အခန်း ၄၂
Vol. 5 Ch. 42
42 01
အပိုင်း (၄၂) မင်းက ဘယ်လိုပေးချင်တာလဲ။
အခန်းထဲတွင်
မူရှောင်းနွယ်က တဖြည်းဖြည်းချင်း နိုးလာသည်။
“ဟင် ငါဘာလို့ ဒီကိုရောက်နေတာလဲ”
မူရှောင်းနွယ်က တဖြည်းဖြည်းချင်းစီ ထထိုင်ပြီး ဘေးဘီကို ကြည့်သည်။ ထို့နောက် စိတ်အေးစွာသက်ပြင်ချသည်။ ကံကောင်းစွာဖြင့် ဒါဟာ သူမ၏ အခန်းဖြစ်သည်။
ဂူး
ထိုအချိန်တွင် မုရှောင်းနွမ်၏ ဗိုက်က မြည်လာသည်။ သူမသည်လည်း ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။
“သွားပြီ”
မုရှောင်းနွမ်က ရုတ်တရပ် ငေးငိုင်သွားရာမှ အသိပြန်ဝင်သွားပြီး စောင်ကို ဘေးဖက်သို့ ပစ်ထုတ်လိုက်သည်။ ရေချိုးခန်းဆီသို့ ပြေးသည်။
“ရှူး”
သာယာသော သက်တောင့်သက်သာရှိသည့် သက်ပြင်းချသံနှင့်အတူ နောက်ဆုံးတွင် မုရှောင်းနွမ်က စိတ်အေးသွားသည်။
“တကယ်ကိုပဲ ငါ ဝိုင်အများကြီး သောက်လိုက်တာ ရေတအားများတယ်”
မုရှောင်းနွမ်က လေသံတိုးတိုးဖြင့် ရေရွတ်သည်။ အများကြီး သောက်ခြင်းက လူအများကို ထိခိုက်စေသည်။ သူမသည် ဒီနေ့ညမှ အဖြစ်အပျက်ကို မေ့သွားပြီ ဖြစ်သည်။
သူမသည်လည်း စီနီယာအစ်ကိုချန်းနှင့် ကခုန်ခဲ့သည်ကို မှတ်မိနေသေးသည်။ ထို့နောက် အသိစိတ်လွတ်သွားသည်။
သူမသည် အရေးကြီးဆုံးအရာကို မေ့သွားသည်။
ဟွား လားလား…
ထိုအချိန်တွင် မုရှောင်းနွမ်၏ နားက ရုတ်တရပ် ရေကျသံကို ကြားရပြီး နှလုံးသားက အခုန်နှုန်းမြန်ဆန်သွားသည်။
ဖြစ်နိုင်တာက ဘာ…ဘာ ဘာလဲ။
မုရှောင်းနွမ်ကအလိုလျောက် မော့ကြည့်လိုက်သောအခါ တဝက်နီးပါးခန့် ဖောက်မြင်နေရသော မှန်ဖြင့် ဆက်သွယ်ထားသော ရေချိုးခန်းထဲမှ ရေပန်းအောက်ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ဒါ..ဒါက ချန်းကောကော မဟုတ်ဘူးလား
ဝီ…
ထိုအချိန်တွင် မုရှောင်းနွမ်သည်လည်း သူမ၏ ခေါင်းက ရုတ်တရပ် ထွေပြားသွားသလို ခံစားရပြီး မူးဝေမှုက ခေါင်းကို ရိုက်ခတ်လာကာ ရူးကြောင်ကြောင် ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူမက လုံးဝ စိတ်လွတ်သွားသည်။
ထိုအချိန်တွင်ပင် ချန်းရန်က ရေချိုးခန်းတံခါးကိုဖွင့်သည်။
ဝှစ်
ချက်ချင်းဆိုသလိုပင် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကြသည်။ ချန်းရန်နှင့် မုရှောင်းနွမ်တို့က ငေးငိုင်သွားသည်။ မြင်ကွင်းက အတော်လေး ထူးဆန်းသည်။
“အား”
ထိုနောက်တိမ်စိုင်များကိုပင် ထိုးဖောက်ကာ မြူများကိုပင် လွင့်သွားစေလောက်သည့် အော်သံမျိုးက ထွက်လာပြီး စံအိမ်တစ်ခုလုံးကိုပင် လှုပ်သွားစေလောက်သည်။
မုရှောင်းနွမ်က ပါးစပ်ကို တိုက်ရိုက်အုပ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကိုလည်း ဖိကပ်လိုက်ကာ သူမ၏ နှလုံးသားထဲမှ တောင်တန်း နှစ်လုံးက ပြိုကျသွားသည်။
ဘမ်း
42 02
ချန်းရန်က တုံ့ဆိုင်းမနေဘဲ အနောက်သို့ ခပ်မြန်မြန်ဆုတ်သည်။ ရေချိုးခန်းတံခါးကို ရိုက်ချလိုက်သည်။
“သောက်ငရဲလိုပဲ”
ချန်းရန်က မှင်သက်နေသည်။
ဒီ…ဒီကောင်မလေးက ဘာဖြစ်တာလဲ အထဲမှာ လူတစ်ယောက် ရေချိုးနေတာကို မသိဘူးလား။
နောက်ပြီး အိမ်သာပေါ်မှာ ထိုင်နေတယ်။
မုရှောင်းနွမ်ကလည်း မှင်သက်နေသည်။
ဒါ…ဒါက သူမရဲ့အခန်း မဟုတ်ဘူးလား> ဘာလို့ ချန်းကောကောက ဒီမှာ ရေလာချိုးနေတာလဲ။
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”
ထိုအသံကြောင့် မုချန်းဖုန်းနှင့် လျှိုရှောင်းရှီတို့က အပြင်ဘက်သို့ ရောက်လာသည်။ လျှိုရှောင်းရှီက အလွန်စိုးရိမ်နေ၏။ အခန်းတံခါးက သော့မပိတ်ထားပေ။ ထို့ကြောင့် တံခါးကို တွန်းဖွင့်လာပြီး ရေချိုးခန်းတံခါးနားတွင် လာရပ်သည်။ သူမက စိုးရိမ်တကြီးမေးသည်။
“ကောင်မလေး ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား လဲကျသွားလို့လား”
“မဟုတ်ဘူး မဟုတ်ဘူး အဆင်ပြေပါတယ်”
လျှိုရှောင်းရှီက တံခါးကို ဆက်တိုက်ခေါက်နေလေရာ မုရှောင်းနွမ်က ချွေးစေးများပင် ပြန်လာသည်။ သူမက အလျှင်စလို ပြောသည်။
“မ…မလဲပါဘူး”
“ဘာလို့ အကျယ်ကြီး အော်နေတာလဲ”
လျှိုရှောင်းရှီက သံသယဝင်သွားသည်။
“မလဲဘူးဆိုရင် ဘာဖြစ်တာလဲ”
“အဟမ်း”
ထိုအချိန်တွင် ချန်းရန်က အထဲမှ လှမ်းပြောသည်။
“မား အာ…ကျွန်…ကျွန်တော်လည်း ဒီမှာ”
“ရှောင်ချန်းလား”
လျှိုရှောင်းရှီက ကြားလိုက်ပြီး ချက်ချင်း နားလည်သွားကာ ရုတ်တရပ် ဉာဏ်အလင်းပွင့်သွားသလို အမူအရာမျိုး ပြသည်။
“ဪ ဆိုတော့ အတူရှိနေတာကိုး ထားလိုက်ပါ ထားလိုက်ပါ မား မနှောက်ယှက်တော့ဘူး”
ထိုသို့ပြောပြီးသည်နှင့် သူမက နောက်လှည့်ကာ ထွက်သွားရန် ပြင်သည်။
“အိုး ဟုတ်သားပဲ”
ယောက္ခမဖြစ်သူက တဖန်ပြန်လှည့်လာပြီး တံခါးက တဆင့် လှမ်းပြောသည်။
“ရေချိုးခန်းက သေးတယ်နော် ပင်ပန်းဖို့ လွယ်တယ်။ ဂရုမစိုက်မိရင် ခန္ဓာကိုယ်ကို ထိခိုက်သွားနိုင်တယ်”
“နောက်ပြီး ရှောင်းနွမ် ငါက အတွေ့အကြုံရှိတဲ့လူလေ ဆိုတော့ ပထမဦးဆုံးဆိုတော့ ဒီလိုပါပဲ တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာ ရှိသွားလိမ့်မယ်”
ထိုသို့ပြောပြီးသည်နှင့် လျှိုရှောင်းရှီက အလျှင်အမြန်ထွက်သွားသည်။ ထိုလူနှစ်ယောက်၏ အခြေအနေကို ဖျက်ဆီးမိမည်ကို စိုးရိမ်သွားသည်။
ဟူး….
42 03
ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ သူ၏ စိတ်လှုပ်ရှားနေသော နှလုံးသားက တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွား၏။ သူက ကြည်လင်နေသော ဖန်တံခါးကတဆင့် အပြင်ဘက်က ရှောင်းနွမ်ကို ပြန်ကြည့်လိုက်ပြီး ခံစားချက်များ ရှုပ်ထွေးသွားသည်။ နဂိုကမူ သူ၏ သက်သာဘဝက အမှန်တကယ် ငြိမ်းချမ်းပြီး သဘာဝ ကျသည်။ မမျှော်လင့်ထားစွာပင် ထိုကောင်မလေးကို ထည့်သွင်းလာသောကြောင့် နေ့တိုင်းလိုလို အံ့အားသင့်စရာများက ပြည့်နှက်နေတတ်သည်။
အစပိုင်းတွင်မူ သူသည်လည်း မုရှောင်းနွမ်အပေါ် ထူးခြားသည့် ခံစားချက်မျိုး မရှိပေ။ မသိလိုက်မသိဘာသာပင် ထိုရူးကြောင်ကြောင်နိုင်ပြီး ချစ်စရာကောင်းသော ကောင်မလေးကြောင့် စိတ်လှုပ်ရှားလာသည်။ အခုမြင်ကွင်းကဆိုလျင် ထိုကောင်မလေးကိုပင် တုန့်ပြန်မိသွားသည်။(စာစစ်- မီလည်း ချစ်စရာလေးပါ။ ဘာလို့ ဘူမှ မရှိရတာလဲ…ဝူးဝူးဝူးးးး)
ဖြစ်နိုင်တာက။
သူ တကယ်ပဲ သူမကို စိတ်ဝင်စားနေပြီလား။
“အဟမ်း”
ချန်းရန်က အတွေးများကို သိမ်းလိုက်ပြီး ရေချိုးခန်းကတဆင့် လှမ်းအော်သည်။
“အဆင်ပြေရဲ့လား မင်းရေချိုးခန်းက အရင်ထွက်မလား”
“ငါ…ငါ”
မုရှောင်းနွမ်၏ လှပသော မျက်နှာက နီနေသည်။ ချန်းရန်၏ အော်သံကို ကြားသောအခါ မျက်နှာက ရဲသွားပြီး နားရွက်သို့ပင် ထပ်ရဲသွားသည်။
“ငါ….ငါ မပြီးသေးဘူး မထွက်လာနဲ့အုံး”
မုရှောင်းနွမ်က စိုးရိမ်စိတ်များရင်း ရှက်နေသည်။
“ငါ…ငါ ခုနက လန့်…လန့် လန့်သွားလို့ အခု ပြီးပြီ ပြီးပြီ”
လန့်ထားလို့ အောင့်ထားလိုက်တာ။
ချန်းရန် “…”
မုရှောင်းနွမ် “မရယ်နဲ့နော်”
သူမက ပြီးမပြီးကို ဂရုမစိုက်တော့ဘဲ ခပ်မြန်မြန်ပင် ထွက်ပြေးသွားသည်။
ရေချိုးခန်းထဲမှ ထွက်သည်နှင့် မုရှောင်းနွမ်က အိပ်ယာပေါ်သို့ ခုန်တက်လိုက်ကာ ခေါင်းကို ခေါင်းအုံးဖြင့် အုပ်သည်။
“သွားပြီ သွားပြီ အားလုံး မြင်သွားပြီ စီနီယာအစ်ကိုချန်းက ငါ့ကို နှာဗူးလို့လား ထင်သွားတော့မှာလား”
အာ ရှက်စရာပဲ။
“ဒီကောင်မလေးကတော့”
ထွက်ပြေးသွားသော မုရှောင်းနွမ်ကို မြင်လိုက်သည့် ချန်းရန်ကလည်း ပြုံးရယ်လိုက်သည်။
ဒီကောင်မလေးက တကယ်ကို ချစ်ဖို့ကောင်းတယ် မြတ်နိုးစရာလေး။(စာစစ်-တော်ပါတော့ ငါသိပြီလို့)
ဘာလို့ မစရမှာလဲ။
ကိုယ်ကို ခြောက်အောင် သုတ်ပြီး ရေချိုးဝတ်စုံ ဝတ်ပြီးသည်နှင့် ချန်းရန်က ရေချိုးခန်းတံခါးကို တွန်းဖွင့်ကာ အပြင်သို့ထွက်သည်။
“လာပြီ လာပြီ”
မုရှောင်းနွမ်က စောင်အောက်တွင် ကွေးနေပြီ ဖြစ်ပြီး ချန်းရန်ကို ကျောပေးထားသည်။ သူမ၏ လှပကာ သွယ်လျသော ခန္ဓာကိုယ်ကောက်ကြောင်းကလည်း စောင်အောက်တွင် ထင်းထွက်နေသည်မှာ ရေသူမလေးနှင့် တူသည်။
“အဟမ်း”
ချန်းရန်က ကုတင်နားသို့ လျှောက်သွားပြီး ချောင်းကို တမင်တကာ ဟန့်ပြသည်။
42 04
မုရှောင်းနွမ်၏ အိပ်နေသောပုံက ရုတ်တရပ် တုန်သွားသည်။ သူမသည်လည်း စောင်ကို တင်းတင်းကြပ်ကြပ် ပတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ မျက်လုံးကို ပိတ်ထားသည်။ မျက်ခွံကပင် တင်းကြပ်သွားသည်။
“အိုး”
ဒီကောင်မလေးက အိပ်ချင်ယောင်ဆောင်ရုံနဲ့ လွတ်သွားမယ်လို့ ထင်တယ်ပေါ့။
“ဒီနေ့ မင်းရဲ့ မိဘတွေ ရှိတယ်လေ ဆိုတော့ ငါတို့ တစ်ခန်းတည်းအတူ အိပ်ရမှာ ငါတို့လည်း မတတ်နိုင်ဘူးလေ”
ချန်းရန်က ခပ်အေးအေးရှင်းပြသည်။
သူသည် ကာကွယ်မှုတစ်လွှာ ပစ်လွှတ်လိုက်ပြီးနောက်တွင် အိပ်ယာပေါ်သို့ ခုန်တက်သည်။
“ဘာ”
မုရှောင်းနွမ်၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်သွားသည်။
စီ…စီနီယာအစ်ကိုချန်းက သူမနဲ့အတူ အိပ်မှာလား။
ဘုရားရေ။
ဒါဟာ သူမတို့ ပထမဦးဆုံ စတွေ့ခဲ့သည့် ရက်ကိုပင် သတိရသွားစေသည်။ ပထမဦးဆုံးအကြိမ်ဟုတ်သော်လည်း သူမ၏ ခေါင်းကမူ ကြည်လင်နေသည်။
ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ။
ထိုကောင်မလေး၏ အိပ်ယာက သိပ်မကြီးချေ။ ထိုနှစ်ယောက်အတွက်မူ တိုးဝှေ့ရပေမည်။ သို့ရာတွင် ချန်းရန်က တက်လိုက်သည်နှင့် မုရှောင်းနွမ်က ဘေးဖက်သို့ တိုးရန် ဖြစ်လာသည်။ ချန်းရန်က တိုးသည်။ သူမက တိတ်တဆိတ် ရွေ့၏။
အစပိုင်းတွင်မူ သူမသည်လည်း ကိစ္စကြီးဟု မထင်ထားမိပေ။ သို့သော် စီနီယာအစ်ကိုချန်းက သူမဖက်သို့ ဆက်တိုက်တိုးနေသည်။ ထိုကောင်မလေးသည်လည်း တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားလာရသည်။
စီနီယာအစ်ကိုချန်းက အဲဒီလောက် လူကောင်ကြီးလို့လား အဲ့ဒီလောက် နေရာအများကြီး ယူဖို့ လိုလို့လား။
“အိုး”
ရုတ်တရပ် မုရှောင်းနွမ်က မတော်တဆ ကုတင် အစွန်းနားကို တိုးမိသွားပြီး ကုတင်ပေါ်မှ ဖင်ထိုင်ရက် ကျသည်။
ထိုအချိန်တွင် အိပ်ယာမှ မနိုးရန် ခက်သွားသည်။
“စီနီယာအစ်ကိုချန်း ဘာလုပ်တာလဲ”
မုရှောင်းနွမ်က နာသွားသော ဖင်ကို ပွတ်သည်။
“အာ တောင်းပန်ပါတယ်”
ချန်းရန်က တောင်းပန်သည်။
“ငါက အိပ်ယာအကြီးကြီးမှာ တစ်ယောက်တည်း အိပ်နေကျလေ ဆိုတော့ အရမ်းကျပ်နေတော့ မသက်မသာ ဖြစ်သွားလို့”
“ဒါဆိုရင် ငါဘယ်မှာ အိပ်ရမှာလဲ”
ထိုကောင်မလေးက ပါးဖောင်းပြီးနှုတ်ခမ်းဆူကာ မကျေမနပ် ဖြစ်သလို ပြောသည်။
“ဟိုမှာ ဆိုဖာရှိတယ်လေ”
ချန်းရန်က အပြုံးကို ဖိနှိပ်ရင်းပြောသည်။
“ဘာလဲ မလုပ်ချင်ဘူးလား”
“ဘာ”
မုရှောင်းနွမ်က အမှန်တကယ် စိတ်ရှုပ်သွားသည်။
42 05
ငါ့ကို ဆိုဖာပေါ်မှာ အိပ်ခိုင်းမှာလား သေချာလို့လား။
“စီနီယာအစ်ကိုချန်း ငါတို့ ဆွေးနွေးလို့မရဘူးလား”
“မရဘူး”
“အာ ငါနင့်ကို ကိစ္စတစ်ခု ကတိပေးမယ် ဆိုရင်ရော”
“မင်း အရင်တစ်ခေါက်က ငါ့ဆီမှာ အလောင်းအစားရှုံးသွားတာလေ။ မင်း cosplay လုပ်ပြမယ်လို့ပြောထားပြီးတော့ ကတိလည်း မတည်ဘူး”
ချန်းရန်က ထိုကောင်မလေးကို ဆက်စသည်။ သူမက ပိုပို၍ပင် ချစ်စရာကောင်းလာသည်။
“ငါ…”
မုရှောင်းနွမ်က တစ်ခဏခန့် ကြာအောင် ဘာမှ မပြောနိုင်ပင် ဖြစ်နေသည်။ ထို့ကြောင့် နှုတ်ခမ်းကို ကိုက်ပြီး လှပသော မျက်လုံးကြီးထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသော အလင်းက လက်သွားသည်။
ဟုတ်တယ် ငါ အရင်တစ်ခေါက်က အလောင်းအစားရှုံးသွားတာပဲ ကတိကို တည်ရမယ်။
ဖူး….
ထိုကောင်မလေးက လက်လျော့လိုက်သလိုမျိုး အိပ်ယာပေါ်သို့ခုန်တက်လာကာ ချန်းရန်ကို စဉ်းလဲစွာ ကြည့်သည်။
“ပြော ဘယ်လို ပုံစံ လိုချင်လဲ”
******