အခန်း ၃၅
Vol. 4 Ch. 35
35 01
အပိုင်း (၃၅) ချန်းရန်ရဲ့ ရိုးသားတဲ့ ဝန်ခံချက်
“မား ဒီမှာ လူတွေ အများကြီးပဲနော်”
မုရှောင်းနွမ်က ရှက်သွားပြီး တွေးသည်။
မား မားက တကယ်ပဲ ငါ့ရဲ့မားအစစ်လား။ ဒီမှာ လူတွေအများကြီး ရှိနေတာကို ကိုယ့်ရဲ့ သမီးမျက်နှာကို မထောက်တော့ဘူးလား။
“ဟွန့် ကောင်မလေး နင့်အမေက နင့်မှာ ဘယ်လို စိတ်ထားမျိုး ရှိတယ်ဆိုတာ မသိရမှာလဲ။ဟွန်း…"
လျှိုရှောင်းရှီက နှာခေါင်းရှုံ့သည်။
“အရမ်းဆိုတာလေ ကစားဖို့ပဲ သိတာ။ နောက်ပြီးတိုက်ရိုက်ထုတ်လွှင့်မှု ဆိုတာနဲ့ပဲ အလုပ်များနေတာလေ လေးနက်မှုကို မရှိဘူး”
ထို့နောက်သူမက ချန်းရန်ကို ကြည့်ပြီး တောင်းပန်သလို ပြောသည်။
“အာ လူငယ်လေး ငါတို့ရဲ့ ရှောင်းနွမ်က အရမ်းစိတ်ရှုပ်ဖို့ ကောင်းတယ်မလား။ အခုတလော ဒုက္ခတွေလည်း အများကြီး ပေးထားတယ်မလား ဟုတ်တယ်မလား ငါတကယ် တောင်းပန်ပါတယ်”
လျှိုရှောင်းရှီ၏ အမူအရာက အမှန်တကယ် တောင်းပန်သောအမူအရာ အပြည့်နှင့်ဖြစ်သည်။ သူမ၏ မျက်လုံးကမုရှောင်းနွမ်ကို စိုက်ကြည့်နေသော်လည်း ချန်းရန်ကိုသာ ချောင်းကြည့်နေခြင်းဖြစ်သည်။ ရည်ရွယ်သည်လား မရည်ရွယ်သည်လား မသိ သူ၏ မျက်နှာမှ အပြောင်းအလဲကို အလွန်အမင်း အာရုံစိုက်နေသည်။
ထိုအပြုအမူက မသိသာလောက်ပေ။ သို့သော် ချန်းရန်က မြင်နိုင်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ချန်းရန်က ထိုစကားများကြောင့် ပြုံးလိုက်သည်။ အားလုံး၏ မျက်လုံးထဲမှ အံ့အားသင့်မှုကိုလည်း မြင်ပြီး မုရှောင်းနွမ်ကို ကြည့်ကာ ခပ်တိုးတိုးပြောသည်။
“ရှောင်းနွမ်က တစ်ခါတစ်ရံမှာ ပျော်ပါးတတ်ပေမယ့်လည်း ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒီအတိုင်း ပါဝင်ပစ္စည်းတွေထည့်ပြီး အရသာမြည်းစမ်းဖို့ လိုအပ်တဲ့ ဟင်းတစ်ပွဲလိုပါပဲ။ ကျွန်တော်ကသူမကို အရသာတွေ ဖြည့်ပေးနိုင်တယ်လေ ဘယ်လိုများ သဘောမကျရမှာလဲ”
“ကျွန်တော် သူမကို သဘောကျတယ်ဆိုတာကလည်း သူမနဲ့ ပတ်သက်တဲ့အရာတွေ အားလုံးကို သဘောကျလို့ ပျော်ပါးတတ်လွန်းတယ်ဆိုတာထက် ချစ်စရာကောင်းတယ်လို့ ပြောရမယ်ထင်တယ်”
ထိုသို့ပြောလိုက်ပြီးသည်နှင့် ချန်းရန်၏မျက်လုံးက တစ်ချက် လက်သွားသည်။ လျှိုရှောင်းရှီ၏ ပုံမှန်မဟုတ်မှုကို ချက်ချင်းသတိထားမိလိုက်သည်။
ထို့ကြောင့် ချန်းရန်၏ စိတ်က လှုပ်ရှားသွားပြီး မုရှောင်းနွမ်၏ ပခုံးကို လှမ်းဖက်လိုက်ကာ အနားသို့ မှီလာစေပြီး ပြုံး၍ ပြောသည်။
“ရှောင်းနွမ်က ကျွန်တော့်ရဲ့ အချစ်ရဆုံး ဇနီးပါ”
ချန်းရန်၏ အသံက တည်ကြည်သည်။ စကားတစ်ခွန်းချင်းစီတိုင်းက စစ်မှန်သော ခံစားချက်များ ဖြစ်ပြီး အလွန်အမင်းကို ရင်ထဲ လှုပ်ရှားစေလောက်သည်။ အထူးသဖြင့် နောက်ဆုံးစကားဖြစ်သည်။
“ဝိုး”
ထိုအချိန်တွင် အားလုံးက မှင်သက်သွားသည်။ ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ချိုလိုက်တာ
အရမ်းချိုတယ်။
35 02
ချိုလွန်းလို့ ဝမ်းနည်းစေလောက်တယ်။
“ဝါး လားလား”
ထို့နောက် တစ်ခဏတွင် လက်ခုပ်သံများက ထွက်ပေါ်လာသည်။ လူတိုင်းကလည်း ချန်းရန်နှင့် မုရှောင်းနွမ်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။
“တိတ်ဆိတ်တဲ့ ဆရာသခင်ချန်းမှာ ဒီလို ညင်သာတဲ့ ဖက်ခြမ်း ရှိနေမယ်လို့ မထင်ထားဘူး”
“ငါ ဆရာသခင်ချန်းလို ယောက်ျားမျိုးကို တကယ်လိုချင်တယ်ပါရမီ ရှိရုံတင်မဟုတ်ဘူး ဇနီးကိုလည်း အလိုလိုက်သေးတယ်”
“ရွှေရောင်အမျိုးသားနဲ့ ကျောက်စိမ်းလို မိန်းမပျို ပြီးပြည့်စုံတဲ့လိုက်ဖက် ညီမှုပါပဲ။ သူတို့နှစ်ယောက်ထက် ပိုပြီးလိုက်ဖက်တဲ့ စုံတွဲက မရှိလောက်တော့ဘူး။ ဒီနှစ်ယောက်ကို စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်”
လူတိုင်းက မနာလိုကြီးစိတ်အပြည့်နှင့် ကြည့်နေကြသည်။ သူတို့သည်ပင် သူတို့၏ စိတ်ရင်းနှင့် ကောင်းချီးများကို ထုတ်ပြောကြသည်။ ထိုအခိုက်အတန့်တွင် တစ်ချိန်လုံးတိတ်ပြီး ချန်းရန်ကို ကြည့်နေခဲ့သော လျှိုရှောင်းရှီက စိတ်အေးစွာ သက်ပြင်းချသည်။ သူမ၏ နှလုံးသားထဲမှ ကျောက်တုံးက ပြုတ်ကျသွားလေသည်။
ချန်းရန်၏ အဖြေကသာ နည်းနည်း တုံ့ဆိုင်းနေခဲ့လျှင် သို့မဟုတ် ခံစားချက် ကင်းမဲ့နေခဲ့လျှင် သူမသည်လည်း မုရှောင်းနွမ်ကို ချက်ချင်းပြေးခေါ်ကာ ထွက်သွားမည် ဖြစ်သည်။
“ယောက်ျား”
မုရှောင်းနွမ်၏ မျက်လုံးက မျက်ရည်များကြောင့် ဝါးသွားသည်။ အထူးသဖြင့် ချန်းရန်၏ ထိုစကားဖြစ်သည့် “ရှောင်းနွမ်က ငါ့ရဲ့ အချစ်ရဆုံး ဇနီးပါ” ဆိုသည့် စကားအောက်တွင် သူမ၏ နှလုံးသားက လုံးဝ ကွဲကြေသွားသည်။
ချစ်စရာကောင်းပြီး မြတ်နိုးဖွယ်ကောင်းသော ကောင်မလေးက သူမကိုယ်သူမ ထိန်းထိန်းသိမ်းသိမ်းနေရန် လွှတ်ပေးလိုက်ကာ လုံးဝကို အပြေးအလွှားပြေးပြီး ချန်းရန်ကိုပင် ဖက်လိုက်သည်။
“ယောက်ျား ငါနင့်ကို ချစ်တယ်”
မုရှောင်းနွမ်က ရဲရင့်စွာ ပြောပြီး ချန်းရန်ကို တင်းတင်း ကြပ်ကြပ် ဖက်သည်။ ချန်းရန်၏ ရင်ခွင်ထဲသို့သာ အတင်းဝင်တိုးကာ ချန်းကောကော၏ ရနံ့ကို ရှူရှိုက်သည်။ သူမသည်လည်း နွေဦးပန်းများပွင့်နေသလို ခံစားရသည်။ ဒီထက်ပိုပြီး သက်တောင့်သက်သာရှိကာ ယစ်မူးစေသော ရနံ့မျိုး မရှိလောက်တော့ပေ။
“အိုး အရမ်းကို ရင်ထဲ ထိစရာပဲ ငါတကယ်ကို ရင်ထဲ လှုပ်ရှားနေပြီ”
“ဒါက ကောင်းကင်ပေါ်က စုံဖက်တဲ့ စုံတွဲ ဆိုတာမျိုးလား ဒါကတင် ငါ နှစ်သုံးဆယ်လုံးလုံး တစ်ယောက်တည်း သမား ဖြစ်ခဲ့တဲ့သူကို ချစ်မိချင်သွားတယ်”
“ဝူး ဝူး ဝူး ဘာလို့လဲ ဘာလို့ ငါ ဒါကို မြင်ရတာလဲဟမ် ငါဒီအချစ်ရေးအချစ်ရာတွေကို စိတ်မဝင်စားတာ ကြာပြီလေ ဒီအခိုက်အတန့်မှာတော့ ငါ ထပ်ပြီး ချစ်ချင်သွားပြီ”
မရေမတွက်နိုင်သော လူပေါင်းများစွာက ပျော်လိုက်ဝမ်းနည်းလိုက် ဖြစ်နေကြသည်။ သို့သော် ချွင်းချွင်း မရှိစွာပင် အားလုံးကလည်း ထိုနှစ်ယောက်ကြောင့် ရင်ထဲ လှုပ်ရှားနေကြသည်။
“အဟမ်း”
ထိုအချိန်တွင် လျှိုရှောင်းရှီက ချောင်းတိုးတိုးဟန့်ပြီး နွေးထွေးသော မြင်ကွင်းကို ဖျက်ဆီးသည်။
“အဟမ်း အဟမ်း အဟမ်း”
ကြည့်ရှုသူများကလည်း အသိပြန်ဝင်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံး၏ စိတ်အခြေအနေကို ထိန်းသိမ်းပြီး အချင်းချင်း ဖက်နေသော လူနှစ်ယောက်ကို ကြည့်ကာ သူတို့၏ မျက်လုံးက မနာလို ကြီးမှုကောင်းချီးပေးမှုများ စနောက်လိုစိတ်အဖြစ် ပြောင်းသွားသည်။
ဘယ်လိုကြောင့်များ ဒီနှစ်ယောက်ရဲ့ ပွေ့ဖက်မှုက တင်းကြပ်သထက် တင်းကြပ်သွားတာလဲ။
အခြေအနေကသာ အဆင်ပြေလျှင် ထိုနှစ်ယောက်ကသာ ဟိုတယ်တွင် ဆိုလျှင် အဝတ်အစားများကို တန်းချွတ်ပြီးလောက်လေပြီ။
ဒါဘယ်လိုတောင် ဆိုးရွားတဲ့ ဆက်တင်လဲဟမ်။ ပွေ့ဖက်တာက နည်းနည်းတောင် ပိုကြပ်သွားလို့ ရသေးတယ်။
သို့သော် ချစ်ခြင်း၏ ပျော်ရွှင်မှုတွင် နစ်မြုတ်နေသော မုရှောင်းနွမ်ကမူ မကြားချင်ယောင်ဆောင်လိုက်သည်။
ခင်ပွန်းဖြစ်သူ၏ ပွေ့ဖက်မှုက အလွန်အမင်း သက်တောင်သက်သာရှိသည်။ သူမသည်လည်း သူ့ကို နေ့ရောညပါ ပွေ့ဖက်ထားလို့သည်။
အွန်း နေ့ကနေ ည ညကနေ နေ့အထိပေါ့။
သို့သော် သူမ၏ ခံစားချက်က မနွေးထွေးသေးခင် ချန်းကောကောက ထွက်သွားသည်။
ဟင် ဘာလို့လဲ
“ဒီကောင်မလေးကတော့”
လျှိုရှောင်းရှီက ဒေါသထွက်နေသည်။ ထိုကောင်မစုတ်လေးက ပိုပို၍ပင် မနာမခံ ဖြစ်လာကာ မိခင်ဖြစ်သူ၏ အာဏာကိုပင် စိန်ခေါ်နေသည်။
35 03
“သွား”
ဖြောင့်ဖြ၍လည်း မရသည့်အခါ လျှိုရှောင်းရှီက တံတောင်ဖြင့်သာ လောင်မုကို လှမ်းတို့ရသည်။
လောင်မုတွင်လည်း ထိုရည်ရွယ်ချက် ရှိပြီးသားဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒါဟာ သူ့သမီး ဖြစ်သည်။ သမီးဖြစ်သူက လက်ထပ်ပြီးသွားသည့်တိုင်အောင် သူသည် သမီးဖြစ်သူကို အပျိုလေးဟုသာ တွေးနေတတ်သည်။ သမီးကျွန် တစ်ယောက်အနေနှင့် ထိုသို့ နီးကပ်နေသည့် အခြေအနေမျိုးကို တော်ရုံ တန်ရုံ မမြင်ချင်ပါပေ။ ပိုဆိုးသည်မှာ သူ၏ အရှေ့တွင် ဖြစ်သည်။
“အဟမ်း ရှောင်းနွမ် အချိန်လည်း ကျနေပြီလေ သမီးရဲ့ယောက်ျားကလည်း ပန်းချီပြပွဲ ရှိသေးတာ ဆိုတော့ နောက်မှပဲ ပြောကြတာပေါ့”
လောင်မု၏ နည်းလမ်းက သင့်တော်သည်ဟု ပြောရပေမည်။ သူသည်လည်း မုရှောင်းနွမ်၏ ကြိုးစားအားထုတ်မှုကို တိတ်တဆိတ် ဖယ်ခွာလိုက်သည်။
မည်သို့ပင်ဆိုစေ မုရှောင်းနွမ်က သူ၏ စိတ်ထဲတွင် ချန်းရန်သာရှိနေသည်။ ချန်းရန်ကလည်း ဒီနေ့တွင် ပြပွဲ ရှိနေသည်။ သဘာဝကျကျပင် ချန်းရန်၏ အရေးကြီးသော ကိစ္စများကို အချိန်မဆွဲလိုပေ။ မုရှောင်းနွမ်က ခပ်တိုးတိုးပြောလိုက်ပြီးနောက် ချန်းရန်ကို လွှတ်ပေးလိုက်သည်။ ထိုအခါမှသာ စီနီယာအစ်ကိုချန်း၏ ပွေ့ဖက်မှုက အလွန်အမင်း နွေးထွေးနေကြောင်း သူမကို အလွန်အမင်း လောဘ တက်စေကြောင်း၊ တွန့်ဆုတ်စေကြောင်း ခံစားလိုက်ရသည်။
သို့သော် ထိုသို့ခွဲလိုက်သည့်အခိုက်အတန့်တွင်ပင် ချန်းရန်၏ အင်္ကျီအရှေ့ဖက်ခြမ်းက သူမ၏ မျက်ရည်များနှင့် စွန်းထင်းနေကြောင်း မြင်လိုက်သည်။
“အာ ငါတောင်းပန်ပါတယ်”
မုရှောင်းနွမ်၏ မျက်နှာက တောင်းပန်လိုစိတ်အပြည့်နှင့် ဖြစ်သွားပြန်သည်။ ဒီနေရာတွင် တစ်သျှူးလည်း မရှိပေ။ ထို့ကြောင့် အင်္ကျီလက်ကိုသာ သုံးပြီး ကူညီကာ သုတ်ပေးလိုက်သည်။
“ဒီကိုလာ”
လျှိုရှောင်းရှီက ဆက်ပြီး မကြည့်နိုင်တော့ပေ။
ဒီနှစ်ယောက်က ညားတာ ဘယ်လောက် ကြာသေးလို့လဲ။ ဟမ် နောက်ပြီး ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာလား။
“ကောင်မစုတ်လေး ဟမ် အရှက်မရှိဘူးလား နင့်အမေက မျက်နှာပျက်ရပြီ”
လျှိုရှောင်းရှီက ထိုကောင်မလေးကို ဆွဲခေါ်လိုက်သည်။ ထိုကောင်မလေးကလည်း ချန်းရန်၏ အင်္ကျီကော်လံကို သုတ်ပေးရန် တွေးနေသေးသည်။ သူမက ထွက်သွားရန် တွန့်ဆုတ်နေသေးသည်။ သို့သော် မိခင်ဖြစ်သူက ဆွဲခေါ်သွားသည်။
“ယောက်ျား ငါ အခန်းထဲမှာ စောင့်နေမယ်နော်”
မုရှောင်းနွမ်က ခပ်တိုးတိုးပြောပြီးသည်နှင့် မိခင်ဖြစ်သူ၏ အနောက်မှ လိုက်သွားသည်။
ဘယ်လောက်တောင် ဉာဏ်ကောင်းတဲ့ ယောက္ခမလဲ။
ထိုအချိန်တွင် နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော ချန်းရန်က မိခင်နှင့် သမီးဖြစ်သူတို့၏ ကျောပြင်ကို ကြည့်သည်။ အထူးသဖြင့် လျှိုရှောင်းရှီကို ကြည့်ကာ စိတ်အေးစွာ သက်ပြင်းချသည်။
မုရှောင်းနွမ်အပါအဝင် မည်သူကမှ မသိလောက်ပေ။ သို့သော် သူတို့နှစ်ယောက်က စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်ခဲ့ပြီးသားဖြစ်သည်။ အစပိုင်းတွင်မူ လျှိုရှောင်းရှီက မုရှောင်းနွမ်၏ မကောင်းကြောင်းကို အများရှေ့တွင် တမင်တကာ ထုတ်ပြောသည်။ သို့သော် ဒါဟာ သူ့ကို စမ်းသပ်ခြင်းဖြစ်သည်။ ထို့အပြင် အခုလေးတင် ဝန်ခံလိုက်သော စကားများအတွက်ကမူ နောက်ဆုံး စကားကလွဲပြီး ကျန်သော စကားတိုင်းက စိတ်ရင်းဖြင့် ဖြစ်သည်။
ဖြစ်နိုင်တာက ငါ ဒီကောင်မလေးကို တကယ်ပဲ သဘောကျနေပြီလား။
ချန်းရန်က တစ်ခဏခန့် စိတ်ရှုပ်သွားသည်။ သူသည် မုရှောင်းနွမ်ကိုခံစားချက် နည်းနည်း ရှိနေသော်လည်း သူ၏ အစစ်အမှန် ခံစားချက်ကို ဘယ်သောအခါကမှ နက်နက်ရှိုင်းရှိုင်း မတွေးတောခဲ့ဖူးချေ။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင်လည်း သူမက မည်မျှအရေးကြီးကြောင်းကိုလည်း မသိထားပါချေ။
“ဆရာသခင်ချန်း ဆရာသခင်ချန်း”
ထိုအချိန်တွင် စိတ်လှုပ်ရှားသော အသံတစ်သံထွက်လာသည်။
ချန်းရန်က အာရုံပြန်စိုက်လိုက်သောအခါ လူကြီးမင်းလန်က နည်းနည်းပိန်ပါးသော သက်လတ်ပိုင်း အရွယ်လူကြီးတစ်ယောက်ဖြင့် ရောက်လာကြောင်း မြင်ရသည်။ လူကြီးမင်းလန်က အရင်ပြောသည်။
“ဒါက ရွှိမ်ထောင် .com က လူကြီးမင်းမာလေ။ သူက မင်းရဲ့ ဒီပန်းချီကားတွေကို အရမ်းတွေ စိတ်ဝင်စားနေပြီး သီးသန့် ဝယ်ယူချင်နေတာ ဘယ်လိုထင်လဲ”
“ပြဿနာမရှိပါဘူး”
ချန်းရန်က ခေါင်းညိတ်သည်။ သူက တစ်ဖက်လှည့်တော့မည့်အချိန်တွင် ရုတ်တရပ် အကြံတစ်ခု ရသွားသည်။
“ဘယ်တစ်ခုလဲ”
ရွှိမ်ထောင်.com က လူကြီးမင်းမာက ပြုံးရင်း လက်ထောင်ပြသည်။
******