← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

40 01

အပိုင်း (၄၀) မင်းက အရမ်းဆိုးတာပဲ

“မင်း”

ချန်းရန်က မျက်လုံးပြူးသွားပြီး သူမြင်လိုက်ရသောအရာကို မယုံနိုင်တော့ပေ။

သူ…သူ့ကို အင်အားသုံးပြီး အနမ်းခံလိုက်ရတယ်။

ဘုရားရေ…

ချန်းရန်၏ စိတ်က ဗလာဖြစ်သွားသည်။ သူသည်ပင် မှင်သက်သွား၏။ ဒါက သူ့ရဲ့ ပထမအနမ်းနော် နောက်ပြီး ဒီကောင်မလေးက ယူသွားပြီ။

သေစမ်း။

သူမက သူ့ကိုသူ့ရဲ့ ပထမအနမ်းနဲ့ ပတ်သက်ပြီးနည်းနည်း များပိုပြီး ခံစားခွင့် ပြုလို့ရမလား။

ထို့အပြင် သူ့ကို နမ်းလိုက်သော မုရှောင်းနွမ်ကလည်း စိတ်ရှုပ်နေသည်။

“ဟင်”

သူမက တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိ၍ ဖြစ်လောက်သည်။ မုရှောင်းနွမ်က သားရည်ကျချင်လာသလို ခံစားရပြီးတစ်ချက်လျှက်လိုက်ကာ ပြန်စုတ်သွင်းသည်။

“အင်း”

ချန်းရန်သည် နွေးထွေးသော အထိအတွေ့ဖြင့် အဝိုင်းခံထားရရာမှ စိတ်က ရှုပ်ထွေးနေသည်။ ထို့ကြောင့် သူသည် အားလုံးကို ငေးငိုင်ကာ လက်ခံလိုက်သည်။ မုရှောင်းနွမ်၏ ရှားပါးသော အပြုအမူကြောင့်လည်း ပါသည်။

“ဟင်”

ချန်းရန်က ငြီးသည်။ သူ၏ခေါင်းက ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်မှ အမွှေးများအားလုံး ထောင်တက်သွားသည်။

ချန်းရန်သည်လည်း တစ်စုံတစ်ရာ၏ မွှေနှောက်မှုကို ခံရသကဲ့သို့ ပြင်းထန်သော သာယာမှုကို ရလိုက်သည်။

“အင်း”

ထိုခံစားချက်က သာယာမှုနှင့် မွေ့လျော်မှုမျိုးပါပြီး ပုံမှန်အားဖြင့် မာနကြီးသော ချန်းရန်ကိုပင် နစ်မြုတ်သွားစေသည်။

“…”

မုရှောင်းနွမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဘာလို့ ပါးစပ်ထဲက အရာက ဟိုလှုပ်ဒီလှုပ်ဖြစ်နေတာလဲ။

သူမက နည်းနည်းမသက်မသာ ဖြစ်လာသည်။

“အ”

ထို့ကြောင့် မုရှောင်းနွမ်က တစ်ချက် ကိုက်လိုက်သည်။

ဟစ်

ချန်းရန်က လေအေးများကိုပင် ရှိုက်သွင်းလိုက်ရသည်။ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ချွေးပြန်လာသည်။ သူသည် မုရှောင်းနွမ်၏ ပါးစပ်ထဲမှ အသည်းအသန်ရုတ်ရသည်။

“ကျွတ်”

ချန်းရန်က ပင့်သက်ရှိုက်လိုက်ရသည်။ သွေးများကပင် ထွက်လာသည်။ သူ၏ လျှာက အကိုက်ခံလိုက်ရသည်။

ဆိုးလိုက်တာ

ချန်းရန်က နှုတ်ခမ်းကို စုတ်သွင်းပြီး ချစ်စရာကောင်းသော ပုံစံလေးလုပ်နေသော မုရှောင်းနွမ်ကို ကြည့်လိုက်ပြီး ရုတ်တရပ် စာကြောင်းတစ်ကြောင်းကို သတိရသွားသည်။

သူမ၏ ချစ်စရာကောင်းပြီး မြတ်နိုးဖွယ်ကောင်းသော ပုံစံလေးကို ကြည့်ရုံနဲ့တင် ဒီလို ပြင်းထန်တဲ့ ဘက်ခြမ်းရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။

“ဖာ့ခ် အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာ။ပဲ ဆရာသခင်ချန်းနဲ့ ဇနီးဖြစ်သူတို့က ချိုမြိန်လိုက်တာ”

“မိန်းမ မိန်းမ ငါတို့လည်း လုပ်ရအောင်”

“ဒီလို ကနေရုံနဲ့‌ ခွေးစာတွေ အကျွေးခံရမယ်လို့ မထင်ထားဘူး”

အားလုံးက အံ့ဩသွားကြသည်။ သူတို့သည်လည်း ဆရာသခင်ချန်းက ကြီးမြတ်သော အကဆရာတင်မကပဲ သူ၏ ဇနီးဖြစ်သူနှင့် ချိုမြိန်သော ဆက်ဆံရေး ရှိမည်ဟုလည်း မထင်ထားကြပေ။

ကနေရုံနဲ့တင် ဘာမဆို ဖြစ်ပျက်နိုင်တယ်။

40 02

“အားလုံးပဲ ဒီနေ့ရဲ့ ညစာကတော့ အဆုံးသတ်ပါပြီ”

ချန်းရန်က မုရှောင်းနွမ်ကို ညင်သာစွာ ကောက်ပွေ့လိုက်ပြီးအားလုံးကို နှုတ်ဆက်သည်။ ထို့နောက် သူမကို အနားယူရန် ခေါ်သွားသည်။

“လူကြီးမင်းချန်း လူကြီးမင်းချန်း”

ထိုအချိန်တွင် မယ်ရီက အပြေးလာသည်။ သူမ၏ မျက်လုံးက စိတ်လှုပ်ရှားမှု ယုံကြည်မှုများ ပြည့်နှက်နေသည်။

“ကျေးဇူးပြုပြီး ငါ့ကို စကားနည်းနည်းလောက် ပြောခွင့်ပြုပါအုံး”

ယခင်က ချန်းရန်၏အက ပြီးဆုံးတော့မည့်အချိန်တွင် မယ်ရီက ရောက်လာကာ နှစ်ယောက်လုံးကို မြင်သွားသည်။

သူမသည်လည်း ချန်းရန်၏ အကစွမ်းရည်ကြောင့် အံ့ဩသွားရသည်။ သူမကိုယ်တိုင်ကို ပြန်မေးကြည့်သည်။

သူမသည် ထိုအချိန်တွင် ဝင်ရောက်ကမည်ဆိုပါက သေချာပေါက်ကို မုရှောင်းနွမ်လိုမျိုး လုပ်နိုင်လောက်သည်။ သို့သော် အမှီလိုက်နိုင်လောက်မည် မဟုတ်ပေ။

ဆရာသခင်ချန်းကမူ လူအများကြားထဲတွင်မှ ဆရာသခင်တစ်ပါးဖြစ်နေသည်။ သူမသည်လည်း ကြီးမားသော ကွာဟချက်ကို ခံစားမိလိုက်သည်။ သူမ၏ ကနိုင်စွမ်းရည် အဆင့်နှုန်းနှင့်ပင် ဆရာသခင်ချန်းက ကမ္ဘာအဆင့် အကဘုရင်ဖြစ်ကြောင်းသိလိုက်သည်။

“ငါ ရှင့်ရဲ့ တပည့်လုပ်ချင်တယ်”

မယ်ရီ၏မျက်လုံးက ခိုင်မာသည်။ သူမသည် ဒီနေ့ ချန်းရန်၏ တပည့်ဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်ချက် ချထားသည်။ သူမ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကြီးတစ်ခုလုံးက ခုန်ပျံကျော်လွှားပြီး တိုးတက်သွားမည်ဟုပင် ခံစားနေရသည်။

ဒီအခွင့်အရေးကို အရဖမ်းရမယ်။

“ဖာ့ခ် အမျိုးသမီး မယ်ရီက ဆရာသခင်ချန်းရဲ့ တပည့်လုပ်ချင်တာတဲ့ ဒါက မယုံနိုင်စရာပဲ”

“ဆရာသခင်ချန်းရဲ့ အကပါရမီက ဒီလောက်ထိ မှင်သက်ဖို့ ကောင်းမယ်လို့ မထင်ထားဘူး အစောပိုင်းက အကတွေကို ကြည့်ရတာ သဘောမကျတဲ့ငါတောင်မှ လုံးဝကို အံ့အားသင့်သွားတယ်”

“နောက်ပြီး အမျိုးသမီး မာရီလို ကမ္ဘာအဆင့် အကဆရာမကတောင်မှ ဆရာသခင်ချန်းရဲ့ အကပါရမီကို အသိအမှတ်ပြုတယ်။ ဒီဆရာသခင်ချန်းက တကယ်ကို တော်သထက်တော် လာတာပဲ”

အားလုံးက တီးတိုးရေရွတ်ကြသည်။ ယခုအခါ သူတို့သည် ခွေးစာမှ လန့်နိုးလာကြပြီးနောက် ချန်းရန်၏အကစွမ်းရည်ကို သတိရသွားကြသည်။

သေချာပေါက်ကို ဆရာသခင်အစစ်။

သို့ရာတွင် မယ်ရီ၏ စိတ်အားထက်သန်မှုအောက်တွင်ပင် ချန်းရန်က ဟန်အမူအရာ တစ်ခုကို လုပ်ပြသည်။ သူသည် မုရှောင်းနွမ်ကို ပွေ့ဖက်ထားသည်။ ထိုကောင်မလေးက အိပ်ပျော်နေခြင်းဖြစ်သည်။ သူမကို မနှောက်ယှက်စေချင်ပေ။

“အာ … ပန်းချီပြပွဲနဲ့ ညစာစားပွဲက ပြီးဆုံးသွားပါပြီ။ အားလုံးပဲ လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်။ ငါ အရင်သွားတော့မယ်”

ချန်းရန်က ထိုသို့ပြောပြီး ထွက်သွားသည်။

“ဆရာသခင်ချန်းက တကယ်ကို လူကြီးလူကောင်းပဲ သူ့ရဲ့ဇနီးကို အနှောက်အယှက် မပေးစေချင်လို့လေ”

“အမျိုးသမီးမုက အရမ်းကံကောင်းတာပဲ ဆရာသခင်ချန်းက ဒီလောက်ထိ ဂရုစိုက်တာ”

“ဟုတ်တယ် ဟုတ်တယ် ဒါက ဘယ်သူ့ သားမက်မလို့လဲ မသိဘူးလား”

အားလုံးက သက်ပြင်းချနေချိန်တွင် လျှိုရှောင်းရှီက ဘေးဖက်မှ ဝင်ပြောပြီး အလွန်ဂုဏ်ယူနေပုံရသည်။

“လောင်မု ကျွန်မတို့လည်း သွားရအောင်”

လျှိုရှောင်းရှီက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း မုချန်းဖုန်းကို လိုက်လာရန် အမူရာပြသည်။

“ဒီကလေးမလေးက ဒီည အများကြီး သောက်ထားတာ”

“အင်း”

မုချန်းဖုန်းနှင့် လျှိုရှောင်းရှီတို့ကလည်း ချန်းရန်၏ အနောက်မှ လိုက်ကာ ဝင်သည်။

40 03

လူကြီးနှစ်ယောက်ကို သံသယမဝင်စေရန်အလို့ငှာ ချန်းရန်ကလည်း သူနှင့် မုရှောင်းနွမ်တို့ တစ်ခန်းတည်းအိပ်သည့် ပုံစံမျိုးကို ပြထားသည်။

“ရှောင်းချန်း ရှောင်းနွမ် ဘယ်လိုလဲ”

လျှိုရှောင်းရှီက အိပ်ယာအစွန်းနားတွင် ထိုင်လိုက်သည်။ မုရှောင်းနွမ်က ဒီနေ့ အများကြီး သောက်ထားသည်။ သူမက မူးနေသည်။ မျက်နှာကပင် ရဲလိုက် ခရမ်းရောင်ပြောင်းလိုက် ဖြစ်နေသည်။ ထို့ကြောင့် သိပ်အခြေအနေ မကောင်းပုံရသည်။

သူမကလည်း စိုးရိမ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

ထို့ကြောင့် ဘာလုပ်ရမှန်း မသိဘဲ ထိုင်နေခြင်းဖြစ်သည်။

“မစိုးရိမ်ပါနဲ့”

ချန်းရန်က တည်ငြိမ်စွာ ပြောသည်။

“ကျွန်တော် သူမကို အပ်စိုက်ပေးလိုက်မယ်။ သိပ်မကြာခင် နိုးလာမှာပါ”

“မင်းက အပ်စိုက်တတ်သေးတာလား”

မုချန်းဖုန်းက ချန်းရန်ကို တအံ့တဩကြည့်သည်။ သူ၏ သားမက်က ပြိုက်ဘက်ကင်းလေပြီး အရာအားလုံးကို သိနေသည်။ ထို့အပြင် အပ်စိုက်တတ်နေပြန်သည်။

“နည်းနည်းတော့ သိတယ်”

ချန်းရန်က ဗူးကို ထုတ်သည်။ အတွင်းမှ ငွေရောင်အပ်တစ်ချောင်းကို ထုတ်လိုက်ပြီးနောက် မုရှောင်းနွမ်ပေါ်သို့စိတ်ရှည် လက်ရှည်နှင့် အပ်စိုက်သည်။

“နည်းနည်းသိတယ် ဟုတ်လား နည်းနည်းကို သိနေတာကိုး”

မုချန်းဖုန်းက ထိုသားမက်ဖြစ်သူကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည်။ အာ…ဒီသားမက်က အရမ်းကို သိတတ်လွန်းတယ် သူက နည်းနည်း သိတယ်လို့ ပြောပေမယ့် တကယ်ကို အများကြီးသိတာ ဖြစ်လောက်တယ်။ သူက အရမ်းကို နှိမ့်ချတတ်တယ် အကျင့်စရိုက်ကောင်းတယ်။

ရွှား

ချန်းရန်က ငွေရောင်အပ်များကို လျှင်မြန်စွာ ထုတ်လိုက်ပြီးနောက် မုရှောင်းနွမ်ကို နှစ်ကြိမ်ခန့် အပ်စိုက်သည်။ မုရှောင်းနွမ်၏ အသားအရည်က သိသိသာသာ ကောင်းလာသည်။

“ဒါက သက်ရောက်မှုက တအားကောင်းလွန်းနေတာ မဟုတ်ဘူးလား”

မုချန်းဖုန်းကပင် မှင်သက်သွားပြီး နည်းနည်း ရှက်သွားသည်။ ဒါက နည်းနည်းသိတာလား။

လာနောက်နေတာလား။

“ပါး မား မစိုးရိမ်နဲ့။ ရှောင်းနွမ်က ခဏနေ နိုးလာမှာ”

ချန်းရန်က အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ မုရှောင်းနွမ်ကို အပ်စိုက်နေရင်းမှ အရက်များကလည်း သူမ၏ကိုယ်ထဲမှ တဖြည်းဖြည်း စိမ့်ထွက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် မုရှောင်းနွမ်က သေချာပေါက် အဆင်ပြေပေလိမ့်မည်။

“အာ ကျွန်တော်တို့ ဧည့်ခန်းထဲသွားပြီး အနားယူရန် ဘယ်လိုလဲ”

ချန်းရန်က အကြံပေးလိုက်သည်။ ထိုသို့ဖြင့် အားလုံးကို ဧည့်ခန်းထဲသို့ ခေါ်သွားရန် ကြံစည်သည်။

“ငါ ဒီမှာနေခဲ့ပြီး ရှောင်းနွမ်ကို ကြည့်ထားလိုက်မယ်။ နင်တို့သွားနှင့်”

လျှိုရှောင်းရှီက မုရှောင်းနွမ်နှင့် နေမည်ဟု အတင်းပြောသည်။ ထို့ကြောင့် မုချန်းဖုန်းကသာ ချန်းရန်ကို ခေါ်ပြီး ထွက်လိုက်ရသည်။

အဟမ်း

လောင်မုက ဧည့်ခန်းထဲသို့ရောက်သည်နှင့် ချောင်းကို ဟန့်သည်။ ထို့နောက် ချန်းရန်ကို ကြည့်ပြီး ပြုံးသည်။

“သားမက်လေး ငါမင်းနဲ့ စီးပွားရေး ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိတယ်”

******

All Chapters