← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

37 01

အပိုင်း (၃၇)

“နင် ပြခန်းထဲမှာ အဲ့စကားတွေ ပြောခဲ့တာကလည်း သူတို့ကို ကိုင်တွယ်ဖို့ သီးသန့်ပဲလား”

ကောင်မလေး၏ မျက်လုံးက မသက်မသာဖြစ်မှု စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည်။ သူမသည် ထိုအချိန်တွင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒါဟာ အရေးကြီးလေသည်။

“ဘယ်လိုထင်လဲ”

ချန်းရန်၏ နှုတ်ခမ်းက ကော့တက်ကာ ပြုံးလိုက်သည်။ သူက ထိုကောင်မလေးကို ကြည့်နေရင်း ရုတ်တရပ်စချင်လာသည်။ ထို့ကြောင့် တမင်တကာ ပြန်မေးသည်။

“ငါက ဘယ်လို သိမှာလဲ”

မုရှောင်းနွမ်က ခပ်တိုးတိုးရေရွတ်သည်။ သို့သော် လှပသော မျက်လုံးကြီးများက သိချင်စိတ် ပြင်းပြနေလေပြီး ချန်းကောကော အစားပင် : ဟုတ်တယ် ဟုတ်တယ် ငါပြောတာအမှန်ပဲ…ဟု အစားဝင်ပြောပေးချင်နေသည်။

“ငါမင်းကို သတိပေးပါရစေအုံး”

ချန်းရန်က ပြောသည်။

“မင်းအမေက အစပိုင်းမှာ မင်းရဲ့မျက်နှာကိုတောင် မထောက်ဘဲ မကောင်းတာတွေ ပြောခဲ့တယ်ဆိုတာ သတိရသေးလား”

“မှတ်မိတယ်လေ”

မုရှောင်းနွမ်က အတော်လေးကို ရန်ငြိုးကြီးသော သူ ဖြစ်သည်။ သူမက ထိုကိစ္စအပေါ် အတော်လေးကို ထင်မြင်ချက်ကြီးသည်။

“မားကတော့ တကယ်ပါပဲ နောက်ပိုင်းချန်းကောကော ပြောတဲ့ စကားကိုပဲ ကျေးဇူးတင်ရမယ်”

သို့သော် သူမ၏ စကားက မဆုံးသေးခင် မုရှောင်းနွမ်က ရုတ်တရပ် ရပ်တန့်သွားသည်။ မျက်လုံးက ပြူးသွားပြီး မုရှောင်းနွမ်ကို စိုက်ကြည့်သည်။

သူမ၏ ရှက်ရွံ့နေသော မျက်နှာက ချက်ချင်းဆိုသလို ဖြူစုတ်သွားသည်။

ဆိုတော့ စီနီယာအစ်ကိုချန်းက မားက ကောကောရဲ့ ငါ့အပေါ် ခံစားချက်တွေကို စမ်းသပ်ချင်မှန်း သိလို့တမင်တကာ ပြောလိုက်တာပေါ့လေ။

မုရှောင်းနွမ်က အဆုံးသတ်နားတွင် အသံက တိုးသွားပြီး နဂိုက ယုံကြည်မှုနည်းနည်းလေး ရှိနေသေးရာမှ တဖြည်းဖြည်း ကွဲကြေသွားပုံရသည်။ သူမ၏ လှပပြီး တောက်ပသော မျက်နှာလေးက ဖြူဖျော့ကာ မီးခိုးရောင်သန်းသွားပြီး အရောင်များအားလုံး ပျောက်သွားသည်။

မုရှောင်းနွမ် နင် တအားတုံးတာပဲ။

ထိုအချိန်တွင် မုရှောင်းနွမ် ရင်ကွဲ သွားသည့် အသံကိုပင် ကြားရသည်။

“ဆိုတော့ ကံကောင်းစွာနဲ့ မင်းက ငါ့အတွက် ပြဿနာ ကြီးကြီးမားမားကို မဖန်တီးပေးလိုက်ဘူး။ ဒါပေမဲ့ ငါ အစောပိုင်း ပြောတဲ့ စကားတွေကတော့ အမှန်ပဲ ဒါကြောင့် သူမကလည်း ဘာကိုမှ မှားတယ်လို့ မထင်တာပေါ့”

ချန်းရန်က ရုတ်တရပ် ဝင်ပြောသည်။

“ဘာ”

မုရှောင်းနွမ်က ရုတ်တရပ် မျက်လုံးပြူးသွားသည်။ ချန်းရန်ကိုပင် မယုံနိုင်သလို ကြည့်သည်။

ချန်းကောကော ဘာပြောလိုက်တာလဲ တကယ်စိတ်ရင်းနဲ့ ပြောတာလား။

“ချန်း…ချန်း…စီနီယာချန်း ဘာ…ဘာပြောလိုက်တာလဲ ထပ်ပြောပါအုံး တကယ် တကယ် စိတ်ရင်းနဲ့ ပြောလိုက်တယ်လို့ ပြောတာလား”

မုရှောင်းနွမ်၏ မျက်လုံးက ရုတ်တရပ် တောက်ပလာသည်။ သူမက ချန်းရန်၏ လက်မောင်းကို ရုတ်တရပ် လှမ်းဆွဲသည်။

“စိတ်ရင်းနဲ့ ငါပြောခဲ့လို့လား”

ချန်းရန်က မျက်ခုံးပင့်သည်။

“ပြောလိုက်တယ် ပြောလိုက်တယ်”

မုရှောင်းနွမ်က ချွဲပြီး ချန်းရန်၏ လေသံကို တုပကာ ပြောသည်။

“ချန်းကောကောက ငါ့ကို ချစ်စရာကောင်းတယ်ဆိုပြီး ပြောသေးတယ်လေ”

“ဝန်မခံဘူးလား”

မုရှောင်းနွမ်က ချန်းရန်ကို စိတ်လှုပ်ရှားစွာ ကြည့်သည်။

“အမှန်ပဲ”

ချန်းရန်ကလည်း မျက်နှာသေနှင့် လက်ပိုက်ပြီး ခေါင်းငြိမ့်သည်။ ထို့နောက် ပြန်မေးသည်။

“ဆိုတော့ ဘာဖြစ်လဲ”

“ဒါဆိုရင် နောက်ဆုံး စကားကရော”

မုရှောင်းနွမ်က အနားကပ်လာသည်။ တောက်ပသော မျက်နှာနှင့် လှပသော မျက်လုံးကြီးတစ်စုံက အလင်းများပင် သယ်ဆောင်ထားပုံရသည်။

“အဆုံးသတ်မှာ ပြောလိုက်သေးတယ်လေ”

“အရူးမလေး ငါပြောတာကော နားထောင်နေရဲ့လား”

ချန်းရန်က နောက်ဆုံးတွင် အပြုံးကို မထိန်းနိုင်တော့ပေ။ မုရှောင်းနွမ်၏နဖူးကို သူ၏ လက်ညိုးဖြင့် အသာတောက်သည်။

“အိုး နာတယ်”

မုရှောင်းနွမ်က နာကျင်စွာအော်သည်။ နဖူးကို ကိုင်ထားပြီး ခပ်တိုးတိုးရေရွတ်ကာ နှုတ်ခမ်းဆူနေသည်။

“ချန်းကောကော ဘာလို့ လာတောက်တာလဲ။ ငါ ပြောတာ မှားလို့လား ကောက သိသိသာသာကိုပဲ ဝန်ခံထားပြီးသားပဲကို ငြင်းချင်နေသေးတယ် ဟွန့် မရဘူး”

မုရှောင်းနွမ်က ပြင်းထန်စွာ ငြင်းဆန်သည်။

37 02

“ငါ အရင်က ဒါကို ပထမဦးဆုံးအကြိမ်ပြေတာကို မကြားဖူးဘူးလား”

ချန်းရန်က နှာခေါင်းရှုံ့သည်။

“အဲ့ဒီအချိန်က ငါ့ရဲ့ စကားပထမပိုင်းကပဲ ရိုးသားတယ်လို့ ဝန်ခံတာ။ ဒါပေမဲ့ ဒုတိယတစ်ပိုင်းကတော့ မင်းအမေကို ပြောပြတာလေ။ အလေးအနက် မထားပါနဲ့”

“အာ”

မုရှောင်းနွမ်က ရုတ်တရပ် ကြောင်တောင်တောင်ဖြစ်သွားပြီး ခါးသီးသွားသည်။

“ဒါဆိုရင် နောက်ဆုံးစကားကို ထည့်မတွက်ဘူးပေါ့”

ချန်းကောကော ငါက ချန်ကောကောရဲ့ အချစ်ရဆုံးဇနီးလေး မဟုတ်ဘူးလား။

“ဘယ်လိုထင်လဲ”

“ဒါဆိုရင် ဘာလို့ ထည့်မတွက်တာလဲ”

ထိုကောင်မလေးက နှုတ်ခမ်းဆူသည်။ ပါးကိုလည်း ဖောင်းထားသေးသည်။ လက်သင့်မခံချင်သေးပေ။ သိသာစွာပင် ပထမစကားက ရိုးသားလျှင်ပင် ဒုတိယစကားကလည်း မှန်ကန်သင့်သည်။

“ဒါဆိုရင် မေးအုံးမယ်”

ချန်းရန်က မျက်ခုံးပင့်သည်။

“မင်းက အခု ငါ့ရဲ့ အရည်အချင်းပြည့်မှီတဲ့ ဇနီးဖြစ်ထိုက်သေးရဲ့လား”

“ဘာ”

မုရှောင်းနွမ်ကပင် နားကြားမှားသည်ဟု ထင်လိုက်သည်။ သို့မဟုတ်လျှင်လည်း စီနီယာချန်းက စိတ်လွတ်နေခြင်း ဖြစ်ရပေမည်။

“ငါတို့က လက်ထပ်စာချုပ်ယူပြီးသားပဲလေ ဘာလို့ ဇနီးမောင်နှံ မဟုတ်ရမှာလဲ”

“ဒါဆိုရင် ဇနီးတစ်ယောက်က ခင်ပွန်းတစ်ယောက်အပေါ် လုပ်ပေးသင့်တဲ့ တာဝန်တွေ ကြေသွားပြီလား”

ချန်းရန်၏ နှုတ်ခမ်းထောင့်က ကော့တက်ကာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် စနောက်လိုစိတ်ကို မြင်နိုင်သည်။

“အာ …ဒါ…ဒါ”

မုရှောင်းနွမ်က အပြည့်အဝ နားမလည်သော်လည်း အများစုကို ခန့်မှန်းနိုင်သည်။ သူမ၏ ပါးများက ချက်ချင်းရဲသွားသည်။ ပြောရမည်ဆိုလျှင် ထိုအခိုက်အတန့်တွင် သူမသည်လည်း ချန်းရန်၏ နှုတ်ခမ်းထောင့်မှ အပြုံးကို မြင်လိုက်ပြီး ချက်ချင်း နားလည်သွားသည်။

“အာ မုန်းလိုက်တာ စီနီယာအစ်ကိုချန်းက စနေပြန်ပြီ”

ထိုကောင်မလေးက ငြင်းဆန်ပြီး နှုတ်ခမ်းကို ထဆူသည်။ သို့ရာတွင် မျက်လုံးကမူ ကျေနပ်သောအပြုံးကို ပြသည်။

စီနီယာအစ်ကိုချန်းပြောသမျှအားလုံးက မှန်တယ်ဆိုရင်တော့ သံသယဝင်ရမှာ။ ဒါပေမဲ့ တဝက်ကပဲ မှန်တယ်ဆိုရင်တော့ ယုံနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူက ဒီလိုမျိုးချစ်စရာကောင်းပြီး မြတ်နိုးစရာ ရှောင်းနွမ်ကို မချစ်လို့လဲ စီနီယာအစ်ကိုချန်းတောင်မှ သဘာဝရဲ့ လွှမ်းမိုးမှု အောက်က မလွတ်နိုင်ပါဘူး ဟင်းဟင်း။

ဒါပေမဲ့ အရည်အချင်းပြည့်မှီတဲ့ ဇနီးက ဘယ်လို လုပ်ရမှာလဲ။

မုရှောင်းနွမ်က နည်းနည်းတွေးသည်။

“ဟား ဟား ငါမင်းကို မစတော့ပါဘူး”

ချန်းရန်ကလည်း သဘောတကျ ရယ်ခဲသည်။ သူသည် နေ့တိုင်းလိုလို ထိုကောင်မလေးကို စနောက်ရင်း ပျော်ရွှင်ကာ အေးဆေးသက်သာသော ဘဝတွင် ပျော်ပါးနေခဲ့သည်။

“ဒါပေမဲ့ ငါမင်းကို ဒီကို ခေါ်လာတယ်ဆိုတာက ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့”

37 03

ချန်းရန်က အလေးအနက်ထားပြီးပြောသည်။

“ရွှိမ်ထောင်.com က လူကြီးမင်းမာက ပန်းချီကားနှစ်ချပ်လုံးကို ဝယ်ချင်နေတယ်။ မင်းရဲ့ ပန်းချီကားလဲ ပါတယ် ဘယ်လိုထင်လဲ”

“ငါ့ရဲ့ ပန်းချီကားရော ပါတာလား”

မုရှောင်းနွမ်၏မျက်လုံးက တောက်ပသွားသည်။ သူမ ဒါကို မေ့တော့မလို့။

ဟွန့်

စီနီယာအစ်ကိုချန်းက သူမအတွက် ပန်းချီကားကို ခိုးပြီးဆွဲပေးထားတာလေ အိပ်နေတုန်းက ထင်တယ်။

နောက်ပြီး ဒီလောက်ထိ စပရိုက်ကြီး တိုက်ထားတာကို အခုချိန်အထိတောင်မှ မပြောဘူး။

ထိုကောင်မလေးက စတင်ကာ စိတ်ကူးယဉ်ပြန်သည်။ သူမက ထိုသို့ တွေးနေရင်း မျက်နှာက ပူသထက်ပူလာသည်။

“မင်းဖျားချင်နေတာလား”

“အာ မဟုတ်ပါဘူး မဟုတ်ပါဘူး”

ရှောင်းနွမ်က မျက်နှာကို အုပ်လိုက်ပြီး ရှက်သွားသည်။

“စီနီယာအစ်ကိုချန်း ခုနက ဘာပြောချင်တာလဲ”

မုရှောင်းနွမ်က ရုတ်တရပ် အကြောင်းအရာကို ပြောင်းပြီးမေးသည်။

“ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ပန်းချီကားပဲလေဆိုတော့ ငါမင်းအတွက် ဆွဲပေးဖို့ သဘောတူထားတာဆိုတော့ အရင်ဦးဆုံး မင်းရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ရမယ်ထင်လို့”

ချန်းရန်က မုရှောင်းနွမ်ကို ရွေးချယ်ခွင့်ပေးသည်။

“သေချာပေါက်ကို မဖြစ်နိုင်ဘူးပေါ့”

မုရှောင်းနွမ်က လက်ကို ယမ်းပြီး ခပ်မြန်မြန် ပြောသည်။

“ဒါက ငါ့ယောက်ျားဆီက ငါ ပထမဦးဆုံး ရတဲ့ လက်ဆောင်ဆိုတော့ ဘယ်လိုများရောင်ရမှာလဲ မဖြစ်နိုင်ဘူး”

“ဟင်”

ချန်းရန်က ထိုစကားကို ကြားပြီး မနေနိုင်ဘဲ စိတ်အေးသလို သက်ပြင်းချသည်။

“ကောင်းပြီလေ ဒါဆိုရင်လည်း ငါသိပြီ”

ချန်းရန်က ခေါင်းညိတ်သည်။

“တဝက်ဈေးဆိုရင်တောင်မှ သန်းနှစ်ရာ့ငါးဆယ်က လုံလောက်ပါတယ်”

“ဘာ…ဘာ”

မုရှောင်းနွမ်က ရုတ်တရပ် အံ့ဩသွားသည်။ သူမက ချန်းရန်ကို မယုံနိုင်သလို ကြည့်သည်။

“ချန်းကောကော သန်းဘယ်လောက်လို့ ပြောလိုက်တာ”

“နှစ်ကားပေါင်း သန်းငါးရာလေ ဘာဖြစ်လို့လဲ”

ချန်းရန်က တည်ငြိမ်စွာ ပြောသည်။

“ငါ သူ့ကို ပန်းချီကားတစ်ချပ်ပဲ ပေးမှာဆိုတော့ တဝက်ပေါ့”

“သန်းနှစ်ရာ့ငါးဆယ်”

“ဘုရားရေ”

မုရှောင်းနွမ်က သတိလစ်ချင်သွားသည်။

ဒီလောက် ပိုက်ဆံတွေအများကြီး အိုးမဟုတ်သေးပါဘူး။ ငါ့ရဲ့ ပန်းချီကားက ဒီလောက် အများကြီး တန်တာပေါ့။

“ချန်းကောကော”

မုရှောင်းနွမ်က ရုတ်တရပ်အော်သည်။

ချန်းရန်ကပင် လန့်သွားသည်။

“ဘာလို့ အကျယ်ကြီး အော်နေတာလဲ”

“ငါ့ရဲ့ ပန်းချီကားလည်း ရောင်းလိုက် ရောင်းလိုက်”

မုရှောင်းနွမ်က ချန်းရန်၏ လက်မောင်းကို လှမ်းဆွဲသည်။

“သန်းနှစ်ရာ့ငါးဆယ်တောင်လေ ငါဒီလောက်ပိုက်ဆံတွေအများကို မမြင်ဖူးဘူး”

“ဒါက မကောင်းဘူးမလား”

ချန်းရန်က အလွန်ဇွဲကြီးသည်။

“ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ပန်းချီကားလေ မင်းစိတ်ထဲ မထားဘူးလား”

ထိုသို့ပြောပြီးနောက်တွင် သူက မုရှောင်းနွမ်ကိုသာ ထိုသို့ပြောသော်လည်း သူကိုယ်တိုင်ကမူ နည်နည်း စိတ်ထဲထားသည်။

37 04

“ဘာကိစ္စကြီး မို့လို့လဲ”

မုရှောင်းနွမ်က ပြောသည်။

“အခု နာမည်ကျော် အနုပညာရှင်တွေရဲ့ ပိုစတာတွေတောင် ဈေးကြီးပေးပြီး ဝယ်နေရတာပဲလေ။ နောက်ပြီး အဝတ်အစားတွေလည်း ရှိသေးတယ်။ ဒါတွေက နေရာက နေရာတိုင်းမှာပဲ မဟုတ်ဘူးလား ဒါကို ပန်းချီကား ရောင်းတာ ဘာဖြစ်လို့လဲ ဟွန့်”

“ပန်းချီကား တစ်ကားကို မပြောနဲ့ အကားတစ်ရာ အကားထောင်ကျော်ဆိုရင်တောင် အဆင်ပြေသေးတယ်”

ချန်းရန်ကပင် လဲကျလုနီးဖြစ်သွားသည်။

“အကားရာကျော် ထောင်ကျော်ဟုတ်လား”

“ဟုတ်တယ်လေ”

“ဟင်”

မုရှောင်းနွမ်၏စိတ်က ရုတ်တရပ် ပွင့်လင်းသွားသည်။ သူမက ချန်းရန်၏ လက်ကို လှမ်းဆွဲကာ ထခုန်သည်။

“ပန်းချီကား ထောင်ကျော် သောင်းကျော် သိန်းကျော်သာဆိုရင် ကောကောက အချမ်းသာဆုံးဖြစ်သွားမှာမလား”

“ဟုတ်တယ်”

ချန်းရန်ကပင် သတိလစ်ချင်သွားသည်။ နှုတ်ခမ်းထောင့်ကပင် တွန့်သွားသည်။

“ဒါပေမဲ့ ငါ့ကို ထုတ်လုပ်ရေးအသင်းက မြည်းလို့များ ထင်နေတာလား။ ထုတ်လုပ်ရေးအသင်းက မြည်းတွေတောင် ဒီလောက် မလုပ်နိုင်ဘူး ဟုတ်ပြီလား”

******

All Chapters