← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

46 01

အပိုင်း (၄၆) မုရှောင်းနွမ်လည်း တစ်လောကလုံးက စွန့်ပစ်လိုက်သလို ခံစားလိုက်ရတယ်

“မား သမီးကို ဝက်လို့ ပြောရင် မားလည်း ဝက်မနော်”

မုရှောင်းနွမ်က တံခါးကို ဖွင့်ပြီး မိခင်ကို ကြည့်သည်။ တစ်ဖက်သူက ဒေါသထွက်နေ၏။ သူမသည်လည်း လက်သင့်မခံလိုပေ။

ဘယ်သူက ဝက်လို့ပြောတာလဲ။

“နင်”

လျှိုရှောင်းရှီက ဒေါသထွက်သွားပြီး မျက်လုံးပင် ပြူးလာကာ တစ်ကိုယ်လုံး တုန်လာသည်။ သူမက လက်ဖဝါးကို မြောက်ပြီး မုရှောင်းနွမ်၏ ဖင်ကို ရိုက်သည်။

“ကောင်မစုတ်လေး ဟမ် နင်က ငါ့ကို သေအောင် ဒေါသထွက်အောင် လုပ်နေတာပဲ ငါနင့်ဖင်ကို ရှစ်ပိုင်းကွဲသွားအောင် ရိုက်ပစ်မယ်”

“အား လူရိုက်နေပါတယ် လူရိုက်နေပါတယ် ကယ်ကြပါ”

မုရှောင်းနွမ်က ဝက်အော်သံကို ထုတ်သည်။ စူးရှစွာ အော်ဟစ်ပြီး ဖိနပ်ပါးနှင့် ပတ်ပြေးကာ အော်ဟစ်ပြီး အကူအညီတောင်းနေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမဆီလာသော ချန်းရန်ကို တွေ့သွားသည်။ သူမက အသက်ကယ်ကောက်ရိုးမျှင်ကို လှမ်း၍ ဖမ်းကိုင်မိလိုက်သကဲ့သို့ ချန်းရန်၏ အနောက်ဖက်တွင် သွားပုန်းကာ အင်္ကျီကို ဆွဲလိုက်သည်။

“ယောက်ျား ယောက်ျား ကယ်ပါအုံး”

“ကောင်မစုတ်လေး ထွက်လာခဲ့”

ထိုအခြေအနေက လျှိုရှောင်းရှီကို ပို၍ပင် ဒေါသထွက်စေသည်။

ဟမ် သူ့ယောက်ျားကိုတောင် ဒိုင်းအဖြစ် သုံးသေးတယ်။

“ကလူ….ကလူ…ကလူ မထွက်လာပါဘူး ထွက်လာရင်ရိုက်မှာပေါ့”

မုရှောင်းနွမ်က အလွန်ဂုဏ်ယူနေပုံရသည်။ ချန်းရန်၏ အနောက်ဖက်မှ ခေါင်းကိုပင် ထွက်လာပြီးလျှာထုတ်ပြကာ စနေသည်။

“နင်…”

လျှိုရှောင်းရှီက အလွန်ဒေါသထွက်သွားသည်။ သူမက တစ်ဖက်သူ့ကို မရိုက်နိုင်လေရာ ဘာမှလည်း မလုပ်နိုင်တော့ပေ။ ထို့ကြောင့် သားမက်ဖြစ်သူကိုတော့ ရိုက်လို့မရဘူးလေ ဟုတ်တယ်မလား။

ကံကောင်းစွာနှင့် လောင်မုက အချိန်ကိုက်ရောက်လာပြီး လျိုရှောင်းရှီကို ချော့သည်။

“မိန်းမ ဒေါသမထွက်ပါနဲ့ မနက်စောစောစီးစီး ဒေါသထွက်တာ မကောင်းဘူးလေ”

“ဒီကောင်မစုတ်လေး ဘာပြောလိုက်လဲ ကြည့်အုံး”

လျှိုရှောင်းရှီက အလွန်အမင်း ဒေါသထွက်နေသည်။

“ငါ့ကို ဝက်မတဲ့”

“ဟမ်”

လောင်မု၏ အမူအရာကပင် တောင့်ခဲသွားသည်သည်။ သူသည် မုရှောင်းနွမ်ကို တောင့်တင်းစွာ လှည့်ကြည့်သည်။သူ၏ မျက်နှာက အံ့အားသင့်မှု အပြည့်နှင့် ဖြစ်သည်။ ထို့နောက် စိတ်အေးသွား၏။ သူတို့သာ အိမ်တွင်ဆိုလျှင် ထိုသားအမိနှစ်ယောက်က ရန်ဖြစ်နေကျဖြစ်သည်။ နေ့စဉ် ပုံမှန်ဝန်ဆောင်မှုမျိုး ဖြစ်ပြီး အံ့အားသင့်စရာပင် မကောင်းတော့ပေ။

အာ ကြည့်ရတာ သမီးက လက်ထပ်ပြီးသွားတာတောင်မှ စိတ်က အရင်အတိုင်းပဲ မပြောင်းဘူး။

“သမီး ဘယ်လိုများ ကိုယ့်အမေကိုယ် ဒီလိုမျို ပြောရတာလဲ”

လောင်မုက ထိုသမီးကို အလွန်အလိုလိုက်သော်လည်း ဇနီးဖြစ်သူကိုမူ ရှေ့တန်းတင်လေသည်။

46 02

“မြန်မြန်လေး တောင်းပန်လိုက်”

“ဘယ်သူက သမီးကို ဝက်လို့ ပြောခိုင်းလို့လဲ”

မုရှောင်းနွမ်က လည်တိုင်လေးကို ကျုံ့သွားပြီး ပြန်ပြောသည်။

“ဖြောင်း”

သို့သော် ထိုအသံ ထွက်လာသည်နှင့် ရုတ်တရပ် ခတ်ပြတ်ပြတ် အသံကို ကြားရသည်။ မုရှောင်းနွမ်၏ ခန္ဓာကိုယ်က ရုတ်ချည်းတုန်ယင်သွား၏။ သူမက ဓာတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး မနေနိုင်ဘဲ ခပ်တိုးတိုးပင် ငြီးမိသွားသည်။ ခြေထောက်ပင် ပျော့ခွေသွား၏။ မျက်နှာနှင့် ပါးပြင်တစ်ခုလုံးက ရဲတက်သွားသည်။

“ဝူး ဝူး”

မုရှောင်းနွမ်၏ လည်မျိုက ကျောက်စိမ်းပန်းကန်ပြားပေါ်သို့ ကျောက်စိမ်းစေ့လေးများ ပြုတ်ကျသော အသံမျိုးကို ထုတ်ပြီး လူအများ၏ နှလုံးသားကို ယမ်းခါစေလောက်သည်။

“ယောက်ျား ငါ့ကို ဘာလို့ ရိုက်တာလဲ”

မုရှောင်းနွမ်က အလွန်မျက်နှာပူသွားသည်။ သူမ၏ အရည်ရွှမ်းသော မျက်လုံးကြီးများက ချန်းရန်ကို ကြည့်သည်။

စီနီယာအစ်ကိုချန်းက အရမ်းဆိုးတာပဲ။ လူအများကြီးရဲ့ အရှေ့မှာ ငါ့ကို ရိုက်တယ်။ ငါ ရှက်လွန်းလို့ ထုတ်ပြောနိုင်ဘူး။

ယခုလေးတင် ခံစားလိုက်ရသည့် ထုံထိုင်းသည့် ခံစားချက်ကို ပြန်တွေးမိသောအခါ….

စီနီယာအစ်ကိုချန်းက လူတွေအများကြီးရဲ့ရှေ့မှာ ဒီလောက် နီးကပ်လွန်းတဲ့ အပြုအမူမျိုးကို လုပ်တယ်။

မုရှောင်းနွမ်၏ နှလုံးသားက အခုန်နှုန်းမြန်ဆန်လာသည်။ သူမက မမျှော်လင့်ထားစွာပင် စိတ်လှုပ်ရှားလာ၏။

သူမသည် ဒေါသမထွက်သည့်အပြင် ရင်ခုန်မှုနှုန်းပင် တိုးလာသည်။

“အဆင်ပြေရဲ့လား”

ချန်းရန်က ထိုကောင်မလေးကို တအံ့တဩကြည့်သည်။

“ဘယ်သူက ရိုက်လို့လဲ”

ရှင်းရှင်းလင်းလင်းကိုပဲ သူ မရိုက်ပါဘူး။

ဘာလို့…ဘာလို့ ရှက်နေတာလဲ။

“ဟေးဟေး နင်ခံစားလို့ရလား”

ထို့နောက် တစ်ခဏတွင် စနောက်သောအသံက ထွက်လာသည်။ ယန်ရွှယ်က မုရှောင်းနွမ်၏နားရွက်နား ချဉ်းကပ်ကာ ခပ်တိုးတိုးပြောသည်။ မုရှောင်းနွမ်က တောင့်တင်းသွားပြန်သည်။ ထို့နောက် ဓာတ်လိုက်သကဲ့သို့ ဖြစ်နေရာမှ မှင်သက်သွားသည်။

“နင်”

မုရှောင်းနွမ်က တစ်ဖက်သို့လှည့်သည်။ နဂိုက ရှက်ရွံ့သော မျက်လုံးက အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး ဒေါသထွက်သွားသည်။

“ညစ်ပတ်တဲ့ ရှောင်ရွယ်နင်…”

“ဘာလဲ အရမ်းစိတ်ပျက်သွားလို့လား ဟမ်”

ယန်ရွှယ်က ထိုသို့ပြောပြီး တုန့်ဆိုင်းမနေဘဲ ထပ်ရိုက်သည်။

“ဖြန်း”

အရိုက်ခံရသောအသံက ထွက်လာပြန်သည်။ မုရှောင်းနွမ်ကလည်း ပူလောင်သွားသလို ခံစားရပြီး သည်းမခံနိုင်တော့ဘဲ တစ်ဖက်သို့လှည့်ကာ လှမ်းဆွဲသည်။

“ဟားဟား နင် ငါ့ကို ဖမ်းချင်တာလား”

46 03

ယန်ရွှယ်ကလည်း ဖြတ်လတ်စွာ ရှောင်သည်။ သို့သော် မုရှောင်းနွမ်က ဒေါသထွက်သွားပြီး ခပ်မြန်မြန် လှုပ်ရှားလေရာ နှစ်ယောက်က နားပန်းလုံးနေကြသည်။

“တကယ်ကို ဆော့ကစားတုန်း”

လျှိုရှောင်းရှီကလည်း သည်းမခံနိုင်တော့ဘဲ သက်ပြင်းချသည်။

ယခုအခါ သူမသည် လက်ထပ်ပြီး ဖိတ်သွားသော ရေပိုင်ရှင်သမီးကို မထိန်းနိုင်တော့ပေ။

“အဟမ်း”

ချန်းရန်ကလည်းနည်းနည်း ပူလာသလိုခံစားရပြီး အသံပေးသည်။ မုရှောင်းနွမ်နှင့် ယန်ရွှယ်တို့က လက်လျော့လိုက်ကြသည်။

သို့သော် သူတို့သည်လည်း ထိုချစ်စရာကောင်းသော ကောင်မလေးက ယန်ရွှယ်၏ လက်တွင် ဒုက္ခခံရမည်ဟု ထင်နေသော်လည်း ယန်ရွှယ်ကသာ ဒုက္ခခံရသူဖြစ်မည်ကို မထင်ထားမိပေ။ တော်တော်လေးကို ရယ်စရာ ကောင်းသည်။

“အာ ယောက်ျား ငါ့ကို မရယ်နဲ့နော်”

မုရှောင်းနွမ်နှင့် ယန်ရွှယ်တို့က ချက်ချင်းဆိုသလို လူစုခွဲလိုက်သည်။ မုရှောင်းနွမ်က ချန်းရန်ကို ကြည့်ပြီးနောက် ခေါင်းကို ငုံ့သည်။ သူမ၏ မျက်နှာက ပူတက်နေသည်။

“ဆိုးလိုက်တာ”

ငါက စီနီယာအစ်ကိုချန်းရဲ့အရှေ့မှာဘယ်လိုများ ဒီလိုပုံစံကို ပြရမှာလဲ။

စီနီယာအစ်ကိုချန်းက ငါ့ကို မတည်ကြည်ဘူးလို့ ထင်သွားတော့မှာလား။

ထိုကောင်မလေးက နည်းနည်း စိုးရိမ်းသွားသည်။

“ကျွတ် ဘယ်လောက်တောင် ရမ်းကားလိုက်သလဲ။ မုရှောင်းနွမ် အမှားကို ဝန်ခံစမ်း”

မိခင် လျှိုရှောင်းရှီက ဘေးဖက်မှ နေ၍ ဝင်ပြောသည်။ သူမက နှစ်နှစ်ဆယ်လုံးလုံး မွေးဖွားလာပြီးနောက်တွင် ထိုကောင်မလေးက ပထမဦးဆုံးအကြိမ်အဖြစ် အမှားဝန်ခံသည်ကို မြင်တွေ့ဖူးခြင်းဖြစ်သည်။

ငါ အရင်ကဆို တစ်ခါမှ အမှားဝန်မခံပါဘူး။

“မား မားဘာလို့ အငြိုးထားနေတာလဲ၊ ဒါက တမင်တကာ လုပ်တာမှ မဟုတ်တဲ့ဟာကို”

မုရှောင်းနွမ်က အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။

ဘာလို့ ဒီလိုအခြေအနေမျိုးမှာ မားက ဝင်ပြီး သွေးထိုးနေတာလဲနော် ဟွန့်။

“ရှောင်းနွမ်က သမီးက အခု ဇနီးမယားတစ်ယောက် ဖြစ်နေပြီနော်။ ရှောင်ကျန်းကို ပိုပြီးဂရုစိုက် စိတ်ထင်တိုင်း လျှောက်မဆော့နဲ့တော့လေ”

မုချန်းဖုန်းကပင် မနေနိုင်ဘဲ ဝင်ပြောသည်။

“အာ”

မုရှောင်းနွမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။

ပါးက အမြဲတမ်း ငါ့ဖက်မှာ ရပ်တည်နေကြပါ။ သူ့ရဲ့လက်ထဲမှာ အရည်ပျော်သွားမှာတောင် စိုးရိမ်နေတဲ့ဟာကို ဘာလို့ ရုတ်တရပ်ကြီး သင်ခန်းစာပေးနေတာလဲ။

ဟွန့် မိဘတွေကို ကြည့်အုံး သူတို့အားလုံးက ချန်းကောကောဖက်ကပဲ။

မဖြစ်နိုင်တာ မဖြစ်နိုင်တာ ငါ့ရဲ့မိဘတွေက လက်ထပ်ပြီးတာနဲ့ ငါ့ကို ရက်ရက်စက်စက် စွန့်ပစ်တော့မှာလား။

မုရှောင်းနွမ် နင့်ရဲ့ ဘဝက သနားစရာကောင်းလိုက်တာ။

ဘာလို့လဲ။

မုရှောင်းနွမ်သည်လည်း တစ်ညတည်းနှင့်တင် သူမဟာ နေရာတိုင်းတွင် အထင်သေးခံနေရပြီး မကြိုဆိုခံရမည်ဟု မထင်ထားမိပေ။ ဝမ်းနည်းဖို့ကောင်းလိုက်တာ။

ချန်းကောကောက ငါ့မိဘတွေကို မှော်ဆေးတွေများ တိုက်ထားတာလား။

46 04

ဘာလို့ ရုတ်တရပ်ကြီး ချန်းကောကောက သူတို့ရဲ့ သာအရင်း ဖြစ်သွားသလို ခံစားလိုက်ရတာလဲ။

“မြန်မြန် လုပ် မျက်နှာသွားသစ် မနက်စာစားမယ်”

ချန်းရန်က ကိုးရိုးကားရားအခြေအနေကို ဝင်ရောက် ဖြေရှင်းလိုက်ရသည်။ ထို့နောက် မုရှောင်းနွမ်ဖက်သို့ ပြုံးကြည့်သည်။

“လျော့စားနော် ခဏနေ နေ့လည်စာ စားရတော့မှာ”

“ရေး”

မုရှောင်းနွမ်က ချန်းရန်၏အသံကို နားထောင်ပြီးနောက် တစ်စုံတစ်ယောက်၏ အချစ်ခံရသေးသည်ဟု ခံစားလိုက်ရသည်။

ဟွန့် စီနီယာအစ်ကိုချန်းက ညင်သာပြီး ငါ့ကို ဂရုစိုက်တုန်းပဲ။ အရမ်းပျော်တယ်။

ချန်းရန်၏ စကားကြောင့် မုရှောင်းနွမ်က မပျော်ရွှင်မှုများအား သုံးစက္ကန့်တည်းနှင့် မေ့သွားသည်။ မျက်နှာသစ်ပြီးသည်နှင့် မနက်စာကို စားလိုက်သည်။ ထိုအခါမှသာ ယန်ရွှယ်ကို ကလဲ့စားချေနိုင်မည် ဖြစ်သည်။

“ဟွန့် ညစ်ပတ်တဲ့ ရှောင်ရွှယ် နင် ဘာလို့ ငါ့ကို ရိုက်တာလဲ ပြောစမ်းပါ”

မုရှောင်းနွမ်၏ ယန်ရွှယ်၏ ချိုင်းကို လှမ်းတို့ပြီးစသည်။ ယန်ရွှယ်က မတွန်းလှန်နိုင်ပေ။

“ဟီး ဟီး ဟီး မလုပ်နဲ့ ရှောင်းနွမ် ဟီးဟီး”

ယန်ရွှယ်က ထပ်ခါတလဲလဲ တောင်းပန်ပြီးနောက် ရယ်မောရင်း ပြောသည်။

“ငါက နင့်ကို သတင်းကောင်းလာပြောတာလေ။ နင် သတင်းသွားစစ်ကြည့်လိုက်အုံး နင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို သွားကြည့်လိုက် အံ့အားသင့်စရာတွေ ရှိတယ်။”

“နင်လိမ်နေတယ် ဆိုလို့ကတော့ နင်သေပြီနော်”

မုရှောင်းနွမ်က စကားတစ်ခွန်းမဆိုပဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်သည်။

“အိုး သန်း ငါးဆယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ချက်ချင်း ပေါက်ကွဲသွားတာပေါ့။

“အိုး ဘုရားရေ ငါတကယ်ကျော်ကြားသွားပြီလား ငါ့မှာ ပရိသတ်တွေ အများကြီးပဲ”

မုရှောင်းနွမ်၏ ပရိသတ်များက ဆယ်ဆနီးပါးတိုးလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းထဲတွင် သူမက သမိုင်းဝင်သော မှတ်တမ်းဖြစ်သည်။

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ကြည့်ပြီး အပျော်လွန်ပြီး သတိလစ်တော့မည့်အချိန်တွင်ပင် ကွန့်မန့်များကို မြင်လိုက်သည်။

“တင်ဆက်သူ အွန်လိုင်းတက်လာပြီ မြန်မြန် မြန်မြန် မြန်မြန် ဆရာသခင်ချန်းကို ခေါ်ခိုင်းလိုက်”

“သောက်ငရဲလိုပဲ တင်ဆက်သူက တကယ်ကို တိုက်ရိုက်ထုတ်လွှင့်လာပြီပေါ့ နင် ဆရာသခင်ချန်းကို ခြောက်ကပ်အောင်တော့ မစုပ်လိုက်ပါဘူးနော်။ ဟုတ်တယ်မလား ဘာလို့ ဆရာသခင်ချန်းက မပေါ်လာသေးတာလဲ။”

“သွား သွား သွား ရှောင်းနွမ်သွား ငါတို့က ဆရာသခင်ချန်းကို ကြည့်ချင်တာ”

“နိုင်ငံ့ခင်ပွန်းက ဘယ်မှာလဲ ဘယ်ရောက်သွားတာ။လဲ ငါတို့က နင့်ပရိသတ်လေ”

“ငါက ဆရာသခင်ချန်း ဒီမှာ ပေါ်လာမယ် ကြားလို့ လာတာ။ ငါ အကောင့်ကိုတောင် စာရင်း သွင်းထားပြီးကာစ”

ထိုကွန်မန့်များက မုရှောင်းနွမ်၏အပြုံးကို ပျောက်ကွယ်သွားစေသည်။ ဖန်သားပြင်တစ်ခုလုံးက ဆရာသခင်ချန်းဖြင့် ပြည့်နေသည်။

“ဆိုတော့ ငါက တစ်လောကလုံးရဲ့ စွန့်ပစ်တာကို ခံရတာပေါ့လေ”

မုရှောင်းနွမ်က ရုတ်တရပ် လောကအမြင် ပြိုကျသွားပြီး အိပ်မက် မက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

******

All Chapters