အခန်း ၄၁
Vol. 5 Ch. 41
41 01
အပိုင်း (၄၁)
မုချန်းဖုန်းနှင့် ချန်းရန်တို့က ဧည့်ခန်းထဲသို့လာသည်။
လောင်မုက စကားပြောရန် တုံ့ဆိုင်းသွားပြီးနေသည်။ သူသည် စိတ်လှုပ်ရှားနေသလို နည်းနည်းလည်း စိုးရိမ်ကြောင့်ကြနေမိ၏။
ထိုအခြေအနေက အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော လောင်မုကိုပင် တော်တော်လေး မတည်ငြိမ်အောင် ဖြစ်စေသည်။
မည်သို့ပင်ဆိုစေ သူ၏ ထိုသားမက်က သူတို့ကို တစ်ရက်တည်းနှင့် အံ့အားသင့်စရာ အများကြီးပေးလိုက်လေသည်။
ဒီသားမက်က ဒီလောက်ထိ ပါရမီကြီးပြီး ချမ်းသာတာ၊ နောက်ပြီး သူတို့အိပ်မက် မက်နိုင်သမျှထဲမှာတောင် အပြီးပြည့်စုံဆုံး သားမက်ပဲ။
ရှောင်းနွမ်က ဘယ်ဘုရားကျောင်းကိုများသွားပြီး ဆုတောင်းလိုက်သလဲ။ ဘယ်လိုကြောင့်များ အဲဒီနတ်က ဒီလောက်ထိ ကောင်းမွန်တဲ့မင်္ဂလာပွဲကို ချီးမြင့်လိုက်တာလဲ။
“အာ…ဒါက ရှောင်ချန် ငါမင်းကို မေးချင်တာကလေ။ မင်း ရှောင်းနွမ်ကို တကယ်ပဲ လက်ထပ်လိုက်တာလား”
လောင်မုက ကိစ္စများကို လုပ်ဆောင်ရာတွင် တည်ငြိမ်နေတတ်သည်။ ထို့ကြောင့် အိပ်မက်မက်နေသော အခြေအနေမျိုး မဖြစ်စေရန်အလို့ငှာ သေချာစွာ မေးမြန်းခြင်းဖြစ်သည်။
“အဖေက ကြည့်ချင်လို့လား”
ချန်းရန်က မတ်တပ်ထရပ်လိုက်ပြီး လက်ထပ်စာချုပ်ကို ထုတ်ယူကာ လောင်မု၏ အရှေ့တွင် ပြသည်။
“ဟားဟား ဒါဒါ…ဒါ ဒါတကယ်ပဲ အမှန်ပဲ”
လောင်မုက လက်ထပ်စာချုပ်ကို မြင်မှသာ သူ၏ မျက်နှာက ပို၍ပင် တောက်ပသွားသည်။ထိုနှစ်ယောက်က တရုတ်ဝတ်စုံနှင့်ဖြစ်သည်။
ဆိုတော့ သူ့ရဲ့ အရှေ့က ဒီလူငယ်က တကယ်ပဲ သူ့ရဲ့သားမက်ပေါ့လေ။
ဟားဟား…
နောက်ဆုံးတွင် သူ၏ သံသယက ပျောက်ကွယ်သွားလေသည်။
“ဒီလိုဆိုမှတော့လည်း ငါမင်းတို့ကြားက ကိစ္စကို ဂရုစိုက်မနေတော့ဘူး”
မုချန်းဖုန်းက ချန်းရန်ကို ပို၍ပင် ရင်းနှီးကျွမ်းဝင်သော အကြည့်မျိုးနှင့် ကြည့်ပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။
“ရှောင်းနွမ်က တက္ကသိုလ်သွားပြီးကတည်းက သူ့အမေနဲ့ ငါက အမြဲတမ်း ပြည်ပမှာပဲ နေခဲ့တာ။ မကြာခဏဆိုသလိုတော့ သူမကို လာခေါ်တတ်တယ်။ နောက်ပြီးငါက ပြည်ပမှာ အသေးစား ဆေးကုမ္ပဏီလေး ရှိတယ်လေ”
“အိုး”
ချန်းရန်က ထိုစကားကို ကြားသည်နှင့် နားလည်သွားပြီး ပြုံးသည်။
“လူကြီးမင်းရှန်း ပြောတာကို ကြားပါတယ်။ ပါးက အခုထုတ်မယ့်ဆေးအသစ်အကြောင်းကို စိတ်ဝင်စားလို့လား”
“ဟားဟား ငါနည်းနည်း သိချင်တာပါ။ မင်း တကယ်ပဲ ဒီဆေးကို ဖော်စပ်နိုင်သွားပြီလား”
41 02
“ဟုတ်တယ်။ ဒါက တရုတ်ဆေး ဖော်မြူလာလေ ကုသဖို့အတွက်တော့ အစစ်အမှန် သုံးနိုင်တာ အမှန်ပဲ။ ဒါပေမဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်ရလိမ့်မယ်”
ဟစ်…
မုချန်းဖုန်းသည် ထိုစကားကို ကြားပြီးသည်နှင့် လေအေးများကို ရှိုက်သွင်းလိုက်သည်။ ထိုဆေးအသစ်က ဆေးပညာ အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို လှုံ့ဆော်နိုင်ခဲ့သည်။ ထိုဆေးကိုမူ သူ၏ သားမက်က ဖော်စပ်ခြင်းဖြစ်နေသည်။
တကယ်ကို အံ့ဩစရာပဲ။
လောင်မုသည်လည်း အချိန်တန်ကြာမှသာ အသိပြန်ဝင်တော့သည်။
“ပါး ပါးက ဒီဆေးနဲ့ ပတ်သက်ပြီး တွေးထားတာ ရှိလို့လား”
ချန်းရန်၏ စိတ်က နည်းနည်း လှုပ်ရှားသွားပြီး မေးလိုက်သည်။
“ဟီးဟီး ငါ ပြောလို့တော့ မရသေးဘူး။ ငါ ဒီအတိုင်းပဲ နည်းနည်း အံ့ဩသွားတာ”
မုချန်းဖုန်းက ခေါင်းခါသည်။
“ဒါပေမဲ့ ဒီဆေးရောက်လာပြီ ဆိုကတည်းက လူသားမျိုးနွယ်ကြီး တစ်ခုလုံးအတွက် ကောင်းတာပေါ့။ လူသားတစ်မျိုးနွယ်လုံးအတွက် ကောင်းတာပါ။ ကျွန်တော် အစကတော့ ဒီဆေးရဲ့ စမ်းသပ်စစ်ဆေးမှုတွေ ကျော်ဖြတ်ပြီးမှပဲ အများရှေ့မှာ ကြေညာဖို့ စဉ်းစားထားတာ”
ချန်းရန်သည် ထိုအကြောင်းကို စဉ်းစားထားပြီးသားဖြစ်သည်။
ဒီဆေးကို သုံးပြီး အကျိုးအမြတ်ရှာမယ် ဟုတ်လား။ သူ အဲဒီလိုတော့ မလုပ်နိုင်ဘူး။ သူက ပိုက်ဆံ ရှားနေတာလည်း မဟုတ်ဘူးလေ။ ဒီဆင်းရဲတဲ့ လူနာတွေကိုလည်း ညှစ်ထုတ်နေစရာ အကြောင်းမရှိဘူးလေ။ ဒါကြောင့် သူက ဖော်မြူလာကို ကြော်ငြာမှာ။
“ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ထဲမှာ ဖော်မြူလာနှစ်ခု ရှိသေးတယ်”
ချန်းရန်က ရုတ်တရပ် အခြားဆေးနှစ်မျိုးအကြောင်းသတိရသွားသည်။
တစ်ခုကမူ ယောင်ကိုင်းမှုများ ထိခိုက်ဒဏ်ရာများအတွက် ကုသရာတွင် အသုံးပြုနိုင်သည်။ အခြားတစ်ခုကမူ ဒီအတိုင်း ရိုးရိုးတန်းတန်း ဒဏ်ရာကို ကုသသည့် ဆေးမျိုးဖြစ်သည်။ နှစ်မျိုးလုံးကိုမူ နတ်ဆေးများဟုပင် ခေါ်၍ ရလောက်အောင် သက်ရောက်မှု ကောင်းမွန်သည်။
“ဘာ…”
မုချန်းဖုန်းက ထိုအခါတွင် အမှန်တကယ် အပျော်လွန်သွားသည်။ ရှောင်းနွမ်၏ အရိုးဒဏ်ရာက နှစ်ရက်တည်းနှင့် ပျောက်သွားသည့် သတင်းကို ကြားထားပြီးသား ဖြစ်သည်။ ထိုအခြေအနေကလည်း သူ့ကို အံ့အားသင့်စေသည်။
ဘယ်လိုဆေးမျိုးက ဒီလောက်ထိ မှော်ဆန်တဲ့ သက်ရောက်မှုမျိုး ရှိတာလဲ။
“တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကလည်း ဒီဆေးနှစ်မျိုးကို ထုတ်လုပ်ဖို့အတွက် ဆေးကုမ္ပဏီကို စာရင်းသွင်းဖို့ စဉ်းစားနေတာ ဆိုတော့ ပါးကိုပဲ လုပ်ခိုင်းတာ ကောင်းမယ်ထင်တယ်”
ချန်းရန်ကလည်း ထိုကိစ္စကို ဂရုစိုက်မနေဘဲ မုချန်းဖုန်းအား ဆေးဖော်မြူလာ နှစ်ခုလုံးကို တိုက်ရိုက်ပင် ပေးလိုက်သည်။
“ဒါ…ဒါ…ဒါ ဒါ ဒါက ဈေးကြီးလွန်းတယ်။ ငါ လက်မခံနိုင်ဘူး”
မုချန်းဖုန်းက ငြင်းသည်။ ထိုဆေးနှစ်မျိုး၏ သက်ရောက်မျုကသာ မှန်ကန်နေခဲ့ပါက သန်းရာကျော် တန်ကြေးရှိနိုင်သည်။ တစ်ဘီလီယံတောင် ကျော်နိုင်လောက်သေးတယ်။
ဒါက တအားကို ဈေးကြီးသွားပြီ။
41 03
“ဒီအတိုင်း ဆေးနှစ်မျိုးပါပဲ ကိစ္စကြီးမှ မဟုတ်တာ။ ကျွန်တော့်မှာ အခြားဖော်မြူလာတွေ ရှိသေးတာပဲ။”
ချန်းရန်က လက်ကို ယမ်းလိုက်သည်။ သူ၏ ထိပ်တန်းဆေးဝါးဆိုင်ရာ အမွေအနှစ်မျိုးကြောင့် သူ့တွင် ဖော်မြူလာ အများကြီး ရှိသည်။ သူသည် လက်ချောင်းနည်းနည်းလေး လှုပ်လိုက်ရုံသာ ဖြစ်သည်။ သို့သော် ထိုသို့ လုပ်နိုင်ခြင်းကတင် တစ်လောကလုံးကို အံ့အားသင့်စေသည်။
“ကောင်းပြီလေ ဒါဆိုရင်လည်း”
မုချန်းဖုန်းက ပင့်သက်ရှိုက်ပြီး ပြောသည်။
“ငါ မင်းကို ကုမ္ပဏီရဲ့ မူလရှယ်ယာဝင်တွေရဲ့ ရှယ်ယာတွေ ပေးမယ်။ သူတို့ရဲ့ ရှယ်ရာ တဝက်လောက်က ငါပိုင်ထားတာ။ ဒီနှစ်နှစ်အတွင်းမှာ ငါအနားယူတော့မှာ အဲဒီအချိန်မှာ ဒီကုမ္ပဏီတစ်ခုလုံးကို မင်းကိုပဲ လွှဲခဲ့တော့မယ်”
လောင်မုက ချန်းရန်ကို မိသားစုဝင်အဖြစ် သဘောထားပြီးသား ဖြစ်သည်။ ထို့နောက် သူသည်လည်း စိတ်အေးနိုင်ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုအရာများအားလုံးကို နောက်မျိုးဆက်ကို အပ်ရပေလိမ့်မည်။ သူသည် အရင်ဦးဆုံး သူ၏ သားမက်ကို ကူညီကာ လုပ်ကိုင်ပေးထားလိုက်မည်။ သူကိုယ်တိုင်ကလည်း အကျိုးနည်းလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ထိုအရာများက ချန်းရန်အပိုင် ဖြစ်လာပေလိမ့်မည်။
ယောက္ခထီးဖြစ်သူကသူ့အား ထိုသို့ တောင်ဥယျာဉ်ကြီးထံသို့ နောက်ဆုတ်ပြီး အငြိမ်းစားယူသော ဘဝကို မွေ့လျော်ခိုင်းထာသည်။
အင်း ဒါဆိုရင် သူကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပဲ နေပြီး သူ့သားမက်ကိုပဲ အလုပ်လုပ်ခိုင်းတော့မယ်။
သူလည်း သူ့သားမက်လိုပဲ ဒီလို ကျေးရွာဖက်က စိုက်ခင်းမြေလေး တစ်ခုကို ဝယ်လိုက်ပြီး စံအိမ် အကြီးကြီး ဆောက်မယ်။ အင်း တကယ်လို့ စံအိမ်အကြီးကြီး ဆောက်လို့ မလောက်ရင်တောင် ပိုကြီးတဲ့ စံအိမ်ကြီး ဆောက်လို့ရတာပဲ။
“အိုး စကားမစပ် မင်းတို့ မင်္ဂလာပွဲကို မကျင်းပရသေးဘူးနော် ဟုတ်တယ်မလား”
လောင်မုက ထိုသားမက်ကို ကြည့်လေလေ သဘောကျလေလေ ဖြစ်လာသည်။
“မြန်မြန်လေး နေ့ကောင်းရက်သားရွေးလိုက် ခမ်းနားတဲ့ မင်္ဂလာပွဲ ကျင်းပရမယ်”
ချန်းရန် “…”
“အာ ဒါကို ရှောင်းနွမ်နဲ့ ဆွေးနွေးရအုံးမယ်”
ချန်းရန်သည် စိတ်ထဲတွင်လည်း ရှက်နေပြီ ဖြစ်သည်။ ယခုအခါ မုရှောင်းနွမ်က မည်သည့်အတွက်ကြောင့် သူ့ကို သူမ၏ ယာယီ ခင်ပွန်းဖြစ်စေရန် တောင်းဆိုခဲ့ကြောင်း နားလည်လိုက်သည်။
မင်္ဂလာပွဲကို အတင်းတိုက်တွန်းပြီးနောက် သူတို့သည်လည်း ကလေးယူရန် တိုက်တွန်းလာသည်။
“ဘာကို ဆွေးနွေးမှာလဲ”
ထိုအချိန်တွင် လျှိုရှောင်းရှီက အခန်းထဲမှ ထွက်လာသည်။ သူမက မုရှောင်းနွမ်က အဖော်ပြုပြီးကာစဖြစ်သည်။ သူမထွက်လာသည်နှင့် ထိုနှစ်ယောက်၏ စကားပြောသံကို ကြားလိုက်ခြင်းဖြစ်သည်။
“ရှောင်ချန်း ရှောင်းနွမ်က သိပ်မကြာခင် သက်သာလာတော့မှာမလား သွားတွေ့လိုက်အုံး”
လျှိုရှောင်းရှီက အနားသို့ လာပြီး လောင်မုကို စိုက်ကြည့်လာသည်။
“ဒီလောက်တောင် နောက်ကျနေပြီ။ ရှင်က ဘာကို ဆွေးနွေးတာလဲ ရှောင်းနွမ်ကို နားခိုင်းလိုက်တော့”
41 04
“ရှောင်ချန်း တကယ်လို့ ပြောစရာရှိသေးရင်လည်း မနက်ဖြန်မှ ပြောတာပေါ့။ ဒီနေ့ ပင်ပန်းနေပြီလေ”
ချန်းရန်ကို ကြည့်နေသည့် လျှိုရှောင်းရှီ၏ မျက်ဝန်းက နူးညံ့လာသည်။
“ဟုတ်ကဲ့ မား မားကို ပေးစရာ ရှိသေးတယ်။”
ချန်းရန်က ထိုသို့အသာအယာပြုံးပြီး သူမ၏ အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။ လျှိုရှောင်းရှီ၏ မျက်ဝန်းက တောက်ပသွားသည်။ အမူအရာကလည်း စိတ်လှုပ်ရှားသွားသည်။
“တကယ်လား”
“ဘယ်လိုကြောင့် မှားနိုင်မှာလဲ။ မစိုးရိမ်နဲ့ ကျွန်တော့်သတင်းကိုပဲ စောင့်”
ချန်းရန်က ထိုသို့ပြောပြီးသည်နှင့် အနောက်သို့လှည့်ကာအ ခန်းထဲသို့ ပြန်ဝင်သွားသည်။
“ဘာဖြစ်တာလဲ ဘာလို့ ဒီလောက်ထိ ပျော်နေတာလဲ”
လောင်မုက အနားသို့လာကာ မေးသည်။
“အဟမ်း ဘာမှ မဟုတ်ဘူး”
လျှိုရှောင်းရှီက ပြန်လည် တည်ငြိမ်သွားသည်။
“ငါ့သားမက်လေးက ငါ့ကို လက်ဆောင်ပေးမယ်လို့ ပြောသွားတာလေ။ သူ အချိန်ရှိတဲ့အခါ ငါ့ကို ပန်းချီကား ဆွဲပေးမယ်တဲ့”
“ဘာ”
လောင်မုသည် ထိုစကားကို ကြားပြီး မတည်ငြိမ်နိုင်တော့ပေ။ သူဟာ ဆွံ့အသွားသလို ပြောသည်။
“အဲဒီပန်းချီကားရဲ့ တန်ကြေးက သန်းရာကျော်နော်”
“တအားများတယ်”
“ရှင့် သားမက်က ဒါတွေ ဂရုစိုက်မယ်လို့ ထင်လို့လား”
လျှိုရှောင်းရှီက နှာခေါင်းရှုံ့သည်။
“ဟွန့် တောသား ဒါက အနုပညာဟဲ့ အနုပညာကို ပိုက်ဆံနဲ့ဘယ်လိုများ တိုင်းတာနိုင်မှာလဲ။ ရှင်ရှောင်းချန်းရဲ့အဆင်းကို နားမလည်ပါဘူး”
“ဟုတ်တယ်”
မုချန်းဖုန်းကလည်း ပြန်လည်တွေးတောကြည့်သည်။ သားမက်ဖြစ်သူ၏ လက်ကြားထဲမှ ပေါက်ကြားလာသော ဖော်မြူလာကလည်း လုံလောက်အောင် ကြောက်စရာကောင်းနေပြီးသားဖြစ်သည်။
သူ့ရဲ့ လက်ထဲမှာ ဖော်မြူလာ ဘယ်လောက်တောင်ရှိလဲဆိုတာ နတ်ဘုရားမှပဲ သိလိမ့်မယ်။
သူကသာ ရှယ်ယာ တဝက်နဲ့ ကမ်းလှမ်းတာမျိုး မလုပ်ဘူးဆိုရင်တောင်မှ သူက လိုချင်မှ လိုချင်မှာလေ။ ဒီအတိုင်း အလကားပေးပစ်မှာပဲ။
“မိန်းမ ငါတို့ သံသယဝင်စရာ မလိုတော့ဘူး။ ရှောင်ချန်းနဲ့ ရှောင်းနွမ်က တရားဝင် လက်ထပ်ထားပြီးသား။ လက်ထပ်စာချုပ်တောင် ထုတ်လာပြတာလေ အတုမဟုတ်ဘူး”
လောင်မုက လျှိုရှောင်းရှီကို အလေးအနက်ထားကာ ပြောသည်။
41 05
“ဒါ့အပြင် သူက တော်တော်လေးကိုတောင် အံ့ဩဖို့ကောင်းတဲ့ တရုတ်ဆေးဖော်မြူလာကိုတောင် အလကားပေးထားသေးတယ်။ ငါ့အထင် ဒီဆက်ဆံရေးက အတုဆိုရင်တောင်မှ ဒီလောက်ထိ သုံးဖြုန်းစရာ မလိုဘူးလို့ထင်တာပဲ”
“ကျွန်မ သံသယမဝင်တော့တာ ကြာပေါ့”
လျှိုရှောင်းရှီက ပြုံး၍ ပြောသည်။
“သူ အဲဒီပေးထားတဲ့ ပန်းချီကားကတင် သန်းရာကျော်နေတာလေ။ ကျွန်မတို့ရဲ့ ရှောင်းနွမ်က အခြားသူကို ဒီလောက် ပိုက်ဆံအများကြီး ပေးတာ ဘယ်လိုများ တန်မှာလဲ”
“ဟုတ်တယ် ငါလည်း သဘောတူတယ်”
“ဆိုတော့ ရှောင်းချန်းက ကျွန်မတို့ရဲ့ ရှောင်းနွမ်အပေါ် ရိုးသားတာတော့ အမှန်ပဲ”
“ဒါက သေချာတာပေါ့ ဒါပေမဲ့ ငါတို့ရဲ့ ရှောင်းနွမ်အပေါ်ကို ဘာကြည့်ကြိုက်လဲ မသိဘူး ငါနားမလည်နိုင်ဘူး”
“ရှင် ကျွန်မကို သတိပေးမှပဲ သတိရသွားပြီ။ ဒီကောင်မလေးက မူးရူးနေတာ အကန့်အသတ်ကိုတောင် မသိဘူး မနက်ဖြန်မှ ပြောကြမယ်”
“အင်း အင်း အခု လက်ထပ်သွားပြီဆိုတော့ အရင်လို ပေါက်ကရလျှောက်လုပ်နေလို့ မရတော့ဘူး။ ရှောင်ချန်းရဲ့ ဘဝကို သေချာဂရုစိုက်ပြီး ရှောင်းချန်းကို အိမ်ရဲ့ နွေးထွေးမှုကို သိစေရမယ်”
“ရှင်ပြောတာ မှန်တယ် မနက်ဖြန်မှ ကောင်းကောင်း ရိုက်ပေးရမယ်။ ဟွန်းးး”
ထိုစုံတွဲက မုရှောင်းနွမ်အတွက် စတင်ကာ စီမံနေကြသည်။ မုရှောင်းနွမ်ကသာ ကြားလျှင် သေချာပေါက် စိတ်ဓာတ်ကျသွားပြီး သွေးအန်လောက်လေသည်။
“ဒါက တကယ်ပဲ ငါ့ရဲ့ မိဘတွေလား”
******