← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

58 01

အပိုင်း (၅၈) ခင်ပွန်းနဲ့ဇနီးတောင် ဖြစ်နေပြီကို ဘာလို့ ကောင်လေးနဲ့ ကောင်မလေး လုပ်တော့မှာလဲ။

နွေဦးလေပြေ ဆယ်မိုင်ကတောင် မင်းလောက် မကောင်းဘူး။ ဘယ်သူပဲ လာလာ မင်းရဲ့ လူပဲတဲ့။

ရိုးရှင်းသော “မင်းက ငါ့ရဲ့လူ” ဆိုသော စကားက လေးလံသော တူကဲ့သို့ မုရှောင်းနွမ်၏နှလုံးသားကို ခပ်လေးလေးဖိချသည်။

မုရှောင်းနွမ်၏ လှပသော မျက်နှာက တစ်ခဏခန့် တောင့်ခဲသွားပြီး ချန်းရန်ကိုသာ ငေးငိုင်ကာ စိုက်ကြည့်နေသည်။ ရုတ်တရပ် ဖွင့်ဟဝန်ခံချက်က သူမကို ခေါင်းမူးသွားစေပြီး အံ့အားသင့်သွားစေသည်။

“ချန်းကောကော ဘာပြောလိုက်တယ်။ ကောကောရဲ့လူဟုတ်လား ဘာကို ဆိုလိုတာလဲ”

မုရှောင်းနွမ်က နီရဲသော နှုတ်ခမ်းကို အသာဟထားပြီး အသက်ရှူအောင့်ထားကာ လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်၍ တုန်ယင်နေသော အသံဖြင့် မေးသည်။

“အရူးမလေး”

ချန်းရန်သည် လက်ကို ဆန့်ထုတ်၍ မုရှောင်းနွမ်၏ လက်ကို လှမ်းဆွဲကိုင်ပြီး ညင်သာစွာ ပြုံးပြီးလေးနက်တည်ကြည်မှုအပြည့်ဖြင့် ပြောသည်။

“မုရှောင်းနွမ် မင်း.. ငါ ချန်းရန်ရဲ့ကောင်မလေး ဖြစ်လိုစိတ်ရှိလား။ ငါနဲ့ တရားဝင် တွဲချင်လား”

“ငါ”

ထိုစကားကို ကြားပြီးနောက် မုရှောင်းနွမ်၏မျက်တောင်များက တုန်ယင်သွားကာ မျက်လုံးကြီးက ရဲသွားသည်။ သူမသည် အမြဲတစေ တက်တက်ကြွကြွနှင့် တည်တည်ငြိမ်ငြိမ် နေတတ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

“ဝူး…ဝူး…ဝူး”

ထို့နောက် တစ်ခဏတွင် မုရှောင်းနွမ်က ပျော်ရွှင်စွာ ထငိုသည်။ သူမက ချန်းရန်ကို တင်းတင်းကြပ်ကြပ် ဖက်ပြီး ပြောသည်။

“ဝူး ချန်းကောကော ငါ အိပ်မက် မက်နေတာ မဟုတ်ဘူး။ ဟုတ်တယ်မလား အွန်း ငါ အရမ်း စိတ်လှုပ်ရှားတာပဲ”

“မစိုးရိမ်ပါနဲ့ မင်း အိပ်မက် မက်နေတာ မဟုတ်ဘူး”(စာစစ်_ကျွန်မ မက်နေတာ ကျွန်မပါ… ဒီလိုဇိမ်ခံဘဝလိုချင်တဲ့ ကျွန်မပါ)

ထိုကောင်မလေး၏ ကျောက်စိမ်းကဲ့သို့ ကျောပြင်ကို အသာပုတ်ပေးနေသည့် ချန်းရန်ကပင် သူ၏နှလုံးသားက လှုပ်ခတ်နေသလို ခံစားလိုက်ရသည်။

ဝိုး… တောက်ပတဲ့ ပန်းရောင်အတွင်းဝတ် ဆိုပေမယ့်လည်း ဒီကျောဗလာမှာ အနက်ရောင် ကြိုးနှစ်ကြိုးတည်း ချည်ထားတာ။

ပိုးသားကဲ့သို့ နူးညံ့သော အသားအရည်က လူအများ၏ နှလုံးသားကို အလွယ်တကူ ယမ်းခါစေနိုင်သည်။

“အိပ်မက် မက်နေတာမဟုတ်ဘူး။ တကယ်”

ချန်းရန်၏ ပြောစကားကို ကြားပြီးနောက် ထိုကောင်မလေးက ချန်းရန်၏ ရင်ခွင်ထဲမှ ချက်ချင်းထကာ နီရဲသော မျက်လုံးကို ပွတ်ပြီး ရှက်ရွံ့စွာ ပြောသည်။

58 02

“ချန်းကောကော တောင်းပန်ပါတယ်။ ငါ အခု စိတ်လှုပ်ရှားသွားလို့ ပုံစံပျက်သွားတာ”

“ရပါတယ်”

ချန်းရန်ကလည်း လွှတ်ပေးရန် တုံ့ဆိုင်းနေသည်။ သို့သော် ထိုအချိန်တွင်ပင် သူဟာ သွယ်လျသော ကျောက်စိမ်းလက်မောင်းလေးကို ကိုင်ထားရင်း သူမကို ကြည့်လေလေ ပျော်လေလေ ဖြစ်လာသည်။

“မင်း ဆန္ဒရှိလားဆိုတာ ပြန်မပြောရသေးဘူး”

အဖြေကို သူ ခန့်မှန်းမိပြီးသားဖြစ်သည့်တိုင်အောင် ပုံမှန်ဖွင့်ဟဝန်ခံမှုဆိုလျှင် နှစ်ဖက်လုံးက အပြုအမူကို ရှင်းရှင်းလင်းလင်း ဖော်ပြသင့်သည်။

“ငါက ကောကောရဲ့ကောင်မလေး ဖြစ်ချင်တယ်။ ကောကောနဲ့ တွဲချင်တယ်လို့ ဘာလို့ ပြောရမှာလဲ”

မုရှောင်းနွမ်၏ လှပသော နှုတ်ခမ်းက နည်းနည်း မပျော်မရွှင်ဖြစ်သလို့ မဲ့ပြီး ရှက်ရွံ့စွာ ပြောသည်။

“လက်ထပ်မှတ်ပုံတင်တောင် တင်ပြီးပြီဟာကို ငါက နင့်ရဲ့ဇနီးဖြစ်နေပြီး နင်ကငါ့ယောက်ျား မဟုတ်ဘူးလား။ ငါတို့က ဒီဆက်ဆံရေးရှိပြီးသားဟာကို ဘာကို ချစ်သူ ကောင်မလေးလုပ်တော့မှာလဲ”

“ဟင်”

ချန်းရန်က မှင်သက်သွားသည်။ မုရှောင်းနွမ်၏ စကားကြောင့် မှင်သက်သွားပြီး နောက်ဆုံးတွင် ပြန်တွေးကြည့်သောအခါ ဟုတ်မှန်နေကြောင်း နားလည်လိုက်သည်။

“ဆိုတော့ မင်း ဘယ်လိုထင်လဲ”

ချန်းရန်က မျက်ခုံးအသာပင့်ပြီး ထိုကောင်မလေးကို ပြုံး၍ ကြည့်သည်။ သူမ၏ အတွေးကိုလည်း သိချင်နေသည်။

“အင်း ဘာပြောရမှာလဲ”

ထိုကောင်မလေးက လက်လေးနှစ်ချောင်းကို အသာပူးလိုက်ပြီး မသေချာ မရေရာသလို ပြောသည်။

“ချစ်သူ ကောင်လေး ကောင်မလေးတွေက အချစ်အကြောင်း ပြောရင် လင်နဲ့မယားက အချစ်ကို စမ်းသပ် ကျော်ဖြတ်သင့်တာမလား”

“အိုး အခု စမ်းကြည့်ချင်လား”

ချန်းရန်ကလည်း သူမ၏စကားကြောင့် နည်းနည်း သဘောကျသွားသည်။ သူသည် အော်ရယ်လုနီးပါး ဖြစ်သွားသည်။ သူ၏ကျဉ်းမြောင်းသော မျက်လုံးထဲတွင်ပင် စနောက်လိုသော အမူအရာမျိုးကို မြင်နိုင်သည်။ ထိုကောင်မလေးက မီးနှင့် ကစားနေသည်။ သူတို့နှစ်ယောက်လုံးက ယခုလို အခြေအနေမျိုးတွင် ဖြစ်သည်။ သူမကလည်း ယခုလို ဝတ်ထားပြီး အချစ်ကို စမ်းသပ်ကျော်ဖြတ်မည်ဟု ပြောနေသည်။

ဒါက တစ်ခုခုကို အရိပ်အမြွက်ပြနေတာလား။

“စမ်းသပ်ကျော်ဖြတ်တယ်လို့ ဆိုလိုတာက တစ်ယောက်ကိုတစ်ယောက် စစ်ကြည့်ရမယ်လို့ ပြောချင်တာ”

မုရှောင်းနွမ်၏ လှပသော မျက်လုံးကြီးက အပြစ်ကင်းစင်မှုများနှင့် ဖြစ်သည်။ ထိုကောင်မလေးက ရိုးရှင်းစွာသာ တွေးသည်။

ကျားနဲ့ ဝံပုလွေစကားလုံးကို ဘယ်လိုများ သန့်ရှင်းတဲ့ပုံစံမျိုးနဲ့ ပြောနိုင်တာလဲ။

58 03

အချစ်ကို စမ်းသပ်ကြည့်မယ်။ အချင်းချင်း ချစ်ကြည့်မယ်။ ရိုးရိုးသားသား ချစ်ကြည့်မှာတော့ မဟုတ်ဘူးဆိုတာ သေချာလား။

“ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ သိလား”

ချန်းရန်က မုရှောင်းနွမ်ကို စိုက်ကြည့်သည်။ ထိုကောင်မလေးက ယခုလိုအ‌ခြေအနေမျိုးတွင် မိုက်မဲပြီး တုံးအကာ ချစ်စရာကောင်းသော သိုးဖြူလေးနှင့် တူသည်။

သူမသည် ညင်သာပုံပေါ်သော်လည်း ဝံပုလွေဆိုးကြီး၏ ပြစ်မှတ်ထားခြင်း ခံရပြီး အချိန်မရွေး အစားခံရနိုင်ကြောင်းကို မသိသေးပေ။

“မသိဘူးလေ”

မုရှောင်းနွမ်က နည်းနည်း သံသယဝင်သွားသည်။ ယခင်က သူမသည်လည်း ရည်းစား မထားဖူးချေ။ ရုတ်တရပ် လက်ထပ်ရန် ဖြစ်လာသည်။ ထို့ကြောင့် ခင်ပွန်းနှင့် ယောက်ျားတို့က မည်သို့ ပြုမူ ပြောဆို နေထိုင်သင့်ကြောင်းကိုလည်း မသိထားပါပေ။ သူမ ကလေးအရွယ်က မိခင်ဖြစ်သူက ဖခင်ဖြစ်သူကို မကြာခဏဆိုသလို ဒေါသထွက်တတ်ကြောင်း မြင်ဖူးသည်။ ဖခင်ဖြစ်သူက မိခင်ဖြစ်သူ၏ အနောက်မှ လိုက်ကာ ချော့တတ်သည်။ မုရှောင်းနွမ်ကလည်း အချစ်ကို ကျော်ဖြတ်ခြင်းက ထိုသို့နားလည်အောင် လုပ်ရခြင်းဟုသာ ထင်ထားသည်။

မိဘတွေလိုမျိုး သင့်သင့်မြတ်မြတ်နဲ့ အတူရှိတာမျိုး မဟုတ်ဘူးလား။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဘယ်လိုသိမှာလဲ။

“ယောက်ျားက ငါ့ကို သင်ပေးလေ”

မုရှောင်းနွမ်၏ မျက်လုံးကချစ်ခင်ကြင်နာမှု အပြည့်နှင့် ဖြစ်သည်။ သူမက မသိလျှင်လည်း သင်ပေး၍ရသည်။

“သေချာလား”

ချန်းရန်၏ မျက်လုံးက နည်းနည်းကြမ်းတမ်းလာသည်။ မုရှောင်းနွမ်က ရုတ်တရပ် နည်းနည်း ကြောက်လာသလို ခံစားရသည်။ သို့သော် ချစ်စရာကောင်းစွာနှင့် ခေါင်းကို ညိတ်ပြသည်။ ထို့နောက် တစ်ခဏတွင် ရုတ်တရပ် ချန်းရန်၏ မျက်နှာဖြင့် နီးကပ်ခြင်းခံရပြီးနောက် ရုတ်တရပ် လောင်ကျွမ်းသော ခံစားချက်ကို ရလိုက်သည်။

“ဟင်”

မုရှောင်းနွမ်က အငိုက်မိသွားသည်။ သူမ၏ မျက်လုံးက ပြူးသွားပြီး လုံးဝ မှင်သက်သွား၏။ စီနီယာအစ်ကိုချန်းက အမှန်တကယ်ကို…ပို၍ပင် ကြောက်သွားမိသည်။

“စွပ် စွပ်…စွပ် စွပ်”

ထိုကဲ့သို့ လျှာထိပ်ဖြင့်…အခြေအနေမျိုးကို လုံးဝအတွေ့အကြုံမရှိသော မုရှောင်းနွမ်သည်လည်း မွန်းကြပ်လာသည်ဟု ခံစားလိုက်ရပြီး အလိုလျောက် ရုန်းကန်မိသွားသည်။

“ဟ မလုပ်…မလုပ်…အင်း…”

လတ်ဆတ်သော ပန်း၏ ညင်သာသော ပန်းဖူးလေးများက ပထမဦးဆုံး အကြိမ်အဖြစ် ပြင်းထန်သော မုန်တိုင်းကို ထိပ်တိုက်ရင်ဆိုင်ရသကဲ့သို့ နည်းနည်း ကြောက်နေပုံပေါ်သည်။ မုရှောင်းနွမ်က အစပိုင်းတွင် လွှတ်မြောက်အောင် ရုန်းသေးသည်။ သို့သော် ပြင်းထန်သော ခံစားချက်က ခန္ဓာကိုယ်တစ်ခုလုံးကို နူးညံ့သွားစေပြီး အင်အားမရှိတော့အောင် ဖြစ်စေသည်။

သိပ်မကြာခင်မှာတင် မုရှောင်းနွမ်သည်လည်း အံ့အားသင့်စရာကောင်းသော ခံစားချက်ကို ရလိုက်သည်။ ယခင်က မရဖူးသော ခံစားချက်မျိုးဖြစ်သည်။ သူမက စတင်ကာ ဖြစ်ကတတ်ဆန်းနိုင်သလို တုန့်ပြန်လာသည်။ လှပသော လေထုအခြေအနေကလည်း ထင်ရှားလာသည်။

58 04

ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ နှစ်ယောက်လုံးက အချင်းချင်း ထွေးပွေ့ကာ ချစ်စိတ်ပြင်းပြစွာ နမ်းကြသည်။ သူတို့၏ နက်ရှိုင်းပြီး ပြင်းထန်သော ခံစားချက်များကို ဖော်ပြကြသည်။ နှစ်ယောက်လုံးက စိတ်ကို နှစ်မြုပ်ထားကြသည်။ တစ်ယောက်ကို တစ်ယောက်လည်း အရည်ပျော်ကျမတတ် ဝါးစားချင်နေကြသည်။

လှပပြီး ရင်ထဲ ထိစေသည်။

“ဟာ့…ဟာ့”

သိပ်မကြာခင်မှာတင် နှစ်ယောက်လုံးက အောက်စီဂျင် ပြတ်လတ်မှုကြောင့် လူစုခွဲလိုက်ကြသည်။ ချန်းရန်က ရှက်ရွံ့ပြီး အမောတကော အသက်ရှူနေသော မုရှောင်းနွမ်ကို ကြည့်ကာ နှုတ်ခမ်းထောင့်မှ သလင်းကြည်ရောင် အရည်များကို သုတ်ပေးလိုက်ရင်း ပြောသည်။

“ဒါက အချစ်ကို စမ်းသပ်ကျော်ဖြတ်တာပဲ”

“ယောက်ျား ငါ မှားပါတယ်”

မုရှောင်းနွမ်၏ခြေထောက်ပင် တုန်ယင်နေသည်။ သူမ၏ နှလုံးသားထဲတွင်လည်း အရှက်တရားကို ပြင်းထန်စွာ ခံစားမိနေသည်။ ဒါက တကယ်ကို ရှက်စရာပဲ။ သူမက နားလည်မှု လွဲသွားတာ ဒါကြောင့် စီနီယာအစ်ကိုချန်းရဲ့ ပြင်းပြင်းထန်ထန် သင်ပြတာကို ခံလိုက်ရတာပဲ။

သူမသည်လည်း ရှက်လွန်းသဖြင့် မည်သူ့ကိုမှ မတွေ့ချင်တော့ပေ။ ထိုအချိန်တွင် မျက်နှာကိုသာ အုပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သို့ရာတွင် ယခုလေးတင် ခံစားခဲ့ရသည် ခံစားချက်က အံ့အားသင့်စရာဖြစ်သည်။ ယခင်က အတွေ့အကြုံမရှိဖူးသော မုရှောင်းနွမ်ကလည်း သူမ၏ နှလုံးသားက အရည်ပျော်တော့မည်ဟု ခံစားနေရသည်။

လတ်စသတ်တော့ ချစ်ရတယ်ဆိုတာက ဒီလိုမျိုးကို ချိုမြိန်တယ် နောက်ပြီး ပျော်ရွှင်မှုကိုလည်း ခံစားရစေသေးတယ်။ လုံးဝကို စွဲလမ်းစေတဲ့ခံစားချက်ပဲ။

“မင်း အမှားလုပ်ခဲ့ရင် ဒီလို အပြစ်ပေးခံရမှာနော်”

ချန်းရန်က မုရှောင်းနွမ်ကို စနောက်ပြီး ပြောသည်။

“အဝတ်ဘယ်နှစ်ထည် ကျန်သေးလဲ ငါမကြည့်ရသေးဘူး”

“အင်း…ဒီ…ဒီနေ့တော့ မလုပ်လို့ရမလား”

မုရှောင်းနွမ်က အရည်ရွှမ်းနေသော မျက်လုံးဖြင့် အသနားခံသည်။

“ငါ နည်းနည်း အေးလာသလိုပဲ နောက်ရက်မှ လုပ်မယ်လေ”

“ဟင်”

ချန်းရန်သည်လည်း မုရှောင်းနွမ်က ချွေးစေးနည်းနည်းပြန်နေကြောင်း မြင်လိုက်သည်။ အထူးသဖြင့် ဝမ်းဗိုက်အောက်ဖက်ခြမ်းတွင် ဖြစ်သည်။

အအေးမိတာပဲ။

ချန်းရန်သည် တစ်ချက်ကြည့်လိုက်ရုံနှင့်တင် သူမက ဒီနေ့ မြို့က ပြန်လာပြီးချိန်ကတည်းက ခန္ဓာကိုယ်က အအေးမိလွယ်ကြောင်း သိထားပြီးသားဖြစ်သည်။ ဒီပြဿနာက ရှိနေသည်။

“မင်း ဒီနေ့ တော်တော် ပင်ပန်းနေပြီ ဆိုတော့ အရင်ဆုံးနားလိုက်အုံး”

ချန်းရန်ကလည်း ထိုပြဿနာကို ပို၍သာဂရုစိုက်သည်။ သူမလေးက မသက်မသာဖြစ်နေလောက်သည်။ ပြန်လာကတည်းက အခုလိုဖြစ်လောက်သည်။

ဒါတောင်မှ ဒီအချိန်ထိ ထိန်းထားသေးတယ်။

“ဒီအရူးမလေးကတော့လေ။ ကိုယ့်ရဲ့ခံစားချက်ကိုတောင် ဂရုမစိုက်ဘူး။ နေလို့မကောင်းနေတာကို ဘာလို့ စောစော မပြောတာလဲ။”

“တောင်း…တောင်းပန်ပါတယ် ယောက်ျား ငါတို့က ဒီနေ့မှ ဆက်ဆံရေးကို တည်ထောင်ကာစလေ ငါတို့ နောက်မှပဲ အောင်ပွဲခံပြီး ပြောကြမယ်နော်”

မုရှောင်းနွမ်၏ မျက်လုံးက တောင်းပန်သည့် အရိပ်အယောင်အပြည့်နှင့် ဖြစ်သည်။

“ကိစ္စမရှိပါဘူး နောက်မှအထိ စောင့်စရာမလိုဘူး။ ဒီနေ့ လုပ်လို့ရတယ် မစိုးရိမ်နဲ့”

ချန်းရန်က ထိုကောင်မလေး၏ နှာခေါင်းကို အသာကုတ်လိုက်ရင်း ပြုံးကာပြောသည်။

“ဘာပဲဖြစ်ဖြစ် အချိန်တွေအများကြီး ကျန်သေးတယ်လေ ဟုတ်တယ်မလား”

******

All Chapters