← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

62 01

အပိုင်း (၆၂) ခွေးတွေတောင် ဂျင်ဆင်းရိုင်းကို စားဖို့ရှိတယ်…မုရှောင်းနွမ်က အပြစ်တင်ခံရတယ်။

“အားလုံးပဲ ဒါကတော့ ဒဏ္ဍာရီလာ ဆရာသခင်ချန်းရဲ့ မွေးရပ်မြေပါပဲ”

ထောင်ယွမ်ရွာဝင်ပေါက်တွင် လူတစ်ဖွဲ့က အဝေးမှ သိပ်သည်းသော ဝါးတောအုပ်ကို လှမ်းမြင်လိုက်ရသည်။ ထောင်ယွမ်ရွာဆိုသော ဆိုင်းဘုတ်ကြီးကိုလည်း ဝင်ပေါက်တွင် မြင်ရသည်။ ပရိုဂရမ်အသင်းက ထိုဆိုင်းဘုတ်ကို ညွှန်ပြပြီးနောက် အနောက်ဖက်မှ ပါသော ဧည့်သည်များကို မိတ်ဆက်ပေးကြသည်။ သူတို့သည် နောက်ဆုံးတွင် အပြုံးနှင့် စိတ်အေးစွာ သက်ပြင်းချနိုင်ပြီ ဖြစ်သည်။ လမ်းက အတော်လေးကို လျှောက်ရခက်သည်။ ကားများနှင့်လည်း မောင်းဝင်၍ မရပေ။ ထို့ကြောင့် ခြေနှစ်ချောင်းကိုသာ သုံးပြီး အားစိုက်လာခဲ့ရသည်။

ကံကောင်းသည်မှာ နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။

“လမ်းတောက်လျှောက် ငါ အထွန့်တက်ချင်ခဲ့တယ် ဆိုပေမယ့်လည်းဒီလို လှပတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ ရုတ်တရပ် ပါးစပ်ပိတ်ချင်သွားတယ်”

အသင်း၏ ခေါင်းဆောင်ဖြစ်သော ဟယ်လောင်ရှီးက အရှေ့မှ မြင်ကွင်းကို မှင်သက်သော အမူအရာမျိုးနှင့် ကြည့်သည်။

ထိုသိပ်သည်းသော ဝါးတောအုပ်မှ တစ်ပင်းချင်းစီတိုင်းက စိမ်းလန်းကာ စိုပြေပြီး အလွန်အမင်း မြင့်မားလွန်းသည်။ ကြွယ်ဝသော သဘာဝ ရနံ့ကိုလည်း ရသည်။ ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်တွင် လေကပင် ချိုမြိန်နေသလို ခံစားရသည်။

ဝါးတောအုပ်ထဲတွင် ဟိုးအတွင်းပိုင်းသို့ ဆန့်တန်းဝင်ရောက်နေသော သဘာဝစကျင်ကျောက်လမ်းကိုလည်း မြင်ရသည်။ ထို့ကြောင့် ရှားပါးသည့် ရတနာများကို သိုဝှက်ထားသည့် နတ်နယ်မြေနှင့် တူသည်။

“ကောင်းလိုက်တာ ဒီနေရာက ပတ်ဝန်းကျင်က အရမ်းကို သဘာဝ ကျလွန်းတယ်။ ငါတောင်မှ အတွင်းက နေရာကို မျှော်လင့် စောင့်စားနေမိပြီ”

အစ်မကြီး ကျစ်ဖန်းက စိတ်လှုပ်ရှားစွာ ပြောသည်။

“ငါတော့ အရင်ဆုံးမဝင်သေးခင် ပိုင်ရှင်ကို နှုတ်ဆက်သင့်တယ်လို့ ထင်တယ်”

အစ်မကြီး ကျစ်ဖန်း၏ နံဘေးမှ ဖုန်းဖုန်းက သတိပေးသည်။

“ငါကြားဖူးတာတော့ ဒီနေရာက မြေဧက ထောင်ကျော်လုံးက ဒီပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုတဲ့။ ငါတို့ အတင်းဝင်သွားရင် မကောင်းဘူးထင်တယ်”

“ဟုတ်တယ် ဖုန်းဖုန်းပြောတာ မှန်တယ်။ အဲ့ဒီလိုဆိုမှ ဒီနေရာက ပိုင်ရှင်က ဆရာသခင် တစ်ပါးနော် ခဏနေ မတားကြနဲ့နော်။ ငါ သူ့တပည့် လုပ်မှာ”

ဟယ်လောင်ရှီးအနားမှ ဟွမ်လောင်ရှီးက ဖုန်းဖုန်းကို အသိအမှတ်ပြုသလို ကြည့်သည်။ သူမ၏ မျက်ဝန်းက တောက်ပသွားပြီး မျှော်လင့်ချက် အပြည့်နှင့် ပြောသည်။

“ဆရာသခင် တစ်ပါးဟုတ်လား”

အစ်မကြီး ကျစ်ဖန်းက သိချင်စိတ် ပြင်းပြသွားသည်။ သူမနှင့် ဖုန်းဖုန်းတို့က ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးကဲ့သို့ အတွင်းသတင်းကို မသိထားပေ။ ထို့ကြောင့် သူတို့သည်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး သိချင်စိတ် ပြင်းပြမှုများနှင့်အတူ လေးနက်မှုများက အစားထိုး ဝင်ရောက်လာသည်။

ဟွမ်လောင်ရှီးနှင့် ဟယ်လောင်ရှီးတို့ကပင် ဆရာသခင်ဟု ခေါ်ရသော သူများက သာမာန်လူ မဟုတ်နိုင်ပေ။

ဝုတ် ဝုတ်

ထိုအချိန်တွင် ကျယ်လောင်သော ခွေးဟောင်သံကို ကြားရသည်။ ဝါးတော၏ အနက်ပိုင်းမှ ခပ်ဝဝ အဝါရောင်နှင့် အဖြူရောင် ရောယှက်နေသော ခွေးလေးတစ်ကောင်က ခုန်ပေါက်ကာ ထွက်လာပြီး ပါးစပ်တွင်လည်း တစ်စုံတစ်ရာကို ကိုက်လာ၏။ လေးလံနေသော တစ်စုံတစ်ရာဖြစ်ပြီး သူက ပျော်ရွှင်စွာနှင့် ပြေးလာသည်။

62 02

ဝုတ်

ဝုတ် ဝုတ် ဝုတ်

မန်ထုံသည် အရှေ့မှ အဖွဲ့ကို မြင်သောအခါ ချက်ချင်းဆိုသလို မျက်လုံး ပြူးသွားပြီး ပရိုဂရမ်အသင်းကို စိုက်ကြည့်သည်။ သူက အံကို ကြိတ်ပြီး စတင်ကာ ဟောင်တော့သည်။

အိမ်နှင့် ခြံကို စောင့်သော ကျွမ်းကျင် ပညာရှင်လေးအဖြစ် ကြိုးစားချင်ပုံရသည်။

“အိုး ဘုရားရေ ဒါက ဘာလဲ ငါမြင်တာ မှားနေတာလား။ ဒါက ဂျင်ဆင်းထင်တယ်”

အစ်မကြီးကျစ်ဖန်းကပင် မန်ထုံ၏ ပါးစပ်ထဲမှ အရာကို ညွှန်ပြပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ဝိုး ဒီရတနာက အရမ်းကို ကြီးပြီး ရှည်တာ နောက်ပြီး မြိုရခက်မယ်ထင်တယ်။ ဒါကိုသာ တိုက်ရိုက် မြိုချလိုက်ရင် လည်ချောင်း တစ်နေတော့မှာ”

“ဒါက လုံးဝကို စစ်မှန်တဲ့ ဂျင်ဆင်းရိုင်းပင်ပဲ အနည်းဆုံး နှစ်နှစ်ဆယ် သက်တမ်းရှိတယ်”

ဟွမ်လောင်ရှီးသည်လည်း ပထမဦးဆုံးအကြိမ်အဖြစ် ထိုကဲ့သို့သောအရာမျိုးကို မြင်ဖူးခြင်းဖြစ်သည်။ သူသည် စားဖိုမှူးဖြစ်သည်။ ထိုအဆင့်မျိုးကိုသာ ဝယ်ချင်လျှင် နှစ်ကီလိုဂရမ်ထက်ပို၍ ဝယ်၍ မရနိုင်ပေ။ ထို့အပြင် ရရန်လည်း ခက်ခဲသေးသည်။

“အေး မုန်းစရာ အကောင်းဆုံးက ဒီဂျင်ဆင်းကို ဒီခွေးက ယူလာတာပဲ။ ငါတို့ကိုတောင်မှ ဟောင်နေတယ်”

ဖုန်းဖုန်းက သတိပေးသည်။

“ငါတို့ ဘယ်လို လုပ်ကြမလဲ”

အစ်မကြီး ကျစ်ဖန်းက စိုးရိမ်တကြီးပြောသည်။

“အာ ငါ ဒေါသထွက်လာပြီ”

“သောက်ကျိုးနည်း မန်ထုံ အခုချက်ချင်းပြန်လာစမ်း”

ထိုအချိန်တွင် အနောက်ဖက်မှ လှပသော ပုံရိပ်တစ်ခုက လိုက်လာသည်။ ဒေါသထွက်နေသော မျက်လုံးဖြင့် မုရှောင်းနွမ်က ဝါးခြင်းတောင်းသေးသေးလေးကို သယ်ထားပြီး ပန်းပွင့်ပုံ ဂါဝန်လေးကို မရင်း အပြေးလာသည်။ သူမက အသစ်စက်စက် ဆောက်ပြီးကာစ super farm တွင် ပစ္စည်းများကို ခူးနေခြင်း ဖြစ်သည်။ သို့သော် ထိုစိတ်ရှုပ်စရာကောင်းသော မန်ထုံက အမြှီးကို နှံ့ကာ လတ်လတ်ဆတ်ဆတ် ခူးထားပြီးကာစ ဂျင်ဆင်းကို ယူပြေးသွားသည်။

“သေစမ်း ဟင် ငါက စီနီယာအစ်ကိုချန်းကို အားဖြည့်ဆေးရည် ချက်ကျွေးမလို့ပါဆို ဒီကောင်က ယူသွားတယ်။”

ဝုတ်

မန်ထုံကလည်း မုရှောင်းနွမ်က လိုက်လာကြောင်း မြင်သည်နှင့် နံဘေးတွင် လိမ်လိမ်မာမာ လဲချလိုက်သည်။ မုရှောင်းနွမ်ကလည်း ဂျင်ဆင်းကို ကောက်ယူသည်။ သို့သော် မမျှော်လင့်ထားစွာပင် မန်ထုံ၏ ရှေ့လက်နှစ်ဖက်ဖြင့် အောက်ဖက်တွင် ဖိထားခြင်းခံရသည်။ မုရှောင်းနွမ်က ထိုဂျင်ဆင်းကို အလွယ်တကူ ကောက်ယူနိုင်မည်ဟု ထင်ထားသည်။ သို့သော် လက်က လေးလံလာသလို ခံစားရလေသည်။

“အိုး တော်တော် ကောင်းတဲ့အကောင်”

မန်ထုံ၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး လက်လျော့မည့်ပုံမရကြောင်း သိလိုက်သည်။ တစ်ဖက်သူ၏ အမူအရာက ရယ်စရာကောင်းသည်။ ဒီကောင်က သရုပ်ဆောင်နိုင်တာ မှန်နေတာပဲ။

“ငါ့ကို ပေး”

62 03

မုရှောင်းနွမ်က စိုက်ကြည့်သည်။ သူမက ခါးကို ထောက်ထား၏။

“မန်ထုံအစုတ်ပလုတ် မပေးချင်သေးဘူးပေါ့လေ ဟွန့် ငါ နင့်ကို မနိုင်ဘူးထင်နေလား”

မုရှောင်းနွမ်က ကြမ်းတမ်းသော အင်အားသုံးတော့မည့်အချိန်တွင်…

“ဟင်”

မုရှောင်းနွမ်သည် ရုတ်တရပ်သိပ်မဝေးသော တစ်နေရာမှ လူတစ်အုပ်ကို မြင်လိုက်ရသည်။

မန်ထုံသည် ယခင်က ထိုလူအုပ်ကို ဟောင်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မုရှောင်းနွမ်က အာရုံစိုက်လိုက်သည်။

“နင်တို့က ဘယ်သူတွေလဲ”

မုရှောင်းနွမ်က သံသယအပြည့်ဝင်သွားသည်။ ဘာလို့ ဒီလူတွေကို ရင်းနီးသလို ခံစားနေရတာလဲ မြင်ဖူးသလိုပဲ။

“ဒါက မိန်းကလေးမုထင်တယ်။ ငါတို့က တောင့်တမှု ပရိုဂရမ်အသင်းကပါ။ ငါတို့ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး လူကြီးမင်းရှန်းကို ရှာလို့ ဖိတ်ကြားထားပါတယ်။ ငါတို့ ဆရာသခင်ချန်းရဲ့ ခွင့်ပြုချက်အပြည့်နဲ့ ဒီနေရာကို လာပြီး ရိုက်ကူးတာပါ”

ပရိုဂရမ်အသင်းမှ ဒါရိုက်တာက ယဉ်ကျေးစွာ နှုတ်ဆက်သည်။

“ဪ နင်တို့ကိုး ခဏစောင့်နော်”

မုရှောင်းနွမ်၏ မျက်ဝန်းက တောက်ပသွားသည်။ သို့သော် မန်ထုံကမူ ထိုဂျင်ဆင်းကို ဆွဲထားပြီး မလွှတ်ပေးကြောင်း မြင်လိုက်ရ၏။ ဉာဏ်ကောင်းသော မုရှောင်းနွမ်ကလည်း မန်ထုံကိုသာ ကောက်ပွေ့လိုက်သည်။

အာဝု ဝု

မန်ထုံက အော်နေသည်။ သို့သော် လက်ထဲတွင်လည်း ဂျင်ဆင်းကို ဖက်ကာ ကာကွယ်ထားသေးသည်။ သူသည်လည်း ကြောင်တောင်တောင် ဖြစ်သွာ၏။ မုရှောင်းနွမ်၏ အချီခံရသည်နှင့် ဂျင်ဆင်းကလည်း ဖက်လျှက်သားလေး ပါလာသည်။ သူက မှင်သက်နေသည်။ ထို့နောက် ကလစ်ဆိုသော အသံက ထွက်လာသည်။ ဂျင်ဆင်းက လက်ထဲမှ ပြုတ်ကျသည်။ မုရှောင်းနွမ်က ကွက်တိဖမ်းသည်။ ထို့နောက် သူသည် အထင်တသေးနှင့် မန်ထုံအား အသာပစ်ချလိုက်ပြီး သီချင်းလေးကို ညည်းကာ ခြင်းတောင်းထဲသို့ ပြန်ထည့်သည်။ ထို့နောက် ထွက်သွားသော မုရှောင်းနွမ်ကို ကြည့်နေရင် ပရိုဂရမ်အသင်းမှ လူများက မှင်သက်ကုန်သည်။

“သူမလား ဒါက ဆရာသခင်ချန်းရဲ့ကောလဟာလ ထွက်နေတဲ့ ဇနီးဆိုတာလား”

ဟယ်လောင်ရှီးနှင့် ဟွမ်းလောင်ရှီးတို့က တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ အားလုံး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများကို မြင်နိုင်သည်။ သန့်စင်ကာ သဘာဝကျသော မျက်နှာပြောင်ကတင် လှသော စတားဟုခေါ်သော သူများကို တိုက်ခိုက်နိုင်ရန် လုံလောက်သည်။

“ဘုရားရေ ဒီညီမလေးက အရမ်းလှတာပဲ။ နာမည်က ဘယ်လိုခေါ်လဲ”

အစ်မကြီး ကျစ်ဖန်းကပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ လှပသော မိန်းကလေးတစ်ယောက်အနေနှင့် အခြားသော ပိုလှသည့် မိန်းကလေးတစ်ယောက်ကို မြင်သောအခါ ချစ်ခင်လေးစားတတ်သည်။ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။

“စိတ်ရှုပ်စရာ အကောင်းဆုံးက အဲဒီခွေးက ဂျင်ဆင်းရိုင်းပင်ကိုတောင် စားဖို့ရှိနေတာပဲ။ ငါကတော့ မတတ်နိုင်ဘူး”

ဖုန်းဖုန်းကလည်း သံသယဝင်နေသည်။ သူ၏ စိတ်ထဲတွင် ပို၍ပင် မနာလိုဖြစ်ကာ အားကျလာသည်။

“ကြည့်ပါအုံး ဒီခွေးက တောက်ပြောင်ပြီး ဝတုတ်နေတာ စားကောင်းသောက်ဖွယ်တွေ အပြည့်စားထားရလို့ ဖြစ်လိမ့်မယ်။ ငါကတော့ ပရိုဂရမ်ကို ပိုပြီးတော့ မျှော်လင့်စောင့်စားနေပြီ”

62 04

“ယောက်ျား ယောက်ျား ပရိုဂရမ်အသင်းက ရောက်နေပြီ”

ထိုအချိန်တွင် မုရှောင်းနွမ်က ပြန်ရောက်လာသည်နှင့် ချန်းရန်ကို ချက်ချင်းသွားရှာသည်။ ချန်းရန်က ငါးကန်ပုံကြမ်းကို ရေးဆွဲနေချိန်ဖြစ်သည်။ သတင်းကို ကြားသည်နှင့် သူသည်ပင် လက်ထဲမှ စုတ်တံကို ချလိုက်သည်။ သို့သော် မုရှောင်းနွမ်က အသားကုန် ပြေးလာကြောင်း မြင်သောအခါ သူက မျက်မှောင်ကို ကြုတ်သည်။

“မင်းကို ကြည့်အုံး နေကောင်းသက်သာကာစ မဟုတ်ဘူးလား။ ဘာလို့ ပြေးနေတာလဲ”

ချန်းရန်က မုရှောင်းနွမ်ကို ကူကယ်ရာမဲ့သလို ကြည့်ပြီး သူမ၏ လက်လေးကို လှမ်းကိုင်ကာ ပြောလိုက်သည်။

“ဒီကိုလာအုံး”

“ဟင်”

မုရှောင်းနွမ်က ဦးဆောင်ခေါ်သွားခြင်း ခံရသည်။ ချန်းရန်၏ ချဉ်းကပ်ရလွယ်ကာ စိုးရိမ်စိတ် များနေသော မျက်လုံးကိုလည်း မြင်လိုက်ရသည်။ အကွာအဝေးက နီးသွားလေလေ မုရှောင်းနွမ်ကလည်း ဉာဏ်ရှိစွာနှင့် မျက်လုံးကိုပင် မှိတ်လိုက်သည်။ (7:25) သွားသည်။

ငါ့ယောကျ်ားက ဘာလုပ်တော့မှာလဲ။

******

All Chapters