← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

50 01

အပိုင်း (၅၀)

“အိုး တကယ်လား ဘာပြောမလို့လဲ”

မုရှောင်းနွမ်က ကျောဘက်သို့ လက်ကို ထားပြီး လက်ချောင်းလေးများကို စိုးရိမ်တကြီး လိမ်နေသည်။ သူမသည် ခေါင်းကို ငုံ့ထားကာ ဘေးဖက်သို့ ခါနေသည်။

“ကောကောပြောတာကို ငါ သဘောမတူလောက်ဘူး”

မဖြစ်နိုင်တာ မဖြစ်နိုင်တာ… သူက မိဘတွေမရှိတော့တာနဲ့ ဇနီးဖြစ်သူကို တန်းပြီးတော့ မောင်းထုတ်တော့မှာလား မဟုတ်လောက်ပါဘူးနော်။

မုရှောင်းနွမ်က စိုးရိမ်ပူပန်နေသည်။ သို့သော် မျက်နှာအမူအရာက တည်ကြည်သည်။ စီနီယာအစ်ကိုချန်းကသာ ဒါကို ထည့်ပြောလာခဲ့ရင် ငါသေချာပေါက်သဘောမတူဘူး။

“ကြည့်ရတာ မင်းက လက်သင့်မခံချင်ဘူး ထင်တယ်”

ချန်းရန်ကလည်း ကောင်မလေး၏ ပုံမှန်မဟုတ်မှုကိုမြင်ပြီး သူ၏စိတ်ထဲတွင်လည်း ခန့်မှန်းမိသည်။ သူသည် ရုတ်တရပ် အကြံတစ်ခု ရလာပြီး သူမကို စချင်သွားပြန်သည်။

“တကယ်လို့ ငါက သဘောမတူဘူးလို့ပြောရင် ဘာဖြစ်မှာလဲ”

မုရှောင်းနွမ်က ခေါင်းကို ငုံ့ထားပြီး ဖိနပ်ပါးကိုသာ ကန်နေကာ စိတ်ဓာတ်ကျသလို ပြောသည်။

ထိုကဲ့သို့သော သူမကို မြင်ရသည့်အခါ ချန်းရန်ကလည်း မနေနိုင်ဘဲ ရယ်လိုက်ပြီး နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း ပြောရသည်။

“ဒီနေ့ ပရိုဂရမ်ရိုက်ကူးရေး အဖွဲ့က ဖုန်းဆက်ပြီးတော့ ငါတို့ကို ဘဝရဲ့ တောင့်တမှုဆိုတဲ့အစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်တယ်။ ငါအစကတော့ ငါမင်းကိုပါခေါ်သွားမလားလို့ စဉ်းစားနေတာ”

“ဘာ”

မုရှောင်းနွမ်က ရုတ်တရပ် နားလေးစွင့်လိုက်ပြီး မျက်လုံးက ပြူးသွားသည်။ သူမက တအံ့တဩပြောသည်။

“ဒါက ငါ ဘာလို့ မင်းကို လိမ်ရမှာလဲ။ မင်းဘာသာကြည့်လေ”

ချန်းရန်က ဖိတ်ကြားစာကိုပြသည်။

“ဘုရားရေ တကယ်ဖြစ်နေတာပဲ”

မုရှောင်းနွမ်က အံ့ဩသွားသည်။ သူမက ဖတ်ပြီးချိန်တွင်ပင် ချန်းရန်က ပြန်ယူကာ ချက်ချင်းပြန်ပြောသည်။

“မင်းဖတ်လို့ပြီးသွားပြီဆိုတော့ လွှင့်ပစ်လိုက်တော့မယ်”

“ဟင် ဟင့်အင်း မလုပ်ပါနဲ့”

မုရှောင်းနွမ်က စိုးရိမ်စိတ်များသွားပြီးပြန်လုယူရန် ကြံစည်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူမက ချန်းရန်လောက် အရပ်မရှည်ပေ။ ထို့ကြောင့် မမှီနိုင်ပေ။ သူမက ဒေါသတကြီး ပြောသည်။

“သူတို့က ငါ့ကို ဖိတ်တာနော်… ငါ သဘောတူလားလို့ ကောက ဘာလို့ အရင်မမေးတာလဲ”

“မင်းပဲ မလုပ်ချင်ဘူးဆို”

ချန်းရန်က လက်ကို အမြင့်ကြီး မြောက်ထားသည်။

“တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း တစ်ယောက်တည်း မပါချင်ဘူးလေ ဆိုတော့ လွှင့်ပစ်လိုက်ပါတော့မယ်”

“မလုပ်နဲ့”

မုရှောင်းနွမ်က စိုးရိမ်စိတ်များသွားပြီး ခုန်ပေါက်နေသည်။

“ဘယ်သူက မလုပ်ချင်ဘူးပြောလို့လဲ ငါသဘောမတူဘူး”

“လွှင့်ပစ်လိုက်မယ် လွှင့်ပစ်လိုက်မယ်”

50 02

“မရဘူး မရဘူး ငါ့ကိုပေး”

မုရှောင်းနွမ်က ခုန်ပေါက်ပြီး အင်အားအပြည့်သုံးကာ လှမ်းယူလိုက်ရသည်။ သို့သော် ဖိနပ်ပါးက မတော်တဆ လွင့်သွာသည်။

ဝှီး

မုရှောင်းနွမ်၏ တအံ့တဩအော်ချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ချန်းရန်၏ ရင်ခွင်ထဲသို့သာ လဲကျသည်။

ကောင်မလေးက မျက်လုံးကို ခပ်တင်းတင်း မှိတ်ထားပြီး တော်တော်လေးကို ကြောက်သွားပုံရသည်။ သို့သော် ထိုအချိန်တွင် သူမက စီနီယာအစ်ကိုချန်း၏ ရင်ခွင်ထဲသို့ ကျသွားကြောင်း သိလိုက်သည်။

“စီ…စီနီယာ အစ်ကိုချန်း ငါ”

ရုတ်တရပ် မုရှောင်းနွမ်က ချန်းရန်၏ ရင်ခွင်ထဲတွင် ကိုယ်လေးကျုံ့နေသည်။ သူမ၏ လက်က သူ၏ ရင်ဘတ်ပေါ်သို့ ကျနေသည်။ ရုတ်တရပ် သူမသည် ပြင်းထန်သန်မာကာ လျှင်မြန်ပြီး အရှိန်နှုန်းမြန်ဆန်သော နှလုံးခုန်သံကို ကြားလိုက်ရသည်။

သေစမ်း ဒါက နှလုံးခုန်သံပဲ။

သူမက နှာခေါင်းတရှုံ့ရှုံ့ လုပ်လိုက်သည်။ စီနီယာအစ်ကိုချန်းရဲ့ ကိုယ်သင်းနံ့ စီနီယာအစ်ကိုချန်းရဲ့ နွေးထွေးတဲ့ရင်ခွင် ပူပြင်းတဲ့ နှလုံးခုန်သံ။

မုရှောင်းနွမ်သည်ပင် ညင်သာစွာဖြင့် လက်ညိုးလေးကို ဆန့်ထုတ်ကာ ချန်းရန်၏ နှလုံးခုန်သံ ထွက်နေသောနေရာကို ညင်သာစွာ တို့လိုက်သည်။ သူမသည်ပဲ စိတ်ထင်သည်လားမသိ စီနီယာအစ်ကိုချန်း၏ နှလုံးခုန်သံက ရုတ်တရပ်ကြီး မြန်ဆန်သွားပြန်သည်။

“အဆင်ပြေရဲ့လား”

ထိုအချိန်တွင် နွေးထွေးသော လက်ဖဝါးတစ်ဖက်က အသာပုတ်လာရင်း မုရှောင်းနွမ်၏ ဆိုးသွမ်းသော လက်ညိုးသေးသေးလေးကို လှမ်းဆွဲသည်။

“စီနီယာအစ်ကိုချန်း တောင်း….တောင်းပန်ပါတယ် ငါ မရည်ရွယ်ပါဘူး”

သူမ၏ လက်ဖဝါးလေးက နွေးထွေးကာ အင်အားပါသော လက်ကြီးတစ်ဖက်ဖြင့် အဆွဲခံရသည်။ မုရှောင်းနွမ်၏ နှလုံးသားကလည်း အခုန်မှားသွားပြန်သည်။ သူမ၏ ခေါင်းက ဝီကနဲ မည်သွားပြီး ပေါက်ကွဲတော့ပေမည်။

“ဟင် ဒါဆိုရင် ဘာဖြစ်တာလဲ”

ချန်းရန်က ခေါင်းကို ငုံ့ပြီး ထိုကောင်မလေး၏ နီးကပ်လွန်းနေသော မျက်နှာကို စိုက်ကြည့်သည်။ သူမ၏ မျက်တောင်များက တဖြတ်ဖြတ် ခတ်နေကြောင်း မြင်ရသောအခါ ချစ်စရာကောင်းလွန်းသည်ဟု ခံစားရပြီး သူ၏နှုတ်ခမ်းထောင့်ကပင် ကော့တက်သွားသည်။ ကျဉ်းမြောင်းသော မျက်လုံးထဲတွင် ကြမ်းတမ်းမှု တစ်မျိုးကိုပင် မြင်နိုင်သည်။

“ဒါဆိုရင် ငါ….အင်း”

မုရှောင်းနွမ်က သေအောင် ထိတ်လန့်နေသည်။ သူမ၏ လှပသော မျက်နှာလေးက ရဲနေသည်။ သူမက အချိန်တန်ကြာအောင် တုံ့ဆိုင်းသွားသည်။သူမက စိတ်ရှုပ်ထွေးကာ ဘာကိုမှ မပြောနိုင်တော့ပေ။

“ငါ့ကို ဖက်ရတာ သက်တောင့်သက်သာရှိလား”

ချန်းရန်က သူမ၏ အနားနားကပ်ကာ ပြောသည်။

“မဆိုးပါဘူး”

မုရှောင်းနွမ်က နည်းနည်း အာရုံ မကပ်သေးချေ။ ထို့ကြောင့် အသိပြန်မဝင်သေးပါပေ။

“ဒါပေမဲ့ မင်းက ငါ့ကို အတင်းဖိထားတာနော်”

ချန်းရန်ကလည်းမျက်လုံးဖြင့် အမူအရာပြသည်။ မုရှောင်းနွမ်က ငုံ့ကြည့်သောအခါ သူမသည် စီနီယာအစ်ကိုချန်းကို ရင်ဘတ်ဖြင့် အတင်း ဖိကပ်ထားကြောင်း သိလိုက်သည်။

“အား”

50 03

မုရှောင်းနွမ်က ရှက်ရွံ့စွာအော်ပြီး ချက်ချင်းလွှတ်ပေးသည်။ မမျှော်လင့်ထားစွာပင် သူမက ခြေထောက်ခေါက်သွားပြီး နာကျင်သွားပြန်သည်။ ထိုသို့ဖြင့် နောက်တစ်ခေါက် လဲကျလုနီးပါးဖြစ်သွားသည်။

လက်စသတ်တော့ အခု ခုန်လိုက်တဲ့အချိန်မှာ ဖိနပ်ပါးက လွင့်သွားပြီး အဝေးရောက်သွားတာကိုး နောက်ပြီး အခု ကျောက်စရစ်ခဲပေါ် ဖိမိလိုက်တော့ မနာမှပဲ ထူးဆန်းတော့မှာ။

“သတိထားလေ”

ထိုအချိန်တွင် ချန်းရန်က သူမကို ခပ်မြန်မြန် ပြန်ဆွဲလိုက်သည်။ ဒီတစ်ကြိမ်တွင်မူ ချန်းရန်ဖက်က ပွေ့ဖက်ခြင်းဖြစ်သည်။

သူမ၏ သေးသွယ်သော ခါးကို ကိုင်ထားသောအခါ ထိုခါးလေးက နူးညံ့ပြီး အရိုးမဲ့သလိုမျိုး အိစက်နေကြောင်း သိလိုက်သည်။ သို့သော် ချန်းရန်သည်လည်း ထိုကောင်မလေးက မည်သည့်အတွက်ကြောင့် ထိုမျှအထိ ပိန်နေမှန်း နားမလည်နိုင်ပေ။

“ငါ့ခြေထောက်ကို နင်းလိုက်”

သို့သော် ချန်းရန်က ကိစ္စအများကြီး တွေးနေခြင်း မရှိပေ။ သူသည် မုရှောင်းနွမ်အား သူ၏ခြေထောက်ပေါ်သို့ တက်နင်းစေလိုက်သည်။

“ဟင့် နာတယ်”

မုရှောင်းနွမ်က သူပြောသည့်အတိုင်း လုပ်သည်။ သို့သော် နာကျင်မှုက ချက်ချင်းပြန်ရောက်လာပြီး မျက်လုံးကိုပင် မျက်ရည်ဝဲသွားစေသည်။

“နာလိုက်တာ ခြေဖဝါးတစ်ခုလုံး ရဲသွားပြီထင်တယ်”

“မင်းက သတိမဲ့လိုက်တာ”

ချန်းရန်က ခါးသီးစွာရယ်သည်။ ခေါင်းကိုလည်း ခါ၏။

ဒီကောင်မလေးက တကယ်ကို ပါရမီရှိတာ ဖိနပ်ပါးကိုတောင် လွှင့်ထွက်သွားစေလိုက်တယ်။ သူ့ကြောင့်သာ မဟုတ်ရင် အခု ခြေဗလာနဲ့ ရပ်နေရတော့မှာ။

“ငါ….ငါဘယ်လိုလုပ်ရမလဲ”

ထိုကောင်မလေးက ချန်းရန်၏ ခြေခုံပေါ်တွင် နင်းထားပြီး ရှက်ရွံ့စွာမေးသည်။

သူ၏ ကိုယ်ပိုင်ခြေထောက်နှင့် နှိုင်းယှဉ်သော် ထိုကောင်မလေး၏ ခြေထောက်က အလွန်သေးပြီး နုနယ်သည်။ သူမ၏ ခြေချောင်းလေးများက အလွန်လှပသည်။ သူ၏ ခြေခုံကြီးပေါ်သို့ တက်နင်းထားသောအခါ သူမ၏ နုနယ်ကာ သေးသွယ်ပြီး နွေးထွေးသော ထွေးပွေ့မှုက လူအများ၏ နှလုံးသားကို အခုန်နှုန်းမြန်ဆန်စေသည်။

“ဖြည်းဖြည်းလုပ် ငါ တစ်လှမ်းလှမ်းရင် မင်းက လိုက်လှမ်း”

ထိုဖိနပ်ပါးက ချန်းရန်၏ အရှေ့ဖက် ခြေလှမ်းအနည်းငယ် အကွာတွင်သာ ရှိသည်။ ချန်းရန်ကလည်း ယခုလို ရှေးဦးမူလ နည်းလမ်းအတိုင်း ကူညီပေးရန် ဆုံးဖြတ်ထားသည်။

“အိုး”

မုရှောင်းနွမ်က လိမ်လိမ်မာမာလေး ခေါင်းငြိမ့်သည်။ ပြောရမည်ဆိုလျှင် သူမဟာ ချန်းရန်ပြောသမျှကို အလိုလျောက် နာခံပြီးသားဖြစ်သည်။ သူမသည်လည်း စီနီယာအစ်ကိုချန်း၏ နံဘေးတွင် ရှိနေသောအခါ ပြင်းထန်သော ယုံကြည့်မှုကို ခံစားရသည်။

“လာ…လာ..လာ…လာ ၁…၂…..၃ သွား”

ချန်းရန်က ထိုသို့ရွေ့ပေးသည်။ နံပါတ်စဉ်ခေါ်ပေးသည်။ ထို့နောက် သူမကို ဦးဆောင်ပြီး ဒဏ်ရာရနေသော ကောင်မလေးတစ်ယောက်ကို ဦးဆောင်နေသကဲ့သို့ လှုပ်ရှားမှုများက ညင်သာလွန်းသည်။ သူတို့သည် ကောင်းမွန်စွာ လှုပ်ရှားပြီး ဖိနပ်ပါးရှိရာသို့ ရောက်သွားသည်။

ဝုဖ်

ထိုအချိန်တွင် နံဘေးတွင် လှဲကာ နေပူစာလှုံနေသော မန်ထုံက ရုတ်တရပ် ခေါင်းမော့လာသည်။ ထိုနေရာမှ လှုပ်ရှားမှုကို မြင်သည်နှင့် တစ်ချက်အော်ပြီး အပြေးလိမ့်လာသည်။

ဝုဖ် ဝုဖ်

50 04

သူက ပျော်နေသောကြောင့် ဖြစ်လောက်သည်။ ထိုကောင်လေးက အမြှီးကို ယမ်းခါပြီး ပြေးလာကာ လူနှစ်ယောက်၏ အနားသို့လာကာ လျှာကို ထုတ်ပြသည်။

“ဘာလာ လုပ်တာလဲ သွားသွားသွား ဟွန့် ရွံစရာ”

မုရှောင်းနွမ်က အလွန်ဒေါသထွက်နေသေးသည်။ ထိုကောင်စုတ်က သူမကို ဒုက္ခလာလာပေးတတ်သည်။ ထို့နောက် မန်ထုံက သူမ၏ ခြေထောကို လျှက်ရန် အပြေးလာသောအခါ မုရှောင်းနွမ်က လန့်သွားပြီး မျက်နှာက ဖြူစုတ်လာသည်။

“အာဝု ဝု”

မန်ထုံက ပြေးသည်။ သူက စိတ်လှုပ်ရှားနေ၏။ ထို့နောက် လောကသစ်တစ်ခုကို ရှာတွေ့သကဲ့သို့ ဖြစ်သွားသော်လည်း မုရှောင်းနွမ်ကမူ သူ့ကို နှစ်ကြိမ်ခန့် ကန်သည်။ ထိုကောင်လေးကမူ အနားမကပ်လာတော့ပေ။

“ခွေးတွေက နံတာတွေကို ကြိုက်တယ်တဲ့”

ချန်းရန်က တစ်စုံတစ်ရာကို မှတ်မိပြီးပြောသည်။

“မင်းရဲ့ ခြေထောက်က နံနေလို့ဖြစ်မှာပေါ့”

“မဖြစ်နိုင်တာ”

မုရှောင်းနွမ်၏ လှပသော မျက်နှာက မဲသွားသည်။

“ငါက တအားမွှေးတာ ဘယ်လိုကြောင့် နံရမှာလဲ။”

“တကယ်လို့ စီ…စီနီယာအစ်ကိုချန်းက နံနေတာ ဆိုရင်ရော”

မုရှောင်းနွမ်က အလေးနက်ထားပြီး ပြောသည်။ .

ထိုအချိန်တွင် မန်ထုံက မုရှောင်းနွမ်၏ တကွဲတပြားစီ ကျနေသော ဖိနပ်ပါးကို သွားနမ်းကြည့်သည်။ ထို့နောက် အသစ်အစမ်းတစ်ခုကို ရှာတွေ့သွားသကဲ့သို့ စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်ပြီး ဖိနပ်ပါးကို ကောက်ယူကာ ထွက်ပြေးသည်။

“ဟေ့”

မုရှောင်းနွမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။

ငါ့ဖိနပ်ပါးကို ယူသွားတယ်။

“ချန်း…ချန်းကောကော ငါ..ငါ မဟုတ်…”

မုရှောင်းနွမ်က ခေါင်းကို တောင့်တင်းစွာ လှည့်ပြီး အားနည်းစွာ ပြောသည်။

“သူ သူ့နှာခေါင်း ပျက်နေတာ ဖြစ်မှာ”

******

All Chapters