အခန်း ၅၅
Vol. 6 Ch. 55
55 01
အပိုင်း (၅၅) လက်ချင်းတွဲလို့ အိမ်အတူ ပြန်ကြမယ်။
“ချန်းကောကော ငါ့ကို နင့်ရဲ့ လက်လေးကိုင်ဖို့ ငှားပေးလို့ရမလား”
ညနေခင်း နေဝင်ချိန်တွင် ထိုကောင်မလေး၏မျက်လုံးက ကောင်းကင်မှ ကြယ်စင်များကဲ့သို့ တောက်ပပြီး အလွန်အမင်းကို မျက်စိ ကျိန်းစေသည်။
လက်ချင်းတွဲတယ်ဆိုတာက တော်တော်လေး ထူးခြားတဲ့အရာပဲ။
ကောင်မလေးက သူ့ရဲ့လက်ကို ကိုင်ချင်တယ်ဆိုတော့ သူ့ကို အဖော်ပြုပြီး ရှေ့ဆက်သွားချင်တဲ့ အဓိပ္ပာယ်ပဲ။
အမျိုးသားနှင့် အမျိုးသမီး လက်ကိုင်ထားသောအခါ ဆက်ဆံရေးတစ်ခုကို ကိုယ်စားပြုသည်။ ခံစားချက်ပိုင်းဆိုင်ရာ ဆက်ဆံရေးက ရည်းစားကောင်လေး ကောင်မလေး အဖြစ် အဆင့်တက်သွားသည်ဟု ဆိုလိုသည်။
မုရှောင်းနွမ်က ထိုသို့အတင့်ရဲစွာ ပြောသော်လည်း သူမ၏ စိတ်ထဲတွင်မူ အလွန်အမင်း ထိတ်လန့်နေလေသည်။ သူမက ပြော၍ ပြီးသွားသည်နှင့် ခြေထောက်အောက်မှ ကျောက်စရစ်ခဲလုံးများကိုသာ ကန်နေရင်း မျက်လုံးက ချန်းရန်၏ ခြေထောက်ကိုသာ ကြည့်နေသည်။
ချန်းရန်က ဘယ်လိုများ ဒီကောင်မလေးရဲ့ အတွေးကို မသိရမှာလဲ။
ထိုအချိန်တွင် သူ၏နှလုံးသားကလည်း အခုန်နှုန်း မြန်ဆန်နေသည်။ အကြောင်းမူကား ထိုစကားက သူ၏ရင်ကို ထိသည်။ သူ့အား မသိလိုက်မသိဘာသာပင် သူမကြောင့် အမှန်တကယ် စိတ်လှုပ်ရှားပြီး သဘောကျနေခဲ့မိကြောင်း နားလည်သွားစေသည်။
“ငါ…ငါနောက်တာပါ”
မုရှောင်းနွမ်က ခေါင်းကို ဆက်တိုက်ငုံ့ထားသည်။ ချန်းရန်က ငေးငိုင်နေကြောင်း မြင်သောအခါ သူမသည်လည်း သူက သဘောမကျ ဖြစ်သွားသည်ဟု ထင်လိုက်ပြီး ပါးစပ်လေးကို မဲ့၍ မပျော်မရွှင် ဖြစ်သလို တစ်ချက် ကြည့်သည်။ သို့သော် အားတင်းကာ ပြုံးလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင် ငါလည်း နည်းနည်း ပူနေတာ”
မမျှော်လင့်ထားစွာပင် မမျှော်လင့်ထားစွာပင် ချန်းရန်က သူ၏ လက်ဖဝါးကို အရင်ဆန့်ပေးလာပြီး မုရှောင်းနွမ်၏ ရှေ့တွင် ယမ်းပြသည်။
ပျော်ရွှင်မှုက ရုတ်တရပ်ကြီး ရောက်ရှိလာလေရာ မုရှောင်းနွမ်ကလည်း ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် ထင်လိုက်သည်။
ဘုရားရေ စီ…စီနီယာအစ်ကိုချန်းက လက်ဖဝါးကို ပို့လာတယ်။
“မအေးဘူးလား”
ချန်းရန်က ရုတ်တရပ် သူ၏နှလုံးသားက အခုန်နှုန်းမြန်ဆန်သွားသလို ခံစားရသည်။ ထိုအခိုက်အတန့်တွင် သူသည်လည်း နည်းနည်း ရှက်လာသည်။ အကြောင်းမူကား သူ၏လက်က လေထဲတွင် တန်းလန်းကြီး ဖြစ်သည်။ သူမက လက်သင့်ခံခြင်း ရှိမရှိ မသေချာပြန်ပေ။
“အာ ကောင်းပြီ”
မုရှောင်းနွမ်က ရုတ်တရပ် ကြောင်အသွားရာမှ အသိပြန်ဝင်သွားသည်။ သူမ၏ လက်သေးသေးလေးဖြင့် အလျှင်စလို လှမ်းဆွဲလိုက်၏။ ချန်းရန်၏ နွေးထွေးပြီး ကြီးမားသော လက်ကြီးကို လှမ်းဆွဲလိုက်ချိန်တွင် ချန်းရန်ကလည်း မုရှောင်းနွမ်၏ လက်သေးသေးလေးကို လှမ်းကိုင်ကာ အနားသို့ ဆွဲခေါ်သည်။ မုရှောင်းနွမ်၏လက်က အလွန်နုနယ်သည်။ ဖြူဖွေးပြီး ချစ်စရာလေးဖြစ်သည်။ သူမ၏လက်ကို ကိုင်ထားရသောအခါ ကျောက်စိမ်းတုံးလေးအလား နုအိနေသည်။ သူက သူမ၏ လက်ကို တင်းတင်းဆုပ်ကာ ကိုင်ထားလိုက်ချိန်တွင် သူမက သူ့ထက်ပင် ပို၍စိတ်လှုပ်ရှားနေပုံရသည်။ ပိုဆိုးသည်မှာ သူမ၏လက်များက အမှန်တကယ်အေးနေသည်။
55 02
အာ ဒီကောင်မလေးက အအေးမိလွယ်တယ်။
ချန်းရန်ကလည်း သူမ၏ လက်ကို ကိုင်လိုက်သည်နှင့် ချက်ချင်းတန်းသိလိုက်သည်။
သူ… သူ…သူက ငါ့ရဲ့ လက်ကို လှမ်းဆွဲယူလိုက်တယ်။
မုရှောင်းနွမ်၏ နှလုံးသားက မုန်တိုင်းပင်လယ် ဖြစ်သွားသည်။ တစ်လှိုင်းပြီးတစ်လှိုင်းက ရောက်ရှိလာကာ အထွတ်အထိပ်သို့ တက်နေသည်။ သူမ၏ မျက်နှာက ရဲတက်လာပြီး နောက်ဆုံးတွင် ပျော်ရွှင်မှုဖြင့် စိတ်နှစ်မြုတ်သွားသည်။
မူလကမူ သူမက ချန်းကောကော၏ လက်ကို ကိုင်ချင်ရုံသာ ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် အမှန်တကယ် ပြန်ကိုင်လာသည်။
ဟီးဟီး ရှက်တယ်…ရှက်တယ် ဟီးဟီး အံ့ဩတယ်။(စာစစ်–အေး ငါလည်း အံ့ဩတယ်😒😒)
“မင်းရဲ့ လက်က နွေးလိုက်တာ”
မုရှောင်းနွမ်သည် ပထမဦးဆုံးအကြိမ်အဖြစ် ကောင်လေးတစ်ယောက်၏လက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ကိုင်ဖူးခြင်းဖြစ်သည်။ ပထမဦးဆုံး အကြိမ်အဖြစ် ရင်ဖိုသလို ခံစားရခြင်းဖြစ်သည်။ သူမ၏နှလုံးသားသေးသေးလေးက ခုန်ထွက်တော့မည်ဟုပင် ခံစားရသည်။ ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်နေသည်။ ညနေခင်းလေပြေက တိုက်ခတ်သည်။ သူမ၏ နားထင်ကြားသို့ ဆံပင်ချည်များက ပြုတ်ကျလာသည်ကို အလိုလျောက်ပင် သပ်တင်လိုက်ပြီး အလိုလျောက်ပင် နည်းနည်းရှက်နေမိ၏။ သို့သော် တည်ငြိမ်မှုက မလွတ်သေးပါပေ။
တောင့်တင်းသောအခြေအနေကို ထိုးဖောက်ပြီး သက်တောင့်သက်သာရှိသော အနေအထားမျိုးသို့ ရောက်အောင် လုပ်သင့်သည်။
“လက်ကို နည်းနည်း ကြာကြာကိုင်ထားရမယ်”
ချန်းရန်က နောက်သည်။
“မင်းက ငါ့ရဲ့လက်ထဲကို ကျပြီးပြီ အလွယ်တကူ လွတ်မြောက်တော့မှာ မဟုတ်ဘူးနော်”
“ဟွန့် မုန်းလိုက်တာ ချန်းကောကောကလည်း နောက်တာပဲ”
မုရှောင်းနွမ်က ရှက်သွားသည်။ သူမက လျှာကို ထုတ်ပြသည်။ ထို့နောက် တစ်ခဏတွင် သူမ၏ အေးဆေးပေါ့ပါးကာ တက်တက်ကြွကြွရှိသော ပုံစံလေးက ပြန်ဖြစ်သွားသည်။ ချန်းရန်၏ကိုင်တွယ်မှုအောက်မှ ထိုလက်သေးသေးလေးကလည်း ချန်းရန်၏ လက်ဖဝါးကိုပင် သူမ၏ လက်ချောင်းဖြင့် အသာပုတ်နေသေးပြီး စနောက်မှုကို သိသာစွာ ဖော်ပြသည်။
“မလှုပ်နဲ့”
“ဟင် လှုပ်…လှုပ်လိုက်လို့လား ဘာလို့မသိတာလဲ”
ဆိုးသွမ်းသောကောင်မလေးကို ရင်ဆိုင်ရသည့်အခါ ချန်းရန်ကလည်း ရွေးချယ်စရာမရှိဘဲ တည်နေရာကို ပြောင်းရသည်။ မုရှောင်းနွမ်၏ လက်ကို ကိုင်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကို သူမ၏လက်ချောင်းဖြင့် ယှက်နွမ်ကာ ကိုင်လိုက်သည်။ ဒီတစ်ကြိမ်တွင်မူ သူတို့၏ လက်ချောင်းများက ယှက်နွယ်လျှက်သား ဖြစ်သည်။ အမှန်တကယ် လက်ချင်းတွဲသည့် ပုံစံမျိုးဖြစ်သွားသည်။
“ချန်းကောကော ချန်းကောကောက ငါ့ စိတ်ဆန္ဒမပါဘဲ လုပ်လိုက်တာပဲ”
မုရှောင်းနွမ်က ချက်ချင်းစိတ်ပြန်ငြိမ်သွားပြီး လက်ချောင်းကို သေချာတွဲလိုက်သည်။ သူမ၏ နှလုံးသားကလည်း အမှန်တကယ် ခုန်ထွက်တော့မည်ဟု ခံစားနေရသည်။
55 03
အာ မွန်းကြပ်ပြီး သေတော့မှာပဲ…
ချန်းကောကောက ရုတ်တရပ်ကြီး ဘာလို့ စတာ အရမ်းတော်လာတာလဲ။
လက်ချင်းတွဲခြင်းသည်။ နဂိုက မုရှောင်းနွမ်က ချန်းကောကောကို စချင်ရုံသာ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူမက အစခံလိုက်သည်။
“မင်းက ပြန်ရုတ်ချင်တာလား”
ချန်းရန်၏ မျက်လုံးက အသာဝင့်သွားပြီး မုရှောင်းနွမ်ကို နောက်သည်။ သူက လက်ကို အသာလွတ်ပေးလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး မယူဘူး”
ထိုကောင်မလေး၏ အဖြေက အလွန်တိုက်ရိုက်ကျသည်။ အခြားတစ်ယောက်က သူမအကြိုက်ဆုံး အစာပြေမုန့်လေးကို လုသွားမည့် အနေအထားမျိုးကဲ့သို့ သူမသည်လည်း အနည်းငယ်သော်မျှ မချန်ဘဲ သန့်ရှင်းသပ်ရပ်စွာ အပြောင်စားပစ်လိုက်သကဲ့သို့ ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် သူမက ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ပြီး ချန်းရန်၏လက်ကို ပြန်ကိုင်သည်။
“ဟီးဟီး”
ထိုကလေးမလေးက ကျေနပ်သွားသည်။ တွဲထားသော လက်နှစ်ဖက်က အသာခါယမ်းနေရင်း တဖြည်းဖြည်း မှောင်လာသည့် ကောင်းကင်အောက်တွင်ပင် စံအိမ်တော်ကြီးသို့ ပြန်သည်။
ဝမ်းသာစရာအဖြစ်အပျက်တွေက ထွက်ပြေးလွယ်တယ်တဲ့။
ထောင်ယွမ်ရွာက စံအိမ်သို့ပြန်ရောက်သောအခါ နှစ်ယောက်တွဲထားသော လက်က ချွေးများစိုနေပြီး တွန့်ဆုတ်စွာ လွှတ်လိုက်ရသည်။
ဝု ဝု
မန်ထုံက အဝေးမှ နေ၍ သူတို့ဆီသို့ ပြေးလာသည်။ အမြှီးကို ယမ်းနေပြီး အလွန်ကြည့်ကောင်းသည်။
ဒါဟာ လူနှစ်ယောက်၏ အခြေအနေကို ပို၍ပင် သက်တောင့်သက်သာရှိကာ ပေါ့ပေါ့ပါးပါး ဖြစ်သွားစေသည်။
“မန်ထုံကနော် ဒီနေရာကို ရောက်လာပြီးကတည်းက တော်တော်လေးကို သန်မာလာသလိုပဲ”
ချန်းရန်ကလည်း ပြုံးနေရင်း ခွေး၏ ခေါင်းကို ပုတ်ပေးသည်။ မန်ထုံက သူ၏ ခေါင်းကို အသာဝှေ့ရင်းအမြှီးကို ဝှေ့ယမ်းသည်။
“ဟွန့် သန်မာလာတယ်။ ပိုတက်ကြွလာတယ်။ ပိုဆိုးလာတယ်လေ”
မုရှောင်းနွမ်က မန်ထုံကို ဒေါသတကြီး စိုက်ကြည့်လိုက်သေးသည်။ သူသည် ဒီမနက်ခင်းတွင် သူမ၏ ဖိနပ်ပါးကို ယူပြေးသွားသည်။ ထိုစာရင်းကိုပင် မရှင်းရသေးပေ။
“မင်းရဲ့ဖိနပ်ပါးတွေ ဘယ်ရောက်သွားလဲသိလား”
ချန်းရန်က မေးသည်။
“ဘယ်ရောက်သွားလဲ”
55 04
“ဒီမှာလေ ကြည့်”
ချန်းရန်ညွှန်ပြသော နေရာသို့ ကြည့်လိုက်မိသောအခါ မုရှောင်းနွမ်က မှင်သက်သွားသည်။
“ဘုရားရေ ဒီ…ဒီခွေးက ငါ့ရဲ့ဖိနပ်ပါးကို သူ့ရဲ့ခွေးအိမ်ထဲမှာ ထားပြီး တစ်ခါတစ်ရံမှာတောင် လှဲအိပ်နေတဲ့ပုံပဲ”
“ဒါ…”
မုရှောင်းနွမ်က နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားသည်။
“ဝုတ် ဝုတ်”
မန်ထုံက မုရှောင်းနွမ်ကို ထပ်ပြီး ဝိုင်းပတ်ပြန်ကာ နှာခေါင်းကို တရှုံ့ရှုံ့လုပ်ပြီး မုရှောင်းနွမ်၏ခြေချောင်းကို လာလျှက်ပြန်သည်။
အမှန်တကယ် မွှေးသောကြောင့်လည်း ဖြစ်လောက်သည်။ သူက လျှက်သည်။ ထပ်ခါတလဲလဲ လျှက်သည်။ ထိုသို့ဖြင့် သူဟာ ခွေးလျှက်သူ ဖြစ်လာသည်။
“ဟွန့် ငါနင့်ကို ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်”
မုရှောင်းနွမ်က မန်ထုံကို မောင်းထုတ်ပြီးနောက် ချန်းရန်ကို ဂုဏ်ယူစွာ ပြန်ကြည့်သည်။
“ချန်းကောကော ငါပြောသားပဲ တကယ်တော့ ငါ့ရဲ့ခြေထောက်က မွှေးတာ။ ဒါကြောင့် မန်ထုံတောင်မှ အမွှေးကြိုက်တဲ့ မန်ထုံလို့ ထင်တယ်”
“အဟမ်း…ကောင်းပါပြီ”
ချန်းရန်က ချောင်းအသာဟန့်လိုက်ပြီးမုရှောင်းနွမ်၏ စကားကို ဖြတ်ပြောသည်။
“မင်း ရေနည်းနည်းစိုနေတယ်။ ရေသွားချိုးလိုက်အုံး”
ထိုသို့ပြောပြီးသည်နှင့် ချန်းရန်က စိတ်ထဲတွင် တွေးနေသည်။
ငါကတော့ ခွေးမဟုတ်ဘူး။
ရေချိုးကာ ညစာစားပြီးနောက် မုရှောင်းနွမ်က ရုတ်တရပ် ဒီနေ့ရလာသည့် အကျိုးအမြတ်ကို တွေးမိသွားပြီး ချန်းရန်အား အခန်းထဲသို့ စိတ်လှုပ်ရှားစွာ ခေါ်သည်။
“ချန်းကောကော လာတစ်ချက် လာကြည့်အုံး ဒီအဝတ်တွေ တော်ရဲ့လား”
မုရှောင်းနွမ်က အဝတ်အများကြီး ဝယ်လာသည်။ အများစုက ချန်းရန်အတွက် ဖြစ်သည်။
သူမကိုယ်တိုင်အတွက်လည်း အများကြီးဝယ်လာသည်။ သို့သော် ယေဘုယျ ကျကျ ပြောရသော် ချန်းရန်လောက်ပင် မများပေ။
“ဘာကို စမ်းကြည့်ရမှာလဲ မင်း အဲဒီအချိန်တုန်းက ဓာတ်ပုံရိုက်ခဲ့တယ် မဟုတ်ဘူးလား”
ချန်းရန်က အခန်းကို တစ်ချက် ကြည့်သည်။ ထိုအခန်းက ကြီးသော်လည်း အတွင်းတွင် အဝတ်လဲခန်းလေးရှိသည့်တိုင်အောင် နှစ်ယောက်အတူ မျှသုံးရန် မသင့်တော်ပါပေ။
“အိုး ဒါဆိုရင်လည်း ငါအရင်ဝတ်လိုက်မယ်”
မုရှောင်းနွမ်က ထပ်ပြီး မတုံ့ဆိုင်းတော့ပေ။
“ချန်းကောကော ကောကော ငါပို့ထားတဲ့ နောက်ဆုံး ဓာတ်ပုံတွေ မြင်တယ်မလား။ အခု ကြည့်လို့ရအောင် ဝတ်ပေးမယ်”
******