← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

60 01

အပိုင်း (၆၀) ဖျားနေတဲ့ ရှောင်းနွမ်

“ယောက်ျား နင်ငါ့ကို သဘောမကျတော့ မဖြစ်သွားပါဘူးနော် ဟုတ်တယ်မလား”

“ဟန်နီ ငါ့ကို ကူညီပြီး အဝတ်ဝတ်ပေးပါလား”

ရှောင်းနွမ်က စောင်ထဲတွင် ပုန်းနေရင်း ရှက်ရွံ့သော မျက်လုံးသေးသေးလေးတစ်စုံကိုသာ ဖော်ထားသည်။ သူမ၏အသံလေးက ချစ်စရာကောင်းပြီး ချွဲနေသော ပုံလေးကပင် အလွန်အမင်းကို မြတ်နိုးစရာလေးဖြစ်သည်။

“တင် သက်သာဘဝစနစ်က စတင်ပါပြီ”

“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာတာဝန်အသစ်ဖြစ်တဲ့ : ချစ်ခြင်းရဲ့ ပထမနေ့မှာ တစ်ယောက်ရဲ့ အလေ့အကျင့်ကို တစ်ယောက်က ရင်းနှီး ကျွမ်းဝင်အောင်လုပ်ခြင်းဖြင့် စတင်ပါ…ဆိုတဲ့ တာဝန်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်”

ရုတ်တရပ် ဆိုသလိုပင် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော စနစ်က ရုတ်တရပ်ကြီး တာဝန်အသစ်ကိုပေးလာသည်။ ချန်းရန်ကပင် နည်းနည်း စိတ်ရှုပ်သွားသည်။

“ရင်းနှီးအောင် အလေ့အကျင့် ဘာ…ဘာ ဘာအလေ့အကျင့်လဲ”

ချန်းရန်ကပင် နည်းနည်းရှက်သွားပြီး ပြောသည်။

မုရှောင်းနွမ်ရဲ့ အလေ့အကျင့်က အဝတ်မဝတ်ချင်တာတော့ မဟုတ်ပါဘူးနော်။

“ဟန်နီ”

ချန်းရန်က နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည့်အချိန်တွင် မုရှောင်းနွမ်၏ အသံက ရုတ်တရပ်ထွက်လာသည်။

မုရှောင်းနွမ်က သနားစဖွယ်လေး ပြောသည်။

“ငါက အပျင်းကြီးတာ မဟုတ်ပါဘူး။ ဒီအတိုင်း ဒီ‌နေ့ ဘာအင်အားမှ မရှိတော့လို့ မထနိုင်တာပါ”

“ကောင်းပြီ ကောင်းပြီ ငါ ကူညီပေးမယ်”

ချန်းရန်ကလည်း နည်းနည်းသဘောကျသွားသည်။ သို့သော် နည်းနည်းလည်း စိုးရိမ်မိသေးသည်။ သူတို့သည် ဆက်ဆံရေးတစ်ခုကို အတည်ပြုပြီးကာစ ဖြစ်သည်။ သူသည်လည်း သူ၏ မြတ်နိုးရသော “ဇနီးလေး”အား အဝတ်ဝတ်ပေးရန် ကူညီရန် ဖြစ်လာသည်။

ထိုမနက်ခင်းက အတော်လေးကို လှုံ့ဆော်နိုင်လွန်းသည်။

“အဝတ်က ဘယ်မှာလဲ”

ချန်းရန်က ဘေးဘီကို ကြည့်ပြီး နောက်ဆုံးတွင် မုရှောင်းနွမ် မနေ့ညက အိပ်ယာမဝင်ခင်က လဲထားသော အဝတ်အစားများကို ရှာတွေ့လိုက်သည်။ ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်ဖြစ်သည်။

ဟင် ဘာဖြစ်တာလဲ…

သူက ပါးချိုင့်ကြီးနှစ်ဖက်နှင့် အနက်ရောင်ဇာစကပ်ကို မြင်လိုက်သောအခါ ရုတ်တရပ် အံ့ဩသွားသည်။

“ယောက်ျားက ဘာလုပ်တာလဲ”

မုရှောင်းနွမ်ကလည်း သိချင်စိတ်ပြင်းပြစွာနှင့် ခေါင်းကို စောင်းကြည့်လိုက်ပြီးနောက်တွင် ချန်းရန်ကိုင်ထားသောအရာကို မြင်ပြီး မျက်နှာက ပြောင်းသွားသည်။

“အား”

မုရှောင်းနွမ်က ရုတ်တရပ် တစ်စုံတစ်ရာကို မှတ်မိသွားသည်။ လှပသော မျက်နှာက ရဲတက်သွားကာ အလျင်အမြန် အော်သည်။

“မြန်မြန် မြန်မြန် ပြန်ချလိုက်”

“မင်း…မဖြစ်နိုင်တာ”

ချန်းရန်က လုံးဝ သံသယဝင်သွားသည်။

60 02

“ငါ…ငါ….ငါ့ဘာသာငါပဲ လဲလိုက်တော့မယ်”

မုရှောင်းနွမ်သည်လည်း လုံးဝထိတ်လန့်သွားသည်။ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေရင်း ချန်းရန်သည် ထိုကောင်မလေး၏မျက်လုံးထဲမှ ထိတ်လန့်မှုနှင့် တွန်းလှန်မှုကို မြင်လိုက်ပြီးနောက် သူ၏ခေါင်းကလည်း မှင်သက်ဖွယ်ကောင်းသော အသံနှင့်အတူ တဝီဝီ မြည်လာသည်။

ယခုအချိန်အထိ ထိုစောင်ပါးပါးအောက်ဖက်တွင် ရှိနေသော အခြေအနေကို မတွေးနိုင်သေးပေ။

ဘမ်း…

ချန်းရန်က အခန်းထဲမှ ထွက်လိုက်ပြီးနောက် အလိုလျောက်ပင် အခန်းတံခါးကို ခပ်ကြမ်းကြမ်း ပိတ်လိုက်သည်။ သူ၏ နဖူးကိုပင်ပွတ်နေရင်း နည်းနည်း အံ့ဩနေသည်။

ရှောင်းနွမ်မှာ တကယ်ကို အဲဒီအကျင့် ရှိနေတယ်။

သူသည် ယခင်က တစ်ကြိမ်မြင်ဖူးသည်။ ဒါဟာ တိုက်ဆိုင်မှုဟုသာ ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် တကယ်ကို သူမ၏ အကျင့်ဖြစ်နေသည်။

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က တာဝန်ပြီးမြောက်သွားပါပြီ”

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဆုလာဘ်ဖြစ်တဲ့ : ရသစုံရှိုး ဆရာသခင် buff x1 ကို ရရှိပါတယ်”

“တင် ပိုင်ရှင်ကို သတိပေးပါတယ် ရသစုံရှိုး ဆရာသခင် buff ကို ထည့်သွင်းနေပါပြီ”

“တင် ပိုင်ရှင်ကို သတိပေးပါတယ် ရသစုံရှိုး ဆရာသခင် buff က သက်ရောက်မှု ရှိသွားပါပြီ ပိုင်ရှင်ကို ထပ်ပြီး ဂုဏ်ပြုပါတယ်။ လမ်းလျှောက် နာမည်ကျော် စတားတစ်ယောက် ဖြစ်လာပြီး စိတ်နေသဘောထားနဲ့တင် ကြည့်ရှုသူ သန်းရာကျော်ကို သိမ်းပိုက်နိုင်သူ ဖြစ်သွားပါပြီ”

“ရသစုံရှိုး ဆရာသခင် buff ဟုတ်လား”

ချန်းရန်က နည်းနည်း စိတ်ရှုပ်သွားပြီး မေးသည်။

“စနစ် ဒါပေးတာ ဘာအသုံးဝင်လဲ”

“တင် ပိုင်ရှင်ကို ပြန်ဖြေပါတယ်။ ရသစုံရှိုး ဆရာသခင် buff က ပိုင်ရှင်ကို စူပါစတားတစ်ယောက်ကို ရင်ဆိုင်ရရင်တောင်မှ လူအများကို မှင်သက်စေနိုင်တဲ့ ထူးခြားတဲ့ စိတ်နေသဘောထားမျိုး ရရှိစေပြီး လှုပ်ရှားမှုတိုင်းက ကြည့်ရှုသူတွေကို မှင်သက်သွားအောင် လုပ်နိုင်စွမ်းရည် ရှိစေပါတယ်။ အပြုအမူတွေနဲ့ ယှဉ်ရင် ဘယ်သူကမှ မယှဉ်နိုင်ပါဘူး”

စနစ်၏အဖြေကချန်းရန်အား လုံးဝကို မပျော်မရွှင် ဖြစ်သွားစေသည်။

“ငါ့ရဲ့ဆွဲဆောင်မှုက တစ်ရာရာခိုင်နှုန်း အပြည့်နော်… ဒါကို ဒီ buff လိုအပ်သေးလို့လား တုံးအလိုက်တာ”

အမှန်ပင် ချန်းရန်သည်လည်း ဆွဲဆောင်မှု တစ်ရာရာခိုင်နှုန်းနှင့် ကောင်းချီးပေးခံထားရပြီးသား ဖြစ်သည်။ သူသည်လည်း ရုပ်ရည်အားဖြင့်ဖြစ်စေ ဆွဲဆောင်မှုအားဖြင့်ဖြစ်စေ ပြိုင်ဘက်ကင်းနေပြီးသား ဖြစ်သည်။ စူပါစတားတစ်ယောက်က လာလျှင်ပင် ထိုစူပါစတား၏ ပရိတ်သတ်များကိုပင် မှင်သက်သွားအောင် လုပ်နိုင်ပြီးသားဖြစ်သည်။ ထိုအတွက်ကြောင့် ထိုbuff နှင့်သာ ဆိုလျှင် စူပါစတား၏ ပရိသတ်ကပင် သူ့ပရိသတ် ဖြစ်လာလောက်သည်။

ချန်းရန်သည်လည်း အချိန်တစ်ခု ကြာသည်အထိပင် အခြေအနေကို နားမလည်နိုင်သေးပေ။ သို့သော် တောင့်တမှု season အသစ်ကလည်း အင်တာနက်ပေါ်တွင် တော်တော်လေး ကျော်ကြားနေသည်။ ထိုအရာကလည်း စတင်ကာ ရိုက်ကူးတော့မည် ဖြစ်သည်။ ဒီseasonတွင် တော်တော်လေးကို ဒုက္ခများသွားပြီး မုန်တိုင်း ထန်လာမည်ကို ကြောက်ရသည်။ ပရိုဂရမ်အသင်းကသာ မုန်တိုင်း ထန်နေခြင်း မဟုတ်လေဘဲ အင်တာနက်ပေါ်မှ ပရိသတ် သန်းပေါင်းများစွာပင် မုန်တိုင်းထန်ရလောက်သည်။

“ဆိုတော့ ဒီတစ်ခေါက် ဆုလာဘ်က ဒုတိယ၊ ဒီကောင်မလေးရဲ့ အလေ့အကျင့်က တကယ်ကို…”

ချန်းရန်ကလည်း တံခါးအပြင်ဘက်တွင် ရပ်နေရင် သူ၏ စိတ်က ယခုလေးတင် မြင်ခဲ့သော မြင်ကွင်းကို ပြန်တွေးနေလိုက်သည်။ သူသည်ပင် နည်းနည်း နောင်တရသလို ခံစားရ၏။ အခု သူ အပြင်ရောက်လာပြီဆိုတော့ သူကသာ အဲဒီကောင်မလေး အဝတ်လဲနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ပြန်ဝင်သွားလိုက်ရင် အခွင့်ကောင်းယူသလို ဖြစ်သွားမှာပေါ့… မဟုတ်သေးပါဘူး မလုပ်သင့်ဘူး။

60 03

အဆင်သင့် မဖြစ်သေးဘူးလား။

သို့ရာတွင် ချန်းရန်က အချိန်တန်ကြာအောင် စောင့်သည်။ သို့သော် မည်သည့်အသံကိုမှ မကြားရပေ။

“ယောက်ျား အရင်ဝင်လာခဲ့ပါအုံး”

ထိုကောင်မလေးကလည်း ပြဿနာ နည်းနည်း ရှိနေပုံရသည်။ ချန်းရန်က တံခါးကို တွန်းဖွင့်လိုက်သောအခါ ထိုကောင်မလေးက လဲနေသေးကြောင်း မြင်ရသည်။ သို့သော် ဘေးဘီကို ကြည့်လိုက်သောအခါ သူသည် ယခင်က တစ်ခေါက် တွေ့ခဲ့သည့် အဝတ်သေးသေးလေး နှစ်စုံက ပျောက်သွားသည်။

“ယောက်ျား ငါ တောင်းပန်ပါတယ် ငါ ဒုက္ခပေးရအုံးမယ် ထင်တယ်”

မုရှောင်းနွမ်က ချန်းရန်၏ သံသယကို မြင်သည်နှင့် တော်တော်လေးကို ရှက်ရွံ့သွားပုံရပြီး‌ ပြောသည်။

“ငါ့ရဲ့ ခန္ဓာကိုယ်မှ ဘာအင်အားမှ မရှိသလိုပဲ။ ငါ ဖျားနေတာ ထင်တယ်”

“ငါ ကြည့်ကြည့်မယ်”

ချန်းရန်က တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိပြီးသားဖြစ်သည်။ ယခင်က အိပ်ယာထကာစ အချိန်မျိုးတွင် ထိုကောင်မလေးက ထိုမျှအထိ မနုနယ်နေတတ်ပေ။ တစ်ခုခုက မှားနေရပေမည်။

မျှော်လင့်ထားသည့်အတိုင်းပင် ချန်းရန်က အနားသို့ သွားပြီးနောက် မျက်နှာကို သေချာကြည့်ပြီးနောက် ပြဿနာကို တွေ့သွားသည်။ သူမ၏ နဖူးကို စမ်းကြည့်သောအခါ တော်တော်လေး အေးနေကြောင်း တွေ့လိုက်သည်။

“အပူချိန်ကို တိုင်းကြည့်ရအောင်”

ချန်းရန်ကလည်း အကောင်းဆုံး တရုတ်ဆေးပညာ အမွေအနှစ်ကို ဆက်ခံရရှိသူဖြစ်သည့် အလျောက် ကွက်တိခန့်မှန်းနိုင်သည်။ သို့သော် သူသည်လည်း နောက်ဆုံး ညွှန်ကြားမှုကို လုပ်နိုင်ရန်အလို့ငှာ အတည်ပြုရအုံးပေမည်။ ထို့ကြောင့် သူသည်လည်း လက်ကို စောင်ထဲ ထည့်လိုက်ပြီးနောက် မုရှောင်းနွမ်၏ ဝမ်းဗိုက်အောက်ဖက်ခြမ်းကို အသာဖိကာ စမ်းကြည့်သည်။

“အာ ယောက်ျား မလုပ်”

မုရှောင်းနွမ်၏ အော်သံ တိုးတိုးက ထွက်လာသည်။ သူမသည်လည်း ချန်းရန်၏ လှုပ်ရှားမှုက ထိုမျှအထိ အတင့်ရဲမည်ဟု မထင်ထားမိပေ။ မုရှောင်းနွမ်ကပင် ကြောက်သွားသည်။

သို့ရာတွင် ချန်းရန်က ဘာကိုမှ မလုပ်ပါပေ။ သူမ၏ ဗိုက်အပေါ်သို့ လက်ကို သာသာလေး တင်လိုက်သည်။ ထို့နောက် ညင်သာစွာနှင့် ပုတ်ကြည့်ပြီးနောက် မုရှောင်းနွမ်က အမှန်ပင် အအေးမိသွားခြင်း ဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် တော်တော်လေးကို ရှားပါးသည့် လက္ခဏာ တစ်မျိုးဖြစ်သည့် သားအိမ်အတွင်းပိုင်းသို့ အအေးမိခြင်းဖြစ်သည်။

လတိုင်းလိုလို ရက်အနည်းငယ်ခန့် ကြုံတွေ့ရသည့်အရာ၏ လွှမ်းမိုးမှုအောက်တွင် လက္ခဏာများအရ ကြွက်သားအားနည်းခြင်း၊ အိပ်ငိုက်ခြင်း၊ အားနည်းခြင်းတို့ဖြစ်သည်။

“အာ …ဒါက ငါ …ငါ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ”

ချန်းရန်၏ တည်ကြည်သော အမူအရာကို မြင်ရသောအခါ မုရှောင်းနွမ်ကလည်း သူမက ပြဿနာရှာမိကြောင်း သိလိုက်ကာ နည်းနည်း ရှက်သွားသည်။ ထိုအချိန်တွင် ချန်းရန်က ပြဿနာကို နားလည်သွားပြီး နောက်ဆုံးတွင် လက်ကို ပြန်ရုတ်ရန် ကြံစည်သည်။

“ဟင်”

မမျှော်လင့်ထားစွာပင် စောင်ထဲမှ ကောင်မလေးက ချန်းရန်၏ လက်ကို လှမ်းကိုင်ပြီး မလွှတ်ပေးတော့ပေ။ ချန်းရန်က သူမကို ပဟေဠိ ဖြစ်သောအမူအရာနှင့် ကြည့်သည်။

“အရမ်းနွေးတယ်”

မုရှောင်းနွမ်က နှုတ်ခမ်းလေးကို ဆူပြီး ကြောင်ပေါက်ကဲ့သို့ လူအများ၏ နှလုံးသားနှင့် အဆုတ်ကိုပင် ယားယံစေသော အသံမျိုးနှင့် ပြောသည်။

“ခဏလေးပါ ခဏလေးပါနော်”

“မင်းပဲ နေမကောင်းဘူးလို့ ပြောတာ မဟုတ်ဘူးလား”

ချန်းရန်က မုရှောင်းနွမ်၏ ရှုပ်ထွေးနေသော ဆံပင်အား အခြားသောလက်တစ်ဖက်ဖြင့် အသာဖွပေးသည်။ သူမလေးက အလွန်ပင်ပန်းနေပုံရကာ မျက်နှာလေးက ဖျော့တော့ပြီး သနားစရာလေးဖြစ်သည်။ ယခုလိုမြင်ရသောအခါ အမှန်ပင် စိတ်ကောင်းဖြစ်စေသည်။

“ငါက ကောကောကို တစ်ချိန်လုံး အနှောက်အယှက်ပေးမိမှာကို စိုးတာကိုး”

မုရှောင်းနွမ်ကလည်း ချန်းရန်၏ဆံပင်ဖွသောအပြုအမူကို သဘောကျသွားပြီး အလိုလျောက်ပင် ခေါင်းဖြင့် တိုးဝှေ့လိုက်သည်။ သူမလေးက အလွန်လိမ္မာသည်။ သူမက ခပ်တိုးတိုးပြောသည်။

“ငါက ငယ်ငယ်ကတည်း ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ မကြာခဏဆိုသလို ဖျားနေကျ ကောကောကို ဆွဲချမိမှာကိုပဲ စိုးရိမ်တာ။ ငါ့ကို သဘောမကျ မဖြစ်သွားပါဘူးနော်… ဟုတ်တယ်မလား”

ချစ်ကျွမ်းဝင်နေကြသော စုံတွဲများသည် တစ်ခါတစ်ရံတွင် အတွေးများတတ်လွန်းလေသည်။

******

All Chapters