← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

59 01

အပိုင်း (၅၉) ယောက်ျား ငါ့ကို ကူညီပြီး အဝတ်ဝတ်ပေးနိုင်မလား။

“အင်း ငါတကယ်ကို နည်းနည်းအေးနေတာ”

မုရှောင်းနွမ်က အကြောင်းပြချက်မရှိ တုန်ယင်လာသည်။ တစ်ကိုယ်လုံးကလည်း အေးစက်နေသလို ခံစားရသည်။ အထူးသဖြင့် ဝမ်းဗိုက်အောက်ဖက်ခြမ်းဖြစ်သည်။ နည်းနည်းပင် ကြွက်တက်ချင်လာသည်။

“လေအေးတွေ စုသွားတာ။ နောက်ပြီး ရာသီဥတုကတည်း အေးလာတယ်လေ။ ဒီတော့ ဒီလိုဖြစ်တာပေါ့”

ချန်းရန်ကလည်း မုရှောင်းနွမ်က အခြေအနေ မကောင်းမှန်းသိသည်။ ထို့ကြောင့် သူမကို ခါးမှနေ၍ အရင်ပွေ့ဖက်လိုက်သည်။

“ဘုရားရေ”

မုရှောင်းနွမ်က ရုတ်တရပ် ထအော်သည်။

မင်းသမီးလို အချီခံရပြန်ပြီ။

သူမသည်လည်း ယောကျ်ားဖြစ်သူဆီမှ ယခုလို အချီခံရပြန်သည်။

သူမကထိုသို့ အပွေ့ဖက်ခံရသည့်အချိန်တိုင်းလိုလို နှလုံးခုန်သံက မြန်ဆန်လာတတ်သည်။ နှလုံးသားက ထွက်ကျတော့မည်ဟု ခံစားရသည်။ သူမက စိုးရိမ်ကြောင့်ကြလာသည်။

သို့သော် ဒီနေ့တွင်မူ ပြင်းထန်သော အလိုလိုက်မှုကို ခံစားနေရသည်။ ချစ်ရသော အမျိုးသား၏ ယခုလို ပွေ့ဖက်ခံရသောအခါ မင်းသမီးတစ်ပါးကဲ့သို့ ခံစားရသည်။ သူမ၏နှလုံးသားကပင် ပျော်ရွှင်လွန်းနေသည်။

“ခဏလဲနေလိုက်အုံး… မင်းရဲ့ ဒီညတာဝန်က ကောင်းကောင်း အနားယူတာပဲ နားလည်လား”

ချန်းရန်က မုရှောင်းနွမ်အား အိပ်ယာပေါ်သို့ ဂရုတစိုက်တင်ပေးပြီး ပြောလိုက်သည်။ သူသည်လည်း အိပ်ယာက အလွန်နူးညံ့မှန်းသိသည့်တိုင်အောင် ချန်းရန်၏ လှုပ်ရှားမှု အလွန်ဂရုတစိုက် နိုင်လွန်းသည်။ သူမက သူ၏ ဘေဘီလေးကို ကာကွယ်ပေးနေသည်နှင့် တူသည်။

“အင်း ဟုတ်တယ် ဟန်နီ ငါသိပါတယ်။ ငါ ကောင်းကောင်းနားမှာပါ”

မုရှောင်းနွမ်က နည်းနည်း မသက်မသာ ဖြစ်နေသော်လည်း ချန်းရန်ကို အကောင်းဆုံးအရာများ ပေးချင်သကဲ့သို့ အတောက်ပဆုံး ပြုံးပြလိုက်သေးသည်။

“ဒါဆိုရင် မင်း ဘာလို့ မလွှတ်တာလဲ”

ချန်းရန်က ရယ်သည်။ သူက ကိုယ်ကို ကွေးထားပြီးသားဖြစ်သည်။ သို့သော် ထိုကောင်မလေးကမူ သူ၏ လည်ပင်းကို ဆက်တိုက် ချိတ်လားသည်။

“အာ”

မုရှောင်းနွမ်က ရှက်သွားသည်။ သို့သော် သူမက နှုတ်ခမ်းကို ရဲရင့်စွာ ဆူလိုက်ပြီး ချွဲသည်။

“ငါက ခဏလောက် ဖက်ချင်သေးတဲ့ဟာကို”

ထိုအချိန်တွင် မုရှောင်းနွမ်က ကျောင်းတွင်းတွင် ခိုးချစ်နေသော သူမျိုးနှင့် တူသည်။ ညဆယ်နာရီကျော်ချိန်တွင် ကောင်လေးက ကောင်မလေးကို အဆောင်အောက်ထပ်သို့ လိုက်ပို့ပေးသည်။ သူတို့က လမ်းခွဲချိန်တွင် ကောင်လေးကလည်း ကောင်မလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း လွှတ်ပေးရန် တွန့်ဆုတ်နေသကဲ့သို့ဖြစ်သည်။

“လိမ္မာ အခု လဲချလိုက်…. အရင်ဦးဆုံး သဘောတူညီမှု ယူရအောင်… မင်းသာ ကောင်းကောင်းလဲပြီး နားမယ်ဆိုရင် ငါမင်းကို ဆုချမယ်”

ချန်းရန်က ညင်သာစွာ ပြောသည်။

“တကယ်လား”

မုရှောင်းနွမ်၏ နူးညံ့သော မျက်လုံးက ချက်ချင်း တောက်ပသွားသည်။ သူမက မျှော်လင့်ချက် အပြည့်နှင့်ဖြစ်သည်။

“ဟန်နီ ဘယ်လို ဆုပေးမှာလဲ”

59 02

ထိုသို့ပြောပြီးသည်နှင့် မုရှောင်းနွမ်က ချက်ချင်းဆိုသလို လက်ကို လွှတ်ပေးလိုက်ကာ ချန်းရန်ကို မျှော်လင့်ချက် ကြီးမားစွာ ကြည့်ရင်း မေးသည်။

“ဟုတ်ပြီ”

ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ သူမက ဖက်ချင်တယ်လို့ပဲ ပြောတာ ဒီအတိုင်း ကိုယ်ကို ကုန်းထားရတာက ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ။ နောက်ပြီး ဒီခါးကို အတင်းဖက်ထားတော့ နောက်ပိုင်း သုံးလို့မရတော့ရင် ဘယ်လို လုပ်မလဲ။

သူက မုရှောင်းနွမ်အတွက် လေအေးပေးစက်ကို ချိန်ညှိပေးလိုက်ပြီး နောက်ဆုံးတွင် တောက်ပသော မျက်လုံးများကို တစ်ချက်ကြည့်လိုက်ကာ ကိုယ်ကို ညင်သာစွာ ငုံ့ကိုင်းလိုက်ပြီး ပုဇဉ်းရင်ကွဲကောင်က ရေပေါ်သို့ အသာလျှပ်ထိလိုက်သကဲ့သို့ ထိုကလေးမလေး၏ နဖူးကို ညင်သာစွာ နမ်းလိုက်သည်။

“ဟင်”

မုရှောင်းနွမ်ကလည်း မျက်လုံးကိုပင် မှိတ်လိုက်သေးပြီး ချစ်စရာကောင်းသော မျက်တောင်လေးများက နည်းနည်း တုန်သွားသည်။ သူမ၏ နှလုံးသား သေးသေးလေးက အခုန်နှုန်း မြန်ဆန်လာပြန်သည်။ ထိုသို့ ထိလိုက်သည့်အခိုက်အတန့်တွင်ပင် ချိုမြိန်မှုများက သူမကို ဝိုင်းပတ်လာပြီး နှလုံးသားကပင် လှုပ်ရှားသွားသည်။

“ကောင်းကောင်းနားနော်”

ချန်းရန်က ပြန်ထသည်။ သူ၏ မျက်ခုံးကြားထဲတွင် ညင်သာမှုများ ပြည့်နှက်နေသည်။ သူဟာ အခန်းထဲမှ ထွက်ပြီး တံခါးကို တိတ်တဆိတ်ပိတ်ပေးသွားသည်။

“ဟင် သေစမ်း”

မုရှောင်းနွမ်က ခပ်တိုးတိုးပင် နှာခေါင်းရှုံ့လိုက်သေးသည်။ အစောပိုင်းက ခန္ဓာကိုယ် တစ်ခုလုံးက ကိုက်ခဲနေခဲ့ခြင်းဖြစ်သည်။ ထို့နောက် တဖြည်းဖြည်း ပြေလျော့သွားသည်။ သူမ၏နှလုံးသားလေးကသာ အခုန်နှုန်း မြန်ဆန်လာ၏။ လည်ချောင်းထဲမှ ထွက်တော့မည့် အမျိုးအစားကဲ့သို့ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူမသည်လည်း ခန္ဓာကိုယ် တစ်ခုလုံးက ပျော့ခွေကာ အစနောက်ခံရသလိုမျိုး ခံစားရသည်။

“ဆိုတော့ ဒါက ယောက်ျားငါ့ကို ကတိပေးတဲ့ဆုကို”

မုရှောင်းနွမ်က တွေးပြီး ရုတ်တရပ် နည်းနည်း ဒေါသထွက်သွားသည်။

“ဟင် ဒါက ဘာလဲ ငါ့ကို ကလေးလို့ ထင်နေတာလား”

“ဒါပေမဲ့ ငါ ဘာလို့ သဘောကျနေတာလဲ”

ထိုကောင်မလေးက အပျော်လွန်နေသည်။ ချိုမြိန်သော ချစ်ခြင်းကို ကြုံတွေ့ရကာစ ကောင်မလေး တစ်ယောက်ကဲ့သို့ အခြားသော သူကသာ စိတ်ထဲတွင် ပြည့်နှက်နေသည်။

ဝီ ဝီ

ထိုအချိန်တွင် မုရှောင်းနွမ်ကလည်း သူ၏ဖုန်းက မြည်လာသလို ခံစားရသည်။ ခေါ်ဆိုသကို မြင်သောအခါ မျက်နှာက ချက်ချင်း လေးနက်တည်ကြည်သွားပြီး ဖုန်းကို ဖြေသည်။

“ဟယ်လို ရှောင်းနွမ် နင် ဘာလို့ အခုမှ ဖြေတာလဲ”

တစ်ဖက်မှ ပျင်းတိပျင်းရွဲ့အသံက ထွက်လာသည်။ မုရှောင်းနွမ်ကလည်း နံပါတ်ကို မကြည့်လျှင်ပင် သိလိုက်သည်။

“ရှောင်ရွှယ်စုတ် ဟမ် ငါနင့်ကို စာရင်းတောင် မရှင်းရသေးဘူး။ နင်ငါ့ကို ဖုန်းခေါ်ရဲတယ်”

မုရှောင်းနွမ်က နှာခေါင်းရှုံ့သွားပြီး အေးစက်သော အသံနှင့် ပြောသည်။

“နင်ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့တာက တော်တော်လေးကို လုံလောက်အောင် ဆိုးနေပြီ။ ဒါတောင်မှ ငါက မိုင်းတွင်းကို နင်းမိပြီး ဆူညံသံ မထွက်လို့ ဆိုပြီးတော့ အပြစ်တင်ရဲသေးတယ်ပေါ့လေ… ရှောင်ရွှယ် နင် တကယ်တော်တာပဲ”

“ဟေး ငါတို့ရဲ့ သခင်မလေး ဒေါသထွက်အောင် ဘယ်သူ လုပ်လိုက်တာလဲ”

ယန်ရွှယ်က အံ့အားသင့်ဟန်ဆောင်ရင်း ပြောလိုက်သည်။

“နင် နင့်ရဲ့ စီနီယာအစ်ကိုချန်းရဲ့ရှေ့မှာ အောက်ခံဝတ်စုံ မဝတ်ပြရလို့များလား”

“ဖူး ဖူး ဖူး မဝတ်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲဟမ် ငါ ဝတ်လိုက်တယ်”

59 03

မုရှောင်းနွမ်က ဒေါသတကြီးပြောသည်။

“ဘယ်သူက နင့်ကို ပြခိုင်းလို့လဲ။ တစ်ခါတစ်ရံမှာ အောက်ခြေအလွှာတောင် မပါပဲ ပြလို့ရတယ်။ ရို့ရို့ရို့ ဝတ်ပေးလိုက်ပြီပေါ့”

ယန်ရွှယ်ကပင် ရုတ်တရပ် စိတ်ဝင်စားသွားသည်။

“ဘယ်လိုလဲ နင့်ရဲ့ စီနီယာအစ်ကိုချန်းက နင့်ကို စိုက်ကြည့်လား။ နင် အဆုံးသတ်မှာ ဘယ်နှစ်လွှာထိ ဝတ်ပြလိုက်တာလဲ”

“ဘာ…ဘာကို ဘယ်နှစ်လွှာလဲ ငါ့ယောက်ျားနဲ့ ငါက သန့်စင်တာပါနော်”

မုရှောင်းနွမ်ကလည်း ထိုစကားကြောင်းနည်းနည်း ရှက်သွားသည်။ အချစ်ဆုံး သူငယ်ချင်းများက တည်တည်တံ့တံ့ ရှိသောအခါ အမျိုးမျိုးသော စကားများကို ပြောနိုင်ကြသည်။ တစ်ဖက်သူက အပေါ်ယံတွင် ဘုရင်မ တစ်ပါးကဲ့သို့ ထင်ရသော်လည်း ထိုကဲ့သို့သော သူမျိုး ဖြစ်နေသည်။

“ကျွတ် ကျွတ် ဘာမှ မဖြစ်ပျက်ခဲ့ဘူးပေါ့ နှမြောစရာပဲ”

ယန်ရွှယ်၏ လေသံက အတော်လေးကို ထေ့ငေါ့သံ ပေါက်နေသည်။

“နင့်ရဲ့ခန္ဓာကိုယ်က လုံလောက်အောင် ဆွဲဆောင်မှု မရှိလို့များလား။ ရှောင်းနွမ် ငါနင့်ကို အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ ရေမွှေးတွေဘာတွေ ကြော်ငြာပေးစေချင်လား။ ဒီအတိုင်း ညှပ်ရိုးနဲ့ လည်ပင်းမှာသာ ဖြန်းထားလိုက်.. လုံးဝချစ်မိသွားစေရမယ်လို့ အာမခံပေးနိုင်တယ်”

“သောက်ငရဲလိုပဲ ဘာကို ဆိုလိုတာလဲ နင်က အရမ်းလွန်တာပဲ”

မုရှောင်းနွမ်ကပြန်ငြင်းသည်။ ထို့နောက် ပြောသည်။

“အမှန်အတိုင်း ပြောရရင် အချို့လေးနက်တဲ့ ကိစ္စတော့ ဖြစ်သွားတယ်။ စီနီယာအစ်ကိုချန်းက ငါ့ကို ဝန်ခံထားတယ်။ အဲဒီလို ဆိုမှ ငါနင့်ကို ကျေးဇူးအများကြီး တင်ရမယ်”

“ဘာ”

ယန်ရွှယ်ကပင် ကြောင်တောင်တောင်ဖြစ်သွားသည်။

ငါနားကြားမှားတာလား။ နဂိုက မုရှောင်းနွမ်နဲ့ ချန်းရန်ကို စချင်တာလေ တကယ်…တကယ် ဖြစ်သွားတာလား။

ဒါက လွန်လွန်အားကြီးတယ် မဟုတ်ဘူးလား။

“မုရှောင်းနွမ် နင်ငါ့ကို နောက်နေတာများလား”

ယန်ရွှယ်၏ လေသံက နည်းနည်းမယုံနိုင်သလို ဖြစ်လာသည်။ အချဉ်ဓာတ်ပင် ပါသေးသည်။

ဒုန်း ဒုန်း ဒုန်း

ထိုအချိန်တွင် မုရှောင်းနွမ်၏ အခန်းတံခါးက ခေါက်သံ ကြားရပြီး ချန်းရန်က ပန်းကန်လုံးလေးနှင့် ဝင်လာသည်။

“ဘယ်သူနဲ့ ပြောနေတာလဲ”

ချန်းရန်က ပန်းကန်လုံးနှင့် ဝင်လာရင်း မေးသည်။

“ယောက်ျား …ယောက်ျားက ဘာလို့ ဝင်လာတာလဲ”

မုရှောင်းနွမ်က မေးသည်။ နည်းနည်းအံ့ဩသွားသည်။

“ငါတို့ အစောပိုင်းက သဘောတူထားတဲ့ စပရိုက် လက်ဆောင်လေ”

ချန်းရန်က သူ၏ လက်ထဲမှ ဂျင်းပြုတ်ရည်ကို အိပ်ယာဘေးပေါ်သို့ တင်ပြီး အပူချိန်ကို စမ်းကြည့်သည်။ ထို့နောက် ပြောသည်။

“ပူတုန်းသောက်လိုက် အပူမလောင်စေနဲ့နော် ပြီးရင် ဒါပြီးတာနဲ့‌ စောစောအိပ်တော့”

“အိုး ကျေးဇူးတင်ပါတယ် ယောက်ျား”

59 04

မုရှောင်းနွမ်သည်လည်း သူ၏နှလုံးသားက အရည်ပျော်တော့မည်ဟု ခံစားရသည်။ ထိုဂျင်းပြုတ်ရည်က လောကမှ အချိုမြိန်ဆုံးသော သောက်စရာဖြစ်လောက်သည်။ သူမကို ငိုချင်စိတ်ပင် ပေါက်လာစေသည်။

လက်စသတ်တော့ ချန်းရန်ပြောတဲ့ လက်ဆောင်က ဒါကိုး။

“ရှောင်ရွှယ် နင်ခုနက မယုံဘူးမလား ငါနင့်ကို အခုပြမယ်”

မုရှောင်းနွမ်က ရုတ်တရပ် အကြံကောင်းရလာသည်။ သူမသည် ဝေ့ရှင်းမှ အသံကို ဗီဒီယိုသို့ တိုက်ရိုက်ပြောင်းလိုက်ပြီး ယန်ရွှယ်ကို ပို့ပေးသည်။

“ငါ နောင်တရပါတယ်”

ယန်ရွှယ်ကလည်း ညနက်ပိုင်းတွင် ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် သူမဟာ တစ်နေ့လုံး ပင်ပန်းလာပြီး ပြန်ရောက်လာခဲ့ချိန်တွင် မည်သူကမှ သူမအပေါ် စားစရာ မပြင်ပေးထားချေ။ သူမက သူမကိုယ်သူမ မုရှောင်းနွမ်နှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် ရုတ်တရပ် သွားကြိမ်းလာသည်အထိပင် ချဉ်စုတ်သွားသည်။ ထိုသို့ဖြင့် လျှို့ဝှက်ပြီး မကူညီပေးသင့်ဟုပင် နောင်တရသွားသည်။

ဂျင်းပြုတ်ရည်ကို သောက်ပြီးသည်နှင့် မုရှောင်းနွမ်က နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။ နောက်တစ်နေ့ နေ့လည်ရောက်သည်အထိ ကောင်မလေးက မထသေးပေ။

“ဒီလောက် နောက်ကျနေပြီ ဘာလို့ မထသေးတာလဲ”

ချန်းရန်က နည်းနည်း စိုးရိမ်သွားသည်။ သူက အခန်းထဲသို့ ရောက်လာပြီးနောက် မုရှောင်းနွမ်ကို နိုးသည်။ ထိုကောင်မလေးက နည်းနည်း နေမကောင်းသေးချေ။ အလွန်အိပ်ချင်နေပြီး နည်းနည်း ပင်ပန်းနေပုံရသည်။

“ဘာဖြစ်လို့လဲ မသက်မသာဖြစ်နေတာလား”

ချန်းရန်က မေးသည်။

“အင်း…နည်းနည်း”

မုရှောင်းနွမ်က စိတ်အခြေအနေ မကောင်းပုံရသည်။ ချန်းရန်ကို သနားစဖွယ်လေး ကြည့်ပြီး ပြောသည်။

“ယောက်ျား ငါ မထချင်ဘူး”

“ဒါဆိုရင် ဘာလုပ်စေချင်လဲ”

ချန်းရန်ကပင် နည်းနည်း သဘောကျသွားသည်။

“ယောက်ျားက ငါ့ကို ကူညီပေးလေ”

မုရှောင်းနွမ်က လှပသော မျက်လုံးကြီးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ပြောသည်။

“မျက်နှာလေး ကူသစ်ပေးပါလား”

ချန်းရန်က ခါးသီးစွာ ရယ်သည်။ ဒီကောင်မလေးက တော်တော်ကို မှီခိုနိုင်စွမ်းအား ပြင်းထန်တာပဲ။

သို့သော် သူမလေး၏ချစ်စရာကောင်းသော မျက်နှာကို ကြည့်ပြီး ချန်းရန်ကလည်း မျက်နှာကူသစ်ပေးနေရင်း မျက်နှာကို ညှစ်၍ ရသည်ဟု တွေးနေလိုက်သည်။

“ဟင် ယောက်ျား ယောက်ျားက ဝက်ခေါင်းဖြစ်အောင် လုပ်နေတာပဲ”

မုရှောင်းနွမ်က ညည်းသည်။ နုနယ်သောနှုူတ်ခမ်းလေးကို ဆူပြီး လက်သင့်မခံလိုသလို တုန့်ပြန်သည်။

“သစ်ပြီးပြီ အခု ထလို့ရပြီလား”

ချန်းရန်ကလည်း လွှတ်ပေးရန် တွန့်ဆုတ်နေသေးသည်။ သို့သော် သူသည်လည်း သင့်လျော်သော အခြေအနေမျိုးတွင် ရပ်တန့်ရပေမည်။ အချိန်ကလည်း နောက်ကျနေလေပြီး မနက်စာကလည်း အေးတော့ပေမည်။

“ဒါပေမဲ့ တောင်းဆိုစရာ သေးသေးလေးရှိသေးတယ်”

မုရှောင်းနွမ်က လှပသော မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဆိုးသွမ်းသော အမူအရာမျိုးနှင့် ပြောသည်။

“ငါ အဝတ်အစားလည်း မဝတ်ချင်သေးဘူး။ ယောက်ျားက ကူပြီး ဝတ်ပေးလေ”

******

All Chapters