အခန်း ၃၉
Vol. 4 Ch. 39
39 01
အပိုင်း (၃၉) မင်းလည်း ကချင်တာလား
“ကမယ်။ ဒါက ကြီးမားတဲ့ အကြံပြုချက်ကြီးပဲ ဒင်နာ ပါတီလိုပေါ့”
“မယ်ရီက ကမ္ဘာအဆင့် အကသမားလေ သူမနဲ့အတူ ကရမှာကတော့ အတော်လေးကို ဖိအားများမှာ”
“ဟား ဟား ဟား ဟား ဒီနိုင်ငံခြားသူက ဒီလောက်ထိ စိတ်အားထက်သန်မယ်လို့ မထင်ထားဘူး။ လူကြီးမင်းချန်းရဲ့ ဆွဲဆောင်မှုက တစ်ကမ္ဘာလုံးဆိုင်ရာပဲ”
အားလုံးက ရယ်မောကာ စိတ်ဝင်စားလာကြသည်။ ထိုမယ်ရီက အကြံပြုချက်ပေးသည်။ သူမက အလွန်ကောင်းမွန်သော ရုပ်ရည်သွင်ပြင်မျိုးရှိပြီး အလွန်အမင်းကို စိတ်အားထက်သန်ကာ ရက်ရောသည်။ သူမက ချန်းရန်ကို အရင်စပြီး ဖိတ်ခေါ်သည်။
“အမျိုးသမီးမု နင့်ရဲ့ ယောက်ျားကို ငါနဲ့အတူ ကခိုင်းမယ်ဆိုရင် ပြဿနာ မရှိဘူးမလား”
မယ်ရီက မုရှောင်းနွမ်ကို အလွန်ထောင်လွှားသော ပုံစံမျိုးဖြင့် ကြည့်သည်။ ပြောရမည်ဆိုလျှင် ထိုကဲ့သို့သော အခြေအနေမျိုးက ပြည်ပပွဲမျိုးတွင် ပုံမှန်သာဖြစ်သည်။ မယ်ရီ၏ ထင်မြင်ချက်အရ ထိုအခြေအနေကလည်း မမှားယွင်းနေခဲ့ချေ။ ထို့အပြင် သူမက ကမ္ဘာ့အဆင့် အကသမားဖြစ်သည်။ ထို့ကြောင့် ယခုလို ဖိတ်ကြားခံရခြင်းကတင် ကံကောင်းသည်ဟု ပြောရပေမည်။
သို့သော်
မုရှောင်းနွမ်၏ ထင်မြင်ချက်အရမူ ပေါက်ကွဲတော့ပေမည်။
ဘာဖြစ်တာလဲ ဟမ်။ ဘယ်လိုဖြစ်ပြီး နိုင်ငံခြားသူက ချန်းကောကောနဲ့ လာကချင်နေတာလဲ။
မုရှောင်းနွမ်က ဝိုင်နည်းနည်းသောက်ထားသော်လည်း အသိစိတ်ဝင်နေသေးသည်။
ဒါကို ဘယ်လိုများ နိုင်ငံခြားသူကို ချန်းကောကောကို ထိခွင့်ပေးရမှာလဲ။
မဟုတ်ဘူး လုံးဝမဖြစ်နိုင်ဘူး လုံးဝမရဘူး။
ငါကိုယ်တိုင်ကလွဲပြီး လုံးဝ မရဘူး။
“နင်လည်း ကချင်တာလား”
မုရှောင်းနွမ်က အလွန်သတ္တိကြီးသည်။ သူမက မယ်ရီကို အားလုံး၏အရှေ့တွင် တိုက်ရိုက်ရင်ဆိုင်သည်။
“ဟုတ်တယ် ငါနဲ့ ကချင်တာ”
တုံးအသော မယ်ရီက တိုက်ရိုက်ဖြေသည်။
“ဟားဟား ငါရီရလို့သေတော့မယ် ဒီနိုင်ငံခြားသူရဲ့အတွေးက တကယ်ကို ခြားနားတာပဲ”
“တရုတ်YYDS အင်အားကြီးတဲ့အတွက် လေးစားပါတယ်”
“ကျွတ် ကျွတ် အမျိုးသမီးမယ်ရီ ငါတို့ရဲ့ လှပတဲ့ အမျိုးသမီး တုံးဖန်းရဲ့ အရှက်ခွဲတာကို ခံရတော့မယ်”
လူအများစုက ရယ်မောနေကြသည်။ သူတို့အားလုံးက မယ်ရီ၏နောက်ခံကို မေ့လျော့သွားကြသည်။ လူကြီးမင်းချန်း၏ ဇနီးက ရယ်စရာကောင်းသည်ဟုသာ ထင်ကြသည်။
“ဘာ”
မယ်ရီက မှင်သက်သွားသည်။ သူမက သူငယ်ချင်းများကို မေးမြန်းပြီးမှသာ အလှည့်စားခံလိုက်ရကြောင်း သိလိုက်သည်။ သူမက ဒေါသထွက်သွားပြီး မျက်နှာက အစိမ်းရောင် သမ်းသွားသည်။
“ငါ့ကို သွားခိုင်းစမ်းပါ ငါ သူမနဲ့ပြိုင်မယ်”
မယ်ရီက အော်သည်။ သူမက အလွန်အမင်းစိတ်လှုပ်ရှားကာ စိတ်လွတ်သွားသည်။ သို့သော် သူငယ်ချင်းများက တားသည်။
“ဘယ်သူက နင်နဲ့ ပြိုင်ချင်လို့လဲ”
မုရှောင်းနွမ်က မနိုင်နိုင်မှန်းသိသည်။ ထို့အပြင် ယုံကြည်မှုလည်းမရှိပါပေ။ သူက ခပ်တိုးတိုးရေရွတ်သည်။ : နင်က ကမ္ဘာအဆင့်လေ ငါကြောက်တယ်လို့ မထင်နေနဲ့။
ရဲရင့်ကာ သတ္တိကြီးသောသူကမူ အခက်အခဲများကို မကြောက်ပါပေ။
“အိုး ကြည့်ရတာ အရှေ့တိုင်းသာ အမျိုးသမီးတွေက ဒီလိုပဲ ထင်ပါတယ် စိတ်ပျက်စရာပဲ”
မယ်ရီကမူ စိတ်မကောင်းဖြစ်သွားသည်။ ကမ္ဘာအဆင့် အကသမားတစ်ယောက်အနေဖြင့် ယခုလိုမျိုး နေရာသေးသေးလေးတွင် မျက်နှာပျက်ရသည်။ သူမက ချန်းရန်နှင့် အတူကရန် ကမ်းလှမ်းခြင်းက ကောင်းကင်ဘုံက ပေးသော လက်ဆောင်ကြီး ဖြစ်သည်။
ဒါကို ဘယ်လို ဖြစ်ပြီး ငြင်းတာလဲ။
ထားလိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာ သေးသေးလေးက ငါ့ရဲ့ အကကို အသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူး။
39 02
မယ်ရီကမူ ဂုဏ်ယူသော ငန်းတစ်ကောင်းကဲ့သို့ ဖြစ်နေကာ ဖြူဖွေးသော လည်တိုင်ကိုပင် တစ်ချက် ပင့်လိုက်ပြီး ချန်းရန်ကို ကြည့်သည်။
“လူကြီးမင်းချန်း ကြည့်ရတာ နင်က ဒီတစ်ခေါက်မှာ ကမ္ဘာအဆင့် အကကို ခံစားနိုင်မယ့်အခွင့်အရေး ဆုံးရှုံးသွားပြီ ထင်တယ်”
“နင် ငါ့ရဲ့ ယောက်ျားကို ပြောပိုင်ခွင့်မရှိဘူး”
မုရှောင်းနွမ်က ဒေါသထွက်သွားသည်။
ဟင် ဒီမိန်းမက ဘယ်လောက်တောင် ဆိုးလိုက်သလဲ။ ငါ့ယောကျ်ားကိုတောင် အထင်လာသေးနေတယ်။
သည်းမခံနိုင်ဘူး။
မုရှောင်းနွမ်က မပျော်တော့ပေ။
ဒီကိစ္စကို ဖြေရှင်းရမယ်။
“တော်ပြီ တော်ပြီ”
ထိုအချိန်တွင် အခြေအနေက ဆိုးလာသောအခါ ချန်းရန်က ရုတ်တရပ် မုရှောင်းနွမ်ကို ခေါ်သည်။
“ယောက်ျား”
မုရှောင်းနွမ်က အရက် အမူးပင် နည်းနည်း ပြေလာသည်။ သူမကလည်း နည်းနည်း ရှက်နေသည်။
ရှန်းကောကောကတောင်မှ ရှေ့ထွက်လာတာတဲ့ ဟွန့် ငါ့ကို အသုံးမကျလို့ ဆူတော့မယ် ထင်တယ်။
ဒါပေမဲ့ ချန်းကောကောကို ငါ့ကို အထငသေးခွင့် မပြုနိုင်ပါဘူးနော်
“ဒီကို အရင်လာ”
ချန်းရန်က တည်ငြိမ်သည်။ သူသည် ဘာကိုမှ မပြောပေ။ ထို့အစား မုရှောင်းနွမ်ကို အနားသို့ဆွဲခေါ်သည်။
“လာ ငါနဲ့က”
“ဟင်”
မုရှောင်းနွမ်က အံ့အားသင့်လွန်းသဖြင့် မေးရိုးအဟောင်းသား ဖြစ်သွားသည်။ သူမ၏ ခေါင်းက ဝီကနဲ မြည်သွားပြီးစိတ်ရှုပ်သွားသည်။
ဘာဖြစ်တာလဲ။
ချန်းကောကောက ဒေါသမထွက်ဘဲနဲ့ ကဖို့ ဖိတ်ခေါ်တာလား။
အိပ်မက်မက်နေတာဖြစ်မယ်။
သို့သော် ထို့နောက် တစ်ခဏတွင် ရုတ်တရပ် ချန်းကောကောဟာ သူမကို ခုခံကာကွယ်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်သည်။
ထိုကောင်မလေး၏ နှလုံသားက ချိုမြိန်လွန်းသဖြင့် ချန်းရန်အား တောက်ပလွန်းသော မျက်လုံးများဖြင့် ကြည့်သည်။
ငါ့ယောက်ျားက အကောင်းဆုံးပဲ။
“လူကြီးမင်းချန်း သူမကို သဘောမတူတဲ့အတွက် နှမြောစရာပဲ”
“နင်နဲ့သာဆိုရင် ငါ့ရဲ့အကခြေလှမ်းကွက်တွေကို အမှီလိုက်နိုင်မှာ မဟုတ်ဘူး”
မယ်ရီ စကားက မဆုံးသေးခင် ချန်းရန်၏အေးစက်ကာ မေးခွန်းထုတ်သံက ထွက်လာသည်။
“ဝိုး”
ထိုအခိုက်အတန့်တွင် အားလုံးက အံ့ဩသွားသည်။ လူကြီးမင်းချန်းက မယ်ရီဟာ သူ၏ အရှိန်နှုန်းကို မလိုက်နိုင်ကြောင်းပြောသည်။
“လူကြီးမင်းချန်းက နောက်နေတာပဲ”
မယ်ရီက ကမ္ဘာအဆင့် အကသမားဖြစ်သည်။ သူမ၏ ခြေတံကလည်း အလွန်မြင့်သည်။
ဒါကို အကခြေလှမ်းကွက်နဲ့ မလိုက်နိုင်ဘူးလို့ ပြောတယ်ဟုတ်လား။
လောကက ထိုကဲ့သို့သောအရာမျိုးမရှိပေ။ ယခု အနာဂတ်အတိတ်တွင်ပင် မရှိခဲ့ဖူးပေ။ ထို့ကြောင့် မယ့်ရီ၏ ထင်မြင်ချက်အရ လူကြီးမင်းချန်းက သာမာန်သာ ဖြစ်သည်။ ပန်းချီဆွဲရာတွင် နည်းနည်းတော်ရုံကလွဲပြီး အကျင့်စရိုက်က မကောင်းပါပေ။
“ဘယ်လိုထင်လို့လဲ”
ချန်းရန်က မထူးခြားနားသလို ပြောသည်။
“ဟာသပဲ သွားမယ်”
မယ်ရီက သည်းမခံနိုင်တော့ပေ။ လက်ထောက်ကို ဆွဲပြီး ထွက်သွားရန် ကြံစည်သည်။
“လူကြီးမင်းချန်း ပြောတာ မှားတယ် မယ်ရီက ဒီလောက်တော်တာကို ဘယ်လိုကြောင့်များ မလိုက်နိုင်ရမှာလဲ”
“ဟုတ်တယ် ဟုတ်တယ် လူကြီးမင်းချန်းရဲ့စကားက တော်တော်လေးတော့ ထောင်လွှားလွန်းတာပဲ။ ငါတို့က ဘယ်လိုကြောင့် မလိုက်နိုင်ရမှာလဲ”
39 03
“မယ်ရီက ဒေါသထွက်လွန်းလို့ ထွက်သွားပြီ။ နောက်က လိုက်ပြီး တောင်းပန်မယ်ဆိုရင်တောင်မှ မဖြစ်နိုင်တော့ဘူး”
အားလုံးက ခပ်တိုးတိုးပြောနေကြသည်။ ဆရာသခင်ချန်းက ကမ္ဘာအဆင့် အကသမားကို ရန်စလိုက်ပြီဟု ထင်နေကြ၏။
ဒါဆိုရင် မီဒီယာတွေက ဘယ်လောက်တောင် ပြောဆိုကြမလဲ မသိဘူး
“ယောကျ်ား”
မုရှောင်းနွမ်က နည်းနည်း စိုးရိမ်သွားသည်။ သူမက တစ်စုံတစ်ရာကို ပြောတော့မည့် အချိန်တွင်
“သီချင်းကို ဆက်ဖွင့်ထား ဆက်က”
ချန်းရန်က လက်ကိုသာ တိုက်ရိုက်ယမ်းလိုက်ပြီး မုရှောင်းနွမ်အား အကစင်မြင့်ပေါ်သို့ ဆွဲခေါ်သည်။
ဒိုက်နမစ် သံစဉ်က ထွက်လာသည်။ လူ့ခန္ဓာကိုယ်က ဆဲလ်များအားလုံးကပင် နိုးကြားလာပုံရသည်။
“ဝိုး”
မုရှောင်းနွမ်ကလည်း အလွန်စိတ်လှုပ်ရှားသွားသည်။ ထိုကောင်မလေးကလည်း ပျော်ရွှင်နေသော ငန်းလေးတစ်ကောင်ကဲ့သို့ ခြေဖျားထောက်ကာ ကသည်။
သူကလည်း မျှော်လင့်စောင့်စားနေပုံရသည်။
ငါက စီနီယာအစ်ကိုချန်းနဲ့အတူ ကရတာကို သဘောအကျဆုံးပဲ။
ချန်းရန်းက ထိုကောင်မလေး၏ ခါးကို သိုင်းဖက်လိုက်ပြီး ထိုကောင်မလေးနှင့်အတူ ကခုန်သည်။
အိုး ရေး….
အားလုံးကလည်း ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာ အော်ကြသည်။ သီချင်း၏ဟန်ချက်က မြန်ဆန်လွန်ပြီး မြင့်သထက် မြင့်လာသည်။ လူအများစုကလည်း ပင့်သက်ရှိုက်ကြပြီး ကြည့်ကြသည်။
“အင်း ငါတကယ် မလုပ်နိုင်တော့ဘူး။ ငါ နည်းနည်း ခေါင်းမူးလာပြီ နည်းနည်း နားမယ်”
“အင်း…ငါလည်း ခေါင်းမူးလာပြီး အန်တော့မယ် နည်းနည်း နားမယ်”
အားလုံးက နောက်ဆုတ်သွားကြပြီး အနားယူရန် ကြံစည်သည်။
“ကြည့်လိုက်အုံး”
ရုတ်တရပ် အမြင်စူးရှသော လူတစ်ယောက်ကလည်း လူအုပ်ထဲမှ စုံတွဲတစ်တွဲကို မြင်လိုက်သည်။ အမျိုးသား၏ လှုပ်ရှားမှုများက ပန်းချီကားချပ်အလား ကျော့ရှင်းနေပြီး သဘာဝနှင့်အတူ ပေါင်းစပ်ထားသည့်ပုံပေါ်သည်။ သူ၏ ကပုံကို ကြည့်ရုံနှင့်တင် အနုပညာကို မွေ့လျော်ရသလို ခံစားရစေသည်။
“ဘုရားရေ အရမ်းချောတာပဲ”
ထိုသို့ဖြင့် လူအများက ရပ်တန့်သွားကြသည်။ သီချင်းက အလွန်အမင်း မြင့်ကာ စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။ ထိုအချိန်က ကကွက်များကလည်း ခန့်မှန်းရန်ပင် ခက်လာပြီး အမှီလိုက်ရန် ခက်လာသည်။
“ဟန်ချက်ကတော့ တော်တော်လေး မြင့်တယ် သူ..သူ ဘယ်လိုများ ကျွမ်းကျင်နေတာလဲ”
“ဒီအကွက်တွေက တအားကို ချောမွေ့နေတာနော်။ ခက်ခဲတဲ့အကွက်တွေအားလုံးကို တစ်သားတည်း လုပ်သွားတာ”
“ကြောက်စရာပဲ တကယ်ကို ကြောက်စရာ ကောင်းနေပြီ။ ဒီလို အကဘုရင်ကသာ အသက်ရှိနေသေးရင်တောင်မှ လူကြီးမင်းချန်းလောက် မတောက်ပလောက်ဘူး ထင်တယ်”
အားလုံးကလည်း ထိုမြင်ကွင်းကြောင့် ရစ်မူးသွားကြသည်။ မယ်ရီကို ကူညီကို ကူညီကာ အထုတ်သိမ်းပြီး ပြန်ရန်ပြင်ဆင်နေသော လက်ထောက်ကပင် စောင့်ကြည့်နေသည်။
“ဘာဖြစ်လို့လဲ”
မယ်ရီကလည်း နည်းနည်း စိတ်မရှည်ဖြစ်သွားသည်။ သူမက ဖုန်းဆက်၍ မရသောကြောင့် ပြန်ဝင်လာရသည်။ ခြံဝန်းထဲမှ သံစဉ်က အထွတ်အထိပ်အထိ ရောက်နေသည်။
“ဟင် နောက်ဆုံးတော့ ပြီးသွားပြီ”
ချန်းရန်နှင့်အတူ ကနေသော မုရှောင်းနွမ်ကလည်း မောပန်းနွမ်းနယ်သွားသည်။ ပထမဦးဆုံးအကြိမ်အဖြစ် ပြီးဆုံးအောင် ကဖူးခြင်းဖြစ်သည်။
အာ….ပင်ပန်းလိုက်တာ။
ကံကောင်းသည်မှာ အလယ်မှ အပိုဒ်အများစုကို ချန်းရန်ကသာ တစ်ယောက်တည်း လုပ်သွားခဲ့သည်။ သို့မဟုတ်ပါက သူမ မုရှောင်းနွမ်က ကြမ်းပြင်ပေါ်တွင် လဲနေရလောက်သည်။
ဘယ်သူမှ မရပ်တန့်နိုင်ဘူး။
“နည်းနည်းလေးပဲ ထိန်းထား”
ချန်းရန်၏ လက်က မုရှောင်းနွမ်၏ ခါးကို ဖက်ထားရင်း ထိန်းထားပေးသည်။ ထို့နောက် သူမကို 360 ဒီဂရီကို သုံးပတ်ဆက်တိုက် လှည့်ပတ်ပစ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ဆင်းသက်သည်။
“ဟင်း”
39 04
မုရှောင်းနွမ်က ခေါင်းက လည်ပတ်သွားသလို ခံစားလိုက်ရသည်။ အကကြောင့်တင် မဟုတ်ပေ။ အရက်ကြောင့်လည်း ပါသည်။ သူမက မူးဝေသွားပြီး မျက်လုံးကလည်း နည်းနည်း မဲသွားသည်။
ထို့နောက် တစ်ခဏတွင် မုရှောင်းနွမ်က ချန်းရန်၏အင်္ကျီကော်လံကို ဆွဲပြီး သူ့ဆီ အပြေးလာကာ မျက်နှာကို ကပ်လိုက်သည်။
“မင်း…”
ချန်းရန်က မျက်လုံး ပြူးသွားသည်။ သူက ပါးစပ်ဟတော့မည့်အချိန်တွင် နွေးထွေးကာ ချိုမြိန်သောအထိအတွေ့က တားဆီးသည်။
******