← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

56 01

အပိုင်း (၅၆) ချန်းကောကောက ဒီလိုလူမျိုးဖြစ်မယ်လို့ မထင်ထားဘူး။

မုရှောင်းနွမ်က အလွန်ပျော်ရွှင်နေသည်။ အခန်းထဲတွင်လည်း အဝတ်လဲခန်းရှိသည်။ ထို့ကြောင့် သူမသည် ထိုနေရာသို့ တိုက်ရိုက်ဝင်ကာ အဝတ်အစားလဲ၍ ရသည်။

“ဟေး ဟေး ခဏနေအုံး”

ချန်းရန်က သူမကို လှမ်းခေါ်သည်။ သို့သော် မုရှောင်းနွမ်က အဝတ်လဲခန်းထဲသို့ ခြေဗလာနှင့် ပြေးဝင်သွားပြီဖြစ်သည်။ ချန်းရန်ကလည်း နည်းနည်းစိတ်ရှုပ်နေရင်း ကျန်ရစ်ခဲ့သည်။

သူမက တကယ်ကြီး အဲဒါတွေကို ဝတ်ပြီး ထွက်လာမှာတော့မဟုတ်ပါဘူနော် ဟုတ်တယ်မလား။

သူသည် ထိုဓာတ်ပုံအတွဲလိုက်ကို ပြန်တွေးမိသောအခါ ချန်းရန်သည်လည်း နည်းနည်း သွေးဆူချင်လာသည်။ သူသည် အလိုလျောက်ပင် စိတ်လှုပ်ရှားပြီး မျှော်လင့်မိလာသည်။

ဘာလို့ ဒီလောက်ကြာနေတာလဲ။

ချန်းရန်က အချိန်တန်ကြာအောင် စောင့်သည်။ သို့သော် ကောင်မလေးက ထွက်မလာသေးပေ။ ပြောရမည် ဆိုလျှင် သူ၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်လည်း ဖြစ်လောက်သည်။ သူသည် နည်းနည်း စိုးရိမ်နေပြီး အချိန်ကုန်သည်မှာ နှေးလွန်းသည်ဟု ခံစားနေရသည်။

“တန် ဒန် ချန်းကောကော ဒီတစ်ထည်က ဘယ်လိုလဲ”

အတွေးက ရောက်လာသည့်အချိန်တွင် မုရှောင်းနွမ်က သေးသွယ်သော သူမ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဖော်ပြသည့် ကိုယ်ကြပ်ဝတ်စုံလေးကို ဝတ်ဆင်ရင်း ခြေဖျားထောက်ကာ ပျော်ရွှင်စွာ ထွက်လာသည်။

“မဆိုးပါဘူး”

ထိုဝတ်စုံက အလွန်အမင်း ခန္ဓာကိုယ်နှင့် ကွက်တိတော်သောဝတ်စုံမျိုးဖြစ်ပြီး မှင်သက်ဖွယ်ကောင်းကာ လန်းဆန်းစေသော်လည်း သူကမူ အနည်းငယ် စိတ်ပျက်သွားသည်။

ဒါက ငါ့ကို ပို့ထားတဲ့ နောက်ဆုံး ဓာတ်ပုံတွေလည်း မဟုတ်ဘူးလေ။ သူ အများကြီး မျှော်လင့်မိသွားတယ် ထင်တယ်။

“ဒီတစ်ထည်ကရော”

“အရမ်းကောင်းတယ်”

သူမသည် တစ်ထည်ပြီးတစ်ထည် လဲလိုက်သည်။ အားလုံးက အဝတ်များသည်။ သို့သော် ချန်းရန်မြင်ချင်သော ဝတ်စုံများက ပါမလာပေ။

ဆိုတော့ အဲဒီ ဝတ်စုံတွေ ဝတ်ပြမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။

“ဒါပဲလား”

ချန်းရန်က ထိုကောင်မလေးက အဝတ်ဆက်လဲမည့် အမူအရာ မရှိတော့ကြောင့် မြင်သောအခါ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“အာ”

မုရှောင်းနွမ်ကလည်း စိတ်ရှုပ်သွားသည်။

စီ…စီနီယာအစ်ကိုချန်းက ဘာကို ဆိုလိုတာလဲ ဘာကို ဝတ်စေချင်လို့လဲ။

56 02

“အာ ငါဆိုလိုတာက မင်းမှာ အထူးအဝတ်တွေ ရှိသေးတယ် မဟုတ်ဘူးလားလို့”

ချန်းရန်က အိတ်ကို ညွှန်ပြသည်။ ထောင့်တစ်နေရာက ဇာကို မြင်ရသည်။ ကျန်ရစ်သည်မှာ အတွင်းဝတ်များသာ ဖြစ်သည်။

“ဘာ”

မုရှောင်းနွမ်၏ခေါင်းက ဝူးကနဲ ဖြစ်သွားပြီး မှင်သက်သွားသည်။

သူ…သူမ…နား…နား ကြား မှားတာလား။

ချန်း…ချန်း ချန်းကောကောက ငါ့ကို အဲဒါတွေ ဝတ်တာ မြင်ချင်တယ်။

ဘုရားရေ။

မုရှောင်းနွမ်သည် ရုတ်တရပ် အသိပြန်ဝင်သွားပြီး လှပသော မျက်နှာက ချက်ချင်းရဲတက်သွားသည်။

ရှက်လိုက်တာ။

စီ…စီ စီနီယာအစ်ကိုချန်းက ဒီလိုလူမျိုးဖြစ်မယ်လို့ မထင်ထားဘူး။

ဒါက … တစ်ခုခုများ အရိပ်အမြွက်ပြနေတာလား။

ချန်းရန်၏ ရုတ်တရပ် ဝိဉာဉ်ရှာဖွေသော မေးခွန်းမျိုးက မုရှောင်းနွမ်၏ နှလုံးသားကို မုန်တိုင်း ထန်စေသည်။

စီနီယာအစ်ကိုချန်းက အရမ်းကို တည့်တိုးဆန်တာပဲ။

သူက ဒီလောက် ရှင်းရှင်းလင်းလင်းကြီး ပြောသွားတာ။ ငါ့ရဲ့ခန္ဓာကိုယ်ကို သဘောကျနေပြီလို့ ဆိုလိုချင်တာများလား။ ကိစ္စမရှိပါဘူး အရင်ဦးဆုံး မသင့်တော်တာကို မတွေးဘဲ နေရအောင်။

မုရှောင်းနွမ်၏ တုံ့ဆိုင်းမှုကို မြင်သောအခါ ချန်းရန်က ခပ်မြန်မြန်ပြောသည်။ သူသည်လည်း မုရှောင်းနွမ်၏ သူ့ကို ကြည့်သော အမူအရာက အတော်လေးကို မူမမှန်ဖြစ်နေသလို ခံစားရသည်။ သူမက သဘောကျလိုက် အံ့ဩလိုက် သူ၏ ပါစပ်မှ ထိုစကားများ ထွက်လာသည်ကို မယုံကြည်နိုင်ပုံ ဖြစ်လိုက်နှင့် ပြောင်းလဲနေသည်။

ချန်းရန်သည်လည်း သူ့ကိုယ်သူ အပြစ်ကင်းစင်သည်ဟု ထင်သည်။

သူ…သူ…သူမပဲ ဒါတွေ ဝတ်ပြမယ်လို့ ပြောတာ မဟုတ်ဘူးလား ဘာလို့ ရုတ်တရပ်ကြီး အဲ့လို ဖြစ်သွားတာလဲ။

သူသည် နည်းနည်းပင် မကျေမနပ်ဖြစ်သွားသည်။

“ပြဿနာ မရှိဘူး”

မုရှောင်းနွမ်က ထိုအခိုက်အတန့်တွင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည်။ သို့သော် လျှို့ဝှက်ပြီးလည်း ရှက်ရွံ့နေသည်။

စီနီယာအစ်ကိုချန်းက အရင်ဦးဆုံး စပြီးတောင်းဆိုတာလေ။ ဒါက ဝန်ခံတာလား သူ သူမကို တကယ်သဘောကျနေပြီပေါ့။

ထိုအကြောင်းကို တွေးမိသော် မုရှောင်းနွမ်က စိတ်ထဲ လွန်ဆွဲမနေတော့ပေ။ သူမသည် နောက်ပိုင်း ထပ်ဖြစ်လာမည့် ကောင်းမွန်သော အရာလေးအချို့ကို မျှော်လင့်မိသွားသည်။

ဂလု

56 03

ချန်းရန်က လျှို့ဝှက်က တံတွေးမြိုချသည်။ သူသည်လည်း ထိုအခိုက်အတန့်တွင် နည်းနည်း စိတ်ရှုပ်သွား၏။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် ကောင်မလေးတစ်ယောက်၏ အရှေ့တွင် ဖိအားများကို ခံစားဖူးခြင်းဖြစ်သည်။ နည်းနည်းပင် အသက်မရှူနိုင်အောင် ဖြစ်နေသည်။

“ဒါပေမဲ့…”

မုရှောင်းနွမ်ကလည်း သူမ၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်တော့မည်ဟု ခံစားရသည်။ သူမက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ တစ်ခါတစ်ရံတွင် သူမက တက်ကြွလွန်းသော်လည်း ဒီလိုအရာမျိုးကို ရင်ဆိုင်ရသောအခါတွင် မျက်နှာ မပျက်လိုပေ။

“ကောကောလည်း တစ်ထည်မှ မလဲရသေးဘူးနော်။ ငါကြည့်တောင် မကြည့်ရသေးဘူးဆိုတော့ မမျှတတာပဲ”

ထိုကောင်မလေးက ခပ်တိုးတိုးပြောသည်။ နူးညံ့သောအသံလေးတွင် ချွဲသံလေးပင် ပါသည်။

မီးပန်းဖောက်သကဲ့သို့ပင် ဝေဝါးကာ ပေါက်ကွဲသွားစေပြီးတစ်စုံတစ်ယောက်အား နူးညံ့သော လေပြေအကြားမှ မွှေးရနံ့ကို သယ်ဆောင်ပေးလာသည်။

သေစေနိုင်လောက်တယ်။

“မင်း အရင်လဲ”

“ကောကောအရင်လဲ”

မုရှောင်းနွမ်က ရှက်ရွံ့စွာနှင့်ဝတ်စုံတစ်စုံကို ထုတ်လိုက်ပြီး ချန်းရန်၏ လက်ထဲသို့ ပစ်ထည့်ပေးကာ အဝတ်လဲခန်းထဲသို့ တွန်းထည့်ပေးလိုက်သည်။

ချန်းရန်က အဝတ်လဲခန်းထဲသို့ တွန်းထည့်ခံရပြီးနောက် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ သို့သော် လက်ထဲမှ အဝတ်များကို ပြန်ကြည့်ပြီးနောက် သူ၏ နှလုံးသားက ပြင်းထန်သော ခံစားချက်များ ပြည့်နှက်လာသည်။

မူလက မုရှောင်းနွမ်က ယန်ရွှယ်နှင့် ဈေးဝယ်ထွက်သွားခြင်းဖြစ်သည်။ ကောင်မလေးများက ဈေးဝယ်ထွက်ရသည်ကို သဘောကျသည်။ သို့သော် သူမက ရှားပါးစွာပင် သူ့အတွက် ဝယ်လာသည်။ သူ မရှိနေချိန်တွင်ပင် သူ့အတွက် အဝတ်အစားကို ကူရွေးပေးလေသည်။

မုရှောင်းနွမ်က သူမဘာသာ အဝတ်အစားဝယ်လာသော်လည်း သူမ ချန်းရန်အတွက် ရွေးပေးသမျှက သူမကိုယ်တိုင် ဝယ်ထားသည်ထက်ပင် ပိုများသေးသည်။ သူမက လှပသော အဝတ်အစားများကို ဝတ်ဆင်သောအခါ ချန်းရန်ကိုလည်း အမှတ်ရသည်။ ဒါကတင် ချန်းရန်၏ နှလုံးသားကို ပို၍ပင် သိမ်းပိုက်နိုင်လာသည်။

ဒီလောကမှာ ဘယ်လောက်များတဲ့ ကောင်မလေးတွေကများ ဒီလိုလုပ်နိုင်မှာလဲ။

“စီနီယာအစ်ကိုချန်းက အရမ်းကို တည့်တိုးဆန်မယ်လို့ မထင်ထားဘူး ငါအရမ်း ကြောက်တာပဲ။ ငါတကယ်ပဲ အဲဒီအဝတ်အစားတွေ လဲရမှာလား”

ထိုအချိန်တွင် ချန်းရန်က အဝတ်အစားလဲခန်းထဲသို့ဝင်သွားကြောင်း မြင်လိုက်သည်နှင့် ချန်းရန်က ရင်ဘတ်ကို အုပ်ပြီး ပင့်သက်ရှိုက်နေသည်။ သူမက အလွန်အမင်း စိုးရိမ်နေ၏။ သူမသည်လည်း မျှတရန်ဟုသာ ပြောလိုက်သည်။ အမှန်အတိုင်းဆိုရသော် မုရှောင်းနွမ်ကိုယ်တိုင်က အချိန်အနည်းငယ်ယူလို၍ ဖြစ်သည်။ မည်သို့ပင် ဆိုစေ အဝတ်အနည်းငယ်သာ ပါသည်ဟု ထင်ရသောထိုအရာလေးများကို ကြည့်ရုံဖြင့် မုရှောင်းနွမ်က နည်းနည်း ကြောက်လာသည်။

ငါ တကယ်ပဲ စီနီယာအစ်ကိုချန်း ကြည့်ဖို့ ဝတ်ပြရမှာလား။

ဒါက ဘာမှ မဝတ်ထားတာနဲ့ ဘာကွာလို့လဲ။

ဒါပေမဲ့ ဒါက စီနီယာအစ်ကိုချန်းက အရင်စပြောတဲ့ ပထမဦးဆုံးအကြိမ်ပဲ။ သူ ဒီလောက် တက်ကြွတာကို တစ်ခါမှ မမြင်ဖူးဘူး။

56 04

မုရှောင်းနွမ်၏ နှလုံးသားက နည်းနည်း နွေးထွေးသွားသည်။ သူမ၏ ခန္ဓာကိုယ် ဆွဲဆောင်မှုကိုလည်း ဂုဏ်ယူမိသွားသည်။ ထိုအခြေနေကတင် စီနီယာအစ်ကိုချန်းက သူမကို အမှန်တကယ် သဘောကျကြောင်း ဖော်ပြသည်။

ဒီအခွင့်အရေးက ရောက်လာပြီ ဆိုတော့ ဖမ်းဆုပ်ရမယ်။

စီနီယာအစ်ကိုချန်းအား အဝတ်အစားလဲပြီးသည်အထိ စောင့်နေရမည့်အစား ဒီတစ်ခေါက် ကိုယ့်ဘာသာကိုယ်သာ အရင်ဦးဆုံးလဲလိုက်ပြီး အခွင့်ကောင်းယူသင့်သည်။ ဆိုတော့ နောက်ပိုင်းကျရင်း ရှက်စရာမလိုတော့ဘူး။ ထိုနည်းအားဖြင့် စီနီယာအစ်ကိုချန်းကို စပရိုက်တိုက်နိုင်သည်။ ထို့ကြောင့် မုရှောင်းနွမ်က ကုတ်အင်္ကျီကို ချွတ်ပြီး အတော်လေးကို အဆင်ပြေလောက်မည်ဟု ထင်ရသည့် အနက်ရောင် lace outfit ကို ထုတ်လိုက်သည်။ ထိုဝတ်စုံကို သူယခင်က စမ်းဝတ်ကြည့်ဖူးသည်။ သို့သော် အမှန်တကယ်တော့ နေ့စဉ်ဘဝတွင်မူ တစ်ခါမှ မဝတ်ဖူးပါပေ။

“ဒီအဖြူရောင်ရှပ်က တော်တော်လေးပွနေတာ”

ချန်းရန်က အဝတ်အစားအသစ်ကို လဲဝတ်လိုက်သည်။ ထိုအဖြူရောင် ရှပ်က ဘောင်းဘီတိုအပွနှင့် တွဲလျှက်ဖြစ်သည်။ တော်တော်လေးကို လန်းသော ဝတ်စုံလည်းဖြစ်သည်။ ချန်းရန်က ဝတ်လိုက်သောအခါ လန်းဆန်းပြီး ရှင်းသန့်သော ပုံစံမျိုးပေါက်သည်။ သူ၏ ရုပ်ရည်နှင့် ဆွဲဆောင်မှုမျိုးနှင့် ထပ်ပေါင်းထည့်လိုက်သော် မြင်ရုံနှင့် ချက်ချင်းတန်းကြွေသွားလောက်သော ရုပ်ရည်မျိုးဖြစ်သည်။

သို့ရာတွင် ထိုအဖြူရောင်ရှပ်က တော်တော်လေးပွသည်။ ချန်းရန်က သူ၏ ရှပ်ကို ခေါင်းငိုက်စိုက်ချကာ ကြယ်သီးတပ်နေရင်း ဝမ်းဗိုက်ကြွက်သားများကို မြင်နိုင်သည်။

“ချန်းကောကော”

ထိုအချိန်တွင် ရှက်ရွံ့ပြီး စိုးရိမ်ထိတ်လန့်နေပုံရသော အသံလေးက ထွက်လာသည်။ မုရှောင်းနွမ်က အဝတ်လဲခန်းသို့ဝင်လာပြီး ဘေးဖက်တွင် ရှက်ရွံ့စွာ ရပ်သည်။

“လဲလို့ မပြီးသေးဘူးလား”

“ဟစ်”

ချန်းရန်က မော့ကြည့်လိုက်သောအခါ sexy lace အတွင်းဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ရှေ့တွင် ရပ်နေရင်းမှ စိုလဲ့နေသော လှပသော မျက်ဝန်းတစ်စုံနှင့် မက်မွန်ပန်းပွင့်ကဲ့သို့သော မျက်နှာလေးကို မြင်လိုက်ပြီး ချန်းရန်က မှင်သက်သွားသည်။ ထိုအခိုက်အတန့်တွင် ချန်းရန်က ကိုယ်တိုင်ကပင် ဆွံ့အသွားသည်။

ထိုအခြေအနေကို မြင်သောအခါ ချန်းရန်သည်လည်း ပထမဦးဆုံး အကြိမ် သူတို့ ဆုံတွေ့ခဲ့ချိန်က ထိုကောင်မလေးသည် သူ့ထံသို့ ရုပ်ရှင်ရိုက်ကူးသည့် ပစ္စည်းများဖြင့် ရောက်လာကာ ပြောခဲ့သည့် စကားကို ပင်သတိရသွားသည်။

“ချန်းကောကော ငါကြည့်ကောင်းလား”

မုရှောင်းနွမ်က နည်းနည်းရှက်နေသည်။ သူမက အမြဲတစေ ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးနေတတ်သည်။ သို့သော ယခုအခါ ချန်းရန်က ရှက်ရွံ့စွာ မော့ကြည့်လာသည်။ သူမသည်လည်း ထိုအခိုက်အတန့်တွင် တစ်စုံတစ်ရာ၏ ဆွဲဆောင်မှုကို ခံလိုက်ရပုံပေါ်သည်။ သူမ၏ လက်ညိုးလေးကိုပင် ဆန့်ထုတ်လာကာ ညင်သာစွာ တို့ထိကြည့်ပြီး တအံ့တဩပြောသည်။

“ဘုရားရေ ဒါက မာလိုက်တာ”

******

All Chapters