← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

43 01

အပိုင်း (၄၃) ငါ အိပ်လို့ မပျော်ဘူး ငါနဲ့ စကားပြောပေးနိုင်မလား။

“ဘယ်လို ပုံစံ လိုချင်တာလဲ ဟုတ်လား”

ထိုကောင်မလေးက အိပ်ယာပေါ်တွင် ပက်လက်လေး လဲသည်။ သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယ်က ရှင်းလင်းစွာ မြင်နိုင်သည်။ အလွန်အမင်း မျက်စိ ဖမ်းစားနိုင်သည်။ ထိုအချိန်တွင် သူမသည် မဆွတ်ခူးယူနိုင်သော သေးငယ်သော ပန်းပွင့်ဖြူလေးနှင့်တူသည်။ ချေမွ ဖျက်ဆီးပစ်ရန် ဆွဲဆောင်နိုင်လွန်းသည်။

“အဟမ်း”

ချန်းရန်က အကြည့်ကို ပြန်ရုတ်ပြီး စိတ်လှုပ်ရှားနေသည့် နှလုံးခုန်သံကို ဖိနှိပ်ကာ ပြန်ပြောသည်။

“ရေအရင်သွားချိုး”

“ကောက တအား အလုပ်ရှုပ်တာပဲ”

မုရှောင်းနွမ်က နှာခေါင်းရှုံ့ပြီးနောက် ထရပ်ကာ သွားသည်။

“ဘာလို့ ဒီလောက်ထိ ကြာနေတာလဲ”

ချန်းရန်က အချိန်တန်ကြာအောင် စောင့်သည်။ သို့သော် ကောင်မလေးက မထွက်လာသေးပေ။

ဘာလုပ်နေတာလဲ။

တစ်နေ့လုံး ပင်ပန်းနွမ်းနယ်ပြီးနောက် ချန်းရန်က နည်းနည်း အိပ်ချင်လာသည်။ ထိုသို့ဖြင့် အိပ်ယာပေါ်သို့ လှဲရင်း အိပ်ပျော်သွားသည်။

“ချန်းကောကော ချန်းကောကော”

သိပ်မကြာခင် အချိန်တွင် သူ၏နားအနားမှ ရင်းနှီးသောအသံကို ကြားရသည်။ ချန်းရန်ကလည်း အိပ်မက် မက်နေသလို ခံစားရသည်။

“ချန်းကောကော ငါက ချန်းကောကောရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို သဘောကျတာ ကလေးလေးလိုပဲ ခုခံမှု မဲ့တယ်။ မျက်တောင်မွှေးကလည်း နည်းနည်းပိုရှည်တယ်နော် ငါက စနောက်တဲ့ အနေနဲ့ နှုတ်ခမ်းကို ထိကြည့်ရင်တောင်မှ သတိထားမိမှာ မဟုတ်ဘူး”

ချန်းရန်သည် သူ၏နားထဲတွင် နွေဦးလေပြေကဲ့သို့ နွေးထွေးသော ညင်သာပြီး ချစ်စရာကောင်းသော အသံလေးကို ကြားရပြီး နည်းနည်းပင် ယားယံလာကာ နွေရာသီ နေသာသည့် တစ်ရက် ညနေပိုင်း တစ်ရေးအိပ်ယာမှ လန့်နိုးလာသကဲ့သို့ မလှုပ်ချင်တော့သလို သက်တောင့်သက်သာရှိလွန်းသည့် ခံစားချက်မျိုးကို ရနေသည်။ ထို့ကြောင့် သူသည်လည်း သူ၏ ဆံပင်ထိပ်ကို နှုတ်ခမ်းတစ်ခုက ပွတ်ဆွဲသွားသလို ခံစားရသည်။

“ဘယ်သူလဲ”

ချန်းရန်က ရုတ်တရပ် တုန်ယင်သွားပြီး ချက်ချင်းနိုးလာသည်။

“အာ”

ရုတ်တရပ်အော်သံက ထွက်လာသည်။ တစ်စုံတစ်ရာက လဲကျသွားသကဲ့သို့ မြေပြင်နှင့် ထိသွားသော အသံက ထွက်လာသည်။

“ဘာဖြစ်တာလဲ”

ချန်းရန်က နည်းနည်း စိတ်ရှုပ်သွားသည်။ ဒီမုရှောင်းနွမ် ကောင်မလေးလား ဘာလို့ မြေပြင်မှာ ထိုင်နေတာလဲ။

သူမက ပက်လက်လေး လှဲနေခြင်း ဖြစ်ပြီး ပုံစံက နည်းနည်း ထူးခြားသည်။ ထို့အပြင် သူမသည် အစေခံဝတ်စုံနှင့် တူသော အဖြူအမဲဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး ကောင်းကင်ပြာရောင် ဆံပင်အတိုလေးကိုလည်း တပ်ထားသေးသည်။ ထိုပုံစံက အရမ်း ရင်းနှီးတာပဲ cosplay လား။

“ငါ ခေါင်းနာတယ်။ ဒါပေမဲ့ ငါနင့်ကို အရမ်းသဘောကျတာကို”

ထိုကောင်မလေးက ပြန်လည်ထပြီးသည်နှင့် ဆက်လက်ပြီး သရုပ်ဆောင်ပြန်သည်။ သူမက ချန်းရန်ကို မှီလာသည်။

43 02

“အာ ငါက ချန်းကောကောရဲ့အသံကို သဘောကျတာ။ ငါသူပြောတဲ့ အသံကို ကြားချိန်တိုင်းလိုလို ငါ့ရဲ့ နှလုံးသားက နွေးထွေးတယ်”

“ဟေး မင်းအဖျားရှိနေတာတော့ မဟုတ်ပါဘူးနော်”

ချန်းရန်က လက်ကို ဆန့်ပြီး ထိုကောင်မလေး၏ နဖူးကို ကပ်ကြည့်သေးပြီး ခန္ဓာကိုယ် အပူချိန်ကို ခံစားကြည့်သေးသည်။ မမျှော်လင့်ထားစွာပင် ထိုကောင်မလေးက အရင်ကပ်လာသည်။

“ငါက ချန်းကောကော ငါ့ရဲ့ခေါင်းကို ထိတာလဲ သဘောကျတယ်။ လက်ဖဝါးနဲ့ ဆံပင်ကတဆင့် ချန်းကောကောနဲ့ ဆက်သွယ်နိုင်တယ်လေ”

“ဖာ့ခ်”

ချန်းရန်သည်လည်း ထိုကောင်မလေးက ရူးနေပြီဟု ခံစားရသည်။ သူမက သရုပ်ဆောင်ရသည်ကို ထိုမျှအထိ သဘောကျနေကလည်းက ချန်းရန်ကလည်း စိတ်ထဲ ထားမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။

“ဒါဆိုရင်တော့ မင်းရဲ့ ခေါင်းက တကယ်ကြီးတာပဲ”

“ဟင်”

မုရှောင်းနွမ်က ရုတ်တရပ် မျက်လုံးကို မှေးကျဉ်းပြီး ချန်းရန်ကို ပြုံးရင်း ကြည့်နေရာမှ ရုတ်တရပ် ထိုစကားကြောင့် သူမ၏ ခုခံမှုများက ကွဲသွားသည်။

“ဘယ်လိုဖြစ်ပြီး ငါ့ရဲ့ခေါင်းက ကြီးရမှာလဲ”

မုရှောင်းနွမ်က ခပ်မတ်မတ် ထရပ်သည်။ ခါးကို ထောက်ပြီး ပြောသည်။

“မကြီးလို့လား”

ချန်းရန်က မပျော်မရွှင်ဖြစ်သလို ပြောသည်။

“မင်းရဲ့ ခေါင်းထဲမှာ တစ်ချိန်လုံး ဘာတွေ ဖြစ်နေမှန်း မသိဘူး။ ကိုးရိုးကားရား အကြံတွေ အများကြီးပဲလေ”

“အွန်း”

မုရှောင်းနွမ်က ဆွံအသွားသည်။ ထို့နောက် နှုတ်ခမ်းကို မဲ့သည်။

“နင်ပဲ ငါ့ကို cosplay လုပ်ခိုင်းတာ မဟုတ်ဘူးလား။ နောက်ပြီး ဘယ်ပုံစံကို ကြိုက်တယ်ဆိုတာကိုလည်း မပြောဘူးလေ ဒီလိုမှတော့ ငါလည်း ရွေးလိုက်တာပေါ့”

“ဒါကို ဘာလို့ ခေါ်လဲ”

“Remလေ ဒီကဏ္ဍကို မကြိုက်ဘူးလား”

မုရှောင်းနွမ်က နည်းနည်း ဒေါသထွက်သွားသည်။ သူမသည် အချိန်တန်ကြာအောင် တွေးတောထားခြင်း ဖြစ်သည်။ သို့သော် ထိုလူဆိုးကောင် ချန်းကောကောက သူမကို ကြွားဝါခွင့်မပေးပေ။

“အင်း အဲဒီလိုတော့ မဟုတ်ပါဘူး”

ချန်းရန်က ပြုံးသည်။

“တကယ်တော့ မင်းက အစစ်အမှန် အစေခံလေးနဲ့ ပိုတူတယ်။ rem လို့ မပြောနဲ့”

“ဟင် ဘာ”

ထိုစကားကို ကြားပြီး မုရှောင်းနွမ်က ကိုယ့်ကိုယ်ကိုယ်ပင် သံသယဝင်သွားသည်။

ငါက သရုပ်‌ဆောင် ပါရမီ လိုအပ်ချက် အပြည့်နဲ့ မွေးဖွားလာတာများလား။

ဒေါက် ဒေါက်။

ထိုအချိန်တွင် လျှိုရှောင်းရှီက တံခါးလာခေါက်ပြန်သည်။

“သော့မခတ်ထားဘူး ဝင်လာခဲ့ပါ”

ချန်းရန်က လျှိုရှောင်းရှီကို ဖိတ်ခေါ်သည်။

43 03

“ဟင် ဘာလုပ်နေတာလဲ”

လျှိုရှောင်းရှီက ရေနှစ်ခွက်နှင့်တူ ဝင်လာပြီးချိန်တွင် ရေချိုးခန်းထဲသို့ ပြန်ပြေးရန် ကြိုးစားနေသော မုရှောင်းနွမ်ကို လှမ်းမြင်ပြီး ချက်ချင်းလှမ်းခေါ်သည်။

“ကောင်မလေး ဘာလုပ်တာလဲ”

လျှိုရှောင်းရှီက သူမကို အထင်တသေးကြည့်သည်။

“ဘာတွေ ဝတ်ထားတာလဲ အစေခံလိုပဲ”

သူမက ရုတ်တရပ် ချန်းရန်ကို ကြည့်ချိန်တွင် ချက်ချင်းဆိုသလို နားလည်သွားသည်။

“ဟားဟား လူငယ်တွေက တကယ်ကို ပျော်တတ်တာပဲ> ဇာတ်ကြောင်းကို ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ သိကြတယ်”

“မဟုတ်ဘူး မား မား နားလည်မှု လွဲနေပြီ”

မုရှောင်းနွမ်ကလည်း ရှင်းပြရန် ကြိုးစားသည်။ သူမက ချန်းကောကောနဲ့ ဂိမ်းကစားနေတာ မဟုတ်ပါဘူး> ဒါက cosplay cosplay နားလည်လား။

နောက်ပြီး ဒါက ဒီအတိုင်း အစေခံဆိုတာ မဟုတ်ဘူး> ဒါက Rem Rem နားလည်လား။

“အာ ငါနားလည်တယ် ငါနားလည်တယ်”

လျှိုရှောင်းရှီက ချက်ချင်း နားလည်သွားပုံ ပေါ်သည်။

“နင်တို့လူငယ်တွေက စိတ်လှုပ်ရှားတတ်ကြတာပဲ။ လှည့်ကွက်တွေလည်း အများကြီးပဲ။ ပျော်လည်း ပျော်တတ်ကြတာပဲ။ ဒါပေမဲ့ မားကတော့ အရာအားလုံးကို စဉ်းစားဆင်ခြင်ပြီး လုပ်လို့ပဲ ပြောချင်တယ်။ ခန္ဓာကိုယ်ကို မနာကျင်စေနဲ့”

“နောက်ပြီး ဒီမှာ ရေပူလေး သောက်လိုက်အုံး။ ပြီးတာနဲ့ ရေများများသောက် အားပြည့်အောင်လို့”

ယောက္ခမဖြစ်သူက ရေနှစ်ခွက်ကို စဉ်းစားဆင်ခြင်စိတ်အပြည့်နှင့် ချပေးသွားပြီး အဓိပ္ပာယ် အပြည့်ပြုံးကာ ထွက်သွားသည်။

ဘမ်း…

ထို့နောက် တံခါးကိုပင် ကူညီကာ လော့ချပေးသွားသည်။

“အာ အာ…”

မုရှောင်းနွမ်က ခေါင်းကို ကိုင်ထားပြီး ရှက်လွန်းသဖြင့် မည်သူ့ကိုမှ မကြည့်နိုင်တော့ပေ။

မားက ဘာကို နားလည်သွားတာလဲ။

“ဖူး”

ချန်းရန်ကလည်း နည်းနည်း သဘောကျသွားသည်။ ထိုကောင်မလေးက သူမဘာသာသူမ ဆောင်ယူခြင်း ဖြစ်သည်။

“ချန်းကောကော ရယ်နေပြန်ပြီ”

ထိုကောင်မလေးက သဘောမကျဖြစ်သွားပြီးနောက် တိုက်ရိုက်ဆူသည်။ ထို့နောက် ခပ်တိုးတိုးလေသံနှင့် ပြောသည်။

“ငါပင်ပန်းနေပြီ အိပ်တော့မယ် ငါ အိပ်ယာပေါ်မှ အိပ်လို့ ရပြီလား”

“ကျေးဇူးပြုလို့”

ချန်းရန်က ပြုံးသည်။ လမ်းကို ဖယ်ပေးလိုက်ပြီး ချက်ချင်းထကာ တစ်ဖက်မှ ဆင်းလိုက်ပြီး ထိုကောင်မလေးကို အိပ်ယာပေါ်သို့ တက်စေသည်။

“ချန်းကောကောက ဘာလို့ဆင်းတာလဲ”

မုရှောင်းနွမ်က မျက်လုံးပြူးသွားပြီး မယုံနိုင်သလို ဖြစ်သွားသည်။

“မင်းပဲ အိပ်ယာပေါ်မှာ အိပ်ချင်တယ်လို့ ပြောတာမဟုတ်ဘူးလား”

ချန်းရန်က ပြောသည်။

43 04

“ငါ ခုနက မင်းကို ဒီအတိုင်း နောက်တာပါ။ အလောင်းအစားက ပြီးပြီ။ ငါ ဆိုဖာပေါ်မှ အိပ်လိုက်မယ်”

“အာ…”

အချို့သော အကြောင်းပြချက်များကြောင့် ချန်းရန်က ရုတ်တရပ် စိတ်ပျက်သွားသည်။

“ပြီးရောလေ နောက်ကျနေပြီ အိပ်တော့”

ချန်းရန်က မီးကို ပိတ်ပြီး ဆိုဖာပေါ်တွင် သွားအိပ်သည်။

ထိုကောင်မလေးက အိပ်ယာပေါ်တွင် လဲနေပြီး အိပ်မပျော်နိုင်ဖြစ်နေသည်။ သူမက မျက်နှာကျက်ကို ကြည့်ကာ ဟိုလိမ့်ဒီလိမ့် လိမ့်နေရင်း ချန်းရန်ကို လှမ်းကြည့်ပြီးပြောသည်။

“ချန်းကောကော အိပ်ပျော်သွားပြီလား”

“မင်းက မအိပ်သေးဘူးလား”

ချန်းရန်ကလည်း အချိန်တန်ကြာအောင် မျက်လုံးမှိတ်ထားသည့်တိုင်အောင် အိပ်မပျော်နိုင်သေးပေ။

“တိုက်တိုက်ဆိုင်ဆိုင် ငါလည်း အိပ်မပျော်ဘူး”

မုရှောင်းနွမ်က နည်းနည်းပျော်သွားသည်။ သို့သော် တစ်စုံတစ်ရာကို မှတ်မိလိုက်ပြီးနောက် စိတ်ဓာတ်ကျသွားပြန်သည်။

“ဒီတစ်ခေါက် ငါ့ရဲ့မိဘတွေက ဘယ်လောက် ကြာကြာ နေမှာလဲ။ ငါ အမြဲတမ်းစိုးရိမ်နေရတယ်”

သူမနှင့် ချန်းကောကော၏ ဆက်ဆံရေးက ပေါ်သွားခဲ့သော် ဆိုးရွားသွားပေလိမ့်မည်။

“မနက်ဖြန်မှ ပြောတာပေါ့ မစိုးရိမ်ပါနဲ့”

ချန်းရန်က နှစ်သိမ့်ပေးသည်။

“ဒါပေမဲ့ ငါ စိုးရိမ်ပြီး အိပ်မပျော်ဘူးလေ”

မုရှောင်းနွမ်က ပြောသည်။

“ချန်းကောကော နင် ငါနဲ့ ခဏလောက် စကားပြောပေးနိုင်မလား”

“…”

“စီနီယာအစ်ကိုချန်း နင်ကငါနဲ့ အဝေးကြီးပဲ ငါနင်ပြောတာ မကြားရဘူး”

မုရှောင်းနွမ် “ဘာပဲဖြစ်ဖြစ် နင်လဲ အိပ်ပျော်သေးတာမှ မဟုတ်တာ။ ငါ့ဘေးနားမှာ လာထိုင်လေ စကားပြောပြီးမှ သွားအိပ်ပေါ့ နော်”

******

All Chapters