← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

53 01

အပိုင်း (၅၃) အခန်းကိုပြန်ပြီး မင်းအတွက် အဝတ်စမ်းဝတ်ကြည့်လေ။

“တန် တန် ဒန်”

ထိုအချိန်တွင် ဓာတ်ပုံပေါင်းများစွာ ရိုက်ကူး၍ ပြီးသွားပြီ ဖြစ်သည်။

“ဒီရေကူးဝတ်စုံလေး ဝတ်ကြည့်လိုက်ပါအုံး။ နင်တို့ စံအိမ်နားက သာ့ချင် တောင်တန်းနားမှာ ရေကန်ရှိတယ်လို့ ငါကြားတယ်။ တော်တော်လေးကို သန့်ရှင်းတာဆို နင် လုပ်စရာမရှိတဲ့အခါ အဲ့မှာ ရေသွားကူးပေါ့”

ယန်ရွှယ်က ပန်းရောင်သုံးမှတ် ရေကူးဝတ်စုံလေးကို မုရှောင်းနွမ်အတွက် ရွေးပေးထားသည်။ သို့သော် ပုံစံက အတော်လေး အတင့်ရဲသောကြောင့် မုရှောင်းနွမ်ကို ထိတ်လန့်သွားစေပြီး မဝတ်ရဲတော့ပေ။

“သတ္တိရှိစမ်းပါ နင့်ရဲ့ခန္ဓာကိုယ်ကို ကြွားဝါတတ်ဖို့ သင်ယူရမယ်လေ။ ယောက်ျားတွေက ဒါမျိုးကို ကြိုက်တာ”

“ဒါပေမဲ့ ဒီ သုံးမှတ်….မှတ်ဆိုတာက ဘာကြီးလဲ”

မုရှောင်းနွမ်က တစ်ချက် ညွှန်ပြပြီးနောက် လက်ဖြင့် ခပ်မြန်မြန် ပြန်အုပ်သည်။

“တကယ်တော့ သိသာထင်ရှားတဲ့ပြဿနာက နှစ်ခုပဲ ရှိတာ။ ဒါပေမဲ့ သိသာမထင်ရှားတဲ့ ဟာကွက်ကလည်း တစ်ခုရှိနေပြန်ရော ကိစ္စကြီး မဟုတ်ပါဘူး”

ယန်ရွှယ်က အတင်းတိုက်တွန်းသည်။

“မြန်မြန်လုပ်စမ်းပါ နင့်လက်တွေ ဖယ်လိုက်… ငါ နင့်အတွက် ဓာတ်ပုံ များများရိုက်ပေးမယ်”

“မြန်မြန်လုပ်”

မုရှောင်းနွမ်က သူမအား ဓာတ်ပုံများကို အမြန်ရိုက်ကူးစေသည်။ ထို့နောက် အမြန်ပြန်လဲနိုင်မည် ဖြစ်သည်။ သူမသည်လည်း ဒီလိုပုံစံမျိုးကို မဝတ်ချင်တော့ပါပေ။ ထိုသို့ဖြင့် ယန်ရွှယ်က မုရှောင်းနွမ်၏အနီးကပ် ရိုက်ချက် အနည်းငယ်ကို ရိုက်ကူးပြီးသွားသည်။ မုရှောင်းနွမ်ကလည်း သူမကို ချက်ချင်းမောင်းထုတ်၍ အဝတ်ပြန်လဲသည်။

“ဝါး အချိန်နောက်ကျနေပြီ”

ယန်ရွှယ်က ပြန်ထွက်လာပြီးနောက်တွင် ဖုန်းထဲမှ ဓာတ်ပုံများကို ကောက်ကျစ်စွာ ကြည့်ကာ ဝေ့ရှင်းကို ဖွင့်၍ ယောက်ျားဟု မှတ်ထားသော နေရာကို ရှာလိုက်ကာ ဓာတ်ပုံများအားလုံးကို တစ်ပြိုင်တည်း ပို့လိုက်သည်။ နောက်ဆုံးမှာ ရှက်ရွံ့သော emoji လေးကိုလည်း ပို့လိုက်သည်။

“တင် တင် တင်”

ထောင်ယွမ်ရွာတွင်…

ချန်းရန်က ရုတ်တရပ် ဖုန်း၏ တုန်ခါမှုကို ခံစားမိလိုက်သည်။ ထို့နောက် စာပေါင်းများစွာ ဝင်လာသည်။

“ဘာဖြစ်တာလဲ”

ချန်းရန်က ဖုန်းကို တစ်ချက်နှိပ်ကာ ဝင်ကြည့်လိုက်ပြီးနောက် မုရှောင်းနွမ်က ပို့ထားသော မဖတ်ရသေးသော စာများစွာကို မြင်ရသည်။ သိချင်စိတ်ပြင်းပြစွာနှင့် ဝင်ကြည့်သည်။

“ငါ…”

သူက နှိပ်လိုက်ရုံသာ ရှိသေးသည် ချန်းရန်၏ခေါင်းက ရုတ်တရပ် မူးဝေသွားပြီး လက်ကပင် တုန်သွားကာ ဖုန်းက လွတ်ကျလုနီးပါးဖြစ်သွားသည်။

“သူဌေး ဘာဖြစ်တာလဲ”

အင်ဂျင်နီယာအသင်းမှ အဖွဲ့ဝင်နှစ်ယောက်က ချန်းရန်၏ မျက်နှာအပြောင်းအလဲကိ မြင်လိုက်သည်နှင့် အလျှင်စလိုလာမေးသည်။

“ငါတို့ရဲ့ပရောဂျက်က တစ်ခုခုများ မှားနေလို့လား။ လူကြီးမင်းရဲ့ပုံကြမ်းက လုံးဝကို ရှုပ်ထွေးတာပါ။ ဒါကြောင့် ငါတို့ရဲ့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်”

“အာ မဟုတ်ဘူး မဟုတ်ဘူး”

53 02

ချန်းရန်က လက်ကို ကာပြသည်။

“မင်းတို့က တိုင်းပြည်က အတော်ဆုံး အင်ဂျင်နီယာကုမ္ပဏီကပါ။ ငါမင်းတို့ကို ယုံတယ်။ အလုပ်ပဲ လုပ်ကြနော်… ငါ ဒီအတိုင်း ကိစ္စရှိလို့ ပြန်လိုက်အုံးမယ်”

ထိုသို့ဖြင့် ချန်းရန်က မိုဘိုင်းဖုန်းကို ပြန်ထည့်လိုက်ပြီးနောက် နည်းနည်း ဖိအားများနေသော ပုံစံမျိုးဖြင့် စံအိမ်သို့ ပြေးသည်။

“ထူးဆန်းလိုက်တာ ဘာလို့ အလျှင်လိုနေတာလဲ”

အင်ဂျင်နီယာအသင်းမှ အစ်ကိုကြီးက ခေါင်းကိုထိပြီး စိတ်ရှုပ်သွားသည်။ ထို့နောက် နောက်ပြန်လှည့်ကာ အော်သည်။

“ညီအစ်ကိုတို့ ကြိုးစားထား ဒါက ပရောဂျက်ကြီးနော် အချိန်ကို မေ့ပြီး လုပ်ကြ”

“အင်း အင်း”

…

“ဟူး ကောင်းပြီ ဒီစကားပြောခန်းကို အမြန်ဆုံးဖျက်မှ ဖြစ်မယ်”

မုရှောင်းနွမ်က ထွက်မလာသေးချိန်တွင် ယန်ရွှယ်ကလည်း ဝေ့ရှင်းမှ စကားပြောမှတ်တမ်းကို ချက်ချင်း ဖျက်လိုက်သည်။

“ရှောင်းရွှယ် နင်ဘာလုပ်နေတာလဲ”

တိုက်ဆိုင်စွာဖြင့် မုရှောင်းနွမ်ကလည်း အဝတ်အစားလဲပြီး ထွက်လာသည်။ ယန်ရွှယ်က နည်းနည်းစိုးရိမ်ကာ ထိတ်လန့်နေပုံရကြောင်း မြင်သောအခါ မုရှောင်းနွမ်က သိချင်စိတ်ပြင်းပြစွာမေးသည်။

“အိုး ဘာမှ မဟုတ်ပါဘူး။ နင် လဲလို့ပြီးသွားပြီလား။ ဒါဆိုရင်လည်း မြန်မြန်လေး ပိုက်ဆံရှင်းပြီး သွားကြရအောင်လေ”

“နေပါအုံး ငါ ဝယ်မဝယ် မစဉ်းစားရသေးတဲ့ဟာကို”

“တုံ့ဆိုင်းမနေနဲ့ ငါ ရှင်းပြီးသွားပြီ”

ယန်ရွှယ်က မုရှောင်းနွမ်ကို အခွင့်အရေးမပေးတော့ဘဲ တိုက်ရိုက်ခေါ်ကာ သွားရှင်းပေးသည်။

“အာ…ငါ့ဖုန်း”

ရှင်းပြီးသည်နှင့် မုရှောင်းနွမ်က သူမ၏ ဖုန်းကို သတိရသွားပြီး ယန်ရွှယ်ထဲမှ တောင်းသည်။ သူမက ဓာတ်ပုံများကို သတိရသွားသည်။ ထိုအရာများက သူမ၏ လျှို့ဝှက်ချက်များဖြစ်သည်။

“အင်း မဆိုးပါဘူး”

မုရှောင်းနွမ်က စိတ်အေးစွာဖြင့် ထိုဓာတ်ပုံများကို ကြည့်ပြီး ရှက်ရွံ့လိုက် နှလုံးခုန်သံ မြန်ဆန်လိုက် ဖြစ်နေသည်။ အရာအားလုံးက လျှို့ဝှက်နံပါတ်ဖြင့်သာ ဝှက်ထားရမည့် ပုံများဖြစ်သည်။

“တင်”

ထိုအချိန်တွင် ဝေ့ရှင်းမှ စာရောက်လာသည်။ ချန်းရန်က ပို့လိုက်ခြင်းဖြစ်သည်။ ? အကြီးကြီး ဖြစ်သည်။

“ဟင် ဘာဖြစ်လို့လဲ”

နည်းနည်း အပြစ်မကင်းသလို ဖြစ်နေသော ယန်ရွှယ်ကလည်း အသံကို ကြားသည်နှင့် နည်းနည်း တောင့်တင်းသွားသည်။ သူမက တစ်ဖက်လှည့်ပြီးမေးသည်။

“ဘယ်သူ စာပို့တာလဲ”

“ငါ့ယောက်ျား”

မုရှောင်းနွမ်က သိချင်စိတ်ပြင်းပြစွာ ပြောသည်။

“ဒါပေမဲ့ သူက ဘာလို့ ရုတ်တရပ်ကြီး ငါ့ကို မေးခွန်းသင်္ကေတတွေ လာပို့တာလဲ။ ငါအရင်က ပို့ထားတဲ့ ဓာတ်ပုံ မတွေ့ဘူးလား”

“အင်း…ဟုတ်လောက်တယ်”

53 03

ယန်ရွှယ်ကလည်း စိတ်အေးသွားပုံရသည်။ သို့သော် အမူအရာက မပြောင်းသေးဘဲ ပြောသည်။

“အင်း အခု နင်ဝတ်ထားတဲ့ ဝတ်စုံက ကြည့်ကောင်းလားလို့ မေးလိုက်လေ”

“အိုး”

မုရှောင်းနွမ်ကလည်း တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားနေရသော်လည်း စာကို တည်းဖြတ်လိုက်ရင်း ပို့လိုက်သေးသည်။

“တင်”

ချန်းရန်ထံမှ စာတစ်စောင်ထပ်ရောက်လာသည်။

“ကြည့်ကောင်းတယ်”

“တွေ့လား သူ စာပြန်ပြီ”

မုရှောင်းနွမ်က ပျော်ရွှင်စွာ ပြောသည်။

“သူက ပြောတယ်။ ကြည့်ကောင်းတယ်တဲ့”

“အင်း….မဆိုးပါဘူး”

ယန်ရွှယ်က အပြုံးကို မနည်းထိန်းထားပြီး တွေးနေသည်။

အရူးမလေး နင့်အစ်မက နင့်ကို ရောင်းထုတ်ပြီးပြီ။ နင်ဒါကို မသိလိုက်ဘူး။ နင်တို့နှစ်ယောက်က ကြည့်ကောင်းတယ်ဆိုတာရဲ့ မတူညီတဲ့ ပစ္စည်းတွေအပေါ် ပြောပြနေတာပဲ။

“ငါနင့်ကို အကြံတစ်ခုထပ်ပေးမယ်”

ယန်ရွှယ်က ညွှန်ကြားသည်။

“သူ့ကို ဒီလို စာပြန်လိုက် : ငါတို့ပြန်ရောက်တဲ့အချိန်မှာ အခန်းထဲမှာ တစ်ထည်ချင်းစီ ဝတ်ပြမယ်လို့လေ”

“နင်က ငါ့ကို ပြောဖို့လိုလို့လား”

မုရှောင်းနွမ်က ယန်ရွှယ်ကို အထင်တသေးကြည့်သည်။

ဟွန့် သူမပြောရင်တောင်မှ အဲ့ဒီလို လုပ်မှာပါနော်။

ထို့ကြောင့် သူမသည်လည်း ချန်းရန်ကို စာပို့လိုက်သည်။

“ချန်းကောကော ငါတို့ ပြန်ရောက်တဲ့အခါ အခန်းထဲမှာ ငါတို့နှစ်ယောက်တည်းရှိမှာ ငါ ချန်းကောကောကို တစ်ထည်ချင်းစီ ဝတ်ပြမယ်နော် (ဘေးနားတွင် ရှက်ရွံ့နေသော emoji)”

“ဖူး”

ထိုအချိန်တွင် အလွန်ဝေးကွာသော တစ်နေရာ စံအိမ်ထဲမှ သူ၏မိုဘိုင်းဖုန်းပေါ်တွင် ရှိသော sexy ဓာတ်ပုံများကို တစ်ယောက်တည်း ရှုစားနေသည့် ချန်းရန်က ထိုစာကို မြင်၍ ရုတ်တရပ် ရေကိုပင် ပန်းထုတ်မိသွားသည်။

ဘာဖြစ်တာလဲ….ဒီ..ဒီကောင်မလေး အဖျားရှိနေတာလား။

အရမ်း အရမ်းကို တိုက်ရိုက်ကျလွန်းတယ်။

သူမက သူ့အတွက်တောင် ဝတ်ပြအုံးမှာတဲ့။

ချန်းရန်သည်လည်း မုရှောင်းနွမ် ပို့ထားသော စာကို ထပ်ခါတလဲလဲ အတည်ပြုကာ ဖတ်ကြည့်ပြီးနောက် အပေါ်ဖက်မှ sexy ဓာတ်ပုံ ဆယ်ပုံကျော်ကို ပြန်ကြည့်ပြီး ရုတ်တရပ် သူ၏ နှာခေါင်းက အလွန်ထူးဆန်းလာသလို ခံစားလိုက်ရသည်။

“အွန်း ကျလာတော့မယ်”

ချန်းရန်က အပေါ်သို့ မော့သည်။သွေးများကလည်း ဆူပွက်နေသလို ခံစားရသည်။

53 04

“အခု အခုက နွေရာသီလေ ဆိုတော့ နှာခေါင်းသွေးလျှံဖို့ လွယ်တာကိုး”

“ပို့လိုက်ပြီလား”

ယန်ရွှယ်က အနားသို့လာကာ ကြည့်သည်။ တခစ်ခစ် ရယ်သည်။

“ရှောင်းနွမ် မမေ့နဲ့နော်။ အဲဒါတွေရော”

ယန်ရွှယ်က သူမ၏အရှေ့ဖက်သို့ sexy အောက်ခံ ဝတ်စုံ အချို့ကို ထိုးပြလိုက်ရင်း ပြောလေရာ မုရှောင်းနွမ်က ရှက်သွားသည်။

“ဒါတွေကလွဲလို့”

“အိုး ဟီးဟီး”

ယန်ရွှယ်က အဓိပ္ပာယ်အပြည့်နှင့် ပြုံးနေသည်။ သို့သော် မဖော်လိုက်ချေ။ ချစ်စရာကောင်းသော နားလည်လွဲမှားမှုကို သူတို့ဘာသာ ဖော်ပေလိမ့်မည်။ ငါ တော်တော်လေး မျှော်လင့်နေပြီ။

“သွားမယ် သွားမယ် အချိန်ကျပြီ”

ယန်ရွှယ်က မုရှောင်းနွမ်ကို တစ်ချက်ပုတ်ပြီး မောလ်ထဲမှထွက်သည်။ ထို့နောက် တစ်စုံတစ်ရာသွားစားသည်။ ထို့နောက် လမ်းခွဲသည်။

ယန်ရွှယ်ကို ကျေးဇူးတင်ရန်အလို့ငှာ မုရှောင်းနွမ်ကလည်း သူမ သဘောကျသော တံဆိပ်လေးကို တုန့်ဆိုင်းစွာ ပေးလိုက်သည်။

သို့သော် မုရှောင်းနွမ်သည်လည်း ယန်ရွှယ်က ခိုးလုပ်ထားသောအရာကိုသာ သိမည်ဆိုလျှင် ကျေးဇူးတင်လိမ့်မည် မဟုတ်ပေ။

“ဘာလို့ ပြန်မလာသေးတာလဲ”

ထိုအချိန်တွင် စံအိမ်ထဲမှ ချန်းရန်ကလည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ ကောင်းကင်က မှောင်နေပြီ ဖြစ်သည်။ မိုးပင် ရွာတော့ပေမည်။

“ဒီကောင်မလေး ထွက်သွားတုန်းက ထီးလည်း မယူသွားဘူး။ နောက်ပြီး ဖုန်းလည်း ဆက်လို့မရဘူး။”

ချန်းရန်က တုန့်ဆိုင်းသွားသည်။ စံအိမ်ထဲတွင်လည်း ထီးမရှိပေ။ မုရှောင်းနွမ်ကလည်း ပြန်မလာသေးပေ။ ထို့ကြောင့် သူသည် စိတ်ကို ဆုံးဖြတ်ချက် ချလိုက်ပြီး မြို့ပေါ်သို့ အပြေးသွားသည်။

“အင်း ငါတောင် သတိမထားမိဘဲ အချိန်က ဒီလောက်တောင် နောက်ကျသွားပြီပဲ ဖုန်းကလည်း အားကုန်သွားပြီ။ ငါ မြန်မြန် ပြန်ရမယ် မဟုတ်ရင် ချန်းကောကော က ငါ့ကို စိတ်ပူနေမှာ”

မုရှောင်းနွမ်က မြိုသို့ရောက်နေပြီ ဖြစ်သည်။ သူမက ထောင်ယွမ်ရွာသို့ ဝင်တော့မည် ဖြစ်သည်။ သို့သော် ကောင်းကင်က ရုတ်တရပ် မဲမှောင်လာပြီ မိုးချိန်သံက ထွက်ပေါ်လာသည်။ မိုးစက်များကပင် စတင်ကာ စီးကျလာသည်။

******

All Chapters