အခန်း ၅၁
Vol. 6 Ch. 51
51 01
အပိုင်း (၅၁)
“ဖိ…ဖိနပ်ပါး မရှိတော့ဘူး ဆိုတော့ ဘယ်လိုလုပ်ရမလဲ”
မုရှောင်းနွမ်က ရှက်ရွံ့သွားပြီး အကြောင်းအရာကို ပြောင်းရန် ကြိုးစားသည်။ သူမ၏ ခြေထောက်က နံနံ မနံနံ ထိုအကြောင်းကို ဆက်မပြောနိုင်တော့ပေ။
အဲ့ဒီလိုမှ မဟုတ်ရင် အနာဂတ်မှာ လူတွေကို ဘယ်လို ရင်ဆိုင်ရမှာလဲ။
“ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ မင်းပြောလေ”
ချန်းရန်က ထိုကောင်မလေးကို စိတ်ဝင်တစားကြည့်သည်။ သူသည်လည်း သိသည်။ သို့သော် ထုတ်မပြောခဲ့ပေ။ ထိုကောင်မလေးကို ကိုယ်တိုင် ပြောခိုင်းသည်။
“ငါ…ငါ…ငါ အဖက်ခံချင်တယ်”
မုရှောင်းနွမ်က ချက်ချင်းပြောလိုက်သည်။ ကြောင်သူတော် လုပ်နေစရာ အကြောင်းမရှိပါပေ။ သူသည်ချန်းကောကောနှင့် နီးကပ်အောင် လုပ်ရမည် ဆိုကတည်းက တုန့်ဆိုင်းမနေဘဲ လုပ်နိုင်သည်။
“မင်း ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းပြောနိုင်ပါအုံးမလား”
ချန်းရန်ကပင် သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။
ဒီကောင်မလေးကလေ။
အရည်ရွှမ်းတဲ့ မျက်လုံး စိတ်ဆန္ဒ အပြည့်ရှိနေတဲ့ အကြည့်နဲ့ တအားကို သိသာတယ်။
“ဘာဖြစ်လို့လဲ”
မုရှောင်းနွမ်၏မျက်လုံးက ကြယ်ကောင်းကင်အလား တောက်ပနေသည်။ သူမက လက်ကိုပင် ဆန့်ထုတ်ကာ ချန်းရန်၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်သည်။
“ဘာလုပ်တာလဲ”
ချန်းရန်က မှင်သက်သွားသည်။ ဘာလို့ လာဖက်တာလဲ။
“ဒါကတင် သိသာတာ မဟုတ်ဘူးလား”
မုရှောင်းနွမ်ကလည်း ချန်းရန်၏ ရင်ဘတ်ထဲတွင် ခေါင်းကို မြုပ်လိုက်ရင်း ရှက်ရွံ့စွာနှင့် ပြောသည်။
“ဒီအပြုအမူက စကားတွေထက် ပိုပြီး မသိသာနိုင်လို့လား”
ချန်းရန်က ထိုကောင်မလေးကို မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီလိုက်သည်။ အဖြူရောင် ကျောက်စိမ်းခြေထောက်လေးက အပြင်ဖက်တွင် ယမ်းလျှက် ပါသွားသည်။ ထိုကောင်မလေးက ချန်းရန်၏ လည်တိုင်ကို ဖက်ထားသည်။ ဖုန်းကို ထုတ်သည်။ ထို့နောက် ကျွမ်းကျင်စွာနှင့် ဓာတ်ပုံ တစ်ပုံကို ရိုက်သည်။
ကလစ်
စံအိမ်သို့ ပြန်ရောက်သောအခါ ချန်းရန်က ထိုကောင်မလေးကို ခြံဝန်းထဲရှိ မြေပြင်ပေါ်သို့ ချသည်။ သစ်သားကြမ်းပြင်က အလွန်သန့်ရှင်းသည်။ ထို့ကြောင့် တိုက်ရိုက်တက်နင်း၍ ရသည်။ နံဘေးတွင်လည်း သူမလှဲချ၍ရသော ဝါးကုလားထိုင်လေး ရှိသည်။
“ထုတ်လုပ်ရေးအသင်းကနောက်တစ်ပတ်ဆိုရင် ဒီကိုရောက်မှာ ဒီအတောအတွင်းတော့ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် သတိထားနော်”
ချန်းရန်က သတိပေးသည်။ ထိုကောင်မလေးက တစ်ခါတလေ သတိမဲ့လွန်းပြီး အလျှင်စလို ထိခိုက်မိတတ်သည်။ ဒီအချိန်အတောအတွင်းအင်အား အကုန်မခံသင့်ပေ။
“အင်း သိပါပြီ ဟန်နီ”
မုရှောင်းနွမ်က ဆိုးသွမ်းသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီးထွက်သွားသော ချန်းရန်ကို ကြည့်သည်။
“ဖြစ်နိုင်ပါ့မလား ငါ့ရဲ့ခြေထောက်က တကယ်နံလို့လား”
51 02
မုရှောင်းနွမ်က ထိုအလှုပ်ကုလားထိုင်ပေါတွင် လှဲနေရင်း အချိန်တခုကြာအောင် တုံ့ဆိုင်းသွားသည်။ ထို့နောက် သူမ၏ လက်များဖြင့် ခြေထောက်ကိုဆွဲယူကာ ကိုယ်ကို ငုံ့ကိုင်းပြီး နှာခေါင်းနားကပ်ကြည့်သည်။
“ဟင် ထူးဆန်းလိုက်တာ မနံသလိုပါပဲ။ တော်တော်လေးလည်း မွှေးပါတယ် လိုးရှင်းအနံ့ပဲ”
မုရှောင်းနွမ်က ထိုအနံ့က ယစ်မူးသွားသည်။ အနံ့က ကောင်းလွန်းသဖြင့် နှစ်ကြိမ်ခန့်ပင် အနံ့ရှူကြည့်သေးသည်။ ထို့နောက် ယစ်မူးသောအမူအရာ ပေါ်လာသည်။
“ရှောင်းနွမ်”
ထိုအချိန်တွင် ယန်ရွှယ်က အပြင်သို့ထွက်လာခြင်းဖြစ်သည်။ သူမက ခရီးဆောင်အိတ်ကို ဆွဲလာပြီးပြန်ရန် ကြံစည်နေခြင်းဖြစ်သည်။ သို့ရာတွင် မုရှောင်းနွမ်၏အခြေအနေကို မြင်လိုက်ပြီး ရုတ်တရပ် မျက်လုံးပြူးသွားကာ တအံ့တဩအော်သည်။
“ဘုရားရေ နင် ဘာလုပ်နေတာလဲ”
“အား”
မုရှောင်းနွမ်က လန့်သွားသည်။ ခြေထောက်ကို ချက်ချင်း ပြန်ချလိုက်ပြီး ချက်ချင်းပြန်ထထိုင်သည်။ အဝတ်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပြီး ခပ်မတ်မတ်ထိုင်သည်။ ထို့နောက် ရောက်လာသော လူကို ကြည့်ကာ ရယ်လိုက်သည်။
“လက်စသတ်တော့ ယန်ရွှယ်ကိုး ဘာဖြစ်လို့လဲ”
သူမက ထိုသို့ပြောပြီးနောက် ယန်ရွှယ်ရှိရာသို့ အပြုံးနှင့်သွားသည်။
“နင်…နင်ဘာလုပ်တာလဲ”
ယန်ရွှယ်၏ နှလုံးသားက အကြောင်းပြချက်မရှိ အခုန်နှုန်း မြန်သွားသည်။ ရုတ်တရပ်ဆိုသလို အလွန်မကောင်းသော ခံစားချက်ကို ရပြီး ခြေလှမ်းအနည်းငယ် ခန့်နောက်ဆုတ်သည်။
“ရှောင်ရွှယ်အာ ဒီကိုလာပါအုံး ငါနင့်ကို လျှို့ဝှက်ချက် ပြောပြချင်လို့”
မုရှောင်းနွမ်သည် ပြင်းထန်သော အပြုံးမျိုး ရှိနေသည်။ သူမက ပြုံးနေရင်း ယန်ရွှယ်၏ အနားသို့ ဖြည်းဖြည်းချင်းစီ ကပ်လာသည်။ ယန်ရွှယ်က ဆက်တိုက်ဆိုသလို နောက်ကို ဆုတ်နေ၏။ မုရှောင်းနွမ်၏ အပြုံးက အလွန်အမင်း ဆိုးယုတ်သည်ဟု ခံစားနေရသည်။
“မလာနဲ့နော် နင် ထပ်လာမယ်ဆိုရင် ငါအော်တော့မှာနော် ရပ်ရပ် ရပ် အား”
ယန်ရွှယ်က အမှန်တကယ် အော်သည်။ သတ်ဖြတ်နိုင်စွမ်းအားမရှိသော မုရှောင်းနွမ်ကလည်း မည်သည့်နေရာကမှန်းမသိ အင်အားတွေရလာကာ အပြေးအလွှားလာပြီး သူမကို ဖိချသည်။
“ဘာလုပ်တာလဲ မုရှောင်းနွမ်က ရူးနေလား”
ယန်ရွှယ်က အဖိခံလိုက်ရပြီးနောက် ရုန်းကန်သည်။ သို့သော် မုရှောင်းနွမ်က စိတ်ကို ဆုံးဖြတ်ချက်ချထားပြီး သူမကို တောက်လျှောက်ဖိထားသည်။
“ငါ့ကိုပြောစမ်း ဟမ် နင်အခု ဘာမြင်လိုက်လဲ”
မုရှောင်းနွမ်က ယန်ရွှယ်ကို ကလိထိုးပြီး အသက်ရှူရပ်မတတ် ရယ်မောစေသည်။ သူမ၏ တစ်ကိုယ်လုံးက ပျော့ခွေသွားသည်။
“အကျင့်မကောင်းတဲ့ ရှောင်းနွမ် နင့်မှာ သတ္တိရှိရင် ငါ့ကို ကလိမထိုးနဲ့စမ်း။ အား မလုပ်နဲ့”
မမျှော်လင့်ထားစွာပင် အပြန်အလှန်အနေဖြင့် ရှောင်းနွမ်၏ က်အရှိန်နှုန်းက ပို၍ တိုးလာသည်။ ယန်ရွှယ်က လုံးဝကို ရှုံးသွားသည်။
“ငါပြောပြမယ်”
ယန်ရွှယ်က အညံ့ခံပြီး အမောတကော အသက်ရှူနေသည်။
“ငါ နင့်ယောက်ျားကို မပြောပါဘူး။ မုရှောင်းနွမ်ရဲ့ ပုံမှန်အားဖြင့် မုရှောင်းနွမ်က ခြေထောက်ကို အညံ့ခံတတ်တဲ့ အကျင့်မရှိပါဘူး။ ဒါပေမဲ့ ခြေထောကိုပဲ လျှက်တတ်တာပါလို့လေ ဟားဟား ဟား”
“ယန်ရွှယ်”
မုရှောင်းနွမ်က ဒေါသထွက်သွားသည်။
51 03
“ငါတို့ စာရင်းရှင်းရမယ် စာရင်းအဟောင်းကော အသစ်ကော”
ယခင် ဗီဒီယိုတွင် တစ်ဖက်သူက သူမကို လှည့်ဖြားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်လည်း ခြေထောက်ကို လျှက်ရသည်အား သဘောကျသည်ဟု စွပ်စွဲပြန်သည်။ လက်မခံနိုင်စရာပေ။
“နင် ဘာလုပ်တာလဲ”
မုရှောင်းနွမ်က အံကို ကြိတ်ကာ သွားကို ဖြဲထားပြီး အံကြိတ်ထားချိန်တွင် ရုတ်တရပ် အနောက်ဖက်မှ ပဟေဠိ ဖြစ်နေပုံရသော အသံက ထွက်လာသည်။ ချန်းရန်က ပြန်ရောက်လာခြင်းဖြစ်သည်။
“အာ”
မုရှောင်းနွမ်က တအံ့တဩ အော်သည်။ သူက ချက်ချင်းဆိုသလို ယန်ရွှယ်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် ကိုးရိုးကားရားဖြစ်သလို ရပ်နေရင်း အရှေ့မှ ချန်းရန်ကို ကြည့်သည်။ သူမ၏ မျက်နှာက နီရဲကာ ရှက်နေပြီး မျက်နှာပူသွားသည်။ နှလုံးသား သေးသေးလေးကပင် အခုန်နှုန်းမြန်ဆန်လာပြန်သည်။ သူမသည် ရှက်အားပိုသွားသည်။
စီနီယာ…စီနီယာအစ်ကိုချန်းက တွေ့သွားပြန်ပြီ။
“ဟေး ကျွတ် ကျွတ် ရှောင်းနွမ် စကားကောင်းကောင်း ပြောရအောင်”
ယန်ရွှယ်က နှာခေါင်းကို တစ်ချက် အုပ်ရင်း ငန်းတစ်ကောင်ကဲ့သို့ ရယ်သည်။ ထို့နောက် မုရှောင်းနွမ်အား ရည်မှန်းချက်ကြီးသော အကြည့်မျိုးပေးပြီး ခရီးဆောင်အိတ်ကို ယမ်းပြသည်။
“ဆရာသခင်ချန်း ငါတို့ရှောင်းနွမ်ကို ကောင်းကောင်းဂရုစိုက်နော်။ ငါလည်း သွားတော့မယ်”
“ရှောင်းနွမ် မဆိုးနဲ့နော်။ ပြန်ပြီး ခြေထောက် သေချာဆေးအုံး ခြေထောက် လျှက်မနေနဲ့”
ယန်ရွှယ်က မထွက်သွားသေးခင် မျက်နှာ တစ်ခုကိုလုပ်ကာ လှောင်ပြသွားပြီးနောက် စသွားသေးသည်။
“အာ…အကျင့်မကောင်းတဲ့ရှောင်ရွှယ် ပေါက်ကရတွေ မပြောနဲ့”
မုရှောင်းနွမ်က ဒေါသထွက်သွားသည်။
သွားပြီး သွားပြီ စီနီယာအစ်ကိုချန်းရဲ့ အရှေ့မှာ သူမရဲ့လှပတဲ့ ပုံရိပ်က ပျက်ဆီးသွားပြီ။
“မင်း တကယ် လိုက်မပို့ဘူးလား”
ချန်းရန်က သူမကို ပြုံး၍ ကြည့်သည်။ အစောပိုင်းအခြေအနေကြောင့်လည်း မုရှောင်းနွမ်ကို ဘာမှ ပြောလိုစိတ်မရှိပါပေ။
“ဟွန့် ဒီလိုမျိုးပလပ်စတစ် ညီအစ်မ ဆက်ဆံရေးမျိုး ပြနေမှတော့ ဘာလို့ လိုက်ပို့ရမှာလဲဟွန့်… တစ်ယောက်တည်းသွားပါစေ”
မုရှောင်းနွမ်က လက်ကိုပိုက်၍ ဒေါသတကြီးပြောသည်။
“ချစ်စရာကောင်းပြီး ကြမ်းတမ်းတာ”
ပြောရမည်ဆိုလျှင် ယန်ရွှယ်နှင့် သူမက ဝေးကွာသော ဆွေမျိုးဖြစ်သည်။ နှစ်ယောက်လုံးက တစ်ချိန်တည်း တူတူမွေးကြသည်။ သူမက နောက်ကျမှ မွေးသည်။ သို့ရာတွင် တစ်ဖက်သူကမူ သူမအား ကျဲကျဲဟု ခေါ်ခိုင်းရခြင်းကို သဘောကျသည်။ ငယ်ရွယ်ချိန်တွင်လည်း တစ်ကုတင်တည်းတွင် အိပ်သော သူငယ်ချင်းကောင်းများ ဖြစ်သည်။ သို့ရာတွင် အရွယ်ရောက်လာသည်နှင့်အမျှ တစ်ယောက်က ဆိုးသွမ်းကာ တက်တက်ကြွကြွ နေတတ်သလို အခြားတစ်ယောက်ကလည်း ဝမ်းတွင်းမဲ ဘုရင်မ ဖြစ်သည်။ သူတို့သည် ဆင်တူသော စိတ်နေသဘောထားမျိုးရှိပြီး မကြာခဏဆိုသလို ရန်စကား များတတ်သည်။ သို့သော် စိတ်ထဲတွင်မူ တစ်ယောက်ကိုယ် တစ်ယောက် တွေးပေးတတ်လေသည်။
သို့သော် ယခုလိုမျိုး ယန်ရွှယ်ပြောသော စကားကို တွေးမိသောအခါ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြောသွားခြင်း ဖြစ်ကြောင်း တွေးမိလိုက်ခြင်းဖြစ်သည်။ မုရှောင်းနွမ်ကလည်းအ လွန်အမင်း ဒေါသထွက်သွားပြီး စကားမပြောချင်တော့ပေ။
“ကြည့်ရတာ မင်းတို့နှစ်ယောက်က ဆက်ဆံရေးကောင်းတာပဲ”
51 04
မုရှောင်းနွမ်က ထိုသို့ပြောသော်လည်းချန်းရန်က ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူက မုရှောင်းနွမ်ကို လှည့်ကြည့်သည်။
“တကယ်မပို့တော့ဘူးလား။ ဒီနေရာက မြို့နဲ့တော်တော်ဝေးသေးတယ်နော်”
မုရှောင်းနွမ်က တုံ့ဆိုင်းသွားသည်။ တခဏခန့် ရုန်းကန်ပြီးနောက် နှုတ်ခမ်းကို မဲ့လိုက်ကာ ဘာကိုမှ မပြောတော့ပေ။
ချန်းရန်က သူမကို ကြည့်ပြီး တိတ်တဆိတ် ထွက်သွားသည်။ သူယခုလေးတင် ထုတ်လာသော sneaker ကိုချပေးပြီး သူမကို နံဘေးမှ ကုလားထိုင်ပေါ်သို့ ခေါ်သွားပေးလိုက်သည်။
“ထိုင်”
အာ…
မုရှောင်းနွမ်က နည်းနည်းစိတ်ရှုပ်သွားသည်။ ချန်းကောကော၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။ သို့သော် လိမ်လိမ်မာမာလေး ထိုင်လိုက်သည်။ ထို့နောက် တစ်ခဏတွင် ခပ်တိုးတိုးပင် အော်မိသွားသည်။ အကြောင်းမူကား ချန်းရန်က သူမရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခြေထောက်ကိုကိုင်၍ ခြေအိတ်ကို စွပ်ပေးကာ ဖိနပ်ပါး ဝတ်ပေးနေသောကြောင့် ဖြစ်သည်။
“ချန်း…ချန်း ချန်းကောကော မလုပ်ပါနဲ့”
မုရှောင်းနွမ်က ရှက်သွားသည်။ သူမ၏ ခြေဖဝါးက အထိမခံနိုင်သော နေရာဖြစ်သည်။ အခုလို အထိခံရသည်နှင့် ခြေထောက်က ချက်ချင်းဆိုသလို ယားယံလာတတ်သည်။ ရုတ်တရပ်ဆိုသလို တစ်ကိုယ်လုံးမှ အမွှေးများကပင် ထောင်တက်သွားသည်။ သူမက မနေနိုင်ဘဲ အသက်ရှူအောင့်လိုက်ကာ အသက်ရှူရပင် ခက်လာသည်။
“မင်းသွားချင်ရင် သွားလေ မင်းတုံ့ဆိုင်းနေမယ်ဆိုရင် နှလုံးသားမှာ အထုံးဖြစ်လာလိမ့်မယ်”
ချန်းရန်က ဖိနပ်ကို ဝတ်ပေးသည်။ ပြောရမည်ဆိုလျှင် သူသည်လည်း သူမအတွက် ဆုံးဖြတ်ချက် ချပေးလိုက်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက မုရှောင်းနွမ်က စိတ်မကောင်း ဖြစ်သွားပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ထိုနှစ်ယောက်ကလည်း မမြင်ရသော ဆက်ဆံရေးအကြောင်းကိုပင် မသိလောက်ပေ။ ပြောရမည်ဆိုလျှင် သူတို့သည် တစ်ယောက်ကို တစ်ယောက် ယုံကြည် အပ်နှံထားပြီးသူများ ဖြစ်နေသည်။
ညီအစ်မ အရင်းအခြာများထက်ပင် ရင်းနှီးသော ဆွေမျိုးများဖြစ်သည်။ မုရှောင်းနွမ်က တုံ့ဆိုင်းနေချိန်တွင် ချန်းရန်က သူမအား ကူညီကာ တိုက်ရိုက်အကျဆုံး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို အချိန်မှီချပေးသည်။
ဒါက အချစ်စစ်။
“အင်း သွားလိုက်မယ်”
ချန်းရန်က ဖိနပ်ကြိုးကို ချည်ပြီးသည်နှင့် မတ်တပ်ထရပ်ကာ မုရှောင်းနွမ်ကို ကြည့်ပြီး ပြုံးသည်။
“ဆိုတော့ အရမ်းမနောက်ကျနဲ့နော်”
“အိုး”
မုရှောင်းနွမ်က ခေါင်းကို ငုံ့ရင်း ရှက်ရွံ့နေသည်။ ထို့နောက် ရုတ်တရပ် သူမရှူနေသော လေကပင် ချိုမြိန်သလို ခံစားရသည်။
“နေအုံး”
မုရှောင်းနွမ်က မတ်တပ်ထရပ်ကာစ အချိန်တွင်ပင်ချန်းရန်က ရုတ်တရပ် လှမ်းခေါ်သည်။ သူက နည်းနည်း တုံ့ဆိုင်းနေပုံရသည်။ ပြောသင့်မပြောသင့် စဉ်းစားနေပုံရသည်။
“ဟင် ချန်းကောကော ဘာဖြစ်လို့လဲ”
မုရှောင်းနွမ်က ချိုမြိန်မှုထဲတွင် နစ်မြောနေသေးသည်။
“မင်းရဲ့ခြေထောက်က လှတယ်”
ချန်းရန်က ချောင်းအသာဟန့်ပြီး ရိုးသားစွာ ပြောသည်။ သူသည် တစ်စုံတစ်ယောက်ကြောင့် ရှက်ရွံ့နေသည်လား တစ်စုံတစ်ရာကို တွေးမိနေသောကြောင့်လားမသိ ချက်ချင်းဆိုသလို ကျောပေးလိုက်သည်။
51 05
“ဒါပေမဲ့ ခြေထောက်က ဘယ်လောက်ပဲ လှလှ ခြေထောက်ကို လျှက်တတ်တဲ့အကျင့်ကိုတော့ ဖျောက်တာကောင်းမယ်။ အဲ့ဒီလိုမှ မဟုတ်ရင်လည်း ရေဆေးပြီးမှ လျှက်ရင်လည်း မနောက်ကျသေးပါဘူး”
“အာ မဟုတ်ဘူး မဟုတ်ဘူး”
မုရှောင်းနွမ်က အထိတ်တလန့်ဖြစ်သွားပြီး မတရားစွပ်စွဲခံရသလို ပြောသည်။
“ငါ…ငါ ဘာကိုပဲ လျှက်လျှက် ခြေထောက်ကိုတော့ မလျှက်ပါဘူး။ ရှောင်ရွှယ်က တမင်တကာပြောတာ သူပြောတာ မယုံနဲ့”
“တော်သေးတာပေါ့”
ချန်းရန်က စိတ်အေးသွားသလိုမျိုးပြောသည်။ သို့သော် စိတ်ထဲတွင် သတိအပြည့် ကပ်ထားသေးသည်။
“ဒါဆိုရင် ဘာကို လျှက်ရတာ သဘောကျတာလဲ”
******