အခန်း ၄၇
Vol. 5 Ch. 47
47 01
အပိုင်း (၄၇) ယန်ရွှယ် ငါနင့်ကို တကယ် ကျေးဇူးတင်တယ်။
“ဒါပေမဲ့ ဘေးက လူတွေးအများကြီး ငါ့ကို အာရုံစိုက်တာ မြင်တာနဲ့တင်ကို တော်တော်လေး ပျော်နေပါပြီ”
ထို့ကြောင့် သူ၏ ဒေါသကလည်း သုံးစက္ကန့်သာ ခံသည်။ မုရှောင်းနွမ်သည် အမြဲတစေ စိတ်ထားကောင်းသည်။ အကောင်းလည်း မြင်တတ်၏။ သူမသည် တစ်ခဏသာ စိတ်ဓာတ်ကျတတ်သည်။ ထို့နောက် ပုံမှန်ပြန်ဖြစ်သွားတတ်သည်။
“ရှောင်ရွှယ်စုတ် ဘာလို့ ဒီလောက် လူတွေအများကြီးက ငါ့ယောက်ျားကို အာရုံစိုက်လာကြတာလဲ”
ယန်ရွှယ်က တိုက်တိုက်ဆိုင်ဆိုင် အနားတွင် ရှိနေသည်။ ထို့ကြောင့် မုရှောင်းနွမ်က သူမ၏ ခါးကို ညှစ်ရင်း မေးလိုက်သည်။
“ငါ မနေ့ညက အများကြီးသောက်လိုက်တဲ့ပုံပဲ နောက်တော့ ဘာဆက်ဖြစ်တာလဲ”
“ရှောင်းနွမ် နင်ယားနေပြန်ပြီလား”
ယန်ရွှယ်က ခြံဝန်းထဲတွင် ထိုင်နေခြင်း ဖြစ်သည်။ ခါးအဆိတ်ခံရသောအခါ ထိုင်ခုံမှ ချက်ချင်းခုန်ထကာ ထိုကောင်မလေးကို ချက်ချင်းတိုက်ခိုက်ရန် ကြံစည်သည်။
“ဟီးဟီး ငါတို့ မတွေ့တာကြာပြီလေ။ ဒေါသမထွက်ပါနဲ့နော် ငါတို့ မတွေ့တာ ကြာပြီလို့”
မုရှောင်းနွမ်က သူမကို အပြုံးနှင့် နှောက်ယှက်သည်။
“ရိုးရိုးသားသားပြောရရင် ငါ မနေ့က အများကြီး သောက်ပြီး အိပ်ပျော်သွားတာ နောက်ပိုင်း ဘာဖြစ်လဲ မသိတော့ဘူး။ ဘာလို့ သူတို့တွေက ငါ့ရဲ့ ယောက်ျားကို ဂရုစိုက်နေကြတာလဲ”
“နင်တကယ် မမှတ်မိဘူးလား”
ယန်ရွှယ်က မှင်သက်သွားသည်။ ထိုကောင်မလေးသည် မနေ့ညက ဝိုင်အများကြီး သောက်ထားသည်။ ယခု ပြန်ကြည့်ရသောအခါ အမှန်တကယ် မမှတ်မိလောက်တော့ပေ။
“ငါ အားလုံးမေ့သွားတာ ရှောင်ရွှယ် ငါ့ကို ပြောပြအုံး”
မုရှောင်းနွမ်က အလွန်သိချင်သွားသည်။ ဘာကြောင့်မို့ ဒီပြည်သူတွေက စီနီယာအစ်ကိုချန်းကို အဲ့ဒီလောက်ထိ ဂရုစိုက်နေတာလဲ။
“နင်မနေ့က နင်ကတာတော့ မှတ်မိတယ်မလား”
ယန်ရွှယ်၏မျက်လုံးက တစ်ချက် လှုပ်သွားသည်။ ရုတ်တရပ် နှုတ်ခမ်းထောင့်တွင် သိသာထင်ရှားသော အပြုံးမျိုးက ပေါ်လာသည်။ အလေးအနက်ကြီးမေးသည်။
“ကြည့်ရတာ နည်းနည်းတော့ မှတ်မိသလိုပဲ။ ငါ ဘာလို့ ငါ့ယောက်ျားနဲ့အတူ ကတာလဲ”
“နင် မယ်ရီကို မှတ်မိလား”
“မယ်ရီ အဲဒီ ကမ္ဘာ့အဆင့် အကဆရာမလား”
မုရှောင်းနွမ်၏ မျက်လုံးက ရုတ်တရပ် တောက်ပသွားပြီးနောက် ပြန်ပြောသည်။
“အိုး ငါမှတ်မိပြီ သူက ငါ့ယောက်ျားနဲ့အတူ ကချင်တာလေ။ ငါ တားလိုက်တာ”
“ဟုတ်တယ် အဲ့ဒီလို ဖြစ်ခဲ့တာပဲ”
ယန်ရွှယ်က လက်ခုပ်တီးပြီးချီးကျူးသည်။
“ရှောင်းနွမ် နင် တကယ်တော်တာနော်။ အဲ့ဒီလိုနဲ့ နင်နဲ့ နင့်ယောက်ျားတို့က အတူကပြီးတော့ အောင်အောင်မြင်မြင်နဲ့ မယ်ရီကို အလဲထိုးလိုက်တယ်။ ဒါကို အွန်လိုင်းပေါ်ကို တင်လိုက်တာလေ။ နင့်ယောက်ျားရဲ့ အကဘုရင်အဆင့် အကက လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားတာ။ နောက်ပြီး အဲဒီလေလံတင်ထားတဲ့ ပန်းချီကားနှစ်ချပ်လည်း ပါသေးတယ်။ အခု နင့်ယောက်ျားက နိုင်ငံ့ခင်ပွန်းဖြစ်သွားပြီ”
ယန်ရွှယ်က စကားအများကြီးကို တစ်ဆက်တည်း ပြောသွားသည်။ သို့သော် တစ်ခုကို ချန်ထားရစ်ခဲ့သည်။ ဒါက ကပြီးသွားသည့် နောက်ဆုံးပိုင်းတွင် မုရှောင်းနွမ်က ချန်းရန်ကို အတင်းနမ်းခဲ့ခြင်းဖြစ်သည်။
“အိုး ဟုတ်သားပဲ အဲ့ဒီလို ဖြစ်ခဲ့တာကိုး”
47 02
မုရှောင်းနွမ်၏ လှပသော မျက်ဝန်းထဲတွင် ထိတ်လန့်ဖွယ်ကောင်းသော အလင်းက လက်သွားသည်။ သေချာပေါက်ကိုပဲ ငါ့ယောက်ျားက အတော်ဆုံးပဲ။ ကောင်းလိုက်တာ (ကြွေးကြော်)
“ဟီးဟီး ငါ ငါ့ယောက်ျားကို သတင်းကောင်း သွားပြောရမယ်”
မုရှောင်းနွမ်က အလွန်စိတ်လှုပ်ရှားသွားပြီး ချန်းရန်ကို ချက်ချင်းသွားရှာကာ သတင်းကောင်းကို ဝေမျှရန် ကြံစည်လိုသည်။
နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိသွားတဲ့အခါ သူ့ကိုပဲ အချိန်တိုင်း တွေးနေတော့တာ။
“အိုး စကားမစပ် မနေ့ညက အခြားတစ်ခုခု ဖြစ်ခဲ့သေးလား”
မုရှောင်းနွမ်က ထွက်သွားတော့မည့်အချိန်တွင် အမူအရာက လှုပ်သွားပြီးနောက် ပြန်မေးသည်။
“အခြားကိစ္စ”
ယန်ရွှယ်က မသိချင်ယောင်ဆောင်သည်။ ထို့နောက် ခေါင်းကို ခါပြီး ပြောသည်။
“မရှိပါဘူး။ နင်မူးသွားတော့ နင့်အမေက နင့်ကို အခန်းထဲ ပြန်ပို့တာပဲ”
“တကယ်မရှိဘူးလား”
မုရှောင်းနွမ်က သံသယများကို ဖော်ပြသည်။ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့ကို လိမ်နေကျ။ ဆိုတော့ အားလုံးကို ဂရုစိုက်ရမယ်။
“နင် နင်ယောက်ျားရဲ့ စွမ်းရည်ကို မယုံဘူးလား”
ယန်ရွှယ်က နှာခေါင်းရှုံ့သည်။
“သူက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲဟင် နင်က ဘယ်လောက် အင်အားရှိလို့လဲ”
“ဟုတ်သားပဲ”
မုရှောင်းနွမ်၏ အမူအရာက အတော်လေးကို ဂုဏ်ယူနေပုံရသည်။ သူမ၏ ခင်ပွန်းဖြစ်သူက အဖက်ဖက်တွင် အလွန်တော်လွန်းသည်။ ဟန်ချက်ကို ဖမ်းဆုပ်ရာတွင်လည်း တော်ပြီး သူမကို အမြဲတစေ မွေ့လျော်စေသည်။ သူမက မနေ့ညက အသေးစိတ်အခြေအနေကို မမှတ်မိတော့သော်လည်း အဆုံးသတ်တွင် သတိလစ်သွားပုံရသည်။
“ကောင်းလိုက်တဲ့ အက”
“နင်ဘယ်လောက် ဂုဏ်ယူနေလဲ ကြည့်စမ်းပါအုံး”
ယန်ရွှယ်က မပျော်မရွှင် ဖြစ်သလို မျက်လုံးလှန်ပြသည်။
“နင်ငါ့ကို မယုံဘူးဆိုရင်လည်း ဗီဒီယိုကို ပြန်ကြည့်ပြီး နင့်ယောက်ျားရဲ့အကကို ရှုစားကြည့်လေ ငါနင့်ကို ပို့ပေးမယ်။ ငါမနေ့ညက ရိုက်ထားတာ”
ယန်ရွှယ်က မုရှောင်းနွမ်အား ဗီဒီယို ပို့ပေးသည်။
“လမ်းကြုံ နင့်ရဲ့ယောက်ျားကိုလည်း သွားပြလိုက်ပေါ့။ ဒါကတင် နင်သူ့ကို ဘယ်လောက်ဂရုစိုက်လဲဆိုတာ သက်သေပြနိုင်တာပဲ”
“ဟီးဟီး ကျေးဇူးတင်ပါတယ် ရှောင်ရွှယ်”
မုရှောင်းနွမ်က အလွန်ပျော်နေပုံရသည်။ ရှက်သလိုပင် ဖြစ်သွားသည်။
“နင် တကယ်တော်တာပဲ။ ငါနင့်ကို တကယ် ကျေးဇူးတင်တယ်”
“ရပါတယ် ရပါတယ် နင့်ယောက်ျားကိုယ်စား လမ်းကြုံ ငါ့ကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးဖို့ ပြောလိုက်”
“ဟွန့် စိတ်ကူးယဉ်နေ ဟွန့်”
မုရှောင်းနွမ်က ထိုသို့ တဟွန့် ဟွန့် လုပ်ကာ ထွက်သွားပြီးနောက်စံအိမ်အပြင်ဘက်သို့ တိုက်ရိုက်သွားသည်။ ချန်းရန်က ဒီမနက်အစောပိုင်းထွက်သွားသည်။ သူသည်လည်း စံအိမ်အပြင်ဘက်မှ ဥယျာဉ်ခြံလေးကို စစ်ဆေးကြည့်မည်ဟု ပြောသည်။
47 03
“ရှောင်းနွမ် ရှောင်းနွမ် ခဏနေရင် နင့်ယောက်ျားရဲ့ အရှေ့မှာ အဲဒီ ဗီဒီယိုအဆုံးအနားကို ဘယ်လိုကြည့်မလဲလို့ ငါသိချင်တယ်”
ယန်ရွှယ်က ပျော်ရွှင်စွာ ပြေးသွားသော ကောင်မလေး၏ ကျောပြင်ကို ကြည့်နေပြီး သူမ၏ နှုတ်ခမ်းထောင့်နှင့် ပျော်ရွှင်သော အပြုံးနှင့်အတူ မျက်လုံးထဲမှ မျှော်လင့်စောင့်စားမှုများကလည်း ပေါ်လာသည်။
ထိုကောင်မလေးက ချန်းရန်ကို အတင်းနမ်းခဲ့သောအခန်းကို သူမက တိုက်တိုက်ဆိုင်ဆိုင် ရိုက်ထားသည်။ ထို့အပြင် အနီးကပ်ရိုက်ချက်ပင် ထည့်ထားပေးသေး၏။ နဂိုကမူ ထိုကောင်မလေးကို သီးသန့် သင်ခန်းစာပေးရန် ကြံစည်ထားသည်။
ဟွန့် အမြဲတမ်း ဒီအစ်မကို မလေးမစားလုပ်နေတာ သင်ခန်းစာပေးရမှာပေါ့။
သို့ရာတွင် မမျှော်လင့်ထားစွာပင် သူမက စိတ်ပြောင်းသွားပြီး သူမ၏စီနီယာအစ်ကိုချန်းဆိုသူကိုသာ တိုက်ရိုက်ပြလိုက်ရန် ဆုံးဖြတ်ထားသည်။ သူတစ်ယောက်တည်း ရှက်လို့မရဘူး။ တစ်ဖက်သူကပါ အတူ ရှက်ရမယ် ဟီးဟီး။
အရမ်းစိတ်လှုပ်ရှားတာပဲ။
“ယောက်ျား ယောက်ျား ဒီကို ကြည့်အုံး ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကလေ ကြည့်ရှုသူ သန်းငါးဆယ် ကျော်သွားပြီ”
မုရှောင်းနွမ်က အဝေးမှ နေ၍ အရွက်ဥယျဉ်ထဲတွင် တစ်စုံတစ်ရာကို တိုင်းနေသော ချန်းရန်ကို လှမ်းမြင်လိုက်သည်နှင့် လက်ကို ယမ်းရင် သတင်းကောင်းကို ကြေညာသည်။
“ဖြည်းဖြည်း ဖြည်းဖြည်း ဘာလို့ အမြန်ပြေးလာတာလဲ”
ထိုကောင်မလေးက အသားကုန် ပြေးလာကြောင်း မြင်သောအခါ ချန်းရန်က အပြုံးနှင့် မေးသည်။
“ဘာဖြစ်လို့လဲ”
“ဒန့်တန်”
မုရှောင်းနွမ်က Douyin တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်ပြသည်။
“အများကြီးပဲ”
ချန်းရန်ကပင် ထိုအရာကိုမြင်ပြီး အလွန်အံ့ဩသွားသည်။ ယခင်အထွတ်အထိပ် အခြေအနေတွင်မှ ခုနှစ်သန်း ရှစ်သန်းလောက် ရှိသည်။ ယခုမူ မိုးထိုးတက်သွားသည်။ အမှန်တကယ် ကြောက်စရာပင် ဖြစ်သည်။
“အဲ့ဒီလိုဆိုမှ ဒါတွေအားလုံး ချန်းကောကောကို ကျေးဇူးတင်ရမယ်”
မုရှောင်းနွမ်က အချဉ်ပေါက်သလို ပြောသည်။ ထိုနေရာမှ လူကိုးဆယ်ရာခိုင်နှုန်းခန့်က ချန်းကောကောအတွက် ရောက်နေကြခြင်းဖြစ်သည်။ သူမက တည်ရှိမှု အနည်းဆုံး တင်ဆက်သူပဲ။
“ဘာလို့ အဲဒီလိုပြောတာလဲ”
ချန်းရန်က သိချင်စိတ်ပြင်းပြစွာ မေးသည်။
“အာ….ငါ ချန်းကောကောကို တစ်ခုခုပြအုံးမယ်”
မုရှောင်းနွမ်က လျှို့ဝှက်ဆန်းကျယ်စွာနှင့် ဗီဒီယိုကိုပြသည်။ ဗီဒီယိုက သေချာ တည်းဖြတ်ထားပြီး ခေါင်းစဉ်းပိုင်းပင် ပါသည်။
“နိုင်ငံအဆင့် ဆရာသခင်နဲ့ ဇနီးဖြစ်သူတို့ရဲ့ ရိုမန့်တစ်အက။
“ဒန့် တန် ဘယ်လိုလဲ”
မုရှောင်းနွမ်က အလွန်ဂုဏ်ယူနေပုံရသည်။
“ဒါက မနေ့ညက ငါတို့ရဲ့ အကဗီဒီယိုလေ လုံးဝကို ဂရုတစိုက် တည်းဖြတ်ထားတာနော်။ ကြည့် ဒီတစ်ခေါက်တော့ ချန်းကောကောရဲ့ ကျော်ကြားမှုကိုပဲ ကျေးဇူးတင်ရမယ်”
“အင်း ဟုတ်တယ် ကျေးဇူးတင်သင့်ပါတယ်။ မင်းရဲ့အကဖော်ကို ကျေးဇူးတင်သင့်တယ်”
ချန်းရန်က ထိုကောင်မလေးကို အပြုံးနှင့် တုန့်ပြန်သည်။ဒီကောင်မလေးက ဒီလို ချီးကျူးနေကျ နောက်ပြီး ဒီလို ချီးကျူးခံရတဲ့အချိန်မှာလည်း အရမ်းကို သဘောကျနေပြန်ရော.. တော်တော်လေးကိုလည်း ပျော်ပါးတတ်တယ်။ ချစ်စရာလည်း ကောင်းတယ်။
47 04
“ဒါဆိုရင် ယောက်ျား ငါ့ကို ဘယ်လို ကျေးဇူးတင်မှာလဲ”
“မင်းက ဘာလိုချင်လဲ”
“အင်း ငါစဉ်းစားကြည့်အုံးမယ်”
မုရှောင်းနွမ်က မေးစေ့ကို မော့ကာ တစ်ခဏခန့် တွေးတောပြီးနောက် ပြောသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ ငါတို့ ဒီဗီဒီယိုကို အရင်ပြီးအောင် ကြည့်ရအောင်လေ”
“အို”
ချန်းရန်က မျက်ခုံးပင့်သည်။ သူသည်လည်း ဘာဖြစ်နေမှန်းမသိသေးပေ။ သို့သော် စိတ်ထဲတွင် ခန့်မှန်းမိနေပြီ ဖြစ်သည်။ ဒီကောင်မလေးမှာ အခြားသဲလွန်စပေးချင်တာများ ရှိနေတာလား။
ထိုသို့ဖြင့် ဗီဒီယိုကို နှိပ်ပြီး စကြည့်သည်။
“သေချာပေါက်ကို ငါ့ယောက်ျားရဲ့ အကက အရမ်းကို လှတာ”
“ဟွန့် အဲဒီ မယ်ရီကလေ ငါ့ယောက်ျားနဲ့များ ကချင်နေသေးတယ် ဆုတောင်းလေ”
“ယောက်ျားက တကယ်တော်တာပဲ”
ဗီဒီယိုထဲတွင် ချန်းရန်နှင့် မုရှောင်းနွမ်တို့၏ အကဟန်များက အလွန်လှသည်။ ပညာရှင်လည်းဆန်၏။ မုရှောင်းနွမ်ကပင် သူမက ချန်းကောကော၏ ဦးဆောင်မှုမှတဆင့် ကခုန်နေပြီး အလွန်အမင်း ပညာရှင်ဆန်လာပုံ ပေါက်လာသောအခါ အံ့ဩလာရသည်။
“ပြီးတော့မယ်”
သိပ်မကြာခင်မှာတင် အကက အဆုံးသတ်တော့မည် ဖြစ်သည်။ မုရှောင်းနွမ်က နည်းနည်းတွန့်ဆုတ်နေသေးသည်။
ထူးဆန်းလိုက်တာ ဘာလို့ နောက်ထပ် သုံးမိနစ်တောင် ကျန်နေသေးတာလဲ။
“အာ ဒါ..ဒါ…ဒါက”
ရုတ်တရပ် ထိုနေရာက နောက်ဆုံးနှစ်ယောက် အကကို အဆုံးသတ်လိုက်သည့် နေရာတွင် တောင့်ခဲသွားပြီး မုရှောင်းနွမ်က မျက်လုံးပြူးသွားသည်။ ထိုနေရာက အလွန်ပြင်းထန်လွန်းသည်။ သူမက ထိုပုံကို ပြင်းပြစွာ ကြည့်နေ၏။ ထိုအခါမှသာ ထိုလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေကြောင်း မြင်ရသည်။ ကောင်မလေး၏ မျက်နှာက ရုတ်တရပ် အပေါ်သို့ တိုးထားပြီး ကောင်လေး၏ နှုတ်ခမ်းကို ပိတ်လိုက်သည်။
“ဘုရားရေ ငါ ငါ…”
မုရှောင်းနွမ်၏ နှလုံးသားကပင် တုန်ယင်သွားသည်။ သူမက မျက်လုံးပြူးသွားပြီး ထိုနေရာကို မယုံနိုင်သလို ကြည့်သည်။ သူမသည် မနေနိုင်ဘဲ မျက်နှာကို အုပ်လိုက်ကာ တိုက်ရိုက်ပင် မကြည့်ရဲတော့ပေ။
သူမ…သူမက ချန်းကောကောကို နမ်းလိုက်တယ်။
“ဘုရားရေ”
မုရှောင်းနွမ်၏ နှလုံးသားက အခုန်နှုန်းမြန်ဆန်လွန်းသဖြင့် အသံကိုပင် မကြားနိုင်တော့ပေ။ သူမ၏ မျက်နှာကလည်း ရဲတက်သွားပြီး ဟော်မုန်းများက လျှင်မြန်စွာ မြင့်တက်လာသည်။
ရှက်ဖို့ကောင်းလိုက်တာ… ရှက်ဖို့အရမ်းကောင်းလိုက်တာ… သူမဒါကို စီနီယာအစ်ကိုချန်းရဲ့အရှေ့မှာ ပြလိုက်တာလား။
မုရှောင်းနွမ်က နင်ဦးနှောက် မရှိဘူးလား။
မဟုတ်ဘူး ယန်ရွှယ် ငါ့ကို လှည့်ဖြားတာ။
မုရှောင်းနွမ်က ချက်ချင်းပြန်သွားပြီး ထိုကောင်မလေးကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
“ယောက်…ယောကျ်ား ကတာက ပြီး…ပြီးသွားပြီဆိုတော့ သွား….သွားတော့မယ်နော်”
47 05
မုရှောင်းနွမ်က ဖိအားများပြီး အသံကပင် တုန်နေသည်။ သူမသည် ချန်းရန်၏ အမူအရာကိုပင် မကြည့်ရဲတော့ပေ။
“ပြီးသွားပြီလား”
ချန်းရန်ကလည်း ဗီဒီယိုကို ထူးဆန်းသော အကြည့်မျိုးဖြင့် ကြည့်နေခြင်းဖြစ်သည်။
“ပြီးသွားရမှာလေ ဘာကျန်သေးလို့လဲ”
ဘာလို့ နမ်းတဲ့အခန်းက ထပ်ခါတလဲလဲ ပါနေသေးတာလဲ။ ပိုဆိုးတာက ရှုထောင့်တောင် ပြောင်းထားသေးတယ်။ နောက်ပြီး background အမျိုးမျိုးနဲ့ ဆိုဖာကနေ အိပ်ယာ နောက်ပြီး မီးဖိုခန်း နောက်ပြီးရေချိုးခန်း နောက်ပြီး…တော….တောထဲ။
ဘာလို့ ရေပူစမ်းမှာတောင်မှ နမ်းတဲ့အခန်းတွေအများကြီး…ထည့်ထားတာလဲ။
ဒီကောင်မလေး သူ့ကို ဒါမျိုးလာပြတယ်။ ရည်ရွှယ်ချက်ရှိရှိနဲ့ သူ သူမကို ကျေးဇူးတင်နေတယ်ဆိုပြီး အရိပ်အမြွက်ပြနေတာများလား။
မုရှောင်းနွမ်က ထိုအခြေအနေက မှားယွင်းနေမှန်း သိလိုက်သည်။ သူမက အမျိုးမျိုးသော နောက်ခံများနှင့် အနမ်းခန်းများကို မြင်ပြီးနောက် ရုတ်တရပ် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
“ယန်ရွှယ် ငါ နင့်ကို တကယ် ကျေးဇူးတင်တယ်”
******