← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

49 01

အပိုင်း (၄၉) ရှောင်းနွမ်က အဆုံးထိ တာဝန်ယူပေးလိမ့်မယ်။

“ဟုတ်တယ် ငါတို့ မနက်ဖြန် ပြန်တော့မယ်”

လျှိုရှောင်းရှီနှင့် မုချန်းဖုန်းတို့က ထွက်သွားရန်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ချန်းရန်က သူတို့ကို ဆက်နေရန် ဖြောင့်ဖြမည်ဆိုလျှင်ပင် ဆက်မနေနိုင်တော့ပေ။

အဓိကအချက်ကမူ ထိုနှစ်ယောက် နမ်းနေသည်ကို မြင်ပြီးသည်နှင့် သူတို့၏ သံသယက ပျောက်ကွယ်သွားပြီဖြစ်ကာ ဒါဟာ လူငယ်စုံတွဲ၏ဘဝဖြစ်ကြောင်း နားလည်လိုက်ကြသည်။ အနားတွင် အခြားလူရှိနေသောအခါ သူတို့၏ ပျော်ရွှင်သောဘဝတွင် အနှောက်အယှက်ဖြစ်ပေလိမ့်မည်။

အခုလေးတင် ကလေးတွေက စိတ်အားထက်သန်မှု အပြည့်နဲ့ နမ်းနေကြတာ မမြင်ဘူးလား။

“ငါတို့ သွားတော့မယ်”

သူမသည်လည်း မိဘများက လာမည်ကို စိုးရိမ်နေခဲ့ရသည်။ သို့သော် ရုတ်တရပ် ထွက်သွားမည့်အချိန်တွင်လည်း တုံ့ဆိုင်းမိပြန်သည်။

“ဟင် အရူးမလေး ဘာလို့ငိုပြန်တာလဲ”

လျှိုရှောင်းရှီက မုရှောင်းနွမ်၏ မျက်လုံးက ရဲလာကြောင်း မြင်သောအခါတွင်လည်း မပျော်မရွှင်ဖြစ်သလို မျက်လုံးလှန်ပြသည်။ ပြောရမည်ဆိုလျှင် သူမ၏ မျက်လုံးကပင် ရဲနေလေပြီ ဖြစ်သည်။

“လာ လာ လာ ငါနဲ့လိုက်ခဲ့”

လျှိုရှောင်းရှီက မုရှောင်းနွမ်ကို ခေါ်ပြီး ဘေးဖက်သို့သွားသည်။

မိခင်တစ်ယောက်အနေနှင့် မထွက်သွားခင် အချိန်အတောအတွင်း မုရှောင်းနွမ်ကို ပြောစရာအများကြီး ရှိနေသည်။

“မား…မားနဲ့ပါးက ဒီမှာ နည်းနည်း အတူနေပြီးမှ ထွက်သွားလို့ မရဘူးလား”

အဝေးသို့ရောက်သည်နှင့် မုရှောင်းနွမ်က မိခင်ဖြစ်သူ၏ လက်ကို ကိုင်ကာ ရိုးသားစွာနှင့် ထုတ်ပြောသည်။ ဒီတစ်ကြိမ်တွင်မူ သူမက အမှန်တကယ် တွန့်ဆုတ်သွားခြင်းဖြစ်သည်။

“ဒီမှာနေပြီး ဘာလုပ်ရမှာလဲ။ သမီးတို့နှစ်ယောက် ဒီလောက်ထိ ချစ်နေတာကို မြင်ရရုံနဲ့တင် အမေတို့က မီးသီးဖြစ်နေပြီ”

လျှိုရှောင်းရှီက စိတ်ရှုပ်သလို နှာခေါင်းရှုံ့သည်။ သူမ၏ လေသံကပင် ချဉ်နေသည်။

“လူငယ်တွေက ဘယ်အချိန် ရပ်ရမယ် ဆိုတာကို သိရမယ်။ စဉ်းစားဆင်ခြင်တတ်ရမယ်။ နောက်ပြီး မနေ့ညက တစ်ညလုံးလည်း လိမ့်ပိန့်နေတာ။ အခုထပ်ပြီး ကြိုးစားကြည့်နေကြပြန်ပြီ။ သမီး သမီး ယောက်ျားရဲ့ ကျန်းမာရေးကို ဂရုစိုက်ရမယ်”

“ဟင်”

မုရှောင်းနွမ်က ထိုစကားကြောင်း မှင်သက်သွားသည်။

ဘာ…ဘာကိုဆိုလိုတာလဲ။

မနေ့ညက တစ်ညလုံး လိမ့်ပိန့်နေတယ်။

ရွှစ်

ထို့နောက် တစ်ခဏတွင် မုရှောင်းနွမ်သည် ဆိုလိုရင်းကို နားလည်လိုက်သည်။ သူမသည်လည်း မျက်နှာက ရဲတက်သွားကာ ရှက်ရွံ့သွားသည်။

မနေ့ညက သူမသည် မူးနေခြင်းဖြစ်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။ ထိုအချိန်တွင် စီနီယာအစ်ကိုချန်းက ရေချိုးနေခြင်းဖြစ်ပြီး သူတို့နှစ်ယောက်က အတူ…

“အဟမ်း”

သိပ်မဝေးသော တစ်နေရာမှ မုချန်းဖုန်းက ထိုစကားကို ကြားပြီး ချောင်းဟန့်သည်။

အဓိပ္ပာယ်ကမူ အလွန်ရှင်းလင်းသည်။ : ဘာလို့မင်းသမီးကို ဒါတွေ ပြောနေတာလဲ။ ဒါက လူငယ်တွေရဲ့ ဆန္ဒလေ သူတို့ဘာသာ ကြိုက်သလို ကစားပါစေပေါ့။

49 02

“ဘာကို အဟမ်းနေတာလဲ”

အသံကို ကြားသည်နှင့် လျှိုရှောင်းရှီက မကျေမနပ် ဖြစ်သွားပြီး လောင်မုကို ခက်ထန်စွာ စိုက်ကြည့်သည်။ သူမက မကျေမနပ် ဖြစ်သလို ပြောသည်။

“ကျွန်မ ကျွန်မသမီးကို အသက်လေးဆယ် ငါးဆယ် အရွယ်ရောက်တဲ့အချိန်မှာ ကျွန်မလို ပုံစံမျိုး မဖြစ်စေချင်ဘူးလေ။ ရှင့်ကို တစ်ချိန်လုံး စောင့်ကြည့်နေရတယ်။ အပြင်မှာ သန်မာပုံပေါက်ပေမယ့် အတွင်းပိုင်းက အားနည်းနေတာ။ မနက်အစောပိုင်းကတည်းက သေနေပြီ။ နောက်ပြီး အိပ်ယာပေါ်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်သေးတယ် စိတ်ပျက်စရာပဲ”

ထိုစုံတွဲက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လွန်းသည်။ အသက်သုံးဆယ်အရွယ်များဟုသာ ထင်ရပြီး အသားအရည်က တောက်ပကာ စိုပြေနေကာ အလွန်အမင်း အခြေအနေ ကောင်းလေသည်။ သို့သော် အချို့သော ဘက်မျိုးတွင်မူ ကျေနပ်ဖွယ်ရာ မရှိလောက်ပေ။

“အာ”

မုရှောင်းနွမ်က မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အကြည့်ကို လွဲသည်။ အဓိပ္ပာယ်ကမူ : ငါဘာမှ မကြားဘူးနော် ဘာမှ မကြားဘူး။ ဟူ၍ ဖြစ်သည်။

“ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူးနော် ပိုပြီး ဂရုစိုက်ရမယ်”

လျှိုရှောင်းရှီက အတွေ့အကြုံရှိသော လူတစ်ယောက် လေသံမျိုးနှင့်အကြံပေးသည်။

“ပုံမှန်အားဖြင့် ရှောင်းချန်းကို ဖျောင်းဖျသင့်တယ်နော်။ သူက တက်ကြွနေရင်တောင်မှ သမီးက တားရမယ်။ မနေ့ညကလို မဖြစ်စေနဲ့ သူက သည်းမခံနိုင်ရင်တောင်မှ သမီးက သည်းခံနိုင်ရမယ်။ နှစ်နည်းနည်းလောက်ပဲ ထပ်စောင့် အဲဒါကို လိုအပ်တဲ့အချိန်မှာ သူက မရှိတော့ဘဲ ဖြစ်နေမယ်”

“အာ”

မုရှောင်းနွမ်၏မျက်နှာက ရဲသွားပြီး ရဲမှည့်နေသော ခရမ်းချဉ်သီးကဲ့သို့ဖြစ်လာသည်။

မမျှော်လင့်ထားစွာပင် မိခင်ဖြစ်သူ၏ ကားမောင်းစွမ်းရည်က အလွန်ကောင်းသည်။ ထို့ကြောင့် ဘယ်သောအခါမှ အရှုံးမပေးသော မုရှောင်းနွမ်ကပင် အရှုံးပေးလိုက်ရသည်။

သို့သော် သူမသည်လည်း ဒါက စီနီယာအစ်ကိုချန်းနှင့် တိုက်ရိုက်ပတ်သက်နေမှန်း သိသည်။ သို့မဟုတ်ပါက မုရှောင်းနွမ်က ယခုလိုမျိုး ရှက်ရွံ့နေမည် မဟုတ်ပေ။

“သေစမ်း”

လောင်မုကလည်း ထိုအခိုက်အတန့်တွင် မသက်မသာဖြစ်လာသည်။ ထို့ကြောင့် တစ်ဖက်သို့လှည့်ကာ ဒေါသတကြီးထွက်သွားသည်။ သို့သော် စံအိမ်ထဲသို့မပြန်ချင်သေးဘဲ ချန်းရန်ရှိရာသို့‌ လျှောက်သွားသည်။

“တွေ့လား သူ အပြစ်မကင်းသလို ဖြစ်သွားတာ ဒါက သင်ခန်းစာပဲ”

လျှိုရှောင်းရှီက သက်ပြင်းချသည်။ အကြည့်ကို ပြန်ရုတ်ပြီး မုရှောင်းနွမ်ကို ပြန်ကြည့်ကာ ရိုးသားစွာ ပြောသည်။

“ဆိုတော့ ပုံမှန်အခြေအနေမျိုးမှာ သမီးပိုပြီး အာရုံစိုက်ရမယ် ယောက်ျားကိုလည်း ဂရုစိုက် သူ့အတွက် အစားအစာတွေကိုလည်း ချက်ကျွေးပိုပြီး အားရှိအောင် လုပ်ပေး။ အဲဒါဆို ပိုကောင်းတယ်”

“သမီး ဘယ်လိုလုပ်ရမလဲ သိပါတယ်။ သူ့ကို ခေါက်ဆွဲ ချက်ကျွေးနေကျ”

လျှိုရှောင်းရှီက အသိအမှတ်ပြုသလို ခေါင်းငြိမ့်သည်။

“မဆိုးဘူးပဲ ကြည့်ရတာ ရှောင်းရှန်းက သမီးချက်တဲ့ခေါက်ဆွဲကို ကြိုက်မှာပေါ့။ သူက သမီးအတွက်လည်း ခေါက်ဆွဲချက်ကျွေးလား”

ရုတ်တရပ် လျှိုရှောင်းရှီက ပြန်မေးသည်။

“ဒါပေါ့”

မုရှောင်းနွမ်က စိတ်လှုပ်ရှားစွာပြောသည်။

“သမီးယောက်ျားရဲ့ ခေါက်ဆွဲက ထိပ်တန်းအဆင့်နော်”

“အိုး အဲ့လောက်ထိ အံ့ဩဖို့ ကောင်းတာလား”

49 03

လျှိုရှောင်းရှီကပင် တအံ့တဩဖြစ်ကာ မနာလိုဖြစ်သွားသည်။ သူမက သက်ပြင်းချသည်။

“လောင်မုချက်တဲ့ ခေါက်ဆွဲနဲ့မတူဘူးပေါ့။ သူက အကြိမ်တိုင်းလိုလို ဘယ်တော့မှ မကျေနပ်ဘူး”

“ပါးကို မကြားစေနဲ့အုံး သူ ဒေါသထွက်သွားအုံးမယ်”

မုရှောင်းနွမ်က ခပ်တိုးတိုးသတိပေးသည်။

“ငါက သူ အိပ်ယာထဲမှာ ပိုပြီးတက်ကြွဖို့ မျှော်လင့်တာ”

လျှိုရှောင်းရှီက နှာခေါင်းရှုံ့သည်။ ရုတ်တရပ် တစ်စုံတစ်ရာကို သတိရသွားပြီး အကြံပေးသည်။

“နောက်တစ်ကြိမ် သူ သမီးကို ခေါက်ဆွဲချက်ကျွေးတဲ့အခါ ငရုတ်ဆီနဲ့ ကြက်သွန်ဖြူ များများထည့် ပိုပြီးကောင်းတယ်”

“တကယ်လား”

မုရှောင်းနွမ်၏မျက်လုံးက တောက်ပသွားပြီးနောက် စမ်းကြည့်ရမည်ဟု စဉ်းစားထားသည်။

“ဒါပေမဲ့ မား ပြောပြအုံးမယ်။ တကယ်တော့ ခေါက်ဆွဲက ဘာမှမဟုတ်သေးဘူး။ နောက်ထပ် အားဖြည့်စာတွေကို ပြင်ဆင်ထားသင့်တယ်”

လျှိုရှောင်းရှီက ရုတ်တရပ် အနားနားကပ်ကာ ပြောသည်။

“အထူးသဖြင့် ကျားနဲ့ ဝံပုလွေဆေးလေ။ သက်ရောက်မှုက အရမ်းကောင်းတာ အချိန်ရတဲ့အခါ ရှောင်းချန်းကိုလည်း ဒီအားဆေးတွေ များများကျွေး ခန္ဓာကိုယ်ကို ကျန်းမာစေတယ်။”

“ဘာ…ဘာ”

မုရှောင်းနွမ်က ထိုအရာများကို မကြားဖူးပါပေ။

“မစိုးရိမ်ပါနဲ့ နောက်မှ ဖော်မြူလာပို့ပေးလိုက်မယ်”

လျှိုရှောင်းရှီက အဓိပ္ပာယ်အပြည့်နှင့် ပြုံးပြီးပြောသည်။

“ဒါကို စားပြီးတဲ့နောက်မှာ သမီးရဲ့ခန္ဓာကိုယ်က တော်တော်လေးကို တက်ကြွနေလိမ့်မယ် ဆိုတော့ အမြန်ဆုံးကလေးရမှာပဲ အဲ့တာမှပဲ အမေစိတ်အေးနိုင်မှာ”

“သမီးတို့လက်ထပ်ထားတာက သိပ်မကြာသေးဘူး။ ဒါပေမဲ့ အမေက ကလေးလိုချင်နေပြီ”

ထိုစကားက မုရှောင်းနွမ်အား ရှက်ရွံ့သွားစေသည်။ သူမ၏ မိခင်ဖြစ်သူက ထိုမျှအစောကြီး သားဝတုတ်ကို ချီချင်နေသည်။

သူမနှင့် ချန်းကောကောတို့က တွဲပင် မတွဲရသေးပေ။ အများဆုံးမှ နမ်းဖူးရုံသာ ဖြစ်သည်။

ထိုအနမ်းအကြောင်း တွေးမိသောအခါ မုရှောင်းနွမ်၏ မျက်နှာက ရဲသွားပြန်သည်။

မတတ်နိုင်ဘူးလေ ချန်းကောကောကို ရင်ဆိုင်ရင် သူမက တွန်းလှန်နိုင်တာမှ မဟုတ်တာ။

ဒါပေမဲ့။

မုရှောင်းနွမ်က နည်းနည်းသံသယဝင်နေသည်။

ဘာလို့ ချန်းကောကောက ငါ့ကို နမ်းတာလဲ။ မိဘတွေကိုမြင်လို့ မြန်မြန် ထွက်သွားအောင်လို့လား။

မိဘတွေက ထွက်သွားပြီးဆိုရင်တော့ လုံခြုံပြီ။ ဒါပေမဲ့ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်။

ကပ်ဘေးမရှိတော့တဲ့အခါ ချန်းကောကောကို ထားခဲ့ရမှာလား။

မဟုတ်ဘူး။

မုရှောင်းနွမ်က ရုတ်တရပ် လက်မလျော့ချင်တော့ပေ။

ကောင်မလေးက တွေးသည်။ သူမသည် မှန်ကန်သော ရလဒ်ကို မရသေးပေ။ ထို့ကြောင့် မုရှောင်းနွမ်က တာဝန်မယူတတ်သောသူ လုပ်၍ မရနိုင်ပေ။

49 04

ဟုတ်တယ် ငါ့ရဲ့ ချစ်ရတဲ့ စီနီယာအစ်ကိုချန်း ရှောင်းနွမ်ကလေ စီနီယာအစ်ကိုချန်းကို အဆုံးထိ တာဝန်ယူပေးမှာ ဟီးဟီး။

အရွက်ခင်းဖက်တွင် ချန်းရန်ကလည်း super farm ၏ ဒီဇိုင်းပုံကြမ်းကို နှိုင်းယှဉ်ရင်း ကုမ္ပဏီကို ဆက်သွယ်ထားသည်။ ထို့ကြောင့် ဆောက်လုပ်ရေးက ဒီနေ့ စတင်မည် ဖြစ်သည်။

အနည်းဆုံး super farm က တစ်ပတ်အတွင်း ပြီးမြောက်သွားပေလိမ့်မည်။

“ဒါက လျှို့ဝှက်ဆေးနည်းပဲ။ တစ်လ တစ်ကြိမ်ပဲ အချိန်မှန်သောက် အသက်နှစ်ဆယ်အရွယ်ကောင်ငယ်လေးလိုမျိုး ဖြစ်သွားလိမ့်မယ်”

ချန်းရန်က ထိုလျှို့ဝှက်ဆေးနည်းအား မုချန်းဖုန်းကို ပေးသည်။ လောင်မုသည် မျှော်လင့်ချက် အများကြီး မထားထားပါပေ။ သို့သော် မမျှော်လင့်ထားစွာပင် ချန်းရန်ကလည်း ထိုအဖိုးတန် ဆေးနည်းအား သူ့အား ပြန်ပေးသောကြောင့် သူက အလွန်ပျော်သွားသည်။

နောက်တစ်ရက် မထွက်ခွာခင် မုချန်းဖုန်းနှင့် ချန်းရန်တို့က လက်ချင်းတွဲ၍ ယောက္ခထီးနှင့် သားမက်တို့ကဲ့သို့ အစစ်အမှန်မိသားစုအရင်းကြီးအလား အရာအားလုံးကို ပြောဆိုနေကြသည်။

“လိုက်မပို့နဲ့တော့ ပြန်တော့”

လျှိုရှောင်းရှီနှင့် မုချန်းဖုန်းတို့က လက်ကို ယမ်းပြသည်။ သို့သော် အဆုံးသတ်တွင်လည်း ထွက်သွားရန် တွန့်ဆုတ်နေကြပြီး ထပ်ခါတလဲလဲ လှည့်ကြည့်နေသည်။ မုရှောင်းနွမ်ကလည်း နည်းနည်းစိတ်မကောင်းဖြစ်နေပြီး စိတ်ဓာတ်ကျနေသည်။ မည်သို့ပင်ဆိုစေ ဒါဟာ သူမ၏ မိဘများဖြစ်သည်။ ယခုလို တိုတောင်းသော တွေ့ဆုံချိန်က စိတ်မပြတ်နိုင်အောင် ဖြစ်စေပြီး တွန့်ဆုတ်စေသည်။

“ဘာတွေ တွေးနေတာလဲ”

ထိုအချိန်တွင် ချန်းရန်က သူမကို ပြုံး၍ ကြည့်သည်။

“ငါမင်းကို ပြောချင်တာ ရှိသေးတယ်”

******

All Chapters