အခန်း ၃၆
Vol. 4 Ch. 36
36 01
အပိုင်း (၃၆) မားနဲ့ပါး
“ဒုတိယတစ်ခုကိုပါ လိုချင်တာလား”
ချန်းရန်က မှင်သက်သွားပြီး ရုတ်တရပ် ရပ်တန့်သွားကာ နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။ သူသည်လည်း တစ်ဖက်သူက မည်သည့်အတွက်ကြောင့် နှစ်ခုလုံးကို လိုချင်နေမှန်း မသိသေးသော်လည်း ဒုတိယပန်းချီကားကိုမူ မည်သူ့ကိုမှ မယူစေချင်ပေ။
“အာ မဟုတ်ဘူး မဟုတ်ဘူး။ လူကြီးမင်းချန်း ငါက နှစ်ခုလုံးယူမယ်လို့ ပြောတာပါ”
ရွီမ်ချောင်.com မှ လူကြီးမင်းမာက အစားကြီး သည် သူသည် ပန်းချီကားနှစ်ခုလုံးကို လိုချင်နေသည်။
“လာနောက်နေတာလား”
ချန်းရန်၏လေသံက ပေါ့ပါးသွားသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ထိုစကားကို ကြားပြီး ယခင်ကလောက် မဆိုးရွားတော့ချေ။
အခြေအနေက အဆင်ပြေကြောင်သိသည်နှင့် အလယ်မှ ကြားခံ ဆက်သွယ်ပေးသည့် လူကြီးမင်းလန်ကလည်း ဝင်ရောက်ဖြန်ဖြေပေးသည်။
“ဆရာသခင်ချန်း ဒီလိုပါ လူကြီးမင်းမာက အဓိကက ပထမတစ်ခုကို ကြိုက်တာ သူကလည်း ဒီရှုခင်းပုံက သူ့ရဲ့ခန်းနားထည်ဝါတဲ့ အသက်မွေးဝမ်းကြောင့် လုပ်ငန်းနဲ့ အရမ်းကို လိုက်ဖက်ညီတယ်လို့ ခံစားရတယ်လေ။ ဒါကြောင့် သူက ဒုတိတစ်ခုကို လက်ခံချင်သွားတာ။ ဘာပဲဖြစ်ဖြစ် ဒါက ဆရာသခင်ချန်းရဲ့လက်ရာပဲမဟုတ်လား ဆိုတော့ ကိုယ်စားပြုနိုင်တာပေါ့”
“အင်း ငါဆိုလိုတာလည်း အဲ့တာပါ”
ရွီမ်ထောင်.com မှ လူကြီးမင်းမာက အလျှင်စလို ဝင်ပြောသည်။
“ဒါဆိုရင် ဘယ်လိုလဲလှယ်ချင်တာလဲ”
“ဒီလိုဆိုရင် ဘယ်လိုလဲ။ ပန်းချီကားတစ်ချပ်ကို သန်းနှစ်ရာ့ငါးဆယ်နဲ့လေ ဆိုတော့ နှစ်ချပ်ဆိုတော့ ငါးရာပေါ့”
လူကြီးမင်းမာက ကြွယ်ဝကာ အင်အားကြီးမားသည်။ ထိုပမာဏက ထိုသူ၏ ရူးသွပ်မှုကို ဖော်ပြရာရောက်သည်။
“ဆရာသခင်ချန်း တကယ်လို့သာ လေလံတင်မယ်ဆိုရင်လည်း ဒီထက်တော့ မလျော့နည်းနိုင်ဘူးဆိုတော့ ဒီတန်ကြေးက အရမ်းကို ရိုးသားတာပါ”
လူကြီးမင်းလန်ကလည်း မှင်သက်သွားသည်။ သူသည် ချန်းရန်ကို အမှန်တကယ်ပင် မနာလို ဖြစ်သွား၏။ သူသည် ပွဲဦးထွက်ကာဖြစ်သည်။ သို့သော် ပထမဦးဆုံး solo ရှိုးပွဲတွင်ပင် ပန်းချီကားချပ်အား မြင့်မားလွန်းသော တန်ကြေးဖြင့် ရောင်းချခံရသည်။ ထို့အပြင် နှစ်ချပ်လုံးဖြစ်သည်။
“ငါစဉ်းစားကြည့်ပါမယ်”
ချန်းရန်က ခေါင်းညိတ်ပြီးပြောသည်။
“မစိုးရိမ်ပါနဲ့ ညစာစားပြီးတာနဲ့ အဖြေတန်းပေးပါ့မယ်”
ချန်းရန်ကလည်း ထိုကိစ္စအား မုရှောင်းနွမ်နှင့် အရင်ဦးဆုံး ဆွေးနွေးသင့်သည်ဟု ထင်သည်။ မည်သို့ပင်ဆိုစေ ဒုတိယတစ်ပုံက သူမ၏ ပုံဖြစ်သည်။
“ရောင်းတာဖြစ်ဖြစ် သိမ်းထားတာ ဖြစ်ဖြစ် သူမ ထင်မြင်ချက်ကို နားထောင်ရအုံးမယ်”
“ကောင်းပြီ ဆရာသခင်ချန်းရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်”
လူကြီးမင်းမာက ချန်းရန်နှင့် စိတ်အားထက်သန်စွာ နှုတ်ဆက်သည်။ သူသည်လည်း ဒီကိစ္စက ညှိနှိုင်း၍ ရလောက်မည်စု ထင်သည်။
ချန်းရန် တစ်ဖက်သို့ ပြန်လှည့်လာသော အခါ မုရှောင်းနွမ်ကို မိဘများက စကားပြောရန် ခေါ်သွားပြီ ဖြစ်သည်။ သို့ရာတွင် စကားပြောရန်ခေါ်သွားသော်လည်း မုရှောင်းနွမ်ကမူ စိတ်လွှင့်နေသည်။ သူမက ခေါင်းကိုသာ ငုံ့ထားပြီး ဖုန်းကိုသာ သုံးနေ၏။ မေးခွန်းများကိုပင် မဖြေပေ။
“အာ ယောက်ျား ပြန်လာပြီလား”
ချန်းရန် ဝင်လာသည်နှင့် မုရှောင်းနွမ်၏ မျက်လုံးက ချက်ချင်းတောက်ပသွားသည်။ သူမက ချက်ချင်းဆိုသလိုပင် ပြန်လည်ရှင်သန်သွားကာ ချန်းရန်နံဘေးသို့ သွားသည်။
“အင်း”
ချန်းရန်က ပြုံးထားသည်။ လူကြီးများကို ကြည့်ပြီးတောင်းပန်သည်။
“အာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ဦးလေးနဲ့ဒေါ်လေး အချိန်အကြာကြီး စောင့်နေစေမိပြီ ထင်တယ်။”
“ဘာကို ဦးလေးနဲ့ ဒေါ်လေးလဲ။ ပါးနဲ့ မားလို့ ခေါ်ရမှာ”
မုရှောင်းနွမ်က မျက်လုံးလှန်ပြပြီး ချွဲလိုက်သည်။
“ဒီကောင်မလေးကတော့လေ ဘယ်အချိန်က ဒီလောက်ထိ အတင့်ရဲလာတာလဲ ဟမ်”
လျှိုရှောင်းရှီက မကျေမနပ်ဖြစ်သလို နှာခေါင်းရှုံ့သည်။ ထို့နောက် ချန်းရန်ကို အပေါ်အောက် သေချာကြည့်သည်။ သူယခင်က မတွေ့ဖူးသော သားမက်လေးကို အလွန်အမင်း ကျေနပ်နေသည်။
“လူငယ်လေး မင်းက ငါတို့ရဲ့ရှောင်းနွမ်နဲ့ လက်ထပ်မှတ်ပုံတင် ယူထားပြီးပြီ ဆိုကတည်းက ငါတို့က မင်းရဲ့ယောက္ခမတွေ ယောက္ခထီးတွေ ဖြစ်သွားပြီ။ ဒါပေမဲ့လည်း မင်္ဂလာပွဲက ကျင်းပရသေးတာ မဟုတ်ဘူးမလား ဆိုတော့ ကြိုက်သလို ခေါ်လို့ရပါတယ်”
လျှိုရှောင်းရှီက ကိစ္စမရှိကြော င်းပြောသည်။
“ပါး မား”
36 02
ချန်းရန်ကလည်း တုန့်ဆိုင်းမနေဘဲ ထိုနာမည်နှစ်ခုကို တန်းခေါ်လိုက်သည်။ သူက ပြုံးနေသော်လည်း သူ၏ နှလုံးသားကမူ ထိန့်လန့်ပြီး မြန်ဆန်လာ၏။ ထိုနာမည်နှစ်ခုက သူ့အားအလွန်စိတ်လှုပ်ရှားစေသော ခံစားချက်ကို ပေးစွမ်းလေသည်။
“ဟေး”
လျှိုရှောင်းရှီက တစ်ခဏခန့် မှင်သက်သွားသည်။ ထို့နောက် စိတ်လှုပ်ရှားစွာ တုံ့ပြန်သည်။ သူမက ချန်းရန်ကို ကြည့်လေလေ သဘောကျလေလေ ဖြစ်လာသည်။ ပြောရမည်ဆိုလျှင် အိပ်မက်မက်နေသည်ဟုပင် ခံစားလိုက်ရသည်။ ထိုမျှချောမောပြီး ပြည့်စုံသော ကောင်လေးက သူမ၏ သားမက်ဖြစ်နေသည်။ ဒါဟာ အိပ်မက်ကဲ့သို့ ဖြစ်သည်။ သူမက မယုံကြည်နိုင်ပေ။
“အင်း အခုက စပြီး ရှောင်းချန်းလို့လဲ ခေါ်လို့ရပါတယ်။ ကျွန်တော်တို့က မိသားစုပဲ ဆိုမှတော့ အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး”
ချန်းရန်ကလည်း နဂိုကမူ ထိုနာမည်နှစ်ခုအား အလွန်အမင်း ကိုးရိုးကားရားဖြစ်စေသည်ဟုထင်သည်။ သို့သော် နှစ်ဖက်လုံးက ထိုမျှအထိ ခပ်အေးအေးဆက်သွယ်နိုင်မည်ဟု မထင်ထားမိပေ။ ထိုအခြေအနေကသူ့ကို စိတ်အေးစွာ သက်ပြင်းချမိစေသည်။ သူသည်လည်း ထိုဆက်ဆံရေးကို အရင်ဦးဆုံး ရိုးရှင်းအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ အနာဂတ်တွင် နှစ်ဖက်လုံးက အဆက်အသွယ်လုပ်သောအခါ ကို့ရို့ကားယားဖြစ်နေတော့မည် မဟုတ်ပေ။
“ရှောင်းချန်း နာမည်က အဆင်ပြေသားပဲ”
လျှိုရှောင်းရှီကလည်း နည်းနည်း တုံ့ဆိုင်းသွားသေးသည်။ မည်သို့ပင်ဆိုစေ ချန်းရန်၏ နံဘေးမှ အရှိန်အဝါက တောက်ပလွန်းသည်။ ထိုနာမည်က ရိုးရှင်းလွန်းသလို ဖြစ်နေသည်။
“ကိစ္စမရှိပါဘူး”
ချန်းရန်က ပြုံးသည်။ သူတို့ဟာ မိသားစုဆိုကတည်းက အများကြီး ယဉ်ကျေးနေစရာ မလိုအပ်ပါပေ။ ထို့အပြင် သူတို့နှစ်ယောက်က လူကြီးများဖြစ်သည်။ ထို့ကြောင့် နာမည်က အရေးမကြီးပါပေ။
“ဟားဟား ကောင်းတယ် ကောင်းတယ် ရှောင်ချန်း မဆိုးဘူး မဆိုးဘူး ဟန်နီ အရမ်းကြီး ပုံစံတကျ လုပ်မနေနဲ့ သူတို့က လက်ထပ်စာချုပ်တောင် ရထားပြီးပြီလေ ဆိုတော့ ရည်းစားတွေလည်း မဟုတ်တော့ဘူး တရားဝင် လက်ထပ်ပြီးသား”
မုချန်းဖုန်းက ချန်းရန်အား ပြင်းထန်သော အပြုံးမျိုးနှင့် ကြည့်သည်။
“ရှောင်ချန်း ငါတို့က မိသားစုဆိုမှတော့ ပါးက မင်းနဲ့ ဆွေးနွေးစရာရှိတယ်”
“ဘာကို အလျှင်လိုနေတာလဲ ဘေးဖယ်နေ”
လျှိုရှောင်းရှီက မုချန်းဖုန်းကို ခက်ထန်စွာ ကြည့်သည်။
“ရှောင်ချန်းက အခုမှ ပန်းချီပြပွဲက ပြန်လာတာလေ နားပါစေအုံး”
“ဟုတ်တယ် ဟုတ်တယ်။ ယောက်ျားက ပင်ပန်းနေပြီလား”
မုရှောင်းနွမ်ကလည်း မိခင်ဖြစ်သူ၏ စကားနောက်သို့ အသည်းအသန် လိုက်ပြောသည်။
“ဟားဟား ရပါတယ် ငါ့ကို ကြည့်အုံး ရှောင်းချန်း မင်းသွားလေ မင်းသွားပြီး အရင်နားလိုက်အုံး ငါတို့ နောက်မှ စကားပြောမယ်”
မုချန်းဖုန်းက ကို့ရို့ကားယားပြောသည်။ နဖူးမှ ချွေးများကို သုတ်ရင်း ရယ်သည်။
“ဒါဆိုရင်လည်း သမီး သူ့အခန်းကို ပြန်ခေါ်သွားလိုက်ပြီး နားခိုင်းလိုက်မယ်နော်”
မုရှောင်းနွမ်က ချန်းရန်ကို တိုက်ရိုက်ပင် အခန်းထဲသို့ ခေါ်သွားသည်။
“ငါ့ကို ဆိတ်ခိုင်းစမ်းပါ။ ငါများ အိပ်မက်မက်နေတာလားလို့ ရှောင်ချန်းက တကယ်ပဲ ငါတို့ရဲ့ သားမက်လားလို့”
လျှိုရှောင်းရှီက ထွက်သွားသောနှစ်ယောက်၏ ကျောပြင်ကို ကြည့်ပြီးနောက် အိပ်မက် မက်နေသလို ခံစားရသည်။
“ဘာလို့ ကိုယ့်ဘာသာကိုယ် မဆိတ်တာလဲ”
မုချန်းဖုန်း၏ အိုမင်းသော မျက်နှာက ခါးသီးသွားသည်။ သူမက ငယ်ရွယ်ချိန်က သူ့ကို ဆိတ်လိုက် ကိုက်လိုက် လုပ်ရသည်ကို သဘောကျသည်။ ထို့ကြောင့် သူသည် နာလည်းနာ ပျော်လည်းပျော်ဟု ပြောရပေမည်။
“ပေါက်ကရတွေ”
လျှိုရှောင်းရှီက လက်ကို ဆန့်ထုတ်ပြီး လောင်မူကို ခပ်ကြမ်းကြမ်းဆိတ်သည်။ လောင်မုက ပင့်သက်ရှိုက်လိုက်ရသည်။ သူက အိုနေသောအခါ သူ၏ခန္ဓာကိုယ်က ဟိုလှုပ်ဒီလှုပ်မခံနိုင်တော့ပါပေ။
“နာတယ် နာတယ် လွှတ်တော့” ဟု အော်သည်။
“ဟွန့်”
လျှိုရှောင်းရှီက လက်ကို ပြန်ရုတ်ပြီး ဘေးဘက်တွင် အေးစက်သော မျက်နှာနှင့် ရပ်နေသည်။
“ရှင်အခု ဘာပြောချင်လို့လဲ ရှောင်ချန်းက ငါတို့ရဲ့ သားမက်ဆိုပေမယ့်လည်း ရှင်တချို့ကိစ္စတွေမှာ တအားမလွန်နဲ့နော်”
“ငါက ဘယ်လိုလွန်ရမှာလဲ”
လောင်မုက မျှတမှုကို တောင်းခံသည်။
“ငါ ဒီအတိုင်း အဲဒီဆေးအသစ်ကို သူလုပ်တာ ဟုတ်မဟုတ် သိချင်ရုံပါပဲ အခြားရည်ရွယ်ချက် မရှိပါဘူး။ နောက်ပြီး ရှောင်ချန်းရဲ့ အင်အားမျိုးနဲ့ဆိုရင် သူက ဒါကို ဂရုစိုက်မယ်လို့ ထင်လို့လား”
36 03
“ဟွန့် ရှင်ပြောတာတော့ မှန်တယ်။ ကျွန်မသားမက်ရဲ့ ပန်းချီပြခန်းက လူကြီးမင်းလန်ထက် နိမ့်တာမှ မဟုတ်တာ”
လျှိုရှောင်းရှီက ထိုစကားကို သဘောကျသွားပြီး စိတ်လှုပ်ရှားစွာပြောသည်။
“သွားရအောင် သွားရအောင် ပန်းချီကားနှစ်ချပ်ကို သွားကြည့်မယ်။ ငါ အဲ့ဒီကောင်မစုတ်လေးအကြောင်းကို စိုးရိမ်နေရတာနဲ့တင် ပန်းချီကားကိုတောင် ကောင်းကောင်း မကြည့်ခဲ့ရဘူး”
ထိုအချိန် အခန်းထဲတွင်…
အခန်းထဲသို့ ပြန်ရောက်သည်နှင့် မုရှောင်းနွမ်က တံခါးကို ပိတ်လိုက်ပြီး လော့ချလိုက်သည်။ ထို့နောက် စိတ်အေးစွာ သက်ပြင်းချသည်။
“တော်သေးတာပေါ့ မားက အရမ်းကို သတိကြီးတာပဲ”
မုရှောင်းနွမ်က စိတ်အေးသွားသည်။ ထို့နောက် ချန်းရန်ကို ကြည့်ပြီး ပြောသည်။
“ချန်းကောကော အခု ချန်းကောကော ပြောတဲ့ ပုံစံကလေ တကယ်အဆင်ပြေလို့လား ငါတောင် သွေးပျက်သွားတာပဲ”
ချန်းရန်ကသာ ပါး မားဟု မခေါ်ခဲ့လျှင် သူတို့နှစ်ယောက်က ပေါ်သွားလောက်သည်။
“ဒါဆိုရင် ဘာဖြစ်လဲ”
ချန်းရန်က တည်ငြိမ်စွာပြောသည်။
“နင်က မစိုးရိမ်ဘူးလား”
ချန်းရန်က တအံ့တဩပြောသည်။
“ဘာကို စိုးရိမ်ရမှာလဲ”
ချန်းရန်က တည်ငြိမ်စွာနှင့် ပြောသည်။
“မေးချင်တာမေး”
“ချန်းကောကောက အရမ်းတော်တာပဲ”
မုရှောင်းနွမ်၏ မျက်လုံးက လေးစားမှု အပြည့်နှင့် ဖြစ်သည်။
“စကားမစပ် ချန်းကောကော”
မုရှောင်းနွမ်က ရုတ်တရပ် ရှက်သွားပြီး ယခင်ကထက်ပင် စိုးရိမ်ကြောင့်ကြလာသည်။
“ခုနက ပန်းချီပြခန်းထဲမှာ ပြောတာလေ။ ဒါက သူတို့ကို ကိုင်တွယ်ချင်ရုံ သက်သက်လား”
ထိုကောင်မလေး၏ မျက်လုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ လက်သေးသေးလေး နှစ်ဖက်ကိုလည်း မသက်မသာဖြစ်သလို ဟိုလိမ် ဒီလိမ် လုပ်နေသည်။ ထိုအခိုက်အတန့်တွင် သူမက မိဘများ၏ အရှေ့တွင် ပေါ်သွားမည်ထက် ပို၍ စိုးရိမ်ကာ ကြောက်လန့်ပြီး ထိတ်လန့်နေပုံရသည်။
******