← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

57 01

အပိုင်း (၅၇)

“ဘာ ဘာ…ဘာ ဘာ..ဘာ မာတာ”

ချန်းရန်ကပင် ထိုစကားကြားပြီး ရုတ်တရပ် ကြောင်သွားသည်။ သူ၏မျက်နှာက ပျက်သွားပြီး ချက်ချင်းနီတက်လာကာ နည်းနည်း စကားမပြောနိုင်အောင် ဖြစ်သွားသည်။

ချန်းရန်၏အမူအရာကို မြင်သောအခါ မုရှောင်းနွမ်သည်လည်း ချက်ချင်းဆိုသလို အသိပြန်ဝင်သွားပြီး နည်းနည်း ရှက်သွားသည်။

“အဲဒီလို မဟုတ်ဘူးလေ။ ဒါပေမဲ့ ချန်းကောကောရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ပြောတာလေ။ ချန်းကောကော ဘာတွေ တွေးနေတာလဲ”

“အာ”

ချန်းရန်ကပင် ထိုစကားကြားပြီး ပို၍သာ ရှက်သွားသည်။ ကြည့်ရသည်မှာ သူမှားတွေးမိပုံ ပေါ်သည်။

“အမ်… မဟုတ်သေးပါဘူး မင်းက မင်း ဘာလာလုပ်တာလဲ”

ချန်းရန်က ချက်ချင်းအသိပြန်ဝင်သွားသည်။

သူ…သူတောင် လဲလို့ မပြီးသေးဘူးလေ။ ဘာ…ဘာလို့ ဒီကောင်မလေးက ဝင်လာတာလဲ။ ဒါ…ဒါက ပုံမှန်မဟုတ်ဘူးနော်။

“ချန်းကောကော အခု ဘာဖြစ်တာလဲ။ ချန်းကောကောရဲ့ သတ္တိတွေ ဘယ်ရောက်သွားတာလဲ”

မုရှောင်းနွမ်က အလွန်အမင်း စိုးရိမ်နေသော်လည်း ဒါဟာ ချန်းကောကော၏ တောင်းဆိုမှုက ထင်ကတည်းက ရှက်ရွံ့စရာမရှိဟု ယူဆသည်။

သူတို့ ခဏနေကျရင် ဂိမ်းကစားမှာ မဟုတ်ဘူးလား။

“ကောကောပဲ ဒါဝတ်ပြီး ပြဆိုလို့လေ။ သူများရဲ့ခန္ဓာကိုယ်ကို သဘောကျလို့မဟုတ်ဘူးလား”

မုရှောင်းနွမ်က အလွန်ရှက်ရွံ့နေပြီး ခေါင်းကို ငုံ့ကာ ချန်းရန်၏ရင်ဘတ်ကို တို့ရင်းပြောသည်။

“ကောကောဆိုလိုတာကို ငါနားလည်ပါတယ်။ ကောကောရဲ့ ခံစားချက်ကိုလည်း ငါ လက်ခံတယ်”

သူမက ဒီအတိုင်း ဝတ်ထားတာကို မြင်ချင်တယ်ဆိုကတည်းက စီနီယာအစ်ကိုချန်းက သူမနဲ့အတူ ရိုမန့်တစ်ဆန်တဲ့ညကို ဖြတ်သန်းသင့်တယ် မဟုတ်ဘူးလား။

သူမ မုရှောင်းနွမ်က အရူးမဟုတ်ပါဘူးနော် ဒါကိုတောင်မှ မမြင်နိုင်ရင် ရင်ဘတ်ကြီးပြီး ဦးနှောက်မရှိတဲ့သူ ဖြစ်သွားမှာပေါ့။

သူမက ရုတ်တရပ် ဝင်လာပြီး အံ့အားသင့်စရာကို ဖန်တီးပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

စီနီယာအစ်ကိုချန်းက အခု မသိချင်ယောင် ဆောင်နေတာပဲ။ ဟွန့် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

“ငါ…ငါ့ခံစားချက်”

ချန်းရန်က နည်းနည်းဆွံ့အသွားသည်။ မုရှောင်းနွမ်က ထိုသို့ဝတ်ပြီး ရုတ်တရပ် ဝင်လာကတည်းက သူ့ကို ထိတ်လန့်စေပြီးသားဖြစ်သည်။ ထို့အပြင် အခုလိုမျိုး ကျဉ်းမြောင်းသော အဝတ်လဲခန်းထဲတွင် တစ်ယောက်၏ အသက်ရှူသံနှင့် ခန္ဓာကိုယ် အပူချိန်များက ရောနှောနေပုံရသည်။

သို့သော် သူသည်လည်း သူဟာ သူ၏ ခံစားချက်ကို ဖော်ပြခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး နားမလည်နိုင်ပေ။

ဘာ…ဘာခံစားချက်လဲ။

ဘာလို့ မုရှောင်းနွမ်နဲ့ သူ့အကြားမှာ နားလည်လွဲမှားမှုရှိနေတယ်လို့ ခံစားမိနေတာလဲ။

“နေအုံး”

57 02

ချန်းရန်က အရှေ့မှ မုရှောင်းနွမ်ကို ကြည့်ပြီး ရုတ်တရပ် ပြောသည်။

“မဟုတ်သေးပါဘူး မင်းဝတ်ထားတဲ့ ဝတ်စုံက မှားနေတာမလား”

“ဟမ်”

မုရှောင်းနွမ်က နည်းနည်း ကြောင်တောင်တောင် ဖြစ်သွားသည်။

“ဘာ…ဘာမှားတာလဲ”

ပြန်ငုံ့ကြည့်လိုက်သောအခါ မုရှောင်းနွမ်၏ တောက်ပသော ပန်းရောင်အတွင်းဝတ်က အတော်လေး လန်ပုံပေါက်သော်လည်း အောက်ဖက်မှ ဇာကမူ အတော်လေးကို မျက်စိဖမ်းစားနေသည်။

“မင်းအရင်က အနက်ရောင် ဇာ ဘရာ ဝတ်ပြတာ မဟုတ်ဘူးလား။ အောက်ခြေနဲ့ တစ်တွဲတည်းလေ”

ချန်းရန်က သူမကို သတိပေးသည်။

“ဘာ ဘယ်လိုသိတာလဲ”

စီနီယာအစ်ကိုချန်းကသူမ ဒီလောက်လန်းတဲ့ ဝတ်စုံဝတ်ထားတာကို ဘယ်လိုသိတာလဲ။

သူမက ယခုလေးတင် ထိုအနက်ရောင် ဇာဘရာက အလွန်ဖော်လွန်းသည့် အဝတ်ဖြစ်သည်ဟု ခံစားရသဖြင့် ယာယီအားဖြင့် ယခုဝတ်စုံကို ပြောင်းဝတ်ခဲ့ခြင်း ဖြစ်သည်။

ဒါကို…ဒါကို ချန်းကောကောက ဘယ်လိုလုပ်သိတာလဲ။

“မင်းက မေ့တာ မြန်လိုက်တာ”

ချန်းရန်ကလည်း နည်းနည်းစိတ်ရှုပ်သွားပြီး ဖုန်းကို ထုတ်ပြသည်။

“ကြည့် မင်းအရင်က ဒါဝတ်တာလေ”

ချန်းရန်၏ ဝေ့ရှင်း စကားပြောခန်း သမိုင်းက ပွင့်သွားသည်နှင့် မုရှောင်းနွမ်က တစ်ချက် ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။

ဘယ်လို ဖြစ်နိုင်မှာလဲ။

ဘယ်လိုဖြစ်ပြီး ချန်းကောကောရဲ့ ဖုန်းထဲမှာ ဒီပုံတွေ ရှိနေတာလဲ။ နောက်ပြီး ငါ့ရဲ့ ဝေ့ရှင်းအကောင့်က ပို့လိုက်တာ။

ထို့နောက် သူမက အိမ်ရောက်လျှင် ဝတ်ပြမည်ဆိုသော စကားနှင့် တွဲစပ်ကြည့်လိုက်သော်…

ဘုရားရေ။

မုရှောင်းနွမ်က ဆွံ့အသွားသည်။ သူက ချက်ချင်းဆိုသလိုပင် မျက်နှာပူသွား၏။ ရှက်လိုက်တာ ချန်းကောကောက ဒီပုံတွေကို မြင်သွားပြီ သွားပြီ။

မုရှောင်းနွမ်က ရုတ်တရပ် လုံးဝ အဆုံးသတ်ပြီဟု သိလိုက်သည်။

သွားပြီ။

မုရှောင်းနွမ်သည် မှင်သက်သွားပြီး ဆောင့်ကြောင့်သာ ထိုင်ချလိုက်ကာ လက်နှစ်ဖက်ဖြင့် ခေါင်းကိုသာ အုပ်ထားသည်။

အနာဂတ်မှာ ချန်းကောကောကို ဘယ်လို ရင်ဆိုင်ရမှာလဲ။

အား…

ယန်ရွှယ် သူမပဲ သူမလုပ်တာ။

မုရှောင်းနွမ်က အသက်ကို ပြင်းပြင်းရှူပြီး အံကို ကြိတ်သည်။

နားလည်ပြီ သေချာပေါက် ယန်ရွှယ်က ခိုးပြီး ပို့တာ ဖြစ်မယ်။

“သောက်ကျိုးနည်း ယန်ရွှယ် ငါနင့်နဲ့ စာရင်းရှင်းမယ်”

57 03

မုရှောင်းနွမ်က ရုတ်တရပ် ထရပ်ပြီး တစ်ဖက်သို့လှည့်ကာ အဝတ်လဲခန်းထဲမှ ပြေးထွက်သွားသည်။

ကလစ်။

ထိုအချိန်တွင် သူမက ထရပ်လိုက်ရုံသာ ရှိသေးသည်။ သန်မာသော လက်တစ်ဖက်က လှမ်းဆွဲသည်။

အာ…

မုရှောင်းနွမ်က လန့်ပြီး အော်လိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ပြီးနောက် ချန်းရန်၏ နံဘေးသို့ ပြန်သွားကာ သူ၏ ရင်ဘတ်ကို မှီပြီး ခပ်တိုးတိုးပြောသည်။

“ချန်း….စီနီယာအစ်ကိုချန်း”

မုရှောင်းနွမ်က ကြောက်လန့်သော ယုန်လေးကဲ့သို့ ဖြစ်သွားသည်။ အစောပိုင်းက ဒေါသများက ချက်ချင်းပျောက်သွား၏။ ချန်းရန်ကို ရင်ဆိုင်ရသောအခါ သူမသည် မနေနိုင်ဘဲ ရင်ဘတ်ကို လက်ဖြင့် အုပ်၍ ခြေထောက်နှစ်ဖက်ကိုလည်း ကပ်ထားမိသည်။ ထိုအမူအရာက တော်တော်လေးကို ကိုးရိုးကားရားနိုင်သည်။ သူမသည် တစ်စုံတစ်ရာကို တားချင်နေပုံရသည်။

သူမသည် ရှက်လွန်းသဖြင့် ငိုချင်နေပြီ ဖြစ်သည်။

လက်စသတ်တော့ ကိုယ်ပွားက ငါပဲ ငါကိုယ်တိုင်ပဲ ဘယ်သူက ဒီလိုအဝတ်အစားမျိုးတွေ ဝတ်ပြီး ချန်းကောကောကို ကြွားချင်တယ်လို့ ပြောလို့လဲ။

အခု ချန်းကောကောက အရင်စပြီး သဘောကျတယ်လို့ ထင်ပြီး ဝန်ခံမိသွားပြီ။ လက်စသတ်တော့ ဒါတွေ အားလုံးက နားလည်မှု လွဲတာပဲ ငါကိုယ်တိုင်ကကို အကျည်းတန်တဲ့ ဘဲပေါက်ဖြစ်နေခဲ့တာ ဟင် စီနီယာအစ်ကိုချန်းရဲ့ ရှေ့မှာ ကြူပြလိုက်သေးတယ်။ လူကိုလည်း မျက်နှာချင်းဆိုင်ဖို့ မျက်နှာမ ရှိတော့ပါဘူး။

“စီနီယာအစ်ကိုချန်း ငါ…ငါတောင်းပန်ပါတယ် အခုက နား…နားလည်မှုလွဲတာ ဒီအတိုင်း ငါ…ငါ မရှိခဲ့သလို ဟန်ဆောင်လိုက်မယ်။ ငါ အရင်ပြန်တော့မယ်”

ထိုကောင်မလေးက ကြောင်နှစ်တွင် မွေးခြင်းဖြစ်လောက်သည်။ ဆောင့်ကြောင့်ထိုင်လိုက် ဝပ်လိုက် လက်သည်းဖြင့် လှမ်းကုတ်လိုက်လုပ်ပြီး ချန်းရန်၏အရှေ့တွင်ပင် အမျိုးစုံလုပ်ပြနေသည်။

အို … အခုက တကယ်ကို ရှက်စရာပိုကောင်းသွားပြီ။

မုရှောင်းနွမ် မုရှောင်းနွမ် မှန်ကန်တဲ့အချိန်မှာ နောက်ဆုတ်ရမယ်။

“ဒီနေ့ ဖြစ်ခဲ့တဲ့အရာကို ချက်ချင်းမေ့လို့ရမယ်လို့ မင်းက ထင်တာလား”

ချန်းရန်ကထိုကောင်မလေး၏ ပခုံးပေါ်သို့ လက်ကို တင်လိုက်ပြီး ထိုကောင်မလေးကို တည်ငြိမ်စွာ ကြည့်သည်။

ချန်းရန်သည်လည်း နားလည် လွဲမှားမှုကို သိသော်လည်း ဒီနေ့တွင်မူ ထိုကောင်မလေးက ထိုမျှအထိ တက်ကြွကာ အရင်ဦးဆောင်လာခဲ့သည်။ ချန်းရန်၏ နှလုံးသားကလည်း နောက်ဆုံးတွင် လှုပ်ရှားသွားပြီးသားဖြစ်သည်။ ဖြစ်နိုင်တာက သူဒီကောင်မလေးကြောင့် မသိလိုက်မသိဘာသာဖြင့် အမှန်တကယ် ချစ်မိသွားတာ ဖြစ်မယ်။

“စီ…စီနီယာအစ်ကိုချန်း”

မုရှောင်းနွမ်က အံ့ဩသွားသည်။ သူမ၏ လှပသော မျက်လုံးဖြင့် ချန်းရန်ကအား မယုံကြည်နိုင်သလို ကြည့်သည်။

“ချန်း ကောကောက ဘာကို ဆိုလိုတာလဲ”

ဘုန်း ဘုန်း ဘုန်း

မုရှောင်းနွမ်၏ နှလုံးသားက လည်ပင်းမှပင် ခုန်ထွက်တော့မည် ဖြစ်သည်။ သူမက အသက်ရှူအောင့်ထားပြီး ချန်းရန်ကို ပြင်းပြစွာ ကြည့်သည်.

“မင်းက ဒီဝတ်စုံနဲ့ လှတယ်”

ချန်းရန်က သူမအား ရိုးသားသော အကြည့်မျိုးဖြင့် ကြည့်ရင်း စိတ်ရင်းကို ဖော်ပြသည်။ ဒါဟာ သူ၏ ရင်ထဲမှ ခံစားချက်လည်း ဖြစ်သည်။ ထိုကောင်မလေးက ခန္ဓာကိုယ် ကောင်းသည်။ အရပ်ကလည်း အနေတော် ဖြစ်သည်။ ချစ်စရာကောင်းပြီး မြတ်နိုးစရာလေးဖြစ်သည်။ယခုလို sexy ဝတ်စုံကို ဝတ်ထားသည့် အခါတွင်လည်း အလွန်အမင်းဆွဲဆောင်မှုရှိသည်။

57 04

“တကယ်လား”

မုရှောင်းနွမ်က ထိုစကားကြားပြီး နည်းနည်း ရှက်သွားသည်။ သူမသည် တစ်ချက် နားထောင်ရုံဖြင့် ချန်းရန်၏ ရင်တွင်းစကားဖြစ်ကြောင်း သိနိုင်သည်။ ကောင်လေးတစ်ယောက်က ယခုလိုမျိုး ခန္ဓာကိုယ်လှကြောင်း ကြည့်ကောင်းကြောင်း ချီးကျူးခြင်းဟာ ထိုကောင်မလေးကို အနည်းငယ် သဘောကျသည့် အဓိပ္ပာယ်မျိုးဖြစ်သည်။

မုရှောင်းနွမ်၏ နှလုံးသားက ချိုမြိန်သွားသည်။ သူမသည်လည်း သကြားလုံးစားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ နှလုံးသားထဲမှ တင်းအားကလည်း နည်းနည်း ပြေလျော့သွားပြီး ပြုံး၍ ပြောသည်။

“ဆိုတော့ ဒါက ကောကောနဲ့ ဘာဆိုင်လို့လဲ”

“ဒါပေါ့ ငါနဲ့ဆိုင်တာပေါ့”

ချန်းရန်က အသာပြုံးသည်။ မုရှောင်းနွမ်ကို ရိုးသားစွာ ကြည့်ပြီးနောက် ဆံပင်ကို အသာဖွသည်။

“ဘာလို့လဲဆိုတော့ မင်းက ငါ့အပိုင်လေ”(စာစစ်_အားးးးးးးး ဒီလိုကြီး အတွဲတွေ ဖျင်နူကြစမ်းးးးး)

******

All Chapters