အခန်း ၄၈
Vol. 5 Ch. 48
48 01
အပိုင်း (၄၈)
မိုဘိုင်းဖုန်း ဗီဒီယိုဖန်သားပြင်ပေါ်တွင် ပုံရိပ်ပေါင်းများစွာက ထပ်ခါတလဲလဲ ပေါ်ထွက်လာပြီး အားလုံးက နမ်းသော ပုံများဖြစ်သည်။
“အား”
မုရှောင်းနွမ်က ရှက်ရွံ့ကာ ထိတ်လန့်နေပြီး နောက်ဆုံးတွင် ယန်ရွှယ်ကို စိတ်ထဲတွင် ကျိန်ဆဲနေခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ ထိုအရာများကို မြင်တော့ခြင်း ဖြစ်သည်။
ဘုရားရေ ဒါ…ဒါတွေအားလုံးကို စီနီယာအစ်ကိုချန်းက မြင်သွားပြီး ရှက်ဖို့ကောင်းလိုက်တာ။
“မကြည့်နဲ့”
မုရှောင်းနွမ်က အလွန်အမင်းရှက်ကာ ဒေါသထွက်နေသည်။ သူမသည်လည်း မိုဘိုင်းဖုန်း၏ ဖန်သားပြင်ကို သူမ၏ ဖက်ဖြင့် ခပ်မြန်မြန် အုပ်လိုက်သည်။ ထို့နောက် ခပ်မြန်မြန် လုလိုက်ကာ ရင်ဘတ်နားတွင် ကပ်ထားသည်။
သူမက ထိတ်လန့်လွန်းသေးသောကြောင့် ဖြစ်လောက်သည်။ မိုဘိုင်းဖုန်းက ဖြောင်းကနဲ ရိုက်သကဲ့သို့ ဖြစ်သွားပြီး ပြည့်မောက်နေသော ရင်ဘတ်ကိုပင် ညှစ်လိုက်သကဲ့သို့ ဖြစ်သွားကာ ဖုန်းက ကျွံဝင်သွားသည်။
“ဆိုတော့ မင်းက ငါ့ကို ဒါပြောချင်တာလား”
တစ်ခဏခန့် အသိစိတ်လွတ်ကာ အံ့အားသင့်သွားပြီးနောက်တွင် ချန်းရန်က ထိုကောင်မလေးကို စနောက်လိုသော အကြည့်မျိုးဖြင့်ကြည့်သည်။
“မင်းက ဒီလို အရာများမျိုးကို အရမ်းကို မျော်လင့်စောင့်စားနေမယ်လို့ မထင်ထားဘူး။ တစ်ကြိမ်ကတင် မလုံလောက်ဘူး။ ခုနှစ်ကြိမ်တောင် မလုံလောက်ဘူး။ မင်း ဒီလို လုပ်မယ်ဆိုရင်တော့ ငါတော့ တော်တော်လေးကို ဖိအားများရလိမ့်မယ်။ ပြည်တွင်း ဝယ်လိုအားနဲ့တောင် အမှီလိုက်ပြီး မထုတ်နိုင်လောက်ဘူး”
အချို့သော အကြောင်းပြချက်များကြောင့် ထိုကောင်မလေးကို ယခုလို အနေအထားမျိုးတွင် မြင်သောအခါ သူသည် စချင်လာသည်။
အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။
“မဟုတ်တာ”
ထိုကောင်မလေးက ပို၍ပင် စိုးရိမ်ထိတ်လန့်သွားပြီး ခေါင်းကို ငုံံ့သည်။ လက်ထဲတွင် ဖုန်းကို ကျစ်ကျစ်ပါအောင် ကိုင်ထား၏။ သူမ၏ အသက်ရှူနှုန်းကပင် မြန်ဆန်ကာ မရှူနိုင်အောင် ဖြစ်လာသည်။
“သေချာပေါက်ကို ငါမဟုတ်တဲ့ဟာကို”
ထိုကောင်မလေးက တစ်စုံတစ်ရာကို ရှင်းပြတော့မည့်အချိန်တွင် သိပ်မဝေးသောတစ်နေရာမှ ယောက္ခထီးနှင့် ယောက္ခမဖြစ်သူတို့က လမ်းလျှောက်လာကြရင်း သူတို့နှစ်ယောက်ကို လှမ်းကြည့်ကာ သံသယအပြည့်နှင့် ဖြစ်နေကြသည်။
ထိုအခြေအနေကို ချန်းရန်က လှမ်းမြင်သွားသည်။
“ရှောင်းနွမ်”
ချန်းရန်က ရုတ်တရပ် မုရှောင်းနွမ်ကို ခေါ်သည်။
“ဟင်”
မုရှောင်းနွမ်၏ နှလုံးသားက ရှုပ်ထွေးနေခြင်းဖြစ်သည်။ နိမ့်လိုက်မြင့်လိုက် အတက်အကျ ဖြစ်ကာ ရှုပ်ထွေးနေ၏။ အမျိုးမျိုးသော ကြုံရာကျပန်းရှုပ်ထွေးသော အတွေးများဖြင့်လည်း အရူးလုပ်ခံနေရသည်။ ယခုအခါ ချန်းကောကော၏ ညင်သာသောအသံကို ကြားလိုက်ပြီးနောက်တွင် တစ်ကိုယ်လုံးကပင် တုန်ယင်ကာ လှုပ်ကနဲ ခုန်သွားသည်။ ရုတ်တရပ် သူမ၏ နှလုံးသားက အခိုးခံလိုက်ရသလို ခံစားရသည်။
ဘုရားရေ ချန်းကောကောရဲ့အသံက ကောင်းလိုက်တာ။
မုရှောင်းနွမ်က ခေါင်းမော့လိုက်သည့်အချိန်တွင်ပင် နွေးထွေးသော ဝင်သက်က ရောက်လာသည်။
48 02
“ဟင်”
မုရှောင်းနွမ်၏ မျက်လုံးက ရုတ်တရပ် ပြူးသွားပြီး မယုံနိုင်အောင် ဖြစ်သွားသည်။ သူမသည်လည်း ချန်းကောကောကို အမျိုးသားနတ်ဘုရားဟု သတ်မှတ်ထားပြီးသား ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူမ၏ မျက်ရှိအရှေ့ရှိ နတ်ဘုရားက သူမကို ခိုးနမ်းသည်။
နွေးထွေးသော ခံစားချက်က အလွန်ညင်သာသည်။ သို့သော် အလွန်လည်း ပူနေ၏။ သူမကိုပင် အရည်ပျော်စေနိုင်လောက်သည်။
“ဂျလု ဂျလု”
ရှီကျစ်လန် ချယ်ရီကို စုတ်စားနေရသကဲ့သို့ နူးညံ့ကာ ချိုမြိန်ပြီး အရည်ရွှမ်းကာ အစားမရပ်နိုင်တော့ပေ။
“လောင်မု လောင်မု ကြည့်ကြည့်ကြည့်”
ထိုအချိန်တွင် သူတို့နှစ်ယောက်ဆီသို့ လျှောက်နေသော လျှိုရှောင်းရှီက ယောက်ျားဖြစ်သူ၏ လက်ကို ခပ်မြန်မြန်ဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် ပြလေသည်။
“ဘာလဲ ဟင်”
လောင်မုကလည်း မြင်လိုက်ပြီး မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။ သူ၏ မျက်နှာပေါ်မှ အမူအရာက ရုတ်တရပ် အလွန်ထူးဆန်းသွားသည်။
ဟင် ဘာတွေ ဖြစ်နေတာလဲ။
သူ…သူ့သမီးက အင်အားသုံးပြီး အနမ်းခံနေရတာလား။
ထိုနှစ်ယောက်၏ အခြေအနေကို မြင်သောအခါ ချန်းရန်ကလည်း မုရှောင်းနွမ်၏ ပါးကို ကိုင်ထားပြီး တက်တက်ကြွကြွသာ ဆက်နမ်းနေလိုက်သည်။ မုရှောင်းနွမ်က အစပိုင်းတွင် ကြောင်တောင်တောင် ဖြစ်နေသေးသည်။ သူမသည် ဘာလုပ်ရမှန်း မသိဘဲ တောင့်တင်းနေသည်။ သို့သော် သိပ်မကြာခင်မှာတင် အခြေအနေထဲသို့ ဝင်ရောက်သွားပြီးနောက် ချန်းရန်၏လည်ပင်းကိုပင် သိုင်းဖက်လိုက်ကာ ရှက်ရွံ့စွာ တုန့်ပြန်သည်။
သူတို့၏အနောက်မှ အရွက်ခင်းက စိမ်းလန်းကာ စိုပြေသည်။ ရေစက်များကလည်း ကျနေ၏။ အရာအားလုံးက သက်တောင့်သက်သာရှိပြီး အံ့အားသင့်စရာ ဖြစ်သည်။
“မိန်းမ”
မုချန်းဖုန်းက ထိုနှစ်ယောက်ကို ကြည့်ပြီးနောက် အတွေ့အကြုံရှိသော မျက်နှာပေါ်တွင် စိတ်သက်ရာရသွားသည့် မျက်နှာအမူအရာမျိုးကို မြင်ရသည်။
“ကြည့်ရတာ ဒီနှစ်ယောက်က ငါတို့ထက်တောင် ပိုပျော်နေသေးတယ်။ ငါတို့က ဒီနေရာမှာ မီးသီးလေးတွေ ဖြစ်နေတယ်ထင်တယ်။ ဒီစုံတွဲရဲ့ ဘဝကိုများ နှောက်ယှက်မိနေလား”
“ဘာကို မီးသီးလဲ။ ငါ့သမီးက ငါ့သမီးပေါ့ ငါတို့က မိသားစု”
လျှိုရှောင်းရှီက မုချန်းဖုန်းကို ခက်ထန်စွာ ကြည့်သည်။ သို့သော် သူမ၏ မျက်လုံးက ရဲနေသည်။ သမီးဖြစ်သူက တစ်ရက်တွင် မှီခိုစရာသူ ရှိလာသည်။ အိမ်ရှိလာကြောင်း သိရသောအခါ သူမသည်လည်း ပျော်သည်။ သို့သော် သူမ၏ စိတ်ထဲတွင် မလွှတ်ပေးနိုင်သေးပေ။ မည်သို့ပင်ဆိုစေ ဒါဟာ သူမ၏ သမီးအရင်းဖြစ်သည်။
ဘယ်လိုများ လက်လွှတ်နိုင်မှာလဲ။
“ဒါပေမဲ့ ရှင်ပြောတာ မှန်ပါတယ်။ ကျွန်မတို့နှစ်ယောက်က သူတို့ရဲ့ဘဝကို နှောက်ယှက်နေတာ”
လျှိုရှောင်းရှီကလည်း မျက်ဝန်းထောင့်ကို တစ်ချက်သုတ်သည်။ သူမ၏အမူအရာက နည်းနည်း သုန်မှုန်ကာ အထီးကျန် ဆန်လာသည်။
“လောင်မု လေယာဉ်လက်မှတ်ဖြတ်ပြီး ပြန်ရအောင်”
“အင်း ငါမင်းပြောတာ နားထောင်မယ်”
မုချန်းဖုန်းက မိန်းမဖြစ်သူ၏ ပခုံးကို ဖက်ပြီး ခေါင်းကို ညိတ်သည်။ ထိုအချိန်တွင် ချန်းရန်နှင့် မုရှောင်းနွမ်တို့ကလည်း နည်းနည်းပင် အသက်ရှူရ အဆင်မပြေဖြစ်လာပြီးနောက် ညင်သာစွာ လူစုခွဲသည်။
“အင်း”
48 03
မုရှောင်းနွမ်က အမောတကောအ သက်ရှုနေသည်။ လှပသော မျက်နှာလေးကလည်း နီရဲကာ ချိုမြိန်သည့် ပန်းသီးလုံးလေးကဲ့သို့ ဖြစ်နေကာ သူမ၏ နှုတ်ခမ်းထောင့်မှပင် ကြည်လင်သော ပိုးသားမျှင်များက စီးကျနေသည်။
ကောင်မလေး၏ လျှာထိပ်လေးကလည်း ခပ်ရဲရဲလေးဖြစ်နေသည်။ သူမ၏ မျက်လုံးကလည်း ချစ်မြတ်နိုးစိတ်များနှင့် အရည်ရွှမ်းနေသည်။ သူမက ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်သည်။
“ယောက်ျား ဘာဖြစ်တာလဲ”
မုရှောင်းနွမ်၏နှလုံးသားက ရှက်ရွံ့သော ချစ်စိတ်များ ပြည့်နှက်နေသည်။ စီနီယာအစ်ကိုချန်းက ဘာလို့ ရုတ်တရပ်ကြီး တိုက်ခိုက်လာတာလဲ။ ငါ အဆင်သင့်တောင် မဖြစ်သေးတဲ့ဟာကို။ ခုနတုန်းကလည်း စိတ်ရှုပ်သွားတာ ဒါပေမဲ့ ရုတ်တရပ်ကြီး ခံစားချက်က ကောင်းသွားသလိုပဲ။
ဆိုတော့ ဒါက ပထမအနမ်းရဲ့ ခံစားချက်လား။
အိုး မဟုတ်သေးပါဘူး ဒုတိယအနမ်းဖြစ်မယ်။ ပထမတစ်ကြိမ်က မနေ့ညကလေ။ ငါက မူးနေတာနဲ့ အားလုံးကို မေ့သွားပြီ။
ကောင်းလိုက်တာ ဟီးဟီး ပထမနဲ့ ဒုတိယ အားလုံးက ငါ့အပိုင်ပဲ။ မုရှောင်းနွမ်အပိုင်။
ထိုကောင်မလေးက စိတ်ထဲတွင် လှပစွာ တွေးတောနေချိန်တွင် သူမ၏ စိတ်ထဲတွင် ရုတ်တရပ် သံသယများ ပေါ်လာသည်။
မဟုတ်သေးပါဘူး ဘယ်လိုဖြစ်ပြီး စီနီယာအစ်ကိုချန်းက အရင်စနမ်းရမှာလဲ။ စီနီယာအစ်ကိုချန်းက ဝန်ခံတော့မှာများလား ဟီး။
မုရှောင်းနွမ်က တွေးလေလေ စိုးရိမ်လေလေ ဖြစ်လာသည်။ သူမ၏ နှလုံးသားက လည်မြိုသို့ပင် ရောက်လာသည်အထိ အခုနှုန်းက မြန်ဆန်လာသည်။ သူမသည် စိုးရိမ်ကြောင့်ကြပြီး စိတ်လှုပ်ရှားလာသည်။
“အဟမ်း”
ချန်းရန်ကလည်း ထိုအချိန်တွင် ခပ်တိုးတိုးချောင်းဟန့်သည်။ သူ၏မျက်လုံးက လှုပ်ခတ်နေပြီး အတတ်နိုင်ဆုံးသော အစောပိုင်းအပြုအမူအတွက် အရှက်ရမှုကို ဖုံးကွယ်ရန် ကြိုးစားသည်။
စတော့မယ်။
သို့သော် မုရှောင်းနွမ်က အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
စတော့မယ် လာတော့မယ် လာတော့မယ်။
စီနီယာအစ်ကိုချန်းက ဝန်ခံတော့မယ်။
“ပါး မား ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။”
“မား…”
မုရှောင်းနွမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။
“ပါး..ပါးမား…ပါးနဲ့မားလား”
သူမက ခေါင်းလှည့်လိုက်သောအခါ သူမသတိမထားမိသေးခင် မိဘများက အနောက်သို့ ရောက်နေကြောင်း သိလိုက်သည်။
ဆိုတော့ စီနီယာအစ်ကိုချန်းက ချက်ချင်းဝန်ခံမှာ မဟုတ်ဘဲနဲ့ မိဘတွေ ရှေ့မှာမလို့ သတိပေးတာပေါ့လေ။
ကောင်မလေး၏ စိတ်အခြေအနေက ချက်ချင်းထိုးကျသွားသည်။
ထိုနှစ်ယောက်ကို မြင်လိုက်သောအခါ လှပသော မျက်နှာလေးက ချက်ချင်း မကျေမနပ်ဖြစ်သွားသည်။
ဘာလို့ဒီအချိန်ကျမှ လာတာလဲလို့။ ဒါကို မျှော်လင့်နေတဲ့ဟာကို။
“ဘာဖြစ်တာလဲ”
မုရှောင်းနွမ်က ရုတ်တရပ် စီနီယာအစ်ကိုချန်းက သူမကို အတင်းနမ်းသည့်ကိစ္စကို ပြန်တွေးလိုက်သည်။ မိဘတွေ ရောက်လာလို့များလား။
48 04
“ဘာကို ဘာဖြစ်ရမှာလဲ။ ကြည့်စမ်းပါအုံး နင်က ငါတို့ကို စိတ်ဓာတ်ကျပြီး ရွံရှာတဲ့ မျက်နှာနဲ့ လာကြည့်နေတယ်”
လျှိုရှောင်းရှီက အနားသို့လာပြီးလက်ကို ပိုက်ကာ နှာခေါင်းရှုံ့သည်။
“ဒီနှလုံးသားမဲ့တဲ့ ကောင်မစုတ်လေး နင့်အမေနဲ့ အဖေက ဒီလောက်ထိ အဝေးကြီးထိလာပြီး နင့်ကို လာကြည့်တာကို မပျော်မရွှင် ဖြစ်နေတာလား”
“ဟင့်အင် မဖြစ်ရဲပါဘူး”
မုရှောင်းနွမ်က မျက်နှာလေးမဲ့ပြီး ပြောသည်။
“အမေတို့ လာရင်လည်း လာပေါ့။ ဒီသမီးက ဘယ်လိုများ မပျော်မရွှင် ဖြစ်ရဲမှာလဲ”
“ဟွန့် ပြောတာက တစ်မျိုး တွေးတာက တစ်မျိုး”
လျှိုရှောင်းရှီက မုရှောင်းနွမ်၏ခေါင်းကို ခေါက်သည်။ မုရှောင်းနွမ်က နှုတ်ခမ်းကို ဆူပြီးနောက် နဖူးကို လက်တစ်ဖက်ဖြင့်အုပ်ကာ မပျော်မရွှင် ဖြစ်သလို ကြည့်သည်။
“နာတယ်”
“တော်ပြီ တော်ပြီ၊ သမီး သမီးရဲ့ မားက သမီးကို ဒီအတိုင်း မထားရစ်ခဲ့ချင်လို့တဲ့”
လောင်မုက ပြုံး၍ ပြောပြီး အလိုလိုက်စိတ်အပြည့်နှင့် ဖက်ပြီးချော့သည်။
“ဒီတစ်ခေါက်က ယာယီပဲ ပြန်လာတာ သမီးရဲ့… မားကလည်း သမီး ဒူးခေါင်း ဒဏ်ရာရတယ်လို့ ကြားတာနဲ့အတင်းကို ပြန်လာခိုင်းတော့တာပဲ။ သမီးကို တစ်ယောက်တည်း မပစ်ထားရက်ဘူးလေ”
“မပစ်ထားရက်တော့ ဘာအသုံးဝင်လို့လဲ”
လျှိုရှောင်းရှီက နှုတ်ခမ်းမဲ့ပြီးပြောသည်။
“လက်ထပ်ပြီးသွားတဲ့သမီးက ဖိတ်သွားတဲ့ရေလိုပဲ ပြန်ဆယ်လို့ မရဘူး။ အခု သူမက ငါ့ကိုတောင် မလိုချင်တော့ဘူးလေ၊ နင်သာမလိုရင် နင့်ဘာသာနင် သတ်လိုက်ပါတော့ ငါတို့ မနက်ဖြန် ပြန်မယ်”
******