အခန်း ၅၄
Vol. 6 Ch. 54
54 01
အပိုင်း (၅၄) ငါမင်းရဲ့ လက်ကို ကိုင်လို့ရမလား
“ဝုန်း”
ကောင်းကင်က အနက်ရောင်တိမ်စိုင်များဖြင့် ပြည့်နှက်သွားပြီး လျှပ်စီးများပင် လက်လာကာ သည်းထန်သော မိုးက ကျဆင်းလာသည်။
“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”
မုရှောင်းနွမ်က မြို့တွင်နေနေရင်း မိုးသည်းထန်နေသော ကောင်းကင်ကို ကြည့်ကာ ကူကယ်ရာမဲ့ပြီး ဆွံ့အနေသည်။ သူမသည် ထီးလည်း မယူလာချေ။ မိုဘိုင်းဖုန်းကလည်း အားကုန်သွားလေပြီ။ အဓိက သော့ချက်ကမူ သူမသည် လက်ထဲတွင် အဝတ်ထုတ်ပေါင်းများစွာကို သယ်ထားရလေသည်။
သိသိသာသာကိုပင် မုရှောင်းနွမ်အတွက် အတော်ဒုက္ခများသောနေ့ ဖြစ်လောက်လေသည်။ သူမက စိတ်မပျော်မရွှင် ဖြစ်နေသောအခါ စားစရာဝယ်ရသည်ကို သဘောကျသည်။ ဒါက သူမအတွက် ကုစားပေးနိုင်သည်။ ထို့ကြောင့် မုရှောင်းနွမ်သည်လည်း မြို့မှ နို့လက်ဖက်ရည်ဆိုင်တွင်သာ နေနေလိုက်ပြီး ပူတင်းသို့မဟုတ် လက်ဖက်ရည် ဝယ်ကာ လက်နှစ်ဖက်လုံးဖြင့် ကိုင်ပြီး ခေါင်းကိုငုံ့ကာ စုတ်သောက်နေလိုက်သည်။
ရှလွှတ် ရှလွှတ်
သူမသည် မိုးလိုက်ကာ ကြည့်နေလိုက်သည်။
“အလှလေး ထီးမယူလာဘူးလား”
နို့လက်ဖက်ရည်ဆိုင်ရှင်က လူငယ်လေးဖြစ်သည်။ မုရှောင်းနွမ်က ဆိုင်သို့လာစဉ်ကတည်းက သူကခိုးကြည့်နေခဲ့ခြင်းဖြစ်သည်။ တစ်ခဏခန့်ကြာပြီးနောက် သတ္တိကို စုစည်းကာ စကားလာပြောခြင်း ဖြစ်သည်။
ဒါဟာ ပိုးပန်းခြင်းမဟုတ်ပေ။ လှပသောအမျိုးသမီးကို မြင်သောအခါ အလိုလျောက်ခံစားမိသည့် ယဉ်ကျေးမှုမျိုးဖြစ်သည်။
အထီးကျန်ခွေးများအတွက် ထိုအခြေအနေကတင် တစ်နေ့လုံးကို ပျော်ရွှင်စေနိုင်သည်။ အိပ်မက်ထဲတွင်ပင် ပြုံးနေစေနိုင်သည်။
“အာ နင် ဘာပြောလိုက်တာလဲ”
မုရှောင်းနွမ်က ခေါင်းကို လှည့်ကြည့်ပြီး သူ့ကို သိချင်စိတ်ပြင်းပြစွာ ကြည့်သည်။
“ရှင့်မှာ ထီးရှိတယ်လို့ ဆိုလိုတာလား”
“အာ ငါ့မှာ တစ်ချောင်းရှိတယ်”
ထိုလူငယ်က ခေါင်းကို တစ်ချက် ကုတ်ပြီးနောက် သူ၏ထီးကို ရှက်ရွံ့စွာ ထုတ်ပြလာသည်။
“ဒီမှာ မင်းအတွက်”
“အာ မဟုတ်…မဟုတ်တာ မဟုတ်တာ”
မုရှောင်းနွမ်က လက်ကို ယမ်းပြီး ပြောသည်။
“ငါ ခဏစောင့်လိုက်မယ်လေ မိုးနည်းနည်းပါးသွားမှ သွားမယ်”
“မား မိုးရွာနေပြီ။ ငါတို့ ထီးလည်း မယူလာဘူး”
ထိုအချိန်တွင် နံဘေးမှ ကောင်မလေးက မိခင်ဖြစ်သူ၏ အဝတ်ကို ဆွဲပြီး ကလေးသံလေးနှင့် ပြောသည်။
“ဒီနေရာမှာပဲ ခဏခိုရအောင် ပြီးရင်း မိုးစဲသွားလိမ့်မယ်”
ငယ်ရွယ်သောမိခင်ဖြစ်သူက သမီးဖြစ်သူ၏ လက်ကို ဆွဲပြီးနောက် ဆိုင်၏အောက်ဖက် အမိုးနားတွင် ရပ်ကာ ထီးကိုသာ ကြည့်လာသည်။
“ဒီမှာ မိုးက သိပ်မကြာခင် တိတ်အုံးမှာ မဟုတ်ဘူး”
လူငယ်ကလည်း အလွန်ခေါင်းမာသည်။ မုရှောင်းနွမ်ကိုသာ ထီးအတင်း ထိုးပေးနေသည်။
“အာ … ငါ တကယ် မလိုပါဘူး”
54 02
သူဌေးက အတင်းပေးနေသောအခါ မုရှောင်းနွမ်က ခါးသီးစွာဖြင့် ရွေးချယ်စရာ မရှိလေဘဲ မိုးသည်းထဲသို့ ဝင်လိုက်သည်။
“ဟေး”
လူငယ်က သူမကို လှမ်းခေါ်လိုသည်။ သို့သော် မုရှောင်းနွမ်ကမူ ထိုနေရာတွင် နေရမည့်အစား မိုးရေသာ အစိုခံလိုသည်။ ထို့နောက် သိပ်မကြာခင် ပျောက်သွားသည်။
“အာ….ခဲသေတော့မှာပဲ”
မုရှောင်းနွမ်ကလည်း မိုးကို ရှောင်ရန်အလို့ငှာ နောက်ထပ် တံစပ်မြိတ်တစ်ခုအောက်သို့ ဝင်ပြီး ဆောင့်ကြောင့်လေး ထိုင်ထားကာ လက်ကို ပိုက်ရင်း အေးနေသည်။
နွေရာသီအလယ်ပိုင်းက ကုန်လွန်သွားပြီး ရာသီဥတုက အေးသထက် အေးလာသည်။ ရာသီဥတုက ယခုလို မိုးကြောင့် ပို၍ပင် အေးစက်လာပုံပေါ်သည်။ ထိုမိုးကြောင့် ဆောင်းတွင်းက ရောက်လာတော့ပေမည်။
ကောင်မလေးက စကပ်အတိုလေးကိုသာ ဝတ်ထားသည်။ သူမ၏ သွယ်လျှသော ခြေထောက်ပေါ်တွင် အသားအရောင်အတိုင်းတူသော စတော့ကင် တစ်ထပ်လည်း ရှိနေသေးပြီး ဖြူစွတ်သော ဂွမ်းတီရှပ်လေးနှင့် ချစ်စဖွယ် ဆံပင်လေးကို မြောက်ထုံးထားခြင်းဖြစ်သည်။ မိုးအောက်တွင် သူမ၏ပုံစံက အလွန်ငယ်ရွယ်ကာ လှပသည်။ သို့သော် နည်းနည်းလေး အေးစက်သည်။
“ဟေး မုရှောင်းနွမ် နင်တအားကို ဖြောင့်မတ်လွန်းပြီး သူများဆီက ထီးတောင် မငှားချင်ဘူး”
မုရှောင်းနွမ်က ရူးကြောင်ကြောင် ပြုံးသည်။ သို့သော် မျက်နှာပေါ်တွင် နောင်တ မရှိပါပေ။
“ငါ့ကို ထီးငှားစေချင်လား”
ထိုအချိန်တွင် ရုတ်တရပ် နွေးထွေးသောအသံက ရောက်လာသည်။ ထိုအသံက မုရှောင်းနွမ်၏အနောက်မှ ဖြစ်သည်။
“အား”
မုရှောင်းနွမ်က ထအော်ပြီး တုန်သွားသည်။ မုရှောင်းနွမ်က နောက်လှည့်ကြည့်လိုက်သောအခါ ချန်းရန်ကို မြင်ရသည်။
“ဘုရားရေ စီနီယာအစ်ကိုချန်း ဘာလို့ ဒီကို ရောက်နေတာလဲ”
မုရှောင်းနွမ်၏ မျက်လုံးက ပျော်ရွှင်မှုများပြည့်နှက်သွားသည်။ ပန်းများပွင့်လန့်လာသကဲ့သို့ သူမ၏ မျက်ခုံးကလည်း ကွေးကောက်နေသည်။ နှုတ်ခမ်းကလည်း လှပသော ကွေးကောက်ကြောင်းအဖြစ် ကျဉ်းမြောင်းသွားသည်.
“ငါ့ကို လာကြိုတာလား”
“ငါက မင်းလမ်းပျောက်နေမှာကို စိုးရိမ်တာ ဒါတောင် တော်တော်နောက်ကျနေပြီ”
ချန်းရန်က ထိုကောင်မလေးကို ရှာတွေ့ချိန်တွင် သူ၏နှလုံးသားက ပြေလျော့သွားပြီဖြစ်သည်။ သူမက မနက်စောပိုင်းကတည်းက ထွက်သွားခဲ့ခြင်းဖြစ်သည်။ ယခုမူ ညနေပင်စောင်းတော့ပေမည်။ ထိုကောင်မလေးက ပြန်မရောက်လာသေးပေ။ အချိန်ကို ကြည့်ပြီးနောက် သူသာ မလာလျှင် တစ်ညလုံး မိုးရွာနေပါက သူမလေးက ပြန်လာတော့မည် မဟုတ်ပေ။
“ထီးလိုချင်လား”
ချန်းရန်က ထီးနှစ်ချောင်း ယူလာသည်။ သူဟာ စံအိမ်ထဲတွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး တစ်ချောင်းက သူ့အတွက် တစ်ချောင်းက လက်မောင်းအောက်ဖက်တွင် ထိုးလာခဲ့ခြင်းဖြစ်သည်။
“မင်းကို ပေးမယ်”
ထိုအချိန်တွင် မည်သည့် အကြောင်းပြချက်မှ မလိုတော့ချေ။ ချန်းရန်က ထီးကို ကမ်းပေးလာခြင်းမရှိလျှင်ပင် သူမက တိုက်ရိုက်ပင် လှမ်းဆွဲယူမည် ဖြစ်သည်။ သို့သော် သူမ၏ မျက်ခုံးအကြားမှ ပျော်ရွှင်မှုက ဖုံးကွယ်၍ မရနိုင်ပေ။
“လေးလား”
ကောင်မလေး၏ လက်ထဲမှ အိတ်ကြီးအိတ်ငယ်များကို ကြည့်ရင်း ချန်းရန်သည်လည်း ရုတ်တရပ် သူ၏စိတ်ထဲမှ ထိုအဝတ်များကို မှတ်မိသွားကာ အမူအရာက နည်းနည်း သဘာဝမကျ ဖြစ်သွားသည်။
54 03
“အရမ်းလေးတယ်”
မုရှောင်းနွမ်က ချန်းရန်ကို တက်တက်ကြွကြွ ကြည့်သည်။
“ချန်းကောကော ငါ မသယ်နိုင်ဘူး”
“ဒါဆိုရင် မောလ်ကနေ ဒီကို ဘယ်လို သယ်လာတာလဲ”
ချန်းရန်က မျက်လုံးလှန်သည်။ သူသည်လည်း ထိုကောင်မလေး၏ ချွဲသည့်အပြုအမူကို နည်းနည်း ကျင့်သားမရသေးပေ။ အတိုင်းအတာ တစ်ခုသို့ မရောက်သေးသမျှ သူ့အပေါ် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
မဟုတ်မှ…
“ဒီမှာကြည့် ငါ့ရဲ့လက်တွေကို ကြည့်အုံး အားလုံးက နီရဲပြီးလောင်ကျွမ်းနေတာပဲ။ ကောကောမယုံဘူးဆိုရင် ထိကြည့်လေ”
ထိုကောင်မလေးက လက်ဖဝါးကို ဖြန့်ပြထားပြီး ချန်းရန်၏ အရှေ့တွင် ထားသည်။ ချန်းရန်က တုံ့ဆိုင်းမနေဘဲ အဝတ်အိတ်ကိုသာ လှမ်းယူလိုက်သည်။ အတော်လေးလည်း လေး၏။ အထဲမှာ အဲ့ဒီ အဝတ်သေးသေးလေးတွေ အများကြီလား။
“သွားရအောင် အခု မိုးနည်းနည်းပါးသွားပြီ”
ချန်းရန်က မုရှောင်းနွမ်ကို ထွက်သွားရန် ခေါ်သည်။
“နေ…နေပါအုံး”
မုရှောင်းနွမ်က ရုတ်တရပ် သားအမိ နှစ်ယောက်ကို သတိရသွားကာ ယခင် ဆိုင်သို့ ချက်ချင်းပြန်သွားသည်။
“မင်း…မင်းပြန်လာတာယ်”
ထိုဆိုင်ပိုင်ရှင်ကလည်း ပြန်ရောက်လာသည့် မုရှောင်းနွမ်ကို မြင်သောအခါ သူ၏မျက်လုံးက သိသိသာသာကိုပင် အံ့သွားသည်။
အကြောင်းမူကား မုရှောင်းနွမ်၏လက်ထဲတွင် ထီးတစ်ချောင်းကို မြင်လိုက်၍ဖြစ်သည်။
“ဒီမှာ နင်တို့ကို ပေးမယ်”
မုရှောင်းနွမ်က ထိုထီးအား ငယ်ရွယ်သော မိခင်ဖြစ်သူကို ပေးလိုက်သည်။ ထို့နောက် ဆောင့်ကြောင့် ထိုင်လိုက်ပြီး ကလေးမလေး၏ ခေါင်းကို ပုတ်သည်။
“ဒီမှာ ထီးရပြီနော် ပြန်လို့ရပြီ”
“ကျေးဇူးတင်ပါတယ် ကျဲကျဲ ကျဲကျဲက အရမ်းကို ကြင်နာတာပဲ”
ထိုကောင်မလေးက အလွန်အမင်း ကောင်းမွန်စွာ သင်ကြားပေးခြင်း ခံထားရသူ ဖြစ်ကာ ချစ်စဖွယ်အသံလေးနှင့် ကျေးဇူးတင်ကြောင်း ပြောသည်။ သို့သော် ထိုအသံကမူ အနောက်ဖက်မှ သူဌေးအတွက် ရှက်စရာ ဖြစ်နေသည်။
ယခုအချိန်မှသာ သူမှားနေမှန်း သိလိုက်သည်။
အာ…သူ့မှာ ရည်းစားမရှိတာ မအံ့ဩတော့ပါဘူး။
“မင်းက ထီးကို ပေးလိုက်တော့ ဘယ်လိုလုပ်မလဲ”
ချန်းရန်က ကျေးဇူးတင်ပြီး ထွက်သွားသော သားအမိနှစ်ယောက်ကို ကြည့်ပြီး မုရှောင်းနွမ်ကို ပြန်ကြည့်သည်။ သူ၏ မျက်ဝန်းအတွင်း ညင်သာမှုများ ပြည့်သွားသည်။
ဒီကောင်မလေးက အပြစ်ကင်းစင်လိုက်တာ… ချစ်စရာလေး တကယ်ကို မြတ်နိုးစရာလေး။
“မကြောက်ပါဘူး”
မုရှောင်းနွမ်က မျက်လုံးကို လခြမ်းကွေးအဖြစ် ကျဉ်းမြောင်းစေလိုက်ရင်း ချန်းရန်၏ အရှေ့သို့ ချွဲ့နွဲ့ကာ လျှောက်သွားပြီး ချန်းရန်၏ လက်မောင်းကို လှမ်းဖက်သည်။
“ယောက်ျား ငါ ယောက်ျားရဲ့ထီးအောက်ကိုပဲ ဝင်ဖို့လိုတာလေ”
54 04
ထိုကလေးမက သူ၏ လက်မောင်းကို လာဖက်သောအခါ မွှေးပျံ့သော သင်းရနံ့ကလည်း သူ၏ နှာခေါင်းနားတွင် ကျီဆယ်လာသည်။ ဒါဟာ မုရှောင်းနွမ်၏ ကိုယ်သင်းရနံ့ဖြစ်သည်။ ချိုမြိန်သော ရနံ့လေးဖြစ်ပြီး အလွန်အမင်းကို သက်တောင့်သက်သာ ရှိလေသည်။ နောက်ပြီး အဖက်ခံရတဲ့ နေရာကလည်း နူးအိနေတာပဲ။
“အားကျလိုက်တာ”
နို့လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ထွက်သွားသော စုံတွဲကို ကြည့်နေပြီး ရုတ်တရပ် သံပုရာသီး အညှစ်ခံရသလို ခံစားလာရသည်။ ချဉ်လွန်းသဖြင့် မြိုချရန်လည်း ခက်ခဲသည်။ သို့သော် ထိုနှစ်ယောက်ကလည်း အမှန်တကယ် လိုက်ဖက်ညီပြန်သည်။ ကောင်မလေးက ငယ်ရွယ်ကာ လှပပြီး ကောင်လေးကလည်း ချောမောကာ ဆွဲဆောင်မှု ပြင်းသည်။
“ချောလိုက်တာ ငါသာ ကောင်မလေးဆိုရင်လည်း ဒီလိုကောင်လေးမျိုးကို ကြိုက်မှာပဲ”
ထိုလူငယ်က ဝေးသထက် ဝေးသွားသော စုံတွဲကို ကြည့်နေသည်။ မိုးကသည်းထန်စွာ ရွာနေသည်။ သို့သော် တဖြည်းဖြည်း နည်းလာ၏။ နောက်ဆုံးတွင် တိတ်သွားလေသည်။ ညနေခင်းကောင်းကင်အောက်တွင် ကြည့်ကောင်းသော သက်တံ့က ပေါ်လာသည်။
“ဝိုး လှလိုက်တာ”
မုရှောင်းနွမ်နှင့် ချန်းရန်တို့က အိမ်ပြန်လမ်းတွင် လမ်းလျှောက်နေကြသည်။ ချန်းရန်က သူ၏ ထီးကိုပင် သိမ်းလိုက်သည်။ မုရှောင်းနွမ်က ခြေဖျားထောက်ပြီး မိုးရွာပြီးနောက် ကျန်ရစ်ခဲ့သည့် မြေဆီလွှာ သင်းရနံ့ကို ရှူရှိုက်သည်။ သူသည်လည်း သက်တောင့်သက်သာရှိသလို ခံစားနေရ၏။ သို့သော် အေးစက်သောလေက တိုက်ခတ်လာသောအခါ စကတ်အနားစလေးက လွင့်ထွက်သွားသည်။ မုရှောင်းနွမ်လေးက တုန်ယင်သွားရသည်။
“ဆောင်းတွင်းရောက်တော့မယ် ရာသီဥတုက အေးလာပြီ”
ချန်းရန်ကလည်း ကောင်မလေးက တုန်ယင်နေကြောင်း သတိထားမိသဖြင့် သက်ပြင်းချသည်။
“ဟုတ်တယ်”
ကောင်မလေးက သဘောတူသည်။ ထို့နောက် ရုတ်တရပ် ခေါင်းကို လှည့်ကြည့်လိုက်သည်။
“ဒါဆိုရင် ချန်းကောကော နင့်ရဲ လက်ကို ငါကိုင်ဖို့ ငှားနိုင်မလား”
******