ။
“ဖူလင် ခရမ်းကြယ်လို့ ခေါ်ကြတာ”
ချန်းရန်က ခေါင်းညိတ်ပြီး ဝမ်းနည်းစွာ ပြောသည်။
“အရင်ရာစုနှစ်က မငြိမ်းချမ်းခဲ့ဘူးလေ။ လူအများစုကလည်း ဒါတွေကို ဒဏ်ရာကုသဖို့ အရိုးကျိုးတာတွေကို ဆက်ဖို့ သုံးခဲ့ရတယ်။ ဒါကိုသာ ဒဏ်ရာကို မကြာခဏ လိမ်းခြင်းအားဖြင့် အရိုးတွေ ကျိုးသွားရင်တောင်မှ အသက်ရှင်နိုင်သေးတာကို”
“အဲဒီနောက် ဘာဖြစ်လဲ”
လူကြီးမင်းရှန်းသည် မှတ်စုစာအုပ်ကိုပင် ထုတ်ကာ ချန်းရန်ပြောသမျှကို လိုက်မှတ်နေသည်။ သူက ရပ်တန့်သွားကြောင်း မြင်သည်နှင့် စိုးရိမ်တကြီး လှမ်းမေးသည်။
“လူကြီးမင်း ဒီဖူလင်ခရမ်းကြယ်နဲ့ ပတ်သက်တဲ့ အခြား မိတ်ဆက်တွေများ ရှိသေးလို့လား”
မည်သို့ပင်ဆိုစေ သူကဲ့သို့ ရှေးဟောင်းစာအုပ်များကို မွှေနှောက်ရှာဖွေနေခဲ့သော သူများကပင် ခရမ်းကြယ်နှင့် ပတ်သက်သည့် အခြားသော အကြောင်းအရာအများစုကို မသိထားပေ။ အများစုက ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။ သို့သော် လူကြီးမင်းချန်းရနက် ထိုခရမ်းကြယ်ကို ထိုမျှအထိ ရင်းနှီးနေမည်ဟု မထင်ထားမိပေ။
“ခရမ်းကြယ်နဲ့ ပတ်သက်တဲ့ တရုတ်တိုင်းရင်းဆေးက အခြားမှတ်တမ်းတွေတော့ ရှိသေးတယ် သိချင်လား”
ချန်းရန်က မေးသည်။ လူကြီးမင်းရှန်းက အပင်ဗေဒ မေဂျာမှ ဖြစ်နေသည်။
“လူကြီးမင်းချန်း မင်းက ဒီဆေးအကြောင်းတွေလည်း တကယ်သိနေတာပဲ”
လူကြီးမင်းရှန်းကပင် လုံးဝအံ့ဩသွားသည်။ သူသည် အပျော်လွန်သွား၏။ သူသည် မနေနိုင်ဘဲ ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ပြီး ပြောသည်။
“ငါသိချင်တာပေါ့ ငါသိချင်တာ ငါအရမ်းကို သိချင်တာ။ လူကြီးမင်းချန်း မင်းအခု ငါ့ကို ပေးတဲ့ ဒီအချက်အလက်တွေကို ငါတို့ အခု ဆေးပညာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက် ဘယ်လောက်တောင် အသုံးဝင်လိုက်သလဲ မင်းမသိပါဘူး”
“အိုး အဲဒီလောက်တောင် ကြီးတာလား”
ထိုစကားကို ကြားပြီးနောက် ချန်းရန်က ပြုံးကာ ခေါင်းကို ခါသည်။ ထို့နောက် ဆက်ပြီး မိတ်ဆက်ပေးသည်။
“အဲဒီလောက်ကြီးလည်း ရှားပါးတာတော့ မဟုတ်ဘူး။ အရင်ရာစုနှစ်မှာ ဆေးဆရာ တစ်ယောက်က ဒီခရမ်းကြယ်ကို အဓိက ကုန်ကြမ်းပါဝင်ပစ္စည်းအဖြစ်သုံးပြီး အခြား သာမာန်တွေ့နေကျ တရုတ်တိုင်းရင်းဆေး အမျိုးအစား ရှစ်မျိုးလောက်ကို အရန်အဖြစ် ထည့်သုံးခြင်းအားဖြင့် ဒဏ်ရာတွေကို အထူးကုသပေးတဲ့ ပလာစတာ တစ်မျိုးကို ဖန်တီးခဲ့သေးတယ်။ သက်ရောက်မှုကလည်း ခရမ်းကြယ်သီးသန့်သုံးတာထက်တောင် သက်ရောက်မှုအား ဆယ်ဆလောက် ပိုပြီးအားကောင်းတယ်”
“ဘာ အဲဒီလို ထူးဆန်းတဲ့ ဒဏ္ဍာရီလည်း ရှိသေးတာလား။ နောက်ပြီး ခရမ်းကြယ်ရဲ့ ဆေးတန်ဖိုးကိုတောင် အရမ်းမြင့်သွားစေတာပေါ့”
လူကြီးမင်းရှန်းသည် မတည်ငြိမ်နိုင်တော့ပေ။ ဒါဟာ ဆယ်ဆခန့် ပိုသာလွန်းသော သက်ရောက်မှုမျိုးဖြစ်သည်။ အရိုးဒဏ်ရာရသွားသူများအတွက်ဆိုလျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
“အရိုးကျိုးတာတွေအတွက်တော့ သေချာပေါက် အလုပ်မဖြစ်လောက်ဘူးပေါ့။ ဒါပေမဲ့ သေးငယ်တဲ့ ဒဏ်ရာတွေ နောက်ပြီး လူကြီးတွေ အဆစ်အမြစ် ရောင်တာတွေအတွက်တော့ တော်တော်လေးကို အလုပ်ဖြစ်တယ်”
“ဒါက လူကြီးမင်းချန်း မင်း ဒီလျှို့ဝှက်ဖော်မြူလာကို သိတယ်လို့တော့ မပြောနဲ့နော်”
လူကြီးမင်းရှန်း၏ အသက်ရှူနှုန်းက လေးလံလာသည်။ သူဟာ ချန်းရန်ကို ကြည့်နေရင်း ရှားပါးသော ရတနာတစ်ခုကို စိုက်ကြည့်နေရသကဲ့သို့ မျက်လုံးက ဖြောင့်တန်းသွားသည်။
ထိုလျှို့ဝှက်ဖော်မြူလာကသာ ထွက်လာမည်ဆိုလျှင် ဒဏ်ရာများကို ကုသခြင်း၊ နာမည်မဲ့ရောဂါများကို ကုသခြင်းနှင့် ပတ်သက်သော အထူးဆေးများထက်ပင် ပို၍ကောင်းမွန်လာပေလိမ့်မည်။ ဒါဟာ နိုင်ငံ့ရတနာ ဖြစ်လာနိုင်သည်။
31 03
“အဲဒီ လျှို့ဝှက်နည်းလမ်းကတော့ တည်ရှိတာ အမှန်ပဲ။ လူကြီးမင်းရှန်းက အခု လိုချင်လို့လား”
ချန်းရန်က ပြုံး၍ မေးသည်။ ပြောရမည်ဆိုလျှင် သူသည်လည်း မုရှောင်းနွမ် ထိုကောင်မလေးကို ကုပေးချင်နေခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုကောင်မလေးက ဒူးခေါင်းဒဏ်ရာ ရထားသည်။ သူမ၏ တက်တက်ကြွကြွ နေတတ်သော ရွှင်ရွှင်လန်းလန်းနေတတ်သောအ ကျင့်စရိုက်မျိုးအရ ယခုလို တစ်ချိန်လုံး လိုလို အိပ်ယာထဲတွင် နေနေရမည် ဆိုပါက ပျင်းရိနေပေလိမ့်မည်။
“ဟားဟား ဒါ”
လူကြီးမင်းရှန်းက ခေါင်းအနောက်ဖက်ကို ကုတ်ရင်း ကိုးရိုးကားရားပြောသည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ ငါလည်း လူကြီးမင်းချန်းကို ဒီအဖိုးကြီးကို တစ်ခုလောက် ပေးစေချင်တာ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အသက်အရွယ်မှာ အရိုးတွေက ထင်သလောက် မကောင်းတော့ဘူးလေ”
“ပြဿနာ မရှိဘူး လူကြီးမင်းရှန်းက တိုင်းပြည်ရဲ့ပါရမီရှင်ပဲ ဆိုတော့ နောက်ထပ် အနှစ်ငါးဆယ်လောက် အသက်ရှင်နိုင်သေးရင် ပိုကောင်းတာပေါ့”
ချန်းရန်က လူကြီးမင်းရှန်းကို အလွန်လေးစားမိသေးသည်။ တစ်ဖက်သူသည် အကယ်ဒမစ် လောကကြီးမှ ဦးဆောင်သူကြီးဖြစ်သည်။ ထိုမျှအသက်အရွယ်အထိ သူဟာ အလုပ်ကြိုးစားနေသေးပြီး ရှေ့ဆုံးတွင်ရပ်ကာ သုတေသန ပြုလုပ်နေသေးသည်။
ဒါဟာ သာမာန် လူများ လုပ်နိုင်သောအရာမျိုးမဟုတ်ပေ။
“ဟင် နည်းနည်း ယားလာသလိုပဲ”
ထိုသို့ပြောပြီးသည်နှင့် ချန်းရန်က သူ၏ဒဏ်ရာ နေရာက နည်းနည်း ယားလာသလို ခံစားလိုက်ရသည်။ သူသည်လည်း ပတ်တီးကို ဖယ်လိုက်သောအခါ ခုနက ဆေးအမှုန့်လိမ့်ထားသော နေရာမှ အချို့အကိုက်ခံထားရသည့် အမှန်အသားများက သိသိသာသာ ထင်ရှားသော နှုန်းဖြင့် သက်သာလာကြောင်း လက္ခဏာပြလေသည်။
“ဒီလျှို့ဝှက်ဆေးနည်းက မှန်လိုက်တာ တကယ်အံ့ဩစရာပဲ”
လူကြီးမင်းရှန်းကလည်း အပြောင်းအလဲကို သတိထားမိသည်။ အဖိုးကြီးက မျက်မှန်ကိုပင် ချွတ်ရင်း မျက်လုံးပြူးကျယ်ကာ ပြောသည်။
“တိုးတက်မှုက တကယ် အံ့ဩဖို့ကောင်းတာပဲ။ မင်းရဲ့ဆေးက အဲဒီ ယွင်နန်ပိုင်ယောင်ထက်တောင် အများကြီး သက်ရောက်မှု ပိုကောင်းနေသေးတယ် တကယ်ကို အလုပ်ဖြစ်တာပဲ အရေပြားအသစ်တောင် ထွက်လာပြီ နောက်ပြီး အရေးပြားအသစ်တောင် မကျန်တဲ့ ပုံပဲ”
“ဒီသက်ရောက်မှုက တော်တော်လေးကို မမျှော်လင့်ထားတာတော့ အမှန်ပဲ”
ချန်းရန်ကပင် နည်းနည်းအံ့ဩသွားသည်။ သူသည်လည်း ယခုလောက် တိုတောင်းသော ကာလ အတောအတွင်းတွင်ပင် ဒဏ်ရာက စကျက်သွားမည်ဟု မထင်ထားမိပေ။
“ဒါဆိုရင် လူကြီးမင်းချန်း မင်းပြောတဲ့ အဲဒီ ပလာစတာ က အဆင်ပြေမှာလား”
လူအိုကြီးက မစောင့်နိုင်တော့ပေ။ ချန်းရန်၏ထိုဒဏ်ရာကို ကုသသော အမှုန့်က ထိုမျှအထိ သက်ရောက်မှုရှိကြောင်း မြင်ကတည်းက သူသည်လည်း ထိုဆေးပလာစတာကို သိချင်နေလေသည်။
“ခဏနေမှ ခင်ဗျားအတွက် တစ်ခုလုပ်ပေးမယ်”
ချန်းရန်က ပြုံးလိုက်သည်။ သို့သော် လူအိုကြီးက ထိုမျှအထိ စိတ်ဝင်စားနေသည်မှာကလည်း ထူးခြား၏။ ထို့နောက် သူ၏ မျက်လုံးက နောက်ဆုံးသော အပင်ပေါ်သို့ ကျသွားပြီး မျက်လုံးက ရုတ်တရပ် တောင့်ခဲသွားသည်။
“လူကြီးမင်းချန်း ဒါက တတိယအပင်လား”
“အွန်း ဟုတ်တယ် ဟုတ်တယ် ဒီတစ်ပင်ပဲ”
လူကြီးမင်းရှန်းက စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ထိန်းပြီး တတိယအပင်ကို စိတ်ဝင်စားစွာကြည့်သည်။
“ဒီတစ်ပင်က တော်တော်လေးတော့ ထူးဆန်းတယ်။ ငါ့ရဲ့ဗဟုသုတနဲ့တောင်မှ ဒီလို အပင်အမျိုးအစားကို မမြင်ဖူးသေးဘူး။ ခရမ်းကြယ်ပင်လိုပဲ ဆေးပင်တော့ ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ဘာပင်လဲ မသိဘူး”
ထိုအချိန်တွင် လူကြီးမင်းရှန်း၏ များပြားသော ဗဟုသုတနှင့်ပင် ထိုအပင်ကို မသိပေ။
31 04
“ဒါက..”
ထိုအချိန်တွင် ချန်းရန်၏ စိတ်အတွင်းမှ [အပင်ဗေဒ စွယ်စုံကျမ်း]က လျှင်မြန်စွာ လည်ပတ်သွားပြီး နောက်ဆုံးတွင် သူသည်လည်း နည်းနည်း အင်အား နည်းလာသည်။ သို့သော် အလွန်အမင်းရှားပါးသော မျိုးစိတ်နှင့် ပတ်သက်သည့် ဖော်ပြချက်များကို မြင်လိုက်ရသည်။
“ငါးထောင့်မြက်”
ချန်းရန်၏ အမူအရာက ရုတ်တရပ် ပြောင်းသွားပြီး ပြောလိုက်သည်။
“ဒါက ငါးထောင့်မြက်ပဲ”
“ငါးထောင့်မြက်လား မျိုးစိတ်အသစ်လား လူကြီးမင်းချန်း မင်းတကယ် သိနေတာလား”
လူကြီးမင်းရှန်းသည်လည်း ထိုအကြောင်းကို မကြားဖူးချေ။ ထိုအပင်၏ အရောင်ငါးရောင်က အလွန်အမင်း တောက်ပသည့် တိုင်အောင် အဆိပ်ရှိနေမည်ကို ကြောက်နေမိသည်။
“လူကြီးမင်းရှန်း ဒါက ကိစ္စကြီးပဲ”
ချန်းရန်၏မျက်နှာက ပို၍ပင် စိတ်လှုပ်ရှားလာသည်။
“ဒါက သီအိုရီအရဆိုရင် အပင်ဆင့်ကဲပြောင်းလဲမှု သမိုင်းထဲမှာမှ အဆင့်မြင့်တဲ့အပင်ပဲ”
“အဆင့်မြင့်အပင် ဟုတ်လား”
လူကြီးမင်းရှန်းက မှင်သက်သွားပြီးနောက် တစ်စုံတစ်ရာကို နားလည်လိုက်ကာ ပြောသည်။
“အဆင့်မြင့်အပင် မင်းဆိုလိုတာက ဆင့်ကဲပြောင်းလဲမှု ပမာဏနှုန်းမြင့်တယ်။ နောက်ပြီး အနာဂတ်မှာ ပေါ်လာနိုင်ခြေများတယ် ဆိုတဲ့ အပင်မျိုးလား”
အဆင့်မြင့်အပင်များက ယခုလို ဆင့်ကဲပြောင်းလဲသည့် ကာလမျိုးတွင် အနာဂတ်မှ မျိုးစိတ်အသစ်များကို ခန့်မှန်းနိုင်ခြင်းဖြစ်သည်။ နောက်ပိုင်း နှစ်ရာကျော်သို့မဟုတ် နှစ်ထောင်ကျော် ကြာပြီးမှသာတည်ရှိတတ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဒီနေရာတွင် ကြိုပေါ်လာသည်။
“ဆင့်ကဲပြောင်းလဲထားတဲ့ မျိုးရိုးဗီဇ ဒါမှမဟုတ် အပြင်လောကကအခြားထူးခြားတဲ့ ဝိသေသလက္ခဏာကြောင့် လှုံ့ဆော်ခံရတဲ့ မျိုးစိတ်မျိုး ဖြစ်လိမ့်မယ်”
ချန်းရန်က အကြံပေးသည်။
“အပြင်လောက အရမ်းကို လျှို့ဝှက်ဆန်းကျယ်တာ။ အဆုံးအစမဲ့တဲ့ ဖြစ်နိုင်ချေကလည်း အပြည့်ပဲ တည်ရှိနေပြီးသား သီအိုရီတွေက ဖြစ်စဉ်ကို ရှင်းပြနိုင်လောက်ပါတယ်။ လူကြီးမင်းရှန်းလည်း ကျွန်တော်ထက် ပိုသိမှာပဲ”
ချန်းရန်က ထိုအပင်များအကြောင်းကို စေ့စေ့စပ်စပ် နားလည်ထားသည်။ ထို့အပြင် အပင်များကိုလည်း အသေးစိတ် ခွဲခြားနိုင်စွမ်းရည်မျိုးလည်း ရှိနေပြန်၏။ ထို့ကြောင့် တည်ရှိပြီးသား အပင်များကို ခွဲခြားနိုင်ရုံသာ မကသေးလေဘဲ အနာဂတ်တွင် ပေါ်ကောင်းပေါ်လာနိုင်သော အပင်မျိုးစိတ်အမြောက်အများကိုလည်း ခန့်မှန်းနိုင်သေးသည်။ ငါးထောင့်မြက်က တစ်ခု အပါအဝင်ဖြစ်သည်။
“တကယ်လို့သာ အဆင့်မြင့် အပင်ဆိုရင် မင်းမှာ အခြားသက်သေရှိသေးလား”
လူကြီးမင်းရှန်းက လေ့လာရာတွင် အလွန် အားသွန်ခွန်စိုက် လုပ်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့သော် တည်ရှိနေပြီးသား အပင်မျိုးနှင့်သာ ဆိုလျှင်ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။
“တကယ်တော့ ရှိသေးတယ်”
ချန်းရန်က ပြောသည်။
“ငါးထောင့်မြက်ကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး အခြားအပိုအရံဆေးပင် 108 မျိုးကို ထည့်သုံးထားပြီး ဖော်စပ်နိုင်တဲ့ တရုတ်ဆေး ဖော်မြူလာ တစ်ခုတော့ရှိတယ်။ ဒါက မွေးရာပါ သွေးကင်ဆာရောဂါကို အံတု ရင်ဆိုင်နိုင်တဲ့အထူးဆေးတစ်မျိုးအဖြစ် ဖော်စပ်နိုင်တာလေ။ ဒီရောဂါကိုတောင် တိုက်ရိုက်ကုပေးနိုင်တဲ့ အနေအထားမျိုးနော်”
“ဘာ”
31 05
လူကြီးမင်းရှန်းသည် လုံးဝစိတ်ရှုပ်သွားသည်။ ဒီလောကတွင် ထိုကဲ့သို့ မှော်ဆန်သော တရုတ်ဆေးဖော်မြူလာမျိုး ရှိနေမည်ဟု မထင်ထားမိပေ။
“မဖြစ်နိုင်တာ”
လူကြီးမင်းရှန်းက ဟာသကြီးဟုသာ ထင်လိုက်သည်။
“ဒီလိုမျိုး မွေးရာပါ သွေးကင်ဆာရောဂါကို ကုသနိုင်တဲ့ တစ်ခုတည်းသော သက်ရောက်မှုရှိတဲ့ဆေးက Gleevec ပဲ ရှိသေးတာလေ။ နောက်ပြီး လုံးဝလည်း ပျောက်အောင် ကုသနိုင်တာမျိုးလည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ ဆက်ပြီး ထိန်းထားရမှာ တစ်သက်လုံးလည်း သောက်သွားရအုံးမှာ။ မင်းပြောတဲ့ ဒီတရုတ်ဆေး ဖောမြူလာက အရမ်းကို မဖြစ်နိုင်တဲ့ အရာ ကျလွန်းမနေဘူးလား”
“ကျွန်တော်လည်း အဲဒီလို ထင်တာပဲ”
ချန်းရန်က တအံ့တဩပြောသည်။ သူသည်သာ ထိုစွမ်းရည်မျိးကို မပိုင်ဆိုင်ထားပါက နားလည်လိမ့်မည် မဟုတ်ပေ။
“လူကြီးမင်းရှန်းက မယုံကြည်ဘူးဆိုရင်လည်း ဒီလိုလုပ်ရအောင်”
ချန်းရန်က တခဏခန့်တွေးတောပြီးနောက် ငါးထောင့်မြက် အရွက်လေးတစ်ရွက်ကို ထုတ်လိုက်ပြီး သူ့ကို ကမ်းပေးရင်းပြောသည်။
“ခင်ဗျား ဒါကို ခင်ဗျားရဲ့ ဌာနချုပ်ကို ပြန်ယူသွားပြီးတော့ အချို့ပစ်မှတ်ထားတဲ့ စမ်းသပ်မှုအချို့ကို လုပ်ကြည့်လိုက် တကယ်လို့သာ အဲဒီရောဂါကို ဖိနှိပ်နိုင်တာ မှန်ရင်တော့ ကျွန်တော်ပြောတာ မှန်တဲ့အကြောင်း အတည်ပြုပြီးသွားပြီလေ”
“ဒါ”
လူကြီးမင်းရှန်းက တုံ့ဆိုင်းသွားသည်။ ထို့နောက် အံကိုကြိတ်ပြီး ပြောသည်။
“ကောင်းပြီ ငါ အခုသွားမယ်။ ငါ ဒီအသင်းကို ငါ့ဘာသာငါ ဦးဆောင်လိုက်မယ်။ တကယ်လို့သာ မှန်ကန်နေရင် ဒါဟာ တစ်လောကလုံးကို အံ့အားသင့်စေမယ့် အံ့ဩဖွယ်ရာ ကိစ္စကြီး ဖြစ်လာမှာပဲ။ သမိုင်းရဲ့ မှတ်တမ်းထဲမှာတောင် တင်လို့ရတယ်”
ထို့နောက် လူကြီးမင်းရှန်းက နမူနာ ပုံစံကို ယူကာ တိုကျိုသို့ ခပ်မြန်မြန်သွားသည်။
“တကယ်ကို အံ့အားသင့်စရာတွေ ဖြစ်လာတော့မယ် ထင်တယ်”
ထွက်သွားသော လူကြီးမင်းချန်း၏ ကျောပြင်ကို ကြည့်နေရင်း ချန်းရန်က ရေရွတ်သည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိသည်။ ဒါဟာ တစ်နိုင်ငံလုံးဆိုင်ရာလှုပ်ခတ်မှုမျိုး ဖြစ်နိုင်လေသည်။
CML ကို ကုသတာလား။
လောကမှာ အံ့အားသင့်စရာ အကောင်းဆုံ ကုသမှုပဲ ဖြစ်လိမ့်မယ်။
“အရင်ဦးဆုံး ဆေးပင်တွေပဲ ပြင်ဆင်ရအောင်”
ချန်းရန်က ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီးနောက် ဆေးပင်အချို့ကို ခူးယူသည်။ ထို့နောက် ဖော်မြူလာအတိုင်းပြင်ဆင်ပြီး အထူးပလာစတာကို လုပ်ကာ မုရှောင်းနွမ်အတွက် သွားပို့ရန် ဆုံးဖြတ်လိုက်သည်။
“အိုး ပျင်းဖို့ ကောင်းလိုက်တာ။ အပြင်လည်း ထွက်လို့မရ ပျော်လည်း ပျော်လို့ မရဘူး ချန်းကောကလည်း ငါ့ကို လာမတွေ့ဘူး”
အိပ်ယာပေါ်တွင် လှဲနေသော မုရှောင်းနွမ်က အလွန်အမင်းကို ပျင်းရိနေပြီ ဖြစ်သည်။ မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို အသာအယာဖွင့်လိုက်ပြီး စတင်ကာ တိုက်ရိုက်ထုတ်လွှင့်သည်။
ဒေါက် ဒေါက်…
ထိုအချိန်တွင် ချန်းရန်က တံခါးကို လာခေါက်သည်။
“ဘယ်သူလဲ ဝင်ခဲ့ပါ”
ကလစ်
တံခါးက လော့မချထားချေ။ ချန်းရန်က ဖွင့်လိုက်ပြီးနောက် ညအိပ်ဝတ်စုံကိုသာ ဝတ်ကာ အိပ်ယာတွင် လှဲနေပြီး တိုက်ရိုက်ထုတ်လွှင့်နေသော မုရှောင်းနွမ်ကို တွေ့လိုက်ရသည်။ ထိုကောင်မလေး၏ စိတ်ဓာတ်ကျနေသောပုံစံကို မြင်ရသောအခါ သူသည်ပင် ပြုံးလိုက်ရင်းပြောသည်။
31 06
“အပြင်ထွက်ပြီး လမ်းလျှောက်ချင်လား”
“ဟုတ်ကဲ့ ယောက်ျား”
ချန်းရန်ကို မြင်သည်နှင့် မုရှောင်းနွမ်က ချက်ချင်းဆိုသလို တက်ကြွသွားသည်။ သူမ၏ မျက်လုံးကလည်း ချက်ချင်းဆိုသလို လခြမ်းကွေးလေးအလား ကွေးသွားသည်။
“ကောင်းပြီ ကောင်းပြီ”
ထိုသို့ပြောပြီးသည်နှင့် သူမက လက်မောင်းကို ဆန့်ပေးကာ စိုးရိမ်တကြီး ကြည့်သည်။
“ဘာလုပ်တာလဲ”
ချန်းရန်က ထိုကဲ့သို့သော ပုံစံကို မြင်ရသောအခါ အရူးမလေးနှင့်တူသည်ဟု ခံစားလိုက်ရသည်။
“အပြင်ကို လမ်းလျှောက်ဖို့ ခေါ်ထုတ်မှာ မဟုတ်ဘူးလား”
မုရှောင်းနွမ်က လှပသော မျက်လုံးကို အကြည့်များကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ချွဲသည်။
“ငါ အခု လမ်းမလျှောက်နိုင်ဘူးလေ”
အဓိပ္ပာယ်ကမူ “ငါ အဖက်ခံချင်တယ်” ဟူ၍ ဖြစ်သည်။
“…”
“ငါက မင်းကို တော်တော်လေးကို သက်ရောက်မှုရှိတဲ့ ပလာစတာ အသစ်ယူလာပေးတာ နှစ်ရက်လောက်နေရင် တန်းပြီး သက်သာသွားလိမ့်မယ်”
ချန်းရန်က သူ အခုလေးတင်ပြင်ဆင်ထားသော ပလာစတာကို ပြသသည်။
“အာ ဒါလား”
မုရှောင်းနွမ်က လက်မောင်းကို ပုတ်ကာ လက်ကို ပြန်ချသည်။
“အိုး ဒီလိုကိုး”
“ဟားဟား အရမ်းရီရတာပဲ တင်ဆက်သူ မင်း အရမ်းအတွေးများနေတာပဲ”
“အာ ဘာပဲဖြစ်ဖြစ် ငါက ငါ့ရဲ့ နှလုံးသားကို လူမှားရွေးမိတာပဲ။ ငါက အဖက်တောင် မခံရဘူး”
“လူကြီးမင်းချန်းရဲ့လက်ထဲက မှော်ဆေးပလာစတာလား အရိုးဒဏ်ရာကိုတောင် သက်သာစေနိုင်တယ်လား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက သိချင်စိတ်ပြင်းပြသွားကြသည်။
ချန်းရန်က တကယ်ပဲ ဘာကို ကိုင်ထားတာလဲ။ လာဗန်ဒါ အလုံးကြီးလိုပဲ အဲ့ဒီအလုံးကြီး ကို ခရမ်းချဉ်သီး အရည်နဲ့ စိမ်ထားသလို။
“ဒါက လိမ်းဆေးအဆီ”
ချန်းရန်က ထိုကောင်မလေး၏ အကြည့်ကို မြင်ပြီး ထိုအရာ ကသူမ၏ ဒဏ်ရာကို ကုသနိုင်ကြောင်း မယုံကြည်လောက်ဟု သိလိုက်သည်။
“မြန်မြန်လေး ပက်လက်လန်လိုက် ခြေထောက်ကို ဆန့်ထားပီး ပတ်ထားလိုက်ရင် သိပ်မကြာခင် ကောင်းသွားလိမ့်မယ်”
ချန်းရန်က မုရှောင်းနွမ်အား ပူးပေါင်းခိုင်းလေသည်။
“အာ အနံ့က စူးလိုက်တာ”
မုရှောင်းနွမ်က မျက်မှောင်ကြုံ့ပြီး နည်းနည်း လက်သင့်မခံသလို ပြောသည်။
“ယောကျ်ား ငါ ဒါကို မသုံးလို့ မရဘူးလား”
“ဟားဟား ရှောင်းနွမ်ရဲ့ ရွံနေတဲ့ အမူအရာကို ကြည့်ပါအုံး”
31 07
“လူကြီးမင်းချန်းက တကယ်ကို ခက်ခဲတာပဲ။ တင်ဆက်သူက နတ်ဆေးကို မလိုချင်ဘူးဆိုရင် ငါတို့ဆီ ပို့ပေးမှာတဲ့ ဟားဟား”
“တင်ဆက်သူက တွန့်ဆုတ်လေလေ ငါတို့က ပိုပြီးတောင် ဆန္ဒရှိလေလေ။ လူကြီးမင်းချန်း မြန်မြန်လေး လုပ်ပေးလိုက်ပါတော့”
ကြည့်ရှုသူများကလည်း အပျော်ကြည့်ချင်ကြသည်။ သူတို့သည်လည်း တင်ဆက်သူက ထိုအရာကို တုန့်ဆိုင်းစွာ ကပ်လိုက်သည်ကို ကြည့်နေပြီး အဝတ် ဝတ်ပေးခြင်းခံရပြီးနောက် သေချင်ယောင်ဆောင်နေသော သနားစဖွယ် ခွေးတစ်ကောင်ကဲ့သို့ပင် ခံစားလာကြရသည်။
“ဟွန့် နင်တို့က ငါ့ကို လှောင်ရယ်ကြတာ”
မုရှောင်းနွမ်က နှုတ်ခမ်းကို မဲ့သည်။ သူမ၏ ဒေါသထွက်ပြီး ယူကြုံးမရ ဖြစ်နေသော ပုံစံကလည်း အလွန်အမင်း ချစ်စရာကောင်းပြီး လက်သီးထိုးအိတ်သေးသေးလေး ကျုံ့နေသည်နှင့် တူသည်။ သူမ၏ ချစ်စရာကောင်းသော ပန်းရောင်ဖြစ်ပြီး ညင်သာသော ပါးများက လူအများအား ချစ်စရာကောင်ပြီး ဆွဲဖျစ်ညစ်ချင်စိတ် ပေါက်စေသည်။
“တကယ်တော့ ဒီဆေးရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူး”
ချန်းရန်ကပင် မနေနိုင်ဘဲ ထိုကောင်မလေး၏ချစ်စရာကောင်းသော မျက်နှာလေးကို လှမ်းဆိတ်လိုက်ရင်း အကြံပေးသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ အလောင်းအစားလုပ်မယ်လေ။ မင်းသာ သုံးရက်အတွင်း မသက်သာဘူးဆိုရင် ငါ မင်းရဲ့ တောင်းဆိုချက်တွေထဲက တစ်ခုကို သဘောတူပေးမယ်”
“ယောက်ျား တကယ်ပြောနေတာလား”
မုရှောင်းနွမ်က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားသည်။ ချန်းကောကောက ငါ့ကို အခွင့်အရေးကြီးလာပေးတာပဲ။
အင်း ငါပြောရမယ် တကယ်ကို စိတ်လှုပ်ရှားမိတယ်။
“ငါ ဘယ်အချိန်က မင်းကို လိမ်လို့လဲ”
ထိုကောင်မလေးက ငါးစာဟပ်လာကြောင်း မြင်သည်နှင့် ချန်းရန်၏ နှုတ်ခမ်းများက တွန့်သွားသည်။
“မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ရှိတာနော်။ ငါလည်း မင်းက သုံးရက်အတွင်းမှာ သက်သာသွားတယ်ဆိုရင် ဘာလုပ်မှာလဲ”
“ဝေါင်း ကစားခိုင်း ကစားခိုင်း.. ဟီးဟီး အိပ်ယာပေါ်မှာ အတူလဲပြီး သိုးတွေကို ရေတွက်တာလည်း ထည့်တွက်လို့ရတယ်လေ သိုးတစ်ကောင် သိုးနှစ်ကောင်”
“ဒါကို ဆွေးနွေးစရာ လိုသေးလို့လား ကြိုက်သလို ကစားတဲ့”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက ဆူညံပူညံ လုပ်ကြသည်။ မုရှောင်းနွမ်က ရှက်သွားသည်။
“တော်စမ်း တာဝန်ခံ ဘယ်မှာလဲ။ တာဝန်ခံ ဒီမှာ ပြဿနာ ရှာနေကြတယ်”
မုရှောင်းနွမ်က ကြမ်းတမ်းပြီးနောက် ချန်းရန်ကို ပြန်ကြည့်ကာ ခပ်တိုးတိုးပြောသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ ကောကောနိုင်ရင် ငါ ကောကောအတွက် Cosplay လုပ်ပေးမယ်လေ။ ကြိုက်တဲ့ ကဏ္ဍကို ကြိုက်သလို ရွေးလို့ရတယ် ဘယ်လိုလဲ”
“အဲဒီလိုလား”
ချန်းရန်က တုံ့ဆိုင်းချင်ယောင် ဆောင်လိုက်သည်။ သို့သော် သူသည် စိတ်ထဲတွင် မည်သည့်ပုံစံ ကစားခိုင်းရမည်ဟု တွေးတောနေပြီ ဖြစ်သည်။
“သေချာတာပေါ့ ဒီနည်းနဲ့ဆိုရင် နည်းနည်းလေးဒုက္ခခံရမှာပဲ”
ချန်းရန်က ပိုက်ဆံများ ဆုံးရှုံးသွားသကဲ့သို့ ပြုမူသည်။
“သဘောတူတယ်”
မုရှောင်းနွမ်က စိတ်လှုပ်ရှားသွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လှည့်ကြည့်ကာ ပြောသည်။
31 08
“အားလုံးလည်း ရှိတယ်ဆိုတော့ ဒါက သက်သေပဲနော်”
မုရှောင်းနွမ်ကလည်း သူမက ဂိမ်းပွဲကို နိုင်နေသကဲ့သို့ အခုကတည်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူ သန်းကျော်အား သက်သေအဖြစ် သတ်မှတ်နေသည်။
“သေချာလား”
ချန်းရန်၏ အမူအရာက ထူးဆန်းသွားသည်။ ဒီတစ်ကြိမ်တွင် ထိုကောင်မလေးက သူ့အတွက်သူ တွင်းတူးနေခြင်း ဖြစ်သည်။ ရှောင်လွဲ၍လည်း မရနိုင်တော့ပေ။
“သေချာတာပေါ့ သေချာတယ် ဟွန့် ကောကောကသာ လိုက်မလုပ်မှာကို ကြောက်တာ”
မုရှောင်းနွမ်၏ နှုတ်ခမ်းထောင့်က အတော်လေးကို မြောက်တက်နေသည်။ ထိုကောင်မလေးက ယုံကြည်မှု အပြည့်ရှိနေသည်။
“ငါ ဘယ်တော့မှ နောင်တ မရဘူး”
ချန်းရန်ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ ကြည့်ရှုသူ သန်းကျော်၏ အရှေ့တွင် ကတိပြုပေးလိုက်သည်။ ထို့နောက် မုရှောင်းနွမ်၏ဒူးကို အရင်ဦးဆုံး အပ်စိုက်ကုသပေးသည်။ ထို့နောက် ဆေးကို ခပ်ထူထူလိမ်းပေးပြီးနောက် ပလာစတာကို သေချာကပ်ပေးသည်။
“ကောင်းပြီ အခုကစပြီး ရေတွက်လို့ရပြီ သုံးရက်အတွင်းမှာ သက်သာသွားလိမ့်မယ်”
ချန်းရန်က မိုဘိုင်းဖုန်းကို ထုတ်ပြီး အချိန်ကို တွက်ချက်ကြည့်သည်။ သူ၏ အပြုအမူက အလွန်လေးနက်သည်။
မဖြစ်နိုင်တာ မဖြစ်နိုင်တာ ဒီဆေးက ဒီလောက်ထိ မှော်သက်ရောက်မှု ရှိလို့လား။
မုရှောင်းနွမ်က ရုတ်တရပ် မကောင်းသော ခံစားချက်ကို ရလိုက်သည်။
ပထမတစ်ရက်က ကုန်လွန်သွားသည်။ မုရှောင်းနွမ်သည်လည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။ သူမ၏ ဒူးခေါင်းက နည်းနည်းယားယံလာပြီး နွေးထွေးလာကာ အလွန်ပြင်းထန်သည့် ခံစားချက်ကို ပေးနေသည်။ သူမ၏ မသိစိတ်အရ မတ်တပ်ရပ်ချင်သလိုပင် ခံစားလာရသည်။
ထိုနေ့တွင်ပင် မုရှောင်းနွမ်၏ အပြုံးက စပျောက်လာသည်။
ငါတော့ သွားပြီ အရူးလုပ်ခံလိုက်ရပြီ။
သို့သော် သူမသည် ထုတ်ပြော၍လည်း မရပေ။ ထုတ်ပြောလျှင်လည်း ရှုံးသွားပေလိမ့်မည်။ ထိုသို့ဖြင့် သူမကလည်း သက်ရောက်မှုမရှိသလိုမျိုး ဟန်ဆောင်နေလိုက်သည်။
ဒုတိယတစ်ရက်ဖြစ်သည်။ ဒုတိယတစ်ရက်တွင် သူမဟာ အခြေခံအားဖြင့် သက်သာသွားပြီ ဖြစ်သည်။ နောက်တစ်နေ့မနက်ပိုင်း မည်သူမှ မရှိသည့်အချိန်တွင် သူမ၏ ခြေထောက်ကို စိတ်ကြိုက်ကွေးဆန့်နိုင်နေပြီ ဖြစ်သည်။ ထို့နောက် တတိယတစ်ရက်သို့ ရောက်လာသည်။ သူမက အိပ်ယာပေါ်တွင် လဲနေရင်း ခြေထောက်များက ပျော့ပြောင်းနေသလို ခံစားရသည်။ သူမသည်လည်း အိပ်ယာထဲမှ ချက်ချင်းထွက်ကာ လမ်းလျှောက်ချင်နေပြီ ဖြစ်သည်။
အာ…
ဒယ်အိုးပူးပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ သူမ၏ နှလုံးသားက ယိမ်းယိုင်နေပြီ ဖြစ်သည်။ သို့သော် တောင့်ထိန်းထားရပေမည်။
ရှောင်းနွမ် ကြိုးစားထား နင်လုပ်နိုင်ပါတယ်။
ထိုနေ့တွင် တစ်တိုင်းပြည်လုံးကို အံ့အားသင့်စေသော တစ်စုံတစ်ရာက ဖြစ်ပျက်လာသည်။
“ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေအရ လူကြီးမင်းရှန်းချင်ကန်းဆိုတဲ့ ဘိုးဘေးအဆင့်မှာ ရှိတဲ့ အပင်ဗေဒ သိပ္ပံ ပညာရှင်တစ်ယောက်က မွေးရာပါ သွေးကင်ဆာ ရောဂါကို ကုသနိုင်တဲ့ အပင်တစ်ပင်ကို လျှို့ဝှက်ဆန်းကျယ်တဲ့ လူတစ်ယောက်နဲ့အတူ ရှာတွေ့ခဲ့ပါတယ်”
“လူကြီးမင်းရှန်းကလည်း အင်တာဗျူးကို လက်ခံထားတယ် : ငါက ဒီငါးထောင့်မြက်ကို ရှာတွေ့တဲ့သူ မဟုတ်ဘူး။ နောက်ပြီး ဒီလျှို့ဝှက်နည်းဆိုတာကလည်း ငါ့ဟာ မဟုတ်ဘူး ငါက ဒီအတိုင်း တဆင့်ခံပဲ လျှို့ဝှက်ဆန်းကျယ်တဲ့ ဆရာသခင်က အခြားတစ်ယောက်ပါ။ နောက်ပြီး ဒါတွေအားလုံးက အမှန်ပဲ”
“ဒီလိုရောဂါကို ခံစားနေရတဲ့ ရဲဖော်ရဲဖက်တို့ မင်းတို့အားလုံး ကယ်တင်ခံရပြီး တစ်ကမ္ဘာလုံးက ဒီရောဂါသည်တွေအားလုံးကယ်တင်ခံရပါပြီ”
31 09
တစ်ခဏခန့် ကြာပြီးနောက် ထိုသတင်းက အလုံးအရင်းနှင့် မြောက်တက်လာကာ တစ်လောကလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။
လူကြီးမင်းရှန်း၏ လျှို့ဝှက်ဆန်းကျယ်သောလူက လူပြောအများဆုံး အကြောင်းအရာဖြစ်လာသည်။
ရွာဖက်စံအိမ်အတွင်းမှ ချန်းရန်ကမူ လူကြီးမင်းရှန်း ရောက်လာမှသာ သိတော့သည်။
“လူကြီးမင်းရှန်း ကျွန်တော် မလိမ်ဘူးမလား”
လူကြီးမင်းရှန်းက ယုံကြည်မှုအပြည့်နှင့် ဖြစ်ပြီး မျက်နှာကပင် သွေးရောင်လွှမ်းနေသည်။ စိတ်များကပင် ပေါ့ပါးနေသည်။
“လူကြီးမင်းချန်း မင်းက တကယ်ကို တိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်း ဖြစ်ထိုက်ပါပေတယ်”
မမျှော်လင့်ထားစွာ ဒီတစ်ကြိမ်တွင် လူကြီးမင်းရှန်း၏ ချန်းရန်အပေါ် အပြုအမူက အများကြီး လေးစားလာသည်။ သူသည် ဆရာအဖြစ်ပင် ကိုးကွယ်ချင်နေပုံရသည်။
“မင်းရဲ့ဗဟုသုတနဲ့မြင်နိုင်စွမ်းအားက ငါတို့လက်လှမ်းမမှီနိုင်တဲ့ နေရာမျိုးကို ရောက်နေတယ် ဒီတစ်ကြိမ်မှာ မင်းက လောကရဲ့ ကယ်တင်ရှင်ပဲ”
“လူကြီးမင်းရှန်းက ယဉ်ကျေးလွန်းနေပြန်ပါပြီ”
ချန်းရန်က ရယ်သည်။
“ဒီငါးထောင့်မြက် ပေါ်လာတဲ့ ကိစ္စက တိုက်ဆိုင်မှု သက်သက်ပဲ။ ဒါပေမဲ့ ဒီလျှို့ဝှက်ဆေးနည်းကတော့ အလောတကြီးတော့ လုပ်လို့မရနိုင်ဘူး”
“သေချာတာပေါ့ သေချာတာပေါ့ ရနိုင်ပါတယ်”
လူကြီးမင်းချန်းက ထပ်ခါတလဲလဲ ပြောသည်။ ထို့နောက် ချန်းရန်ကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။
“လူကြီးမင်းရှန်းက ဘာကို ပြောချင်သေးလို့လဲ”
“ခရမ်းကြယ်ကိစ္စလေ”
လူကြီးမင်းရှန်းက နည်းနည်းရှက်နေသည်။
“ကြည့်ရတာ လူကြီးမင်းချန်းရဲ့အဲ့ဒီဆေးနည်းက တော်တော်လေးကို အဖိုးတန်တာ ဖြစ်မယ် အရင်က ဒီအဖိုးကြီးကလည်း ရောဂါကို ကုသဖို့အတွက် တစ်ခုကို တောင်းချင်နေခဲ့တာ။ ဒါက တော်တော်လေးကို မသင့်လျှော်သလို ဖြစ်နေတယ်။ ဒါပေမဲ့ ငါ တန်ကြေးတစ်ခုကို ပေးချင်တယ်။ နောက်ပြီး ဝယ်ချင်တုန်းပဲ”
မတော်တဆမှုများ ဖြစ်ပျက်ခဲ့ပြီးနောက်တွင် သူသည် ချန်းရန်အား ဆရာသခင်ကြီးတစ်ပါးကဲ့သို့ သတ်မှတ်နေပြီ ဖြစ်သည်။ သူဟာ အလွန်နာမည်ကြီးကာ အဆင့်အတန်း မြင့်မားသော်လည်း ချန်းရန်၏အရှေ့တွင်မူ အလွန်ယဉ်ကျေးနေသည်။
“လူကြီးမင်းရှန်းက ယဉ်ကျေးနေပြန်ပါပြီ ကျွန်တော် ခဏနေမှ ခင်ဗျားကိုတစ်ခုပေးမယ်။ အခု တစ်ယောက်ယောက်က အရင်သုံးထားတယ်လေ။ သက်ရောက်မှုရှိလားဆိုတာ အရင်ကြည့်ရမယ်”
ချန်းရန်က မုရှောင်းနွမ်ကို လှမ်းကြည့်သည်။
“အိုး”
လူကြီးမင်းရှန်းက မှင်သက်သွားသည်။ မုရှောင်းနွမ်က အိပ်ယာပေါ်တွင် လဲနေပြီး ဒူးခေါင်းတွင်လည်း အထူးဆေး ပလာစတာကို ကပ်ထားကြောင်း မြင်လိုက်ပြီးနောက် ချက်ချင်း နားလည်သွားသည်။
“ဒါက သခင်မချန်းက ဘယ်လိုနေလဲ”
လူကြီးမင်းရှန်းက သိချင်စိတ်ပြင်းပြစွာ မေးသည်။
“ဒူးခေါင်းက နည်းနည်း ယားယံလာတယ်။ နွေးထွေးလာတယ်လို့ မခံစားရဘူးလား ဆိုလိုတာက အရိုးတွေက သက်သာနေတဲ့ အဓိပ္ပာယ်ပဲလေ။ နောက်ပြီး မတ်တပ်ရပ်ကြည့်ပါလား”
“မရဘူး ငါ ဘာမှ မခံစားရဘူး”
မုရှောင်းနွမ်၏မျက်နှာက နီရဲနေခြင်းပင် မရှိပေ။ သို့သော နှလုံးသားက အခုန်နှုန်းမြန်ဆန်နေသည်။ သူမက လိမ်လိုက်သည်။
“ဟင် ဘယ်လို ဖြစ်နိုင်မှာလဲ”
လူကြီးမင်းရှန်းက နည်းနည်းလက်သင့်မခံသလို ဖြစ်သွားသည်။ ထို့ကြောင့် စမ်းသပ်ကြည့်ရန် ကြိုးစားသည်။
“ဒူးခေါင်းကို အရင်ဦးဆုံး လုပ်ကြည့်လိုက်ပါလား”
မုရှောင်းနွမ်က ခေါင်းခါသည်။
“ဒါ ဒါ…”
လူကြီးမင်းရှန်းက တစ်စုံတစ်ရာကို ပြောတော့မည့်အချိန်တွင် ချန်းရန်က ဖြောင့်ဖြသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ အကြီးအကဲရှန်း ခင်ဗျားအရင် ပြန်နှင့်လိုက်လေ။ ကျွန်တော် စစ်ကြည့်လိုက်မယ်”
“ကောင်းပါပြီ”
လူကြီးမင်းရှန်းက နှုတ်ဆက်စကားပြောကာ ပြန်သွားသည်။
“သုံးရက်ပြည့်ပြီနော်။ မသက်သာသေးဘူးလား”
31 10
လူကြီးမင်းရှန်းက ထွက်သွားသည်နှင့် ချန်းရန်က မုရှောင်းနွမ်ကို သံသယအပြည့်နှင့် ကြည့်သည်။
မဖြစ်နိုင်တာ လျှို့ဝှက်ဆေးနည်းကလည်း မှန်တယ်။ သူ့ရဲ့ လက်ချောင်းတွေကတောင် သက်သောသွားပြီလေ။
“ငါ မသိဘူးလေ နင့်ရဲ့ ဆေးနည်းက မှားနေလို့နေမှာပေါ့။ ဟုတ်တယ်မလား”
မုရှောင်းနွမ်က မုန့်စားနေရင်း ဒရမ်မာ ကြည့်နေသည့် ပုံစံက [ငါတစ်ယောက်တည်း ပျော်တယ် လာပြီး မနှောက်ယှက်နဲ့] ဆိုသော အမူအရာမျိုးဖြစ်သည်။
“မဖြစ်သင့်ဘူး”
ထိုကောင်မလေး၏ သရုပ်ဆောင်စွမ်းရည်က ဖောက်ခွဲနိုင်စွမ်းအားပြင်းထန်သည်။ ထို့ကြောင့် ချန်းရန်ကပင် နည်းနည်း မသေချာတော့ပေ။
သို့သော်
“အဟမ်း”
ချန်းရန်က ရေတစ်ခွက်ကမ်းပေးရင်း ပြောသည်။
“မုန့်တွေ အရမ်းမစားနဲ့လေ။ ပါးစပ်ခြောက်နေအုံးမယ် ရေများများသောက်”
“ကျေးဇူးတင်ပါတယ် ယောက်ျား”
မုရှောင်းနွမ်က ချက်ချင်းဆိုသလို အခြေအနေအတွင်းသို့ ဝင်ရောက်သွားပြီး ဘာကိုမှ နားမလည်သေးပေ။
“ဂလု ဂလု ဂလု”
ထိုကောင်မလေးသည် ရေတစ်ခွက်လုံးကို ကုန်အောင်သောက်သည်။
“အချိန်ယူနော် ဖြည်းဖြည်းလုပ် ဘယ်သူမှ လုမစားဘူး”
ချန်းရန်က အကြံပေးသည်။ သို့သော် သူမက ရေဆာနေသောကြောင့် ဖြစ်လောက်သည်။ ရေအများကြီး အကုန်သောက်လိုက်သည်။
“ဟင် ဘာလို့ နည်းနည်း ငံနေတာလဲ”
မုရှောင်းနွမ်က နှုတ်ခမ်းကို တစ်ချက်လျှက်လိုက်ပြီး အရသာက နည်းနည်း မှားနေသလို ခံစားရသည်။
“လီမွန်က ဆားနည်းနည်းထည့်ထားတော့ နည်းနည်း ငံတာ ဖြစ်ပါလိမ့်မယ်”
ချန်းရန်က တွေးရင်းပြောသည်။
“ဒါဆိုရင် ခွက်ပြောင်းပေးမယ်”
သူသည် နောက်တစ်ခွက် ပြောင်းပေးသည်။
“ဂလု ဂလု ဂလု”
“နည်းနည်း ငံတုန်းပဲ”
မုရှောင်းနွမ်က သောက်လိုက်သည်။ ထို့နောက် နည်းနည်း ငံသလို ခံစားရသည်။ သူမသည် အစပိုင်းတွင် ဘာကိုမှ မခံစားမိသေးပေ။ နည်းနည်း ကြာလာမှသာ ခါးလာသလို ခံစားရသည်။ ဒါဟာ စားဖိုမှူးချန်း၏ လက်ရာဖြစ်သည်။ ထိုရေက ပြဿနာ ရှိနေသော်လည်း လူအများအား အကုန်သောက်အောင် လုပ်နိုင်သေးသည်။
“နောက်တစ်ခွက် ယူအုံးမလား”
တော်ပြီ ဖျော်ရည်ပဲ သောက်တော့မယ်။
မုရှောင်းနွမ်က အုန်းသီးဖျော်ရည်ကို ပျော်ရွှင်စွာ သောက်တော့သည်။
“ဂလု ဂလု ဂလု”
သို့သော် သောက်ပြီးရုံသာ ရှိသေးသည်။ အစာအိမ်ထဲမှ ထူးဆန်းမှုကို ခံစားရသည်။
ချက်ချင်းလား ချက်ချင်းကြီးလိုလား
မုရှောင်းနွမ်၏ မျက်နှာက ပြောင်းလဲသွား၏။ သူမက အများကြီး သောက်မိသွားသောကြောင့် ရေချိုးခန်းသို့ သွားချင်လာသည်။
“ယောက်ျား”
မုရှောင်းနွမ်က ချန်းရန်ကို အကူအညီ တောင်းသည်။
“ငါ့ကို ရေချိုးခန်းလေး လိုက်ပို့ပေးပါအုံး”
“ခဏစောင့်”
ချန်းရန်က ဂိမ်းကစားနေခြင်း ဖြစ်သည်။
“နောက်ဆုံးတစ်ပွဲ ရောက်နေပြီ။ တစ်မိနစ် နှစ်မိနှစ်ပဲ စောင့်”
“ယောက်ျား ဘယ်လောက် ကြာမှာလဲ”
မုရှောင်းနွမ်က အမှန်ပင် မသက်မသာ ဖြစ်နေပြီ ဖြစ်သည်။ သူမကမူ လှပသော မိန်းကလေးတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို တိုက်ရိုက်ပြောလိုက်လျှင် မကောင်းဘူးဟု ထင်သည်။
31 11
တစ်စက္ကန့်ကလည်း တစ်စက္ကန့်ဖြစ်သည်။ ချန်းရန်က မိုဘိုင်းဖုန်းကို ကိုင်ထားသော်လည်း သူ၏ မျက်လုံးကမူ မုရှောင်းနွမ်ထံတွင် ဖြစ်သည်။ သူသည် သိသိသာသာပင် ထိုကောင်မလေး၏ ဟန်ဆောင်နေပုံကို စောင့်ကြည့်နေခြင်းဖြစ်သည်။
“အိုး”
ထို့နောက် တစ်ခဏတွင် မုရှောင်းနွမ်က အိပ်ယာပေါ်မှ လဲကျသွားပြီး နာကျင်စွာ အော်သည်။
“ဘာဖြစ်တာလဲ”
ချန်းရန်က ဖုန်းကို ပစ်ထုတ်လိုက်ပြီး အပြေးသွားသည်။
“မင်း ဒဏ်ရာမရသွားပါဘူး ဟုတ်တယ်မလား”
“ဘာလို့ အခုမှ လာတာလဲ”
မုရှောင်းနွမ်က မတရားခံရသလို ပုံစံမျိုးဖြင့် ရေချိုးခန်းဖက်သို့ညွှန်ပြသည်။
“မြန်မြန်လေး ခေါ်သွားပေးတော့”
“ကောင်းပြီလေ ခဏနေအုံး”
ချန်းရန်က အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ထိုကောင်မလေးက လဲကျသွားသည်။ သူမ၏ ဒူးခေါင်းက မသက်မသာသေးခြင်း ဖြစ်လောက်သည်။
အင်း သူ့ရဲ့ လျှို့ဝှက်ဆေးနည်းက တစ်ခုခု မှားနေတာများလား။
“အင်း သက်တောင့်သက်သာရှိလိုက်တာ”
မုရှောင်းနွမ်က တောင်းဆိုနေရင်း စိတ်အေးစွာ သက်ပြင်းချသည်။ သို့သော် ခြေထောက်ကို သက်တောင့်သက်သာရှိစွာ ဆန့်တန်းထားပြီး ဒဏ်ရာရနေသည်ဟု ယူဆရသောဒူးခေါင်းကို ပွတ်ကာ အထွန့်တက်သည်။
“တကယ်ကို ငါ မထိန်းနိုင်တော့ဘဲ ဒူးခေါင်းကတောင် ခံစားချက် ပျောက်တော့မလို့”
“အခုတော့ အများကြီး သက်တောင့် သက်သာရှိသွားပြီ”
မုရှောင်းနွမ်က ခြေသလုံးကို လွတ်လပ်ပေါ့ပါးစွာ ဆန့်ရင်း သက်တောင့်သက်သာ ရှိလာသည်။ သူမ၏ ခြေထောက်က လုံးဝကို ပျောက်ကင်းသွားပုံ ပေါ်နေလေသည်။
******