← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

52 01

အပိုင်း (၅၂) မုရှောင်းနွမ်က အဝတ်ကို စမ်းဝတ်ကြည့်တယ်။

“ငါ…”

မုရှောင်းနွမ်ကပင် ထိုမေးခွန်းကြောင့် ထစ်အသွားသည်။ သူမက ရုတ်တရပ် ဉာဏ်ကောင်းသော အတွေးတစ်ခုကို ရလိုက်ကာ မျက်ဝန်းက တောက်ပသွားပြီး ပြောသည်။

“စုတ်လုံးကို ထည့်တွက်လို့ရလား။ ငါ နာရီဝက်လောက် လျှက်နိုင်တယ်”

“မင်းက ဒီလောက် အသက်ကြီးနေပြီ စုတ်လုံး စားတုန်းလား”

“စုတ်လုံးက အရသာရှိတယ်လေ ချန်းကောကောရဲ့ နောက်တစ်ကြိမ်ကျရင် ငါ့ကို ပေးပေါ့”

“မင်းစားချင်ရင် ကိုယ့်ဘာသာကိုယ်ယူလေ”

“ငါက ချန်းကောကောပေးတာပဲ စားချင်တာကို”

“ကောင်းပြီ ကောင်းပြီ မြန်မြန်လုပ် ပို့ပြီးတာနဲ့ မြန်မြန် ပြန်လာခဲ့”

ချန်းရန်ကလည်း ထိုကောင်မလေးနှင့် ပြောနေသည့်စကားက တစ်စုံတစ်ရာ မှားယွင်းလာကြောင်း ခံစားလိုက်ရသည်။ ထိုအတိုင်းသာ ဆက်ပြောနေမည်ဆိုပါက တစ်စုံတစ်ရာ ဖြစ်လာမည်ကို ကြောက်ရသည်။ ထို့ကြောင့် သူသည်လည်း အကြောင်းအရာကို ခပ်မြန်မြန် ရပ်လိုက်ပြီး မုရှောင်းနွမ်ကို မောင်းထုတ်လိုက်သည်။

“ရေး”

မုရှောင်းနွမ်က စိတ်အခြေအနေ ကောင်းမွန်စွာနှင့် တုန့်ပြန်ကာ ဖြေဆိုပြီးနောက် ယန်ရွှယ်၏ အနောက်မှ လိုက်သွားသည်။

“ဒီကောင်မလေးကတော့”

သူမ၏သေးသွယ်သောကျောပြင်ကို ကြည့်နေရင်းမှ သူသည်လည်း လက်ထဲမှ ပရိုဂရမ်အသင်းမှ ပို့ထားသည့် ဖိတ်ကြားစာကို ပြန်ကြည့်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် သိသာထင်ရှားသော အပြုံးက ပေါ်လာသည်။

“သူမက ဒီလောက်မြန်မြန် သဘောတူလိုက်မယ်လို့ မထင်ထားဘူး”

ချန်းရန်က ခပ်တိုးတိုးရေရွတ်သည်။

မုရှောင်းနွမ်က ဒီနေရာက ထွက်မသွားချင်ဘူး။ ဒါဆိုရင် ချန်းရန်ကရော ထွက်သွားစေချင်လို့လား။ ဒီလောက် စံအိမ်အကြီးကြီးကို တစ်ယောက်တည်းနေရမှာ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ။ ဒီကောင်မလေးရှိမှ စကားပြောဖော်ရမှာပေါ့။

မသိလိုက်မသိဘာသာဖြင့် ချန်းရန်သည်လည်း သူဟာ ထိုကောင်မလေး၏ တည်ရှိမှုကို အစပိုင်းတွင် သတ်မထားမိသည့် အနေ့အထားမျိုးက တဆင့် ပို၍ပင် အာရုံစိုက်မိလာသည်။ သူမသာ မရှိလျှင် အတော်လေးကို ရှင်းလင်းနေပေလိမ့်မည်။ အခုလိုပေါ့။

“ဟေး ဒါက ငါတို့ရဲ့ စံအိမ်သခင်မကြီး မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ငါ့လို တစ်ကိုယ်တော် အလှပြင်သမားနောက်ကို လိုက်လာတာလဲ”

ယန်ရွှယ်က လမ်းတဝက်တွင်ပင် မုရှောင်းနွမ်နှင့် ဆုံသည်။ သူမ၏မျက်နှာတွင် ပြင်းထန်သော အပြုံးမျိုးက ပေါ်ထွက်လာပြီး စကားများက နူးညံ့ခြင်း မရှိပေ။

“ကျွတ် ငါ လိုက်ချင်တယ်လို့များ နင်က ထင်နေလို့လား။ ငါ့ယောက်ျားက နင့်ကို ဖိတ်ခေါ်ထားတဲ့လူဆိုတော့ ငါက လုံလောက်အောင် ကြင်နာပြီး နင့်ကို လိုက်ပို့ပေးတဲ့သဘောပေါ့”

52 02

မုရှောင်းနွမ်က နှုတ်ခမ်းဆူသည်။ သိသိသာသာကိုပင် အပေါ်ယံတွင် အလျော့မပေးလိုပေ။ သူမက ထိပ်တိုက်ရင်ဆိုင်သည်။

“ကျွတ် အဲ့ဒီ ယောက်ျားလို့ ခေါ်တာက တော်တော်လေးကို ကျွမ်းကျင်နေသလိုပဲ”

ယန်ရွှယ်က မပျော်မရွှင် ဖြစ်သလို မပြုံးတော့ချေ။ သူမက မုရှောင်းနွမ်ကို ခေါ်ပြီး သိုင်းဖက်ကာ အတိတ်မှ ရန်ငြိုးများကို ရှင်းလင်းရန် ကြိုးစားသည်။

“ကောင်းပြီ ကောင်းပြီ ငါနင့်ကို လိုက်ပို့ပေးမယ်။ ဒါပေမဲ့ ငါက ပြန်ရအုံးမှာ ငါ့ယောက်ျားက ငါ့ကို အိမ်မှာ စောင့်နေတာ”

မျက်တောင်တစ်မှိတ်အချိန်အတွင်းပင် မုရှောင်းနွမ်က ယန်ရွှယ်ကို မြို့သို့ လိုက်ပို့လိုက်သည်။ သူမက ခပ်မြန်မြန်ပြန်ရန် ကြံစည်ထား၏။ ချန်းကောကောက သူမကို အကြာကြီးစောင့်နေရင် လွမ်းနေလိမ့်မယ်။

“ပြန်လာခဲ့”

ယန်ရွှယ်က မုရှောင်းနွမ်ကို လှမ်းဆွဲထားပြီးပြောသည်။

“ငါ နင့်အစ်မက နောက်ဆုံးတော့ အချိန်အရယူပြီး ပြန်လာခဲ့တာကို နောက်ဆုံးတော့ အဖော်မပြုပေးဘူး။ နင့်ယောက်ျားဆီပဲ ပြန်ဖို့ကြိုးစားနေတယ်။ ဟွန့် နင့်ယောက်ျားက နင့်ကို ကျွန်တစ်ယောက်လို လေ့ကျင့်ပေးတာကို မခံနဲ့”

“ဖွီ ဖွီ ဖွီ ဘာတွေ ပေါက်ကရတွေ ပြောနေတာလဲ။ အကျည်းတန်လိုက်တာ”

မုရှောင်းနွမ်၏ မျက်နှာက နီရဲသွားသည်။ သူမက သူ့ကို မပျော်မရွှင် ဖြစ်သလို ကြည့်ပြီး ပြောသည်။

“ပြောစမ်းပါ နင် ဒီနေ့ ဘာလုပ်မလို့လဲ။ ငါ နင့်ကို တစ်ရက်ပဲ အဖော်ပြုပေးမှာနော်”

“နင်ပြောတာနော်”

ယန်ရွှယ်က မုရှောင်းနွမ်ကို ဆွဲခေါ်ပြီးနောက် ကားတစ်စီးပေါ်သို့ တက်လိုက်သည်။ နှစ်ယောက်က အတွင်းသို့ တိုက်ရိုက်ဝင်ကာ မြို့သို့ သွားသည်။

“ယန်ရွှယ် အတည်ပြောစမ်းပါ နင်ဘာလုပ်မလို့လဲ”

“ကျန်းနန်မြို့က ကျန်းနန် တက္ကသိုလ်ကိုပေါ့။ ငါ သင်ကြားရေးဆရာမနေရာကို လျှောက်ထားတာ အလုပ်သွားလုပ်တော့မှာပေါ့။ ငါ အလှမိတ်ကပ် အချို့လုပ်နေရင်းနဲ့ အချိန်ပိုင်းအလှ ဘလော့ဂါ လုပ်မလားလို့ စဉ်းစားထားတယ်”

“မဆိုးပါဘူး”

မုရှောင်းနွမ်က ချီးကျူးသည်။

“ငါနင့်ကို ကူညီပြီး ကြော်ငြာပေးရမလား. ငါ့မှာ ပရိသတ် သန်းငါးဆယ်တောင်ရှိတာလေ”

“အချိန်ကျလာတဲ့အခါ ငါ ငါ့ရဲ့ မတ်လေးကိုပဲ ကြေညာခိုင်းလိုက်မယ်လေ။ နင်တော့ နေပါတော့”

ယန်ရွှယ်က နှာခေါင်းရှုံ့သည်။

“လူတိုင်းကလည်း နင့်ရဲ့ ပရိသတ်တွေ ဘယ်ကလာလဲ သိနေတာပဲ”

“နင်”

နှစ်ယောက်က ကားထဲတွင် ရန်ဖြစ်ကြပြန်သည်။

52 03

“နင်ငါ့ကို ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ”

ကားပေါ်မှ ဆင်းပြီးနောက် သူတို့နှစ်ယောက်က ကြီးမားလွန်းသော ရှော့ပင်းစင်တာကြီးသို့ ရောက်ရှိလာသည်။ ယန်ရွှယ်က မုရှောင်းနွမ်ကို အဝတ်ဆိုင်သို့ ခေါ်သွားသည်။

“ဝယ်ဖို့ ဝယ်ဖို့ ဝယ်ဖို့ပေါ့”

ယန်ရွှယ်က စိတ်လှုပ်ရှားစွာပြောသည်။

“ငါ ရှော့ပင်မထွက်ရတာ တော်တော်ကြာနေပြီ။ ဒီနေ့တော့ ကောင်းကောင်းကို ရှော့ပင် ထွက်ပစ်လိုက်မယ်. စကားမစပ် ငါနင့်ကိုလည်း အဝတ်နည်းနည်းဝယ်ပေးမယ်လေ။ နင့်ယောက်ျားအတွက်ပေါ့”

“ဟီးဟီး ကောင်းပြီ ကောင်းပြီ”

မုရှောင်းနွမ်၏မျက်ဝန်းက ချက်ချင်းတောက်ပသွားသည်။ သူမသည် အဝတ်အစား မဝယ်ရသည်မှာ ကြာပြီ ဖြစ်သည်။ ယန်ရွှယ်၏ အမြင်ကလည်း ကောင်းလေသည်။ ဆိုတော့ အဝတ်နည်းနည်း ဝယ်ခိုင်းရမယ်။

“ဒီတစ်ခု စမ်းကြည့်”

ယန်ရွှယ်က မုရှောင်းနွမ်အတွက် သေးငယ်သော ဝတ်စုံလေး တစ်စုံကို ရွှေးပေးသည်။ ထိုကောင်မလေးက ထိုအင်္ကျီကြောင့် ပို၍ပင် တောက်ပသွားသည်။

“အင်း ဒါက အပ်ပေါက် မလိုဘူး”

မုရှောင်းနွမ်က ထိုဝတ်စုံသည် သူမ၏ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်ကြောင်သိလိုက်သည်။ မသေးလွန်းမကြီးလွန်းချေ။ သူမအတွက် ကွက်တိဖြစ်သည်။ အကွေ့အကောက်များကို ပြောပြနိုင်သည်။

“ငါက နင့်ကို အဲ့ဒီလောက် ကောင်းတယ်လို့တော့ မထင်စေချင်ပါဘူး။ ဒီအတိုင်း နင့်ယောက်ျားကိုပဲ ကောင်းတယ်လို့ ထင်စေချင်တာ”

ယန်ရွှယ်က သင်ပေးသည်။

“မိန်းမတွေက ကိုယ့်ဘာသာကိုယ် ကျေနပ်အောင် ဝတ်တတ်စားတတ်ရတယ်။ ယောက်ျားတွေက ကျေနပ်ရင်တော့ ပိုကောင်းတာပေါ့”

“အဲဒါပဲ ရှောင်ရွှယ် နင်အရမ်းဉာဏ်ကောင်းတာပဲ”

မုရှောင်းနွမ်၏မျက်ဝန်းက တောက်ပသွားသည်။ သူမက ဖုန်းကို ချက်ချင်းထုတ်လိုက်ကာ မှန်ကို ကြည့်ပြီး ချန်းရန်ထံသို့ ပို့သည်။

“ချန်းကောကော ငါ့ရဲ့ ဒီဝတ်စုံကို ဘယ်လိုထင်လဲ”

ထိုအချိန်တွင် ချန်းရန်က super farm ကို အလှဆင်ရန် အလို့ငှာ အင်ဂျင်နီယာအသင်းကို ညွှန်ကြားနေချိန်ဖြစ်သည်။ ရုတ်တရပ် မုရှောင်းနွမ်၏ ဆယ်လ်ဖီပုံကို ရရှိသည်။

နုနယ်ကာ လှပပြီးချစ်စရာကောင်းသော မျက်နှာအပြင် …ကောင်းမွန်သောအချိုးအစားနှင့် ခန္ဓာကိုယ်… ဖြူဖွေးကာ နို့နှစ်ဖြူရောင် အသားအရည်…သေးငယ်သော ဝတ်စုံလေးနှင့် တွဲဖက်ထားသောအခါ အလွန်အမင်းကို ရင့်ကျက်ပုံပေါက်သည်။

“မဆိုးပါဘူး”

ချန်းရန်က စကားနှစ်ခွန်းကိုသာ ပို့သည်။ မုရှောင်းနွမ်က မြင်သည်နှင့် အပျော်လွန်သွားပြီးနောက် ထိုဝတ်စုံကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

“ကြည့် ငါ့ယောက်ျားက ကြိုက်တယ်တဲ့”

52 04

မုရှောင်းနွမ်က စိတ်လှုပ်ရှားစွာပြောသည်။

“ဘာလို့များ ငါ့ယောက်ျားအတွက် တစ်စုံလောက် မဝယ်ပေးရမှာလဲ။ ငါတို့ စုံတွဲဝတ်လို့ရတယ်လေ”

“ချဉ်လိုက်တာ… ငါနင့်ကို ခေါ်တာလာမိတာ မှားပြီပဲ”

ယန်ရွှယ်က ခေါင်းကို ခါနေသည်။ သူ၏ လေသံက ချဉ်နေသည်။ သိသိသာသာကိုပင် မုရှောင်းနွမ်နှင့် အပြုံးချင်း ဖလှယ်နေ၏။ သူမက ယန်ရွှယ်ကို အတင်းဆွဲခေါ်ကာ အဝတ်အစား ဝယ်ခိုင်းသည်။

“ဒီတစ်ခုဆိုရင် ဘယ်လိုလဲ ငါ့ယောက်ျားက ပြောတာ ကောင်းတယ်တဲ့”

“ဒီတစ်ခုဆိုရင်ရော ငါ့ယောက်ျားကို ပြရမယ်”

ထိုသို့ဖြင့် မုရှောင်းနွမ်က သူမကအတွက် အနည်းငယ်ဝယ်ပြီးချန်းရန်အတွက် ဝယ်သည်။ သို့သော် ချန်းရန်အတွက်ကမူ ပိုများများဝယ်သည်။

“အရူးမလေးပဲ”

ယန်ရွှယ်က မုရှောင်းနွမ်ဟာ ချန်းရန်အတွက် အဝတ်အစားရွေးရန်သာ အာရုံစိုက်နေကြောင်းမြင်သောအခါ ခေါင်းကို ခါလိုက်သည်။ ရုတ်တရပ် အကြံတစ်ခု ရလာသည်။

“နင်က ဒီလောက် သနားစရာကောင်းနေတာကို မြင်ရတော့ အစ်မတစ်ယောက်အနေနဲ့ နင့်ကို ထပ်ပြီး ကူညီလိုက်ပါမယ်။”

“ရှောင်းနွမ် လုံလောက်ပြီ အခြားတစ်ခုဝယ်မယ်”

“ဘာ…ဘာ ဘာဝယ်မှာလဲ”

မုရှောင်းနွမ်က အလွန်သိချင်သွားသည်။

“ဘာဝယ်စရာ ကျန်သေးလို့လဲ။ အာ”

“ငါနင့်ကို ဘာကြောင့် ဒီနေရာကို ဘာကြောင့် ခေါ်လာတာလဲ”

ယန်ရွှယ်က မမျှော်လင့်ထားစွာပင် သူမအား sexy အောက်ခံ အဝတ်အစားဆိုင်သို့ ခေါ်သွားသည်။

“ပေါက်ကရတွေ နင်က အမျိုးသားတွေရဲ့ နှလုံးသားကို နားမလည်ပါဘူး”

ယန်ရွှယ်က မုရှောင်းနွမ်ကို ဆူပူရင်း ပြောသည်။

“အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ဝတ်တတ်စားတတ်ဖို့ သင်ယူသင့်တယ်။ နောက်ပြီး အပျော်တွေလည်း လေ့လာရမှာပေါ့။ လာစမ်းပါ ဒီအစ်မက နင့်ကို နည်းနည်းရွေးပေးမယ်”

“မဟုတ်ဘူး ဒါက အရမ်းများတယ်။ ငါ မဝတ်ချင်ဘူး”

ယန်ရွှယ် သူမအတွက် ရွေးပေးသော အောက်ခံအဝတ်အစားကို ကြည့်နေရင်း မုရှောင်းနွမ်၏မျက်နှာက ရဲတက်သွားသည်။ ဘယ်လိုဖြစ်ပြီး ရှောင်ရွှယ် ဒီလို အပျက်မလေးက ဒါမျိုးတွေ ဝတ်ရတာလဲ ဟမ်။

“ဝတ်ကြည့်စမ်းပါ ။ဝတ်ကြည့်လိုက်ရုံနဲ့ အသားပဲ့ပါသွားတာမှ မဟုတ်တာ”

ယန်ရွှယ်က ရယ်နေရင်း အနက်ရောင် lace တစ်စုံအား အတင်းထည့်ပေး၍ အဝတ်လဲခန်းထဲသို့ တွန်းထည့်သည်။

“ဘာလုပ်တာလဲ…. ထွက်သွားငါ့ဘာသာငါ ဝတ်မယ်”

52 05

ယန်ရွှယ်က သူမ၏ နံဘေးနားတွင် ရှိနေခြင်းက မုရှောင်းနွမ်ကို နည်းနည်း စိုးရိမ်စေသည်။

“နင်က ဘာကို ရှက်တာလဲ ငါတို့ ရေအတူချိုးနေကျကို”

ယန်ရွှယ်က နှာခေါင်းရှုံ့ပြီး ပြောသည်။

“ငါနင့်အတွက် ဖုန်းကိုင်ထားပေးမယ်. နင်လဲပြီးသွားတဲ့အခါ ပြန်ချွတ်ဖို့မလိုဘူး ငါကြည့်ပေးမယ်”

ယန်ရွှယ်က အရင်ထွက်လာပြီးနောက် အချိန်တန်ကြာအောင် စောင့်သည်။ ထို့နောက် မုရှောင်းနွမ်၏ အသံကို ကြားရပြီး သူမက ဝင်သွားသည်။

“ဝိုး ရှောင်းနွမ်က ကောင်းလိုက်တာ တော်တော်လိုက်တယ်”

ရှက်ရွံ့နေသော မုရှောင်းနွမ်ကို ကြည့်နေရင်း မျက်ဝန်းက တောက်ပသွားကာ အပေါ်အောက် စုန်ချည် ဆန်ချည် ကြည့်သည်။

“ငါသာ ယောက်ျားဆိုရင် သေချာပေါက် နင့်ကို ခုန်အုပ်ပြီးတာ ကြာပြီ”

“ဟွန့်”

မုရှောင်းနွမ်ကလည်း ထိုကဲ့သို့ အတင်းရဲသော ဝတ်စုံမျိုးကို တစ်ခါမှ မဝတ်ဖူးပါချေ။ သူမက ခပ်တိုးတိုးပြောသည်။

“ငါ အခု လဲလို့ရပြီလား”

“နေအုံး”

ယန်ရွှယ်၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး ကောက်ကျစ်သွားသည်။

“ငါနင့်ကို ဓာတ်ပုံ နည်းနည်းရိုက်ပေးမယ်လေ။ ဒီလိုလှပတဲ့အခိုက်အတန့်ကို သေချာပေါက် သိမ်းထားရမှာပေါ့”

မုရှောင်းနွမ်၏ ဖုန်းကို ကိုင်ထားရင်းရန်ရွှယ်က ကလစ် ကလစ် ကလစ် နှင့် ဆက်တိုက်ရိုက်သည်။

“ပြီးပြီလား”

“အိုး နင့်လက် ဖယ်လိုက်အုံးလေ ဘာလို့ ခရုလိုလုပ်နေတာလဲ။ နည်းနည်းပိုပြီး ကြည့်ကောင်းအောင် နေစမ်းပါ ဟုတ်တယ်… ဟုတ်တယ်.. အဲဒီလို ကော့ထား ကော့ထား ကော့ထား တင်ပေါ်ကို လက်တင်လိုက် ဟုတ်ပြီ ခန္ဓာကိုယ်လေး နည်းနည်း စောင်းလိုက်ပါအုံး”

“မဆိုးဘူး မဆိုးဘူး နောက်ထပ်တစ်ပုံ ဘေးဖက်က”

******

All Chapters