အခန်း ၆၁
Vol. 7 Ch. 61
61 01
အပိုင်း (၆၁) စတုရန်းမီတာ တစ်ရာရှိတဲ့ အဆင့်အတန်းမြင့် သစ်သားအိမ်…မန်ထုံရဲ့ အိမ်အသစ်။
“ဘာများ ကြောက်စရာရှိလဲ”
ထိုစကားကို ကြားပြီး ချန်းရန်က မုရှောင်းနွမ်၏ ဆံပင်လေးများကို ညင်သာစွာ ပွတ်ပေးသည်။ ညင်သာသော အပြုအမူက မှုရှောင်းနွမ်၏ နှလုံးသားကိုလည်း အခုန်နှုန်း မြန်ဆန်စေပြီး ရင်တွင်းကို လှုပ်ရှားစေသည်။
ဘုရားရေ စီနီယာအစ်ကိုချန်းက အရမ်းနွေးထွေးတာပဲ။ မုရှောင်းနွမ် နင် အမြင်ကောင်းရှိတယ်။
“ဒါက အရမ်းရိုးရှင်းတဲ့ ပြဿနာပဲ ဆေးလေးထိုးလိုက်တာနဲ့ သက်သာသွားလိမ့်မယ်”
ထို့ကြောင့် ထို့နောက် တစ်ခဏတွင် ချန်းရန်က ဆေးသေတ္တာဗူးထဲမှ ငွေရောင်အပ်များကို ထုတ်လာသည်။ နွေးထွေးမှု အပြည့်နှင့် မုရှောင်းနွမ်က ရုတ်တရပ် ခြောက်ခြားသွားသည်။
ထိုနေရာတွင် အပ်ကြီး အပ်သေးရှိသည်။ အထူအပါးမျိုးစုံလည်း ရှိပြီး အချို့ကဆိုလျှင် တူတစ်ချောင်းစာမျှပင် ရှည်သည်။ သွားကြားထိုးတံနီးပါး တုတ်ခိုင်သည်။ မုရှောင်းနွမ်က လုံးဝ ကြောက်သွားသည်။
စီ…စီနီယာအစ်ကိုချန်းပြောတာ ကြောက်စရာမလိုပါဘူးဆိုတာ ဒါလား။
“မရဘူးနော်”
မုရှောင်းနွမ်က အလွန်ကြောက်သွားသည်။
“အနားမလာနဲ့”
“မစိုးရိမ်ပါနဲ့ ငါ့ရဲ့ စွမ်းရည်က အရမ်းကောင်းတာပါ”
ချန်းရန်က သူမကို စိတ်အေးအောင် လုပ်သည်။ သို့သော် သူမက သူ့ကို ကြောက်နေသည်။ သူမသည် ထိုအပ်စိုက်ကုသခြင်းကို အကြောက်ဆုံးဖြစ်သည်။ အထူးသဖြင့် ဝမ်းဗိုက် အောက်ဖက်ပိုင်းမှ ချွေးစေးများပင် ပြန်လာသည်။
“မင်းကြောက်တယ်ဆိုရင် စောင်ကို ကိုက်ထား”
“မရဘူး အရမ်း…အရမ်း…အရမ်းညစ်ပတ်တယ်”
မုရှောင်းနွမ်၏ မျက်လုံးက စူးရှသွားသည်။
“ယောက်ျား ငါ ယောက်ျားကို ကိုက်လို့မရဘူးလား”
“အဟမ်း”
ချန်းရန်က ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီး ရှက်ရွံ့မှုကို ဖော်ပြသည်။
သူကလည်း တွေးနေသည်။
ကိုယ့်ဘာသာကိုယ်ကိုက်တာ မကောင်းဘူးလား။ ကလေးမက အရမ်းသွားထက်တာ ပါးစပ်ကလည်း တော်တော်လေးကို ကြောက်စရာကောင်းတယ် ကိုက်လိုက်တာနဲ့အား….
ချန်းရန်ကပင် သူ၏တစ်ကိုယ်လုံးက အမွှေးများက ထောင်တက်သွားသလို ခံစားလိုက်ရသည်။
သူသည် ယခင်က တစ်ကြိမ် ဆုံးရှုံးခဲ့ဖူးသည်။ ထိုကောင်မလေးကြောင့် လက်ညိုး ပြတ်လုနီးပါးဖြစ်ဖူးသည်။
သေစေနိုင်စွမ်းရည်က ပြင်းထန်လွန်းသည်။ ချန်းရန်က တွေးလိုက်သည်။
ဘေဘီ အနာဂတ်မှာ ကြုံရာကို စားလို့မရဘူးနော်။ ကြုံရာကျွေးလို့မရဘူးဆိုတာ အမှန်ပဲ။
“ကိစ္စမရှိဘူး”
ထိုကောင်မလေး၏ မျက်နှာပေါ်မှ သနားစဖွယ်အမူအရာကိုမြင်ပြီး ချန်းရန်ကလည်း သူမကို စိတ်မပျက်စေချင်ပေ။ သို့သော် သူသည် ကျည်ဆန်ကို ကိုက်ထားလိုက်ရသည်။
“ဒါပေမဲ့ ငါက မင်းကို အပ်စိုက်ကုပေးနေမှာနော် ငါမတော်တဆ အင်အားအများကြီး သုံးမိလိုက်ရင် နာရလိမ့်မယ်ထင်တယ်။ ဒီတော့ လုံခြုံရေးအတွက်ကြောင့်နဲ့ မင်းဘာလို့…”
61 02
ချန်းရန်၏ မျက်လုံးက အောက်ဖက်မှ သူ၏ ခြေရင်းနားထိုင်ကာ အမြှီးကို ခါယမ်းနေသော မန်ထုံဆီသို့ ရောက်သွားသည်။
“ဒီကောင်ကို ဖက်ထားလိုက်ပါလား။ သူက အခုတလောဝလာတာ ကြိုက်သလောက် ညှစ်လို့ရတယ်။ စိတ်ဖိအားကိုလည်း ဖြေလျော့တာပေါ့”
“ဟေး ကောင်းလိုက်တဲ့အကြံ”
မုရှောင်းနွမ်၏မျက်လုံးက ချက်ချင်းတောက်ပသွားသည်။ မန်ထုံသည် ယခုရက်များအတွင်း တော်တော်လေးကို ကောင်းကောင်းစားလွန်းနေသည်။ သူသည်လည်း ယခုအခါ ဖြူဖွေးသော မန်ထုံကြီးပင် ဖြစ်လာသည်။ ဗိုက်ကလည်း လုံးဝိုင်းနေပြီး ဘောလုံးကဲ့သို့ပင် ထင်ရသည်။ ခြေလက်များကလည်း ပုပုတိုတိုလေး ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကြည့်လိုက်ရုံဖြင့်ပင် လူအများက ဖြစ်ညှစ်ချင်လာသည်။
ဖိအားကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း။
ဝုတ်
မန်ထုံက အမြှီးကိုခါသည်။ ထိုအကောင်ငယ်လေးသည် နဂိုကမူ အဝါရောင် ခွေးသေးသေးလေးဖြစ်သည်။ အဖြူရောင် အမျိုးအစားနှင့် အဝါရောင် အစင်းကြားလေးဖြစ်သည်။ ယခုမူ ဝတုတ်လာသောအခါ သေးငယ်သော လုံးဝိုင်းကာ တုတ်ခိုင်သည့် အကောင်လေးဖြစ်လာပြီး ဖိပွတ်ရသည့်အခါတည်း သက်တောင့်သက်သာရှိလာသည်။ သူသည် ပျော်ရွှင်စွာ ကစားနေရာမှ ရုတ်တရပ် အန္တရာယ်က ချည်းကပ်လာကြောင်း မသိသေးပေ။
“မန်ထုံရေ အချစ်လေး အာ…ငါ နင့်ကို လက်တစ်ဖက်တည်းနဲ့တောင် ဖက်လို့မရတော့ဘူး အရမ်းကြီးပြီး ဖြူဖွေးတုတ်နေတာ ပဲ သက်တောင့်သက်သာရှိလိုက်တာ”
သူမက အသာချော့မြူနေရင် မန်ထုံကို တိုက်ရိုက်ပင် ပွေ့ဖက်လိုက်သည်။ သူမ၏ နည်းပညာက အလွန်ညင်သာသည်။ မန်ထုံကပင် မုရှောင်းနွမ်၏ ပွတ်သပ်မှုကို ပျော်မွေ့နေသလိုမျိုးပင် မျက်လုံးမှိတ်ထားသေးသည်။
“စရအောင်”
ချန်းရန်က ငွေရောင်အပ်များကို အဆင်သင့်ပြင်ပြီးနောက် မုရှောင်းနွမ်အတွက် စတင်ကာ အပ်စိုက်ပေးသည်။
အရွယ်အစားအမျိုးမျိုးရှိသော ထိုငွေရောင်အပ်များက မုရှောင်းနွမ်၏ ဗိုက်အောက်ဘက်ခြမ်းမှ သွေးကြောနေရာအသီးသီးသို့ ဝင်စိုက်သွားသည်။ ချန်းရန်၏ ပြောင်မြောက်သော စွမ်းရည်ကြောင့် မနာကျင်ပေ။
သို့သော် အပ်က အောက်သို့ ဆင်းသွားကြောင်း မြင်ချိန်တိုင်းလိုလို မုရှောင်းနွမ်က ကြောက်လန့်သွားပြီး တစ်ကိုယ်လုံးက ချွေးပြန်လာသည်။ အလိုလျောက်ပင် မန်ထုံ၏ ခြေထောက်သေးသေးလေးများကိုလည်း ဆွဲတတ်၏။
အာဝု ဝု
မုရှောင်းနွမ်က မအော်ပေ။ သို့သော် မန်ထုံက အော်သည်။ မုရှောင်းနွမ်က မနာကျင်ပေ။ သို့သော် မန်ထုံက နာသည်။
အပ်တစ်ချောင်းဝင်သွားချိန်တိုင်းလိုလို မန်ထုံကသာ သရဲတစ်ကောင်ကဲ့သို့ အော်သည်။ သူသည် အော်ရလွန်းသဖြင့် ချန်းရန်က အပ်ကို ဆွဲထုတ်လိုက်ကြောင်း မြင်ရုံနှင့်တင် မန်ထုံ၏ ပဲစေ့ခန့်သာ ရှိသော မျက်လုံးက ထိန့်လန့်မှုများ ပြည့်နှက်လာပြီး အာဝု အာဝုဟု ကြိုအော်တတ်သည်။ အော်သံက အလွန်အမင်းကို ဆိုးရွားသည်။ လူအများကိုပင် ငိုချင်စိတ် ပေါက်လောက်အောင် ဝမ်းနည်းစရာကောင်းသည်။ မသိလျှင် ထိုငွေရောင် အပ်များက မန်ထုံ၏ ကိုယ်ကို ထိုးစိုက်နေသည်နှင့်ပင် တူသေးသည်။
“ဟူး ပြီးသွားပြီ”
အပ်များ ကောင်းကောင်းဝင်သွားကြောင်း သေချာစေရန်အလို့ငှာ ချန်းရန်က အင်အားအပြည့် စိုက်ထည့်ထားသည်။ မုရှောင်းနွမ်က ချွေးတော်တော်ထွက်လာသည်။ နှစ်ယောက်လုံးကလည်း ချွေးပြိုက်ပြိုက်ကျနေ၏။ မသိလျှင် သူတို့နှစ်ယောက်သည် ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ပြီး မောပန်းနွမ်နယ်နေပုံနှင့်ပင် တူသေးသည်။
အာဝု
အဆိုးဆုံးက မန်ထုံဖြစ်သည်။ သူသည် မုရှောင်းနွမ်၏ ဖိညှစ်မှုကို ခံထားရသည်။ ချန်းရန်က ငွေရောင်အပ်ကို တစ်ချောင်းချင်းစီ ပြန်ဆွဲထုတ်လိုက်ချိန်တွင်လည်း မုရှောင်းနွမ်က အင်အားအများကြီး မသုံးသည့် တိုင်အောင် ထိုအကောင်လေးက အော်သေးသည်။ အတော်လေးကို ရယ်ရသည်။
61 03
“အလုပ်ဖြစ်တာပဲ”
မုရှောင်းနွမ်ကလည်း ခန္ဓာကိုယ်က အများကြီး ပေါ့ပါးသွားသလို ခံစားရသည်။ သူမက ချွေးအများကြီး ထွက်သွားသော်လည်း ချွေးစေးများသာ ဖြစ်သည်။ မုရှောင်းနွမ်ကပင် သူမ၏ ဗိုက်က သိပ်မနာတော့သလို ခံစားရပြီး နည်းနည်းပင် နွေးလာသည်။
“ငါ ပြောပါတယ် အခု ကောင်းသွားပြီမလား”
ချန်းရန်က မုရှောင်းနွမ်လက်ထဲမှ မန်ထုံကို လှမ်းကြည့်လိုက်သည်။ ထိုအကောင်ငယ်လေးက ခြေထောက်ကြားထဲသို့ပင် အမြှီးကို ညှပ်ထားသည်။ ယခုအခါ သူသည်လည်း ချန်းရန်၏ ငွေရောင်အပ်ကို ပြကြောင်း မြင်သည်နှင့် ကြောက်နေပြီ ဖြစ်သည်။
“ဒါပေမဲ့ မန်ထုံအတွက်တော့ ခက်ခဲတာပဲ”
ချန်းရန်ကမူ ထိုကောင်လေးကို ပြုံးပြီး နှစ်သိမ့်ပေးသည်။
“ပေါက်ကရတွေ ဟွန့် ဒီကောင်က သရုပ်ဆောင်တတ်တာ”
မုရှောင်းနွမ်က ဒေါသတကြီးပြောသည်။
“ငါက ဒီအတိုင်း အသာလေးပဲ ညှစ်ထားတဲ့ဟာကို ဘာအားမှတောင် မထည့်ထားဘူး။ သူက အပျော်ကြည့်နေတာ အသိသာပဲ။ ယောက်ျား ယောက်ျား သူအခု ဘာလုပ်လိုက်လဲ မမြင်ဘူးလား”
“ဘာလုပ်လိုက်လို့လဲ”
ချန်းရန်က တစ်ချက် ကြည့်သည်။
“အိုး ဘုရားရေ”
ခုနကမှ လဲထားသော မုရှောင်းနွမ်၏ ညအိပ်ဝတ်စုံပေါ်တွင် လက်သည်းရာလေးများ ပြည့်နှက်နေသည်။ အားလုံးက မန်ထုံ၏ အနုပညာ လက်ရာများဖြစ်သည်။ ထိုအကောင်က အော်ဟစ်ချိန်တိုင်းလိုလို ခြေများလက်များကို ကန်ကြောက်ထားသည်။ မုရှောင်းနွမ်ကလည်း သူက မတော်တဆလုပ်မိသည်ဟု မယုံကြည်ပေ။
“ဒီကောင်က တော်တော်ဆိုးတယ်”
ချန်းရန်ကလည်း ထိုသို့ တွေးမိသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က မုရှောင်းနွမ်၏ဖိနပ်ပါးကိုလည်း ယူသွားသည်။ ထို့နောက် သူက ပို၍ပင် ဆိုးသွမ်းလာသည်။
“ငါ့ကို လွှတ်ထားလိုက် မဟုတ်ရင်လည်း ဒီစံအိမ်က သူ့အတွက် လုံလောက်အောင် မကျယ်မှာကို စိုးရတယ်”
ချန်းရန်သည် အကြံကောင်းရလာသည်။
“အအေးမိတာကနေ သက်သာကာစဆိုတော့ ရှောင်းနွမ် အရင်ဦးဆုံး နားလိုက်နော် သိပ်မကြာခင် ကောင်းသွားလိမ့်မယ်”
“ဟုတ်ကဲ့”
မုရှောင်းနွမ်က လိမ်လိမ်မာမာလေး ခေါင်းညိတ်သည်။ ထွက်သွားသော ချန်းရန်ကို လှည့်ကြည့်သည်။ ချန်းရန်က မန်ထုံကို ချီကာ ထွက်သွားသည်။ ခေါင်းကို ငိုက်စိုက်ချ၍ အမြှီးကို ကုတ်သွားသော ထိုအကောင်ကို ကြည့်နေရင်း သက်ရှိရတနာဟု တွေးနေမိသည်။
“ဆိုးပေမယ့်လည်း သရုပ်ဆောင်ကတော့ တော်တော် တော်တာပဲ”
“ဒီနေ့ကစပြီး မင်းစံအိမ်အပြင်မှာ နေရမယ်။ ငါ မင်းကို ခွေးအိမ် ချက်ချင်းဆောက်ပေးမယ်”
ချန်းရန်ကလည်း စံအိမ်နှင့် သိပ်မဝေးသော တစ်နေရာတွင် နောက်ထပ် ခွေးအိမ်တစ်လုံးဆောက်ရန် ဆုံးဖြတ်လိုက်သည်။ super farm နှင့်လည်း နီးသော နေရာဆိုလျှင် ပိုကောင်းသည်။ အနာဂတ်တွင်လည်း ထိုနေရာတွင် စားကျက်မြေကို တည်ဆောက်ဖြစ်လောက်သည်။ ထို့ကြောင့် သူကမူ ဒီနေရာတွင် မုရှောင်းနွမ်နှင့် သက်တောင့်သက်သာရှိစွာ နေနိုင်သည်။ ခွေးအိမ်ကို ဆောက်လုပ်ခြင်းအားဖြင့် မန်ထုံကလည်း အထီးကျန်မဆန်လောက်တော့ပေ။ မည်သို့ပင်ဆိုစေ အနာဂတ်တွင်လည်း ထိုစားကျက်မြေမှ အကောင်ပေါင်းများစွာ ရှိလာလောက်ပေသည်။
သူ ယခင်က ကမ္ဘာအဆင့် ဒီဇိုင်နာ ဆရာသခင်ဆိုသော ဘွဲ့များကို ရရှိထားသောကြောင့် တည်ဆောက်တော့မည့် super farm အပြင် ကမ္ဘာအဆင့် ဒီဇိုင်းများအားလုံးကို ကျွမ်းကျင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ချန်းရန်၏ မှင်သက်ဖွယ်ကောင်းသော ဒီဇိုင်းစွမ်းရည်မျိုးနှင့်ဆိုလျှင် အဆင့်အတန်းမြင့် ဇိမ်ခံခွေးအိမ်၏ ပုံကြမ်းက ချက်ချင်းထွက်လာသည်။
61 04
ထိုခွေးအိမ်က သစ်သားကိုယ်ထည်ကို အဓိကထားထားသော အဆင့်အတန်းမြင့် ဇိမ်ခံသစ်သားအိမ်မျိုးဖြစ်ပြီး စတုရန်းမီတာ တစ်ရာကျယ်သည်။ ခြုံငုံပုံစံကမူ အလွန်အမင်း သဘာဝကျကာ လန်းဆန်းသစ်လွှင်သော ခံစားချက်မျိုးဖြစ်ပြီး နတ်ဘုံလောကမှ ခွေးအိမ်နှင့် တူသည်။ လူအများကိုပင် တိုက်ရိုက်နေချင်စိတ် ပေါက်စေလောက်သည်။
အားလုံးက သီးသန့် ဖန်တီးပြင်ဆင်ထားသော သစ်သားများဖြင့် လုပ်ဆောင်ထားပြီး နှစ်ရက်တည်းနှင့်တင် ဆောက်လုပ်ရေး ပြီးသွားသည်။ ထိုပုံစံကလည်း R တိုင်းပြည်တွင် အတော်လေး ကျော်ကြားသည်။ သို့သော် အထူးချွန်ဆုံးသော ဒီဇိုင်နာများ၏ လက်ရာများကပင် ချန်းရန်ကိုယ်တိုင်က ပြင်ဆင်ထားသော ခွေးအိမ်လောက် လှပပြီး အဆင့်အတန့် မမြင်ချေ။
“ဝင်သွားလေ အနာဂတ်မှာ ဒါက မင်းရဲ့ အိမ်ပဲ”
ဒီနေ့တွင် ချန်းရန်က မန်ထုံကို အိမ်ပြင်ခေါ်ထုတ်လာသည်။ ထိုကောင်လေးက သစ်သားအိမ်ပေါ်သို့ ဘေးဖက်မှ ကြောင်လိမ်လှေကားက တဆင့် တောက်လျှောက် တက်သွားသည်။ ထိုကြီးမားလွန်းသော သူ့အပိုင်အိမ်ကို ကြည့်ပြီး မန်ထုံက အလွန်ပျော်နေသည်။
“အနာဂတ်မှာ မန်ထုံ မင်း တဖြည်းဖြည်းကြီးလာမှာ ဒီကောင်က တစ်မိုးအောက်တည်းမှာ မျိုးဆက် လေးဆက်နဲ့ နေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်ကျရင် ပိုပြီး စည်ကားလာမှာပဲ”
ချန်းရန်က တွေးနေသည်။
ထိုနေ့တွင် ထောင်ယွမ်ရွာ အပြင်ဘက် ဒဏ္ဍာရီလာ တောင့်တမှု ပရိုဂရမ်အသင်းကလည်း ရောက်ရှိလာသည်။
******